နှစ်တစ်သောင်းကြာပြီးနောက်။ပထမအထက်ကမ္ဘာ၏လောကသုံးထောင်။ကောင်းကင်ပညာရှိလောက။
Vol. 27 Ch. 404
သိပ်မကြာခင်မှာပဲ ချီမင်၏လက်ထဲမှတာအိုသက်သေပြခြင်းသစ်သီးက ခေတ်ကာလကပ်ဘေးဒုက္ခပြီးနောက်ဖြစ်ပေါ်လာသော ကောင်းကင်တာအိုကုသိုလ်များကို စုပ်ယူသွားခဲ့ပြီး အသွင်ပြောင်းခြင်း ပြီးပြည့်စုံသွားတော့သည်။ ခရမ်းအလင်းများသည် ချီမင်၏လက်ထဲတွင် ခရမ်းရောင်ပန်းသီးတစ်လုံးသဖွယ်ထွန်းတောက်လာခဲ့သည်။
ကမ္ဘာဦးကောင်းကင်အရှင်၏ကိုယ်ပွားက ချီမင်၏ရှေ့တွင်ရပ်နေသည်။ သူ လက်နှစ်ဖက်ကိုနောက်ပစ်ထားလျက် ကြည့်နေသည်။"ငါ အခုတော့ တာအိုခြောက်ပါးကောင်းကင်အရှင်နဲ့ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်တို့ကို ဖြေရှင်းပြီးသွားပြီ။ မင်း အင်မော်တယ်နယ်ပယ်ကိုချိုးဖြတ်ပြီး ကောင်းကင်အရှင်နယ်ပယ်ကိုရောက်တာနဲ့ ကမ္ဘာဦးကောင်းကင်ကိုလာပြီး ငါ့ကိုလာရှာ။"
ချီမင်က တလေးတစားပြောသည်။"ကျွန်တော်ဆရာ့ရဲ့အမိန့်ကို နာခံပါ့မယ်။"
ကမ္ဘာဦးကောင်းကင်အရှင်၏ကိုယ်ပွားက စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။"တိုက်ပွဲပြီးရင် ငါ့ရဲ့ကိုယ်ပွားကလည်း ပျောက်ကွယ်သွားလိမ့်မယ်။ မင်းကိုဆက်ပြီး ကာကွယ်ပေးလို့ ရမှာမဟုတ်တော့ဘူး။"
"ဒါပေမဲ့။"
"တိုက်ပွဲပြီးရင်ဆန်းကြယ်ကိုးပါးကောင်းကင်အရှင်နဲ့တာအိုခြောက်ပါးကောင်းကင်အရှင်က မင်းကို ပြဿနာလာရှာရဲတော့မှာမဟုတ်တော့ဘူး။ မင်းစိတ်လျော့ထားလို့ရတယ်။ ငါမင်းကို ကမ္ဘာဦးကောင်းကင်မှာစောင့်နေမယ်။"
ကမ္ဘာဦးကောင်းကင်အရှင်၏ကိုယ်ပွားက ဖြေးညှင်းစွာဖြင့်ပျောက်ကွယ်သွားတော့သည်။ အလင်းရောင်များတောက်ပလာပြီး စိန်ပွင့်ပုံစံခရမ်းရောင်တိုကင်တစ်ခုသိပ်သည်းသွားခဲ့သည်။ ချီမင်က လက်ဆန့်ကာဖမ်းလိုက်သည်။
စိန်ပွင့်ပုံစံခရမ်းရောင်တိုကင်ပေါ်တွင် ကမ္ဘာဦးကောင်းကင်အရှင်တိုကင်ဟုရေးသားထားသည်။
ချီမင်က ကောင်းကင်အရှင်နယ်ပယ်ကိုချိုးဖြတ်ပြီးနောက်မှာ သူက ထိုကမ္ဘာဦးကောင်းကင်အရှင်တိုကင်ကိုသုံးပြီး အချိန်နေရာလွတ်ကိုဖြတ်သန်းလျက် ကမ္ဘာဦးကောင်းကင်သို့ဝင်ရောက်နိုင်သည်။
ပြောရမည်ဆိုလျှင်။
ကမ္ဘာဦးကောင်းကင်သည် ကမ္ဘာဦးကောင်းကင်အရှင်၏တာအိုနယ်ပယ်ဖြစ်သည်။
