← Chapters

ကောင်းကင်နှင့်မြေကြီးမဟာတာအိုမီးပြင်းဖိုအက်ကွဲသွားခြင်း၊မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားသိပ်သည်းသွားခြင်း။

Vol. 27 Ch. 398

ကောင်းကင်နှင့်မြေကြီးမဟာတာအိုမီးပြင်းဖိုအက်ကွဲသွားခြင်း၊မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားသိပ်သည်းသွားခြင်း။

Vol. 27 Ch. 398

သိပ်မကြာခင်မှာပဲ ကောင်းကင်ဖန်တီးခြင်းကြေးမုံ၏အလင်းတန်းများက တဖြည်းဖြည်းပျောက်ကွယ် သွားသည်။ ၎င်းက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏စွမ်းအားပြည့်ရိုက်ချက်ကို တကယ် မခုခံနိုင်ပေ။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏စွမ်းအားက ပုံမှန်အတွေးအမြင်များထက် ကျော်လွန်သွားခဲ့သည်။

ချီမင်၏လက်ရှိအခြေအနေအရ သူက မဟာတာအိုအင်မော်တယ်လက်ချောင်းကိုသုံးလျှင်ပင် သူက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကို အနည်းငယ်လေးတောင် မခုခံနိုင်ပေ။ ထို့ပြင် ချီမင်သည် မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)တို့ကိုပေါင်းစပ်ပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုမီးပြင်းဖိုအဖြစ်ပြောင်းလဲထားပြီဖြစ်သည်။ သူက မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားကို သိပ်သည်းရန် တာအိုမျိုးစေ့ကို သန့်စင်ပေါင်းစပ်ထားဆဲဖြစ်သည်။

အခု ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏ဖိအားအောက်တွင် သူက အောင်မြင်တော့မည်ဖြစ်သည်။

"ဒါက..."

"ချီမင်က ထပ်ပြီး မတောင့်ခံထားနိုင်တော့ဘူး။"

"ကောင်းကင်ဖန်တီးခြင်းကြေးမုံက သိပ်ကြာကြာမခံနိုင်လောက်ဘူး။"

"ချီမင်က ရှုံးတော့မယ်။"

"မြန်မြန်ကြည့်စမ်း။ ချီမင်ရဲ့ခေါင်းပေါ်က မီးပြင်းဖိုလိုဟာကြီးက အက်ကွဲလာတယ်။ ကြည့်ရတာ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ရဲ့စွမ်းအားကိုမခံနိုင်တော့ဘူးထင်တယ်။"

"မဟုတ်ဘူး။ မဟုတ်လောက်ဘူး။"

"ငါ အခုသတိရပြီ။ ချီမင်က သူ့ရဲ့အသန်မာဆုံးနည်းစနစ်ကိုသုံးပြီး လီရှန်းကိုသတ်ထားတာမလား။ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လက်ချောင်းက လီရှန်းကိုနေရာမှာတင်သတ်ဖြတ်သွားတာ။ သူက ကမ္ဘာဦးပြည်နယ်တစ်ခုလုံးကိုတောင် နှစ်ခြမ်း ခွဲပစ်လိုက်တယ်။ အဲ့ဒါကြောင့် ချီမင်မှာ သူ့ရဲ့အသန်မာဆုံးနည်းစနစ်ရှိသေးတယ်။"

"အဲ့ဒါဆို ဘာလိုသူမသုံးသေးတာလဲ။"

"သူသာ အဲ့ဒီနည်းစနစ်ကိုသုံးရင် နိုင်နိုင်သေးတယ်။"

“…”

ပတ်ဝန်းကျင်တွင် ချီမင်တာအိုလက်ချောင်းသုံးသည်ကို မြင်ခဲ့သော အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက မေးခွန်းများဖြင့်ပြည့်နှက်သွားခဲ့သည်။ သူတို့က ချီမင်ဘာကြောင့် မသုံးသေးလဲဆိုတာ နားမလည်နိုင်ပေ။

"သေလိုက်တော့။" ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ထပ်မံအော်လိုက်သည်။ သူ၏လက်နှစ်ဖက်ကိုဖိကာ ဓမ္မစွမ်းအားများကိုတိုးမြင့်လိုက်သည်။ ခရမ်းရွှေရောင်အလင်းတိုင်ကြီးက ပိုပြီးခမ်းနားတောက်ပလာကာ ၎င်း၏အင်အားက ထပ်မံတိုးမြင့်သွားသည်။

