← Chapters

ပြင်းထန်သည့်တိုက်ပွဲ။ အထွတ်အထိပ်သန့်စင်ခြင်းကိုးပါးအင်မော်တယ်အလင်း။ ကောင်းကင်အရှင်နတ်ဘုရားလက်နက်။

Vol. 27 Ch. 391

ပြင်းထန်သည့်တိုက်ပွဲ။ အထွတ်အထိပ်သန့်စင်ခြင်းကိုးပါးအင်မော်တယ်အလင်း။ ကောင်းကင်အရှင်နတ်ဘုရားလက်နက်။

Vol. 27 Ch. 391

ချီမင်က လီရှန်းကိုတိုက်ခိုက်ရင်းမှာပဲ သူက တစ်ဖက်သူ( ဒုတိယမြောက်တာအိုကျင့်ကြံသူ) ၏သရုပ်မှန်နှင့်နောက်ခံကို လျှို့ဝှက်စွာဖြင့် တွက်ချက်နေခဲ့သည်။သို့ပေမဲ့ သူရှေ့တွင် မြူခိုးများတားဆီးထားသည်။

ချီမင်သည် တစ်ဖက်သူနှင့်ပတ်သက်သော မည်သည့်အချက်အလက်ကိုမှမရခဲ့ပေ။ သူသည် ဒုတိယမြောက်တာအိုကျင့်ကြံသူရှိသည်ဟူသော ခန့်မှန်းထားမှုသာရှိ၏။ ဒုတိယမြောက်တာအိုကျင့်ကြံသူ၏အချက်အလက်များကို တွက်ချက်ခန်းမှန်းနေရသည်မှာ အင်မတန်ခက်ခဲနေ၏။ စလုံးရေစပင်မရှိသည့်အတွက်ရှေ့ဆက်ရမှာ ခက်ခဲပေသည်။ တစ်ဖက်သူ၏အခြေအနေကို ဘာကိုမှမသိဘဲတွက်ချက်ရတာ ခက်ခဲပေသည်။

သို့ပါသော်လည်း တွက်ချက်မှုများအရ ချီမင်သည် ဒုတိယမြောက်တာအိုကျင့်ကြံသူမဟုတ် ကြောင်းတော့ သေချာသည်။

တစ်ဖက်သူသည် အရိပ်ထဲတွင် ပုန်းအောင်းနေဆဲဖြစ်သည်။

ကမ္ဘာဦးမြင့်မြတ်တောင်ထိပ်တွင် ချီမင်နှင့်လီရှန်းတို့က အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့ကြသည်။ နှစ်ဖက်၏ဓမ္မစွမ်းအားများမှာ ထိပ်တိုက်ရင်ဆိုင်နေကြပြီး ပေါက်ကွဲသံမျိုးစုံထွက်ပေါ်နေသည်။

နှစ်ဖက်က အင်မတန်မှဘက်ညီနေသည်။

အသံကျယ်ကြီးထွက်လာသည်။

ချီမင်နှင့်လီရှန်းတို့က တိုက်ခိုက်ကြပြန်သည်။ သူတို့၏ဓမ္မစွမ်းအားများမှာ ထိတိုက်မိကုန်သောကြောင့် ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာ၏။ စွမ်းအင်မုန်တိုင်းက အရပ်မျက်နှာအနှံ့ပျံ့နှံ့သွား၏။ သူတို့က လျင်မြန်စွာဖြင့် နောက်ဆုတ်လိုက်သည်။

"ချီမင် မင်းက ငါနဲ့တစ်တန်းတည်းရပ်တည်နိုင်တဲ့တာအိုကျင့်ကြံသူဆိုတဲ့အတိုင်းပဲ။ မင်းရဲ့ခွန်အားက တကယ့်ကိုသန်မာပါတယ်။"

