← Chapters

တာအိုသက်သေပြခြင်းသစ်သီး။အသေးစားနားလည်မှုအကြီးစားအောင်မြင်ခြင်း။

Vol. 27 Ch. 400

တာအိုသက်သေပြခြင်းသစ်သီး။အသေးစားနားလည်မှုအကြီးစားအောင်မြင်ခြင်း။

Vol. 27 Ch. 400

ခေတ်ကာလကပ်ဘေးဒုက္ခစတင်သည်နှင့် ကိုးပြည်နယ်တွင် ဂိုဏ်းအဖွဲ့အစည်းများစွာကြား စစ်ပွဲပေါင်းများစွာဖြစ်ပွားခဲ့သည်။ သာမန်လူသားများကို ရန်မူတိုက်ခိုက်သည့် ကြမ်းကြုတ်သားရဲများကြောင့် မရေမတွက်နိုင်သောသေကြေမှုများ ဖြစ်ပေါ်လာသည်။

ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတွင်။

အင်မော်တယ်စစ်ပွဲက နှစ်တစ်ထောင်ကျော်ကြာဖြစ်ပွားလာခဲ့သည်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်များသေဆုံးခဲ့သလို မရေမတွက်နိုင်သော မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များ၊ရွှေအင်မော်တယ်များ၊ဆန်းကြယ်အင်မော်တယ်များ၊မဟာဆန်းကြယ်အင်မော်တယ်များနှင့် ပြီးပြည့်စုံခြင်းအင်မော်တယ်များ သေဆုံးခဲ့သည်။

ဂိုဏ်းအဖွဲ့အစည်းများစွာက ပျက်စီးဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး သူတို့၏အင်အား(၁၀) ရာခိုင်နှုန်းအောက်သာ ကျန်ခဲ့သည်။

နှစ်ပေါင်းများစွာရှင်သန်ခဲ့သော မြေခွေးအိုကြီးများနှင့် အခြားသောနယ်ပယ်များမှ ပြန်ရောက်လာကြ သော အထက်ကမ္ဘာအင်မော်တယ်ဘုရင်များစွာ သေဆုံးခဲ့ကြသည်။သို့ပေမဲ့ သူတို့ထဲမှအများစုက ချီမင်၏လက်ထဲ၌ သေဆုံးသွားခဲ့တာဖြစ်သည်။

ထိုအခြေအနေအောက်တွင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ပျက်စီးသွားခဲ့ပြီး ထိပ်သီးအဖွဲ့အစည်းများသည် ပြိုလဲပျက်စီးသွားခဲ့သလို ပြည်နယ်ကိုးလောကသည်လည်း ဗရမ်းဗတာဖြစ်သွားခဲ့သည်။ သူတို့က အစီအစဉ်ကျအောင်ပြန်လုပ်ဖို့လိုအပ်သည်။

ဥပအနေဖြင့် နောက်ဆုံးခေတ်ကာလကပ်ဘေးဒုက္ခပြီးဆုံးသွားပြီးနောက်မှာ တာအိုခြောက်ပါးကောင်းကင်အရှင်သည် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကိုတည်ထောင်ခဲ့ပြီး ပြည်နယ်ကိုးလောကကိုအစီအစဉ်တကျဖြစ်အောင်လုပ်ခဲ့သည်။

အခု သူက တာအိုသက်သေပြခြင်းသစ်သီးကို ပြီးပြည့်စုံစွာအသွင်ပြောင်းသွားစေလိုပါက ချီမင်သည် အစီအစဉ်တကျဖြစ်အောင်ပြန်လုပ်ဖို့လိုပြီး ပြည်နယ်ကိုးလောကတစ်ခုလုံးကိုပေါင်းစည်းဖို့လိုသည်။

ကမ္ဘာဦးပြည်နယ်သည် ချီမင်ကြောင့်နှစ်ခြမ်းကွဲသွားခဲ့ပြီး ပြည်နယ်ငယ်လေးနှစ်ခု အဖြစ်ပြောင်းလဲသွားသည်။ ပြည်နယ်ကိုးလောက၏အနေအထားက ကြီးမားစွာပြောင်းလဲသွားခဲ့သည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်အစောပိုင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပါပြီ။ သင် အင်မော်တယ်နယ်ပယ်၏အကန့်အသတ်ကို ထိတွေ့မိခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က အခေါင်းအသာညိတ်ကာ ဂရုတစိုက် အာရုံခံလိုက်သည်။