ဘုန်း။

ကောင်းကင်ဖန်တီးခြင်းကြေးမုံ၏အလင်းရောင်က လျင်မြန်စွာဖြင့်မှေးမှိန်သွားသည်။

ချီမင်က ပါးစပ်အပြည့်သွေးတစ်လုတ် အန်လိုက်ရသည်။

တစ်ချိန်တည်းမှာ ချီမင်၏ခေါင်းထက်မှကောင်းကင်နှင့်မြေကြီးမဟာတာအိုမီးပြင်းဖိုသည် လျင်မြန်စွာ အက်ကွဲလာသည်။ အက်ကွဲရာများသည် မြေပြင်ပေါ်သို့ကျသွားသော ကြွေထည်အလား ပေါ်လာသည်။

"ဖရိုဖရဲမဟာတာအိုကျမ်း" ချီမင်က ကောင်းကင်ကိုကြည့်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူက ကျင့်ကြံခြင်းနည်းစနစ်များကို အကန့်အသတ်ထိ လည်ပတ်လိုက်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက သူ့ခန္ဓာကိုယ်ကိုကာကွယ်ပေးလာသည်။

နောက်တခဏမှာ အသံကျယ်ကြီးထွက်လာပြီး ချီမင်၏ခေါင်းထက်မှကောင်းကင်နှင့်မြေကြီး မဟာတာအိုမီးပြင်းဖိုသည် လုံးဝကိုကြာပန်းများပွင့်လန်းလာသည့်အလား အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားသည်။ အပိုင်းအစတိုင်းက ကြာပန်းပွင့်ချပ်လေးအလားပင်။

"ဒါက.."

"ချီမင်ရဲ့အင်မော်တယ်ဝင်ပေါက်..."

"ပေါက်ကွဲထွက်သွားပြီ။"

"ပြီးပြီ။"

"ချီမင်တော့ လုံးဝအဆုံးသတ်သွားပြီ။"

"သူ့ရဲ့အင်မော်တယ်ဝင်ပေါက်က ပျက်စီးသွားပြီ။သူသေချာပေါက် သေပြီ။"

"ထင်ထားတဲ့အတိုင်းပဲ.."

"အဆုံးမှာတော့ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ပိုပြီးသန်မာတယ်။ သူက ပိုသန်မာတယ်။"

"ချီမင်တော့ ရှုံးပြီ။"

အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ထပ်ခါတလဲလဲပြောလာသည်။

"ဂျူနီယာညီလေး..."

ချင်ဖေးယွမ်က အော်ဟစ်လိုက်သည်။

"မဟုတ်ဘူး။"

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏အင်မော်တယ်ဘုရင်များကလည်း အော်ဟစ်လိုက်သည်။

"ဟားဟားဟား..ဟားဟားဟား..."

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ခဏလောက်ကြောင်အသွားပြီးမှ ပြန်တုံ့ပြန်လာသည်။ သူက ချီမင်၏အင်မော်တယ်ဝင်ပေါက်များ ပြိုကွဲသွားသည်ကိုမြင်ပြီး ရယ်မောလိုက်သည်။ သူ၏အသံကပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။ အချိန်အကြာကြီးတိုက်ခိုက်ပြီးနောက်မှာ သူက အနိုင်ရတော့မည်ဖြစ်သည်။ သူက အင်မတန်စိတ်လှုပ်ရှားသွားသည်။"ချီမင်အိုးချီမင်။ မင်းတော့ ရှုံးပြီ။ ငါလက်ထဲမှာပဲ သေရတော့မယ်။"

"ငါက နောက်ဆုံးအနိုင်ရတဲ့သူပဲ။"

ရုတ်တရက် မမျှော်လင့်ထားသည့်ကိစ္စတစ်ခုဖြစ်သွားသည်။

ကောင်းကင်နှင့်မြေကြီးမဟာတာအိုမီးပြင်းဖိုကိုဗဟိုပြုပြီး သေဆုံးခြင်းလည်းမဟုတ်သလို ပျက်စီးခြင်းလည်းဖြစ်ပေါ်မလာပေ။ ထိုအစား ကောင်းကင်နှင့်မြေကြီးမဟာတာအိုထံမှ အသက်စွမ်းအားတစ်ခုမွေးဖွားလာခဲ့သည်။

