ကမ္ဘာမြေ
Vol. 38 Ch. 554
…
အာရန်၏ ကျောကုန်းဘက်မှ နေ၍ တောင်ပံများ ရုတ်ခြည်း ထွက်ပေါ်လာခဲ့ကာ ယဲ့ဗ်နီဘက်သို့ လှည့်လိုက်သည်။
သူသည် လက်ချောင်းများကို ဆန့်တန်းကာ သူမအား ပွေ့ချီရန် ကြိုးစားလိုက်သော်လည်း သူမအား ဖမ်းမိလုဆဲဆဲ အခြေအနေမှာပင် သူမသည် အနက်ရောင် မြူခိုးများအဖြင့် ပြောင်းလဲသွားခဲ့သည်။
ထိုမြူခိုးများသည် ရုတ်တရက် ပျံ့ကားသွားခဲ့ကာ သေခြင်းအဆီအနှစ်များကို ဖယ်ရှားရင်း လင်းနို့အုပ်စုတစ်အုပ်အသွင် ပြောင်းလဲသွားခဲ့၏။
၎င်းတို့သည် အာရန်၏ လက်အတွင်းမှ လုံးဝ လွတ်မြောက်ကာ အောက်ဘက်သို့ ထိုးဆင်းသွားကြသည်။
မြေပြင်နှင့် နီးကပ်လာသောအခါမှသာ လင်းနို့များသည် ပြန်လည်စုဝေးကာ မိန်းကလေးတစ်ဦး၏ ပုံသဏ္ဌာန်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့သည်။
အာရန်သည် သူမ၏ အသွင်ပြောင်းလဲလိုက်ပုံအား မြင်လိုက်ရသဖြင့် သူ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာခဲ့၏။
သူမ၏ ထိုစွမ်းရည်အား သူ အတော်လေး သဘောကျမိသွားသည်။
၎င်းသည် ကောင်းမွန်သော ပျံသန်းမှုစွမ်းအင်တစ်ခုတင်မကဘဲ ကောင်းစွာ အသုံးပြုတတ်ပါက ထွက်မြောက်ရေးအတွက် ဝှက်ဖဲတစ်ခုအနေနှင့်လည်း ကောင်းစွာအသုံးဝင်လေသည်။
သူမသည် သူနှင့် ပထမဆုံး ရင်ဆိုင်တိုက်ခိုက်ခဲ့စဥ်က ဤစွမ်းရည်ကို အသုံးမပြုနိုင်ခဲ့ခြင်းအတွက် အာရန်သည် အနည်းငယ်ပင် ကြိတ်၍ ဝမ်းသာမိလိုက်သည်။
ထိုစဥ်က အာရန်သည် သူမ၏ နှလုံးသားကို ဖမ်းဆုပ်ကာ အနိုင်ယူခဲ့ခြင်းဖြစ်၏။ ထိုအချိန်ကသာ သူမသည် ဤစွမ်းရည်ကို အသုံးပြုနိုင်ခဲ့ပါက သူမကို ထိုသို့ဖမ်းဆုပ်ရန်မှာ ပို၍ပင် ခက်ခဲခဲ့ပေလိမ့်မည်။
သူမ၏ စွမ်းရည်ကို သဘောကျသော်ငြားလည်း သူသည် ချီးကျူးစကား မဆိုခဲ့ချေ။
ဤသို့ဖြင့် အာရန်သည် ယဲ့ဗ်နီ နှင့်အတူ ငရဲခွေးမြို့ ရှိရာဘက်သို့ လိုက်ပါသွားခဲ့သည်။
လမ်းတစ်လျှောက်တွင် အာရန်သည် ယဲ့ဗ်နီ၏ နောက်ထပ် အသွင်ပြောင်းလဲခြင်းကို ထပ်မံ အကဲခပ်ကြည့်ရှုနေခဲ့မိသည်။
သူမ၏ လက်သည်းများသည် ပိုမို၍ ရှည်လျားလာခဲ့၏။
သူမသည် ထိုချွန်ထက်သော လက်သည်းများကို အသုံးပြုကာ သူမ၏ ရှည်လျားသော ဆံပင်များကို ပိုမို တိုတောင်းအောင် လှီးဖြတ်လိုက်လေသည်။
သူမသည် ဆံပင်၏ အရောင်ကိုပါ ပြောင်းလဲလိုက်ပြီး နဂိုငွေရောင်အား ပိုမို နက်မှောင်သော အရောင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
