ကမ္ဘာဦးကောင်းကင်အရှင်၊နှစ်ယောက်တစ်ယောက်ယှဉ်ပြိုင်တိုက်ခိုက်ခြင်း။
Vol. 27 Ch. 403
"မဟာတာအိုလက်"
ချီမင်သည် အော်ဟစ်လိုက်၏။ မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားသည် သူ၏ခန္ဓာကိုယ်ထဲမှထွက်လာပြီးခေါင်းပေါ်၌လွင့်မျောလာသည်။ ကမ္ဘာဦးခရမ်းရောင်အလင်းများတောက်ပလာပြီး ဓမ္မစွမ်းအားတဟုန်ထိုးမြင့်တက်လာသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားများ တိုးပွားလာသည်။
သူ၏မျက်ခုံးကြားမှ မဟာတာအိုအမှတ်အသားက ထူးခြားဆန်းကြယ်စွာပေါ်လာသည်။
နောက်တခဏမှာ လေဟာနယ်ထဲ၌ လက်ဝါးကြီးတစ်ဖက်ပေါ်လာပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ ၎င်းက တာအိုခြောက်ပါးကောင်းကင်အရှင်ပစ်လွှတ်လိုက်သည့် အနက်ရောင်လက်ချိတ်စည်းနှင့် ရင်ဆိုင်လိုက်သည်။ နှစ်ဖက်က ထိပ်တိုက်တွေ့သွားခဲ့သည်။
ချက်ချင်းပဲ ပြိုင်ဘက်ကင်းစွမ်းအင်တို့မှာ ကြောက်မက်ဖွယ်ကောင်းစွာ ပေါက်ကွဲထွက်သွားသည်။ စွမ်းအင်လှိုင်းဂယက်လေးများ ပျံ့နှံ့သွားပြီး နေရာလွတ်က အက်ကွဲသွားသည်။
နောက်ထပ်ပေါက်ကွဲသံအဆက်လိုက်ထွက်လာသည်။
တာအိုခြောက်ပါးကောင်းကင်အရှင်၏အသံသည် ထပ်မံထွက်ပေါ်လာ၏။"မင်းက ငါ့ရဲ့လက်ချိတ်စည်းကို တားဆီးနိုင်တာပဲ။ တကယ့်ကို ထူးခြားတဲ့တာအိုကျင့်ကြံသူပဲ။ မင်း ရှဖုန်းယွီကိုသတ်နိုင်တာ မထူးဆန်းတော့ပါဘူး။"
ချီမင်၏မဟာတာအိုလက်က ပြိုကွဲသွားသည်။သို့ပေမဲ့ တာအိုခြောက်ပါးကောင်းကင်အရှင်၏လက်ချိတ်စည်းကလည်း ပြိုကွဲသွားသည်။ လက်ချိတ်စည်းနှစ်ခုကပေါက်ကွဲထွက်သွားပြီး နေရာလွတ်ကို အက်ကွဲထွက်သွားစေသည်။
အနားမှမြေပြင်ပေါ်တွင်လည်း အက်ကွဲရာများပေါ်လာသည်။ တောင်တန်းများပြိုကျပြီး ပျက်စီးမှုများဖြစ်ပေါ်လာသည်။ အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းသည်။
ကံကောင်းချင်တော့ ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်၏ကောင်းကင်နန်းတော်များကို ကောင်းကင်သံသရာကြယ်တာရာအစီအရင်ဖြင့်ကာကွယ်ထားသည်။ထို့ကြောင့် တိုက်ပွဲ၏နောက်ဆက်တွဲလှိုင်းများကို တားဆီးနိုင်သည်။ ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်၏ကောင်းကင်နန်းတော်ကို မပျက်စီးသွားစေပေ။
"အဟွတ် ဟွတ်"
ချီမင်သည် ပေါက်ကွဲမှုနောက်ဆက်တွဲကြောင့် အတင်းအဓမ္မနောက်ဆုတ်လိုက်ရသည်။ သူ၏ဓမ္မစွမ်းအားများကိုလည်ပတ်လိုက်ရသည်။သွေးအချို့အန်လိုက်ရပေမဲ့ လျင်မြန်စွာဖြင့် သာမန်အခြေအနေသို့ပြန်ရောက်သွားသည်။
တာအိုခြောက်ပါးကောင်းကင်အရှင်က အင်မတန်သန်မာသည်။ ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ် ထက်များစွာ ကျော်လွန်သည်။ နောက်ဆုံးမှာတော့ ထိုသူက ကောင်းကင်အရှင်နယ်ပယ်ကဖြစ်သည်။
ချီမင်သည် တာအိုခြောက်ပါးကောင်းကင်အရှင်၏နယ်ပယ်ကိုအတိအကျမသိပေ။
သူက လက်ရှိကောင်းကင်ဉာဏ်အလင်းလောကတွင် ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်ကို တည်ထောင်ထားခဲ့ပြီး အစီအစဉ်ကျမှုကို ပြန်လည်တည်ဆောက်ခဲ့သည်။ သူက ခေတ်ကာလကပ်ဘေးဒုက္ခကိုဖြေရှင်းကျော်လွှားခဲ့သောကြောင့် ကောင်းကင်တာအိုကုသိုလ်များစွာရရှိခဲ့သည်။
သို့ပါသော်လည်း...
