← Chapters

ရုတ်တရက် ပျောက်ကွယ်သွားခြင်း

Vol. 38 Ch. 549

ရုတ်တရက် ပျောက်ကွယ်သွားခြင်း

Vol. 38 Ch. 549

…

ဖီးနစ်ငှက်သည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး ၎င်း၏ မီးတောက်နေသော တောင်ပံများက သေခြင်းတရား၏ သိပ်သည်းသော အော်ရာများကို ထိုးခွင်းသွားခဲ့သည်။

အာရန်သည် အစောပိုင်း ငရဲဘုံသားရဲကို စီးနင်းခဲ့စဉ်က ခံစားခဲ့ရသည်ခံစားချက်နှင့် ယှဥ်ပါက ယခု ဖီးနစ်ငှက်နှင့်အတူရှိရခြင်းသည် များစွာ ပိုမို၍ စိတ်သက်သာရာ ရလေသည်။

ဖီးနစ်ငှက်၏ မီးတောက်များမှ ထွက်ပေါ်လာသော နွေးထွေးမှုနှင့်အတူ သက်သောင့်သက်သာဖြစ်မှုတစ်ခုကိုပါ ခံစားနေရ၏။

အာရန်သည် သူ၏ ဖီးနစ်ငှက်မလေးမှ သူ့အား လေထဲတွင် သယ်ဆောင်သွားစဉ် သူ၏ အစောပိုင်း ပင်ပန်းနွမ်းနယ်မှုများသည် လုံးဝ အရည်ပျော်သွားသကဲ့သို့ ယူပစ်သလို ပျောက်ကွယ်သွားသည်ဟုလည်း ခံစားမိလိုက်သည်။

၎င်းဒဏ္ဍာရီလာဖီးနစ်ငှက်၏ မီးတောက်များက သူ၏ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကိုပင် ပြန်လည် ကုစားပေးနိုင်ပုံရလေသည်။

ယဲ့ဗ်နီတစ်ယောက် နိုးလာသည့်အခါ ထပ်မံ၍ ပြသာများ မကြုံရရန် ကာဒီနယ်ရဟန်းအမတ်ဆီမှ ယူဆောင်လာခဲ့သော ကြိုးဖြင့် သူမ၏ လက်များကို ချည်နှောင်ထားလိုက်ပြီး သူမ၏ ခန္ဓာကိုယ်အား ဘေးတွင်နေရာ ချထားလိုက်သည်။

ပုံမှန်ဆိုလျှင် ထိုကြိုးများသည် လူတစ်ဦး၏ အသက်ဓာတ်ကို စုပ်ယူနိုင်ပြီး ၎င်းတို့ကို အားနည်းစေလေသည်။

၎င်းသည် ဗန်ပိုင်းယား မင်းသမီးလေး ယဲ့ဗ်နီအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ခဲ့လျှင်ပင် သူမကို ချုပ်နှောင်ထားရန် အတွက်မူ အသုံးဝင်နေဆဲဖြစ်လေ၏။

...

အာရန်သည် သူ သွားရမည့် လမ်းကြောင်းကိုပင် မသိနေခဲ့ပေ။

သူ မြင်မြင်သမျှသည် သေခြင်းစွမ်းအင်များ သိပ်သည်းစွာပါဝင်နေသော အဆီအနှစ်ငွေ့များသာဖြစ်ပြီး ပျံသန်းနေစဉ် မိုးတိမ်များကို ဖြတ်သန်းနေရ သကဲ့သို့ ပင်ဖြစ်၏။

“ဒီနှုန်းနဲ့ဆိုရင်တော့ မျှော်စင်သခင်ကို ရှာတွေ့ဖို့ဆိုတာ ဝေးရော မြို့တော်ကိုတောင် ရှာလို့ရနိုင်မှာမဟုတ်တော့ဘူး။ ဟိုမိန်းကလေး နိုးလာတဲ့အထိ စောင့်ရတော့မယ် ထင်တယ်”

