← Chapters

ပြင်းထန်သည့်တိုက်ပွဲ။

Vol. 27 Ch. 397

ပြင်းထန်သည့်တိုက်ပွဲ။

Vol. 27 Ch. 397

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ပြင်းထန်သည့်ဖိအားကိုဝေဝေဝါးဝါးခံစားလိုက်ရသည်။ ချီမင်၏ခန္ဓာကိုယ်ပေါ်မှအရှိန်အဝါက ပိုပြီးသန်မာလာသောကြောင့် သူ၏အမူအရာက လေးနက်တည်ကြည်လာသည်။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ဆက်၍ပြောသည်။"မင်းက တကယ့်ကိုတော်ပါပေတယ်။ တာအိုကျင့်ကြံသူလီရှန်းကိုသတ်နိုင်တာ အံ့ဩစရာတော့မရှိပါဘူး။ ငါသာမရှိရင် မင်းက ဒီခေတ်ကာလကပ်ဘေးဒုက္ခမှာ အင်မော်တယ်နယ်ပယ်ကိုကျော်ဖြတ်ပြီး ကောင်းကင်အရှင်နယ်ပယ်ကိုခြေချနိုင်လိမ့်မယ်။မင်းက ဥပဒေသကောင်းကင်အရှင်တစ်ဦးဖြစ်လာလိမ့်မယ်။"

"ကံမကောင်းတာက.."ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ခေါင်းခါလိုက်သည်။"မင်းက တာအိုမျိုးစေ့ကို တာအိုသက်သေပြခြင်းသစ်သီးအဖြစ် မရင့်မှည့်ခင် ဝါးမျိုလိုက်တာပဲ။ ငါအခု မင်းကိုသတ်ပြီးထုတ်ယူရုံပဲရှိတော့တယ်။"

"အခု..."

"မင်းနဲ့ငါကြားမှာ တစ်ယောက်ပဲအသက်ရှင်နိုင်မယ်။"

"မင်းကိုယ်တိုင် ဒီလမ်းကိုရွေးခဲ့တာပဲ။"

"အဲ့တော့။" ချီမင်က ဂရုမစိုက်ပေ။ သူက မထူးမခြားနားပြုံးကာ လက်ဝေ့ယမ်းလိုက်သည်။ ကောင်းကင်ဖန်တီးခြင်းကြေးမုံက ပျံသန်းလာပြီး အလင်းများ တောက်ပလာသည်။ ၎င်းကို ကမ္ဘာဦးခရမ်းရောင်အလင်းရောင်ဖျော့ဖျော့လေးဖြင့် ဖုံးအုပ်နေသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည် စွမ်းအားတိုးမြှင့်ပေးထားခြင်းဖြစ်၏။

ကောင်းကင်ဖန်တီးခြင်းကြေးမုံ၏ပစ္စည်းစိတ်ဝိညာဉ်ကပေါ်လာတော့သည်။ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်သည်။ သူက ချီမင်ကိုဦးညွှတ်ကာ လေးစားမှုအပြည့်ဖြင့် သခင်အဖြစ် အသိမှတ်ပြုလိုက်သည်။

ကောင်းကင်ဖန်တီးခြင်းကြေးမုံ၏ပစ္စည်းစိတ်ဝိညာဉ်က နှုတ်ဆက်လိုက်၏။"သခင်။"

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။

ထို့နောက် သူက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကိုလှမ်းကြည့်ကာ အသံနိမ့်နိမ့်ဖြင့်ဆိုသည်။"ပြပွဲက အခုမှစမှာ။"

"ဖန်တီးခြင်းနတ်ဘုရားအလင်း။" ချီမင်က အော်ဟစ်ကာ ကောင်းကင်ဖန်တီးခြင်းကြေးမုံကိုထိန်းချုပ် လိုက်သည်။ မျက်စိကျိန်းဖွယ်အလင်းများတောက်ပလာခဲ့ပြီး ကြေးမုံထဲမှအလင်းတိုင်ကြီး တစ်ခုထွက်လာကာ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကိုတိုက်ခိုက်လိုက်သည်။

"ဒါက..."