လီရှန်းက သူ၏ညာလက်ကိုဝေ့ယမ်းကာ ကိုယ်ပိုင်အင်မော်တယ်ရတနာကိုဆင့်ခေါ်လိုက်သည်။ အစိမ်းရောင်အခြင်္သေ့တစ်ကောင်ဟိန်းဟောက်နေသည့်အလား ခြင်္သေ့စိမ်းလှံတစ်ချောင်းမှာ သူ၏လက်ထဲသို့ ဆင်းသက်လာသည်။

ထိပ်တန်းအဆင့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်လက်နက်ဖြစ်သည်။

လီရှန်းသည် အထက်ကမ္ဘာကောင်းကင်တာအိုကိုနားလည်ထားသူဖြစ်သည်။သူက ခြင်္သေ့စိမ်းလှံထဲသို့ ကောင်းကင်တာအို၏စွမ်းအားကိုပေါင်းထည့်ထားကာ ပိုပြီးသန်မာလာအောင်လုပ်လိုက်သည်။

"တိုက်ခိုက်" လီရှန်းက ကျယ်လောင်စွာအော်လိုက်သည်။ သူက ခြင်္သေ့စိမ်းလှံကိုကိုင်လျက် ချီမင်ကိုတိုက်ခိုက်လိုက်သည်။ လှံရှည်သည် ထိုးစိုက်သွားတော့၏။ အစိမ်းရောင်လှံအလင်းသည် ကြောက်မက်ဖွယ်စွမ်းအားကိုသယ်ဆောင်လျက် နေရာလွတ်ကိုထိုးဖောက်သွားသည်။

"ဖရိုဖရဲမဟာပုဆိန်။"

ချီမင်သည် ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးခုက လေထုထဲသို့ထွက်ပေါ်လာသည်။ ဖရိုဖရဲမဟာတာအိုဓားကြာပွင့်၊ဖရိုဖရဲကမ္ဘာဖျက်ဓားနှင့် ဖရိုဖရဲပုကျုံးတောင်တို့မှာ ခမ်းနားထည်ဝါသည့်အလင်းများထုတ်လွှတ်လာသည်။

ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးခုက တစ်ခုတည်းအဖြစ်ပေါင်းစပ်သွားပြီး ဖရိုဖရဲမဟာပုဆိန်အဖြစ်ပြောင်းလဲသွားတော့သည်။ ၎င်းတွင် ဖရိုဖရဲမြူခိုးများဝန်းရံနေပြီး ပို၍တောင်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကိုသယ်ဆောင်ထား၏။

ချီမင်နှင့်လီရှန်းတို့က တိုက်ခိုက်ကြပြန်သည်။ အစိမ်းရောင်လှံနှင့်ဖရိုဖရဲမဟာပုဆိန်တို့က တိုက်ခိုက်ကြ သည်။ ချီမင်၏ကိုယ်ပိုင်ရတနာများက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ထိပ်တန်းအဆင့် ဖြစ်ပေမဲ့ သူက မိုးမြေမဟာတာအိုကိုနားလည်ထားပြီး ပေါင်းစပ်ထားခြင်းဖြစ်သောကြောင့် ဖရိုဖရဲမဟာပုဆိန်၏အင်အားမှာ များစွာတိုးတက်သွားခဲ့သည်။

လီရှန်း၏လှံကလည်း အထက်ကမ္ဘာအင်မော်တယ်ဘုရင်ထိပ်တန်းအဆင့်လက်နက်ဆိုပေမဲ့ ၎င်းက ကောင်းကင်တာအိုနှင့်သာပေါင်းစပ်ထားခြင်းဖြစ်သည်။ယင်းက ချီမင်၏ဖရိုဖရဲမဟာပုဆိန်ကို မဖိနှိပ်နိုင်ပေ။

နှစ်ဖက်၏ကိုယ်ပိုင်အင်မော်တယ်ရတနာများကလည်း ဘက်ညီနေခဲ့သည်။

"မင်း.."

လီရှန်း၏အကြည့်က လေးနက်သွားသည်။သူက အနည်းငယ်ထိတ်လန့်သွားရသည်။ နောက်ဆုံးမှာတော့ သူချီမင်၏ကျင့်ကြံခြင်းအဆင့်ကိုအာရုံခံမိသွား၏။"မင်းက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်မှာပဲရှိသေးတယ်။"

"မင်းရဲ့ကိုယ်ပိုင်အင်မော်တယ်ရတနာကလည်း မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ထိပ်တန်းအဆင့် ရတနာပဲ။"

"ဒါက..."

