← Chapters

တာအိုမျိုးစေ့ကိုသန့်စင်ခြင်း။ပြည်နယ်ကိုးလောကမှဒုတိယမြောက်တာအိုကျင့်ကြံသူ။

Vol. 27 Ch. 395

တာအိုမျိုးစေ့ကိုသန့်စင်ခြင်း။ပြည်နယ်ကိုးလောကမှဒုတိယမြောက်တာအိုကျင့်ကြံသူ။

Vol. 27 Ch. 395

ချီမင်က လျင်မြန်စွာဖြင့်လက်ချိတ်စည်းများကိုဖွဲ့စည်းလိုက်သည်။ သူက ကျင့်ကြံခြင်းနည်းစနစ်များ ကိုလည်ပတ်လိုက်သည့်အတွက် သူ၏ခေါင်းထက်မှ အနက်ရောင်ဝဲဂယက်ကြီးမှာ လျင်မြန်စွာဖြင့် မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)အဖြစ် ကွဲထွက်သွားသည်။

သူက လျင်မြန်စွာဖြင့် ပစ္စည်းစာရင်းကိုဖွင့်ပြီး ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်များကို ထုတ်ယူလိုက်သည်။ သူသည် မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)တို့ကိုပေါင်းစပ်ပြီး အင်မော်တယ်သလင်းကျောက်များကို စုပ်ယူသန့်စင်တော့သည်။ အချိန်တိုလေးအတွင်းမှာ သူက လျင်မြန်စွာဖြင့် ဓမ္မစွမ်းအားများပြန်လည်ပြည့်တင်းသွားတော့သည်။

သူက အံ့ဖွယ်စွမ်းအားကိုလည်ပတ်လိုက်သည်။

သူ၏ဒဏ်ရာများက လျင်မြန်စွာဖြင့် ပြန်လည်ကောင်းမွန်သွားခဲ့သည်။

“ဟားဟား..."

"အဲ့ဒါငါ့ဟာပဲ.."

“သတ်ပစ်လိုက်။ သတ်။ သတ်ပစ်လိုက်"

“…”

ထိုအခိုက်တွင် ချီမင်၏ရှေ့သို့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်များရောက်လာသည်။ သူတို့က အင်မတန်မြန်ဆန်ကြသည်။ အလင်းစီးကြောင်းများအလား အလောတကြီးဖြင့် တာအိုမျိုးစေ့ကိုလုယူရန် ပြေးထွက်လာကြသည်။

"မင်းတို့က သေချင်နေကြတာပဲ။" ချီမင်၏အကြည့်က အေးစက်သွားသည်။

"သေလိုက်တော့။"

ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။ကံကြမ္မာမြွေက လေထုကိုထိုးခွဲလျက် မယှဉ်သာလောက်အောင်ကြီးမားသည့် ကောင်းကင်ဝါးမျိုစပါးကြီးမြွေအဖြစ်ပြောင်းလဲသွားသည်။ ၎င်းက ထပ်ခါတလဲဟိန်းဟောက်လိုက်ကာ တာအိုမျိုးစေ့ကိုလာလုသည့်အထက်ကမ္ဘာ အင်မော်တယ်ဘုရင်များကို သတ်ဖြတ်ခဲ့သည်။

ထိတ်လန့်ဖွယ်အော်သံများထွက်လာတော့သည်။

လုံးဝကိုတစ်ဖက်သတ်ပေ။

သူတို့ကလောဘကြောင့်အမြင်ကွယ်သွားသည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ဒါဇင်လောက်က တာအိုမျိုးစေ့နှင့်မထိနိုင်ခင်မှာပဲ ချီမင်က ထိုသူတို့ကို မီးလောင်တိုက်သွင်းလိုက် သည်။အလောင်းတောင်မကျန်ခဲ့ပေ။

"ဟူး..."

“အရမ်းအားကောင်းတယ်။”

"အရမ်းကြောက်ဖို့ကောင်းတယ်.."

