တွက်ချက်မှုမှားယွင်းခြင်း
Vol. 38 Ch. 551
…
“အား... ခေါင်းကိုက်လိုက်တာ...”
ညတောင်ပံကလန်မှ သခင်မလေးဖြစ်သူ ယဲ့ဗ်နီသည် ခေါင်းထဲမှ ထိုးကိုက်သည့် ဝေဒနာတစ်ခုကို ခံစားရင်း သတိပြန်လည်လာခဲ့သည်။
“ဒီလောက်လည်း ဖြစ်ပြနေစရာ မလိုပါဘူး။ ငါ မင်းရဲ့ ဦးခေါင်းကို လက်ဖျားနဲ့တောင် မထိရသေးဘူးလေ။”
သူမအား ပြန်ပြောလိုက်သော အမျိုးသားတစ်ဦး၏ အသံဖြင့် ကြားလိုက်ရ၏။
ထို အသံကို ရင်းရင်းနှီးနှီး ကြားလိုက်ရသည်နှင့် သူမ၏ မျက်လုံးများ ချက်ချင်းပွင့်လာခဲ့သည်။
၎င်းက သူမ မေ့လဲမသွားခင် သူမနှင့် တိုက်ခိုက်ခဲ့သော အစောပိုင်း ကျူးကျော်သူလူစိမ်း၏ အသံပင် ဖြစ်၏။
ပုံမှန်ဆိုလျှင် ထိုလူသည် ညတောင်ပံကလန်၏ လက်ချက်ဖြင့် သေဆုံးသွားသင့်လေသည်။
ယခုကဲ့သို့ လွတ်မြောက်လာရန် လုံးဝမဖြစ်နိုင်ပေ။
သို့ဆိုလျှင် သူမသည် ထိုအသံကို မည်သို့ ကြားနေရပါသနည်း။
သူမသည် ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြန်လည်ထိန်းချုပ်ကာ ထိုအမျိုးသားထံမှ အကွာအဝေးတစ်ခုခြားရန် ရည်ရွယ်ချက်ဖြင့် နောက်သို့ ခုန်ဆုတ်လိုက်သည်။
အလျင်လိုနေမှုကြောင့် သူမသည် ပတ်ဝန်းကျင်ကိုပင် သတိမထားမိလိုက်ချေ။
သူမသည် ကောင်းကင်ယံသို့ ပျံဝဲနေသော ဖီးနစ်ငှက်ကြီး၏ ကျောပေါ်တွင် လဲလျောင်းနေမိခဲ့ခြင်း ဖြစ်လေသည်။
ဖီးနစ်ငှက်သည် ကြီးမားသော်လည်း သူမ ရွေ့လျားရန် နေရာများစွာ ရှိလောက်အောင်တော့ မကျယ်ဝန်းပေ။
သူမအနေနှင့် နောက်ဆုတ်ရန် နေရာမရှိမှန်း သဘောပေါက်လိုက်သည့် အချိန်၌ပင် သူမသည် အလွန် အချိန်နှောင်းသွားပြီ ဖြစ်၏။
သူမသည် ဖီးနစ်ငှက်ပေါ်မှ ပြုတ်ကျသွားခဲ့ရလေသည်။
“ငါ သူမရဲ့ ခြေထောက်တွေကိုပါ ကြိုးတုပ်ထားခဲ့သင့်တာ”
အာရန်သည် စိတ်ပျက်စွာဖြင့် သူ၏ ဦးခေါင်းကိုပြန်ကုတ်ရင်း ငြီးတွားလိုက်သည်။
သူ၏ ကျောပြင်ထက်တွင် နဂါးတောင်ပံများ ပေါ်လာပြီး ယဲ့ဗ်နီ ၏ နောက်သို့ လိုက်ကာ ခုန်ချလိုက်ရသည်။