ချီမင်က အသက်ပြင်းပြင်းရှုကာ သူ၏ပစ္စည်းစာရင်းထဲသို့ ကမ္ဘာဦးကောင်းကင်အရှင်တိုကင်ကို သိမ်းလိုက်သည်။ သူက တာအိုသက်သေပြခြင်းသစ်သီးကိုကြည့်ကာ ပစ္စည်းစာရင်းထဲသို့မသိမ်းခင် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဂုဏ်ပြုပါတယ်။ကောင်းကင်ဧကရာဇ်။ ကောင်းကင်ကုသိုလ်ကိုရပြီး တာအိုသက်သေပြခြင်းသစ်သီးကိုပိုင်ဆိုင်နိုင်ခဲ့ပါပြီ။"
"ဂုဏ်ပြုပါတယ်။ကောင်းကင်ဧကရာဇ်။ ကောင်းကင်ကုသိုလ်ကိုရပြီး တာအိုသက်သေပြခြင်းသစ်သီးကိုပိုင်ဆိုင်နိုင်ခဲ့ပါပြီ။"
“…”
ပတ်ဝန်းကျင်တွင် ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်မင်းဆက်မှ အင်မော်တယ်အရာရှိများ ချင်ဖေးယွမ်အပါအဝင်တခြားသောသူများက ထိတ်လန့်တကြားဖြစ်ပြီးမှ အသိပြန်ဝင်လာည်။
ချီမင်သည် ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်ကိုတည်ထောင်ခဲ့ပြီး သူ့ကိုကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်ဟုခေါ်သည်။ သူက ကောင်းကင်ဧကရာဇ်ဖြစ်သည်။
သူက ခေါင်းညိတ်ပြလိုက်သည်။"ခင်ဗျားတို့အားလုံးထွက်သွားလို့ရပြီ။"
"မှန်လှပါ။"
"မှန်လှပါ့ ကောင်းကင်ဧကရာဇ်။"
“…”
အင်မော်တယ်အရာရှိများက ညီညာစွာပြောလိုက်ကြသည်။
သူတို့အားလုံးကထွက်ခွာကြရင်းအလုပ်များသွားခဲ့သည်။
"အရှင်မင်းကြီး။"
ချီမင်က ချင်ဖေးယွမ်ကိုဦးညွှတ်လိုက်သည်။ သူ၏အသံက အတော်လေးပြောင်းလဲသွားခဲ့သည်။ သူက ဂျူနီယာညီလေးမှ အရှင်မင်းကြီးဟုပြောင်းလဲခေါ်ဆိုလိုက်သည်။
"စီနီယာအစ်ကို ခင်ဗျားအရမ်းယဉ်ကျေးစရာမလိုတော့ဘူး။" ချီမင်က ဆိုသည်။"ကျွန်တော့်ကို ဂျူနီယာညီလေးလို့ပဲခေါ်ပါဗျ။"
"မဟုတ်ဘူး။" ချင်ဖေးယွမ်က ခေါင်းခါကာ ဆိုသည်။"အရှင်မင်းကြီး အရှင်က ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်မင်းဆက်ရဲ့အရှင်ပါ။ အရှင် အရင်ကလိုပြုမူလို့မရတော့ပါဘူး။"
"ထားလိုက်တော့။" ချီမင်က ထိုကိစ္စအတွက်လေကုန်မခံချင်တော့ပေ။"စီနီယာအစ်ကို ဘာလို့ကျွန်တော့်ကိုရှာနေတာလဲ။"
"ဒါက.."ချင်ဖေးယွမ်က ချောင်းအသာဟန့်လိုက်သည်။"အရှင်မင်းကြီး။ဆရာက တခြားကောင်းကင်အရှင်နှစ်ပါးရဲ့ကိုယ်ပွားတွေကို သတ်ပြီး ပြန်ထွက်သွားတာလား။ တခြားညွှန်ကြားချက်လေးတွေများ ပေးလိုက်သေးလား။"
"မပေးဘူး" ချီမင်က ချင်ဖေးယွမ်၏အတွေးများကို နားလည်သည်။ သူက တကယ်တော့ ကမ္ဘာဦးကောင်းကင်အရှင်က သူ့အတွက်ဘယ်လိုစီစဉ်ထားလဲမေးချင်တာဖြစ်သည်။သို့ပေမဲ့ ကမ္ဘာဦးကောင်းကင်အရှင်က သူ့အကြောင်းကိုထည့်မပြောသွားပေ။
ကမ္ဘာဦးကောင်းကင်အရှင်၏မျက်လုံးထဲတွင်တော့ ချင်ဖေးယွမ်သည် သိပ်ဘောင်မဝင်သော ဝင်ခွင့်တပည့်သာဖြစ်သည်။ သူက ခေါင်းထဲထည့်ပြီး အာရုံမထားပေ။
