← Chapters

ဖျက်ဆီးခြင်း

Vol. 27 Ch. 399

ဖျက်ဆီးခြင်း

Vol. 27 Ch. 399

ခရက်! ခရက်!

ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်မှထွက်ပေါ်လာသောအလင်းက ပို၍မှေးမှိန်လာသည်။ ၎င်းက ချီမင်၏လက်ချောင်းကိုမခုခံနိုင်တော့ပေ။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကိုအနိုင်ပိုင်းသွားခဲ့သည်။

ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်ပေါ်တွင်အက်ကွဲရာများပေါ်လာသည်။

ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်က ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏ကိုယ်ပိုင်အင်မော်တယ်ရတနာဖြစ်ပေမဲ့ ၎င်းက အထက်ကမ္ဘာအင်မော်တယ်ဘုရင်ထိပ်တန်းအဆင့်သာဖြစ်သည်။

အခုမှသာ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် ကောင်းကင်တာအိုရတနာခြောက်ခု၏စွမ်းအားကို ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်ထဲသို့လောင်းထည့်ခဲ့ခြင်းဖြစ်သည်။ အတော်လေးစွမ်းအားကြီးလာခဲ့ခြင်းဖြစ်သည်။

၎င်းက ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်၏ခံနိုင်ရည်ထက်ကျော်လွန်နေသည်။

ချီမင်၏မဟာတာအိုလက်ချောင်းနှင့်ထိပ်တိုင်ရင်ဆိုင်ရတော့ အကန့်အသတ်သို့ ရောက်နေပြီဖြစ်သောကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်ပေါ်တွင် အက်ကွဲကြောင်းများစွာပေါ်လာခဲ့သည်။

"ဒါ....ဒါက.."

"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကရှုံးတော့မှာလား။"

"ချီမင်က အခြေအနေတွေကိုပြောင်းပြန်လှန်လိုက်ပြီ။"

"စွမ်းအားကြီးလိုက်တဲ့နည်းစနစ်။"

"အရမ်းစွမ်းအားကြီးတယ်။"

"ဒါက တာအိုကျင့်ကြံသူဆိုတာလား။ သူက အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ဆိုပေမဲ့ ငါတို့ထက်အဆပေါင်းများစွာသာတယ်။ သူတို့က တူညီတဲ့အဆင့်မှာကိုမဟုတ်တာ။"

"သူက အတော်လေးသန်မာတာပဲ။"

အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက အံ့ဩသွားခဲ့သည်။

"မဟုတ်ဘူး။"

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏မျက်နှာပေါ်တွင် အင်မတန်ထိတ်လန့်သွားသည့်အမူအရာပေါ်လာသည်။"ငါမရှုံးနိုင်ဘူး။ ငါ မရှုံးနိုင်ဘူး။"

"သတ်။"

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ဒေါသတကြီးအော်ဟစ်ကာ သူ၏စွမ်းအင်အားလုံးကိုစုစည်းလိုက်သည်။ သူ၏ဓမ္မစွမ်းအားများက အဆုံးမဲ့မြစ်တစ်စင်းအလား အဆက်မပြတ်မြင့်တက်လာပြီး ချီမင်၏မဟာတာအိုလက်ချောင်းကို ပိတ်ဆို့လိုက်သည်။

"ခင်ဗျားက ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းနေတယ်။"

ဘုန်း။

ချီမင်၏အကြည့်က အေးစက်သွားသည်။ သူ၏ခေါင်းထက်မှမဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားက ကမ္ဘာဦးခရမ်းရောင်အလင်းများတောက်ပလာပြီး ချီမင်၏ခွန်အားကိုတိုးမြင့်ပေးကာ ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်ကို အပြတ်အသတ်ဖိနှိပ်ပေးလိုက်သည်။