ချင်ဖေးယွမ်၏အမူအရာက အနည်းငယ်ထိတ်လန့်သွားသည်။"ဂျူနီယာညီလေး သူ ဒီလောက်အချိန်တိုလေးအတွင်းမှာ ကောင်းကင်ဖန်တီးခြင်းကြေးမုံကို အပြည့်အဝသန့်စင် နိုင်လိုက်တာပဲ။

"ချီမင်က အတော်လေးကိုလုပ်နိုင်စွမ်းရှိတာပဲ။"

"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က သူ့ကိုဘယ်လိုရင်ဆိုင်မလဲ။"

ချီဟုန်လင်းနှင့်အခြားသောသူများကလည်း ကြည့်ကာဆွေးနွေးနေကြသည်။

"မင်းက ရုန်းကန်နေတုန်းပဲကို။" ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က အေးစက်စွာနှာခေါင်းရှုပ်လိုက် သည်။ သူက လက်မြောက်ကာ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်ကိုဆင့်ခေါ်လိုက်သည်။ အချပ်ပြားကြီးက လှည့်ပတ်ကာ ပျံသန်းသွားသည်မှာ အနက်ရောင်အလင်းတိုင်ကြီးတစ်ခု ပြေးတက်လာသည့်အလားပင်။

ပေါက်ကွဲသံတစ်သံ ထွက်လာသည်။

ဖန်တီးခြင်းနတ်ဘုရားအလင်းနှင့်ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်တို့မှာ ထိပ်တိုက် တွေ့သွားသည်။ နှစ်ဖက်က အကြမ်းပတမ်းတိုက်ခိုက်နေသည်။ ၎င်းက ထိပ်တန်းအဆင့် လူလုပ်ကောင်းကင်တာအိုရတနာနှစ်ခုကြားမှတိုက်ပွဲဖြစ်သလို ချီမင်နှင့်ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်တို့ကြားမှတိုက်ပွဲလည်းဖြစ်သည်။

နှစ်များတလျှောက် ကောင်းကင်ဖန်တီးခြင်းကြေးမုံနှင့်ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်တို့က အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။ နှစ်ဖက်၏စွမ်းအားက အင်မတန်မှကို ဘက်ညီနေခဲ့သည်။

ချီမင်၏ဓမ္မစွမ်းအားများက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ထက် အနည်းငယ်နိမ့်ကျသည်။ တိုက်ပွဲအတွင်းတွင် ဖန်တီးခြင်းနတ်ဘုရားအလင်းက ဖိနှိပ်ခံလိုက်ရသည်။

ဘုန်း။

အသံကျယ်ကြီးထွက်လာသည်။

ဖန်တီးခြင်းနတ်ဘုရားအလင်းက ပြိုကွဲသွားပြီး ကောင်းကင်ဖန်တီးခြင်းကြေးမုံက လွင့်ထွက်သွားတော့ သည်။ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်အင်မော်တယ်အလင်း၏ နောက်ဆက်တွဲအဟုန်က ချီမင်၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာပြီး သူ၏ခုခံစစ်များကို ပြိုကွဲသွားစေသည်။

ချီမင်က သွေးအန်ကာ လွင့်ထွက်သွားသည်။

"ပြန်လာခဲ့"

ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ သူ၏လက်ထဲသို့ ကောင်းကင်ဖန်တီးခြင်းကြေးမုံက လျင်မြန်စွာဖြင့် ပြန်ရောက်လာသည်။ သို့ပါသော်လည်း ကောင်းကင်ဖန်တီးခြင်းကြေးမုံမှ နတ်ဘုရားအလင်းက အနည်းငယ်မှိန်ဖျော့သွားသည်။ တိုက်ပွဲထဲတွင် ကောင်းကင်ဖန်တီးခြင်းကြေးမုံက ထိခိုက်သွားခဲ့သည်။

အချိန်နေရာလွတ်တံခါးနှင့်ကံကြမ္မာမြွေလက်ပတ်တို့ကလည်း တိုက်ပွဲအတွင်းတွင် များစွာထိခိုက်သွားခဲ့သည်။

"ပြဿနာတော့များပြီ။"

ချင်ဖေးယွမ်၏အကြည့်က လေးနက်နေသည်။"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က အရမ်းသန်မာတယ်။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်တာအိုကျင့်ကြံသူပဲ။ သူက အံ့ဖွယ်စွမ်းအားတွေအများကြီးကိုနားလည်ထားတယ်။ တိုက်ခိုက်ရေးအတွေ့အကြုံတွေ လည်းအများကြီးရှိတယ်။"