"မင်းတို့စိတ်လိုက်မာန်ပါမလုပ်နဲ့။"

“…”

အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက သတိပြန်ဝင်လာကြသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်မှ ချွေးအေးများစီးကျလာပြီး သူတို့၏နှလုံးသားများက တုန်ယင်သွားခဲ့သည်။

ချီမင်က အတော်လေးစွမ်းအားကြီးသည်။

တာအိုမျိုးစေ့ကို အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက တကယ့်ကိုလုယူချင်ပေသည်။

သို့ပေမဲ့ ၎င်းက သေဖို့တောင်းဆိုနေသည့်အလားပင်။

"တာအိုမျိုးစေ့က ပြောင်းလဲနေသေးတာလား။"

ချီမင်က သူ့ရှေ့မှတာအိုမျိုးစေ့ကိုကြည့်လိုက်သည်။ ၎င်းက ကပ်ဘေးချီများ၊ပြည်နယ်ကိုးလောကမှသက်ရှိများ၏စွမ်းအင်များ၊ကမ္မ၊အပြစ်ကြွေးစသည်တို့ကို စုပ်ယူတော့သည်။

၎င်းက တာအိုသက်သေပြခြင်းသစ်သီးအဖြစ်ပြောင်းလဲနေခြင်းဖြစ်သည်။

၎င်းက အစသာရှိသေးသည်။ ပြီးပြည့်စုံခြင်းအဆင့်ထိပြောင်းလဲချင်ပါက အချိန်ကြာမြင့်စွာလိုပါသည်။ သူက အသွင်ပြောင်းခြင်းအောင်မြင်မည့်အထိဆို ခေတ်ကာလကပ်ဘေးဒုက္ခပြီးသည့်အထိ စောင့်ဖို့လိုအပ်သည်။

"အရမ်းနှေးတယ်။" ချီမင်က မျက်မှောင်ကြုံ့သည်။

သူက အချိန်အကြာကြီးမစောင့်ချင်ပေ။

ချီမင်သည် တာအိုမျိုးစေ့၏အသွင်ပြောင်းခြင်းမှထွက်ပေါ်နေသည့်အရှိန်အဝါက ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးနှင့် အနည်းငယ်ဆင်မှန်း တွေ့သွားသည်။သို့ပေမဲ့ ၎င်းက ဆင်တူရုံသာ။

သူက တခဏမျှတွေဝေသွားပြီး စိတ်ထဲ၌တွေးနေသည်။"တာအိုမျိုးစေ့သာ အသွင်ပြောင်းသွားပြီးရင် တာအိုသက်သေပြခြင်းသစ်သီးဖြစ်သွားလိမ့်မယ်။ ဖရိုဖရဲကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးနဲ့ တာအိုသက်သေပြခြင်းသစ်သီးကြားမှာ ဆက်စပ်မှုများရှိနေတာလား။"

အချိန်ကုန်ဆုံးသွားသည်။

ချီမင်က ပြည်နယ်ကိုးလောက၏ခေတ်ကာလကပ်ဘေးဒုက္ခကို ဂရုတစိုက်လေ့လာလိုက်သည်။

ပြည်နယ်ကိုးလောကတွင် ခေတ်ကာလကပ်ဘေးချီများမှာ မမြင်နိုင်သည့်မြူခိုးများသဖွယ် ဖုံးအုပ်နေခဲ့ပြီး သက်ရှိများ၏အတွေးနှင့်စိတ်ကို သက်ရောက်နေသည်။

ခန္ဓာကိုယ်ပေါ်တွင် အပြစ်ပိုများလေ ခေတ်ကာလကပ်ဘေးချီထံမှပို၍သက်ရောက်ခံရကာ စိတ်ကပိုပြီးဖရိုဖရဲဖြစ်ကာ အမှန်တရားကိုမမြင်နိုင်တော့ပေ။ အမှားအယွင်းများစွာပြုလုပ်မိပြီး သတိမထားမိဘဲ သေခြင်းတရားဆီသို့ တိုးဝင်မိနိုင်သည်။

ပတ်ဝန်းကျင်တွင် ပို၍များသောအထက်ကမ္ဘာအင်မော်တယ်ဘုရင်များ စုဝေးလာသည်။

တာအိုမျိုးစေ့ပေါ်လာသည်နှင့် အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှင့် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ် အဆင့်တို့မှာ ထိုအရာထံမှဆွဲဆောင်ခံလိုက်ရသည်။ ခေတ်ကာလကပ်ဘေးချီ၏လွှမ်းမိုးမှုအောက်တွင် သူတို့က ပိုပြီးမိုက်ရူးရဲဆန်လာကြပြီး အထိန်းအကွပ်မဲ့လာကြသည်။

ချီမင်သည် နေရာမှာတင်အထက်ကမ္ဘာအင်မော်တယ်ဘုရင်ဆယ်ပါးကျော်ကိုသတ်ပြီးနောက်မှာ ကျန်သည့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ထိတ်လန့်သွားခဲ့သည်။