တာအိုခြောက်ပါးကောင်းကင်အရှင်က ပေါ်လာပြီး ဝင်နှောက်ယှက်လာသည်။ သူက ချီမင်ကိုတိုက်ခိုက်ပြီး သူ၏ကောင်းကင်တာအိုကုသိုလ်များကို လုယူရန်ကြိုးပမ်းလာသည် ကောင်းကင်တာအိုကုသိုလ်များကိုမရလိုက်ပါက ချီမင်၏လက်ထဲမှတာအိုသက်သေပြခြင်းသစ်သီးက အပြည့်အဝရင့်မှည့်လာမည်မဟုတ်ပေ။
"မဟာတာအိုလက်ချောင်း။" ချီမင်က ကျယ်လောင်စွာအော်လိုက်သည်။ သူက ညာဘက်လက်ကိုမြှောက်ကာ ညွှန်လိုက်သည်။ လေဟာနယ်ထဲတွင် ကြီးမားသည့်လက်ချောင်းတစ်ချောင်းပေါ်လာပြီး ထိုအစိမ်းရောင်ပုလင်းကို ညွှန်ပြလိုက်သည်။
အစိမ်းရောင်ပုလင်းက လည်သွားပြီး အစိမ်းရောင်လှိုင်းဂယက်လေးများပျံ့နှံ့စေကာ ချီမင်၏မဟာတာအိုလက်ချောင်းကို ခုခံလိုက်သည်။
ဘန်း။ ဘန်း။
အစိမ်းရောင်ပုလင်းကထပ်မံလည်ပတ်လာပြီး ချီမင်၏မဟာတာအိုလက်ချောင်းကိုဖြိုခွဲလိုက်သည်။
"ဒါက..."