"ဖျက်ဆီး" ချီမင်က အော်ဟစ်လိုက်သည်။

ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်ထံမှ ထွက်ပေါ်နေသော ခရမ်းရွှေရောင်အလင်းများ ပျောက်ကွယ်သွားခဲ့သည်။ ခရမ်းရွှေရောင်အလင်းတိုင်ကြီးက ပေါက်ကွဲသွားပြီး အလင်းစက်လေးများအဖြစ်ပြောင်းလဲသွားခဲ့သည်။

ဘန်း။

ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်က အက်ကွဲရာများဖုံးလွှမ်းသွားခဲ့ကာ လွှင့်စင်ထွက်သွားတော့သည်။ ၎င်းက စွမ်းအင်အားလုံးကုန်ဆုံးသွားခဲ့ပြီး ချီမင်၏မဟာတာအိုလက်ချောင်းကိုမခုခံနိုင်တော့ပေ။ ၎င်းက လွင့်ထွက်သွားသည်။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကသွေးအန်လိုက်ကာ နောက်သို့အလှမ်းပေါင်းများစွာ ဆုတ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှဓမ္မစွမ်းအားအတက်အကျမှာ မတည်ငြိမ်တော့ပေ။ သူက အင်အားများကုန်ခမ်းသွားပြီဖြစ်၍ မျက်နှာက စက္ကူအလား ဖြူဖျော့သွားခဲ့သည်။

ချီမင်၏လက်ချောင်းက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏တိုက်ခိုက်မှုကို ချေဖျက်သွားခဲ့သည်။ ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်က လွင့်ထွက်သွားပြီးနောက်မှာ ၎င်းက သူ့ပေါ်သို့ကျလာသည်။

ထိုအရေးကြီးသည့်အခိုက်တွင်။

"ငါ့ကိုကာထားပေးစမ်း။"

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က လက်ဝေ့ယမ်းလိုက်သည်။ ကောင်းကင်တာအိုရတနာ:ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်၊အချိန်စစ်မှန်ဓား၊ကောင်းကင်နှင့်မြေကြီးဓာတ်ငါးပါးကျောက်စိမ်းချိတ်စည်း၊ကောင်းကင်ဘုရင်နတ်ဘုရားတူ၊အသင်္ချေရတနာ သံချပ်ဝတ်ရုံနှင့်သုံးဆယ့်ခြောက်ဂိတ်တို့မှာ လေထုထဲမှထွက်ပေါ်လာပြီး သူ့ရှေ့မှကာထားပေးလိုက်သည်။ ၎င်းတို့က ခမ်းနားသည့်အလင်းလှိုင်းများထုတ်လွှတ်ပေးနေခဲ့သည်။

မဟာတာအိုလက်ချောင်း၏နောက်ဆက်တွဲလှိုင်းကျရောက်လာပြီးနောက်မှာ ၎င်းက ကောင်းကင်တာအိုရတနာခြောက်ခု၏ခံစစ်များကိုတစ်ဆက်တည်းချိုးဖြတ်သွားခဲ့ပြီး ၎င်းတို့ကိုလွင့်ထွက်သွားစေသည်။

သွေးများဖြာထွက်လာသည်။

မဟာတာအိုလက်ချောင်း၏နောက်ဆုံးကျန်ရှိနေသောစွမ်းအားက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏ခန္ဓာကိုယ်ကိုထိုးဖောက်သွားခဲ့သည်။ မျက်စိကျိန်းဖွယ်အလင်းရောင်က ဖြေးညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က သနားစဖွယ်အော်ဟစ်လိုက်ကာ သွေးပမာဏများစွာ ဆုံးရှုံးသွားခဲ့သည်။ သူက ဒဏ်ရာအပြင်းအထန်ရသွားသည်။သူ၏ရင်ဘက်ပေါ်တွင် ထုတ်ချင်းပေါက်နေသည့်အပေါက်ကြီးတစ်ပေါက်ပေါ်လာခဲ့သည်။

ချီမင်က လက်နှစ်ဖက်ကို နောက်ပစ်လျက် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကို ကြည့်နေသည်။ သူက နိုင်မည်ဆိုတာ ယုံကြည်မှုရှိခဲ့ပြီးသားပေ။"ခင်ဗျားရှုံးသွားပြီ။"

"ဟူး..."