“…”
ချင်ဖေးယွမ်က ချီမင်၏အမူအရာကိုမြင်တော့ စိတ်ပျက်သွားသည်။
"ဒါပေမဲ့..."ချီမင်ကဆိုသည်။"ဆရာက ကျွန်တော်ကောင်းကင်အရှင်နယ်ပယ်ကိုရောက်ရင် ကမ္ဘာဦးကောင်းကင်ကိုဝင်နိုင်တယ်တဲ့။ ကျွန်တော် စီနီယာအစ်ကိုကိုခေါ်သွားပေမယ်။"
"တကယ်လား။" ချင်ဖေးယွမ်က အနည်းငယ်စိတ်လှုပ်ရှားသွားသည်။သို့ပေမဲ့ သူက လျင်မြန်စွာပဲစိတ်တည်ငြိမ်သွားတော့သည်။"ဆရာက အရှင့်ကိုပဲပြောခဲ့တာလေ။ကျွန်တော့်ကို မပြောခဲ့ဘူးမလား။ ကျွန်တော့်ကို ခေါ်သွားတာ ကောင်းပါ့မလား။"
"ကောင်းတယ်။" ချီမင်သည် လက်ဝေ့ယမ်းလိုက်၏။
"ကောင်းကင်ဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။" ချင်ဖေးယွမ်က ဦးညွှတ်လိုက်သည်။
"ဒါပေမဲ့ ကောင်းကင်အရှင်နယ်ပယ်ကိုချိုးဖြတ်ဖို့က လွယ်မှာမဟုတ်ဘူး။" ချီမင်က ခဏလောက်တွေးတောနေသည်။’ငါက အခုမှအင်မော်တယ်ဘုရင်အလယ်ပိုင်းအဆင့်ပဲရှိသေးတယ်။ အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ရောက်ဖို့တောင်လိုသေးတယ်။ ကောင်းကင်အရှင်နယ်ပယ်ချိုးဖြတ်ဖို့ဆိုတာ ပိုခက်မှာ။
အရေးကြီးဆုံးကတော့ အလိုအလျောက်ကျင့်ကြံခြင်းစနစ်က အဆင့်မြင့်နေတုန်းပဲ။ အခုလောလောဆယ်ကတော့ သုံးလို့ရမှာမဟုတ်သေးဘူး။’
အချိန်ကုန်ဆုံးသွားသည်။
လဝက်ကြာသွားခဲ့သည်။
ကျင့်ကြံခြင်းခန်းမထဲတွင်။
ချီမင်က တင်ပျဉ်ခွေချိတ်ထိုင်ကာ အစီအရင်လည်ပတ်နေမှုကို ကူညီပေးခဲ့သည်။ သူက ပစ္စည်းစာရင်းထဲမှ တာအိုသက်သေပြခြင်းသစ်သီးကိုထုတ်ယူလိုက်သည်။ ချီမင်၏ကိုယ်ပေါ်တွင် ခရမ်းရောင်အလင်းများတောက်ပလာသောကြောင့် ကျင့်ကြံခြင်းခန်းမတစ်ခုလုံးက ခရမ်းရောင်သန်းသွားခဲ့သည်။
"စလိုက်ရအောင်။” ချီမင် ကခဏလောက်တွေးမိသွားသည်။
ဖရိုဖရဲမဟာတာအိုကျမ်းက လည်ပတ်လာသည်။ သူ၏ဓမ္မစွမ်းအားများမှာ ခရမ်းရောင်မြူခိုးများသဖွယ် တာအိုသစ်သီးကိုဖုံးအုပ်သွားခဲ့သည်။သူက ဖြေးညှင်းစွာစုပ်ယူသန့်စင်တော့သည်။
ခရမ်းရောင်တာအိုသက်သေပြခြင်းသစ်သီးက ခရမ်းရောင်အလင်းစီးကြောင်းများသဖွယ်ပျံ့နှံ့သွားခဲ့ပြီး ချီမင်၏ခန္ဓာကိုယ်ထဲသို့ဝင်ရောက်သွားသည်။သူက နက်ရှိုင်းသည့်ကျင့်ကြံခြင်းထဲသို့ ဝင်ရောက်သွားသည်။
အချိန်ကုန်ဆုံးသွားသည်။
ကျင့်ကြံခြင်းက အဆုံးမဲ့ပေ။
ထို့ပြင် ချီမင်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်သို့ရောက်သွားသောကြောင့် နှစ်ထောင်ကျော်ကြာသည့် နက်ရှိုင်းသည့် ကျင့်ကြံခြင်းထဲသို့ဝင်ရောက်သွား၏။