သို့ပါသော်လည်း တာအိုမျိုးစေ့၏ဆွဲဆောင်မှုက အင်မတန်ကြီးလွန်းလေသည်။

ပို၍ပို၍များသော အထက်ကမ္ဘာအင်မော်တယ်ဘုရင်များသည် ချီမင်ကိုဝိုင်းရံလာကြသည်။

"မင်းတို့က တာအိုမျိုးစေ့ကိုလိုချင်သေးတာလား။" ချီမင်၏အကြည့်ကအေးစက်နေသည်။"မင်းကသေချင်နေတာပဲ။"

"ဖရိုဖရဲမဟာတာအိုကျမ်း။"

ချီမင်သည် ပတ်ဝန်းကျင်ကိုအာရုံစိုက်လိုက်သည်။ ထူထဲသည့်ခေတ်ကာလကပ်ဘေးချီများသည် သူ၏ခန္ဓာကိုယ်တွင်လည်း ဖုံးအုပ်နေသည်။သို့ပေမဲ့ သူ့ကိုမသက်ရောက်နိုင်ပေ။

သူက မဟာတာအိုကိုကျင့်ကြံပြီး သူ့ကိုမိုးမြေမဟာတာအိုကကာကွယ်ပေးထားသည်။ သူ့ကို ကောင်းကင်နှင့်မြေကြီးကပ်ဘေးချီက မစွန်းထင်းစေနိုင်ပေ။ သူကို မည်သည့်ကပ်ဘေးမှမသက်ရောက်ပေ။

သူက အချုပ်အနှောင်ကင်းမဲ့သည်။

"ချီမင်က အတော်လေးသန်မာတယ်။ အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ဖြစ်တဲ့ တာအိုကျင့်ကြံသူလီရှန်းတောင် ချီမင်ကိုမနိုင်ဘူး။ ချီမင်က အဆင့်ကြီးတစ်ဆင့်ကျော်ပြီး လီရှန်းကိုသတ်ခဲ့တာ။"

"ဟုတ်တယ်။"

"အခုလေးတင် သူကအထက်ကမ္ဘာအင်မော်တယ်ဘုရင်ဆယ်ပါးကျော်လောက် ကိုသတ်ထားသေးတယ်။"

"အတော်လေး ထိတ်လန့်ဖို့ကောင်းတယ်။"

"ငါတို့ စိတ်တည်ငြိမ်ဖို့လိုတယ်။ မရူးမိုက်ကြစမ်းနဲ့။ မဟုတ်ရင် ငါတို့ ချီမင်ရဲ့လက်ထဲမှာ သေသွားလိမ့်မယ်။"

"ချီမင်နဲ့လီရှန်းက အပြင်းအထန်တိုက်ခိုက်ပြီးပြီ။ ချီမင်က ဒဏ်ရာအနည်းနဲ့အများတော့ ရထားမှာပဲ။ဓမ္မစွမ်းအားတွေလည်း အတော်လေးကုန်သွားလိမ့်မယ်။ အခုအချိန်က ငါတို့လုယူဖို့ အခွင့်ကောင်းပဲ။"

"ငါတို့သာ ပူးပေါင်းရင် နိုင်လောက်တယ်။"

“…”

ထိုအခိုက်တွင် ပို၍များပြားသောအထက်ကမ္ဘာအင်မော်တယ်ဘုရင်များ စုဝေးလာသည်။ လူအရေအတွက်ပိုများလာသောကြောင့် သူတို့က ရင်ထဲမှအကြောက်တရားကိုဖိနှိပ်ကာ ချီမင်ကိုရင်ဆိုင်ရန် ပူးပေါင်းလိုက်ကြသည်။

"ပေါင်းစပ်၊ဝါးမျို။"

အတွေးတစ်ချက်ဖြင့် ချီမင်က လက်ချိတ်စည်းများကိုဖွဲ့စည်းလိုက်သည်။ သူက မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုပေါင်းစည်းခြင်းကို အကန့်အသတ်ထိလည်ပတ်လိုက်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုနှင့်သူ့ခန္ဓာကိုယ်ကိုပေါင်းစပ်ကာ စုစုပေါင်းမဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)ကို ထပ်မံပေါင်းစပ်လိုက်သည်။