"ဂျူနီယာညီလေးက တာအိုကျင့်ကြံသူဆိုပေမဲ့ သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ် နှောင်းပိုင်းအဆင့်ပဲရှိသေးတယ်။ သူက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ထက် အဆင့်ကြီးတစ်ဆင့် နိမ့်တယ်။ သူက ပြိုင်ဘက်မဖြစ်နိုင်ဘူး။"

"ထင်ထားတဲ့အတိုင်းပဲ။"

တာအိုဂိုဏ်း၏ဂိုဏ်းချုပ်ကဆိုသည်။"ချီမင်က အရမ်းသန်မာတယ်။ကောင်းကင်ဖန်တီးခြင်းကြေးမုံကိုလည်း အချိန်တိုလေးအတွင်းမှာ သန့်စင်နိုင်တယ်။ဒါပေမဲ့ သူက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်နဲ့တော့ မယှဉ်နိုင်ဘူး။"

"လက်ရှိအခြေအနေအရ ချီမင်သေဖို့ဆိုတာ အချိန်တစ်ခုပဲလိုတော့တယ်။" ချီဟုန်လင်းကဆိုသည်။

"စီနီယာအစ်ကိုချီမင်..."

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေ၏မျိုးနွယ်သခင်များ၏အမူအရာများက အင်မတန်လေးနက်လာသည်။

ချီမင်သာ ရှုံးပြီး ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကအနိုင်ရသွားခဲ့ရင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတစ်ခုလုံးက သေချာပေါက် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကြောင့် ဖျက်ဆီးခံရမည်ဖြစ်သည်။သူတို့က လွတ်မြောက်နိုင်မည်မဟုတ်ပေ။

"စီနီယာအစ်ကိုချီ။"

"မျိုးနွယ်သခင် ချီမင်။"

"ခင်ဗျား နိုင်ရမယ်။"

“…”

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေမှမျိုးနွယ်သခင်များနှင့် မဟာအကြီးအကဲများက အော်ဟစ်လိုက်သည်။

“ဟားဟား..."

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်မှအင်အားသည် ပို၍သန်မာလာ၏။"နိုင်ရမယ်ဟုတ်လား။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ အဓိပ္ပာယ်ကိုမရှိဘူး။ ချီမင်က ငါ့ကိုဘယ်လိုအနိုင်ယူမှာလဲ။"

"ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်။"

ဘုန်း!!

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က အော်လိုက်သည်။ အတွေးတစ်ချက်ဖြင့် သူက ကိုယ်ပိုင်အင်မော်တယ်ရတနာကိုထုတ်ယူလိုက်သည်။ ၎င်းက သုံးချောင်းထောက် ကြေးနီရောင် ဒယ်စောက်တစ်ခုဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏မြင်ကွင်းများထွင်းထုထားခဲ့ပြီး မယှဉ်သာလောက်ပြင်းထန်သောစွမ်းအားများ ပါဝင်နေသည်။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏ကိုယ်ပိုင်အင်မော်တယ်ရတနာသည် ထိပ်တန်းအဆင့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်သို့ ရောက်သွားတာကြာပြီဖြစ်သည်။ တာအိုကျင့်ကြံသူဖြစ်သည်နှင့်အတူ ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်က သာမန်ကောင်းကင်တာအိုရတနားများထက်ပို၍အားကောင်းသည်။

"ဒါက..."

"နောက်ထပ်ကောင်းကင်တာအိုရတနာလား။"

"မဟုတ်ဘူး။ မဟုတ်လောက်ဘူး။"

"အဲ့ဒါက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ရဲ့ ကိုယ်ပိုင်အင်မော်တယ်ရတနာပဲ။"

"ကောင်းကင်တာအိုရတနာမဟုတ်ပေမဲ့ သာမန်ကောင်းကင်တာအိုရတနာထက်ပိုအားကောင်းတယ်။"

“…”

အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ပြောနေကြသည်။

နောက်တခဏမှာ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ညာဘက်လက်ကို ဝေ့ယမ်းလိုက် သည်။သူ့အနားတွင် မတူညီသည့်ကောင်းကင်တာအိုရတနာငါးခုပေါ်လာသည်။ ၎င်းတို့က မိုးမြေကိုပင်ဖိနှိပ်နိုင်သည့်စွမ်းအားကြီးအရှိန်အဝါများထုတ်လွှတ်နေသည်။

