ကမ္ဘာဦးပြည်နယ်သည်နှစ်ခြမ်းကွဲထွက်သွားခြင်း။
Vol. 27 Ch. 394
ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားသည် လီရှန်း၏အခြေခံအုတ်မြစ် ဖြစ်သည်။သူပိုင်ဆိုင်ထားသော အင်အားများ၏ဇာစ်မြစ်ဖြစ်သည်။ ချီမင်၏မဟာတာအိုလက်ချောင်းက ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားကိုပိုင်းဖြတ်သွားပြီးနောက်မှာ ၎င်းက အက်ကွဲရာများဖြင့်ဖုံးလွှမ်းသွားခဲ့သည်။
လုံးဝကို အက်ကွဲပြိုကွဲလုနီးပါးပင်။
မဟာတာအိုလက်ချောင်းက ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသား ကိုဖြတ်တောက်သွားခဲ့ပြီး လီရှန်း၏သက်စောင့်စွမ်းအင်၊အင်အားနှင့်အရင်းအမြစ်အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
လီရှန်း၏မသေနိုင်သောအမတဓာတ်ပါဝင်သည့် အင်မော်တယ်ဘုရင်အသိစိတ်တောင် မဟာတာအိုလက်ချောင်းကြောင့် ပျက်ဆီးသွားခဲ့ရ၏။
လီရှန်းက အင်အားကုန်သုံးလိုက်၏။ သူက သန့်စင်ခြင်းကိုးပါးကောင်းကင်တာအိုအထွတ်အထိပ် ကပ်ဘေးအလင်းကိုသုံးပြီး သူ၏အဓိကခန္ဓာကိုယ်ကို ကောင်းကင်တာအိုအင်မော်တယ်ဘုရင် နှလုံးသားနှင့်ပေါင်းစပ်ထားခဲ့ခြင်းဖြစ်သည်။
ထိုအခြေအနေအောက်တွင် လီရှန်းကမလွတ်မြောက်နိုင်တော့ပေ။
"ဒါ....ဒါ.."
"လီရှန်း သူ....သူ..."
"အင်မော်တယ်ဘုရင်နှလုံးသားက ဖြတ်တောက်ခံလိုက်ရပြီ။"
"ဟူး..."
"ချီမင်က အရမ်းသန်မာလွန်းတယ်။"
"ကြောက်ဖို့ကောင်းသွားပြီ။"
"တာအိုကျင့်ကြံသူဆိုတဲ့အတိုင်းပဲ။ချီမင်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့် မှာပဲရှိသေးတယ်။ ဒါပေမဲ့ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်က လီရှန်းရဲ့အင်မော်တယ်ဘုရင်နှလုံးသား ကိုဖြတ်တောက်ပြီး အနိုင်ယူသွားတယ်။"
"အင်မော်တယ်ဘုရင်နှလုံးသားကတောင် ဖြတ်တောက်ခံလိုက်ရတယ်။ အဲ့ဒီဒဏ်ရာတွေနဲ့ဆိုရင် သူက မသေရင်တောင် သေချာပေါက် ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်။သေဖို့ သိပ်မဝေးလောက် တော့ဘူး။"
"လီရှန်းက လုံးဝကိုရှုံးနိမ့်သွားခဲ့ပြီ။ သူက သေတောင်သေသွားနိုင်တယ်။"
“…”
အထက်ကမ္ဘာအင်မော်တယ်ဘုရင်များ၏မျက်လုံးများက အံ့ဩမှုကြောင့် ပြူးကျယ်သွားခဲ့သည်။ တိုက်ပွဲအခြေအနေက အဆက်မပြတ်ပြောင်းလဲနေခဲ့သည်။သို့ပေမဲ့ ချီမင်က လီရှန်းကိုအနိုင်ရသွားခဲ့သည်။
"မကောင်း..မကောင်းတော့ဘူး။"
"ပြေးတော့။"
"ဒါက....ဒါကြီးက..."