လီရှန်းက မယုံကြည်နိုင်သလိုခံစားလိုက်ရ၏။"ငါက အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ရောက်နေပြီ။ ငါ့ရဲ့ကိုယ်ပိုင်အင်မော်တယ်ရတနာကလည်း အထက်ကမ္ဘာအင်မော်တယ်ဘုရင်ထိပ်တန်းအဆင့်ပဲ။ ကောင်းကင်တာအိုရဲ့စွမ်းအားနဲ့တောင်တိုးမြှင့်ထားသေးတယ်။ ဒါတောင် မင်းရဲ့ကိုယ်ပိုင်အင်မော်တယ်ရတနာကို ဘာမှမလုပ်နိုင်ဘူးလား။"

တိုက်ပွဲစတင်လာတည်းက ချီမင်သည် မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုပေါင်းစည်းခြင်းကို သုံးထားခဲ့တာဖြစ်သည်။ ထို့ကြောင့် သူက မိုးမြေမဟာတာအို၏စွမ်းအားကိုစုစည်းထားခဲ့သည်။

လီရှန်းနှင့်တိုက်ခိုက်နေစဉ်အတွင်းမှာ ချီမင်သည် သူ၏လှုပ်ရှားမှုတိုင်းသို့ မိုးမြေမဟာတာအို၏စွမ်းအား ကို ပေါင်းထည့်ပေးခဲ့သောကြောင့် အံ့ဖွယ်စွမ်းအားများနှင့် တိုက်ကွက်တိုင်းမှာ အဆများစွာ တိုးတက် လာသည်။

လီရှန်းသည် တာအိုကျင့်ကြံသူတစ်ဦးဖြစ်ပြီး အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်သို့ ရောက်နေသူတစ်ဦးလည်းဖြစ်သည်။ သူ၏ခွန်အားက ကြောက်မက်ဖွယ်ရာကောင်းသည်။ထိုသူက ချီမင်ကြုံဖူးသမျှ ရန်သူများထဲတွင် အသန်မာဆုံးဖြစ်သည်။

"တိုက်ခိုက်" လီရှန်းက အော်ဟစ်ကာ ချီမင်နှင့်တိုက်ခိုက်ပြန်သည်။ သူက ညာဘက်လက်ကို ဝေ့ယမ်းလိုက်တော့ ခြင်္သေ့စိမ်းလှံတစ်ချောင်းက ထွက်သွားသည်။သို့ပေမဲ့ ၎င်းက ကောင်းကင်နှင့်မြေကြီးကိုပင် လှုပ်ခါသွားစေနိုင်သည့်အသံဖြင့် ဟိန်းဟောက်နေသော မိုးပြာရောင်နဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။

ချီမင်၏အကြည့်က အေးစက်သွားသည်။ သူသည် လီရှန်း၏တိုက်ခိုက်မှုကိုတားဆီးရန် မဟာအံ့ဖွယ်စွမ်းအားနည်းစနစ်များကို တစ်ခုပြီးတစ်ခုသုံးလိုက်သည်။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတွင် ကြောက်မက်ဖွယ်ရာတိုက်ပွဲတစ်ခုဖြစ်ပေါ်နေသည်။

တိုက်ပွဲအနားမှ နေရာလွတ်မှာ ပြိုကျသွားတော့မည့်ဟန်ရှိသည်။

တိုက်ပွဲ၏နောက်ဆက်တွဲက ပျံ့နှံ့သွားသောကြောင့် ကြောက်မက်ဖွယ်ရာဖျက်ဆီးအားတစ်ခု ထွက်ပေါ်လာသည်။ တောင်များ ပြိုကျကာ မြေပြင်များ အက်ကွဲလာသည်။