"ကောင်းကင်နှင့်မြေကြီးဓာတ်ငါးပါးကျောက်စိမ်းချိတ်စည်း။"

၎င်းက ဓာတ်ငါးပါး၏စွမ်းအားကိုကိုယ်စားပြုသည့် အရောင်ငါးရောင်ကျောက်စိမ်းချိတ်စည်းဖြစ်သည်။ ၎င်းက အင်မတန်ကြောက်မက်ဖွယ်ကောင်းသည့်အရှိန်အဝါများထုတ်လွှတ်နေသည်။

၎င်းက အဆင့်မြင့်လူလုပ်ကောင်းကင်တာအိုရတနာဖြစ်သည်။

"အချိန်စစ်မှန်ဓား။"

ဓားအော်သံတစ်ချက်ထွက်လာပြီး အချိန်၏ထူထဲသည့် အငွေ့အသက်များမြင့်တက်လာခဲ့သည်။ ရှေးကျပြီး လက်သုံးချောင်းဗျက်ပမာရှိသည့် ဓားတစ်လက်ဖြစ်သည်။ ဓားကိုယ်ထည်တွင် ထူးဆန်းသည့်ပုံစံကွက်များရေးထိုးထားပြီး အချိန်မြစ်ကိုဖြတ်တောက်ထားခဲ့သည့်အလားပင်။

၎င်းကလည်း အဆင့်မြင့်လူလုပ်ကောင်းကင်တာအိုရတနာဖြစ်သည်။

"ကောင်းကင်ဘုရင်နတ်ဘုရားတူ။"

"အသင်္ချေရတနာ သံချပ်ဝတ်ရုံ။"

"သုံးဆယ့်ခြောက်ဂိတ်။"

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် မတူညီသည့်ကောင်းကင်တာအိုရတနာငါးမျိုးကို ထုတ်ယူလိုက်သည်။ ၎င်းတို့က မတူညီသည့်အမျိုးအစားများပင်။ ခုခံခြင်း၊တိုက်ခိုက်ခြင်းနှင့်ထောက်ပံ့ခြင်းတို့ကဲ့သို့ပင်။ ကောင်းကင်တာအိုရတနာတိုင်းက အဆင့်မြင့်ရတနာဖြစ်ပြီး ချီမင်၏ကံကြမ္မာမြွေလက်ပတ်ထက်မနိမ့်ကျပေ။

"ကောင်းကင်တာအိုရတနာ ငါး..ငါးခု။"

"ဟူး..."

"ကြောက်ဖို့ကောင်းသွားပြီ။"

"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ဆိုတဲ့အတိုင်းပဲ။ သူမှာ ကောင်းကင်တာအိုရတနာတွေအများကြီးရှိတယ်။"

"ချီမင်တော့ ဒီတစ်ခါတကယ်သေပြီ။"

အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက အံ့ဩသွားခဲ့သည်။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် ကောင်းကင်တာအိုရတနာများ၏စွမ်းအားကို လှုံ့ဆော်လိုက်သည်။ ကြောက်ဖက်ဖွယ်ကောင်းသည့်ဖိအားက နေရာလွတ်ကိုတောင် အက်ကွဲသွားစေသည်။"သေဖို့သာပြင်ထားတော့။"

ဘုန်း။

ချက်ချင်းပဲ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ကောင်းကင်နှင့်မြေကြီးဓာတ်ငါးပါးကျောက်စိမ်းချိတ်စည်း၊ အချိန်စစ်မှန်ဓား၊ ကောင်းကင်ဘုရင်နတ်ဘုရားတူ၊အသင်္ချေရတနာ သံချပ်ဝတ်ရုံ၊ သုံးဆယ့်ခြောက်ဂိတ်နှင့် ပြည်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ် ဟူသောစုစုပေါင်းကောင်းကင်တာအိုရတနာခြောက်ခုကို ထိန်းချုပ်လိုက်သည်။ထွက်ပေါ်လာသည့်စွမ်းအားအသီးသီးက အလင်းတိုင်ကြီးခြောက်တိုင်အဖြစ်ပြောင်းလဲကာ ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်ထဲသို့ တိုးဝင်သွားသည်။