သူက ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စဦးအဆင့်စွမ်းအားကို ထုတ်သုံးနိုင်ပြီးသားဖြစ်သည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင်၏ခန္ဓာက ဖရိုဖရဲမဟာတာအိုခန္ဓာ(အတုအယောင်) အဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဖရိုဖရဲမဟာတာအိုခန္ဓာ"

ချီမင်သည် သူ၏ခန္ဓာကိုယ်ထဲမှပြောင်းလဲမှုများကိုခံစားလိုက်ရသည်။ သူ၏ကြွက်သားတစ်လက်မတိုင်း၊အရေပြားတစ်လက်မတိုင်း၊ဆဲလ်တစ်ခုစီတိုင်းတွင် မဟာတာအိုစွမ်းအား၏ခြေရာလက်ရာများကို ရှင်းလင်းစွာ ခံစားမိသည်။

သူက ထိုအရာအားလုံးကိုစုစည်းလိုက်ရင် မယှဉ်သာလောက်အောင်ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားထွက်လာပေလိမ့်မည်။

" ငါတကယ့်ကိုအရမ်းသန်မာတာပဲ။"

ချီမင်က သက်ပြင်းချသည်။"ဒါတောင် ဖရိုဖရဲမဟာတာအိုခန္ဓာ(အတုအယောင်)ပဲ ရှိသေးတယ်။အရမ်းကို စွမ်းအားကြီးနေပြီ။ အစစ်မှန်ဆိုဘယ်လောက်တောင်စွမ်းအားကြီးလိုက်မလဲ။"

"မယုံနိုင်စရာကောင်းသွားပြီ။"

တင်း!

"လက်ခံသူရဲ့ ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်သို့ တိုးတက်သွားပါပြီ။အလိုအလျောက်ကျင့်ကြံခြင်းအဆင့်တိုးမြှင့်မှုက တစ်ရာထရီလီယန်မှ တစ်ကွင်ဒရီလီယန်အထိ ဖြစ်သွားပါပြီ။"

…

တင်း!

"လက်ခံသူက အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်သို့ရောက်ရှိသွားပါပြီ။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၂၉၆၀၀)ကို တစ်ခုတည်းအဖြစ်ပေါင်းစပ်ပြီး မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားကိုသိပ်သည်းနိုင်ခဲ့ပါတယ်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို အင်မော်တယ်ခန္ဓာနှင့်ပေါင်းစပ်နိုင်ခဲ့သောကြောင့် လက်ခံသူ၏ခန္ဓာ၊ဝိညာဉ်၊စစ်မှန်ဝိညာဉ်နှင့် အသိစိတ်တို့သည် ကြီးမားစွာတိုးတက်ခဲ့ပါတယ်။ မြှင့်တင်မှုတိုင်းအတွက် အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်တစ်ရာသာလိုအပ်ပါတယ်။"

…

တင်း!

"လက်ခံသူရဲ့ ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်သို့ တိုးတက်သွားပါပြီ။အလိုအလျောက်တွက်ချက်ခြင်း အဆတိုးမြှင့်မှုက တစ်ရာထရီလီယန်မှ တစ်ကွင်ဒရီလီယန်အထိ ဖြစ်သွားပါပြီ။"

…

တင်း!

"လက်ခံသူက အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်သို့ရောက်ရှိသွားကြောင်းစစ်ဆေးမိပါတယ်။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်:အဆုံးမဲ့ယစ်ပုလ္လင်ကို ရှင်းလင်းရာမှ ရရှိမဲ့ ဆုလဒ်များ လျော့ကျသွားပါပြီ။ သင် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်တစ်ရာကွင်ဒရီလီယန်သုံးပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်လှစ်နိုင်ပါတယ်။"

…

တင်း!

