အဆင့်ချိုးဖြတ်ခြင်း။အထက်ကမ္ဘာအင်မော်တယ်ဘုရင်အလယ်ပိုင်းအဆင့်။အလိုအလျောက်ကျင့်ကြံခြင်းစနစ်အဆင့်မြှင့်တင်ခြင်း။ပြည်နယ်ကိုးလောကကို စုစည်းခြင်း။
Vol. 27 Ch. 401
"ငါကအင်မော်တယ်ဘုရင်အစောပိုင်းအဆင့်ရဲ့အကန့်အသတ်ထိရောက်သွားပြီ။ ငါက အင်မော်တယ်ဘုရင်အလယ်ပိုင်းအဆင့်ရောက်ဖို့ ခြေလှမ်းတစ်ဝှက်ပဲလိုတော့တယ်။ ငါ အဆင့်တက်ခါနီးနေပြီ။အဆင့်မချိုးဖြတ်ခင် ခဏလောက် အနားယူရမယ်။"
ချီမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူက ဒီတစ်ခေါက်ရလိုက်သည့်အကျိုးအမြတ်များအတွက် အင်မတန်ကျေနပ်သွားသည်။
ချီမင်က တာအိုသက်သေပြခြင်းသစ်သီးကိုစုပ်ယူပြီးနောက်မှာ သူ၏တိုးတက်မှုက အတော်လေးသိသာလာခဲ့သောကြောင့် သူ၏အချိန်တော်တော်လေး သက်သွားသည်။
ထိုအခိုက်တွင် ချီမင်၏နောက်တွင် ပုံရိပ်များ ရပ်နေကြသည်။ ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များနှင့်ဂိုဏ်းချုပ် ချင်ဖေးယွမ်တို့ဖြစ်သည်။
တာအိုသက်သေပြခြင်းသစ်သီးနှင့်ပေါင်းစပ်ကာ ကျင့်ကြံနေတုန်း ချင်ဖေးယွမ်တို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့ပါသော်လည်း သူကျင့်ကြံနေတာမြင်သည့်အတွက် သူတို့က သဘာဝအတိုင်းမနှောက်ယှက်ရဲပေ။
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့်ကျန်သောသူများက ချီမင်ကိုစောင့်ကြပ်ပေးနေသည်။ မည်သူမှတော့ ချီမင်၏အင်မော်တယ်သားရဲများထံမှအသတ်မခံချင်ပေ။
"မင်းတို့ဒီမှာပဲ။"
ချီမင်ကမျက်စိ ဖွင့်လာခဲ့သည်။သူက ချင်ဖေးယွမ်တို့ကိုအာရုံခံမိသွားသည်။ သူက လှည့်ကာလက်နှစ်ဖက်ကိုနောက်ပစ်လျက်ကြည့်လိုက်သည်။"အခု ပြည်နယ်ကိုးလောကရဲ့အခြေအနေကဘယ်လိုတုန်း။"
"ဂျူနီယာညီလေးချီမင်" ချင်ဖေးယွမ်က ပွင့်လင်းစွာပြောသည်။"ခေတ်ကာလကပ်ဘေးဒုက္ခက အဆုံးသတ်တော့မယ်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၊အသင်္ချေမျိုးနွယ်မဟာမိတ်နဲ့တာအိုဂိုဏ်းမဟာမိတ်တို့က အခြေခံအားဖြင့် ရှုံးနိမ့်သွားပါပြီ။ ကျန်တဲ့အဖွဲ့အစည်းတွေကတော့ ထည့်ပြီးပြောဖို့တောင်မလိုပါဘူး။"
"ဟုတ်တယ်။"
"ကျွန်တော်တို့ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းက နိုင်တော့မယ်။"
“ဟားဟား..."