နောက်တစ်ခဏမှာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့ခိုးဝင်လာကြသည့် အထက်ကမ္ဘာအင်မော်တယ် ဘုရင်များက ကြောက်ရွံ့သွားကြတော့သည်။ ချီမင်၏မဟာတာအိုလက်ချောင်းက လီရှန်း၏ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားကိုဖျက်ဆီးပြီးနောက်မှာ သူ၏အင်အားက မကုန်ခမ်းသေးပေ။
မဟာတာအိုအင်မော်တယ်လက်ချောင်း၏နောက်ဆက်တွဲအရှိန်က သူတို့ရှေ့မှ မြေပြင်ပေါ်သို့ကျ ရောက်လာခဲ့သည်။
"ပြေးတော့။"
ပတ်ဝန်းကျင်မှအထက်ကမ္ဘာအင်မော်တယ်ဘုရင်များက တုံ့ဆိုင်းမနေတော့ဘဲ သူတို့၏လွတ်မြောက်ရေး အံ့ဖွယ်စွမ်းအားကိုသုံးပြီး အလင်းစီးကြောင်းများအဖြစ်ပြောင်းလဲကာ လေထုကိုထိုးခွဲလျက် ပျံပြေးသွားတော့သည်။
ဘုန်း!!
ချီမင်၏မဟာတာအိုလက်ချောင်းက လူတိုင်း၏အကြည့်အောက်မှာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေ ပေါ်သို့ ကျရောက်သွားခဲ့ပြီး မြေပြင်က ကြောက်မက်ဖွယ်ကောင်းအောင်ပျက်စီးသွားတော့သည်။
ခရက်! ခရက်!
သိသာလှသည်။
မဟာတာအိုလက်ချောင်းက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသို့ကျရောက်သွားခဲ့ပြီးနောက်မှာ ၎င်းတွင်ပါဝင်နေသည့်စွမ်းအားက အရာအားလုံးကိုဖျက်ဆီးပစ်တော့သည်။ မြေပြင်ကိုနက်ရှိုင်းစွာ ဖြတ်ပိုင်းသွားခဲ့သည်။
မြေပြိုကျသည့်မြင်ကွင်းများပေါ်လာခဲ့သည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတစ်ခုလုံးက ပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။ မြေပြင်များ အက်ကွဲလာခဲ့သည်။ မဟာတာအိုလက်ချောင်းက အောက်ခြေမရှိသည့်တွင်းနက်ကြီးတစ်ခုသဖွယ် မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများပြည့်နှက်လာစေပြီး အဆုံးနှစ်ဖက်ထိပျံ့နှံ့သွားခဲ့သည်။
ခရက်! ခရက်! ခရက်!
"ဟူး..."
ချီမင်က ကောင်းကင်ယံ၌ရပ်ကာ မြေပြင်ပေါ်သို့ ငုံ့ကြည့်နေခဲ့၏။ သူ၏မျက်နှာပေါ်တွင် မယှဉ်သာလောက်အောင်ထိတ်လန့်သည့်အမူအရာက ပေါ်နေသည်။ သူက အနည်းငယ်မယုံကြည်နိုင်သလိုခံစားလိုက်ရသည်။
အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။
အက်ကွဲကြောင်းများမှာ အဆက်မပြတ်ပျံ့နှံ့နေပြီးမရပ်တန့်သေးပေ။ အချိန်တိုလေးအတွင်းမှာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေသည် နှစ်ခြမ်းပိုင်းခံလိုက်ရသည်။
ဘုန်း။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေက နှစ်ပိုင်းကွဲထွက်သွားခဲ့သည်။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏ဂိုဏ်း ကာကွယ်ရေးအစီအရင်ကလည်း ပျက်စီးသွားခဲ့သည်။ ပတ်ဝန်းကျင်တွင် မမြင်နိုင်သည့်အလင်း ကန့်လန့်ကာတစ်ခုက လျင်မြန်စွာပျောက်ကွယ်သွားခဲ့၏။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတွင် နှစ်ပေါင်းမရေမတွက်ိနုင်လောက်အောင် စုပုံနေခဲ့သောမရေမတွက်နိုင်သောနတ်ဆိုးချီများ၊မိစ္ဆာချီများ၊နားကြည်းချက်နှင့်မကောင်းသောစွမ်းအင်များမှာ လျင်မြန်စွာဖြင့် အားပျော့သွားပြီး မိုးမြေစွမ်းအားအဖြစ်ပြောင်းလဲသွားတော့သည်။
"အို...အိုးဘုရားရေ။"
"ဒါ....ဒါ.."