"လက်ံသူရဲ့အရည်အချင်းက အထက်ကမ္ဘာအဆင့်ရဲ့အကန့်အသတ်ထိရောက်ရှိသွားပါပြီ။ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ ခန္ဓာ၊ဝိညာဉ်၊စိတ်ဝိညာဉ်နှင့်အသိစိတ်တို့ကိုမြှင့်တင်ပေးမှုကလည်း အကန့်အသတ်သို့ရောက်ရှိသွားပါပြီ။ သင့်ရဲ့အရည်အချင်းက အကန့်အသတ်သို့ရောက်ရှိသွားပါပြီ။ သင်ထပ်မံမတိုးတက်နိုင်တော့ပါ။ လက်ခံသူသာမဟာတာအိုကိုမရသေးမချင်း သင့်ရဲ့အရည်အချင်းက အသင်္ချေကမ္ဘာနယ်ပယ်ကိုမရောက်နိုင်ပါ။"

…

"ငါ အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်ရောက်သွားပြီ။ငါ့ရဲ့ခန္ဓာကလည်းး ဖရိုဖရဲမဟာတာအိုခန္ဓာ(အတုအယောင်)အဖြစ်ပြောင်းလဲသွားပြီ။ ဒါတောင် ငါက အသင်္ချေကမ္ဘာများအဆင့်ကိုမရောက်သေးဘူးလား။"

ချီမင်က ခဏမျှတွေးတောလိုက်သည်။"အသင်္ချေကမ္ဘာများဆိုတာ ဘယ်အဆင့်လဲ။"

သူက တွေးနေသည်။"ဘယ်လိုထူးခြားတဲ့စွမ်းအားမျိုးရှိနိုင်လဲ။"

"ငါ အဆင့်မြင့် အင်မော်တယ်သလင်းကျောက်သန်းတစ်ထရီလီယန်ထည့်မယ်။"

ချီမင်ကဆိုသည်။"ဖရိုဖရဲမဟာတာအိုကျမ်း:အထက်ကမ္ဘာအင်မော်တယ်ဘုရင်အပိုင်းကို ကျင့်ကြံမယ်။"

တင်း!

"ဖရိုဖရဲမဟာတာအိုကျမ်း:အထက်ကမ္ဘာအင်မော်တယ်ဘုရင်အပိုင်းကို အဆတစ်ကွင်ဒရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်..."

အသိပေးချက်တစ်ခုပေါ်လာသည်။

"အင်မော်တယ်သလင်းကျောက်တွေဆက်ထည့်မယ်။ကိုယ်ပိုင်အင်မော်တယ်ရတနာသုံးခုကို သန့်စင်မယ်။" ချီမင်က ဆက်ပြောသည်။

တင်း!

"ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ကို အဆ တစ်ကွင်ဒရီလီယန်ဒရီလီယန်မြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။"

…

တင်း!

"ဖရိုဖရဲကမ္ဘာဖျက်ဓားကို အဆတစ်ကွင်ဒရီလီယန်မြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။"

…

တင်း!

"ဖရိုဖရဲပုကျုံးတောင်ကို အဆတစ်ကွင်ဒရီလီယန်မြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။"

…

အသိပေးချက်သုံးခုပေါ်လာခဲ့သည်။

"ငါ အဆင့်မြင့်အင်မော်တယ်သလင်းကျောက်တစ်ရာကွင်ဒရီလီယန်ထည့်ပြီး ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်မယ်။"

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း:အထွတ်အထိပ်အင်မော်တယ်ဘုရင်လမ်းစဉ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။"

"သင် ဝင်ရောက်နိုင်ပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဝင်မယ်။"

ချီမင်၏ရှေ့တွင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းမြင်ကွင်းများပေါ်လာသည်။ နောက်ကျိသည့်ဖရိုဖရဲများထဲတွင် အဆုံးမရှိဟန်ရသည့်ကျောက်လှေကားတစ်ခုပေါ်လာသည်။

ထိုကျောက်လှေကားက သာမန်ဆန်ကာ အစိမ်းရောင်ကျောက်ပြားများဖြင့်တည်ဆောက်ထားသည်။ သို့ပါသော်လည်း သေချာကြည့်လိုက်ရင် ထိုလှေကားထစ်များပေါ်တွင် နက်နဲသည့်တာအိုပုံစံကွက်များ ရေးထွင်းထားသည်။

၎င်းက အထွတ်အထိပ်အင်မော်တယ်ဘုရင်လမ်းစဉ်သို့သွားရာဖြစ်သည်။ ထိုလမ်းကြောင်းပေါ်သို့ခြေချပြီးတာနဲ့ တစ်လှမ်းချင်းဆက်တက်ရမည်ဖြစ်ပြီး နောက်ပြန်ဆုတ်ခွင့်မရှိတော့ပေ။