"ဒါတွေအားလုံးက မျိုးနွယ်သခင်ချီမင်ကြောင့်ပါ။ တာအိုကျင့်ကြံသူနှစ်ဦးကို စီနီယာသတ်ပေးခဲ့လို့ပါ။ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကတောင် စီနီယာရဲ့ပြိုင်ဘက်မဟုတ်ဘူး။"
"ဟုတ်တယ်။ဟုတ်တယ်။"
" မျိုးနွယ်သခင်ရဲ့စွမ်းအားကြောင့် ကျွန်တော်တို့ရဲ့ရန်သူအားလုံးက တစ်ပြိုင်တည်းလက်နက်ချလာချင်ကြတာပါ။"
"မျိုးနွယ်သခင် ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဗျ။"
"မျိုးနွယ်သခင် ကျေးဇူးပြုပြီး ညွှန်ကြားပေးပါ။"
“…”
ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များက ဆိုသည်။
“အရမ်းကောင်းတယ်။”
ချီမင်သည် ပိုပြီးတောင်ကျေနပ်သွားတော့သည်။ သူက တိုက်ရိုက်ပဲညွှန်ကြားလိုက်သည်။"ကျွန်တော် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၊အသင်္ချေမျိုးနွယ်မဟာမိတ်နဲ့တာအိုဂိုဏ်းမဟာမိတ်တို့ကိုစုစည်းဖို့ ခင်ဗျားတို့အားလုံးကိုလိုတယ်။ ပြည်နယ်ကိုးလောကကိုစုစည်းပြီး ဖရိုဖရဲဖြစ်နေတာတွေကို ပြန်လည်အစီအစဉ်တကျဖြစ်အောင်လုပ်ရမယ်။ အဲ့ဒါမှပဲ ကျွန်တော်တို့ ခေတ်ကာလကပ်ဘေးဒုက္ခကိုကျော်ဖြတ်နိုင်မှာ။"
"ခင်ဗျားတို့နားလည်ကြလား။"
"ဟုတ်ကဲ့!”
"ဟုတ်ကဲ့!”
"ဟုတ်ကဲ့ပါ။မျိုးနွယ်သခင်ချီမင်။"
"နားလည်ပါပြီ။"
“…”
ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များက ပြန်ဖြေလိုက်သည်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းထဲမှချီမင်၏ဂုဏ်သတင်းက ချင်ဖေးယွမ်ထက်ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ချင်ဖေးယွမ်အပါအဝင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏အကြီးအကဲများနှင့်တပည့်များက ချီမင်၏အမိန့်များကို တလေးတစားနားထောင်ကြသည်။
ချင်ဖေးယွမ်ကိုယ်တိုင် ချီမင်ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျမြင်ခဲ့ရသည်။ တာအိုကျင့်ကြံသူနှစ်ဦးကိုဆက်တိုက်သတ်ဖြတ်ပြီးနောက်မှာ သူက ချီမင်အင်အားကိုပို၍ယုံကြည်လာခဲ့သည်။
တကယ်တော့...
ချင်ဖေးယွမ်သည် ကမ္ဘာဦးကောင်းကင်အရှင်၏ဆုံးဖြတ်ချက်များက အတော်လေးထူးခြားသည်ဟုခံစားခဲ့ရတာဖြစ်သည်။ သူက ချီမင်၏ထူးခြားမှုကိုတစ်ချက်ကြည့်ရုံနဲ့မြင်နိုင်ပြီး သူ့ကိုကူညီခိုင်းခဲ့သည်။
ချီမင်က လက်ဝေ့ယမ်းလိုက်သည်။"လူတိုင်းပဲ အစီစဉ်တကျဖြစ်အောင်လုပ်ဖို့ တတ်နိုင်သမျှ မြန်မြန်စုစည်းရမယ်။"
"ဟုတ်ကဲ့” ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓတို့က လျင်မြန်စွာဖြင့်ဖြေလိုက်ကြသည်။
"ခဏ" ချီမင်က ချင်ဖေးယွမ်နှင့်ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓတို့ကိုကြည့်ကာ အော်လိုက်သည်။
"သခင် ပြောစရာတစ်ခုခုရှိသေးလို့လား။" ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓက မေးလိုက်သည်။
"ဂျူနီယာညီလေး ပြောစရာရှိလို့လား။" ချင်ဖေးယွမ်ကမေးလိုက်သည်။
"ဟုတ်တယ်။" ချီမင်က ပြုံးလိုက်သည်။
သူက ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။အလင်းများတောက်ပလာသည်။
စွမ်းအင်များက ပြင်းထန်စွာ တဟုန်ထိုးမြင့်တက်လာသည်။
ချီမင်က သူ၏လက်ထဲမှကောင်းကင်တာအိုရတနာအားလုံးကိုထုတ်ယူလိုက်သည်။ သူ့ရှေ့တွင် ကောင်းကင်တာအိုရတနာများ မြောလွင့်နေခဲ့သည်။ စွမ်းအားကြီးအရှိန်အဝါများထုတ်လွှတ်နေသည် ကောင်းကင်တာအိုရတနာ စုစုပေါင်းဆယ်ခုရှိသည်။
ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်နှင့်ကောင်းကင်ဖန်တီးခြင်းကြေးမုံက ထိပ်တန်းအဆင့်လူလုပ်ကောင်းကင်တာအိုရတနာများဖြစ်သည်။
ကံကြမ္မာမြွေလက်ပတ်၊ကောင်းကင်နှင့်မြေကြီးဓာတ်ငါးပါးကျောက်စိမ်းချိတ်စည်း၊အချိန်စစ်မှန်ဓား၊ကောင်းကင်ဘုရင်နတ်ဘုရားတူ၊အသင်္ချေရတနာ သံချပ်ဝတ်ရုံနှင့်သုံးဆယ့်ခြောက်ဂိတ်တို့ကတော့ အဆင့်မြင့်လူလုပ်ကောင်းကင်တာအိုရတနာများဖြစ်သည်။
အချိန်နေရာလွတ်တံခါးကတော့ အလယ်ပိုင်းအဆင့်လူလုပ်ကောင်းကင်တာအိုရတနာဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကားကတော့ အဆင့်နိမ့်လူလုပ်ကောင်းကင်တာအိုရတနာဖြစ်သည်။
လီရှန်း၏လက်ထဲမှကောင်းကင်တာအိုရတနာကတော့ ချီမင်ကြောင့်လုံးဝပျက်စီးသွားပြီ ဖြစ်သည်။ပြန်ပြင်ဖို့ လုံးဝကိုခက်ခဲသွားပြီဖြစ်သည်။ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်၏ကောင်းကင်တာအိုရတနာကတော့ အနည်းငယ်ထိခိုက်သွားပြီဖြစ်သည်။ချီမင်၏ကိုယ်ပိုင်အင်မော်တယ်ရတနာကလည်း ထိခိုက်ထားပြီးသားဖြစ်သည်။၎င်းတို့အားလုံးကိုတော့ ချီမင်က ပြန်ပြင်ထားပြီးသားဖြစ်သည်။
"ဒါတွေအားလုံးကိုယူသွား။" ချီမင်ကဆိုသည်။"ဒီကောင်းကင်တာအိုရတနာတွေကိုယူသွား။ မင်းတို့ကိုင်တွယ်ရခက်တဲ့ရန်သူတွေနဲ့ကြုံရင် သုံးလို့ရတယ်။"
"ဟုတ်ကဲ့” ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓက ဆိုသည်။
"ဟုတ်ကဲ့ပါ။" ချင်ဖေးယွမ်က အနည်းငယ်ပျော်ရွှင်သွားသည်။
"သွားတော့" ချီမင်က လက်ဝေ့ယမ်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ ချင်ဖေးယွမ်၊မျိုးနွယ်သခင်များ၊ ချီမင်၏အင်မော်တယ်သားရဲဆယ့်နှစ်ကောင်နှင့် အင်မော်တယ်အစေခံစစ်တပ်က အလင်းတန်းများအဖြစ်ပြောင်းလဲကာ လျင်မြန်စွာထွက်သွားတော့သည်။
သူတို့က ပြည်နယ်ကိုးလောက၏နေရာများစွာသို့ ဦးတည်သွားကြကာ ချီမင်၏ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တော့သည်။
"မဆိုးဘူး။"
ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။"အခုတော့ ငါ ကမ္ဘာဦးမြင့်မြတ်တောင်မှာပဲနေပြီး သတင်းကိုထိုင်စောင့်နေတော့မယ်။ ငါ ကိုယ်တိုင်ဝင်ပါစရာမလိုသေးဘူး။"
အချိန်ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်နှစ်တစ်ထောင် ကုန်လွန်သွားခဲ့သည်။
ထိုနှစ်တစ်ထောင်အတွင်း ကိုးပြည်နယ်တွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ ချင်ဖေးယွမ်၊ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့်ကျန်သောသူများက ချီမင်၏ညွှန်ကြားချက်ကိုလိုက်နာကာ စစ်ပွဲများတစ်ပွဲပြီးတစ်ပွဲတိုက်ခိုက်ကာ ပြည်နယ်ကိုးလောကကိုသိမ်းယူခဲ့သည်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၊အသင်္ချေမျိုးနွယ်မဟာမိတ်၊တာအိုဂိုဏ်းမဟာမိတ်နှင့်တခြားသောဂိုဏ်းအဖွဲ့အစည်းအရွယ်အစားမျိုးစုံတို့က ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကိုအညံ့ခံရန်ရွေးချယ်ခဲ့သည်။
ယနေ့နေ့လည်ခင်းမှာတော့။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ကို အဆ တစ်ကွင်ဒရီလီယန်ဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၂၀၀၀)ကြာ သန့်စင်ခဲ့ပါတယ်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ထိပ်တန်းအဆင့်ထိ မြှင့်တင်နိုင်ခဲ့ပါတယ်။"
