ရလဒ်
Vol. 38 Ch. 548
…
အာရန်သည် ခန့်မှန်းရခက်သော ထိုစွမ်းရည်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်ပြီး “ထာဝရပဲ့တင်သံ” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုစွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့် အာရန်၏ သိစိတ်သည် မှောင်မိုက်သော နေရာတစ်ခုဆီသို့ ဆွဲငင်ခြင်းကို ခံလိုက်ရကာ အခြားသိစိတ်တစ်ခုက သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်သွားခဲ့လေသည်။
ထိုစွမ်းရည်၏ ကြာချိန်သည် စက္ကန့်သုံးဆယ်သာ ရှိတော့သော်လည်း အာရန်သည် အဆုံးမရှိသော မှောင်မိုက်မှုထဲတွင် ထာဝရကဲ့သို့သော အချိန်တစ်ခုအထိ လွင့်မျောနေဟန် ခံစားနေရ၏။
အာရန်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ရရှိမည့်အခါ သူ၏ပြဿနာများသည် ယခင် နတ်ဘုရားဖရေယာနှင့် ကဲ့သို့ လွယ်ကူစွာ ပြေလည်သွားမည်လားဟု သိလိုစိတ်များ ဖြစ်ပေါ်လျက်ရှိနေသည်။
သူသည် ထိုသို့ဖြစ်လာရန် မျှော်လင့်ချက်ဖြင့် ထိုအစွမ်းကို အသုံပြုခဲ့ခြင်းပင် မဟုတ်ပါလော....။
ထာဝရကဲ့သို့သော အချိန်တစ်ခုကြာပြီးနောက် အာရန်၏သိစိတ်သည် ဤအမှောင်ထုအတွင်း အကျဉ်းကျနေရာမှ ထပ်မံ၍ လွတ်မြောက်သွားသည်ဟု ခံစားလိုက်ရသည်။
စွမ်းရည်၏ သက်ရောက်မှု အချိန် ကုန်ဆုံးသွားသောကြောင့် သူ၏ စိတ်ဝိညာဥ်သည် ခန္ဓာကိုယ်တွင်းသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီဖြစ်၏။
“အား...နာလိုက်တာ...”
ထိုအရာက အာရန်တစ်ယောက် သတိပြန်လည် ရလာသည့်အခါ သူ၏စိတ်ထဲသို့ ဦးဆုံးပေါ်လာသော ခံစားချက်ပင်ဖြစ်သည်။
သူ၏ ဦးခေါင်းနောက်ကျောဘက်ဆီမှ တစ်ခုခုကို ပြင်းပြင်းထန်ထန် ထုရိုက်မိခဲ့သကဲ့သို့ အလွန်အမင်း နာကျင်နေသည်ကို ခံစားလိုက်ရသည်။
သူသည် မြေပြင်ပေါ်တွင် လဲလျောင်းလျက်သားရှိနေခဲ့ပြီး သူ၏ကိုယ်ပေါ်တွင် လေးလံသောအရာတစ်ခု ပိနေခဲ့၏။
အာရန်သည် သူ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ ဤအခြေအနေနှင့် ပတ်သက်၍ တစ်စုံတစ်ရာကို ကြိုတင်ခန့်မှန်းမိပြီးဖြစ်သည်။
ယဲ့ဗ်နီသည် သူ၏ကိုယ်ပေါ်တွင် လဲလျောင်းလျက်သားဖြင့် အိပ်ပျော်နေဆဲပင်။