အာရန်သည် စိတ်ထဲတွင် သွားရမည့်နေရာကို ရှိနေခဲ့သော်လည်း ၎င်းကို ရောက်ရှိရန် မည်သည့်လမ်းကြောင်းမှသွားရမည်ကိုမူ မသိနေခဲ့ပေ။

သူ၏ ဖီးနစ်ငှက်မလေးသည် ဦးတည်ရာ လမ်းကြောင်းတစ်ခု၏ တည့်တည့်သို့ပင် ပျံသန်းလျက်ရှိပြီး ညတောင်ပံကလန်၏ နယ်မြေနှင့် တတ်နိုင်သမျှ ဝေးရာသို့ သွားနေစဉ် အာရန်တစ်ယောက် မိန်းကလေး ယဲ့ဗ်နီ နိုးလာမည့်အချိန်ကို စောင့်ဆိုင်းရန်သာ တတ်နိုင်တော့သည်။

ဤငရဲဘုံသည် မည်မျှကျယ်ပြန့်သည်ဆိုသည်ကိုပင် သူ့အနေနှင့် မသိထားခဲ့ပေ။ ယခုအချိန်တွင် သူသည် မူလကြယ်များအကြောင်း ဘာမှမသိသေးသဖြင့် ၎င်းတို့နှင့်လည်း တတ်နိုင်သမျှ ဝေးဝေးတွင်သာ နေလိုသေး၏။

....

ထိုအချိန်တွင် ညတောင်ပံကလန်အတွင်း ဖြစ်ပျက်သွားသော ကိစ္စရပ်များကို ပြန်ပြောရမည်ဆိုလျှင်.....

အစောင့်အရှောက်ကြယ်သည် ယဲ့ဗ်နီ ပြန်ပေးဆွဲခံရခြင်းကို လျှို့ဝှက်ထားခဲ့သည်။

ညတောင်ပံကလန်၏ မိသားစုခေါင်းဆောင်ပင် သူ၏သမီး ပျောက်ကွယ်သွားခြင်းအကြောင်းအား မသိသေးပေ။

သူ၏ သမီးသည် သူမ၏အခန်းထဲတွင်သာ ရှိနေဆဲဖြစ်မည်ဟုထင်မှတ်ထားပြီး အန္တရာယ် ကင်းနေဆဲဖြစ်မည်ဟု ထင်မှတ်ထားဆဲပင်။

ယခုအချိန် သူအာရုံစိုက်နေရသည့် တစ်ဦးတည်းသောသူမှာ ထိုအကျင့်မကောင်းသည့် သတ္တမ မူလကြယ်ပင်ဖြစ်ပေတော့သည်။

ကံကောင်းစွာဖြင့် ထိုမူလကြယ်သည် သူ၏ အခန်းတွင်းမှ ထွက်မသွားသေးပေ။

အစောင့်အရှောက်ကြယ်သည် သတ်မှတ်ထားသော အချိန်ကို စောင့်ဆိုင်းရင်း ဟိုဟိုဒီဒီ လျှောက်သွားနေမိ၏။

သူ၏ သခင်လေး ရီဇီခီယဲလ်မှ သူ၏ အခန်းတွင်း၌ လက်ရှိပျော်ရွှင်မှုများ ပြီးဆုံးခြင်းမရှိမီ ယဲ့ဗ်နီအား ပြန်လည်ခေါ်ဆောင်လာရန်မှာ သူ၏ တစ်ခုတည်းသော လုပ်ဆောင်ရမည့် အရာပင်ဖြစ်သည်။

“ကံကောင်းတာက ပုံမှန်အတိုင်းဆို သခင်လေးအနေနဲ့ ဒီလောက်မိန်းကလေး အရေအတွက်ကို နောက်ထပ် အနည်းဆုံး နာရီအနည်းငယ်လောက်ကြာမှ သူ့ကိစ္စတွေ ပြီးစီးနိုင်မှာ။ အရာအားလုံးကို ပြန်ပြင်ဆင်ဖို့ င့ါမှာ အချိန်လုံလောက်အောင်တော့ ရှိဦးမှာပါ”