ချီမင်ဖြစ်စေ လီရှန်းဖြစ်စေ သူတို့၏အင်အားက မယှဉ်သာလောက်အောင် ကြီးမားပေသည်။ နှစ်ဖက်လုံးက ကောင်းကင်အရှင်နယ်ပယ်အောက်တွင် ပြိုင်ဘက်ကင်းဖြစ်တည်မှုများဖြစ်သည်။

နှစ်ဖက်ကြားကတိုက်ပွဲက တင်းမာပြင်းထန်လာသည်။

ခေတ်ကာလစစ်မြေပြင်။

အဓိကတိုက်ပွဲမြေပြင်သုံးခု။

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏နတ်ဆိုးစစ်တပ်နှင့် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ဘက်မှ မျိုးနွယ်ပေါင်းစုံမဟာမိတ်စစ်တပ်က တိုက်ခိုက်နေသည်။ တာအိုဂိုဏ်းမဟာမိတ်တိုက်ပွဲမြေပြင်ဘက် တွင်လည်း ပိုပြီးပြင်းထန်လာသည်။

အင်မော်တယ်များ၏သေကြေပျက်စီးမှုများ ပိုပြီးများလာသည်။

တကယ်တော့...

အထက်ကမ္ဘာအင်မော်တယ်ဘုရင်များပင် စတင်သေဆုံးလာသည်။

ထိုအခိုက်တွင် ခေတ်ကာလစစ်မြေပြင်ထဲတွင် ပုန်းအောင်းနေကြသောအထက်ကမ္ဘာအင်မော်တယ်ဘုရင်များသည် တိတ်ဆိတ်စွာဖြင့် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့ ခိုးဝင်ကာ တာအိုသက်သေပြခြင်းသစ်သီးကိုရှာဖွေလာခဲ့ကြသည်။

သူတို့က ကြောက်မက်ဖွယ်ရာတိုက်ပွဲကိုခံစားမိ၍ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေထဲတွင် ခြေလှမ်းချပြီးချိန်မှာပဲ ရပ်တန့်လိုက်ကြသည်။ သူတို့ကခေါင်းမော့ကာ ချီမင်နှင့်လီရှန်းကြားမှတိုက်ပွဲကို ကြည့်နေသည်။

"တိုက်ပွဲဖြစ်နေတယ်။”

"ဘာဖြစ်ကုန်တာလဲ။"

"သူက လီရှန်းပဲ။ တာအိုဂိုဏ်းက တာအိုကျင့်ကြံသူပဲ။"

"ဒါက..."

"လီရှန်းက လျှို့ဝှက်ဆန်းကြယ်စွာနဲ့ ပျောက်သွားတာမဟုတ်ဘူးလား။ သူဘာလို့ ဒီရောက်နေတာလဲ။"

"လီရှန်းက ပျောက်နေတာ။ဒါပေမဲ့ ကြည့်ရတာတော့ သူမသေသေးဘူးထင်တယ်။"

"လီရှန်းနဲ့တိုက်ခိုက်နေတဲ့သူက ဘယ်သူလဲ။"

"ချီမင်ပဲ။ သူက ချီမင်ပဲ။"

“ကိုးပြည်ထောင်အင်မော်တယ်သေဒဏ်စာရင်းက ချီမင်ပဲ။"

"ဟူး"

"ချီမင်ရော လီရှန်းရောက တာအိုကျင့်ကြံသူတွေပဲ။ ဒါဆို ဒါက တာအိုကျင့်ကြံသူတွေကြားက တိုက်ပွဲပေါ့။ တိုက်ပွဲရဲ့နောက်ဆက်တွဲလှိုင်းကတောင် အတော်လေးကြောက်စရာကောင်းတယ်။"

"မယုံနိုင်စရာပဲ။"

"ငါတို့က သူတို့ရဲ့ပြိုင်ဘက်လုံးဝမဟုတ်ဘူး။"

"အဲ့တော့ ချီမင်နဲ့လီရှန်းက တာအိုသက်သေပြခြင်းသစ်သီးအတွက်တိုက်ခိုက်နေကြတာလား။"

