ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်။ကောင်းကင်တာအိုကုသိုလ်၊ ကောင်းကင်အရှင်သက်ဆင်း။
Vol. 27 Ch. 402
ချီမင်တို့က ရှေ့တစ်လှမ်းကာ နေရာလွတ်ထဲသို့တိုးဝင်ပြီးပျောက်ကွယ်သွားတော့သည်။ သူတို့၏လက်ရှိကျင့်ကြံခြင်းအဆင့်က နေရာလွတ်ကိုဖြတ်ကျော်ဖို့ဆိုတာ အံ့ဖွယ်စွမ်းအားသုံးရုံဖြင့်ရလေသည်။
ချီမင်တို့က နေ့တစ်ဝက်အတွင်း အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်သို့ရောက်လာသည်။
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓက သူ့ရှေ့မှအင်မော်တယ်နန်းတော်များကို ဂုဏ်ယူနေသည့်အမူအရာဖြင့် ညွှန်ပြလိုက်သည်။ သူက ပြုံးကာဆိုသည်။"ကျွန်တော်တို့ရှေ့က ကောင်းကင်နန်းတော်က သခင့်ရဲ့ညွှန်ကြားချက်တွေအတိုင်း တည်ဆောက်ထားတာပါ။ ကျေးဇူးပြုပြီးတစ်ချက်ကြည့်ပေးပါ။"
"ဟုတ်ပြီ။" ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ သူ၏အကြည့်က ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓညွှန်ပြနေသောဘက်သို့ရောက်သွားသည်။ သူမျက်လုံးများက မယှဉ်သာလောက်အောင်ခမ်းနားသည့် မြင်ကွင်းကိုကြိုဆိုလိုက်ရသည်။ ၎င်းက ခမ်းနားမြင့်မြတ်သည့်ချီများထွက်ပေါ်နေသည်။
"ဂျူနီယာညီလေး တစ်ချက်ကြည့်ကြည့်ပါ။"
ချင်ဖေးယွမ်က သူ့ရှေ့မှအဆောက်အုံများကို သက်ပြင်းအသာချကာဆိုသည်။ ထိုအဆောက်အအုံများက ချီမင်၏ညွှန်ကြားချက်အတိုင်းတည်ဆောက်ထားသည့် ကောင်းကင်နန်းတော်များဖြစ်သည်။
ချီမင်သည် ပြည်နယ်ကိုးလောကကိုစုစည်းချင်ပါက ယခင်မင်းဆက်ဖြစ်သည့်ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အာဏာကိုလွှဲယူရန်လိုသည်။ ခေတ်ကာလကပ်ဘေးဒုက္ခတွင် သူက ဖရိုဖရဲကိုတည်ငြိမ်စေပြီး အစီအစဉ်တကျဖြစ်အောင်လုပ်ရမှာဖြစ်သည်။
သူက အင်မော်တယ်မင်းဆက်အသစ်ကိုတည်ဆောက်ချင်တာဖြစ်သည်။
ချီမင်က ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်ကို တည်ထောင်ဖို့ပြင်ဆင်ခဲ့သည်။ သူက ချင်ဖေးယွမ်၊ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့်အခြားသောသူများကို အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်တွင် ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်၏နန်းတော်ကိုတည်ဆောက်ခိုင်းထားခြင်းဖြစ်သည်။
ချီမင်က တည်ဆောက်ပုံကိုတော့ ဒဏ္ဍာရီများထဲမှကောင်းကင်ခံတပ်အတိုင်းဆောက်လုပ်ခိုင်းခဲ့ခြင်းဖြစ်သည်။
ကောင်းကင်ခံတပ်၏အဆောက်အအုံများက ကောင်းကင်နက္ခတ်နှင့် မြေကမ္ဘာမိစ္ဆာတို့၏ ဖြန့်ကျက်တည်ရှိပုံအတိုင်း ယှက်ဖြာတည်ဆောက်ထားလေသည်။ စုစုပေါင်းအဓိကကောင်းကင်နန်းတော်နှင့် ရတနာခန်းမဆောင်(၁၀၈)ဆောင်ရှိပြီး နေရာအနှံ့ပြန့်ကျဲနေခဲ့သည်။