ထိုလမ်းကြောင်းပေါ်တွင် ရန်သူများတစ်ယောက်ပြီးတစ်ယောက်ပေါ်လာမည်ဖြစ်သည်။ ထိုရန်သူများက အနည်းဆုံးအနေနဲ့ အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ကဖြစ်သည်။ အထွတ်အထိပ်အင်မော်တယ်ဘုရင်လမ်းစဉ်ပေါ်သို့ခြေချမည့်စိန်ခေါ်သူက အကြောက်အလန့်ကင်းစွာဖြင့် ရှေ့ဆက်ရမည်ဖြစ်ပြီး နောက်ပြန်ဆုတ်ခွင့်မရှိပေ။ သူက လမ်းဆုံးရောက်သည်အထိ ရန်သူအားလုံးကိုအနိုင်ယူရမည်ဖြစ်သည်။

တင်း!

"သင် ထိပ်တန်းအဆင့် အင်မော်တယ်သလင်းကျောက်တစ်ရာကွင်ဒရီလီယန်ဖြည့်သွင်းပြီး အင်မော်တယ်ဂိမ်းမြေအောက်စခန်း နှစ်ခြင်းအခန်းကို ဖွင့်နိုင်ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဖြည့်မယ်။"

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းနှစ်ခြင်းအခန်းကို အောင်မြင်စွာ အသက်သွင်းလိုက်နိုင်ပါတယ်။"

ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်(၁၀၀)ကွင်ဒရီလီယန်သည် စွမ်းအင်များအဖြစ်ပြောင်းလဲသွားကာ ချီမင်၏စိတ်ထဲသို့တိုးဝင်လာသည်။ ချီမင်၏အဓိကအသိစိတ်ထဲမှ အသိစိတ်တစ်စိတ်တစ်ပိုင်းကွဲထွက်လာခဲ့သည်။

ချီမင်က ဂိမ်းဇာတ်ကောင်တစ်ကောင်ကိုရွေးလိုက်သည်။

အထွတ်အထိပ်နတ်ဘုရားဘုရင်လမ်းစဉ်တွင်ဂိမ်းဇာတ်ကောင်တစ်ကောင်သာရှိသည်။၎င်းက စိန်ခေါ်သူပေ။

မျက်စိတစ်မှိတ်အတွင်းမှာ ဂိမ်းဇာတ်ကောင်စိန်ခေါ်သူကို အောင်မြင်စွာဖြင့် တည်ဆောက်ပြီးသွားခဲ့သည်။ ချီမင်၏အသိစိတ်တစ်စိတ်တစ်ပိုင်းက ဂိမ်းဇာတ်ကောင်ထဲသို့ရောက်သွားပြီး ဂိမ်းမြေအောက်စခန်း အထွတ်အထိပ်နတ်ဘုရားဘုရင်လမ်းစဉ်ထဲသို့ ဝင်ရောက်လာသည်။

စိန်ခေါ်မှုက စတင်လာခဲ့သည်။

နောက်မှာတော့ သူတစ်ဆင့်ပြီးတစ်ဆင့်ဖြတ်ကျော်သွားခဲ့သည်။ ချီမင်သည်ရန်သူများစွာနှင့်ရင်ဆိုင်ခဲ့ရသည်။ထောင်ချောက်များစွာနှင့်လည်း ကြုံခဲ့ရသည်။

ရန်သူဖြစ်စေ ထောင်ချောက်ဖြစ်စေ ချီမင်က ၎င်းတို့အားလုံးကိုဖျက်ဆီးသွားခဲ့သည်။ သုံးရက်အတွင်းမှာ သူက အထွတ်အထိပ်နတ်ဘုရားဘုရင်လမ်းစဉ်ကိုအောင်မြင်စွာ လျှောက်လှမ်းပြီးသွားခဲ့သည်။

သူက အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်းကို အောင်မြင်စွာဖြင့် ရှင်းလင်းနိုင်သွားခဲ့သည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အထွတ်အထိပ်နတ်ဘုရားဘုရင်လမ်းစဉ်ကို အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။ ဆုလဒ်များကို စာရင်းပြုစုနေပါတယ်..."