"ဘယ်သူနိုင်မယ်ထင်လဲ။"

“…”

ခိုးဝင်လာကြသော ဒုတိယအသုတ်ထဲမှအင်မော်တယ်ဘုရင်များက ချီမင်နှင့်လီရှန်း၏တိုက်ပွဲကို ကြည့်နေကြသည်။ သူတို့က တိုက်ပွဲ၏နောက်ဆက်တွဲလှိုင်းများကို ခံစားမိတော့ ထိတ်လန့်တကြား ဖြစ်သွားပြီး တက်ကြွစွာဆွေးနွေးနေကြသည်။

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေနှင့်ပြင်ပကမ္ဘာကြားတွင် မမြင်နိုင်သည့်အလင်းကန့်လန်ကာတစ်ခုနှင့် တားဆီးထားသည်။ ၎င်းကကြီးမားသည့်အစီအရင်ကြီးတစ်ခုဖြစ်ပြီး ပြင်ပကမ္ဘာနှင့်ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကို လုံးဝခွဲထုတ်ထားသည်။

နှစ်များတလျှောက် ကမ္ဘဦးနတ်ဆိုးဂိုဏ်းနယ်မြေသည် ပြင်ပကမ္ဘာနှင်သီးခြားဖြစ်နေခဲ့သည်။

ပုံမှန်အားဖြင့်တော့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်းကာကွယ်ရေးအစီအရင်သည် ပြင်ပကမ္ဘာမှလူများဝင်မလာနိုင်အောင်တာဆီးထားပေးနိုင်သည်။ သို့ပါသော်လည်း အထက်ကမ္ဘာအင်မော်တယ်ဘုရင်များတွင်တော့ ထူးဆန်းသောနည်းလမ်းများရှိသည်။ ခေတ်ကာလစစ်ပွဲဖြစ်ပွာလာသည်နှင့်အတူ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏တပည့်များနှင့်အကြီးအကဲများ အားလုံး အခြေခံအားဖြင့် ထိုစစ်ပွဲတွင်ပါဝင်လာခဲ့သည်။ ဂိုဏ်းကာကွယ်ရေးအစီအရင်က ထိုအင်မော်တယ်ဘုရင်များကိုမတားဆီးနိုင်တော့ပေ။

"ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်း"

ချီမင်၏အကြည့်ကအေးစက်သွားသည်။သူက လျင်မြန်စွာဖြင့် အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကို သုံးလိုက်သည်။ ရွှေရောင်ဗုဒ္ဓအလင်းများတောက်ပလာပြီး သက်ရှိအားလုံးကိုကယ်ဆယ်ကာ လောကကိုအလင်းပေးလာသည်။

သူကြားလိုက်ရသည်။

“တပည့်တော် ဘုရားအဖြစ်သို့ ရောက်သောအခါ၊ အရပ်ဆယ်မျက်နှာမှ သတ္တဝါတို့သည် စိတ်ရင်းအမှန်ဖြင့် ယုံကြည်မြတ်နိုးကာ တပည့်တော်၏ ဘုံလောက၌ မွေးဖွားရန် ဆန္ဒရှိ၍ တပည့်တော်၏ ဘွဲ့နာမကို ဆယ်ကြိမ်မျှပင် ရွတ်ဆိုပါလျက်၊ ထိုဘုံ၌ မွေးဖွားခြင်းသို့ မရောက်နိုင်ခဲ့ပါလျှင်၊ တပည့်တော်သည် အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို မရရှိပါစေသတည်း။ ပဉ္စာနန္တရိယကံကို ကျူးလွန်သူများနှင့် သဒ္ဓမ္မတရားတော်ကို ပြစ်မှားစော်ကားသူများမှ တစ်ပါး။”

