← Chapters

ကျွန်ပြုခြင်း လက်ဝတ်တန်ဆာ

Vol. 38 Ch. 555

ကျွန်ပြုခြင်း လက်ဝတ်တန်ဆာ

Vol. 38 Ch. 555

…

အာရန်သည် ကမ္ဘာမြေနှင့် နောက်ထပ် ချိတ်ဆက်မှုတစ်ခု ရှိနေသည်ကို သိလိုက်ရ၍ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

၎င်းက သူ့အနေနှင့် မူလကမ္ဘာမြေသို့ ပြန်သွားလိုချင်းကြောင့်တော့ မဟုတ်ခဲ့ချေ။

ကမ္ဘာမြေပေါ်ရှိ သူ၏ ယခင်ဘဝသည် ယခုအခြေအနေနှင့်ယှဥ်ပါက များစွာ ဝေးကွာသွားပြီဟု ခံစားလာရသည့်အပြင် ထိုဘဝအတွက် သူ၏ မှတ်ဉာဏ် အစိတ်အပိုင်းများသည်ပင် နည်းပါးသွားခဲ့သည်မှာ အချိန်အတော် ကြာခဲ့ပြီဖြစ်၏။

ဤနေရာသည် ကမ္ဘာမြေနှင့် ချိတ်ဆက်နေမှုအား သိလိုက်ရ၍ စိတ်သက်သာရာရရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ သူ၏ ယခင်ခန္ဓာကိုယ်ကို အနည်းဆုံး တစ်ကြိမ်လောက် ပြန်လည်သွားရောက် စစ်ဆေးကြည့်လိုသောကြောင့်သာ ဖြစ်လေ၏။

သူ၏ ဝိညာဉ်သည် အရှင်သခင်လေးဦးရှိရာ ကမ္ဘာတစ်ခုသို့ ဆင့်ခေါ် ခံခဲ့ရခြင်း ဖြစ်လေသည်။

သူ၏ မူလ ခန္ဓာကိုယ် ဘာဖြစ်သွားသည်ကို သူ ယခုတိုင် မသိနိုင်သေးပေ။

ဖြစ်နိုင်ပါက သူ၏ ထိုခန္ဓာကိုယ်ကို လုံခြုံအောင် ပြုလုပ်လိုနေခဲ့သည်။

သူ၏ ဝိညာဉ်သည် သူ၏ ရရှိထားသည့် အသက်အပိုတစ်ခုဖြင့်ပင် မလုံလောက်သည့် အခြေအနေအထိ ဖျက်ဆီးခံလိုက်ရပါက သူ၏ ဝိညာဉ် ဘာဆက်ဖြစ်မည်ကို သူ့အနေနှင့် မသိနိုင်ခဲ့ပေ။

ထိုသို့ ဖြစ်လာပါက သူ၏ ဝိညာဉ်သည် မည်သို့ ကြုံတွေ့ရမည်နည်း။ ကောင်းကင်ယံတွင် လွင့်မြောနေမည်လား....သို့မဟုတ် သူ၏ ပင်မခန္ဓာကိုယ်ဆီသို့ ပြန်သွားခဲ့မည်လား...။

ထိုကြောင့် မည်သို့ပင်ဆိုစေ သူ၏ မူလကမ္ဘာမှ ခန္ဓာကိုယ်အား တတ်နိုင်သလောက် လုံခြုံစေချင်နေခဲ့၏။

အကယ်၍ အခွင့်အရေးသာ ရမည်ဆိုပါက အာရန်သည် သူ၏ ထိုမူလ ခန္ဓာကိုယ်အား သူနှင့်အတူ ယူဆောင်ထားလိုနေခဲ့လေသည်။

ထိုသို့သာ ယူဆောင်နိုင်ခဲ့ပါက အာရန်သည် သူပိုင်ဆိုင်ထားသည့် ရတနာပစ္စည်းများဖြင့် သူ၏ မူလခန္ဓာကိုယ်အား ပိုမို လုံခြုံသောနေရာတစ်ခုတွင် သိမ်းဆည်းထားနိုင်မည် ဖြစ်လေသည်။