ဤ ပတ်ဝန်းကျင်ရှိ မြူမှုန်များကြောင့် ဝေးဝေးကို လှမ်း၍ မမြင်နိုင်သော်လည်း သူမ ပြုတ်ကျမည့် လမ်းကြောင်းကိုမူ အာရန်အနေနှင့် ခန့်မှန်းနိုင်ခဲ့ဆဲပင်။
မကြာမီပင် ကောင်းကင်ယံမှ ဒလိမ့်ခေါက်ခွေး ပြုတ်ကျနေသော ညတောင်ပံကလန် မှ မင်းသမီးလေးအား ရှာတွေ့သွားခဲ့သည်။
သို့သော် သူမသည် အော်ဟစ်ခြင်း သို့မဟုတ် စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်များ ရှိမနေခဲ့ချေ။
“ထူးဆန်းတယ်။ သူမက ဒီလောက်အမြင့်က ပြုတ်ကျမှာကိုတောင် မစိုးရိမ်တာက သူမမှာ ဒီအရာကိုတောင် အလွယ်တကူ ပြန်ကုစားနိုင်တဲ့ အစွမ်းမျိုး ရှိနေလို့များလား” အာရန်သည် ယဲ့ဗ်နီ၏ နောက်မှ လိုက်ပါရင်း တွေးမိလိုက်သည်။
အာရန်သည် အရှိန်ကို တိုးမြှင့်ကာ သူမအား ချက်ချင်း ဖမ်းဆီးလိုက်နိုင်သော်လည်း သူမ၏ ယုံကြည်မှုရှိသော အသွင်အပြင်နောက်ရှိ အကြောင်းရင်းကို သိချင်နေခဲ့၏။
အာရန်သည် သူမ၏ လုံခြုံရေးအတွက် သူမထက်ပင် အနည်းငယ် ပို၍ စိုးရိမ်နေဟန်ရလေသည်။
အကြောင်းမှာ သူမသည် သူ့အတွက် လမ်းပြတစ်ဦး ဖြစ်လာမည့်သူပင် မဟုတ်ပါလော။
မြေပြင်နှင့် နီးကပ်လာချိန်မှသာ ထိုမိန်းကလေးသည် အနည်းငယ် ထိတ်လန့်သည့် အမူအရာမျိုး ပြသလာသည်ကို သူ့အနေနှင့် သတိထားမိလိုက်သည်။
“သူမ ဒီလို ယုံကြည်မှုရှိနေတာက သူက ဘာမှ မသိလို့များလား”
အာရန်သည် သူ မြင်လိုက်ရသည့် အရာကြောင့် အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။
ယဲ့ဗ်နီသည် သူမ၏ စွမ်းရည်များကို အသုံးပြု၍ ဘေးကင်းစွာ ဆင်းသက်နိုင်မည်ဟု ထင်မှတ်နေပုံရလေ၏။
အာရန်တစ်ယောက် သူမအား ချည်နှောင်ထားသည့် တားမြစ်ကြိုးကို သူမအနေဖြင့် လျော့တွက်မိခြင်းသာ ဖြစ်လေသည်။
ဤကြိုးဖြင့် ချည်နှောင်ခြင်းခံထားရသောကြောင့် သူမ၏ စွမ်းအင် အသုံးပြုနိုင်စွမ်းသည် အတော်အတန် ကန့်သတ်ခံထားရလေ၏။
“ဒီ ကျိန်စာသင့်နေတဲ့ ကြိုးတွေက ဘာတွေလဲ”
မြေပြင်နှင့် နီးကပ်လာသည်နှင့်အမျှ သူမသည် ပိုမို၍ပင် ထိတ်လန့်လာခဲ့ရသည်။