မိန်းကလေးသည် ညတောင်ပံမျိုးနွယ်စု၏ သင်္ကေတပါသော နဂိုဝတ်ရုံကို လဲလှယ်လိုက်ပြီး သာမန်ရိုးရိုး ဝတ်ရုံတစ်ထည်ကို လဲလှယ်ဝတ်ဆင်လိုက်၏။
သူမ၏ မျက်နှာပေါ်ရှိ ဒဏ်ရာများကြောင့်လည်း သူမကို ဤနေရာတစ်ဝိုက်တွင် အလှဂုဏ်သတင်း ကြီးမားလှသော ညတောင်ပံကလန်မှ မင်းသမီးလေးနှင့် ချိတ်ဆက်၍ သတိထားမိရန်မှာမူ လုံးဝမဖြစ်နိုင်တော့သလောက်ပင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
“မဆိုးဘူး။ ငါလည်း မင်းနဲ့အတူ အသွင်ကို လိုက်ပြောင်းသင့်တယ်...”
အာရန်သည် သူ၏ရုပ်ရည်ကိုပါ စတင် ပြောင်းလဲရန်ပြင်ဆင်လိုက်ရင်း ပြောလိုက်သည်။
အာရန်တွင် အခြားသူတစ်ဦးအဖြစ်သို့ ပုံသဏ္ဌာန် ပြောင်းလဲနိုင်သည့် ထူးခြာသည့် စွမ်းရည် တစ်ခုရှိနေခဲ့သည်။
သူသည် စိတ်ကြိုက် အသွင်ပြောင်းလဲနိုင်သော ကိုယ်ပွားများစွာကိုပင် ဖန်တီးနိုင်နေပြီဖြစ်၏။
သို့သော်လည်း အာရန်သည် သူ၏ နဂို ရန်နစ်ခလိုလိုင်းအဖြစ် မူလရုပ်ရည်ကိုပင် ပြန်လည်ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။
အာရန်သည် သူ၏ ကမ္ဘာကူးပြောင်းလာသည့် ကမ္ဘာ၌ လူတိုင်းက သူ့အား မုန်းတီးနေကြသောကြောင့် သူသည် ရန်နစ်ခရိုလိုင်းအသွင်ဖြင့် လျှောက်သွား၍ မရခဲ့ပေ။
သို့သော် ဤငရဲဘုံမှာမူ ကွဲပြားလေသည်။
သူ၏ ညီ ဇာတ်လိုက်ဖြစ်သူသည် သူ့နှင့် အမြွှာမဟုတ်သောကြောင့် ထိုညီနှင့် ရန်ငြိုးရှိသူများသည် သူ့အား မှတ်မိမည်ကို စိုးရိမ်နေရန် မလိုအပ်ပေ။
၎င်းသည် အစောပိုင်းအစောင့်အရှောက်ကြယ် မမြင်ဖူးထားသော မျက်နှာလည်း ဖြစ်လေသည်။
သူသည် ဤလောကတွင် ဟန်ဆောင်စရာ မလိုဘဲ သည်မျက်နှာဖြင့်ပင် စိတ်ကြိုက် လျှောက်သွားနိုင်ပြီဖြစ်၏။
သူယခင်အချိန်အများစုတွင် လုပ်ဆောင်ခဲ့သော အသွင်ပြောင်းလဲခြင်းအစွမ်းအား အသုံးပြုရမည့်အစား သူ၏ အစစ်အမှန်မျက်နှာကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသခဲ့ခြင်းလည်း ဖြစ်လေသည်။
နစ်ခရိုမန်ဆာမျှော်စင်သခင်အပြင် ညတောင်ပံမျိုးနွယ်စုမှ မင်းသမီးယဲ့ဗ်နီသည် အာရန်၏ အစစ်အမှန်မျက်နှာကို မြင်ဖူးသည့် နောက်ထပ် သက်ရှိထင်ရှား ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်၏။
သန့်စင်ပရောဟိတ်မနှင့် ဘယ်လက်ရုံးအစောင့်အရှောက်တို့သည်လည်း သူ၏ အစစ်အမှန်သွင်ပြင်ကို မြင်ခဲ့ဘူးကြသော်လည်း သူတို့နှစ်ဦးစလုံးသည် သူ့ကြောင့်ပင် သေဆုံးသွားခဲ့ကြပြီဖြစ်သည်။