သူ မျှော်လင့်ထားသည့်အတိုင်း သူသည် မြေပြင်ပေါ်တွင် ရောက်ရှိရှိနေခြင်းဖြစ်ပြီး သူ၏ ဦးခေါင်းသည် လေးလံသောကျောက်တုံးတစ်တုံးနှင့် ဝင်ဆောင့်မိထားခြင်း ဖြစ်လေသည်။
သာမန်လူတစ်ဦးသာဆိုလျှင် ထိုကျောက်တုံးနှင့်သာ ဝင်ဆောင့်မိခဲ့လျှင် သူ၏ ဦးခေါင်းသည် ချက်ချင်း ကွဲအက်သွားပေလိမ့်မည်။
သို့သော် ကံကောင်းစွာဖြင့် အာရန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် များစွာ သန်မာနေပြီဖြစ်၏။
သူ ခံစားလိုက်ရသည်မှာ နာကျင်မှုအနည်းငယ်သာဖြစ်ပြီး သွေးထွက်သံယိုဖြစ်ခြင်းပင် မရှိခဲ့ပေ။
ဤအခြေအနေကို သုံးသပ်ကာ အာရန်တစ်ယောက် လောင်းကစားပြုလုပ်ထားသည့် အခြေအနေကို သဘောပေါက်လိုက်သည်။
အာရန်သည် သူ၏ လောင်းကြေးထပ်မှုတွင် ရှုံးနိမ့်သွားခဲ့ပြီဖြစ်၏။
ထို ‘ထာဝရပဲ့တင်သံ’ အစွမ်းသည် သူ ယူဆထားခဲ့သည့်အတိုင်း ခန့်မှန်းရ ခက်လွန်းလှပေသည်။
အစောပိုင်း စက္ကန့်သုံးဆယ်အတွင်း သူသည် ငရဲဘုံသားရဲပေါ်မှ ပြုတ်ကျသွားခဲ့ခြင်းသာ ဖြစ်ရပေမည်။
၎င်းကဆိုလိုသည်မှာ ယခုတစ်ကြိမ် ဆင့်ခေါ်ခံရသူသည် ဤအခြေအနေကြောင့် အလွန်တရာ ထိတ်လန့်သွားသော သူ၏အတိတ်မှ စိတ်ဝိညာဥ် ဖြစ်နေသောကြောင့်သာ ဖြစ်လေသည်။
သို့သော် ကံကောင်းထောင့်မစွာဖြင့် ထိုစွမ်းရည်၏ ကြာချိန်သတ်မှတ်ချက်သည် တစ်နာရီမှ စက္ကန့်သုံးဆယ်သို့ ပြောင်းလဲသွားခဲ့ခြင်းကြောင့်သာ အနည်းငယ် ခံသာသွားခဲ့ခြင်း ဖြစ်လေ၏။
ထိုသို့မဟုတ်လျှင် သူပင်မတွေးဝံ့အောင် ပိုမိုဆိုးရွားသောအရာများ ဖြစ်ပျက်သွားနိုင်ပေသည်။
“ငါ ထင်ထားတဲ့အတိုင်းပါပဲ ဒီကမ္ဘာမှာ င့ါကံက အတော့်ကို ဆိုးဝါးနေတာပဲ”
အာရန်သည် မိန်းကလေးအား ထွေးပွေ့ထားလျက်ပင် ကျိုးစား၍ ထိုင်လိုက်သည်။ ကံကောင်းစွာဖြင့် သူနှင့် မလှမ်းမကမ်းတွင် ရပ်စောင့်နေသော ငရဲဘုံသားရဲကို သူ မကြာမီ ပြန်လည် ရှာတွေ့သွားခဲ့သည်။
သူ ပြုတ်ကျခဲ့ပြီးနောက်တွင်ပင် ထိုငရဲဘုံသားရဲသည် အဝေးသို့ ပြေးထွက် မသွားခဲ့ပေ။