"ချီမင်က အရမ်းကိုသန်မာလွန်းတယ်။"

"ပြိုင်ဘက်ကင်းပဲ။ တကယ့်ကို ပြိုင်ဘက်ကင်းပဲ။"

"အရမ်းစွမ်းအားကြီးတယ်။ အရမ်းအရမ်းကိုစွမ်းအားကြီးတယ်။"

"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ချီမင်ကြောင့်ဒဏ်ရာအပြင်းအထန်ရသွားပြီ။"

“…”

ပတ်ဝန်းကျင်မှအထက်ကမ္ဘာအင်မော်တယ်ဘုရင်များက အော်ဟစ်ကြပြန်သည်။

" ငါမရှုံးနိုင်ဘူး။"

နောက်ဆုံးအခိုက်တန့်တွင် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က အသက်စွန့်ကာတိုက်ခိုက်လိုက်သည်။ သူက ကောင်းကင်ကိုကြည့်ကာ အော်ဟစ်လိုက်ပြီး သူ၏ကျင့်ကြံခြင်းနည်းစနစ်ကိုအကန့်အသတ်ထိလည်ပတ်လိုက်သည်။ အထက်ကမ္ဘာကောင်းကင်တာအို၏စွမ်းအားက မြင့်တက်လာပြီး သူ့ကိုဖုံးအုပ်သွားခဲ့သည်။

သူက ဖြေးညှင်းစွာဖြင့် လက်ဖြန့်လိုက်သည်။ သူ၏တစ်ကိုယ်လုံးကတောက်ပလာပြီး ခရမ်းရွှေရောင်လူသားပုံစံအလင်းအဖြစ်ပြောင်းသွားကာကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားထဲသို့ဝင်သွားသည်။

သူက ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားနှင့်ပေါင်းစပ်လိုက်ခြင်းဖြစ်ပြီ အင်အားကုန်ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။ ကောင်းကင်တာအိုရတနာခြောက်ခုနှင့် ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်က ကောင်းကင်တာအိုနှလုံးသားအနားတွင်လည်ပတ်လာသည်။

"တိုက်ခိုက်မယ်"

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားက ချီမင်ကို ကောင်းကင်တာအိုရတနာများဝန်းရံလျက် တိုက်ရိုက်တိုက်ခိုက်လိုက်သည်။ သူ တုံ့ဆိုင်းမနေတော့ဘဲ အင်အားကုန်ထုတ်သုံးလိုက်သည်။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏ရိုက်ချက်က သူ၏အကန့်အသတ်ထိ ထုတ်ဖော်ထားတာဖြစ်သည်။ သူက ချီမင်ကိုတိုက်ခိုက်လိုက်သည်။

"စိတ်ပျက်စရာကောင်းတဲ့တိုက်ခိုက်မှုပဲ။"

ချီမင်၏အကြည့်က အေးစက်စက်သာဖြစ်နေသည်။ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏တိုက်ခိုက်ချက်နှင့်ရင်ဆိုင်ရလျှင်ပင် သူက လုံးဝမကြောက်ရွံ့ပေ။ ထိုအစား သူက ယုံကြည်မှုများပြည့်လျှံနေသည်။"ခင်ဗျားဆန္ဒရှိတဲ့အတိုင်းပေါ့။"

"မဟာတာအိုလက်။" ချီမင်က ခပ်ဖျော့ဖျော့အော်ကာ ညာလက်ကိုမြှောက်လိုက်သည်။ မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားက ခမ်းနားသည့်အလင်းများကို ထပ်မံထုတ်လွှတ်လာသည်။ချီမင်၏ခန္ဓာကိုယ်အပေါ်တွင် ကမ္ဘာဦးအလင်းများတောက်ပလာသည်။