ချီမင်၏မျက်နှာပေါ်တွင် ထိတ်လန့်မှုတစ်ခုပေါ်လာသည်။
အစိမ်းရောင်ပုလင်းက သာာမန်ပစ္စည်းတစ်ခုမဟုတ်လောက်ပေ။ အနည်းဆုံးတော့ ၎င်းက ကောင်းကင်တာအိုရတနာဖြစ်ရမည်။ ၎င်းက မွေးရာပါကောင်းကင်တာအိုရတနာအဆင့်သို့ ရောက်နေလောက်သည်။
ထို့ကြောင့်ပဲ ကြောက်မက်ဖွယ်ရာစွမ်းအားကိုပိုင်ဆိုင်ထားခြင်းဖြစ်သည်။
"တာအိုခြောက်ပါးကောင်းကင်အရှင်"
ရုတ်တရက် အနောက်နွား ပြည်နယ်တွင်။
ခေါင်းကိုးလုံးဖီးနစ်မျိုးနွယ်၏ဘိုးဘေးကုန်းမြေတွင်။
ကမ္ဘာကြီးကိုပင် အက်ကွဲသွားစေနိုင်သည့် အော်သံကြီးထွက်လာ၏။ ၎င်းက နေရာလွတ်ကိုဖြတ်ကျော်လျက် လျင်မြန်စွာ သက်ဆင်းလာသည်။
အဖြူရောင်မြူခိုးတို့မှာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတော့သည်။ မြူခိုးထဲမှရုပ်တုက အစိမ်းရောင်ပုလင်းနှင့်ထိတိုက်သွားသည်။ လှိုင်းဂယက်များပျောက်ကွယ်သွားသည်။
ဘန်း။
အစိမ်းရောင်ပုလင်းက လွင့်စင်ထွက်သွားခဲ့သည်။
အဖြူရောင်မြူခိုးများကလည်း အစိမ်းရောင်ပုလင်း၏လှိုင်းဂယက်ကြောင့် ပျက်စီးသွားသည်။
ရုပ်တု၏ပုံစံအစစ်ပေါ်လာသည်။
ထိုရုပ်တုက နှင်းလိုဖြူစွတ်ကာ သုံးမီတာမြင့်သည်။ ၎င်းတွင် လူသားခန္ဓာနှင့်သားရဲခေါင်းရှိသည်။ တစ်ကိုယ်လုံးကို အကြေးခွံများဖြင့်ဖုံးလွှမ်းထားပေမဲ့ မတူညီသည့်မြွေခေါင်းကိုးလုံးရှိသည်။ မြွေခေါင်းတိုင်းတွင် မတူညီသည့်ရှေးဦးစာလုံးများရေးထွင်းထားသည်။
"မင်းပဲ။" တာအိုခြောက်ပါးကောင်းကင်အရှင်၏ဒေါသတကြီးအသံ ထွက်လာသည်။ "ဆန်းကြယ်ကိုးပါးကောင်းကင်အရှင် မင်းက တကယ်ကြီး ငါ့ရဲ့တာအိုနယ်ပယ်မှာ အရံအစီအစဉ်တစ်ခုချန်ထားခဲ့တာပဲ။"
"ကြည့်ရတာ ဒါကမင်းရဲ့ကိုယ်ပွားရုပ်တုဖြစ်မယ်။"
"တာအိုခြောက်ပါးကောင်းကင်အရှင်" ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်၏ရုပ်တုထဲမှ ခမ်းနားသည့်အသံတစ်သံထွက်လာသည်။"မင်း ရှဖုန်းယွီကို ကောင်းကင်တာအိုကုသိုလ်ရအောင် မသင်ပေးနိုင်ခဲ့ဘူးလား။"
"ငါတို့အတွက်တော့ ကောင်းကင်တာအိုကုသိုလ်ဆိုတာ ကျင့်ကြံခြင်းအဆင့်ကိုတိုးမြှင့်ဖို့ အကောင်းဆုံးရတနာပဲ။"
"တိုက်ခိုက်ရအောင်။"
ကောင်းကင်ယံ၌ အက်ကွဲရာများက ကြီးမာလာသောကြောင့် ကောင်းကင်ဉာဏ်အလင်းလောက၏အရံအတားက ကွဲထွက်သွားသည်။ ဖရိုဖရဲချီများသည် လောကထဲသို့တိုးဝင်လာသည်။
မတူညီသည့်အရောင်ခြောက်ရောင်နှင့်အတူ ၎င်းတို့က ကောင်းကင်ဉာဏ်အလင်းလောကထဲသို့ အက်ကွဲကြောင်းမှတစ်ဆင့်ဝင်ရောက်လာပြီး အတူတကွစုဝေးသွားကာ အနက်ရောင်ကိုယ်ပွားတစ်ခုဖြစ်တည်လာသည်။
၎င်းက တာအိုခြောက်ပါးကောင်းကင်အရှင်၏ကိုယ်ပွားဖြစ်သည်။