အသိပေးချက်တစ်ခုပေါ်လာသည်။

"ငါ ကျော်ဖြတ်နိုင်ခဲ့ပြီ။"

ချီမင်၏နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးတက်သွားခဲ့သည်။ "အထွတ်အထိပ်နတ်ဘုရားဘုရင်လမ်းစဉ်ရဲ့ခက်ခဲမှုက သာမန်လောက်ပဲ။ဒါပေမဲ့ အဆုံးမဲ့ယစ်ပုလ္လင်ထက်တော့ ပိုစွမ်းအားကြီးတဲ့ရန်သူတွေပါတယ်။ ဒါပေမဲ့ ငါ့အတွက်တော့ဖြေရှင်းရတာ အရမ်းလွယ်တယ်။"

ချီမင်၏အသိစိတ်တစ်စိတ်တစ်ပိုင်းက ဂိမ်းမြေအောက်စခန်း:စိန်ခေါ်သူထံမှ ပြန်ထွက်လာသည်။ ၎င်းက ဂိမ်းမြေအောက်စခန်းထဲမှထွက်လာကာ ချီမင်၏အဓိကခန္ဓာကိုယ်ထဲသို့ပြန်ဝင်သွားသည်။ ကွဲထွက်သွားသည့် အသိစိတ်က အဓိကခန္ဓာကိုယ်၏အသိစိတ်နှင့် ပေါင်းစပ်သွားသည်။

တစ်ချိန်တည်းမှာ အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းက ပြန်လည်စတင်လာသည်။

သိပ်မကြာခင်မှာပဲ အသိပေးချက်တစ်ခုပေါ်လာသည်။

တင်း!

"ရှင်းလင်းရေးဆုလဒ်စာရင်းများပြည့်စုံသွားခဲ့ပါပြီ။"

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းနှစ်ခြင်းအခန်းကို ဖွင့်ရင်း ဂိမ်းမြေအောက်စခန်းအထွတ်အထိပ်နတ်ဘုရားဘုရင်လမ်းစဉ်ကို သုံးရက်အတွင်းရှင်းလင်းနိုင်ခဲ့ပါတယ်။ သင်က ဂိမ်းတာဝန်၏ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့ပါတယ်။ ဆုလဒ်များတိုးမြင့်သွားပါပြီ။"

"တာအိုသက်သေပြခြင်းသစ်သီးတစ်လုံးနှင့် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် (၁၀၀)စစ်တီလီယန်ရရှိခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဒါက..."ချီမင်က အံ့အားသင့်သွားသည်။"ငါ့ကို တာအိုသက်သေပြခြင်းသစ်သီးတစ်လုံးတိုက်ရိုက်ပေးလိုက်တာလား။ ဒါက ငါ့ရဲ့မျှော်လင့်ချက်ထက်ကျော်လွန်သွားတာပဲ။ ငါက ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစဒါမှမဟုတ် တခြားရတနာတစ်ခုခုရမယ်ထင်ထားတာ။"

ပစ္စည်း:တာအိုသက်သေပြခြင်းသစ်သီး။

ဖော်ပြချက်:အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အထွတ်အထိပ်နတ်ဘုရားဘုရင်လမ်းစဉ်မှ ရရှိသော ကောင်းကင်နှင့်မြေကြီးမဟာတာအိုပစ္စည်းဖြစ်သည်။ ၎င်းတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်ရည်ရွယ်ချက်အနည်းငယ်ပါဝင်ပြီး ကောင်းကင်တာအို၏ဆန်းကြယ်မှုများ၊စည်းမျဉ်းများနှင့်ဥပဒေသတို့ဖြင့် ပေါင်းစပ်ထားသည်။ ၎င်းက တာအိုသက်သေပြခြင်းသစ်သီးအဖြစ် သိပ်သည်းသွားခဲ့သည်။ ၎င်းကို တိုက်ရိုက်စုပ်ယူပေါင်းစပ်နိုင်သည်။ အရှင်နယ်ပယ်သို့ချိုးဖြတ်စေနိုင်သည့်အဓိကပစ္စည်းဖြစ်ပြီး မိုးမြေမဟာတာအို၏နားလည်မှုအပေါ်တိုးမြှင့်ပေးနိုင်သည်။

"ငါသိလိုက်ပြီ။" ချီမင်က အခြေခံအားဖြင့်နားလည်သွားခဲ့သည်။

ပထမဆုံး ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပိုင်းအစတွင် မဟာတာအို၏စစ်မှန်ဆန်းကြယ်မှုများပါဝင်သည်။သို့ပေမဲ့ မဟာတာအိုကျင့်ကြံသူများသာ စုပ်ယူပေါင်းစပ်နိုင်သည်။