ကောင်းကင်ကြယ်တာရာအရေအတွက်အတိုင်းကောင်းကင်နန်းဆောင်(၃၆)ဆောင်ရှိသည်။
မြေကမ္ဘာမိစ္ဆာအရေအတွက်အတိုင်း ရတနာခန်းမပေါင်း(၇၂)ဆောင်ရှိသည်။
"မဆိုးဘူး။"
ချီမင်က လက်နှစ်ဖက်ကိုနောက်ပစ်လျက်ကြည့်ရှုနေခဲ့ပြီး ကျေနပ်နေသည်။ ကောင်းကင်သံသရာကြယ်တာရာအစီအရင်ကို ကောင်းကင်ခံတပ်တစ်ခုလုံးကို ဖြန့်ကျက်ဖုံးအုပ်ထားသည်။ မြင့်မြတ်ခမ်းနားသည့်အလင်းများထွန်းလင်းနေခဲ့သည်။
ရွှေရောင်အလင်းတစ်သောင်းက ကခုန်နေသည့်အလား အင်မတန်တောက်ပနေသည်။ မင်္ဂလာရှိသော ချီတို့သည် ခရမ်းရောင် မြူခိုးလှိုင်းများအသွင် ဖြစ်ပေါ်ကာ ကောင်းကင် နန်းတော်တစ်ခုလုံးကို လွှမ်းခြုံ ဝန်းရံထားလေသည်။ အင်မော်တယ်ချီတို့မှာ သိမ်မွေ့စွာ ပျံ့လွင့်နေပြီး ဤသည်မှာ စင်မှန်သည့် အမတနန်းတော်ဖြစ်သည်။
မြောက် တောင် အရှေ့ အနောက်တို့တွင် ကောင်းကင်ဂိတ်လေးဂိတ်ရှိသည်။
ထိုအခိုက်တွင် ချီမင်သည်တောင်ပိုင်းကောင်းကင်ဂိတ်တွင်ရပ်နေသည်။
သူက တောင်ပိုင်းကောင်းကင်ဂိတ်တစ်ခုလုံးကို ဖန်သားဖြင့်ပြုလုပ်ထားပြီး တောက်ပသည့်ကျောက်စိမ်းများဖြင့် အလှဆင်ထားသည်။ တောင်ပိုင်းကောင်းကင်ဂိတ်နှစ်ဖက်လုံးတွင် ကောင်းကင်မဟာဗိုလ်ချုပ်နှစ်ပါးရပ်နေသည်။ သူတို့က ထောက်တိုင်ကြီးများအလားရပ်နေကြပြီး နတ်ဘုရားလက်နက်များကို ဂုဏ်ဝံ့ကြွားစွာ ကိုင်ဆွဲထားသည်။
ကောင်းကင်ဗိုလ်ချုပ်နောက်တွင် ရွှေချပ်ကာဝတ်နတ်ဘုရားဆယ်ပါးကျော်ရှိသည်။ တစ်ယောက်ချင်းစီက လှံပုဆိန်၊တုတ်၊ဓား၊ဆေဘာတို့ကိုကိုင်ဆောင်ထားပြီး ပြင်းထန်သည့်စစ်ပွဲအငွေ့အသက်များထွက်ပေါ်နေသောကြောင့် အခြားသူများကိုလေးစားလာ မိစေသည်။
"ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်ကိုကြိုဆိုပါတယ်။"
"ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်ကိုကြိုဆိုပါတယ်။"
"ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်ကို ဂုဏ်ပြုပါတယ်။"
“…”
နောက်တခဏမှာ ကောင်းကင်ဗိုလ်ချုပ်နှစ်ပါးဦးဆောင်သည့်ရွှေချပ်ကာဝတ်နတ်ဘုရားများက ချီမင်ကိုဦးညွှတ်လိုက်ပြီး တစ်ချိန်တည်းညီညာစွာဖြင့်နှုတ်ဆက်လိုက်သည်။
သူတို့၏အရှိန်အဝါများက အရပ်မျက်နှာအနှံမြင့်တက်လာသည်။ အင်မတန်ခမ်းနားသည့်အရှိန်အဝါက လေးစားဖွယ်ပျံ့နှံ့လာသည်။
"မဆိုးဘူး။" ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
ထိုသူတို့အားလုံးက ချီမင်၏နောက်လိုက်ငယ်သားများဖြစ်သည်။
"အဲ့တော့.."