…
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲကမ္ဘာဖျက်ဓားကို အဆ တစ်ကွင်ဒရီလီယန်ဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၂၀၀၀)ကြာ သန့်စင်ခဲ့ပါတယ်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ထိပ်တန်းအဆင့်ထိ မြှင့်တင်နိုင်ခဲ့ပါတယ်။"
…
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲပုကျုံးတောင်ကို အဆ တစ်ကွင်ဒရီလီယန်ဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၂၀၀၀)ကြာ သန့်စင်ခဲ့ပါတယ်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်ထိပ်တန်းအဆင့်ထိ မြှင့်တင်နိုင်ခဲ့ပါတယ်။"
…
ချီမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။
သူက ပါးစပ်ဖွင့်ကာ ထွေးထုတ်လိုက်သည်။ သူ၏ပါးစပ်ထဲမှ အလင်းစီးကြောင်းသုံးခုထွက်လာသည်။ ၎င်းတို့၏အပြင်ပန်းပုံစံကတော့ ထူးခြားတောက်ပနေသည်။ ၎င်းတို့ကို ထူထဲသည့်ဖရိုဖရဲမြူခိုးများဖုံးအုပ်နေပြီး ခပ်ဖျော့ဖျော့ ကမ္ဘာဦးခရမ်းရောင်အလင်းများလည်းတောက်ပနေသည်။
ချီမင်၏ကိုယ်ပိုင်အင်မော်တယ်ရတနာများက ထိပ်တန်းအဆင့်အထက်ကမ္ဘာအင်မော်တယ်ဘုရင်များ ဖြစ်လာကြသည်။သူ့လက်နက်များက အဆပေါင်းများစွာ တိုးတက်လာသည်။ ၎င်းတို့က သာမန်ကောင်းကင်တာအိုရတနာများထက်ပို၍သာသွားသည်။
တစ်လကြာသွားသည်။
ချီမင်၏ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ သူက ကောင်းကင်ပေါ်သို့ခုန်တက်ကာ ကမ္ဘာဦးမြင့်မြတ်တောင်ထိပ်ပေါ်၌ တင်ပျဉ်ခွေချိတ်ကာ ထိုင်နေသည်။ သူက လေဟာနယ်ထဲ၌ထိုင်ကာ ကျင့်ကြံခြင်းနည်းစနစ်များကိုလည်ပတ်လိုက်သည်။ သူ့ကိုယ်ပေါ်တွင် ကမ္ဘာဦးခရမ်းရောင်အလင်းများတောက်ပလာသည်။
ချီမင်၏မျက်ခုံးကြားမှမဟာတာအိုအမှတ်အသား ပေါ်လာသည်။ ချီမင်၏ခန္ဓာကိုယ်ထဲမှမဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားထွက်ပေါ်လာပြီး သူ၏ခေါင်းအထက်၌ ခပ်ဖျော့ဖျော့အလင်းရောင်လေးတောက်ပကာ မြောလွင့်လာသည်။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်း:အထက်ကမ္ဘာအင်မော်တယ်ဘုရင်အပိုင်းကို အဆတစ်ကွင်ဒရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ထောင်ကြာကျင့်ကြံခဲ့ပါတယ်။ သင် အင်မော်တယ်ဘုရင်အလယ်ပိုင်းအဆင့်သို့ရောက်ရှိသွားပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ပစ္စည်းစာရင်းကိုဖွင့်။"
အတွေးတစ်ချက်ဖြင့် ချီမင်ကသူ၏ပစ္စည်းစာရင်းထဲမှထိပ်တန်းအဆင့် အင်မော်တယ်သလင်းကျောက် များကို ထုတ်ယူလိုက်သည်။ သူက ကျင့်ကြံခြင်းနည်းစနစ်များကိုလည်ပတ်လိုက်ကာ ထိုထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်များကိုစုပ်ယူကာ သန့်စင်တော့သည်။
ပတ်ဝန်းကျင်လေဟာနယ်ထဲတွင် ကမ္ဘာဦးခရမ်းရောင်အလင်းတန်းက ကောင်းကင်နှင့်မြေကြီးမဟာတာအို အငွေ့အသက်များသယ်ဆောင်လျက် ချီမင်၏ခန္ဓာကိုယ်ထဲသို့ ဝင်လာသည်။သူ၎င်းတို့ကို စုပ်ယူသန့်စင်နေလိုက်သည်။
သိသာလှသည်။