တာအိုခြောက်ပါးကောင်းကင်အရှင်၏ခန္ဓာကိုယ်အစစ်ကတော့။
ကောင်းကင်ဉာဏ်အလင်းလောကနှင့် အင်မတန်ဝေးသော မသိနိုင်သည့်နေရာတစ်ခုတွင်ဖြစ်နိုင်သည်။
တာအိုခြောက်ပါးကောင်းကင်အရှင်၏ကိုယ်ပွားသာ ရောက်လာခြင်းဖြစ်သည်။
"ကိုယ်ပွား။" ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်၏ကိုယ်ပွားက ဒေါသတကြီးပြောသည်။"မင်းရဲ့ကိုယ်ပွားလောက်နဲ့ ငါ့ရဲ့ကိုယ်ပွားရုပ်တုကို အနိုင်ယူချင်တာလား။"
ပြင်းထန်ကြမ်းတမ်းသည့်တိုက်ပွဲဖြစ်လာခဲ့သည်။ ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်၏ကိုယ်ပွားရုပ်တုက တာအိုခြောက်ပါးကောင်းကင်အရှင်၏ကိုယ်ပွားနှင့်ထပ်ခါတလဲလဲတိုက်ခိုက်နေသည်။ သူတို့က အကြိမ်ပေါင်းများစွာတိုက်ခိုက်နေကြပြီး များစွာသောအံ့ဖွယ်စွမ်းအားများကိုအသုံးပြုနေခဲ့ကြသည်။
"ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်"
တာအိုခြောက်ပါးကောင်းကင်အရှင်၏ကိုယ်ပွားက ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။ ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓသန့်စင်ထားသည့် ကောင်းကင်တာအိုရတနာက သူ၏ထိန်းချုပ်မှုမှလွတ်ထွက်သွားကာ ထိုကိုယ်ပွားလက်ထဲသို့ ပျံတက်သွားသည်။
"သားရဲဆင့်ခေါ်ခြင်းခေါင်းလောင်း။"
ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာသည်။
ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်၏ကိုယ်ပွားရုပ်တုက အော်လိုက်သည်။ ဖုန်းယုသန့်စင်ထားသည့်ကောင်းကင်တာအိုရတနာ သားရဲဆင့်ခေါ်ခြင်းခေါင်းလောင်းက သူ၏ထိန်းချုပ်မှုမှလွတ်ထွက်ကာ ခေါင်းကိုးလုံးကိုယ်ပွားရုပ်တု၏လက်ထဲသို့ ပျံတက်သွားသည်။
သားရဲဆင့်ခေါ်ခြင်းခေါင်းလောင်းက မူလကတော့ ချီဟုန်လင်း၏ရတနာဖြစ်သည်။
ချင်ဖေးယွမ်၊ဖုန်းယုနှင့်ကျန်သောသူများက ချီဟုန်လင်းကိုသတ်ပြီးနောက်မှာ ချီမင်က ဖုန်းယုကိုသားရဲဆင့်ခေါ်ခြင်းခေါင်းလောင်းအား သန့်စင်ခိုင်းခဲ့ခြင်းဖြစ်သည်။ အဆုံးမှာတော့ ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်က ပြန်ယူသွားသည်။
ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်က သားရဲဆင့်ခေါ်ခြင်းခေါင်းလောင်းကို ချီဟုန်လင်းအား ပေးခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲကဆက်လက်ဖြစ်ပေါ်လာသည်။ ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်၏ကိုယ်ပွားရုပ်တုနှင့်တာအိုခြောက်ပါးကောင်းကင်အရှင်၏ကိုယ်ပွားက တစ်ဖက်ကိုတစ်ဖက် ဘာမှမလုပ်နိုင်ကြပေ။ အချိန်ကုန်သွားသည်။သူတို့တားဆီးထားခဲ့သည့်ကောင်းကင်တာအိုကုသိုလ်တောင် ချီမင်၏လက်ထဲသို့ဖြေးညှင်းစွာ ကျရောက်လာသည်။