ချီမင်၏လက်ဝါးက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ပေါ်သို့ကျသွားသည်။

ကောင်းကင်ယံ၌။

ကြီးမားသည့်လက်ဝါးတစ်ဖက် ကျဆင်းလာသည်။ ၎င်းက ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားကိုသယ်ဆောင်ထားလျက် အသက်ဝင်နေသည့်အလားပင်။ ၎င်းက ပတ်ဝန်းကျင်ကိုဖိနှိပ်ကာ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ပေါ်သို့ကျသွားသည်။

သက်ရှိများက မဟာတာအိုလက်သည် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏နည်းစနစ်အားလုံးကို ကြမ်းတမ်းစွာဖျက်ဆီးသွားသည်ကိုထင်ရှားစွာတွေ့လိုက်ရသည်။ ကောင်းကင်တာအိုရတနာခြောက်ခု၏စွမ်းအားက ဖျက်ဆီးခံလိုက်ရပြီး အက်ကွဲရာများပေါ်လာလျက် လွင့်ထွက်သွားတော့သည်။

ဘန်း။

ကိုးပြည်နယ်အထွတ်အထိပ်ဒယ်စောက်က လုံးဝကိုပေါက်ကွဲထွက်သွားခဲ့သည်။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏သနားစဖွယ်အသံက ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားထဲမှထွက်လာခဲ့သည်။ ချီမင်၏မဟာတာအိုလက်က ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏ကောင်းကင်တာအိုနှလုံးသားကိုကြိတ်ချေလိုက်သည်။

ချီမင်၏မဟာတာအိုလက်ထဲတွင်ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားမှာ ဖန်ဘောလုံးလေးအလား အက်ကွဲသွားခဲ့သည်။တစ်ချက်ကလေးတောင် မခံနိုင်ပေ။

" ဘာ..ဘယ်လိုစွမ်းအားမျိုးလဲ။"

ထိုအခိုက်တွင် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်သည် စွမ်းအားကင်းမဲ့မှုကိုခံစားလိုက်ရသည်။ သူက ချီမင်နှင့်သူ့ကြားထဲမှကွာခြားချက်ကြီးကိုခံစားလိုက်ရသည်။ သူတို့က လုံးဝကိုမတူညီသည့်အဆင့်ကပေ။

ကွဲကြေသွားသောကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ ၎င်းက ဖြည်းညှင်းစွာပျောက်ကွယ်နေသည့် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏အသိစိတ်ပုံရိပ်ဖြစ်သည်။

"ဒါက ဘာစွမ်းအားလဲ။" ချီမင်က မထူးမခြားနားဆိုသည်။"ခင်ဗျားကိုသတ်တဲ့စွမ်းအား။"

သူက ညာဘက်လက်ထဲမှအင်အားကိုသုံးလိုက်သည်။မဟာတာအိုလက်က ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏နှလုံးသားကို လုံးဝကြိတ်ချေပစ်လိုက်ကာ ထိုသူ၏အင်မော်တယ်ဘုရင်အသိစိတ်ကိုလည်း ဖျက်ဆီးလိုက်သည်။

"ငါ မကျေနပ်ဘူး။"

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏အသိစိတ်က လုံးဝကိုပျောက်ကွယ်သွားခဲ့သည်။ ထိုအခိုက်မှာပဲ သူ၏မလိုလားသံများက ပျောက်ကွယ်သွားခဲ့သည်။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က သေဆုံးသွားသည်။

တစ်ချိန်တည်းမှာ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏တာအိုမျိုးစေ့က ကွဲကြေနေသည့်ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားထံမှမွေးဖွားလာခဲ့သည်။ ၎င်းက ခရမ်းရွှေရောင်အလင်းတန်းများဖြင့်တောက်ပနေခဲ့ပြီး ခေတ်ကာလကပ်ဘေးဒုက္ခချီများကိုစုပ်ယူနေသည်။