မမြင်နိုင်သည့်လှိုင်းဂယက်လေးများထွက်လာခဲ့သည်။

ကမ္ဘာဦးခရမ်းရောင်အလင်းရောင်များ ထွန်းတောက်လာသည်။ ထူထဲသည့်အော်ရိုရာအလင်းတန်းလေးများမှာ ဖြေးညှင်းစွာဖြင့် ပျံ့နှံ့သွားပြီး အရပ်မျက်နှာအနှံ့တွင် တောက်ပလာသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုတေးသံများ ထွက်ပေါ်လာသည်။

(အော်ရိုရာဆိုတာ မြောက်ဝင်ရိုးစွန်းဒေသလိုနေရာမျိုးမှာ ကောင်းကင်ပေါ်မှာအလင်းတန်းတွေပေါ်လာတာမျိုးပါ။)

ကမ္ဘာဦးခရမ်းရောင်အလင်းထဲတွင် ထူးခြားဆန်းကြယ်သည့် မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသား တစ်ခုက ဖြေးညှင်းစွာဖြင့် သိပ်သည်းလာသည်။ ၎င်းက ကမ္ဘာဦးခရမ်းရောင်အလင်းကို ထုတ်လွှတ်လာခဲ့သည်။ ချီမင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအို၏နားလည်ဆင်ခြင်မှုများသည် အစောပိုင်းအဆင့်:အသေးစားနားလည်မှု အသေးစားအောင်မြင်မှုကို အကန့်အသတ်ထိရောက်သွားပြီဖြစ်သည်။

သူက အသေးစားအသေးစားနားလည်မှုအကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်း သာလိုတော့သည်။

"ဒါက.."

"အင်မော်တယ်ဘုရင်နှလုံးသား"

"ဟူး..."

"ချီမင်အဆင့်ချိုးဖြတ်သွားပြီ။ သူ အဆင့်ချိုးဖြတ်သွားပြီ။"

"ဘုရားရေ။"

"ချီမင်က နောက်ဆုံးအချိန်လေးမှာ အဆင့်ချိုးဖြတ်သွားတာပဲ။ သူ အဆင့်ချိုးဖြတ်သွားပြီး အင်မော်တယ်ဘုရင်နှလုံးသားကို သိပ်သည်းသွားနိုင်ခဲ့ပြီ။"

"ဒါ....ဒါက.."

"အတော်လေး ထိတ်လန့်ဖို့ကောင်းတယ်။"

"သူ ဒီလိုမယုံနိုင်စရာကောင်းတဲ့ကိစ္စကို လုပ်နိုင်ခဲ့ပြီ။ သူက တိုက်ပွဲထဲမှာတောင် အင်မော်တယ်ဘုရင်နှလုံးသားကို အောင်အောင်မြင်မြင်သိပ်သည်းနိုင်ခဲ့တာပဲ။ သူက တကယ့်ကို...မွန်းစတားတစ်ကောင်ပဲ။"

"အင်မော်တယ်ဘုရင်နှလုံးသားကို အောင်အောင်မြင်မြင်သိပ်သည်းနိုင်ခဲ့တာပဲ။ ချီမင်က အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်ကို ချိုးဖြတ်သွားပြီ။"

"အခြေအနေက ပြောင်းလဲသွားပြီ။"

“…”

ထိုနေရာ၌ရှိနေသော အင်မော်တယ်များက ကြောင်အသွားသည်။ သူတို့၏မျက်လုံးများက မယှဉ်သာလောက်အောင်ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။ အတော်လေးကိုမယုံကြည်နိုင်ဖွယ်ကောင်းပေသည်။

"မင်း... တကယ်ကြီး..."