ထိုအခိုက်တွင် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏ကိုယ်ပိုင်အင်မော်တယ်ရတနာ ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်က ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်သို့ ရောက်ရှိသွားတော့သည်။၎င်းက အရှင်နယ်ပယ်တည်ရှိများကိုပင် ခြိမ်းခြောက်နိုင်လာသည်။

"ဖိနှိပ်။"

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ခေါင်းမော့ကာ ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်ကို ထိန်းချုပ်လျက် ချီမင်ကိုပစ်မှတ်ထားလိုက်သည်။ ခမ်းနားသည့်ခရမ်းရွှေရောင်အလင်းတိုင်ကြီးက ချီမင်ကိုတိုက်ခိုက်လိုက်သည်။

အလင်းတိုင်ဖြတ်သွားရာနေရာတိုင်းတွင် အရာခပ်သိမ်းက ပြိုလဲသွားခဲ့သည်။ ခုခံဖို့ရာ မဖြစ်နိုင်ပေ။ နေရာလွတ်ကပြိုကွဲသွားပြီး အထက်ကမ္ဘာ၏အရံအတားများကလည်း ပြိုလဲလုနီးပါးပေ။

စွမ်းအားကြီးပါ၏။

"ဂျူနီယာညီလေး..."

ချင်ဖေးယွမ်၏မျက်လုံးများက ကြောက်လန့်တကြားပြူးကျယ်သွားခဲ့သည်။ သူက အော်လိုက်သည်။"သတိထား။ ရှောင်လိုက်။"

"စီနီယာအစ်ကိုချီမင်..."

"မျိုးနွယ်သခင် ချီမင်။"

"ဂရုစိုက်။"

“…”

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များက အော်လိုက်ကြသည်။

"ချီမင်တော့ သွားပြီ။"

"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ရဲ့ရိုက်ချက်က သန်မာလွန်းတယ်။"

"ချီမင်တော့ မတားဆီးနိုင်လောက်ဘူး။ ခုခံဖို့က မဖြစ်နိုင်ဘူး။"

“…”

တာအိုဂိုဏ်း၏ဂိုဏ်းချုပ်၊ချီဟုန်လင်းနှင့်ကျန်သောသူများက ထိတ်လန့်သွားသည်။

"သခင်။"

ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓ၊ဖုန်းယုနှင့်ကျန်သောသူများက ကူညီချင်ပေမဲ့ နောက်ကျသွားပြီဖြစ်သည်။ သူတို့က အလျင်အမြန်အပြေးသွားလျှင်ပင် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏တိုက်ခိုက်မှုကို တားဆီးနိုင်မည်မဟုတ်ပေ။

"ကောင်းကင်ဖန်တီးခြင်းကြေးမုံ၊ကံကြမ္မာမြွေလက်ပတ်၊အချိန်နေရာလွတ်တံခါး၊ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကား။"

ထိုအခိုက်တွင် ချီမင်က ရန်သူကိုအစွမ်းကုန်တိုက်ခိုက်လိုက်သည်။ သူ ကျင့်ကြံခြင်းနည်းစနစ်များကို အကန့်အသတ်ထိလည်ပတ်လိုက်သည်။ သူက ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ မြေနီမှုန့်၏လက်ထဲမှ ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကားက လျင်မြန်စွာဖြင့် နေရာလွတ်ကိုဖြတ်သန်းကာ ချီမင်၏လက်ထဲသို့ပြန်ရောက်လာသည်။

“သွား!”

ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကားကို ပထမဆုံးသုံးလိုက်သည်။ စကြဝဠာ၏စွမ်းအားက ပေါက်ကွဲထွက်လာပြီး ကမ္ဘာဦးခရမ်းရောင်အလင်းလွှာကိုဖုံးအုပ်သွားတော့သည်။ ချီမင်၏လက်ထဲ၌ စွမ်းအားက အကန့်အသတ်ထိပေါက်ကွဲထွက်ပေါ်လာသည်။

ဘုန်း။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏စွမ်းအားပြည့်ရိုက်ချက်နှင့်ရင်ဆိုင်ရတော့ ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကားတစ်ခုတည်းနှင့် မလုံလောက်တော့ပေ။