ကမ္ဘာဦးခရမ်းရောင်အလင်းတန်းက အလင်းမျက်နှာပြင်တစ်ခုအလား တောက်ပလာသည်။ ချီမင်၏ခေါင်းထက်တွင် အနက်ရောင်ဝဲဂယက်တစ်အခုအလား မြင့်တက်လာပြီး သူ့ရှေ့မှတာအိုမျိုးစေ့ကိုဖုံးအုပ်သွားသည်။

"တာအိုသစ်သီးအဖြစ်ပြောင်းလဲဖို့ အချိန်အတော်ကြာဦးမှာပဲ။ ငါ အဲ့လောက်အချိန်အကြာကြီး မစောင့်ချင်ဘူး။ ငါတိုက်ရိုက်ပဲ တာအိုမျိုးစေ့ကိုစုပ်ယူတော့မယ်။" ချီမင်ကက အသံနိမ့်နိမ့်ဖြင်ပြောသည်။

"ကောင်းကင်နှင့်မြေကြီးမဟာတာအိုမီးပြင်းဖို။"

ချီမင်က လက်ချိတ်စည်းများကိုထပ်မံဖွဲ့စည်းလိုက်သည်။ မရေမတွက်နိုင်သောစာလုံးများမှာ လိပ်ပြာလေးများအလား သူ့ခန္ဓာကိုယ်ထဲမှပျံထွက်လာပြီး သူ၏ခေါင်းထက်မှ အနက်ရောင်ဝဲဂယက်ကြီးထဲသို့ တိုးဝင်သွားသည်။

အနက်ရောင်ဝဲဂယက်၏ပုံစံက ကြီးမားသည့်အနက်ရောင်မီးပြင်းဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ သို့ပါသော်လည်း ၎င်းက ကမ္ဘာဦးခရမ်းရောင်အလင်းတို့ကိုစတင်ထုတ်ကာ တာအိုမျိုးစေ့ကိုသန့်စင်တော့သည်။

"အိုးမဟုတ်ဘူး!”

"ချီမင်က စပြီးသန့်စင်ချင်နေတယ်။"

"သူ့ကိုသတ်။"

"မြန်မြန်လုကြ။"

“…”

အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက အော်ဟစ်လိုက်သည်။

"မင်းတို့က သေချင်နေကြတာပဲ။"

ချီမင်၏သတ်ဖြတ်လိုစိတ်များက မြင့်တက်လာခဲ့သည်။ သူသည် အထက်ကမ္ဘာအင်မော်တယ်ဘုရင် များနှင့် ရင်ဆိုင်နေရလျှင်ပင် အနည်းငယ်လေးမျှမကြောက်ရွံ့သွားပေ။ အတွေးတစ်ချက်ဖြင့် အချိန်နေရာလွတ်တံခါးနှင့်ကံကြမ္မာမြွေလက်ပတ်တို့ ပျံထွက်လာ၏။

"မဟာတာအိုသာလွန်သူတွေ။"

တစ်ချိန်တည်းမှာ မဟာတာအိုသာလွန်သူများသည် အနက်ရောင်မီးပြင်းဖိုထဲမှထွက်လာပြီး ပတ်ဝန်းကျင်မှ အထက်ကမ္ဘာအင်မော်တယ်ဘုရင်များကိုတိုက်ခိုက်သည်။ တိုက်ပွဲက ပိုပြီးပြင်းထန်လာသည်။

"သခင်။"

ချက်ချင်းဆိုသလိုပဲ ချီမင်၏အင်မော်တယ်သားရဲဆယ့်နှစ်ကောင်က အင်မော်တယ်နယ်ပယ်အစေခံများကိုဦးဆောင်လျက် ရန်သူများကိုပိတ်ဆို့ကာ သူ့ကိုကာကွယ်ပေးလာသည်။

"ဂျူနီယာညီလေး..."

ချင်ဖေးယွမ်က လေထုကိုဖြတ်သန်းလာသည်။ သူက ကောင်းကင်ဖန်တီးခြင်းကြေးမုံကို ထုတ်ယူလိုက်သည်။ပထမနတ်ဆိုးဂိုဏ်းစစ်တပ်ကလည်း အထက်ကမ္ဘာအင်မော်တယ်ဘုရင် များနှင့်ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အင်မော်တယ်စစ်တပ်ကိုတားဆီးပေးလိုက်သည်။

"စိုးရိမ်စရာမလိုဘူး။"

ချင်ဖေးယွမ်ကအော်လိုက်သည်။"ငါ မင်းအတွက်ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်တွေကို တားဆီးပေးမယ်။"

“ဟားဟား..."