နှစ်တစ်သောင်း ကြာသွားခဲ့သည်။
ချီမင်၏ခန္ဓာကိုယ်ပေါ်တွင် အလင်းမြူခိုးများ ပျံ့နှံ့လာသည်။ သူ ခရမ်းရောင်တာအိုသက်သေပြခြင်းသစ်သီးကိုစုပ်ယူသန့်စင်ဖို့နှစ်တစ်သောင်းကြာသွားခဲ့သည်။ ခရမ်းရောင်တာအိုသက်သေပြခြင်းသစ်သီးက ပြည်နယ်ကိုးလောကမှတိုးထွက်လာခဲ့သော ကပ်ဘေးချီများ၊ကမ္မများနှင့်ကံကြွေးများကိုစုပ်ယူခဲ့သည်။ ၎င်းက အပြည့်အဝရင့်မှည့်လာဖို့ ကောင်းကင်တာအိုကုသိုလ်များကိုတောင် စုပ်ယူခဲ့ရသည်။
ခရမ်းရောင်တာအိုသက်သေပြခြင်းသစ်သီးတွင် တာအို၏စာလုံးများနှင့်နက်နဲမှုများပါဝင်နေခဲ့သည်။ ၎င်းက ချီမင်အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း အထွတ်အထိပ်နတ်ဘုရားဘုရင်လမ်းစဉ်မှ ရသော တာအိုသက်သေပြခြင်းသစ်သီးထက်သာသည်။
အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အကူအညီမရှိဘဲ ထိုခရမ်းရောင်တာအိုသစ်သီးကိုစုပ်ယူခဲ့သည်။ ချီမင်က ကိုယ်တိုင်သာ ကျင့်ကြံသန့်စင်ခဲ့သည့်အတွက် နှစ်တစ်သောင်းကျော် အချိန်အပြည့်ပေးခဲ့ရသည်။
ချီမင်အနားတွင် ကမ္ဘာခရမ်းချီမြူခိုများမြင့်တက်လာခဲ့သည်။ သူ၏မျက်ခုံးကြားမှမဟာတာအိုအမှတ်အသားက ပိုပြီးပြတ်သားလာကာ သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်ကလည်း ကြီးမားစွာတိုးတက်လာခဲ့သည်။
ချီမင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုသည် အစောပိုင်းအဆင့်:အသေးစားနားလည်မှုအကြီးစားအောင်မြင်မှုအဆင့်သို့ရောက်ရှိသွားခဲ့သည်။ သူက ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရန် ခြေလှမ်းတစ်ဝှက်သာလိုတော့သည်။
"မဆိုးဘူး"
ချီမင်က သူ၏အရှိန်အဝါကိုတည်ငြိမ်အောင်လုပ်လိုက်သည်။ သူက ခဏလောက် စဉ်းစားလိုက်သေးသည်။"ငါ့ရဲ့ကောင်းကင်နှင့်မြေကြီးမဟာတာအိုနားလည်မှုက အသေးစားနားလည်မှုအဆင့်ဖြစ်သွားပြီး အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ရောက်သွား ပြီ။"
သူက ဆက်ပြောသည်။"ဒါပေမဲ့ ဖရိုဖရဲမဟာတာအိုကျမ်းမှာ အထက်ကမ္ဘာအင်မော်တယ်ဘုရင်အပိုင်းထိပဲရှိတယ်။ ငါ ကောင်းကင်အရှင်နယ်ပယ်နည်းစနစ်ကို မတွက်ချက်ရသေးဘူး။"
"အဲ့တော့ အဆင့်ချိုးဖြတ်မလွယ်တော့ဘူး။"
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်တစ်လကြာသွားသည်။
ချီမင်က သီးသန့်ကျင့်ကြံရာမှထွက်လာလိုက်သည်။
တင်း!