၎င်းက နှေးကွေးစွာ ကြီးရင့်လာနေသည်။

ပတ်ဝန်းကျင်မှအင်မော်တယ်ဘုရင်တို့မှာ တာအိုမျိုးစေ့ကိုမလုယူရဲတော့ပေ။

သူတို့က ချီမင်၏စွမ်းအားကိုကြောက်ရွံ့သွားခဲ့သည်။

"သူနိုင်သွားပြီ။ ဂျူနီယာညီလေးချီနိုင်သွားပြီ။"

ချင်ဖေးယွမ်က ကျယ်လောင်စွာရယ်မောလိုက်သည်။"ဟားဟား။"

"စီနီယာအစ်ကိုချီမင်နိုင်သွားပြီ။"

"ကောင်းတယ်ဟေ့။"

"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က ရှုံးသွားပြီ။"

“ဟားဟား..."

"စီနီယာအစ်ကိုချီမင်က ပြိုင်ဘက်ကင်းပဲ။"

“…”

ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များက စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။

"သတ်။"

"တပည့်တို့ ငါတို့တန်ပြန်တိုက်ခိုက်ရမဲ့အချိန်ပဲ။"

"တိုက်ခိုက်မယ်"

"တိုက်ခိုက်မယ်"

"ရန်သူတွေကိုသတ်။"

“သတ်ပစ်လိုက်။ သတ်။ သတ်ပစ်လိုက်"

“…”

နောက်တခဏမှာ တိုက်ပွဲက ပေါက်ကွဲထွက်လာပြီး ပြင်းထန်လာသည်။ ချီမင်က ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကိုသတ်ပြီးနောက်မှာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းစစ်တပ်၏စိတ်ဓာတ်က မြင့်တက်သွားခဲ့ပြီး သူတို့က ဂိုဏ်းသုံးဂိုဏ်းကိုတန်ပြန်တိုက်ခိုက်တော့သည်။

"ဒါ....ဒါက.."

"အိုး ဘုရားရေ။"

"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်က တကယ်ပဲသေသွားပြီ။"

"ချီမင်က နောက်ဆုံးအနိုင်ရသူဖြစ်လာပြီ။"

"ပြန်ဆုတ်။"

“သွား!”

"ပြန်ဆုတ်။"

“…”

ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၊အသင်္ချေမျိုးနွယ်မဟာမိတ်၊တာအိုဂိုဏ်းမဟာမိတ်၊ဂိုဏ်းအဖွဲ့အစည်းကြီးများနှင့်ကျွမ်းကျင်သူများက ထွက်ခွာချင်ကြပေမဲ့ သူတို့ကို ကမ္ဘာဦးနတ်ဆိုးဂိုဏ်းစစ်တပ်မှလိုက်လံဖမ်းဆီးကြတော့သည်။

ခေတ်ကာလကပ်ဘေးဒုက္ခကအဆုံးမသတ်သေးပေ။သတ်ဖြတ်ခြင်းကလည်း သဘာဝအတိုင်းရပ်တန့်ဦးမည်မဟုတ်ပေ။

ထိုအခိုက်တွင် ချီမင်က တင်ပျဉ်ခွေချိတ်ထိုင်လိုက်သည်။ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏တာအိုမျိုးစေ့က သူ့ရှေ့တွင်မျောလွင့်နေခဲ့သည်။ ၎င်းက စွမ်းအင်များကိုစုပ်ယူနေလျက် တာအိုသက်သေပြခြင်းသစ်သီးအဖြစ်အသွင်ပြောင်းနေသည်။

ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏တာအိုမျိုးစေ့က တာအိုသက်သေပြခြင်းသစ်သီးဖြစ်ဖို့ အချိန်တစ်ခုသာလိုတော့သည်။

" ငါအဆင့်ချိုးဖြတ်သင့်ပြီ။"