ယဲ့ဗ်နီသည်ပင် အာရန်၏ ရုပ်ရည်အား မြင်တွေ့လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
သူမသည် သူ့အား ဒုတိယအကြိမ် ပြန်မကြည့်ပဲ မနေနိုင်ခဲ့ချေ။
ညတောင်ပံမျိုးနွယ်စုမှ လူများသည် သူတို့၏ ဖြူဖျော့သောအသားအရေနှင့် အလှအပများကြောင့် ကျော်ကြားလေသည်။
သို့တိုင် အာရန်သည် သူမ မြင်ဖူးသမျှ အခြားအမျိုးသားများထက် များစွာပိုမို ၍ ယောင်္ကျားပီသကာ ကြည့်ကောင်းနေဆဲပင်။
“ရှင် ဟန်ဆောင်ထားတဲ့ ရုပ်ရည်က ရှင့်ရဲ့ အစစ်အမှန်ရုပ်ရည်ထက်တောင် ပိုကြည့်ကောင်းနေတယ် ထင်တယ်။ ရှင့်တို့ လောကမှာ ဒီမျက်နှာနဲ့လူမျိုး တကယ် ပဲရှိနေတာလား”
ယဲ့ဗ်နီသည် သူမ၏ သိလိုစိတ်အား မထိမ်းချုပ်နိုင်တော့ပဲ အာရန်အား မေးလိုက်မိသည်။
၎င်းသည် အာရန်၏ အစစ်အမှန် မျက်နှာဖြစ်ကြောင်းကိုမူ သူမ သတိမထားမိခဲ့ချေ။
“ဘာလို့လဲ။ မင်း သူ့ကို လက်ထပ်ချင်သွားလို့လား”
အာရန်သည် သူမ၏ စိတ်လှုပ်ရှားနေသောပုံစံအား အနည်းငယ်စနောက်လို၍ မေးလိုက်သည်။
“အို မဟုတ်တာ”
ယဲ့ဗ်နီက မျက်နှာအနည်းငယ်နီသွား၍ ပြန်ပြောလိုက်သည်။
“ရှင် လာခဲ့တဲ့ နေရာကိုပဲ ကျွန်မအနေနဲ့ စူးစမ်းမိချင်ယုံသက်သက်မေးမိတာပါ”
“ငါ လာခဲ့တဲ့ နေရာလား”
အာရန်သည် သူ၏ မူလကမ္ဘာမြေပေါ်တွင် ကျောင်းဆရာတစ်ဦးအဖြစ် နေထိုင်ခဲ့သော အတိတ်ကာလကို ပြန်ပြောင်းတွေးမိလိုက်ရင်း ပြောလိုက်သည်။
“မင်းအနေနဲ့ အဲဒီကမ္ဘာကို တကယ်ပဲ အထင်ကြီးမိပါ့မလားလို့ ငါတော့ သံသယဝင်မိတယ်”
အာရန်သည် သူ၏ ဝိညာဥ်ကူးပြောင်းလာသော ကမ္ဘာသစ်၌ အချိန်အတော်ကြာ နေထိုင်ခဲ့ရသဖြင့် သူ၏ မူလကမ္ဘာမြေမှ အမှတ်ရစရာများသည် အတိုင်းအတာတစ်ခုအထိ တဖြည်းဖြည်း မှေးမှိန်စပြုလာခဲ့ပြီဖြစ်၏။
“မင်း.... ကမ္ဘာမြေလို့ ခေါ်တဲ့ ကမ္ဘာတစ်ခုအကြောင်းကို ကြားဖူးလား”
အာရန်သည် ယဲ့ဗ်နီအား အမှတ်တမဲ့ မေးလိုက်မိသည်။
“ကမ္ဘာမြေဟာ ကစဥ့်စလျားဖြစ်ရပ်တွေနဲ့ ရှုပ်ထွေးနေတဲ့နေရာလို့ ငါ ထင်ခဲ့မိဘူးတယ်။ ဒါပေမဲ့ ကမ္ဘာမြေကနေ ထွက်ခွာလာမိတဲ့နောက်မှပဲ စစ်မှန်တဲ့ ရှုပ်ထွေးမှုဆိုတာ ဘာဖြစ်မှန်း ငါ သဘောပေါက်လာခဲ့တယ်”
“ရှင်ပြောတဲ့ ကမ္ဘာမြေဆိုတာ ဟိုကမ္ဘာမြေကို ပြောတာများလား”
ယဲ့ဗ်နီသည် သူမ မျက်နှာပေါ်ရှိ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်တော့ဘဲ ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်မိသည်။
“အဲ့ဒါက ပထမမူလကြယ်ရဲ့.....”