“ဒါက စိတ်ပျက်စရာကောင်းပေမဲ့ မင်းကိုငါ လက်လွှတ်လိုက်ရတော့မယ် ထင်တယ်” အာရန်သည် ငရဲဘုံသားရဲ၏ နားသို့ ပိုမိုနီးကပ်စွာ လျှောက်သွားရင်း ၎င်းကို သူ လက်လွှတ်လိုက်ရတော့မည့်အတွက် အနည်းငယ် နောင်တရနေခဲ့၏။
သူသည် ထိုငရဲဘုံသားရဲနှင့် အချိန်ပို၍ ရှိနေခဲ့လျှင် ၎င်းကို လုံးဝထိန်းချုပ်နိုင်ရန် နည်းလမ်းတစ်ခုကို ရှာဖွေနိုင်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် အချိန်သည် သူ့ဘက်၌ ရှိမနေခဲ့သောကြောင့် ထိုသို့ လုပ်နိုင်တော့မည်မဟုတ်ပေ။
“အဲဒီကြယ်ကို စိုးရိမ်စရာမလိုဘဲ မင်းကို ငါ ခေါ်သွားနိုင်ခဲ့ရင် အတော်ကောင်းမှာပဲ” အာရန်သည် သားရဲအား ပုတ်လိုက်ရာ ထိုသားရဲသည် သူ့အား သင့်လျော်သောအခွင့်အရေး တစ်ခု ရရှိခဲ့လျှင် ပြန်လည်တိုက်ခိုက်မည်မှာ ရှင်းလင်းနေ၏။
သားရဲသည် ၎င်း၏သခင်အစစ်အမှန်၏ ညွှန်ကြားချက်များကြောင့်သာ အာရန်၏ စကားကို ခေတ္တမျှ လိုက်နားနေခြင်း ဖြစ်လေသည်။
အာရန်သည် ငရဲဘုံသားရဲဆီမှ သူ၏ လက်ကို ပြန်ရုတ်လိုက်ကာ ၎င်း၏ သခင်ကို လှည့်စားရန် ငရဲဘုံသားရဲနှင့်အတူ သူ၏ သွေးကိုယ်ပွားတစ်ယောက်ကို စေလွှတ်ရန် ပင် စဉ်းစားမိလိုက်သည်။
ထို့နောက် အာရန်သည် သွေးကိုယ်ပွားတစ်ခုကို ဆင့်ခေါ်ရန် ပြင်ဆင်မိလိုက်စဉ်မှာပင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
“ခဏလေး...”
ရုတ်တရက် သူ၏စိတ်ထဲသို့ အတွေးတစ်ခု ဝင်ရောက်လာခဲ့လေသည်။
တစ်ခုတည်းသော ပြဿနာမှာ ထိုငရဲဘုံသားရဲအား သူ၏ ပိုင်ရှင်မှ ခြေရာခံမရအောင် ခေါ်ဆောင်သွား၍ မဖြစ်နိုင်ခြင်းပင် ဖြစ်လေသည်။
ထိုသို့ဆိုလျှင် သူ၌ ဖြေရှင်းနည်း မရှိတော့ပြီလော...။
ငရဲဘုံသားရဲအား ၎င်း၏ သခင်ပင် ခြေရာမခံနိုင်တော့သည်အထိ ဖုံးကွယ်ထားနိုင်သော အရာတစ်ခု လိုအပ်နေခြင်းဖြစ်သည်။
၎င်းအတွက် လိုအပ်သောအရာသည် သူ၌ ရှိနှင့်ပြီးသား မဟုတ်ပါလော...။
၎င်းက နတ်ဘုရားမဖရေယာကိုယ်တိုင်သည်ပင် သူမ၏ ကိုယ်ပိုင် နယ်မြေထဲ၌ မထောက်လှမ်းနိုင်ခဲ့သော အရာတစ်ခု ဖြစ်ပြီး သာမန် ကြယ်အစောင့်အရှောက်တစ်ဦး အနေနှင့်ဆိုပါက ထိုအရာကို ခြေရာခံရန်မှာ ပို၍ပင် မဖြစ်နိုင်သေးပေ။
“မင်းရဲ့သခင်က မင်းကို င့ါနောက် လိုက်ဖို့ ညွှန်ကြားထားတယ်မဟုတ်လား။ ဒါဆို မင်း ငါနဲ့ လိုက်ခဲ့မယ်မလား”