"နောက်ဆက်တွဲအရှိန်ပဲ။"
"ဟူး..."
"အရမ်း အားကောင်းတယ်။"
"ချီမင်ရဲ့ ရိုက်ချက်က တာအိုကျင့်ကြံသူလီရှန်းကိုပဲ သတ်လိုက်နိုင်တာ မဟုတ်ဘူး။နောက်ဆက်တွဲ အရှိန်က မြေကြီးပေါ်ထိပါသက်ရောက်သွားပြီး နှစ်ခြမ်းကွဲထွက်သွားစေတယ်။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတစ်ခုလုံးက နှစ်ခြမ်းကွဲသွားပြီ။"
"မဟုတ်ဘူး။ မဟုတ်ဘူး။"
"မပြီးသေးဘူး။ အခုထိ မပြီးသေးဘူး။"
"အက်ကွဲကြောင်းက ဆက်ပြီးပျံ့နေတုန်းပဲ။ ချီမင်ရဲ့လက်ချောင်းက ကမ္ဘာဦးပြည်နယ်တစ်ခုလုံးကိုပါ နှစ်ခြမ်းပိုင်းချင်နေတာ။"
“!!!!”
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတွင် များစွာသောအထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ပျံ့နှံ့နေသည်။ သူတို့က ကြီးမားသည့်အက်ကွဲကြောင်းကြီးတစ်ခုက ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေကို နှစ်ခြမ်းပိုင်း လိုက်ကြောင်း ထင်ရှားစွာမြင်လိုက်ရသည်။
ခရက်! ခရက်!
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေအပြင်ဘက် အဓိကတိုက်ပွဲမြေပြင်များတွင် မြေပြင်ကအက်ကွဲပြီး အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာသည်။ ၎င်းက အဆုံးမရှိသည့်ချောက်နက်ကြီးတစ်ခုအလားပင်။ ချီမင်၏မဟာတာအိုလက်ချောင်းက ကမ္ဘာဦးပြည်နယ်ကိုပါ လုံးဝဖြတ်တောက်သွားခဲ့သည်။
"ဘာဖြစ်ကုန်တာလဲ။"
"ဘာလို့မြေပြင်က ပြိုကျလာတာလဲ။"
"ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေက အက်ကွဲသွားပြီ။"
“ဒါက..."
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၊အသင်္ချေမျိုးနွယ်မဟာမိတ်၊ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၊တာအိုဂိုဏ်းမဟာမိတ်၊တခြားသောအဖွဲ့အစည်းများနှင့်တစ်ကိုယ်တော်အင်မော်တယ်များသည် ထိုပြောင်းလဲမှုကြောင့် ထိတ်လန့်သွားခဲ့ရ၏။
မြေပြင်က တုန်ခါသွားခဲ့သည်။
ကောင်းကင်ကပြိုကျပြီး မြေပြင်ကအက်ကွဲလာနေသည်။
"ဟူး..."
အင်မော်တယ်ဘုရင်များနှင့်မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များက ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး မြေပြင်ကိုကြည့်နေခဲ့ကြသည်။ သူတို့ရှေ့မှမြင်ကွင်းကြောင့်ထိတ်လန့်သွားခဲ့ရသည်။
အင်မော်တယ်ဘုရင်များက သူတို့၏အံ့ဖွယ်စွမ်းအားများကိုလည်ပတ်လျက် ပတ်ဝန်းကျင်ကို ကြည့်နေသည်။ သူတို့က ကမ္ဘာဦးပြည်နယ်တစ်ခုလုံး အက်ကွဲသွားကြောင်းကိုရှင်းလင်းစွာ မြင်လိုက်ရသည်။
အက်ကွဲကြောင်းထဲမှ ချော်ရည်ပူများမြင့်တက်လာသည်။ မြစ်ချောင်းများ လျှံတက်လာပြီး တောင်များက အက်ကွဲလာသည်။ ကမ္ဘာဦးပြည်နယ်ပေါ်တွင် ပျက်စီးယိုယွင်းခြင်းမြင်ကွင်းများဖြစ်ပေါ်လာသည်။
၎င်းက မရေမတွက်နိုင်သော သက်ရှိများကို သေကြေပျက်စီးသွားစေသည်။
“ဒါက..."