ညာဘက်ခြမ်းမှတိုင်လုံးကြီးပေါ်တွင် လက်သည်းငါခုရွှေနဂါးတစ်ကောင်ပုံထွင်းထုထားသည်။ ၎င်းက ရွှေနဂါးကြေးခွံများထကြွနေသည်မှာ အသက်ဝင်နေသည့်အလား။ နေလုံးကြီးသဖွယ်တောက်ပနေသော်လည်း အနီရောင် နဂါးနှုတ်ခမ်းမွေး နှစ်ချောင်းမှာမူ လေတွင် တလွင့်လွင့်ဖြစ်နေသည်။
ကိုးရောင်ခြယ်ဖီးနစ်တစ်ကောင်၏ပုံကိုလည်း ဘယ်ဘက်ခြမ်းမှတိုင်လုံးပေါ်တွင်ထွင်းထုထားသည်။ အသက်ဝင်နေသည့်အလားပင်။ ကိုးရောင်ခြယ်ငှက်မွှေးများတောင်မြင်နေရသည်။ အတောင်ဖြန့်ကာ ကောင်းကင်ပေါ်သို့ပျံတက်သွားသည့်အလားပင်။ ကိုးရောင်ခြယ်ဖီးနစ်၏ခေါင်းထက်မှ အနီရောင်ငှက်မွေးများ ဝဲလွင့်နေသည်။
ထိုအခိုက် နဂါးအော်သံတစ်ချက်ထွက်လာ၏။
ချီမင်က မော့ကြည့်လိုက်သည်။
သူ့ခေါင်းထက်မှ ညာဘက်တွင်ကောင်းကင်လှေကားရှိပြီး လက်သည်းကိုးခုဘိုးဘေးနဂါးက လေထဲတွင်လှည့်ပတ်နေသည်။ နဂါးချီများမှာ ပြည်နယ်၏စွမ်းအားတိုးပွားလာသည်နှင့်အမျှ မြင့်တက်လာသည်။ နဂါးအာဏာက ကျယ်ပြန့်လှကာ ညာဘက်မှတိုင်လုံးကြီးနှင့်ချိတ်ဆက်ထားသည်။
"ဒါက..."ချီမင်က စဉ်းစားလိုက်သည်။
ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓက ချီမင်ကိုရှင်းပြလိုက်သည်။"ဒီလက်သည်းကိုးခုဘိုးဘေးနဂါးက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့ကောင်းချီးပါ။ ကျွန်တော်တို့က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကိုသိမ်းပိုက်ပြီးတော သူ့ရဲ့ကောင်းချီးကိုဖယ်ထုတ်ပြီး ကောင်းကင်နန်းတော်ထဲပေါင်းစပ်ထားခဲ့ပါတယ်။ အခု လက်သည်းကိုးခုဘိုးဘေးနဂါးက ကျွန်တော်တို့ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်ရဲ့ကောင်းချီးဖြစ်လာပါတယ်။"
"ငါသိလိုက်ပြီ။" ချီမင်က ခေါင်းညိတ်လိုက်သည်။
နောက်တခဏမှာ ဘယ်ဘက်ခြမ်းတွင် ဖီးနစ်အော်သံထွက်လာသည်။
ကိုးရောင်ခြယ်အလင်းတို့တောက်ပလာသည်။ အင်မတန်ခမ်းနားသည့်အလင်းက ကောင်းကင်ကိုဖုံးအုပ်သွားခဲ့သည်။ ၎င်းက အလင်းလှိုင်းများဖွဲ့စည်းကာ ဘယ်ဘက်ခြမ်းမှတိုင်လုံးကြီးနှင့်ပဲ့တင်ထပ်သွားခဲ့သည်။