“တပည့်တော်သည် ဘုရားအဖြစ်သို့ ရောက်သောအခါ၊ အရပ်ဆယ်မျက်နှာမှ သတ္တဝါအပေါင်းတို့သည် ဗောဓိဉာဏ်ကို ရလိုသောစိတ် (ဗောဓိစိတ်) ကို ဖြစ်ပွားစေပြီး ကုသိုလ်ကောင်းမှုတို့ကို ပြုကျင့်လျက်၊ စိတ်ရင်းစေတနာမှန်ဖြင့် တပည့်တော်၏ ဘုံလောက၌ မွေးဖွားရန် ဆုတောင်းပါလျက်၊ ထိုသူတို့ သေလွန်ခါနီးအချိန်တွင် တပည့်တော်သည် သူတော်ကောင်းအပေါင်း ခြံရံလျက် သူတို့၏ရှေ့မှောက်သို့ မရောက်နိုင်ခဲ့ပါလျှင်၊ တပည့်တော်သည် အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို မရရှိပါစေသတည်း။”

“တပည့်တော်သည် ဘုရားအဖြစ်သို့ ရောက်သောအခါ၊ အရပ်ဆယ်မျက်နှာမှ သတ္တဝါအပေါင်းတို့သည် တပည့်တော်၏ ဘွဲ့နာမကို ကြားသိရုံဖြင့် တပည့်တော်၏ ဘုံလောကကို အာရုံပြု၍ ကုသိုလ်အခြေခံတရားများကို ပျိုးထောင်ပြီး၊ စိတ်ရင်းစေတနာမှန်ဖြင့် တပည့်တော်၏ ဘုံလောက၌ မွေးဖွားရန် မိမိတို့၏ ကုသိုလ်ကို ရည်စူးညွှန်ပို့ပါလျက်၊ နောက်ဆုံးတွင် မွေးဖွားခြင်းသို့ မရောက်နိုင်ခဲ့ပါလျှင်၊ တပည့်တော်သည် အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို မရရှိပါစေသတည်း။”

“…”

"မိုးနှင့်မြေသည် အနန္တ၊ လောကဓာတ်သည် လွတ်လပ်ကျယ်ပြော၏..."

ချီမင် ရွတ်ဖတ်သရဇ္ဈာယ်နေသည့် ကျမ်းစာများအားလုံးတွင် လောက၏ အမြတ်ဆုံးသော ဗုဒ္ဓဘာသာ စစ်မှန်များဖြင့် ပြည့်နှက်နေလေသည်။ ၎င်းတွင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းများနှင့် မိုးမြေကောင်းကင်တာအို၏စစ်မှန်ရည်ရွယ်ချက်များ ပါဝင်သည်။

ဓမ္မစွမ်းအားများမှာ ရွှေရောင်ကျမ်းစာများအဖြစ်ပြောင်းလဲသွားခဲ့သည်။

စစ်မှန်သည့်ထွတ်ခေါင်ထိပ်တင်စွမ်းအားများပါဝင်သည်။

ချီမင်သည် မိုးမြေမဟာတာအို၏စွမ်းအားကိုလည်ပတ်လိုက်သည့်အပြင် ကျမ်းစာများကိုပါတွဲ၍ရွတ်ဖတ်နေသောကြောင့် ပိုပြီးသန်မာလာ၏။ ဗုဒ္ဓအလင်းများမှာ ကောင်းကင်တွင်ထွန်းလင်းလာခဲ့ပြီး မယှဉ်သာလောက်အောင်ခမ်းနားတောက်ပလာသည်။ ၎င်းတွင်အထွတ်အထိပ်ဖိအားများပါဝင်နေသည်။

ရွှေရောင်သက္ကတကျမ်းစာတွင် ကပ်ငြိနေသော ကမ္ဘာဦးခရမ်းရောင်အလင်းတစ်လွှာသည် လီရှန်းအား လွှမ်းခြုံသွားသောကြောင့် ကြီးမားလှသောဖိအားကို ခံစားလိုက်ရစေသည်။ သူ၏ဓမ္မစွမ်းအားများ တောင် ကန့်သတ်ခံလိုက်ရတော့သည်။

"အထွတ်အထိပ်အံ့ဖွယ်စွမ်းအား"

