ကောင်းကင်ဖန်တီးခြင်းကြေးမုံကိုဖန်တီးခြင်း။နေရာမှာတင်အဆင့်ချိုးဖြတ်ရန်ပြင်ဆင်ခြင်း။
Vol. 27 Ch. 396
ကံမကောင်းချင်တော့ အဆုံးမှာ အပြောင်းအလဲကြောင့် အစီအစဉ်အတိုင်း မလုပ်နိုင်တော့ပေ။
ချီမင်၏အပြုအမူများက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။ သူက ချီမင်သည် တာအိုမျိုးစေ့ကိုမရင့်မှည့်ခင်မှာ ဝါးမျိုစုပ်ယူပစ်မည်ဟု မထင်မထားခဲ့ပေ။
"သေစမ်းကွာ။" ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က အော်ဟစ်လိုက်သည်။"ရပ်စမ်း။"
နောက်ကျသွားခဲ့ပြီဖြစ်သည်။
ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုမီးပြင်းဖိုထဲသို့ တာအိုမျိုးစေ့ကိုထည့်ပြီးသွားခဲ့ပြီဖြစ်သည်။ သူက ကျင့်ကြံခြင်းနည်းစနစ်များကိုလည်ပတ်ကာ လီရှန်း၏တာအိုမျိုးစေ့ကို စတင်စုပ်ယူတော့သည်။
"ငါ အဆင့်မြင့် အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းထည့်မယ်။" ချီမင်ကဆိုသည်။"တာအိုမျိုးစေ့ကိုသန့်စင်မယ်။"
တင်း!
"ကောင်းကင်တာအိုမျိုးစေ့ကို အဆ(၁၀၀)ကွာဒရီလီယန်မြှင့်တင်မှုအောက်တွင် သန့်စင်ပေါင်းစပ်နေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အကူအညီအောက်တွင် ချီမင်၏တာအိုမျိုးစေ့ကိုသန့်စင်နှုန်းက အဆမတန်မြန်သွားတော့သည်။ သူက ကောင်းကင်တာအို၏စစ်မှန်မှုများပါဝင်သည့် တာအိုမျိုးစေ့ကို နားလည်ဆင်ခြင်နေခဲ့သည်။သူက ဖရိုဖရဲမဟာတာအိုကျမ်းကိုလည်ပတ်လျက် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုများကိုတိုးမြှင့်နေခဲ့သည်။
မသိလိုက်စွာဖြင့် ချီမင်သည် တာအိုမျိုးစေ့နှင့်ပေါင်းစပ်စုပ်ယူသွားပြီးနောက်မှာ သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုနားလည်မှုများက တဖြည်းဖြည်းနက်ရှိုင်းလာခဲ့သည်။ ချီမင်၏အရှိန်အဝါက ဖြေးညှင်းစွာဖြင့်သန်မာလာခဲ့သည်။
"အယုတ်မာကောင်။"
ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် ဒေါသများပြည့်နှက်သွားခဲ့သည်။ သူက ချီမင်ထံသို့တိုးဝင်သွားကာ ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကို ထုတ်ပြီး ဖိနှိပ်လိုက်သည်။
ကောင်းကင်နှင့်မြေကြီးသည် လမ်းစဉ်ခြောက်သွယ်၏စွမ်းအားများဖြင့် ပြည့်နှက်သွားခဲ့ပြီး ချီမင်ကိုဖိချလိုက်သည်။ထိုကြောက်မက်ဖွယ်ရာစွမ်းအားက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ကို တောင် အလွယ်တကူသတ်ဖြတ်နိုင်သည်။
"အချိန်နေရာလွတ်တံခါး၊ကံကြမ္မာမြွေလက်ပတ်။"
ချီမင်သည် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်နှင့်ထိပ်တိုက်ရင်ဆိုင်ရန် တုံ့ဆိုင်းမနေပေ။ သူက လက်ဝေ့ယမ်းလိုက်တော့ ကောင်းကင်တာအိုရတနာနှစ်ခုထွက်လာကာ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်နှင့်တိုက်ခိုက်လိုက်သည်။