"ဒါက ဘာလဲ။"
ချင်ဖေးယွမ်က ပြန်ဖြေသည်။"ဒါက အသင်္ချေမျိုးနွယ်မဟာမိတ်ရဲ့ကောင်းချီးဖီးနစ်ပါ။ ကျွန်တော်တို့ သိမ်းပိုက်ပြီးတဲ့နောက်မှာ ချီဟုန်လင်းကိုသတ်ပြီး အသင်္ချေမျိုးနွယ်မဟာမိတ်ရဲ့ကောင်းချီးကိုထုတ်ယူခဲ့တာပါ။"
"လက်ရှိကောင်းချီးဖီးနစ်က ကျွန်တော်တို့ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်ရဲ့ အစိတ်အပိုင်းဖြစ်လာပါတယ်။"
"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်"
ချီမင်၏နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးတက်သွားသည်။ "လက်သည်းကိုးခုဘိုးဘေးနဂါးနဲ့ကောင်းချီးဖီးနစ်က လိုက်ဖက်ပါတယ်။ အရမ်းကောင်းတယ်။ နဂါးနဲ့ဖီးနစ်ရဲ့ကောင်းမွန်တဲ့ပေါင်းစပ်မှုပဲ။ သူတို့ရဲ့ကောင်းချီးက အရမ်းကိုအားကောင်းတယ်။"
ချီမင်က ချင်ဖေးယွမ်နှင့်ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓတို့နှင့်အတူ ကောင်းကင်နန်းတော်များသို့သွားခဲ့သည်။
ကောင်းကင်နန်းတောင်သုံးဆယ့်ခြောက်ဆောင်မှာ တိမ်စကြာနန်းတော်၊ ဗီရှာနန်းတော်၊ ပဉ္စရောင်ခြည်နန်းတော်၊ သူရိယနန်းတော်၊ ဂီတနန်းတော်… တို့ ဖြစ်ကြသည်။ ထို့အပြင် ရတနာခန်းမ (၇၂) ခုလည်း ရှိသေးသည်။ ၎င်းတို့မှာ ညီလာခံခန်းမ၊ လင်ရှုခန်းမ၊ ရတနာရောင်ခြည်ခန်းမ၊ ကောင်းကင်ဘုရင်ခန်းမ၊ အင်မော်တယ်အရာရှိခန်းမ… တို့ဖြစ်ကြသည်။ နန်းတော်များအလယ်တွင် မြင်သူတိုင်း မေ့မရနိုင်လောက်သည့် ကျောက်စိမ်းချီလင်တိုင်တစ်တိုင် ရှိသည်။
အသက်ကြယ်စင်မြင့်ထက်တွင် နှစ်ထောင်ချီ၍ကြာခံသော ပန်းပေါင်းစုံရှိသည်။ အဂ္ဂရိတ်မီးပြင်းဖိုဘေးတွင် စိမ်းလန်းသည့်ဆေးဖက်ဝင်အပင်များနှင့် စိတ်ဝိညာဉ်အပင်များရာကျော်ရှိသည်။
နန်းတော်ရှေ့တွင် ကြက်သွေးရောင်ဝတ်ရုံ၊ တောက်ပသည့်ကြယ်များ၊ ကြာပန်းသရဖူများနှင့် ရွှေကျောက်စိမ်းများ...