"ရပ်စမ်း။" ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်၏ကိုယ်ပွားရုပ်တုက ရုတ်တရက်စကားစလိုက်သည်။”ကျုပ်တို့ကြားမှာ ကိုယ်ပွားနဲ့ပဲတိုက်ခိုက်နေရင် အချိန်တိုလေးအတွင်းမှာ အနိုင်ရမဲ့သူပေါ်မှာမဟုတ်ဘူး။"
"ဒါပေမဲ့"
"ဒီလိုသာဆက်သွားနေရင် အနိုင်ရသူကိုမဆုံးဖြတ်နိုင်သေးခင်မှာပဲ ကောင်းကင်တာအိုကုသိုလ်က ချီမင်ရဲ့လက်ထဲကိုလုံးဝကျရောက်သွားလိမ့်မယ်။"
"ချီမင်ကို အရင်သတ်ပြီးမှ ဆက်တိုက်ခိုက်မယ်ဆိုရင်ရော။"
"ရတယ်။" တာအိုခြောက်ပါးကောင်းကင်အရှင်၏ကိုယ်ပွားက ခေါင်းညိတ်ကာ တိုက်ရိုက်သဘောတူလိုက်သည်။
တာအိုခြောက်ပါးကောင်းကင်အရှင်၏ကိုယ်ပွားနှင်ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်၏ကိုယ်ပွားရုပ်တုတို့၏အကြည့်က ချီမင်ပေါ်သို့ကျရောက်လာသည်။သူက ကြောက်မက်ဖွယ်ရာဖိအားကို ခံစားလိုက်ရသည်။
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။
သူ့အနားတွင် ကောင်းကင်တာအိုရတနာများပျံဝဲနေသည်။
ချီမင်က အစွမ်းကုန်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။
သူ့ရှေ့တွင်ရှိနေသည်က ဘာပဲဖြစ်ဖြစ် တာအိုခြောက်ပါးကောင်းကင်အရှင်နှင့်ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်တို့၏ကိုယ်ပွားများသာဖြစ်သည်။ ၎င်းတို့၏စစ်မှန်ခန္ဓာများသက်ဆင်းလာခြင်းမဟုတ်ပေ။ ချီမင်က အနိုင်ရနိုင်ချေရှိသေးသည်။
သေချာသည်ကတော့ ချီမင်သာ တကယ်နိုင်သွားရင် သူက တစ်ဖက်၏ဒေါသကို လုံးဝဆွလိုက်မိမှာ ဖြစ်သောကြောင့် ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်နှင့်တာအိုခြောက်ပါးကောင်းကင်အရှင်တို့က တိုက်ရိုက်ဆင်းချလာလိမ့်ပေမည်။ ၎င်းက အန္တရာယ်အများဆုံးကိစ္စဖြစ်သည်။
ချီမင်က ကောင်းကင်တာအိုကုသိုလ်ကိုမပေးချင်ပေ။ သူက နောက်ထပ်တာအိုသက်သေပြခြင်းသစ်သီးကိုစုပ်ယူပေါင်းစပ်နိုင်ခဲ့လျှင်အချိန်နှစ်တစ်သောင်းလောက်ချွေတာနိုင်ပြီး မြန်မြန်ဆန်ဆန်အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်သို့တက်နိုင်ပေသည်။
"လုံလောက်ပြီ။ မင်းတို့က အားနည်းတဲ့သူကိုအနိုင်ကျင့်နေကြတာပဲ။ ငါ ဒီမှာမရှိဘူးလို့များ ထင်နေကြတာလား။"
ကမ္ဘာဦးပြည်နယ်တွင်။
ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေ၏ကမ္ဘာဦးမြင့်မြတ်တောင်ပေါ်တွင်။