အစတည်းက မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားဆိုသည်က ပုံရိပ်ယောင်သာဖြစ်သည်။ ၎င်းက အစစ်မှန်မဟုတ်ပေ။ရုပ်ဝတ္တုလည်းမဟုတ်ပေ။ ၎င်းက ပုံရိပ်ယောင်နှင့်အစစ်မှန်ကြားမှဖြစ်သည်။ အင်မော်တယ်ဘုရင်အလယ်ပိုင်းအဆင့်ကိုချိုးဖြတ်သွားပြီးနောက်မှာ မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားသည် ဖြေးညှင်းစွာဖြင့်စတင်သိပ်သည်းလာသည်။
ချီမင်သည် အင်မော်တယ်သလင်းကျောက်များကိုစုပ်ယူပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုအငွေ့အသက်များနှင့်ပေါင်းစပ်သည်။ထိုမှတစ်ဆင့် ကောင်းကင်နှင့်မြေကြီးမဟာာတာအိုစွမ်းအားအဖြစ်ပြောင်းလဲကာ မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားထဲသို့ပေါင်းစပ်သည်။
၎င်းက အဆက်မပြတ်သိပ်သည်းနေသည်။
နောက်ဆုံးမှာတော့ မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသား၏တစ်ဝက်လောက်က သိပ်သည်းသွားပြီးနောက်မှာချီမင်ကလည်းအဆင့်တက်သွားသည်။ သူ၏အရှိန်အဝါကတိုးမြှင့်သွားခဲ့သည်။ သူသည် အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်မှအလယ်ပိုင်းအဆင့်သို့ရောက်ရှိသွားတော့သည်။
ချီမင်က သူ၏အဆင့်ချိုးဖြတ်မှုကိုတည်ငြိမ်အောင်လုပ်လိုက်သည်။
တစ်လကြာသွားခဲ့သည်။
တည်ငြိမ်အောင်လုပ်ခြင်းက ပြီးဆုံးသွားခဲ့သည်။
တင်း!
"လက်ခံသူက အင်မော်တယ်ဘုရင်အလယ်ပိုင်းအဆင့်သို့ ချိုးဖြတ်သွားကြောင်း စစ်ဆေးမိပါတယ်။ အင်မော်တယ်ဘုရင်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်းအထွတ်အထိပ်နတ်ဘုရားဘုရင်လမ်းစဉ်ကိုရှင်းလင်းလို့ရမဲ့ဆုလဒ်များ လျော့ကျသွားပါပြီ။ သင် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် တစ်စစ်တီလီယန်သုံးပြီး ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်လှစ်နိုင်ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ငါ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် တစ်စစ်တီလီယန်ထည့်မယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်:ကောင်းကင်တာအိုအင်မော်တယ်ဘုရင်ဆန်းကြယ်လောကကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါတယ်။"
"သင် ဝင်ရောက်နိုင်ပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ဝင်မယ်။"
ချီမင်၏ရှေ့တွင်သက်ဆိုင်ရာ ဂိမ်းမြင်ကွင်းများပေါ်လာတော့သည်။ ထိုအရာကဆန်းကြယ်လောကဖြစ်သည်။ သူ့ရှေ့ သီးသန့်ဆန်ပြီးဆန်းကြယ်မှုများပြည့်နေခဲ့သော စကြဝဠာကြီးက ကြယ်ရောင်စုံကောင်းကင်ကြီးပမာ အလင်းများထင်ဟပ်နေသည်။
စကြဝဠာသဖွယ်မြင်ကွင်းထဲတွင် ဂြိုဟ်ကိုးလုံးနှင့်ကြယ်စုတန်းတစ်စုဖွဲ့စည်းထားသည်။ သို့ပါသော်လည်း ၎င်းတို့က မျဉ်းကြောင်းတစ်ခုသဖွယ်ချိတ်ဆက်နေကြခြင်းဖြစ်ပြီး နေကြယ်တို့မရှိပေ။
ထိုဂြိုဟ်ကိုးလုံးပေါ်တွင် ကောင်းကင်တာအိုကိုကျင့်ကြံသော အထက်ကမ္ဘာအင်မော်တယ်ဘုရင်များ ရှိသည်။ သူတို့တစ်ဦးချင်းစီတိုင်းက သော့တစ်ခုကိုစောင့်ရှောက်ထားသည်။
သူက ကောင်းကင်တာအိုအင်မော်တယ်ဘုရင်ဆန်းကြယ်လောက၏အန္တိမတံခါးကိုဖွင့်လှစ်ဖို့ ကောင်းကင်တာအိုသော့ကိုးချောင်းလိုအပ်သည်။သို့မှသာ ဆန်းကြယ်လောကထဲဝင်ရောက်နိုင်ပြီးဆုလဒ်များစွာ ရရှိမည်ဖြစ်သည်။
"စိတ်ဝင်စားဖို့ကောင်းတယ်။" ချီမင်က ခဏလောက်တွေးမိသည်။"ငါ အခု ကောင်းကင်တာအိုအင်မော်တယ်ဘုရင်ဆန်းကြယ်လောကရဲ့အန္တမိတံခါးဆိုတာဘာလဲသိချင်နေပြီ။သူ့နောက်မှာ ဘာရှိမလဲ။"
တင်း!