စိတ်ဝိညာဉ်ကောင်းကင်ရတနာခန်းမတွင်။
ချီမင်က အင်မော်တယ်ဧကရာဇ်ပုလ္လင်ပေါ်တွင်ထိုင်နေသည်။ ခရမ်းရွှေရောင်နဂါးခုံက အလင်းများတောက်ပနေသည်။ သူ၏အရှိန်အဝါက ခမ်းနားမြင့်မြတ်ကာ သူက ခန်းမထဲမှ အင်မော်တယ်များကိုအေးစက်စွာကြည့်နေသည်။
ထိုအခိုက်တွင် ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်ကို အောင်မြင်စွာတည်ထောင်ပြီးသွားခဲ့သည်။
ချီမင်သည် ကောင်းကင်ဉာဏ်အလင်းမင်းဆက်အင်မော်တယ်ဧကရာဇ်ဖြစ်လာပြီး သူ့ကိုကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်ဟုခေါ်တွင်သည်။
"ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်ကို ကြိုဆိုပါတယ်။"
"ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်ကို ကြိုဆိုပါတယ်။"
“…”
အောက်တွင် ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှ အင်မော်တယ်အရာရှိများ၊ ခေါင်းကိုးလုံးဖီးနစ်မျိုးနွယ်၏အနွယ်ဝင်အသစ်များ၊ တာအိုဂိုဏ်း၏ဂိုဏ်းချုပ်၊ ချင်ဖေးယွမ်၊ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓ၊ကိုးပြည်နယ်အရှင်များနှင့်ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏မျိုးနွယ်သခင်များအားလုံးရှိနေကြသည်။
အနည်းဆုံးထောင်ဂဏန်းလောက်ရှိသည်။
တစ်ယောက်ချင်းစီတိုင်းက အထက်ကမ္ဘာအင်မော်တယ်ဘုရင်များဖြစ်သည်။
သူတို့က ဒူးထောက်ကာ အရိုအသေပြုနေကြသည်။
စိတ်ဝိညာဉ်ကောင်းကင်ရတနာခန်းမကို အထက်ကမ္ဘာအင်မော်တယ်ဘုရင်များသာ ဝင်ရောက်နိုင်သည်။
"ဟားဟား..."ချီမင်က ကျယ်လောင်စွာရယ်မောလိုက်သည်။ သူက သဘာဝအတိုင်း စိတ်အခြေအနေကောင်းနေသည်။
ထို့ပြင် ချီမင်က ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်၏နန်းတော်များကို တည်ဆောက်ခဲ့သည်မှာ ကောင်းကင်ခံတပ်၏တည်ဆောက်ပုံအတိုင်းဖြစ်သည်။သူက ကောင်းကင်ခံတပ်တွင် အင်မော်တယ်နတ်အရာရှိများ၏နေရာကိုတော့မတည်ဆောက်ခဲ့ပေ။
ထိုအစား တိကျသည့်အခြေအနေတစ်ခုတွင် စနစ်သစ်တစ်ခုကိုချမှတ်ခဲ့သည်။
ပထမဆုံး ကမ္ဘာဦးပြည်နယ်သည် ချီမင်၏အထွတ်အထိပ်စွမ်းအားကြောင့်နှစ်ခြမ်းကွဲသွားခဲ့သည်။ ကမ္ဘာဦးပြည်နယ်ကို ထိုအတိုင်းဆက်ခေါ်၍မရတော့ပေ။
ချီမင်သည် ပြည်နယ်ကိုးလောကကို ကောင်းကင်ဉာဏ်အလင်းလောကဟုနာမည်ပြောင်းခဲ့သည်။
ကောင်းကင်ဉာဏ်အလင်းလောကတွင် ပြည်နယ်ဆယ်ခုရှိသည်။