သူမသည် စကားမဆုံးမှီမှာပင် သူမ၏ ပါးစပ်ကို လျင်မြန်စွာ ပိတ်ထားလိုက်သည်။
သူမ၏ အမူအရာများအရ သူမသည် ကမ္ဘာမြေဟု ခေါ်သော ကမ္ဘာတစ်ခုအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်သည်မှာတော့ သေခြာသွားခဲ့လေသည်။
ထိုပြင် ဤငရဲဘုံတွင် ကမ္ဘာမြေအကြောင်း ကြားဖူးသူသည် သူမတစ်ဦးတည်းမဟုတ်ပေ။
ဤငရဲဘုံရှိ အရေးပါ အတော်များများတွင် ကမ္ဘာမြေအကြောင်း မကြားဖူးသူသည် ရှားပါးလှလေသည်။
“ရှင်က အဲ့ဒီ ကမ္ဘာမြေဆိုတဲ့ နေရာကလား”
သူမသည် အာရန်အား သူမ၏ အစောပိုင်းစကားကို သတိမထားမိစေရန်အတွက် အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲရင်း ထပ်မံမေးလိုက်သည်။
“ငါ ထင်တဲ့အတိုင်းပဲ... ကမ္ဘာမြေက ဒီငရဲဘုံနဲ့ ချိတ်ဆက်မှုတစ်ခု ရှိနေတာပဲ။ မင်း ဖတ်နေတဲ့ ရုပ်ပြစာအုပ်ကလည်း ငါတို့ ကမ္ဘာမြေကပဲလေ” အာရန်သည် စိတ်ကိုလျော့ကာ ပြန်ပြောလိုက်သည်။
အာရန်သည် သူ၏ ထိုယူဆချက်ကို အတည်ပြုနိုင်ခဲ့ခြင်းအတွက် အတော်လေး ဝမ်းသာသွားခဲ့သည်။
သူ ထင်ထားသည့်အတိုင်းပင် ငရဲသည် တစ်ခုထက်မကသော ကမ္ဘာများစွာနှင့် ချိတ်ဆက်နေဟန်ရလေသည်။
ကမ္ဘာမြေသည် ထိုသို့ချိတ်ဆက်ထားသော ကမ္ဘာများထဲမှ တစ်ခုဖြစ်နေမည်မှာ သေခြာသလောက်ပင်ဖြစ်သွားခဲ့ချေပြီ။
...