လီရှန်းက အော်ဟစ်လိုက်သည်။သူက ကြောက်မက်ဖွယ်ရာဖိအားကိုခံစားလိုက်ရ၏။ သူက သေတော့မည်အတိုင်းခံစားလိုက်ရသည့်အတွက် ဦးရေပြာများထုံကျဉ်သွားသည်။ သူသည် ပေါ့ပေါ့ဆဆမနေရဲတော့ဘဲ စွမ်းအားကြီးအထွတ်အထိပ်အံ့ဖွယ်စွမ်းအားကိုသုံးလိုက်သည်။

"အထွတ်အထိပ်သန့်စင်ခြင်းကိုးပါးအင်မော်တယ်အလင်း။"

သူ၏ခန္ဓာကိုယ်ထဲမှဓမ္မစွမ်းအားများမှာ ပေါက်ကွဲထွက်မတတ်မြင့်တက်လာပြီး မရေမတွက်နိုင်သောမှော်စာလုံးများအဖြစ်စုစည်းသွားတော့သည်။ သူက အထက်ကမ္ဘာကောင်းကင်တာအို၏စွမ်းအားနှင့်ပေါင်းစပ်သွားပြီး အထွတ်အထိပ်သန့်စင်ခြင်းကိုးပါးအင်မော်တယ်အလင်းအဖြစ် ပြောင်းလဲလိုက်သည်။

လီရှန်းထုတ်ဖော်လိုက်သည့် အထွတ်အထိပ်သန့်စင်ခြင်းကိုးပါးအင်မော်တယ်အလင်းများက အထွတ်အထိပ်သန့်စင်၊ကျောက်စိမ်းသန့်စင်၊မဟာသန့်စင်၊လေဟာနယ်သန့်စင်၊စစ်မှန်သန့်စင်၊မူလအစသန့်စင်၊စိတ်ဝိညာဉ်သန့်စင်၊ရည်ရွယ်ချက်သန့်စင်နှင့်အခြေခံသန့်စင်တို့ဖြစ်သည်။ တစ်ခုချင်းစီတိုင်းတွင် ပြိုင်ဘက်ကင်းစွမ်းအားရှိသည်။ စကြဝဠာကို သုတ်သင်၊ နောက်ကျိချီစွမ်းအင်ကို ခွဲခြားကာ၊သက်စောင့်ချီစွမ်းအင်ကို တည်ငြိမ်စေလျက်၊ ဖရိုဖရဲကို တည်ဆောက်သည်။ ၎င်းတို့ကို အမှန်တကယ် အကောင်အထည်ဖော်ပြီးသည်နှင့် မကောင်းမှုဟူသမျှသညထိခိုက်နိုင်တော့မည် မဟုတ်ပေ။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်သာ ကြည်လင်အလင်းတန်းထဲသို့ ကျဆင်းသွားပါက အမှုန့်ဖြစ်သွားပေလိမ့်မည်။

ထိုအခြေအနေအောက်တွင် ချီမင်နှင့်လီရှန်းတို့၏အထွတ်အထိပ်အံ့ဖွယ်စွမ်းအားနည်းစနစ်များသည် ထိပ်တိုက်တွေ့သွားကြသည်။ သန့်စင်ခြင်းကိုးပါးအင်မော်တယ်အလင်းရောင်တွင် အရောင်ကိုးရောင်ရှိသည်။ ၎င်းက ဝဲဂယက်တစ်ခုအဖြစ်ပြောင်းလဲသွားကာ ချီမင်၏ရွှေရောင်မှော်စာလုံးများကို တစ်လုံးပြီးတစ်လုံးဖျက်ဆီးတော့သည်။

ပေါက်ကွဲသံမျိုးစုံထွက်လာသည်။

မယှဉ်သာလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲသံကြီးထွက်ပေါ်လာ၏။

ချီမင်၏ရွှေရောင်မှော်စာလုံးများနှင့် ဗုဒ္ဓကျမ်းစာများမှာ ပျောက်ကွယ်သွားခဲ့သည်။ လီရှန်း၏သန့်စင်ခြင်းကိုးပါးအင်မော်တယ်အလင်းများသည်လည်း ဖျက်ဆီးခံလိုက်ရသည်။ ဤတစ်ကြိမ်တော့ တိုက်ပွဲက အနိုင်အရှုံးမရှိဘဲပြီးသွားခဲ့သည်။