ထိုမျှသာမကသေး သူ၏ ကမ္ဘာမြေရှိ ခန္ဓာကိုယ်ကို ပိုမို သန်မာလာစေရန်အတွက် ရတနာပစ္စည်းအချို့ကိုပင် အသုံးပြု၍ စီမံနိုင်သေးသည်မဟုတ်ပါလား။

ထိုသို့ဖြစ်ပါက သူ သေဆုံးပြီးနောက် သူ၏ မူလခန္ဓာကိုယ်သို့ တစ်ဖန် ပြန်ရောက်သွားခဲ့လျှင်ပင် သူသည် ဆက်လက်၍ အစွမ်းထက်နေဦးမည်ဖြစ်သည်။

အာရန်သည် ကိုယ့်စိတ်ကူးနှင့်ကိုယ် မျှော်လင့်ချက် အလင်းရောင်များ တောက်ပလျက် ရှိနေခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် ယဲ့ဗ်နီသည် သူမ၏ နောက်ဆက်တွဲ စကားလုံးအချို့ဖြင့် အာရန်၏ ထိုမျှော်လင့်ချက်အလင်းရောင်လေးများကို လျင်မြန်စွာပင် ငြိမ်းသတ်ပစ်လိုက်၏။

“အရင်ကတော့ ငရဲနဲ့ ကမ္ဘာမြေ ချိတ်ဆက်နေခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီ ချိတ်ဆက်မှုကို ပထမမူလကြယ်က လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ဖျက်ဆီးပစ်ခဲ့ပြီးပြီ”

အာရန်သည် ယဲ့ဗ်နီအား တွေဝေစွာ စိုက်ကြည့်လိုက်သည်။

သူမသည် သူအား စိတ်ကူးယဥ်ခွင့်လေးပင် အချိန်တစ်မိနစ်လောက် မပေးနိုင်ဘူးလား...။

ယခုမူ သူ၏ အနာဂတ် စိတ်ကူးလှလှလေးများ အားလုံး ပျက်စီးသွားခဲ့ပြီဖြစ်၏။

အာရန်သည် သူမအား မည်သို့ ပြန်ဖြေရမည်ကိုပင် မသိတော့ပေ။

အာရန်သည် သူ မရရှိနိုင်တော့သော အရာတစ်ခုကို ဆုံးရှုံးလိုက်ရခြင်းအတွက် ဝမ်းနည်းပူဆွေးနေခြင်းသည် အကျိုးမရှိမှန်း သတိချပ်လိုက်မိသဖြင့် ထိုအကြောင်းကို ဆက်လက် မစဉ်းစားတော့ဖို့ စိတ်ကိုပြန်လည် ပြုပြင်လိုက်ရလေသည်။

“သူက ဘာလို့ ကမ္ဘာမြေနဲ့ ချိတ်ဆက်မှုကို ဖျက်ဆီးပစ်ခဲ့တာလဲ ဆိုတာကော မင်းသိသေးလား”

အာရန်သည် ငရဲခွေးမြို့သို့ ချဉ်းကပ်လာရင်း မိန်းကလေးအား ထပ်မံ၍ မေးလိုက်သည်။

“ အဲဒီ နတ်ဆိုးကောင်တွေ သူတို့ လုပ်ဆောင်တဲ့အရာတွေကို ဘယ်သူတွေကများ သိနိုင်မှာမို့လိုလဲ။ သူတို့အားလုံးက ကြိုတင်ခန့်မှန်းလို့ ရတဲ့သူတွေ မဟုတ်ဘူး... သတ္တမမူလကြယ်တစ်ယောက်ပဲ စိတ်ထဲမှာ ဟိုကိစ္စတွေ ပြည့်နေတယ်ဆိုတာ သိရတာတစ်ခုက လွဲလို့ပေါ့”

...