ချီမင်က အသက်ပြင်းပြင်းရှုလိုက်သည်။သူကဆိုသည်။"ကမ္ဘာဦးပြည်နယ်က နှစ်ခြမ်းကွဲသွားတယ်။ အတော်လေးအားပြင်းတာပဲ။ ဒီတိုက်ကွက်က မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၂၉၆၀၀)ကို ပေါင်းစပ်ထားတာ။ စွမ်းအားပြည့်ရိုက်ချက်က မဟာတာအိုရဲ့လက်ချောင်းအဖြစ် သိပ်သည်းထားတာပဲ။"
"ဒါပေမယ့်"
"မဟာတာအိုလက်ချောင်းရဲ့စွမ်းအားက လီရှန်းကိုပဲသတ်သွားတာမဟုတ်ဘူး။ကျန်နေတဲ့စွမ်းအားက ကမ္ဘာဦးပြည်နယ်တစ်ခုလုံးကိုနှစ်ခြမ်းကွဲသွားစေတာပဲ။"
ကမ္ဘာဦးပြည်နယ်က နှစ်ခြမ်းကွဲထွက်သွားခဲ့ရသည်။ ကောင်းကင်ယံ၌ တိမ်မည်းများစုစည်းလာသည်။ ကပ်ဘေးချီများစုဝေးလာပြီး မိုးကြိုးတိမ်တိုက်များ ကပ်ဘေးတိမ်တိုက်များ ဖြစ်ပေါ်လာသည်။ မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးတို့မှာ နဂါးများကခုန်နေသည့်အလား ဖြစ်ပေါ်လာသည်။
"ဒါ....ဒါ.."
"ကမ္ဘာဦးပြည်နယ်က ကွဲထွက်သွားတယ်။ လုံးဝကိုကွဲထွက်သွားတယ်။"
"ဟူး..."
"ဘာဖြစ်သွားတာလဲ။"
"ဘာတွေဖြစ်ကုန်တာလဲ။"
" ဘယ်လိုစွမ်းအားကြီးဖြစ်တည်မှုမျိုးက ကမ္ဘာဦးပြည်နယ်ကိုတောင် နှစ်ခြမ်းကွဲသွားစေတာလဲ။"
"မယုံနိုင်စရာကောင်းတယ်။"
"ကောင်းကင်အရှင်တစ်ပါး သက်ဆင်းလာတာများလား။"
“…”
အဓိကတိုက်ပွဲမြေပြင်ပေါ်တွင် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၊ချင်ဖေးယွမ်၊ တာအိုဂိုဏ်းချုပ်ကျန်းထိုက်ယွီ၊ ချီဟုန်လင်းနှင့်ပြည်နယ်ကိုးလောက၏သခင်များနှင့် စည်းမျဉ်းကျင့်ကြံသည့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ရသည်။
တိုက်ပွဲက တခဏလောက်ရပ်တန့်သွားတော့သည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတွင်။
လီရှန်းက သူ့ဘဝ၏အဆုံးသတ်သို့ရောက်သွားခဲ့သည်။ ထိုနောက်ဆုံးအခိုက်တွင် သူ၏ပြန့်ကျဲသွားသည့်အသိစိတ်က ထပ်မံစုဝေးလာသည်။ ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားထဲတွင် ထွင်းဖောက်မြင်နေရသည့် ပုံရိပ်တစ်ခုပေါ်လာသည်။
"ကျုပ်..ကျုပ်ရှုံးသွားပြီ။
လီရှန်း၏နှလုံးသားက မလိုလားမှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။သို့ပေမဲ့ သူလှည့်ကြည့်လိုက်တော့ ကမ္ဘာဦးပြည်နယ်တစ်ခုလုံးနှစ်ခြမ်းကွဲသွားကြောင်းတွေ့လိုက်ရသည်။လီရှန်းက တိတ်ဆိတ်သွားခဲ့၏။
ကြောင်အသွားခဲ့သည်။
သူ တကယ့်ကိုကြောင်အသွားခဲ့သည်။
"ဒါက...မဖြစ်နိုင်ဘူး။"
လီရှန်းက မလိုလားစွာဖြင့်အော်ဟစ်လိုက်သည်။"ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်လိုလို့ဖြစ်နိုင်မှာလဲလို့။ ကမ္ဘာဦးပြည်နယ်ဆိုတာ ကိုးပြည်နယ်ထဲက ပြည်နယ်တစ်ခုပဲ။ဒါတောင် နှစ်ခြမ်းကွဲထွက်သွားတယ်။"
"မင်း...မင်း.."