အစောင့်အရှောက်ကြယ်သည် နောက်ကျောကို နံရံနှင့်မှီကာ သူ၏ သခင်ဖြစ်သူ မူလကြယ် တည်ရှိရာ ဧည့်ဂေဟာဆောင်သို့ ငေးမော့ကြည့်နေမိခဲ့သည်။

အာရန်တစ်ယောက် ထိုနေရာမှ ထွက်ခွာသွားသည်မှာ မိနစ်အနည်းငယ်မျှသာ ကြာသေးသော်လည်း သူသည် ထာဝရကြာညောင်းသွားပြီဟု ခံစားနေရသည်။ သူ့အတွက် အချိန်သည် အလွန်နှေးကွေးစွာ ကုန်ဆုံးနေပုံရပြီး စက္ကန့်တိုင်းသည် တစ်နာရီလောက်ကြာသည်ဟုပင် တွေးမိနေသည်။

“နောက်ထပ် မိနစ်ငါးဆယ်ပဲထပ်စောင့်ရတော့မှာပါ ... ပြီးရင် သူမကို ငါ ကိုယ်တိုင် ဒီကို ပြန်ခေါ်လာမှာပဲ ဒါပဲလိုတာ စိတ်အေးအေးထား....”

သူသည် အတွေးထောင်ပေါင်းများစွာဖြင့် ပြည့်နှက်နေသော သူ၏ ဦးခေါင်းအား ငြိမ်သက်သွားစေရန် ကြိုးစားရင်း သူ၏ မျက်လုံးများကို မှိတ်ထားလိုက်သည်။

သူ၏ အစီအစဉ်တစ်ခုလုံးသည် ပြီးပြည့်စုံဟန်ပေါက်နေသော်လည်း ၎င်းသည် အာရန်အပေါ်တွင် လုံးဝမူတည်နေသည်။

အာရန်တစ်ယောက် သူ၏ကတိကို စောင့်ထိန်းနေသမျှ အရာအားလုံးသည် အဆင်ပြေသွားလိမ့်မည်ဖြစ်၏။

သို့သော် အကယ်၍ အာရန်သာ ထိုအချိန်မတိုင်ခင် ယဲ့ဗ်နီအား သတ်ပစ်ခဲ့မည်ဆိုလျှင် သူစီစဥ်ထားသမျှ အရာအားလုံး တစ်စစီ ပျက်စီးသွားပေလိမ့်မည်။

သူသည် အဆိုးဆုံးအခြေအနေကို မစဉ်းစားမိအောင် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သော်လည်း ထိုအတွေးများက သူ့ခေါင်းထဲတွင် မကြာခဏ ဖြစ်ပေါ်လာနေခဲ့၏။

“အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။ မူလကြယ်တစ်ပါးကိုယ်တိုင် လိုချင်နေတဲ့ ညတောင်ပံ မင်းသမီးလေးကို သတ်ပစ်ဝံ့လောက်အောင်အထိတော့ သူက မိုက်မဲမှာတော့ မဟုတ်လောက်ပါဘူး‌လေ”

“ဟင်”

အစောင့်အရှောက်ကြယ်သည် တစ်စုံတစ်ခုကို ခံစားမိလိုက်သဖြင့် သူ၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည်။

သူသည် ရုတ်တရက် အာရန်နှင့် ငရဲဘုံသားရဲတို့ ထွက်သွားရာ လမ်းကြောင်းကို စိုက်ကြည့်မိလိုက်သည်။

သူသည် အစောပိုင်းအချိန်ထိ သူ့နှင့် ချည်နှောင်ထားသော ငရဲဘုံသားရဲ၏ တည်ရှိမှုကို အာရုံခံနိုင်ဆဲပင်ဖြစ်သည်။