တာအိုသက်သေပြခြင်းသစ်သီးကတော့ ကွဲပြားသည်။

ကောင်းကင်နှင့်မြေကြီးမဟာတာအိုပစ္စည်းဖြစ်ပေမဲ့ ကောင်းကင်တာအိုကျင့်ကြံသူဖြစ်ဖြစ် ဥပဒေသကျင့်ကြံသူဖြစ်ဖြစ် စည်းမျဉ်းကျင့်ကြံသူဖြစ်ဖြစ် သာမန်ကျင့်ကြံသူများကတောင် တာအိုသက်သေပြခြင်းသစ်သီးကို စုပ်ယူသန့်စင်နိုင်ပြီး အရှင်နယ်ပယ်သို့ခြေချနိုင်သည်။

အခု ချီမင်က တာအိုသက်သေပြခြင်းသစ်သီးကိုတိုက်ရိုက်စုပ်ယူပြီး သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုနားလည်မှုများကို တိုးမြှင့်နိုင်သည်။ အစောပိုင်းအဆင့်:အသေးစားနားလည်မှုအကြီးစားအောင်မြင်မှုအဆင့်သို့ရောက်ရန် အခွင့်အရေးများသည်။

ချီမင်က ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓကို တာအိုသက်သေပြခြင်းသစ်သီးအားစုပ်ယူခိုင်းစေချင်လျှင်လည်း ရသည်။ တစ်ချိန်တည်းမှာ သူက ကောင်းကင်အရှင်နယ်ပယ်သို့ခြေချနိုင်မည်ဖြစ်ပြီး ကြီးထွားမှုအကန့်အသတ်ကိုလည်း ချိုးဖြတ်နိုင်မည်ဖြစ်သည်။

"ငါ့ရဲ့အင်မော်တယ်သားရဲတွေတိုးတက်လာတာနဲ့ယှဉ်ရင် ငါကိုယ်တိုင်ကျင့်ကြံခြင်းအဆင့်တိုးလာတာက ပိုအဆင်ပြေတယ်။"

ချီမင်က ဆုံးဖြတ်ချက်ချလိုက်သည်။

"စုပ်ယူမယ်။"

အတွေးတစ်ချက်ဖြင့် တာအိုသက်သေပြခြင်းသည် ချီမင်၏ခန္ဓာကိုယ်ထဲသို့ပေါင်းစပ်သွားသည်။ သူက ဖရိုဖရဲမဟာတာအိုကျမ်းကိုလည်ပတ်ပြီး သူ၏ခန္ဓာကိုယ်ထဲမှကောင်းကင်နှင့်မြေကြီးမဟာတာအိုမီးပြင်းဖိုဖြင့် စတင်စုပ်ယူသန့်စင်တော့သည်။

"ငါ အဆင့်မြင့်အဆင့်အင်မော်တယ်သလင်းကျောက်(၁)ထရီလီယန်ထည့်ပြီး တာအိုသက်သေပြခြင်းသစ်သီးကိုသန့်စင်မယ်။"

တင်း!

"တာအိုသက်သေပြခြင်းသစ်သီးကို အဆတစ်ကွင်ဒရီလီယန်မြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။"

…

အချိန်ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ တစ်လကြာသွားခဲ့သည်။

ချီမင်သည် တာအိုသက်သေပြခြင်းသစ်သီးကိုအောင်မြင်စွာသန့်စင်နိုင်သွားတော့သည်။ သူ၏တစ်ကိုယ်လုံးက ကမ္ဘာဦးခရမ်းရောင်အလင်းရောင်များဖြင့် တောက်ပသွားသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက သူ့ခန္ဓာကိုယ်ကိုထောက်ပံ့ပေးထားသည်။

သူ၏မျက်ခုံးကြားမှ မဟာတာအိုအမှတ်အသားက ပိုပြီးရှင်းလင်းလာသည်။

ချီမင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုက အစောပိုင်းအဆင့်:အသေးစားနားလည်မှုအကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားတော့သည်။ သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအို၏နားလည်မှုက တိုးမြင့်သွားသည်။၎င်းက သူ၏ကျင့်ကြံမှုများအပေါ် တိုးတက်ပြောင်းလဲမှုများ ယူဆောင်လာသည်။

All Chapters