ပြည်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်က ထိပ်တန်းအဆင့်လူလုပ်ကောင်းကင်တာအိုရတနာ ဖြစ်သည်။ချီမင်၏အချိန်နေရာလွတ်တံခါးကတော့ အလယ်အလတ်အဆင့် လူလုပ်ကောင်းကင်တာအိုရတနာဖြစ်သည်။ ကံကြမ္မာမြွေလက်ပတ်ကတော့ အဆင့်မြင့်လူလုပ်ကောင်းကင်တာအိုရတနာဖြစ်သည်။
ချီမင်က အချိန်နေရာလွတ်တံခါးနှင့်ကံကြမ္မာမြွေလက်ပတ်ကို အပြည့်အဝအသက်သွင်းလျှင်ပင် သူက ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကိုမခုံခံနိုင်ပေ။
ပေါက်ကွဲသံတစ်သံ ထွက်လာသည်။
အချိန်နေရာလွတ်တံခါးက အရင်ဆုံးလွင့်ထွက်သွားသည်။ အချိန်နေရာလွတ်၏စွမ်းအားက ပျက်သုဉ်းသွားခဲ့သည်။၎င်းက အင်မတန်ဝေးသည့်နေရာသို့လွင့်စင်သွားတော့သည်။ ကံကြမ္မာမြွေလက်ပတ်ကလည်း ဖိနှိပ်ခံလိုက်ရသည်။
ထိုအခိုက်တွင် ချီမင်သည် ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်၏ပုံစံကို ရှင်းလင်းစွာဖြင့်မြင်လိုက်ရသည်။ ၎င်းက အချပ်ပြားခြောက်ချပ်ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်၏။ အချပ်ပြားတိုင်းက အရောင်ကွာခြားပြီး တစ်ခုနှင့်တစ်ခုချိတ်ဆက်ထားသည်။ ခြုံပြောရလျှင် အချပ်ပြားကြီးတစ်ခုသာဖြစ်သည်။
အချပ်ပြားတိုင်းက နက်နဲသည့်စာလုံးများဖြင့်ဖွဲ့စည်းထားသည်။၎င်းတို့က ကောင်းကင်တာအို၊လူသားတာအို၊အဇူရာတာအို၊ငရဲတာအို၊ဆာလောင်သရဲတာအိုနှင့်သားရဲတာအိုတို့ရေးထွင်းထားခဲ့သည်။
ပြန်လည်မွေးဖွားခြင်း၏လမ်းစဉ်ခြောက်သွယ်ဟုဆိုရမည်။
ကံကြမ္မာမြွေလက်ပတ်ဖြင့်ဖန်တီးထားသော ကောင်းကင်ဝါးမျိုစပါးကြီးမြွေကလည်း ပျက်စီးသွားခဲ့သည်။ ငွေရောင်အလင်းများပျောက်ကွယ်သွားတော့သည်။ကံကြမ္မာစွမ်းအားက ရှုံးနိမ့်သွားသည်။ ကံကြမ္မာမြွေလက်ပတ်လည်း လွင့်ထွက်သွားသည်။
ချီမင်သည်လည်း အတင်းအကြပ်နောက်ပြန်ဆုတ်လိုက်ရသည်။ သူ၏နှုတ်ခမ်းထောင့်မှသွေးများစီးကျလာခဲ့သည်။
"အဟွတ် ဟွတ်"
ချီမင်က နှုတ်ခမ်းထောင့်မှသွေးကိုသုတ်လိုက်သည်။ သူ၏ခေါင်းထက်မှကောင်းကင်နှင့်မြေကြီးမဟာတာအိုမီးပြင်းဖိုသည် တာအိုမျိုးစေ့ကိုဆက်လက်သန့်စင်နေဆဲဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ချီမင်သည် နားလည်မှုများတိုးတက်လာခဲ့ရသည်။
မသိလိုက်စွာဖြင့် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၂၉၆၀၀)တို့သည် ပို၍နီးကပ်လာသည်။ ၎င်းတို့ကြားတွင် စွမ်းအင်များမှာ ပဲ့တင်ထပ်လာသည်။
ချီမင်သည် မူလတည်းက ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစ(၁၉)ခုကိုစုပ်ယူထားပြီး နောက်မှာမဟာတာအိုအင်မော်တယ်ဝင်ပေါက်များက အင်မော်တယ်ဘုရင်တစ်ဝက်အဆင့်သို့ ရောက်နေပေပြီ။