"သင် ထိပ်တန်းအဆင့် အင်မော်တယ်သလင်းကျောက်တစ်စစ်တီလီယန်သုံးပြီး အင်မော်တယ်ဂိမ်းမြေအောက်စခန်း နှစ်ခြင်းအခန်းကို ဖွင့်နိုင်ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ဖြည့်မယ်။" ချီမင်က သာမန်အတိုင်းသာ ပြောလိုက်သည်။
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းနှစ်ခြင်းအခန်းကို အောင်မြင်စွာအသက်သွင်းလိုက်နိုင်ပါတယ်။"
အသိပေးချက်ပေါ်လာသည်။
ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်တစ်စစ်တီလီယန်သည် စွမ်းအင်အဖြစ်ပြောင်းလဲကာ ချီမင်၏ခန္ဓာကိုယ်ထဲသို့တိုးဝင်သွားပြီး သူ၏စိတ်ထဲသို့ဝင်ရောက်လာသည်။ အသိစိတ်တစ်စိတ်တစ်ပိုင်းက အဓိကအသိစိတ်ထဲမှထွက်လာခဲ့သည်။
ကွဲထွက်သွားသော အသိစိတ်တစ်စိတ်တစ်ပိုင်းက ကောင်းကင်တာအိုအင်မော်တယ်ဘုရင်ဆန်းကြယ်လောက ထဲသို့ဝင်ရောက်လာသည်။
ချီမင်က ဂိမ်းဇာတ်ကောင်တစ်ကောင်ရွေးချယ်ဖို့လိုအပ်သည်။
ကောင်းကင်တာအိုအင်မော်တယ်ဘုရင်ဆန်းကြယ်လောကထဲတွင် ဂိမ်းဇာတ်ကောင်တစ်ကောင်ထဲသာရှိပြီး ဆန်းကြယ်လောကစိန်ခေါ်သူဖြစ်သည်။
စွမ်းအင်အားလုံးကုန်ဆုံးသွားပြီးနောက်မှာ မျက်စိတစ်မှိတ်အတွင်းမှာ ဂိမ်းဇာတ်ကောင်:ဆန်းကြယ်လောကစိန်ခေါ်သူကို အောင်မြင်စွာတည်ဆောက်ပြီးသွားခဲ့သည်။ ချီမင်၏ခွဲထွက်သွားသော အသိစိတ်တစ်စိတ်တစ်ပိုင်းက သူဖန်တီးလိုက်သည့်ဂိမ်းဇာတ်ကောင်ကိုယ်ထဲသို့ဝင်သွားကာ ကောင်းကင်တာအိုအင်မော်တယ်ဘုရင်ဆန်းကြယ်လောကထဲတွင် ခြေချလိုက်သည်။
စိန်ခေါ်မှုကစတင်လာသည်။
ဂိမ်းမြင်ကွင်းထဲတွင်။
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်သွားသည်။
ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်များက ကောင်းကင်တာအိုအင်မော်တယ်ဘုရင်များကို တစ်ယောက်ပြီးတစ်ယောက်အနိုင်ယူခဲ့သည်။
ဂြိုဟ်ကိုးလုံးကိုစောင့်ကြပ်သည့်ကောင်းကင်တာအိုအင်မော်တယ်ဘုရင်များက အင်မတန်သန်မာပေမဲ့ သူတို့၏အင်အားက ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်နှင့်အခြေခံအားဖြင့်တော့ များစွာမကွာခြားပေ။ ချီမင်က မဟာတာအိုလက်ချောင်းနှင့်မဟာတာအိုလက်တို့ကို သုံးကာ အလွယ်တကူသတ်ဖြတ်လိုက်သည်။ လုံးဝကိုမခက်ခဲပေ။