"အလိုအလျောက်ကျင့်ကြံခြင်းအဆင့်ကို အန္တိမအလင်းဖြင့်အောင်မြင်စွာပေါင်းစပ်နိုင်ပြီး အဆင့်မြင့်တင်နိုင်ခဲ့ပါတယ်။ တစ်လအတွင်းပြန်လည်စတင်ပါမယ်။ ကျေးဇူးပြုပြီးစိတ်ရှည်ရှည်စောင့်ပါ။..."
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာသည်။"နှစ်တစ်သောင်းကျော်ကြာသွားပြီဆိုတော့ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုအဆင့်မြင့်တင်ပြီးသွားပြီ။ တစ်လအတွင်း ပြန်လည်စတင်နိုင်ပြီ။"
ချီမင် အသိပေးချက်ကိုလက်ခံလိုက်၏။
ချက်ချင်းဆိုသလိုပင် ကျင့်ကြံခြင်းခန်းမ၏တံခါးကပွင့်လာခဲ့သည်။
ချီမင်က ခန်းမထဲမှထွက်လာခဲ့သည်။ ချင်ဖေးယွမ်၊ဖုန်းယု၊ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့်ကျန်သောသူများက အာရုံခံမိသွားကာ လျင်မြန်စွာပြေးလာကြသည်။
အင်မော်တယ်အရာရှိများက လေထုကိုဖြတ်သန်းလျက်လာနေကြသည်။
"အရှင်မင်းကြီး။"
"သခင်"
"ကျွန်တော်တို့ ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်ကျင့်ကြံရာမှထွက်လာတာကို ကြိုဆိုပါတယ်။"
"ကောင်းကင်ဉာဏ်အလင်းအင်မော်တယ်ဧကရာဇ်ကိုကြိုဆိုပါတယ်။"
“…”
ချင်ဖေးယွမ်တို့က သံပြိုင်အော်ဟစ်လိုက်သည်။
ချီမင်က ပတ်ကြည့်လိုက်၏။ သူက အံ့ဖွယ်စွမ်းအားများကိုလည်ပတ်ကာ ကောင်းကင်လုပ်ဆောင်မှုကိုစုံစမ်းလိုက်သည်။ ချီမင်က ကောင်းကင်ဉာဏ်အလင်းလောကတွင် နှစ်တစ်သောင်းအတွင်းဖြစ်ခဲ့သောအရာများကိုသိသွားခဲ့သည်။
သူက တာအိုကျင့်ကြံနေခဲ့သည်မှာ မယုံနိုင်စရာကောင်းသည့်အဆင့်သို့ရောက်ခဲ့ပြီဖြစ်သည်။ သူက ဥပဒေသကောင်းကင်အရှင်မဖြစ်သေးပေမဲ့ အင်မတန်ကြောက်စရာကောင်းနေပြီဖြစ်သည်။
"မဆိုးဘူး၊မဆိုးဘူး။” ချီမင်က ထပ်ခါတလဲခေါင်းညိတ်လိုက်သည်။ "နှစ်တစ်သောင်းလုံးငါတံခါးပိတ်ကျင့်ကြံခဲ့တာ။ ခင်ဗျားတို့ကောင်းကောင်းလုပ်ခဲ့တာပဲ။ ခင်ဗျားတို့ ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်ကို ကောင်းကောင်းစီမံနိုင်ခဲ့တယ်။ ကျွန်တော် အရမ်းကျေနပ်တယ်။"
"အရှင်မင်းကြီး ဒါကျွန်တော်တို့ လုပ်သင့်တဲ့အရာပါ။"
"အရှင့်ရဲ့ချီးမွှန်းမှုအတွက်ကျေးဇူးတင်ပါတယ်။"
"အရှင့်ရဲ့ချီးမွှန်းမှုနဲ့တင် ကျွန်တော်တို့ စွမ်းဆောင်ခဲ့ရတာတွေထိုက်တန်သွားပါပြီ။"
“…”
အင်မော်တယ်အရာရှိများက ချီးကျူးနေကြသည်။
ထို့နောက်...