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ထိတ်လန့်တကြားဖြစ်သွားရသည်။သူ၏ပါးစပ်က ယင်ကောင်ဝင်ဥလို့ရသည့်အခြေအနေဖြစ်သွားသည်။ သူက ချီမင်၏ခေါင်းထက်မှ သိပ်သည်းသွားသော အင်မော်တယ်ဘုရင်နှလုံးသားကိုကြည့်ကာ ကြောက်မက်ဖွယ်ရာဖိအားကိုခံစားလိုက်ရသည်။

"သူက နောက်ဆုံးမိနစ်လေးမှာ အဆင့်ချိုးဖြတ်သွားတာပဲ။"

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က အံ့ဩသွားခဲ့သည်။

"ဟုတ်တယ်။"

ချီမင်၏နှုတ်ခမ်းထောင့်မှသွေးများစီးကျလာသည်။ အတွေးတစ်ချက်ဖြင့် သူက မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားနှင့်ဆက်သွယ်လိုက်သည်။ ချီမင်၏ခန္ဓာကိုယ်ပေါ်တွင် သိပ်သည်းသည့်ကမ္ဘာဦးခရမ်းရောင်အလင်းတန်းများ ကျဆင်းလာခဲ့သည်။ထိုအလင်းများက သူ့ခန္ဓာကိုယ်နှင့်ပေါင်းစပ်သွားသည်။

သူ၏အရှိန်အဝါနှင့်ဓမ္မစွမ်းအားများ မြင့်တက်လာသည်။

အသံကျယ်ကြီးထွက်လာသည်။

ချီမင်က ကောင်းကင်ဖန်တီးခြင်းကြေးမုံကိုထပ်မံအသက်သွင်းလိုက်သည်။ မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသား၏မြှင့်တင်ပေးမှုအောက်တွင် ကောင်းကင်ဖန်တီးခြင်းကြေးမုံ၏စွမ်းအားက သဘာဝအတိုင်းတိုးတက်သွားသည်။

ခရမ်းရွှေရောင်အလင်းတိုင်ကပျောက်ကွယ်သွားသည်။ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ခြေလှမ်းအနည်းငယ်နောက်ဆုတ်ပေးလိုက်ရသည်။ ကောင်းကင်တာအိုရတနာခြောက်ခု၏စွမ်းအားကလည်း ကြီးမားစွာဖိနှိပ်ခံလိုက်ရသည်။

"အဲ့ဒီတော့ရော ဘာဖြစ်လဲ။" ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် သူ၏ထိတ်လန့်မှုများလျော့ပါးသွားပြီးနောက်မှာ ဒေါသတကြီးအော်ဟစ်လိုက်သည်။"အဲ့တော့ မင်းက ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားကိုသိပ်သည်းပြီးသွားပြီပေါ့။"

"မင်းက အခုမှသိပ်သည်းပြီးရုံပဲရှိသေးတယ်။ မင်းသာ အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်ကို တက်လှမ်းချင်ရင် ကောင်းကင်နှင့်မြေကြီးစွမ်းအင်တွေကို အများကြီးစုပ်ယူပြီး မင်းရဲ့ဓမ္မစွမ်းအားတွေကိုသန့်စင်ဖို့အချိန်ယူရဦးမှာ။"

"မင်းက အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်ကို တကယ်ခြေမချရသေးဘူး။"

"ပြီးတော့..."

"မင်း အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်ကိုတက်သွားတော့ရော ဘာဖြစ်လဲ။ ငါက အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်မှာပဲ။ငါက မင်းထက်အဆင့်နှစ်ဆင့်မြင့်နေဦးမှာ။"

“ငါမရှုံးဘူး။ ငါ ရှုံးမှာမဟုတ်ဘူး။"

"ငါကျိန်းသေပေါက်နိုင်မှာ။" ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က အော်ဟစ်လိုက်သည်။

"ခင်ဗျား မှားသွားပြီ။" ချီမင်ကဆိုသည်။"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ် ကျုပ်က အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်ကိုမတက်ရသေးလည်း အင်မော်တယ်ဘုရင်နှလုံးသားကို သိပ်သည်းနိုင်ပြီဆိုတည်းက ခင်ဗျားကို နိုင်သွားပြီ။သတ်ချင်ရင်သတ်လို့တောင်ရတယ်။"

“မဖြစ်နိုင်ဘူး!” ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က အော်ဟစ်လိုက်သည်။"မင်းက အင်မော်တယ်ဘုရင်နှလုံးသားကိုသိပ်သည်းပြီးရုံနဲ့ ငါ့ကိုအနိုင်ယူချင်နေတာလား။ မင်းက ငါ့ကိုသတ်ချင်သေးတာလား။ မဖြစ်နိုင်တာတွေမပြောနဲ့။ မဖြစ်နိုင်ဘူး။ မင်းက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ။"

"တိုက်ခိုက်မယ်"