ကမ္ဘာဦးကောင်းကင်အရှင်၏ရုပ်တုက အက်ကွဲလာသည်။ ၎င်းက ကြွေထည်များအက်ကွဲသွားသည့်ပမာ အက်ကွဲရာများဖုံးလွှမ်းသွားသည်။
နောက်ဆုံးမှာတော့ လုံးဝကိုပြိုကွဲသွားတော့သည်။
အစိမ်းရောင်ဝတ်စုံဖြင့်သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြေးညှင်းစွာ လျှောက်လာသည်။ သူက လက်နှစ်ဖက်ကိုနောက်ပစ်ကာရပ်နေသည်။သူ့ကိုယ်ကို တိမ်စိုင်များဖြင့်ဝန်းရံနေသည်။ရှင်းလင်းစွာမမြင်ရပေ။ သူက အတော်လေးစွမ်းအားကြီးလောက်သည်။
သို့ပါသော်လည်း အနီးကပ်ကြည့်လိုက်လျှင်ထိုပုံရိပ်က ပုံရိပ်ယောင်ဆိုသည်ကို တွေ့မြင်နိုင်သည်။ ၎င်းက အစစ်မဟုတ်ပေ။ကိုယ်ပွားတစ်ခုသာဖြစ်သည်။၎င်းက ကမ္ဘာဦးကောင်းကင်အရှင်၏ကိုယ်ပွား ဖြစ်သည်။
ကမ္ဘာဦးကောင်းကင်အရှင်၏ကိုယ်ပွားပေါ်လာသည့်အခိုက်မှာပဲ ကောင်းကင်ယံ၌ထူးခြားဖြစ်စဉ်များ ပေါ်လာတော့သည်။ တိမ်စိုင်တို့မှာ အမိုးခုံတစ်ခုသဖွယ်ဖြစ်ပေါ်လာသည်။ နတ်ဆိုးမိစ္ဆာတို့ကို ခုခံနိုင်သော အရောင်စုံအလင်းတို့တောက်ပလာသည်။ နက်နဲသည့်ပုံစံကွက်များ လည်ပတ်လာသည်။၎င်းတို့က လက်နက်များရတနာများ၏တိုက်ခိုက်မှုကိုလျစ်လျူရှုနိုင်ကာ အံ့ဖွယ်စွမ်းအားနည်းစနစ်တို့ကိုလည်း ခုခံနိုင်သည်။
တိမ်တိုက်ထဲတွင် ရှေးဦးကမ္ဘာတစ်ခုဝိုးတဝါးပေါ်လာသည်။ နေ၊လနှင့်ကြယ်တာရာတို့မှာ ထွန်းလင်းတောက်ပလာခဲ့သည်။ ငါးရောင်ခြယ်အလင်းမှာ ကောင်းကင်မှတိမ်စိုင်တို့ကို အရောင်ဆိုးထားပြီး ကမ္ဘာကြီးထဲတွင် အင်မော်တယ်တေးသံရှစ်မျိုး ပဲ့တင်ထပ်နေသည်။
စိတ်ဝိညာဉ်တိမ်တိုက်အပြင်ဘက်တွင် ရွှေမီးအိမ်၊ရွှေကြာပန်း၊ကျောက်စိမ်းပုလဲနှင့်ပုတီးတို့မှာ တိမ်တိုက်တို့ထက်မှ ကျဆင်းလာသည်။ ခေါင်ထက်မှ ရေများ အဆက်မပြတ်ကျဆင်းလာသကဲ့သိုပင်။
ကမ္ဘာဦးကောင်းကင်အရှင်၏ကိုယ်ပွားက ရှေ့တစ်လှမ်းတိုးလိုက်တော့ နေရာမှ ပျောက်ကွယ်သွားခဲ့ သည်။ နောက်တခဏတွင် အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်တွင် ရှိနေသော ချီမင်ရှေ့သို့ရောက်လာသည်။
"မဆိုးဘူး" ကမ္ဘာဦးကောင်းကင်အရှင်၏ကိုယ်ပွားက ချီမင်ကိုကြည့်ကာဆိုသည်။
"တပည့်ချီမင်က ဆရာ့ကိုအရိုအသေပြုပါတယ်။" ချီမင်သည် ကြောင်အသွားခဲ့၏။ သူက အသက်ပြင်းပြင်းရှုကာ သူ့ခွန်အားကိုပြန်ထိန်းချုပ်လိုက်သည်။ သူက ကမ္ဘာဦးကောင်းကင်အရှင်၏ကိုယ်ပွားကို ဦးညွှတ်ကာ လေးစားမှုပြလိုက်သည်။
"တပည့်ချင်ဖေးယွမ်က ဆရာ့ကိုအရိုအသေပြုပါတယ်။" ချင်ဖေးယွမ်က စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်အရိုအသေပြုလိုက်သည်။
"ကျွန်တော်တို့ ကမ္ဘာဦးကောင်းကင်အရှင်ကို အရိုအသေပြုပါတယ်။"