သို့သော် ရုတ်တရက် သူသည် ၎င်းကို လုံးဝ အာရုံမခံနိုင်တော့ပေ။

“ဟိုကောင် င့ါသားရဲကို သတ်လိုက်တာများလား မဟုတ်သေးဘူး သွေးဝိညာဉ်စာချုပ်က ရှိနေဆဲပဲ။ ဒါပေမယ့် ဘာလို့ သူ့ကို အာရုံမခံနိုင်တော့လဲ”

သူ၏ အတွေးများ ရုတ်တရက် မှောင်မိုက်သွားခဲ့ရသည်။

အစောင့်အရှောက်ကြယ်သည် သူ၏သားရဲကို သူ အာရုံမခံနိုင်သည့် အခြေအနေ နှစ်ခုသာ ရှိလေသည်။

ပထမဆုံးမှာ ၎င်းကို တစ်စုံတစ်ယောက်မှ သတ်ပစ်လိုက်သည့်အခါတွင် ဖြစ်၏။

သို့သော် ထိုသို့ဖြစ်ခဲ့လျှင် စာချုပ်သည် အလိုလို ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။

ယခုမူစာချုပ်က ရှိနေဆဲဖြစ်ပြီး ၎င်းက သူ၏သားရဲမှာ အသက်ရှင်နေဆဲဖြစ်သည်ဟု ဆိုလိုလေသည်။

ထို့ကြောင့် အခြားတစ်ခုတည်းသော ဖြစ်နိုင်ချေမှာ သူ၏သားရဲသည် တားမြစ်နယ်မြေတစ်ခုအတွင်းသို့ ဝင်ရောက်သွားမိခြင်းပင်ဖြစ်လေတော့၏။

သူ မှတ်မိသလောက် ညတောင်ပံကလန်၏ နယ်မြေတွင် ထိုသို့ တားမြစ်နယ်မြေမျိုး ရှိမနေခဲ့ပေ။

“သူ ဘာလုပ်လိုက်တာလဲ” အစောင့်အရှောက်ကြယ်သည် လွန်စွာ ထိတ်လန့်လာခဲ့သည်။

သူ၏သားရဲကို သူ အာရုံမခံနိုင်တော့လျှင် အာရန်အားလည်း သူ့အနေနှင့် ရှာဖွေနိုင်တော့မည်မဟုတ်ပေ။

သူသည် အေးအေးဆေးဆေးဆက်လက်၍ မနေနိုင်တော့ပေ။

ဤနေရာတွင်သာ ဆက်လက်နေထိုင်ရန် သူ့တွင် တာဝန်ရှိနေသော်လည်း ဤနေရာမှ အလျှင်အမြန် ထွက်ခွာပြီး အခြေအနေကို သူကိုယ်တိုင် စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူသည် ရုတ်တရက် ညတောင်ပံကလန်မှ အလျင်အမြန် ထွက်ခွာသွားခဲ့တော့သည်။

သူသည် သူ၏ ငရဲဘုံသားရဲအား နောက်ဆုံးအနေနှင့် အာရုံခံမိခဲ့သော နေရာသို့ တည့်တည့်မက်မက်ပင် ထွက်ခွာသွားခဲ့ခြင်းဖြစ်၏။

...

ညတောင်ပံကလန်အတွင်း၌တည်ရှိနေသော သတ္တမ မူလကြယ်သည် ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေရင်း ဝိုင်တစ်ခွက်ကို သောက်သုံးလျက်ရှိ၏။

သူ၏ မိန်းကလေးများသည် ပျော်ရွှင်မှုအထွဋ်အထိပ်သို့ ရောက်ရှိနေကြကာ သတိလစ်မေ့မြောလုနီးပါး ဖြစ်နေကြသောကြောင့် သူသည် ခေတ္တမျှ အနားယူရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထို့နောက် မူလကြယ်သည် ဝိုင်အနည်းငယ်ထပ်သောက်လိုက်ကာ မိန်းကလေးများဆီသို့ ပြန်သွားရန် ပြင်လိုက်စဉ် သူတာဝန်ပေးထားသော အစောင့်အရှောက်ကြယ်သည် တစ်နေရာတွင် ရပ်နေပြီး အတွေးတစ်ခုခုတွင်း နစ်မြုပ်နေသည်ကို သူ သတိပြုမိလိုက်သည်။