အခု ချီမင်က တာအိုမျိုးစေ့ကိုစုပ်ယူလျက် သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုနားလည်မှု အပေါ်မြှင့်တင်နေခြင်းဖြစ်သည်။ ထိုအရာက သူ့ကိုအင်မော်တယ်ဘုရင်အဆင့်သို့တက်လှမ်းစေရန် အထောက်အကူပြုသည်။
သူက မဟာတာအိုအင်မော်တယ်ဘုရင်၏နှလုံးသားကို ဖြေးညှင်းစွာဖြင့်သိပ်သည်းနေသည်။
ချီမင်က သူ့ရှေ့မှအင်မော်တယ်ဧကရာဇ်ကိုကြည့်လိုက်သည်။ သူ၏အရှိန်အဝါက တကယ့်ကိုထူးခြားလေသည်။ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်က ထိုသူ့ကိုဝန်းရံထားပြီး ကောင်းကင်တာအို၏စွမ်းအားကလည်း မြင့်တက်နေသည်။ သူ၏အင်အားမှာ လီရှန်းထက်များစွာသာလွန်လေသည်။
"ဂျူနီယာညီလေး" ချင်ဖေးယွမ်က အော်ဟစ်လိုက်သည်။ သူက လက်ဝေ့ယမ်းလိုက်သည်။နောက်ထပ်သွေးတစ်လုတ်အန်ထုတ်လိုက်ရင်း ကောင်းကင်တာအိုရတနာ:ကောင်းကင်ဖန်တီးခြင်းကြေးမုံနှင့်ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်သည်။"ဖမ်းလိုက်။"
"အိပ်မက်မက်နေလိုက်။"
ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏အကြည့်က အေးစက်သွားသည်။ သူက ရှေ့တစ်လှမ်းတက်လိုက်သည်။ သူ၏ခေါင်းထိပ်တွင် ကောင်းကင်တာအိုအင်မော်တယ်ဘုရင်၏နှလုံးသား ပေါ်လာသည်။ မျက်စိကျိန်းဖွယ်ခရမ်းရွှေရောင်အလင်းများ တောက်ပလာခဲ့သည်။
"ဖိနှိပ်။"
ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က လက်ဝေ့ယမ်းကာ အထွတ်အထိပ်အံ့ဖွယ်စွမ်းအားနည်းစနစ်ကိုသုံးလိုက်သည်။"အံ့ဖွယ်ကောင်းကင်အထွတ်အထိပ်ကမ္ဘာဖျက်ကျမ်း။"
အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကိုသုံးလိုက်သည်အခိုက် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကိုဗဟိုပြုကာ မျက်စိကျိန်းဖွယ်ခရမ်းရွှေရောင်အလင်းများ တောက်ပလာခဲ့သည်။ကောင်းကင်၌ ခရမ်းရွှေရောင်ကပ်ဘေးတိမ်တိုက်များ ဖုံးအုပ်သွားသည်။
မရေမတွက်နိုင်သော ခရမ်းရွှေရောင်ကမ္ဘာဖျက်လျှပ်စီးတို့မှာ ကောင်းကင်ဖန်တီးခြင်းကြေးမုံကို ရိုက်ခတ်သွားခဲ့သည်။ လျှပ်စီးမိုးကြိုးများသည် လမ်းခုလတ်၌ ခရမ်းရွှေလက်ဝါးတစ်ခုအဖြစ်ပြောင်းလဲကာ ကောင်းကင်ဖန်တီးခြင်းကြေးမုံကို ရိုက်ချလိုက်သည်။
"ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်း"
ရွှေရောင်ဗုဒ္ဓအလင်းတန်းများတောက်ပလာခဲ့သည်။ ရွှေရောင်နဂါးငွေ့တန်းကြီးအလား ခရမ်းရွှေရောင်လျှပ်စီးလက်ဝါးကိုခုခံလိုက်သည်။
ချီမင်က လျင်မြန်စွာဖြင့် ရှေ့တစ်လှမ်းတိုးကာ ရှောင်တိမ်းလိုက်သည်။ သူက ကောင်းကင်ဖန်တီးခြင်းကြေးမုံကို လှမ်းဖမ်းလိုက်သည်။ ထို့နောက်မှာ လျင်မြန်စွာဖြင့် သန့်စင်တော့သည်။