"စီနီယာအစ်ကိုချီမင်က အရမ်းစွမ်းအားကြီးတယ်။"

"အရမ်းစွမ်းအားကြီးတယ်။"

"စီနီယာအစ်ကိုချီမင် ကျွန်တော်တို့ တာအိုဂိုဏ်းမဟာမိတ်ကိုခုခံပေးမယ်။"

"သတ်ကြ။"

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များကလည်း ကူညီပေးလိုက်သည်။ သူတို့က တိုက်ပွဲမြေပြင်ထဲသို့တစ်ယောက်ပြီးတစ်ယောက်ဝင်ရောက်လာသည်။ တိုက်ပွဲက နောက်တစ်ကြိမ်ပြင်းထန်လာသည်။

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတစ်ခုလုံးနှင့်ကမ္ဘာဦးပြည်နယ်တစ်ဝက်ကျော်လောက်က စစ်ပွဲမီးလျှံများ လောင်မြှိုက်လာခဲ့သည်။ မရေမတွက်နိုင်သော အင်မော်တယ်များက တိုက်ခိုက်နေကြသည်။

ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားခဲ့ပြီး နေနှင့်လက မှေးမှိန်သွားတော့သည်။

ပို၍များသော အင်မော်တယ်များအလောင်းများ ပုံထပ်လာခဲ့သည်။

တိုက်ပွဲက ပို၍ဆိုးဝါးလာခဲ့သည်။

"ထွက်သွားကြစမ်း။"

ရုတ်တရက် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် ရှေ့တစ်လှမ်းတိုးကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူက လက်မြှောက်ကာ ရိုက်ချလိုက်သောကြောင့် ကောင်းကင်ကိုပင်ဖုံးအုပ်သွားသည့်လက်ဝါးတစ်ဖက်ထွက်လာသည်။ ၎င်းတွင် အထက်ကမ္ဘာကောင်းကင်တာအို၏စွမ်းအားများ ပါဝင်နေသည်။

ထိုလက်ဝါးက ချင်ဖေးယွမ်ကိုထိမှန်သွားသည်။

“မင်း!!!”

ချင်ဖေးယွမ်က ကြောက်မက်ဖွယ်ရာဖိအားကိုခံစားလိုက်ရသောကြောင့် လျင်မြန်စွာဖြင့် ကောင်းကင်ဖန်တီးခြင်းကြေးမုံကိုထုတ်ယူလိုက်သည်။ သူသည် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏လက်ဝါးကိုအနိုင်နိုင်ခုခံလိုက်ရသည်။သို့ပေမဲ့ လွင့်ထွက်သွားသေးသည်။

ဖျော့။

ချင်ဖေးယွမ်က အော်ဟစ်လိုက်ရကာ သွေးအန်လိုက်ပြီး အဝေးသို့လွင့်ထွက်သွားသည်။

"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်။ မင်း ဘယ်လိုတောင်..."

ချင်ဖေးယွမ်က ထိတ်လန့်တကြားမော့ကြည့်လိုက်သည်။ သူက အရှိန်အဝါများမြင့်တက်လာနေသောကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကိုကြည့်ပြီးထိတ်လန့်သွားခဲ့၏။ သူသည် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ထံမှမြင့်တက်လာနေသော အထက်ကမ္ဘာကောင်းကင်တာအို၏အငွေ့အသက်ကိုခံစားမိသွားသည်။

"တာအိုကျင့်ကြံသူ။" ချင်ဖေးယွမ်က အံ့ဩစွာဖြင့်အော်ဟစ်လိုက်သည်။"မင်းက တာအိုကျင့်ကြံသူပဲ။"

"ဟမ်..." ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က အေးစက်စွာနှာခေါင်းရှုပ်လိုက်သည်။ သူ့၏အကြည့်က ချင်ဖေးယွမ်ကိုဖြတ်ကာ ချီမင်ဆီသို့ရောက်လာသည်။ သူ၏အမူအရာကမည်းသည်းနေသည်။ သူပုံရိပ်ကနေရာမှ ပျောက်ကွယ်သွားသည်။ သူက ချီမင်ကိုတိုက်ခိုက်လိုက်သည်။"ခွေးမသားချီမင်။ သူက တာအိုသက်သေပြခြင်းသစ်သီးကိုမရင့်မှည့်လာခင်မှာ တိုက်ရိုက်ဝါးမျိုရဲတယ်ပေါ့။"