ချက်ချင်းပဲ ပတ်ဝန်းကျင်တွင် ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များနှင့် ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်မှ အင်မော်တယ်အရာရှိများသည် မြေပြင်ပေါ်သို့ဒူးထောက်အရိုအသေပြုကာ ဦးညွှတ်လိုက်ကြသည်။
"ကမ္ဘာဦးကောင်းကင်အရှင်" တာအိုခြောက်ပါးကောင်းကင်အရှင်၏ကိုယ်ပွားက အသံတိုးတိုးဖြင်ပြောသည်။"ငါ မင်းတို့တိုက်ခိုက်လာမယ်လို့မထင်ထားဘူး။"
“…”
ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်၏ကိုယ်ပွားရုပ်တုက တိတ်ဆိတ်သွားခဲ့သည်။
"မင်းတို့ဘာသာထွက်သွားမလား။ဒါမှမဟုတ် ငါမောင်းထုတ်ပေးရမလား။" ကမ္ဘာဦးကောင်းကင်အရှင်၏ကိုယ်ပွားက မေးလိုက်သည်။
"တိုက်ခိုက်မယ်။" တာအိုခြောက်ပါးကောင်းကင်အရှင်၏ကိုယ်ပွားက အော်လိုက်သည်။
"လာပြီး တိုက်။" ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်၏ကိုယ်ပွားရုပ်တုကလည်း အော်လိုက်သည်။
"မင်းတို့ဆန္ဒအတိုင်းပဲ။" ကမ္ဘာဦးကောင်းကင်အရှင်၏ကိုယ်ပွားက ပြန်ပြောလိုက်သည်။
နောက်တခဏမှာ ကမ္ဘာဦးကောင်းကင်အရှင်၏ကိုယ်ပွားက ဦးစွာတိုက်ခိုက်တော့သည်။ တာအိုခြောက်ပါးကောင်းကင်အရှင်၏ကိုယ်ပွားနှင့်ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်၏ကိုယ်ပွားတို့က ပူးပေါင်းကာ ကမ္ဘာဦးကောင်းကင်အရှင်၏ကိုယ်ပွားကိုရင်ဆိုင်နေကြသည်။
နှစ်ယောက်တစ်ယောက်ဖြစ်နေတာတောင် ကမ္ဘာဦးကောင်းကင်အရှင်၏ကိုယ်ပွားက အရေးသာနေသေးသည်။
"အရမ်းစွမ်းအားကြီးတယ်။"
ချီမင်က အံ့ဩသွားသည်။"ဆရာ့ရဲ့ကိုယ်ပွားက နှစ်ယောက်တစ်ယောက်တိုက်တာတောင် တစ်ဖက်ကိုဖိနှိပ်နိုင်သေးတယ်။ ဆရာ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်နဲ့တာအိုခြောက်ပါးကောင်းကင်အရှင်တို့ထက်ပိုမြင့်ရမယ်။"
တိုက်ပွဲက ပြီးဆုံးသွားသည်။
ပေါက်ကွဲသံတစ်ဒါဇင်ကျော်လောက်က ကောင်းကင်ဉာဏ်အလင်းလောကထဲတွင် ထွက်ပေါ်လာသည်။တာအိုခြောက်ပါးကောင်းကင်အရှင်၏ကိုယ်ပွားနှင့်ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်၏ကိုယ်ပွားရုပ်တုက ပြိုကွဲသွားခဲ့သည်။
ချီမင်က ထိုမြင်ကွင်းကိုတွေ့တော့မှ စိတ်သက်သာရာရသွားခဲ့သည်။ သူက ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ကောင်းကင်ယံမှကောင်းကင်တာအိုကုသိုလ်က သူ၏လက်ထဲမှတာအိုသက်သေပြခြင်းသစ်သီးထံသို့ ကျဆင်းလာပြီး ဖြည်းညှင်းစွာဖြင့်ပေါင်းစပ်သွားတော့သည်။
တာအိုသက်သေပြခြင်းသစ်သီးက လျင်မြန်စွာဖြင့်ရင့်မှည်လာသည်။