၎င်းတို့မှာ တောင်ဘက်ရှုမြင် ပြည်နယ်၊အရှေ့ပိုင်းအံ့ဖွယ်အောင်ခြင်းပြည်နယ်၊အနောက်နွား ပြည်နယ်၊တိမ်မိုးကြိုးပြည်နယ်၊မြောက်ပိုင်း ပြည်နယ်၊မြူနှင်းအင်မော်တယ်ပြည်နယ်၊ အင်မော်တယ်မင်းဆက် ပြည်နယ်၊ကမ္ဘာဦးပြည်နယ်နှင့် ကမ္ဘာဦးပြည်နယ်မှနှစ်ခြမ်းခွဲထွက်သွားသော နောက်ဆုံးပြည်နယ်အသစ် မူလခွဲခြမ်းပြည်နယ်ဖြစ်သည်။
ချီမင်က ပြည်နယ်ဆယ်ခု၏အရှင်များကို ကောင်းကင်ဉာဏ်အလင်းလောကအား စီမံဖို့ညွှန်ကြားခဲ့သည်။
မရေမတွက်နိုင်သောအင်မော်တယ်အရာရှိများနှင့်များစွာအဖွဲ့အစည်းများရှိလာသည်။
အချိန်ကုန်ဆုံးသွားသည်။
တစ်လကြာသွားခဲ့သည်။
ချီမင်၏အစီအစဉ်က လုံးဝကိုပြီးပြည့်စုံသွားခဲ့သည်။
တစ်နည်းနည်းဖြင့် ကောင်းကင်ဉာဏ်အလင်းလောကတွင် ခေတ်ကာလကပ်ဘေးချီများပျောက်ကွယ်သွားခဲ့ပြီး အသက်စွမ်းအင်အသစ်များမွေးဖွားလာခဲ့သည်။ ဖိနှိပ်ချုပ်ချယ်သည့်လေထုကပျောက်ကွယ်သွားသည်။
ကောင်းကင်ဉာဏ်အလင်းလောကမှသက်ရှိများသည် ခေတ်ကာလကပ်ဘေးဒုက္ခပြီးဆုံးသွားကြောင်း ခံစားလိုက်ရသည်။ ဖိအားကပျောက်ကွယ်သွားခဲ့သည်။ကျင့်ကြံခြင်းအဆင့်ပိုမြင့်လေ ပိုသိသာလေဖြစ်သည်။
စိတ်ဝိညာဉ်ကောင်းကင်ရတနာခန်းမတွင်။
ချီမင်က ကောင်းကင်ပေါ်သို့ပျံတက်သွားသည်။ သူ၏ညာဘက်လက်ဝါးထဲတွင် လုံးဝကိုပြီးပြည့်စုံသည့်တာအိုသက်သေပြခြင်းသစ်သီးကိုကိုင်ထားသည်။ အခု ခေတ်ကာလကပ်ဘေးဒုက္ခကပြီးဆုံးသွားပြီဖြစ်သည်။
ဘုန်း!!
ချီမင်က ထိုအရာကိုခံစားမိသည်။ သူက ခေါင်းမော့ကာ ကြည့်တော့ မမြင်နိုင်သည့်ကမ္ဘာကြီးထဲတွင် အထွတ်အထိပ်ဖြစ်တည်မှုက သူ့ကို သတိထားမိသွားသည်ကိုရှင်းလင်းစွာတွေ့လိုက်ရသည်။
ကောင်းကင်ယံ၌။
အထက်ကမ္ဘာ၏ကောင်းကင်တာအိုကုသိုလ်က ဝါနက်ရောင်အဆင်းဖြင့်ဆင်းသက်လာသည်။ အင်မတန်ခမ်းနားကာ နေရာတစ်ခုလုံးကိုဖုံးအုပ်ထားသည်။ နေရာအကျယ်ကြီးကိုဖုံးအုပ်သွားခဲ့သည်။
"တကယ့်ကိုကောင်းကင်တာအိုကုသိုလ်ပဲ။"
ချီမင်၏မျက်နှာပေါ်တွင်ပျော်ရွှင်မှုအရိပ်အယောင်ပေါ်လာသည်။
သို့ပါသော်လည်း ထိုအခိုက်တွင်။
ကောင်းကင်ကပြိုကျလာသည်။
ချီမင်သည် ကြောက်မက်ဖွယ်စွမ်းအားက အချိန်နှင့်နေရာလွတ်ကိုဖြတ်ကျော်လျက် ကောင်းကင်ဉာဏ်အလင်းလောကသို့ဆင်းသက်လာသည်ကိုခံစားလိုက်ရသည်။
"ဘာလဲ။" အက်ကွဲရာထဲမှအေးစက်မြင့်မြတ်သည့်အသံတစ်သံခပ်နိမ့်နိမ့်ထွက်ပေါ်လာသည်။ ” ငါ့ရဲ့ကိုယ်ပိုင်တပည့်ကသေသွားပြီလား။ အမှိုက်ကောင် ရှဖုန်းယွီ။ ငါက သူ့ကိုမြင့်မြင့်မှန်းထားပြီး အများကြီးအားစိုက်ထုတ်ပေးထားတာကို။"
"ဒါက.."