“သူမ ဘယ်မှာလဲ ပြောစမ်း”
နစ်ခရိုမန်ဆာမျှော်စင်သခင်၏ တကိုယ်လုံးတွင် သွေးများဖြင့် ဖုံးလွှမ်းလျက် ရှိနေခဲ့၏။
၎င်းက အချိန်အတော်ကြာပြီးနောက် သူ့အတွက် ပထမဆုံးအကြိမ်အဖြစ် အခြားသူတစ်ဦး၏ နှိပ်စက်ညှင်းပမ်းခြင်းကို ခံရခြင်းလည်း ဖြစ်လေသည်။
ညတောင်ပံမျိုးနွယ်စု နယ်မြေ တစ်ခုလုံးတွင် သူ့အား ဤအခြေအနေ ရောက်သည်အထိ ဖိနှိပ်နိုင်မည့်သူမှာ သတ္တမမူလကြယ်တစ်ဦးတည်းသာ ရှိလေ၏။
အာရန်ကြောင့် ထိုမူလကြယ်သည် ကျူးကျော်သူများအား လိုက်လံရှာဖွေမှုကို သူကိုယ်တိုင် စတင်လုပ်ဆောင်ခဲ့သည်။
ထိုခြေရာဖျောက်ရန် ကြိုးစားနေသော ကျူးကျော်သူများကို ဖမ်းမိရန် သူ့အတွက် နာရီအနည်းငယ်သာ အချိန်ယူခဲ့ရသည်။
ကံမကောင်းစွာဖြင့် မူလကြယ်တစ်ပါးရှေ့တွင် နစ်ခရိုမန်ဆာမျှော်စင်သခင်၏ ကျိုးစားမှုများသည် အချည်းနှီးသာ ဖြစ်ခဲ့ရလေသည်။
မျှော်စင်သခင်၏ ပတ်ပတ်လည်တွင် ခန်းမမှူးတို့၏ ရုပ်အလောင်းများ ပြန့်ကျဲလျက်ရှိနေခဲ့သည်။
ညာလက်ရုံးအစောင့်အရှောက် တစ်ဦးတည်းသာ ဆက်လက် အသက်ရှင်လျက်ရှိနေခဲ့ခြင်းဖြစ်သည်။
သို့သော် သူ့တွင်လည်း ဘယ်ဘက်လက်မောင်း မရှိတော့ပေ။
ပုံမှန်ဆိုလျှင် သူသည် သူ၏ ပြန်တောက်သွားသောလက်မောင်းကို လွယ်ကူစွာ ပြန်လည် ကုသနိုင်မည်ဖြစ်သော်လည်း ၎င်းကို မူလကြယ်တစ်ပါးက ဖျက်ဆီးခဲ့ခြင်း ဖြစ်နေသည်။
ထို့ကြောင့် သူ၏ ဆုံးရှုံးသွားသော လက်မောင်းအတွက် သူ၏ ကုသနိုင်စွမ်းသည် လုံးဝ အသုံးမဝင်ခဲ့ပေ။
“ကျုပ် ပြောပြီးပြီ ကျုပ်တို့ ဒီက ဘယ်မိန်းကလေးတစ်ယောက်နဲ့ မပတ်သက်ထားဘူး။ ကျုပ်တို့ ဒီကနေ ပြန်ထွက်ရမယ့် လမ်းကိုပဲ ရှာဖွေနေကြတာပါ” နစ်ခရိုမန်ဆာမျှော်စင်သခင်သည် သူ၏ ကံကို ကျိန်ဆဲနေရုံသာ တတ်နိုင်ခဲ့သည်။
၎င်းသည် သူ၏ ကံဆိုးခြင်းဆိုခြင်းထက် အာရန်၏ ကံဆိုးခြင်းများ သူ့ထံသို့ ကူးစက်လာခြင်းဖြစ်သည်ကိုမူ သူ့အနေနှင့် သဘောမပေါက်ခဲ့ချေ။
တစ်ချိန်တည်းမှာပင် အာရန်သည် ညတောင်ပံမျိုးနွယ်စု နယ်မြေမှ ထွက်ခွာသွားခဲ့ပြီး ဖြစ်လေသည်။
အာရန်သည် သတိမထားမိလိုက်ပါပဲနှင့် နစ်ခရိုမန်ဆာမျှော်စင်ကို ဒုက္ခအကြီးအကျယ် ပေးခဲ့မိပြီဖြစ်ကြောင်း သူ့အနေနှင့်မူ လုံးဝမသိနိုင်ခဲ့ချေ။
သတ္တမမူလကြယ်သည် မျှော်စင်သခင်၏ စကားကြောင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“မင်း ငါ့ကို ကောင်းကောင်း မဖြေချင်ဘူးဆိုမှတော့လည်း ထပ်ကြုံတွေ့ရမည့် နာကျင်မှုတွေအတွက် င့ါကို အပြစ်တင်မနေနဲ့တော့...”
#Catfoot