“ငါတို့ ဒီအတိုင်း လမ်းလျှောက်ဝင်လို့ ဖြစ်ပါ့မလား”

အာရန်သည် ငရဲခွေးမြို့အား ဝန်းရံထားသော အလွန်မြင့်မားသည့် တံတိုင်းများကို ကြည့်ရင်း ပြောလိုက်မိသည်။

ထိုတံတိုင်းကြီးများသည် မီတာထောင်ပေါင်းများစွာ မြင့်မားနေပြီး မြို့တံတိုင်းကဲ့သို့ မဟုတ်ဘဲ မြို့တစ်မြို့လုံးကိုပင် တင်ထားနိုင်လောင်အောင် မြင့်မားသော မျှော်စင်ကြီးတစ်ခုနှင့် ပို၍ တူနေသည်။

သူတို့နှစ်ဦးသည် ထို ငရဲခွေးမြို့အနီးသို့ ချဉ်းကပ်ရောက်ရှိလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ မြူခိုးများ ကျဲပါးလာပြီး ပတ်ဝန်းကျင်လေထုသည် ခြေလှမ်းတိုင်းတွင် ပိုမို၍ ကြည်လင်လာသည်ကို အာရန်တစ်ယောက် သတိပြုမိလိုက်သည်။

မကြာမီမှာပင် မြူခိုးငွေ့များ လုံးဝ နီးပါး ပျောက်ကွယ်သွားခဲ့တော့၏။

အာရန်သည် လာရာနောက်သို့ ပြန်ကြည့်လိုက်ရာ ထိုမြူခိုးများ ထူထပ်စွာ တည်ရှိနေသည်ကို မြင်နေရဆဲ ဖြစ်ပြီး ငရဲခွေးမြို့အနီးတွင်သာ သေခြင်း အဆီအနှစ်များကြောင့် ဖြစ်ပေါ်နေသော မြူခိုးများ မချဉ်းကပ်လာနိုင်အောင် တားဆီးထားနိုင်သည့် နံရံကြီးတစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

“ရှင် ဒါကို ဝတ်ထားလိုက်။ ဒါဆို ကျွန်မတို့ အဆင်ပြေလိမ့်မယ်”

ယဲ့ဗ်နီသည် သူမ၏ လက်ကို ဆန့်တန်းလိုက်ရာ လက်ဝတ်တန်ဆာတစ်ခု သူမ၏ လက်အတွင်း၌ ပေါ်လာခဲ့သည်။

သူမသည် အာရန်အား မည်သည့် ရှင်းပြချက်မှ မပေးတော့ဘဲ တန်း၍ ဝတ်စေလိုက်သည်။

အာရန်သည် ထိုလက်ဝတ်တန်ဆာကို လှမ်းယူလိုက်သော်လည်း ချက်ချင်း မဝတ်ဆင်ခဲ့ပေ။

သူ့တွင် ခွဲခြားသတ်မှတ်ခြင်း အစွမ်းတစ်ခုရှိနေသဖြင့်ဖြင့် မည်သည့်အရာကိုမျှ မျက်စိစုံမှိတ်၍ ယုံကြည်ရန် မလိုအပ်ပေ။

ဤသို့ဖြင့် အာရန်သည် ထိုလက်ဝတ်တန်ဆာပေါ်တွင် သူ၏ ခွဲခြားသတ်မှတ်ခြင်း အစွမ်းကို အသုံးပြုလိုက်လေ၏။

......................................

(ပစ္စည်းအမည်: ကျွန်ပြုခြင်း လက်ဝတ်တန်ဆာ

ပစ္စည်းအဆင့်: ထူးခြားအဆင့်

ဖော်ပြချက်: အင်ပါယာ၏ ကျွန်အဖြစ် တည်ရှိမှုကို ညွှန်းဆိုရန် အသုံးပြုသော တံဆိပ်ခပ်နှိပ်မှု သတ်မှတ်ချက်တစ်ခုသာဖြစ်သည်။ ဤအရာကို ဝတ်ဆင်ပြီးသည်နှင့် ပြင်းထန်သော စွမ်းအားဖြင့် ထိုအရာကို အတင်းအကျပ် ဖျက်ဆီးခြင်း သို့မဟုတ် ပိုင်ရှင်မှ ကိုယ်တိုင် လွှတ်ပေးခြင်းမဟုတ်မခြင်း လုံးဝ ဖယ်ရှား၍ မရနိုင်ပါ။

ကန့်သတ်ချက်: ကျွန်တစ်ယောက်၏ လုပ်ဆောင်ချက်များကို ထိန်းချုပ်ရာတွင် အသုံးမပြုနိုင်ပါ။ တံဆိပ်ခပ်နှိပ်မှု သတ်မှတ်ချက်တစ်ခုအနေနှင့်သာ အသုံးပြုနိုင်ပါသည်။)

......................................