တစ်ရက်မပြည့်ခင်မှာပဲ ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်က ဂြိုဟ်ကိုးလုံးကိုစောင့်ကြပ်နေသော အထက်ကမ္ဘာအင်မော်တယ်ဘုရင်များကိုသတ်ဖြတ်ပြီး မတူညီသည့်သော့ကိုးချောင်းကိုရရှိခဲ့သည်။
သော့ကိုးချောင်းကို အနီ၊လိမ္မော်၊အဝါ၊အစိမ်း၊မိုးပြာ၊အပြာ၊ခရမ်း၊အနက်နှင့်အဖြူဟူ၍ အရောင်ကိုးရောင်ခွဲထားသည်။
နောက်တော့ ချီမင်က သူ၏ဓမ္မစွမ်းအားများကိုလည်ပတ်ကာ သော့ကိုးချောင်းကိုအသက်သွင်းလိုက်သည်။ ၎င်းတို့က အလင်းလုံးကိုးလုံးအဖြစ်ပြောင်းလဲကာ ကောင်းကင်သို့ပျံတက်သွားသည်။ အလင်းများတောက်ပလာပြီး ကွင်းတစ်ခုအဖြစ်ဖွဲ့စည်းကာ လျင်မြန်စွာဖြင့် လှည့်ပတ်ကခုန်လာသည်။
"အန္တိမတံခါး။" ချီမင်က အော်ပြောလိုက်သည်။"ပွင့်စမ်း။"
သော့ကိုးချောင်းဖြင်ဖွဲ့တည်ထားသည့်ကွင်းက စက်ဝိုင်းပုံစံတံခါးတစ်ချပ်အဖြစ်ပြောင်းလဲကာ မတူညီသည့်အရောင်ကိုးရောင်တောက်ပလာသည်။ တံခါးပေါ်တွင် အန္တိမဟုရေးထားသည်။
ခရက်!
အန္တိမတံခါးက ဖြေးညှင်းစွာပွင့်သွားသည်။
အပြင်ကနေကြည့်ရင် အထဲက ပိန်းပိတ်အောင်နက်မှောင်နေလေသည်။
ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်က အန္တိမတံခါးထဲသို့ ဝင်ရောက်သွားတော့သည်။ အထဲတွင်နက်မှောင်နေပေမဲ့ မတူညီသည့်အရောင်ကိုးရောင်အလင်းလုံးများမှာ ကြယ်များမြင့်တက်လာသည့်အလား ပျံတက်သွားသည်။
"ဒါက...."ချီမင်ကြောင်သွားသည်။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အန္တိမတံခါးကိုဖွင့်လှစ်ပြီး အန္တိမကုန်းမြေသို့ဝင်ရောက်ခဲ့ပါတယ်။ သူ့ရှေ့မတူညီသည့်အရောင်များဖြင့်အလင်းလုံးများက အန္တိမအလင်းကိုကိုယ်စားပြုပါတယ်။ ကျေးဇူးပြုပြီး ဆယ်စက္ကန့်အတွင်း သက်ဆိုင်ရာ အန္တိမအလင်းကို ဖမ်းယူပေးပါ။"
"အကြုံပြချက်။ အလင်းလုံးပိုကြီးလေ ပိုတောက်ပလေပါ။ အန္တိမအလင်းကပိုတောက်ပလေ အကျိုးအမြတ်ပိုများလေပါ။"
ချီမင်၏ရှေ့တွင် သက်ဆိုင်ရာအသိပေးချက်များပေါ်လာသည်။
"အန္တိမကုန်းမြေ။အန္တိမအလင်း။" ချီမင်က ထိုအခိုက်၌နားမလည်နိုင်ဖြစ်သွားသည်။"ဒါကဘာလဲ။"
တင်း!