"အဟွတ် ဟွတ်"
ချင်ဖေးယွမ်က သွေးအန်လိုက်ရပြန်သည်။ သူက ချီမင်နှင့်ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်တို့ကိုကြည့်ကာ အသက်ပြင်းပြင်းရှုလိုက်၏။ သူ့အကြည့်များက အင်မတန်ရှုပ်ထွေးသွားခဲ့သည်။"ဂျူနီယာညီလေး ငါမင်းကိုဒီလောက်ထိပဲကူညီပေးနိုင်တော့တယ်။"
"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က တာအိုကျင့်ကြံသူဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။ သူက ပုန်းကွယ်နေခဲ့တာပဲ။ သူက ပြည်နယ်ကိုးလောကတစ်ခုလုံးကိုဖုံးကွယ်ခဲ့တာပဲ။"
ဘုန်း
ထိုအခိုက်တွင် ပေါက်ကွဲသံများထွက်လာခဲ့သည်။
ရွှေရောင်ဗုဒ္ဓကျမ်းစာများမှဖွဲ့တည်လာသော ရွှေရောင်မြစ်စုကြီးမှာ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏အံ့ဖွယ်ကောင်းကင်အထွတ်အထိပ်ကမ္ဘာဖျက်ကျမ်းကို ပိတ်ဆို့လိုက်သည်။ နှစ်ဖက်က ပေါက်ကွဲသွားပြီး ပျက်သုဉ်းသွားခဲ့သည်။
သို့ပါသော်လည်း ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကို သုံးလိုက်ပြန်သည်။
အချပ်ပြားခြောက်ချပ်က သူ့ကိုဝန်းရံသွားပြီး လမ်းစဉ်ခြောက်သွယ်၏စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ အလင်းမြူခိုးများ ပျံ့နှံ့လာပြီး ချီမင်ကိုလျင်မြန်စွာဖြင့် ဖိနှိပ်လိုက်သည်။
"ကောင်းကင်ဖန်တီးခြင်းကြေးမုံ"
ချီမင်က ကောင်းကင်ဖန်တီးခြင်းကြေးမုံကိုထုတ်ယူရုံသာတတ်နိုင်သည်။ ၎င်းက ကြီးမားလာပြီး ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကို ပိတ်ဆို့လိုက်သည်။ နှစ်ဖက်က ထိပ်တိုက်တွေ့သွားခဲ့သည်။
ဘုန်း
အသံကျယ်ကြီးထွက်လာသည်။
ကောင်းကင်ဖန်တီးခြင်းကြေးမုံက လွင့်ထွက်သွားတော့သည်။
ချီမင်သည် ကောင်းကင်ဖန်တီးခြင်းကြေးမုံကို ပြီးဆုံးသည်အထိ မသန့်စင်ရသေးပေ။ သူက စွမ်းအားတစ်စိတ်တစ်ပိုင်းကိုသာထုတ်နိုင်သည်။ထို့ကြောင့် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကို မတားဆီးနိုင်ပေ။
သူက သွေးအန်လိုက်ရပြန်သည်။သို့ပေမဲ့ သူက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏တိုက်ခိုက်မှုကိုတော့ ခက်ခက်ခဲခဲတားဆီးလိုက်နိုင်သည်။ လျင်မြန်စွာနောက်ပြန်ဆုတ်လျက်ပဲ သူက ခန္ဓာကိုယ်ထဲမှအင်အားများကိုထုတ်လွှတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ကောင်းကင်ဖန်တီးခြင်းကြေးမုံက ထိပ်တန်းအဆင့်လူလုပ်ကောင်းကင်တာအိုရတနာ ဖြစ်သည်။ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်နှင့်အဆင့်တူဖြစ်သည်။ ချီမင်က ပြီးဆုံးအောင်မသန့်စင်ရသေးပေမဲ့ ထိုစွမ်းအားက သာမန်မဟုတ်ပေ။
ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်က ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ထံသို့ ပြန်ရောက်သွား၏။ သူ့နားတွင် အချပ်ပြားခြောက်ချပ် ဝန်းရံထားသည်။
ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏ခေါင်းထက်တွင် ခရမ်းရွှေရောင်ကောင်းကင်တာအို အင်မော်တယ်ဘုရင်နှလုံးသားမှာ မျက်စိကျိန်းဖွယ်တောက်ပလာ သည်။ ထိုစွမ်းအားက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကိုထောက်ပံ့ပေးလိုက်သည်။
ပတ်ဝန်းကျင်တွင် ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားကို ခရမ်းရွှေရောင်စာလုံးများ ဝန်းရံနေသည်။
အတော်လေး သန်မာသည်။
သူက တကယ့်ကို သန်မာသည်။
ကြောက်မက်ဖွယ်ရာဖိအားများ ပြည့်နှက်သွားသည်။
ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏အင်အားက လီရှန်းထက်ကျော်လွန်သည်။ သူ့တွင် အထွတ်အထိပ်အံ့ဖွယ်စွမ်းအားသုံးခုလည်းရှိသလို ထိပ်တန်းအဆင့်လူလုပ်ကောင်းကင်တာအိုရတနာ ကိုလည်း ပိုင်ဆိုင်ထားသည်။ သူက အထက်ကမ္ဘာကောင်းကင်တာအို၏စွမ်းအားကိုသုံးစွဲရာတွင် လီရှန်းထက်ပို၍ကျွမ်းဝင်သည်။
"ချီမင်"
ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က လက်သီးဆုပ်လိုက်သည်။သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နှက်နေ၏။"မင်းက တကယ့်ကိုရဲရင့်တာပဲ။ တာအိုသက်သေပြခြင်းသစ်သီးအဖြစ် မပြောင်းလဲခင် တာအိုမျိုးစေ့ကိုစုပ်ယူရဲတယ်ပေါ့။"
"မင်းတို့က သေချင်နေကြတာပဲ။"
ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် အသက်ပြင်းပြင်းရှုလိုက်သည်။ သူ၏ဒေါသများလျော့ပါးသွားပြီးနောက်မှာ တည်ငြိမ်သွား၏။"မင်းက လီရှန်းရဲ့တာအိုမျိုးစေ့ကိုဝါးမျိုပြီးသွားပြီဆိုတော့ ငါမင်းကိုသတ်ပြီး မင်းရဲ့ခန္ဓာကိုယ်ထဲကနေတာအိုမျိုးစေ့ကိုထုတ်ပြီးသန့်စင်ဖို့ပဲရှိတော့တယ်။"
ပတ်ဝန်းကျင်တွင် အဖွဲ့အစည်းများ၏တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာခဲ့သည်။
"ခေတ်ကာလကပ်ဘေးဒုက္ခမှာ တာအိုကျင့်ကြံသူသုံးဦးပေါ်လာမယ်လို့ မထင်ထားခဲ့ဘူး။"
"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က တကယ့်တော့ တာအိုကျင့်ကြံသူဖြစ်နေတာပဲ။ သူက နက်နက်ရှိုင်းရှိုင်းကိုပုန်းနေတာပဲ။ ဒီခေတ်ရဲ့ပထမဆုံးတာအိုကျင့်ကြံသူဖြစ်ရမယ်။"
"မင်းတို့ သတိထားမိကြလား။ ချီမင်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်မှာပဲရှိသေးတယ်။"
"ဘာ။"
"ချီမင်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်နဲ့ အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်လီရှန်းကိုသတ်ခဲ့တာလား။ သူတို့နှစ်ယောက်လုံးက တာအိုကျင့်ကြံသူတွေလေ။"
"ချီမင် သူ..."