သူသည် ၎င်းအကြောင်းကို များစွာ မစဉ်းစားခဲ့ပေ။

သို့သော် မကြာမီ သူသည် ရှားပါးသောအမူအရာဖြစ်သည့် ထိုအစောင့်အရှောက်ကြယ် ၏ ထိတ်လန့်နေသော မျက်နှာအမူအရာကို သတိပြုမိလိုက်သည်။

အစောင့်အရှောက်ကြယ်သည် အလွန်တရာထိတ်လန့်နေဟန်ဖြင့် ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားတော့သည်။

ညတောင်ပံကလန်အတွင်းမှ ထိုအစောင့်သည် ရုတ်တရက် ထွက်ခွာသွားခြင်း ဖြစ်သော်လည်း ရီဇီခီယဲလ်သည် ထိုအစောင့်၏ သွားရောက်ရာ တည်နေရာကို အာရုံခံမိနေဆဲပင်။

“စိတ်ဝင်စားစရာတော့ကောင်းနေပြီ...”

သူသည် ဝိုင်ခွက်ကို ဘေးသို့ ချထားလိုက်စဉ် သူ၏ နှုတ်ခမ်းထက်မှ စကားလုံးအချို့ ထွက်ပေါ်လာခဲ့သည်။

....

“ဒီနေရာကနေ ကျော်သွားတာနဲ့ ဘာ ခြေရာလက်ရာမှ မရှိတော့ဘူး။ ရုတ်တရက် လေထဲမှာ ပျောက်ကွယ်သွားသလိုပဲ”

အစောင့်အရှောက်ကြယ်သည် သူ၏ငရဲဘုံသားရဲအား နောက်ဆုံးအာရုံခံနိုင်ခဲ့သည့် နေရာသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ဒီနေရာကို ကျော်လွန်ပြီးနောက် သူ၏ သားရဲဆီမှ နောက်ထပ် မည်သည့်ခြေရာလက်ရာကိုမျှ မတွေ့ရတော့ပေ။

ယင်းအစား သူသည် အာရန်နဲ့ ယဲ့ဗ်နီအပြင် အခြားတည်ရှိမှုတစ်ခု၏ နောက်ထပ် အချက်အလက်အချို့ကိုပါ ထပ်မံ၍ မြင်တွေ့လိုက်ရသည်။

ထိုအချက်အလက်များအရ ‌နောက်ထပ်တစ်ဦးသည် လူသားတစ်ဦးတော့ မဟုတ်တန်ရာပေ။

၎င်းသည် သားရဲတစ်ကောင်၏ အချက်အလက်မျိုးဖြစ်လေသည်။

“ဒီအရာက....”

အစောင့်အရှောက်ကြယ်သည် ဖီးနစ်ငှက်၏ ခြေရာများကို ထိမိလိုက်ပြီး ကောင်းကင်သို့ ခေါင်းမော့ကြည့်လိုက်သည်။

အစောင့်အရှောက်ကြယ်သည် သူ၏နှုတ်ခမ်းများကို ဖွင့်လိုက်ကာတစ်စုံတစ်ခု ငြီးတွားရန် ပြင်လိုက်သည်။

သို့သော် သူ အခြားဘာမှ ထပ်မံ မပြောဆိုနိုင်မီ အခြားတစ်ဦး၏ စကားတစ်ခွန်းကို သူ၏ နားအတွင်း၌ ကြားလိုက်ရသည်။

“သူတို့ ထွက်ခွာသွားပြီ”

ထိုသူဆီမှ နောက်ထပ် စကားလုံးအချို့ကို ကြားလိုက်ရရာ အစောင့်အရှောက်ကြယ်သည် သူ၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ဟုပင် ခံစားလိုက်ရသည်။

#Catfoot

All Chapters