ချီမင်ကလက်ဝေ့ယမ်းကာ သူ၏ပစ္စည်းစာရင်းကိုဖွင့်လိုက်သည်။ သူက အင်မော်တယ်သလင်းကျောက်များစွာကိုထုတ်ယူလိုက်သည်။ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်များမှာ နဂါးကြီးတစ်ကောင်အလား ချီမင်ကိုဖုံးအုပ်သွားတော့သည်။

"စုပ်ယူမယ်။"

ချီမင်က ကျင့်ကြံခြင်းနည်းစနစ်ကိုလည်ပတ်ကာ အင်မော်တယ်သလင်းကျောက်များကို သူ၏ဓမ္မစွမ်းအားများအဖြစ်သန့်စင်တော့သည်။ မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားက ချီမင်၏ခန္ဓာနှင့်ပေါင်းစပ်သွားတော့သည်။

အချိန်ကုန်ဆုံးသွားသည်။

ချီမင်က တဖြည်းဖြည်းအသွင်ပြောင်းနေခဲ့သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက သူ၏တစ်ကိုယ်လုံးကိုပြောင်းလဲပေးနေသောကြောင့် သူ၏ဓမ္မစွမ်းအား၊ဝိညာဉ်၊စစ်မှန်ဝိညာဉ်နှင့်အသိစိတ်တို့က ကြီးမားစွာပြောင်းလဲသွားခဲ့သည်။

အဆင့်ချိုးဖြတ်ခြင်းနှင့်အသွင်ပြောင်းခြင်းကြောင့် ချီမင် နှစ်တစ်ထောင်ကြာကျင့်ကြံခဲ့သည်။

သူ့မျက်လုံးပွင့်လာတော့ ခန္ဓာကိုယ်ထဲမှအပြောင်းအလဲများကိုအာရုံခံလိုက်ရသည်။ သူ၏ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်သို့ရောက်သွားပြီဖြစ်သည်။

သူ့ရှေ့မှတာအိုမျိုးစေ့က တာအိုသက်သေပြခြင်းသစ်သီးအဖြစ်အသွင်ပြောင်းသွားပြီဖြစ်သည်။

တစ်ချိန်တည်းမှာ ချီမင်က ပြည်နယ်ကိုးလောကတွင် ခေတ်ကာလကပ်ဘေးဒုက္ခချီများ ပျောက်ကွယ်သွားကြောင်းခံစားလိုက်ရသည်။ ကမ္ဘာကြီးထဲတွင် ကမ္မများမှာ မမြင်နိုင်တော့လုနီးပါးပင်။

ခေတ်ကာလကပ်ဘေးဒုက္ခက ပြီးဆုံးသွားတော့မည်ဖြစ်သည်။

ချီမင်က လက်မြောက်လိုက်တော့ ဓမ္မစွမ်းအားများတဟုန်ထိုးတက်လာသည်။ ခရမ်းရောင်အလင်းတန်းများတောက်ပလာပြီး တာအိုမျိုးစေ့ကိုဖုံးအုပ်သွားသည်။ သူက တာအိုမျိုးစေ့၏အသွင်ပြောင်းခြင်းကိုဂရုတစိုက်အာရုံခံလိုက်သည်။၎င်းက နောက်ဆုံးတစ်ဆင့်လိုအပ်နေသေးသည်။

ကောင်းကင်တာအိုကုသိုလ်ကိုလိုအပ်နေခြင်းဖြစ်သည်။

ချီမင်က ခဏတွေးတော့ကာ သူ၏အံ့ဖွယ်စွမ်းအားဖြင့်တွက်ချက်ကြည့်လိုက်သည်။ သူက အဖြေရလိုက်သည်။"ဖရိုဖရဲဖြစ်ပြီးသွားပြီဆိုတော့ ငါတို့က ပြည်နယ်ကိုးလောကကိုအစီအစဉ်တကျပြန်လုပ်ရမယ်။"

All Chapters