တိုက်ပွဲမြေပြင်ပေါ်တွင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက အခြေအနေကိုတဖြည်းဖြည်းနားလည်လာခဲ့သည်။
"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်" ချီဟုန်လင်းက ကောင်းကင်တာအိုရတနာများကိုထုတ်ယူကာ ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့်ဖုန်းယုတို့၏တိုက်ခိုက်မှုကိုတားဆီးနေသည်။ သူက ချီမင်ကိုကြည့်ကာဆိုသည်။"သူက တာအိုကျင့်ကြံသူပဲ။"
"ချီမင်" တာအိုဂိုဏ်း၏အကြည့်ကအေးစက်သွားခဲ့သည်။"မင်းက လီရှန်းကိုသတ်ခဲ့တာပဲ။"
လီရှန်းသည် တာအိုဂိုဏ်း၏ကျင့်ကြံသူဖြစ်သည်။
အခု ချီမင်က လီရှန်းကိုသတ်လိုက်ပြီဖြစ်သည်။ တာအိုဂိုဏ်း၏ဂိုဏ်းချုပ်က သဘာဝအတိုင်းဒေါသထွက်သွားခဲ့သည်။ သူ့ကိုမုန်းတီးတယ်ဆိုတာ သာမန်ပေ။
တာအိုဂိုဏ်း၏ဂိုဏ်းချုပ်က အသက်ပြင်းပြင်းရှုကာ စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။ သူက ဂရုတစိုက်ခွဲခြမ်းစိတ်ဖြာလိုက်သည်။"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကလည်း နက်နက်နဲနဲဖုံးကွယ်ထားတာပဲ။ သူက တာအိုကျင့်ကြံသူဆိုတာ ဘယ်သူမှမသိဘူးပဲ။"
"ဒီခေတ်ကာလကပ်ဘေးဒုက္ခမှာ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က သေချာပေါက်နောက်ဆုံးအနိုင်ရသူဖြစ်လာလိမ့်မယ်။ချီမင်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ပဲရှိသေးတယ်။ ချီမင်က လီရှန်းကိုသတ်နိုင်ရင်တောင် သူက သေချာပေါက် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။"
"ဘယ်သူက အနိုင်ရသူဖြစ်လာမလဲ။"
ထိုအခိုက်စစ်မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အင်မော်တယ်များက ကြည့်နေကြသည်။
ချီမင်၏ခန္ဓာကိုယ်ပေါ်တွင် အလင်းမြူခိုးများ ပျံ့နှံ့လာသည်။ အင်မော်တယ်သလင်းကျောက်များ ထည့်လိုက်သောကြောင့် ကမ္ဘာဦးခရမ်းရောင်အလင်းများ တောက်ပလာသည်။ သူက အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုသုံးလျက် ကောင်းကင်ဖန်တီးခြင်းကြေးမုံကို သန့်စင်ထားသည်။
အချိန်တိုလေးအတွင်းမှာ ချီမင်သည် ကောင်းကင်ဖန်တီးခြင်းကြေးမုံကိုထိန်းချုပ်နိုင်သွားခဲ့သည်။
သူက လီရှန်း၏တာအိုမျိုးစေ့ကို စုပ်ယူရင်း အဆက်မပြတ်သန့်စင်နေခဲ့သည်။ သူ၏ခေါင်းထက်မှကောင်းကင်နှင့်မြေကြီးမဟာတာအိုမီးပြင်းဖိုထဲတွင် မဟာတာအိုအင်မော်တယ်ဝင်ပေါက်များက ပေါင်းစပ်နေသည်။
မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားကို စတင်ပျိုးထောင်ပေးနေခဲ့သည်။
ချီမင်က အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်သို့ ချိုးဖြတ်တော့မည်ဖြစ်သည်။
"ကောင်းလိုက်တဲ့အကွက်။"
ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က တစ်ချက်ကြည့်လိုက်သည်နှင့်အနည်းငယ်အံ့အားသင့်သွားခဲ့သည်။"ချီမင် မင်းက ကောင်းကင်ဖန်တီးခြင်းကြေးမုံကိုအချိန်တိုအတွင်းသန့်စင်နိုင်တာပဲ။ ကြည့်ရတာ မင်းက ကောင်းကင်ဖန်တီးခြင်းကြေးမုံရဲ့စွမ်းအားကို နားလည်ဆုပ်ကိုင်သွားနိုင်ပြီဖြစ်မယ်။"