"မင်းသေလို့ရပြီ။"

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် ချီမင်ကို လီရှန်း၏တာအိုမျိုးစေ့အားစုပ်ယူခြင်းကို တားဆီးလာသည်။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် ပြည်နယ်ကိုးလောက၏ဒုတိယမြှောက်တာအိုကျင့်ကြံသူတစ်ဦးဖြစ်၏။ သူက ဟိုးယခင်တည်းက တာအိုခြောက်ပါးကောင်းကင်အရှင်၏အကူအညီဖြင့် ကောင်းကင်တာအိုကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းလာခဲ့ခြင်းဖြစ်သည်။

တာအိုခြောက်ပါးကောင်းကင်အရှင်၏ကိုယ်ပိုင်တပည့်လည်းဖြစ်သည်။ အနာဂတ်မှာသူက အင်မော်တယ်နယ်ပယ်ကိုချိုးဖြတ်ပြီး ဥပဒေသကောင်းကင်အရှင်နယ်ပယ်သို့ ကျိန်းသေပေါက်တက်လှမ်းနိုင်မှာဖြစ်သည်။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် တာအိုကျင့်ကြံသူဖြစ်သွားပြီးနောက်မှာ သူက နက်ရှိုင်းစွာဖုံးကွယ်နေခဲ့သည်။ သူ၏အထောက်အထားနှင့်နောက်ခံကြောင့် ပြည်နယ်ကိုးလောကတစ်ခွင်တွင် တာအိုခြောက်ပါးကောင်းကင်အရှင်မှလွဲလျှင် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် တာအိုကျင့်ကြံသူဟူသောအချက်ကိုမည်သူမျှမသိပေ။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် တာအိုသက်သေပြခြင်းသစ်သီးကိုရယူရန် ဆုံးဖြတ်ထားတာကြာပြီဖြစ်သည်။ သူ၏အင်အားဖြင့်ဆို ပြိုင်ဘက်ကင်းဟုဆိုရမည်ပင်။

ယခင်တုန်းက လီရှန်းသည် တာအိုကျင့်ကြံသူဟူသော အကြောင်းက ဖော်ထုတ်ခံလိုက်ရသည်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်သည် တာအိုဂိုဏ်းမဟာမိတ်ကိုဆန့်ကျင်ကာစစ်ပွဲကို စတင်ခဲ့ပေမဲ့ သူတို့က လူတိုင်းကိုတော့ မသတ်ခဲ့ပေ။

လီရှန်းက သူကိုယ်သူလွတ်မြောက်သွားပြီဟုထင်နေခဲ့ခြင်းဖြစ်သည်။ တကယ်တော့ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က အရာအားလုံးကိုသိထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့ပါသော်လည်း ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကသူ့ကိုမသတ်ခဲ့ပေ။ ထိုအစား သူက ဖိအားအောက်မှာ ကြီးထွားခွင့်ပေးခဲ့သည်။

အခု လီရှန်းသည် အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ထိ ကြီးထွားလာခဲ့သည်။ သူက တာအိုမျိုးစေ့ကိုသိပ်သည်းနိုင်ခဲ့သည်။ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏မျက်လုံးထဲတွင် သူက ရိတ်သိမ်းချိန်ကိုစောင့်နေတာဖြစ်သည်။

မမျှော်လင့်ထားစွာဖြင့် ချီမင်ပေါ်ထွက်လာမှုက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏အစီအစဉ်များကို နှောက်ယှက်လာခဲ့သည်။ သူက လီရှန်းသတ်ပြီး တာအိုမျိုးစေ့ကိုထုတ်ယူခဲ့သည်။

မူလကတော့ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် ချီမင်က ခေတ်ကာလကပ်ဘေးဒုက္ခပြီးဆုံးပြီး တာအိုမျိုးစေ့မှရင့်မှည့်ကာတာအိုသက်သေပြခြင်းသစ်သီးဖြစ်လာသည်ကိုစောင့်မည်ဟုထင်ခဲ့တာဖြစ်သည်။ ထိုအချိန်ကျမှ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ပေါ်လာပြီးချီမင်၏လက်ထဲမှတာအိုသက်သေပြခြင်းသစ်သီးကိုလုမည်ဟုတွေးထားခဲ့တာဖြစ်သည်။

All Chapters