ပေါက်ကွဲမှုများမှာ လှိုင်းများသဖွယ်ပျံ့နှံ့သွားသည်။ လီရှန်းက ဤတစ်ကြိမ်၌မခုခံနိုင်တော့ပေ။သူက ပေါက်ကွဲမှုလှိုင်းကြောင့် လွင့်စင်ထွက်သွားခဲ့ပြီး သွေးအန်ထွက်သွား၏။

ထိုအန္တရာယ်များသည့်အခိုက်တွင် ချီမင်၏ကောင်းကင်တာအိုရတနာပေါ်လာသည်။ အချိန်နေရာလွတ်တံခါးနှင့်ကံကြမ္မာမြွေလက်ပတ်တို့သည် ပေါ်ထွက်လာပြီး ပေါက်ကွဲမှုလှိုင်းကိုတားဆီးလိုက်သည်။

"ကောင်းကင်တာအိုရတနာ။"

လီရှန်းကခေါင်းခါလိုက်သည်။သူ့မျက်နှာပေါ်တွင် ထိတ်လန့်မှုများပေါ်လာတော့သည်။"မင်းရဲ့လက်ထဲမှာ ကောင်းကင်တာအိုရတနာတွေရှိနေမယ်လို့မထင်ထားဘူး။"

သူကလည်း ကောင်းကင်တာအိုရတနာတစ်ခုကိုထုတ်ယူလိုက်သည်။

လီရှန်း၏လက်ထဲမှကောင်းကင်တာအိုရတနာသည် သူကောင်းကင်အရှင်အမွေခံနယ်ပယ်မှ ရလာသောအရာဖြစ်သည်။ ထိပ်တန်းအဆင့်လူလုပ်ကောင်းကင်တာအိုရတနာဖြစ်ပြီး ကောင်းကင်အရှင်နတ်ဘုရားလက်နက်ဖြစ်သည်။

“ကောင်းကင်အရှင်နတ်ဘုရားလက်နက်။" လီရှန်းအော်လိုက်သည်။"ထွက်လာခဲ့စမ်း။"

လီရှန်း၏ခန္ဓာကိုယ်ပေါ်တွင် ခမ်းနားသည့်အစိမ်းရောင်အလင်းများထွက်ပေါ်လာသည်။ မယှဉ်သာလောက်အောင် ထူထဲသည့်အလင်းတန်းများက ပေ(၃၀၀၀၀)ကျော်မြင့်သည့် နတ်ဘုရားလက်နက်တစ်ခုဖြစ်သိပ်သည်းသွားခဲ့သည်။

နတ်ဘုရားလက်နက်၏ပုံစံကအင်မတန်ထူးခြားသည်။ ဆေဘာတစ်လက်ဆိုပေမဲ့ ဆေဘာလည်းမဟုတ်ပေ။ဓားဆိုပေမဲ့ ဓားလည်းမဟုတ်ပေ။ လှံတစ်ချောင်းဆိုပေမဲ့ လှံလည်းမဟုတ်ပြန်။ ထူးဆန်းသည့်ပုံစံဖြင့် နတ်ဘုရားလက်နက်ဖြစ်သည်။

"တိုက်ခိုက်"

လီရှန်းက ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။ ကောင်းကင်အရှင်နတ်ဘုရားလက်နက်ကို ထိန်းချုပ်ရင်း ချီမင်ကိုတိုက်ခိုက်လိုက်သည်။ နေရာလွတ်က တိုက်ရိုက်ပဲနှစ်ခြမ်းကွဲသွားခဲ့သည်။ ပြိုင်ဘက်ကင်းအလားပင်။

ချီမင်သည် ဖိအားအကြီးအကျယ်ခံစားလိုက်ရ၏။

All Chapters