"ကျန်ရှိသောအချိန်၁၀ ၉ ၈ ၇ "
အချိန်မကျန်တော့ပေ။
"အဲ့ဒါပဲယူတော့မယ်။"
ချီမင်က နောက်ဆုံးအခိုက်၌ အန္တိမအလင်းတစ်ခုကိုဖမ်းယူလိုက်သည်။ အလင်းက အင်မတန်တောက်ပသလို အလင်းလုံးအရွယ်အစားကလည်း အင်မတန်ကြီးမားသည်။ ၎င်းက အကြီးမားဆုံးအလင်းလုံးမဟုတ်ပေမဲ့ ချီမင်က ဝေဝေဝါးဝါးတော့ ခံစားနိုင်သည်။
ပိုပြီးအရေးကြီးသည်က။
အချိန်ဆယ်စက္ကန့်က ကုန်ဆုံးတော့မည်ဖြစ်သည်။
ချီမင်က အန္တိမအလင်းကိုဖမ်းယူလိုက်သည်။ ခရမ်းရောင်အလင်းက မျက်စိကျိန်းဖွယ်တောက်ပလာသည်။ ခရမ်းရောင်အလင်းထဲတွင် ဖရိုဖရဲမြူခိုးတို့ရှိသည်။
ချက်ချင်းပဲ ချီမင်၏တစ်ကိုယ်လုံးကိုမျက်စိကျိန်းဖွယ်အလင်းတန်းများဖုံးအုပ်သွားခဲ့ပြီး ဂိမ်းမြင်ကွင်းတစ်ခုလုံးလည်းလင်းထိန်းသွားခဲ့သည်။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အန္တိမကုန်းမြေမှ အန္တိမအလင်းကိုအောင်မြင်စွာဖမ်းယူနိုင်ခဲ့ပါတယ်။ အန္တိမအလင်းကို အလိုအလျောက်ကျင့်ကြံခြင်းစနစ်တွင် ပေါင်းစပ်ခဲ့ပါတယ်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကို အဆင့်မြင့်နေပါတယ်..."
"ခန့်မှန်းချိန်:နှစ်တစ်သောင်း။"
"ကျေးဇူးပြုပြီးစိတ်ရှည်ရှည်စောင့်ပါ။"
…
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အင်မော်တယ်ဘုရင်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်းကောင်းကင်တာအိုအင်မော်တယ်ဘုရင်ဆန်းကြယ်လောကကို အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုအဆင့်မြှင့်တင်နေသောကြောင့် အဆင့်မြှင့်တင်မှုပြီးဆုံးပြီးနောက်မှာ ရှင်းလင်းရေးဆုလဒ်များကို တွက်ချက်ပေးပါမယ်။"
…
တင်း!
"အဆင့်မြှင့်တင်နေစဉ်အတွင်း အလုပ်မလုပ်နိုင်ပါ။"
…
"ဒါက..."
ချီမင်က သူ့ရှေ့မှပေါ်လာသောအသိပေးချက်ကို အံ့ဩသည့်အမူအရာဖြင့် ကြည့်နေသည်။"အန္တိမအလင်းက အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုအဆင့်မြှင့်ပေးနိုင်တလား။"
"ကောင်းတယ်။"
"နှစ်တစ်သောင်းလိုတယ်ဆိုပေမဲ့ ငါအတွက် မျက်စိတစ်မှိတ်အတွင်းမှာပဲ။"
"အလိုအလျောက်ကျင့်ကြံခြင်းစနစ်အဆင့်မြင့်ပြိးတာကိုစောင့်ရုံပဲတတ်နိုင်တယ်"
ချီမင် ကခဏလောက်တွေးမိသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်တစ်လကြာသွားသည်။
ချင်ဖေးယွမ်၊ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့်ကျန်သောသူတို့က ကမ္ဘာဦးမြင့်မြတ်တောင်သို့ပြန်ရောက်လာခဲ့သည်။
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓက ချီမင်ကိုပြောလိုက်သည်။"ကျွန်တော်တို့ သခင့်ရဲ့ညွှန်ကြားချက်ကို ပြီးမြောက်ခဲ့ပါပြီ။ ကျွန်တော်တို့ ပြည်နယ်ကိုးလောကကိုစုစည်းနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ မင်းဆက်သစ်ကိုတည်ထောင်ခဲ့ပါတယ်။"
"သခင်ကျေးဇူးပြုပြီး အခုအခြေအနေကို ကြီးကြပ်ပေးပါဦး။"
"ဂျူနီယာညီလေးချီ။" ချင်ဖေးယွမ်က လေးစားစွာပြောသည်။"မင်းတစ်ယောက်ပဲကျန်တော့တယ်။"
ချီမင်က ထရပ်ကာခေါင်းညိတ်လိုက်သည်။"သွားကြစို့။"