လီရှန်း၏အသိစိတ်က ချီမင်ကိုကြည့်ကာ မနေနိုင်ဘဲမေးလိုက်သည်။"မင်းက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ဆိုတာ တကယ်ရောဟုတ်ရဲ့လား။ မင်းက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်မဖြစ်နိုင်ဘူး။"
"ပြီးတော့.."
" မင်းက တကယ်ကြီး ကောင်းကင်တာအိုကိုကျင့်ကြံတာလား။"
လီရှန်းက တာအိုကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူက တာအိုကိုနှစ်သန်းပေါင်းများစွာကျင့်ကြံခဲ့ပြီး ကောင်းကင်အရှင်အမွေခံလောကတွင် နှစ်သန်းပေါင်းများစွာ သီးသန့်ကျင့်ကြံခဲ့သည်။
လီရှန်းက အတော်လေးဗဟုသုတကြွယ်ကာ လျှို့ဝှက်ချက်များစွာ သိထားခဲ့သည်။
ဥပမာအနေဖြင့် လီရှန်းသည် တာအိုကျင့်ကြံသူများကို ကောင်းကင်တာအိုနှင့်မဟာတာအိုကျင့်ကြံသူဟူ၍ခွဲခြားထားကြောင်းသိထားသည်။
ကောင်းကင်တာအိုကိုကျင့်ကြံခြင်းသည် အထက်ကမ္ဘာ၏ကောင်းကင်တာအိုကိုကျင့်ကြံခြင်းဖြစ်ပြီး အထက်ကမ္ဘာကောင်းကင်တာအို၏စွမ်းအားကိုအသုံးပြုနိုင်သည်။ သူသာ လမ်းတစ်ဝက်မှာမသေသွားသရွေ့ သူသည် ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်သို့ အနာဂတ်တွင် ရောက်ရှိနိုင်ပေသည်။
မဟာတာအိုကိုကျင့်ကြံခြင်းသည်ကတော့ မယုံနိုင်စရာကောင်းသည့်အကြောင်းအရာပင်။
အသင်္ချေကမ္ဘာများ၏ကောင်းကင်၊လေဟာနယ်စကြဝဠာပင်လယ်တို့ကိုနားလည်ရပြီး အလုံးစုံသိမြင်ရလေသည်။ ၎င်းတွင် မိုးမြေမဟာတာအိုပါဝင်ပြီး နားလည်ပြီးနောက်မှာ မဟာတာအို၏စွမ်းအားကိုသုံးနိုင်သည်။
လမ်းတစ်ဝက်တွင်မသေသရွေ့ အထက်ကမ္ဘာ၏ကန့်သတ်ချက်ကိုချိုးဖြတ်ကာ အရာခပ်သိမ်း၏ရင်းမြစ်သို့ ရောက်ရှိနိုင်သည်။
စိတ်ကူးပင်ကြည့်လိုမရသည့်အဆင့်ဖြစ်သည်။
ချီမင်က ဖြေညှင်းစွာဖြင့် လက်မြှောက်လိုက်သည်။သူ့အကြည့်က မထူးမခြားနားဖြစ်နေသည်။ သူက လီရှန်း၏မေးခွန်းကိုမဖြေခဲ့ပေ။သူက ဖြေဖို့လည်းမလိုအပ်ပေ။ သူ၏လက်ဝါးထဲ၌ ကမ္ဘာဦးခရမ်းရောင်အလင်းက သိပ်သည်းလာခဲ့ပြီး အလင်းစုလေးအဖြစ်ပြောင်းလဲကာ လီရှန်း၏ကျန်ရှိနေသေးသော အသိစိတ်ကိုဖျက်ဆီးပစ်လိုက်သည်။
"ဖျက်ဆီး။"