“ဘယ်လိုလုပ် ဒီအရာက ငါ့ကို တားဆီးနိုင်တာလဲ”
“အဲ့ဒါက သန့်စင်ပရောဟိတ်မ ပိုင်ဆိုင်ခဲ့တဲ့ ကြိုးပေါ့။ သူမကို ကာကွယ်ဖို့ ငါ့အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ထားဘူးလို့ သူမ တကယ်ပဲ ထင်နေတာလား။ ဒီလောက်တောင် အမှုမဲ့ အမှတ်မဲ့ နေနိုင်ရအောင် အတိတ်မှာ သူမ ဘယ်လို ကျူးကျော်သူ လူစိမ်းတွေနဲ့များ ရင်ဆိုင်ခဲ့ဖူးလဲ မသိဘူး”
အာရန်သည် နောက်ဆုံးတွင် သူမကို ကယ်တင်မှဖြစ်တော့မည်အား သဘောပေါက်ကာ ခေါင်းခါလိုက်မိသည်။
ဤသို့ဖြင့် အာရန်သည် ယဲ့ဗ်နီတစ်ယောက် သတိမထားမိလိုက်ခင်မှာပင် သူမကို ကျော်တက်ကာ ရှေ့သို့ ထိုးစိုက် ပျံသန်းလိုက်သည်။
မင်းသမီး ပြုတ်ကျလာမည့် နေရာဖြစ်သော မြေပြင်ပေါ်သို့ အာရန်သည် အရင်ဦးဆုံး ဆင်းသက်လိုက်၏။
သူသည် ယဲ့ဗ်နီအား အောက်မှနေ၍ လှမ်း၍ ဖမ်းမိနိုင်ရန် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ခွန်အားမြှင့်မန္တာန်တစ်ခုကိုပင် အသုံးပြုလိုက်သေးသည်။
“ငါ ခန့်မှန်းတာသာ မှန်မယ်ဆိုရင် ဒါက မှန်ကန်တဲ့ နေရာပဲ။ သူမကို ကယ်လိုက်ရင် သူမက င့ါအတွက် ပိုပြီး စဉ်းစားပေးလာကောင်းပါရဲ့”
အာရန်သည် ယဲ့ဗ်နီအား အောက်ဘက်မှ လှမ်း၍ ဖမ်းရန် ထိုနေရာတွင် ယုံကြည်မှုရှိစွာ စောင့်ဆိုင်းနေခဲ့သည်။
ကံမကောင်းစွာဖြင့် စက္ကန့်အနည်းငယ် ကြာပြီးနောက် ယဲ့ဗ်နီ သည် သူ၏ လက်ပေါ်သို့ ပြုတ်ကျမလာခဲ့ပေ။
ထိုအချိန် သူနှင့် မဝေးသောနေရာတစ်ခုမှ အလွန်လေးလံသော အရာတစ်ခု ကောင်းကင်ပေါ်မှ ပြုတ်ကျလာသကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
မြေပြင်သည်ပင် ထိုအရာပြုတ်ကျလာမှုကြောင့် တုန်ခါသွားခဲ့ရသည်။
အာရန်၏ ကျောပြင်သည် ချွေးစေးများဖြင့် ရွှဲနစ်သွားခဲ့သည်။
သူ၏ တွက်ချက်မှု မှားယွင်းသွားခဲ့လေသည်။
သူသည် မှားယွင်းသော နေရာတစ်ခုတွင် ရောက်ရှိနေခဲ့ခြင်းသာ ဖြစ်လေသည်။
“အဟွတ် အဟွတ်။ လေကြောင်းပြောင်းပြီး သူမရဲ့ ပြုတ်ကျမှုလမ်းကြောင်းက အနည်းငယ် ပြောင်းသွားတာပဲ ဖြစ်ရမယ်”