အာရန်သည် ငရဲဘုံသားရဲအား မေးလိုက်ရာ ၎င်းသည် လူသားအဆင့်အထိ မဟုတ်သော်လည်း ဉာဏ်ရည်မြင့်မားသော သားရဲတစ်ဦးဖြစ်လေသည်။
ငရဲဘုံသားရဲသည် အာရန်၏ မေးခွန်းဆီမှ အဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့ပေ။
သို့တိုင် သူ၏ သခင်ထံမှ လုပ်ဆောင်ခိုင်းထားသောအရာဖြစ်ကြောင်းကိုမူ နားလည်နိုင်သေးသောကြောင့် သူသည် ခေါင်းညိတ်ပြလိုက်သည်။
အချိန်တစ်ခု မရောက်မချင်း အာရန်နှင့်အတူ နီးကပ်စွာ နေထိုင်ရန် သူ၏သခင်မှ အမိန့်ပေးထားခဲ့ခြင်း ဖြစ်လေသည်။
ငရဲဘုံသားရဲ၏ တုံ့ပြန်မှုကို သိရှိပြီးနောက် အာရန်သည် တစ်ချက် ပြုံးလိုက်သည်။ သူ့အတွက် အခြေအနေများ အားလုံး ပြည့်စုံသွားပြီဖြစ်၏။
ထို့နောက် အာရန်သည် ထိုငရဲဘုံသားရဲအား ကာဒီနယ်ရဟန်းအမတ်တစ်ဦးဆီမှ ရယူထားသောကြိုးခွေဖြင့် ရုတ်တရက် ချည်နှောင်လိုက်လေသည်။
ထိုအချိန်မှာပင် အာရန်ဘေးတွင် သိုလှောင်ခန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
သားရဲသည် ထိုအချိန်တွင် ခုခံမှုတစ်ခုပြုလုပ်ရန်မှာ များစွာ နောက်ကျသွားခဲ့ပြီဖြစ်၏။
ငရဲဘုံသားရဲသည် အာရန်၏တောင်းဆိုချက်ကို ခွင့်ပြုပြီးဖြစ်ရာ အခြေအနေများကို ပြည့်စုံစေခဲ့လေသည်။
အာရန်သည် သူ၏ ဖီးနစ်ငှက်မလေးကို သိမ်းဆည်းထား သကဲ့သို့ပင် အသက်ရှိသောသားရဲများကို သယ်ဆောင်သိမ်းဆည်းထားနိုင်သော သူ၏ စနစ် သိုလှောင်ခန်းထဲသို့ ၎င်းသားရဲအား ဆွဲသွင်းထားလိုက်သည်။
ထိုသို့ဖြင့် အာရန်သည် အစောင့်အရှောက်ကြယ်ထံမှ ငရဲဘုံသားရဲကို ယာယီအနေဖြင့် ခိုးယူလိုက်နိုင်ပြီဖြစ်၏။
ထိုငရဲဘုံသားရဲကို ထိန်းချုပ်ရန် နည်းလမ်းတစ်ခုခု ရှာတွေ့ရန်မှာ သူ့အနေနှင့် ဤကမ္ဘာပေါ်တွင် အချိန်တစ်ခုသာ လိုအပ်မည်ဖြစ်သည်။
“ငါလည်း ဒီကနေ အမြန်ထွက်သွားမှဖြစ်တော့မယ်”
ဤငရဲဘုံ၏ သက်မှတ်ချက်များသည် သူ၏ ကမ္ဘာနှင့် အတူတူပဲလား ဆိုသည်ကို အာရန်တစ်ယောက် သေချာသိနိုင်စွမ်း ရှိမနေပေ။
ထိုသို့ဆိုလျှင် အစောင့်အရှောက်ကြယ်သည် သူ၏ သားရဲနှင့် ရုတ်တရက် ဆက်သွယ်မှု ပျောက်ကွယ်သွားသည်ကို သိရှိရန် အချိန်မည်မျှ ကြာနိုင်သနည်း။