“ကျွန်ပြုခြင်း လက်ဝတ်တန်ဆာလား”

အာရန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

၎င်းတွင် လူတစ်ဦး၏ လုပ်ဆောင်ချက်များကို ထိန်းချုပ်ရာတွင် အသုံးပြုနိုင်မည်မဟုတ်ဟု ဖော်ပြမထားခဲ့ပါက မိန်းကလေးသည် သူ့အား သူမ၏ ကျွန်ဖြစ်လာစေရန် လှည့်ဖြားကာ သူ၏ လုပ်ဆောင်ချက်တိုင်းကို ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်မည်ဟုပင် သူ ထင်ခဲ့မိပေလိမ့်မည်။

“အပြင်ကမ္ဘာက လူတစ်ယောက်အနေနဲ့ ရှင်သိထားတာတွေ အတော်လေးမျာတာပဲ။ ဟုတ်တယ် ဒါက အင်ပါယာရဲ့ ကျွန်တွေ၊ ဒါမှမဟုတ် ငရဲဘုံရဲ့ သူကောင်းမျိုးတွေက သူတို့ ကျွန်ပြုမယ့် အပြင်လူတွေ၊ ကျူးကျော်သူတွေကို ပေးအပ်တဲ့ပစ္စည်းဖြစ်တယ်” မိန်းကလေးက ပြန်လည်ရှင်းပြလိုက်သည်။

“ကျွန်တစ်ဦးရဲ့ လုပ်ဆောင်ချက်တွေကိုတောင် မထိန်းချုပ်နိုင်မှတော့ ဒီပစ္စည်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘယ်အချိန်မဆို သစ္စာဖောက်ခံရနိုင်တဲ့အတွက် သူကောင်းမျိုးတွေအတွက် ဒါက အန္တရာယ်ရှိနေတုံးပဲ မဟုတ်ဘူးလား” အာရန်သည် သူမရှင်းသောအရာတစ်ခုကို ထုတ်မေးလိုက်သည်။

သူသည် ဤလက်ဝတ်တန်ဆာကို တံဆိပ်ခပ်နှိပ်မှု တစ်ခုထက် ပို၍ အသုံးဝင်သည်ဟု မမြင်မိခဲ့ချေ။

“ရှင်ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ရှင်တောင် အဲဒီလို တွေးနိုင်ရင် သူကောင်းမျိုးတွေ မတွေးနိုင်ဘူးလို့ ထင်နေတာလား။ ဒီပစ္စည်းက ကျွန်တစ်ဦးရဲ့ စိတ်ဝိညာဉ်ပေါ်မှာ ကျွန်ပြုခြင်း အမှတ်အသားကို ခပ်နှိပ်ပြီးမှသာ ပေးအပ်လေ့ရှိတာ” ဟု ယဲ့ဗ်နီက အာရန်အား ကျူးကျော်သူများအား ကျွန်ပြုခြင်း လုပ်ငန်းစဉ်အကြောင်းကို အသေးစိတ်ရှင်းပြလိုက်သည်။

အစောပိုင်းတွင် အာရန်သည် အခြားကမ္ဘာမှ ဤနေရာသို့ရောက်လာသော ကျူးကျော်သူ လူစိမ်းများသည် ဤကမ္ဘာတွင် ဖမ်းမိပါက ဒီအတိုင်းပင် သတ်ပစ်လိုက်ကြသည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် သူ ထင်ထားသည်ထက်ပင် ဤကမ္ဘာတွင် ပြင်ပလူများ ပိုမို ရှိနေကြောင်း ယဲ့ဗ်နီ၏စကားအရ အာရန်တစ်ယောက် ခန့်မှန်းနိုင်ခဲ့သည်။