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ထပ်မံတိုက်ခိုက်လိုက်သည်။ သူက ကျင့်ကြံခြင်းနည်းစနစ်နှင့်အံ့ဖွယ်စွမ်းအားများကို လည်ပတ်လိုက်သည်။ ဓမ္မစွမ်းအားများသည် ကောင်းကင်တာအိုရတနာများထဲသို့ တိုးဝင်သွားသောကြောင့် ကောင်းကင်နှင့်မြေကြီးရတနာများ၏စွမ်းအားကို ထပ်မံတိုးတက်သွားစေသည်။

ကောင်းကင်တာအိုရတနာ၏စွမ်းအားက အလင်းတိုင်ကြီးများအဖြစ်ပြောင်းလဲကာ ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်ထဲသို့ တိုးဝင်သွားသည်။ ၎င်းက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏ကိုယ်ပိုင်အင်မော်တယ်ရတနာဖြစ်ကာ သူ၏စွမ်းအားကို အပြသနိုင်ဆုံးလည်းဖြစ်သည်။

ကောင်းကင်တာအိုရတနာခြောက်ခုပေါင်းစပ်သွားပြီးနောက်မှာ ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်၏စွမ်းအားက ပို၍သန်မာလာကာ ယခင်တစ်ကြိမ်ကထပ် အနည်းငယ်ပို၍ကြောက်မက်ဖွယ်ကောင်းသွားသည်။

ထိုစွမ်းအားက သာမန်ဥပဒေသကောင်းကင်အရှင်များကို ခြိမ်းခြောက်ရန်လုံလောက်သည်။

"ဖိနှိပ်။"

ဤတစ်ကြိမ်တော့ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်ကို အကန့်အသတ်ထိသုံးလိုက်သည်။ ဒယ်စောင့်က မီတာ(၁၀၀၀၀၀၀)ကျော်ကြီးမားလာသည်။ ၎င်းက ကောင်းကင်ကိုပင်ဖုံးအုပ်သွားကာ ချီမင်ကိုဖိနှိပ်လာခဲ့သည်။

ပတ်ဝန်းကျင်တွင် နေရာလွတ်မှာ အဆက်မပြတ်ပြိုကျလာသည်။ မရေမတွက်နိုင်သောအက်ကွဲရာများပေါ်လာခဲ့သောကြောင့် ပြိုကျတော့မလိုပင်။ ကောင်းကင်နှင့်မြေကြီးက ပြင်းထန်စွာလှုပ်ခါသွားသည်။

"မဟာတာအိုလက်ချောင်း။"

ဤတစ်ကြိမ်တော့ ချီမင်က ကောင်းကင်ဖန်တီးခြင်းကြေးမုံကိုမသုံးတော့ပေ။ ထိုအစား သူက ဖရိုဖရဲမဟာတာအိုကျမ်းကိုလည်ပတ်ပြီး မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသား၏စွမ်းအားကို စုစည်းလိုက်သည်။ သူက အသင်္ချေကမ္ဘာများတွင်ရှိသော ကောင်းကင်နှင့်မြေကြီးမဟာတာအိုအန္တန၏စွမ်းအားကို အာရုံခံကာ မဟာတာအို၏စွမ်းအားကို လက်ခံရယူလိုက်သည်။

မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားထဲမှ ကမ္ဘာဦးခရမ်းရောင်အလင်းများမှာ ချီမင်၏ခန္ဓာကိုယ်ထဲသို့တိုးဝင်သွားသောကြောင့် သူ၏ဓမ္မစွမ်းအားများနှင့်ပေါင်းစပ်သွားသည်။

နောက်ဆုံးမှာတော့ ချီမင်က ခေါင်းမော့လာသည်။ သူ၏မျက်လုံးများက ကမ္ဘာဦးခရမ်းရောင်မျက်လုံးတစ်စုံအဖြစ်ပြောင်းလဲသွားတော့သည်။ သူ၏မျက်ခုံးကြားတွင် ဒေါင်လိုက်ပုံစံအမှတ်အသားတစ်ခုပေါ်လာသည်။

၎င်းက မဟာတာအို၏အမှတ်အသားဖြစ်သည်။

"ကျဆင်းစမ်း။"

ချီမင်က သူ၏ညာဘက်လက်ကိုမြှောက်ကာ ဓမ္မစွမ်းအားများ၊ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားများကိုစုစည်းလိုက်သည်။ ၎င်းတို့က ပေါင်းစပ်သွားပြီး သူကညွှန်ပြလိုက်တော့သည်။