ချီမင်သည် ဘယ်ဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ဓမ္မစွမ်းအားများမြင့်တက်လာသည်။ ဖရိုဖရဲအလင်းမြူခိုးများပျံ့နှံ့သွားပြီး ပြိုကွဲနေသည့် ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသား ကို ဖုံးအုပ်သွားကာ အပိုင်းအစများဖြစ်အောင်လုပ်လိုက်သည်။
သူ၏ရိုက်ချက်က အင်အားကုန်စုစည်းထားခြင်းဖြစ်ပြီး ဓမ္မစွမ်းအားပမာဏများစွာသုံးစွဲထားခဲ့သည်။ လက်ရှိတွင် သူ၏ဓမ္မစွမ်းအားများက ဆယ်ပုံတစ်ပုံတောင်မရှိတော့ပေ။
"မင်းကိုတွေ့ပြီ။"
ချီမင်၏မျက်လုံးကတောက်ပသွားသည်။ အပိုင်းအစများအဖြစ်ဖြိုခွဲသွားပြီးနောက်မှာ ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသား၏အထဲ၌ တာအိုမျိုးစေ့လေးပေါ်လာသည်။ ၎င်းက ကိုးရောင်ခြယ်အလင်းများထုတ်လွှတ်နေလျက် ဘဲဥပုံစံလက်မအရွယ်အစားလေးဖြစ်သည်။
၎င်းက တာအိုမျိုးစေ့ဖြစ်သည်။
တာအိုမျိုးစေ့ပေါ်လာသည့်အခိုက်မှာ ၎င်းကိုပင် ဗဟိုပြုကာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုစုပ်ယူခြင်းစွမ်းအားတစ်ခု ပျံ့နှံ့သွားလေ၏။ ၎င်းက ပြည်နယ်ကိုးလောကမှ ကောင်းကင်နှင့်မြေကြီးကပ်ဘေးချီများ၊ ကံကြမ္မာ၊ကမ္မ၊အကုသိုလ်၊ အပြစ်ကြွေးနှင့် အင်မော်တယ်ဘုရင်များ၏သေဆုံးမှုမှဖြစ်ပေါ်လာသော စွမ်းအင်များကိုစုပ်ယူခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ ကြောက်မက်ဖွယ်ကောင်းသည့်မုန်တိုင်းတစ်ခုဖြစ်ပေါ်လာသည်။
"ဒါက.."
"ဘာဖြစ်တာလဲ။ လီရှန်းသေသွားပြီးတဲ့နောက်မှာ တစ်ခုခုချန်ခဲ့တာလား။"
"ဘာဖြစ်တာလဲ။"
"မိုးမြေရဲ့ကပ်ဘေးချီကို ဝါးမျိုးနေတယ်။"
"ခေတ်ကာလကပ်ဘေးဒုက္ခက ပြောင်းလဲသွားပြီ။"
"ဒါ....ဒါ.."
"အစေ့တစ်စေ့နဲ့တူတယ်။"
ပတ်ဝန်းကျင်တွင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်များသည် ထိုအခြေအနေကိုမြင်လိုက်ရသည်။သက်ရှိများက တာအိုမျိုးစေ့ပေါ်လာခြင်းကြောင့်ဆွဲဆောင်ခံ လိုက်ရသည်။ သူတို့က ကြည့်နေခဲ့ကြသည်။
အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက တာအိုမျိုးစေ့ကိုမြင်ပြီးနောက်မှာ သူတို့၏ခန္ဓာကိုယ်၊အသိစိတ်နှင့်ဝိညာဉ်များမှ လိုအင်ဆန္ဒများထွက်လာသည်။
သူတို့က တာအိုမျိုးစေ့ကိုစုပ်ယူနိုင်ရန်မျှော်လင့်လာကြသည်။
၎င်းက ဗီဇ၏တုံ့ပြန်မှုပေ။
ထိန်းချုပ်ထားဖိုဆိုတာ မဖြစ်နိုင်သလောက်ပင်။