တိုက်ပွဲတိုလေးအပြီးနောက်မှာ ကောင်းကင်နှင့်မြေကြီးစကြဝဠာက ရှုံးနိမ့်သွားခဲ့သည်။ စကြဝဠာ၏စွမ်းအားက ပျောက်ကွယ်သွားခဲ့သည်။ခရမ်းရွှေရောင်အလင်းတိုင်ကြီးက အစီအရင်တစ်ခုလုံးကိုဖြတ်တောက်သွားသောကြောင့် အပြင်းအထန်ထိခိုက်သွားတော့သည်။

ပစ္စည်းစိတ်ဝိညာဉ်စကြဝဠာက ကြောက်လန့်တကြားအော်ဟစ်လိုက်ရကာ ပြိုကွဲသွားလုနီးပါးပင်။ မပြည့်စုံတော့သည့် ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီးကာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။

နောက်တခဏမှာ အချိန်နေရာလွတ်တံခါးကလည်း အပြင်းအထန်ပျက်စီးသွားသည်။ ပစ္စည်းစိတ်ဝိညာဉ်မူလဇာစ်မြစ်က အော်ဟစ်လိုက်သည်။ သူ့ပုံရိပ်က ပိုပြီးအတုအယောင် ဆန်လာသည်။ အချိန်နေရာလွတ်တံခါးပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။အက်ကွဲသွားသည့် အချိန်နေရာလွတ်တံခါးက ပြုတ်ကျလာသည်။

ဝေါင်း!

ဘုန်း!!

အသံကျယ်ကြီးထွက်လာသည်။

ကံကြမ္မာစပါးကြီးမြွေကလည်း ရှုံးနိမ့်သွားသည်။ ခရမ်းရွှေရောင်အလင်းတိုင်းကြီးက မယှဉ်သာလောက်အောင်ကြီးမားသည့် မြွေကိုယ်ထည်ကြီးကိုဖြတ်တောက်သွားတော့သည်။ ကံကြမ္မာမြွေလက်ပတ်ကလည်း အက်ကွဲကြောင်းများဖြင့်ပြည့်နှက်ကာ ဒဏ်ရာအပြင်းအထန် ရသွားတော့သည်။

နောက်ဆုံးမှာတော့ ကောင်းကင်ဖန်တီးခြင်းကြေးမုံသာ ကျန်ခဲ့သည်။ ချီမင်၏ထိန်းချုပ်မှုအောက်တွင် မယှဉ်သာလောက်အောင်ကြီးမားသည့် ကြေးမုံတစ်ချပ်အဖြစ်ပြောင်းလဲသွားတော့သည်။ သို့ပါသော်လည်း သူ့ရှေ့တွင် ဒိုင်းကားတစ်ချပ်သဖွယ် ကာကွယ်ပေးလိုက်သည်။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏စွမ်းအားပြည့်ရိုက်ချက်ကို ကောင်းကင်တာအိုရတနာများက ခုခံလိုက်သောကြောင့် ထိုစွမ်းအားက အနည်းငယ်အားနည်းသွားသည်။သို့ပေမဲ့ များစွာတော့ အားမနည်းသွားပေ။

ဘုန်း!!

နောက်ထပ်မြေပြင်ကိုလှုပ်ခါသွားစေသည့် ပေါက်ကွဲသံကြီးထွက်လာသည်။

ခရမ်းရွှေရောင်အလင်းတန်းက ချီမင်၏ကောင်းကင်ဖန်တီးခြင်းကြေးမုံကို ထိပ်တိုက်ထိသွားပြီးနောက်မှာ ကြီးမားသည့်ပေါက်ကွဲသံကြီးထွက်လာခဲ့သည်။ စွမ်းအင်လှိုင်းများက ရေစီးကြောင်းများသဖွယ် ပျံ့နှံ့သွားသည်။

ချီမင်က အင်အားကုန်သုံးကာ ခုခံလိုက်ရသည်။သို့ပေမဲ့ ခရမ်းရွှေရောင်အလင်းတိုင်က ကောင်းကင်ဖန်တီးခြင်းကြေးမုံ၏ခုခံစစ်ကိုဖြတ်ကျော်ကာ တိုက်ခိုက်လိုက်သောကြောင့် ချီမင်က ထိခိုက်သွားတော့သည်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။

All Chapters