၎င်းက မဟာတာအိုလက်ချောင်းဖြစ်သည်။

အခုလက်ချောင်းက ချီမင်ယခင်တုန်းကသုံးသော မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၂၉၆၀၀)ကို အတင်းအကြပ် ပေါင်းစပ်ပြီးသုံးသော မဟာတာအိုအင်မော်တယ်လက်ချောင်းထက် သန်မာသည်။

ချီမင်က ညွှန်ပြပြီးနောက်မှာ။

လေဟာနယ်ထဲတွင်။

ကောင်းကင်ယံ၌။

ရုတ်တရက် ကမ္ဘာဦးခရမ်းရောင်တိမ်တိုက်များ စုဝေးလာသည်။ ၎င်းက မယုံနိုင်လောက်အောင်ကျယ်ပြန့်ပြီး ပတ်ဝန်းကျင်တခွင်ကိုဖုံးအုပ်သွားသည်။ ဧရာမ လက်ချောင်းကြီးတစ်ခုက ရှေးဦး ခရမ်းရောင် တိမ်စိုင်များကို တကယ့် လက်ချောင်းအစစ်တစ်ခုကဲ့သို့ တွန်းခွဲကာ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။ ၎င်းက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ပေါ်သို့တိုက်ရိုက်ကျဆင်းလာပြီး သူ့ကိုဖိနှိပ်လိုက်သည်။

"ဒါက..."

"ပေါ်လာပြီ။"

"လက်ချောင်းတစ်ချောင်းပဲ။ အဲ့ဒါက လက်ချောင်းတစ်ချောင်းပဲ။"

"အရင်တုန်းကချီမင်က လီရှန်းကိုအဲ့ဒီလက်ချောင်းနဲ့သတ်သွားတာ။ လက်ချောင်းရဲ့နောက်ဆက်တွဲစွမ်းအားက ကမ္ဘာဦးပြည်နယ်ကိုတောင် နှစ်ခြမ်းကွဲသွားစေတယ်။"

"ထပ်ပေါ်လာပြီ။"

"ငါ အဲ့ဒီလက်ချောင်းက အရင်တစ်ခုထက် ပိုပြီးသန်မာလာတယ်လို့ခံစားရတယ်။"

“…”

ပတ်ဝန်းကျင်တွင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက မျက်လုံးပြူးသွားကြသည်။ မဟာတာအိုလက်ချောင်းမှထုတ်လွှတ်နေသော တာအိုစာလုံးများနှင့်ဖိအားများက သူတို့ကိုစေ့စေ့တောင်မကြည့်ရဲစေတော့ပေ။ စွမ်းအားကြီးပါ၏။

“ငါမရှုံးနိုင်ဘူး!”

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကခေါင်းမော့လိုက်သည်။သူ၏တိုက်ခိုက်လိုစိတ်များက မြင့်တက်လာခဲ့သည်။ သူတွင် မယိုင်မလဲသောစိတ်ဓာတ်နှင့် ပြိုင်ဘက်ကင်းခံယူချက်ရှိသည်။ သူက ကောင်းကင်ကိုကြည့်ကာ အော်ဟစ်လိုက်သည်။သူ၏အရှိန်အဝါက ပိုပြီးသန်မာလာသည်။

ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်၏အရှိန်အဝါက ထပ်မံမြင့်တက်လာခဲ့သည်။

ကလန်!

အက်ကွဲသံတစ်ချက်ထွက်လာသည်။

ချီမင်၏မဟာတာအိုလက်ချောင်းက ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်နှင့် ထိပ်တိုက် တွေ့သွားခဲ့ပြီး သံကိုထိခတ်သွားသည့်အသံထွက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသည့် ထိုးဖောက်အားကြောင့် သက်ရှိအားလုံး၏နားစည်ပေါက်ကွဲထွက်သွားစေလောက်မည့် အသံကြီး ထွက်လာခဲ့သည်။

ကောင်းကင်နှင့်မြေကြီးမဟာတာအိုပါဝင်နေသော မဟာတာအိုလက်ချောင်းက လျင်မြန်စွာဖြင့် ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်ကိုဖိနှိပ်လိုက်သည်။ ခရမ်းရွှေရောင်အလင်းကလျင်မြန်စွာဖြင့် မှေးမှိန်သွားသည်။

All Chapters