အာရန်သည် သူမကျဆင်းသွားသည့် နေရာသို့ ပျံသန်းသွားရင်း သူ၏ နှလုံးသားကို တည်ငြိမ်ရန် ကြိုးစားလိုက်ရသည်။
အာရန်သည် နက်ရှိုင်းသော ချို့ခွက်ကြီးတစ်ခုကို တွေ့လိုက်ရပြီး ထိုချိုင့်ခွက်၏ ဗဟိုတွင် ဆဲဆိုကြိမ်းမောင်းနေသော အမျိုးသမီးတစ်ဦး ကိုမြင်လိုက်ရလေသည်။
ကံကောင်းစွာဖြင့် သူမသည် ဒဏ်ရာသိပ်ရလိုက်ပုံ မပေါ်ပေ။
ယင်း အဲဒီအစား သူမသည် အလွန်တက်ကြွနေဟန်ရလေသည်။
ညတောင်ပံကလန်သား တစ်ဦးအနေဖြင့် သူမ၏ ခန္ဓာကိုယ်သည် လွန်စွာ သန်မာနေခဲ့သည်။
သူမ၏ အဓိက စွမ်းရည်များ ကန့်သတ်ခံထားရသော်လည်း သူမ၏ ခန္ဓာကိုယ်မှ သဘာဝအလျှောက် ကာကွယ်နိုင်စွမ်းမှာမူ ပုံမှန်အတိုင်း ရှိနေဆဲပင် ဖြစ်၏။
သူမ၏ နှလုံးသားကို ဆွဲညှစ်ရန်အတွက် သူ၏ နဂါးလက်သည်းများဖြင့် ကျိုးစားကြည့်ခဲ့စဥ်ကပင် အာရန်သည် ဤထူးခြားချက်ကို သတိပြုမိခဲ့ပြီးဖြစ်သည်။
သူသည် ထိုချိုင့်ခွက်နေရာအတွင်းသို့ ခုန်ဆင်းလိုက်ကာ သူ၏ လက်ကို ကမ်းပေးလိုက်သည်။
“မင်း အဆင်ပြေရဲ့လား”
ယဲ့ဗ်နီသည် အာရန်အား ထူးဆန်းစွာ စိုက်ကြည့်လိုက်သည်။
ပထမဆုံးအနေဖြင့် သူမသည် လူစိမ်းတစ်ဦး၏ အကူအညီကို မယူလိုခဲ့ပေ။
သို့သော် သူမသည် လက်ကမ်းပေးချင်သည်ဆိုဦးတော့ သူမ၏ လက်များသည် နောက်ဘက်တွင် တုပ်နှောင်ခြင်းး ခံထားရသဖြင့် မည်သို့ ဖြစ်နိုင်ပါမည်နည်း။
“ငါကဘဲ မင်းကို ငှက်ပေါ်ကနေ တွန်းချလိုက်သလိုမျိုးအကြည့်နဲ့ ဘာလို့ ကြည့်နေရတာလဲ။ တကယ်က မင်းဘာသာမင်း ခုန်ချသွားတာလေ”
အာရန်သည် သူ၏ လက်ကို ပြန်ရုပ်ရင်း ပြောလိုက်သည်။
ယင်းအစား ယဲ့ဗ်နီ၏ အင်္ကျီလက်ကို ဆွဲလိုက်ကာ သူမအား အပေါ်သို့ ကူညီဆွဲတင်ပေးလိုက်သည်။
“ရှင် ဘာလုပ်မိခဲ့တယ်ဆိုတာကော ရှင် သိရဲ့လား”
ယဲ့ဗ်နီသည် နောက်သို့ ဆုတ်ရင်း အာရန်၏ လက်အတွင်းမှ ရုံးထွက်လိုက်ကာ ပြန်လည်၍ မေးခွန်းထုတ်လိုက်သည်။
“ဒီစကားကို ကြားရတိုင်း ဒင်္ဂါးတစ်ပြားရမယ်ဆိုရင်တော့ဖြင့် အင်း.....”