လျှင်မြန်စွာ သိရှိသွားမည်ဆိုပါက အစောင့်အရှောက်ကြယ်သည်
သူ၏ အစောပိုင်း တစ်နာရီ သဘောတူထားချက်ကို ပြန်လည်ချိုးဖောက်ကာ ဤနေရာသို့ ချက်ချင်းရောက်ချ လာနိုင်ချေရှိနေ၏။
ထိုသို့ ဖြစ်ပျက်သွားမည့်အချိန်အထိ အာရန်သည် ဤနေရာတွင် ဆက်လက်စောင့်ဆိုင်းလိုခြင်း မရှိတော့ပေ။
ကံကောင်းစွာဖြင့် ထိုအစောင့်အရှောက်ကြယ် ရောက်ရှိလာသည်အထိ အာရန်အနေနှင့် ဤနေရာဝန်းကျင်တွင် ဆက်လက်၍ ပိတ်မိနေစရာအကြောင်းမရှိတော့ချေ။
သူ၏ စနစ် သိုလှောင်ခန်းထဲတွင် သူ လိုအပ်နေသော အရာတစ် ရှိနှင့်ပြီးဖြစ်သည်။
၎င်းက သူ၏ အချစ်တော် ဒဏ္ဍာရီလာသားရဲတစ်ကောင်ဖြစ်သော ဗီးနစ်ငှက်မလေးပင် ဖြစ်လေသည်။
ထို့နောက် အာရန်သည် ထိုဖီးနစ်ငှက်မလေးအား ခေါ်ထုတ်လိုက်သည်။
ဖီးနစ်ငှက်သည် အာရန်၏ အသက်နှင့် ဆက်နွှယ်နေသော သွေးစာချုပ် ချုပ်ဆိုထားသော သားရဲတစ်ကောင် ဖြစ်လေ၏။
ဖီးနစ်ငှက်ဟူသည် သေခြင်းတရားဆီမှ ပြန်လည်ရှင်သန်ထမြောက်နိုင်သည့် ရှားပါးအဖိုးတန် သားရဲအနည်းငယ်ထဲတွင် ပါဝင်နေသည်။
အာရန် ကမ္ဘာကူးပြောင်းလာသည့် ကမ္ဘာတွင် ငရဲဘုံနှင့် လိုက်လျောညီထွေ ရှင်သန်နိုင်မည့် သားရဲများ ရှိမည်ဆိုလျှင် ၎င်းသည် သူ၏ ဖီးနစ်ငှက်မလေးသာ ဖြစ်ရပေမည်။
သေခြင်း၏ အဆီအနှစ်များသည် ဖီးနစ်ငှက်၏ မီးတောက်များကို မဝါးမြိုနိုင်ပေ။
အစားထိုးအနေနှင့် ဤဖီးနစ်ငှက်နှင့် နီးကပ်လာသည့် အခါတိုင်းတွင် လောင်မြိုက်သွားရသည်မှာ ထိုသေခြင်းအဆီအနှစ်များပင် ဖြစ်လေသည်။
ဖီးနစ်ငှက်ကို ဆင့်ခေါ်လိုက်သည်နှင့် အာရန်၏ ပတ်ဝန်းကျင်သည် သေခြင်းအဆီအနှစ်များ၏ သက်ရောက်မှုများမှ ချက်ချင်း သန့်စင်သွားခဲ့ပြီး သူ၏ မြင်နိုင်စွမ်းရည်ကိုပါ အနည်းငယ် တိုးမြှင့်သွားစေခဲ့သည်။
သို့သော် အာရန်အနေနှင့် ထိုအရာကို ဂရုစိုက်နေရန် အချိန်မရှိခဲ့ပေ။
သူသည် မိန်းကလေးကို လက်တစ်ဖက်ဖြင့် ပွေ့ထားရင်း ဖီးနစ်ငှက်ပေါ်သို့ တက်လိုက်လေသည်။
ဖီးနစ်ငှက်မလေးသည် သူမ၏ အတောင်ပံများကို ဖြန့်ကားလိုက်ပြီးနောက် ငရဲဘုံ၏ ကောင်းကင်ယံထက်သို့ မြင့်မားစွာ ပျံတက်သွားခဲ့တော့သည်။
#Catfoot