"ဟူး..."
"ကြောက်ဖို့ကောင်းလိုက်တဲ့အရှိန်အဝါပဲ။"
"ဒါ....ဒါက.."
ပတ်ဝန်းကျင်တွင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ခေါင်းမော့ကာ ကောင်းကင်မှအက်ကွဲကြောင်းကိုကြည့်လိုက်သည်။ သူတို့က ကြောက်မက်ဖွယ်ရာစွမ်းအားကိုခံစားလိုက်ရသောကြောင့် သူတို့၏နှလုံးသားထဲ၌အကြောက်တရားများပျံ့နှံ့လာခဲ့ပြီး မျက်နှာများက ဖြူဖျော့သွားသည်။
"ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ရဲ့နာမည်အစစ်က ရှဖုန်းယွီပဲ။" ချင်ဖေးယွမ်က ချီမင်ကိုလှမ်းအော်လိုက်သည်။"ဂျူနီယာညီလေး သတိထား။ တစ်ဖက်က တာအိုခြောက်ပါးကောင်းကင်အရှင်ပဲ။ သူ ဆင်းလာတယ်။"
"တာအိုခြောက်ပါးကောင်းကင်အရှင်"
ချီမင်က ကောင်းကင်မှအက်ကွဲကြောင်းကိုကြည့်ကာ ကြောက်မက်ဖွယ်ဖိအားကိုခံစားလိုက်ရသည်။ ပတ်ဝန်းကျင်နေရာလွတ်ထဲတွင် ပြိုင်ဘက်ကင်းအင်အားတစ်ခုတဟုန်ထိုးမြင့်တက်နေပြီး သူ့ကိုချုပ်နှောင်ထားသည်။
သူက ကျင့်ကြံခြင်းနည်းစနစ်ကိုလည်ပတ်လိုက်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားကလည်ပတ်လာပြီး ထိုပြိုင်ဘက်ကင်းအင်အားကိုချေဖျက်လိုက်သောကြောင့် သူ့ကိုချုပ်နှောင်ထားလို့မရတော့ပေ။
"မင်းက ငါ့ရဲ့ကိုယ်ပိုင်တပည့်ကိုသတ်ခဲ့တာပဲ။" တာအိုခြောက်ပါးကောင်းကင်အရှင်၏အသံကထပ်မံထွက်ပေါ်လာသည်။"ပြည်နယ်ကိုးလောကက ငါ့ရဲ့တာအိုနယ်ပယ်တွေထဲကတစ်ခုပဲ။ မင်းက ရှဖုန်းယွီကိုသတ်ပြီး ငါ့ရဲ့တာအိုနယ်ပယ်တစ်ခုကိုယူချင်သေးတာလား။"
"မင်းသေလို့ရပြီ။"
ကောင်းကင်မှအက်ကွဲကြောင်းက ကြီးမားလာပြီး ကြောက်မက်ဖွယ်ရာအင်အားကို ထုတ်ဖော်လိုက်သည်။ ၎င်းက အနက်ရောင်လက်ချိတ်စည်းအဖြစ်သိပ်သည်းသွားကာ ချီမင်ပေါ်သို့တိုက်ရိုက်ကျဆင်းသွားသည်။
တစ်ချိန်တည်းမှာ အစိမ်းရောင်အလင်းစီးကြောင်းက လေထုကိုထိုးခွဲပြီးထွက်လာသည်။ ၎င်းက အစိမ်းရောင်ပုလင်းတစ်ပုလင်းဖြစ်သည်။ ပုလင်းဝမှကြောက်မက်ဖွယ်ရာဝါးမျိုအားက ချီမင်၏ကောင်းကင်တာအိုကုသိုလ်ကိုလုယူရန်ကြိုးစားလာသည်။