သူတို့သည် မတူညီသော ကမ္ဘာအမျိုးမျိုးမှ ရောက်လာကြခြင်းဖြစ်ပြီး အများစုမှာ အဖမ်းခံရပြီးနောက် ဤနေရာတွင် ပိတ်မိနေခဲ့ကြခြင်းဖြစ်ပေမည်။

ထိုကျူးကျော်သူများအား ကျွန်ပြုခြင်းဖြင့် အများစုသည် အင်ပါယာရှိ သူကောင်းမျိုးများထံသို့ ရောင်းချခဲ့ကြဟန်တူ၏။

ဤ ကျွန်ပြုခြင်း လက်ဝတ်တန်ဆာသည် စိတ်ဝိညာဉ်တွင် ကျေးကျွန်အမှတ်အသား ခပ်နှိပ်ပြီးသူများကိုသာ ပေးအပ်ခြင်းဖြစ်လေသည်။

၎င်းသည် ကျွန်များအား သူကောင်းမျိုးတို့၏ ပိုင်ဆိုင်မှုများ အဖြစ် မှတ်သားရန်သာ အသုံးပြုခြင်းဖြစ်သည်။

ထိုပစ္စည်းဖြင့်ဆိုပါက ကျေးကျွန်များသည် လွတ်လပ်စွာဖြင့် မြို့တွင်း၌ လျှောက်သွားနိုင်မည်ဖြစ်သည်။

လူအများသည် ၎င်းတို့အား ၎င်းတို့ ပိုင်ရှင်ထံမှ ပေးအပ်ထားသော တာဝန်တစ်ခုအတွက် သွားနေကြခြင်းဖြစ်မည်ဟုသာ ယုံကြည်ကြမည်ဖြစ်လေသည်။

ကံမကောင်းစွာဖြင့် ၎င်းသည် ထိုသူများအား သာမန်လူအဖြစ် သဘောထားသည်ဟု ဆိုလိုခြင်းတော့မဟုတ်ပါ။

ထိုကျေးကျွန်များ သတ်ဖြတ်ခံရလျှင်ပင် ထိုကျွန် ပိုင်ရှင်ကို သင့်လျော်သော လျော်ကြေးတစ်ခု ပေးနိုင်သရွေ့ ၎င်းတို့အတွက် မည်သူမျှ ပြဿနာ ပြန်ရှာမည်မဟုတ်ပေ။

ဤကမ္ဘာတွင် ကျွန်တစ်ဦး၏ တန်ဖိုးသည် သူတို့ကို ဝယ်ယူရန် သုံးစွဲခဲ့သော ဒင်္ဂါးပြားများနှင့် နှိုင်းယှဉ်နိုင်ပြီး ထို့ထက် အနည်းငယ်မျှ မပိုပေ။

သူတို့သည် စစ်မှန်သော လွတ်လပ်ခြင်းမျိုးမရရှိထားသော်လည်း လုံးဝ အကျဉ်းချခံထားရခြင်းမျိုးလည်း ဟုတ်မနေပေ။

“ပုံမှန်ဆိုရင်တော့ စိတ်ဝိညာဉ်မှာ ကျေးကျွန်အမှတ်အသား ခပ်နှိပ်ခြင်း မခံထားရတဲ့ လူတစ်ယောက်ကို ဒီပစ္စည်းပေးတာဟာလည်း ပြစ်မှုမြောက်တာပဲ”

ယဲ့ဗ်နီက ထပ်မံ၍ ပြောလိုက်သည်။

“ဒါပေမဲ့ ဒီမြို့ထဲမှာတော့ အဲဒီအရာကို သတိပြုမိနိုင်လောက်မဲ့သူက တကယ့်ကို နည်းနည်းလေးပဲ ရှိပါတယ်။ ဒါကြောင့် ရှင့်အနေနဲ့ အရမ်း ကံမဆိုးဘူးဆိုရင်တော့ ကျွန်မတို့ အဆင်ပြေသွားမှာပါ”

#Catfoot

All Chapters