အာရန်သည် သူ၏ စကားကို တစ်ဝက်မှာပင် ရပ်လိုက်သည်။
ဤငရဲဘုံတွင်ပင် ဤကဲ့သို့ စကားမျိုးကို သူ့အနေနှင့် နှစ်ကြိမ်တိုင်တိုင် ကြားခဲ့ရပြီဖြစ်၏။
အာရန်သည် သူ ဘာလုပ်ခဲ့မိသည်ကို သူ မသိခြင်းတော့ မဟုတ်ပေ။
သူသည် ဆိုးဝါးသည့် အကျင့်စရိုက်ရှိသူ မူလကြယ်တစ်ပါး လိုချင်နေသော မိန်းကလေးတစ်ဦးကို ပြန်ပေးဆွဲခဲ့မိခြင်းဖြစ်သည်။
ထိုမျှသာမက သူသည် ညတောင်ပံကလန်ကိုပါ စော်ကားခဲ့မိပြီ ဖြစ်၏။
ထိုကလန်သည် ဤလောကတွင် အဆင့် မည်မျှ ရှိသည်ကိုမူ သူမသိသေးသော်လည်း ၎င်းသည် အားနည်းသော ကလန်တစ်ခု မဟုတ်သည်မှာတော့ သေချာလေသည်။ ညတောင်ပံကလန်မှ ကလန်ခေါင်းဆောင်၏ ခွန်အားကို ခန့်မှန်း ကြည့်ခြင်းအားဖြင့် ထိုကလန်သည် သူ့အတွက် အန္တရာယ်ရှိသည်မှာ ယူဆ၍ ရလေသည်။
“ကျွန်မ လက်တွေကို ဖြေပေးစမ်း”
ယဲ့ဗ်နီသည် အာရန်နှင့် ဆက်လက်၍ အချေအတင် ငြင်းခုန်လိုခြင်း မရှိတော့ဘဲ သူမသည် အခြေအနေကို ထိန်းချုပ်ထားနိုင်သေးသကဲ့သို့ သူ့အား အမိန့်ပေးလိုက်သည်။
“ဘာလို့ ငါက မင်းလက်တွေကို လွှတ်ပေးရမှာလဲ။ မင်းက ငါ့ကို ပြန်ပြီး တိုက်ခိုက်လို့ရအောင်အတွက်လား”
အာရန်က မေးခွန်းတစ်ခုဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
မည်သို့ပင်ဆိုသည်စေ ထိုမိန်းကလေးက သူ့အား အရင်စ၍ တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပါလော။
သူမသည် သူ့အား မထိခိုက်စေနိုင်ခဲ့သည့်တိုင် သူ၏ လွတ်မြောက်ရန်အတွက် သူမအား ပြန်ပေးဆွဲခဲ့ရခြင်းသာ ဖြစ်လေသည်။
သို့သော် သူမအနေနှင့် သူ့အား အရင်စ၍ တိုက်ခိုက်ခဲ့သည်ဟူသည့် အချက်သည်တော့ မပြောင်းလဲခဲ့ပေ။
ယဲ့ဗ်နီသည် အာရန်အား စူးစိုက်ကြည့်နေလိုက်သည်။
သူမသည် သူ့အား စတင်တိုက်ခိုက်ခဲ့မိခြင်းမှာ အမှန်ပင်ဖြစ်၏။
သို့သော် သူမ၏ ကလန်ထဲသို့ ဖိတ်ကြားခြင်းမရှိဘဲ ဝင်ရောက်လာသူမှာ မည်သူနည်း။
သူမသည် တုံ့ပြန်စကားအချို့ပြောရန် သူမ၏ နှုတ်ခမ်းနှစ်လွှာကို ဖွင့်ဟရန်ကျိုးစားလိုက်သည်။
သို့သော် အာရန်သည် သူမ၏ ပခုံးသားနှစ်ဖက်ကို ဆွဲယူကာ သူ့အနီးသို့ ဆွဲကပ်လိုက်သောကြောင့် သူမသည် တုန်လှုပ်သွားကာ ဘာမှမပြောနိုင်ခဲ့တော့ချေ။
#Catfoot