ချီမင်က ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓတို့ကို နှစ်တစ်သောင်းအတွင်းဖြစ်ခဲ့သောအရာများကို မေးလိုက်သည်။ ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓရဲ့ပြောကြားချက်အရ သူတွက်ချက်ထားသည့်အရာများကိုအတည်ပြုခဲ့သည်။
"အရှင်မင်းကြီး။"
ထိုအခိုက်တွင်မြောက်ပိုင်းပြည်နယ်အရှင် ကျန်းထိုက်ယွီက ရှေ့အနည်းငယ်တိုးလာကာ လက်နှစ်ဖက်ကိုစုဖွဲ့လျက်ချီမင်ကို နှုတ်ဆက်လိုက်သည်။ သူကဆိုသည်။"ကျွန်တော် အရှင့်ကိုအရေးကြီးတင်ပြစရာရှိပါတယ်။"
"ဘာလဲ။"
ယခင်တုန်းက ချီမင်ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မှလိုက်လံဖမ်းဆီးမှုကြောင့် မြောက်ပိုင်း ပြည်နယ်ဘက်သို့ပြေးလာခဲ့သည်။ ကျန်းထိုက်ယွီက သူ့ကိုအသက်မြစ်ပေါ်တွင် ဖမ်းဆီးခဲ့သည်။ သူက ကျန်းထိုက်ယွီ၏လက်ထဲတွင် သေလုနီးပါးဖြစ်ခဲ့ဖူးသည်။သို့ပေမဲ့ ချီမင်ကို ကောင်းကင်နတ်ဆိုးမျိုးနွယ်သခင်က ကယ်တင်သွားခဲ့သည်။
ယခု ကျန်းထိုက်ယွီက ချီမင်ကိုအညံ့ခံခဲ့ပြီဖြစ်သည်။ ထိုမှသာ သူကရှင်သန်နိုင်မည်ဖြစ်သည်။ ချီမင်က သူ့ကိုမသတ်ခဲ့ပေ။ ထိုအစား သူက ကျန်းထိုက်ယွီအား မြောက်ပိုင်း ပြည်နယ်၏အရှင်အဖြစ်ဆက်လက် တာဝန်ထမ်းရွက်ခွင့်ပေးခဲ့သည်။
"လွန်ခဲ့တဲ့နှစ်ငါးရာလောက်က။" ကျန်းထိုက်ယွီကဆိုသည်။"အသက်မြစ်ပေါ်မှာ ပုန်းကွယ်နေတဲ့ဟင်းလင်းပြင်လိုဏ်ခေါင်းတွေပေါ်လာတယ်။ရင်းမြစ်က ကောင်းကင်တားမြစ်ဇုန်ကဖြစ်လောက်တယ်။ ကျွန်တော် ကောင်းကင်တားမြစ်ဇုန်ကိုဝင်တော့ ကောင်းကင်ဉာဏ်အလင်းလောကနဲ့မသက်ဆိုင်တဲ့သက်ရှိတွေကိုတွေ့ခဲ့ပါတယ်။"
ချီမင်က လှမ်းကြည့်လိုက်သည်။"အဲ့ဒီလိုကိစ္စရှိတာလား။ ဆက်ပြော။"
ကျန်းထိုက်ယွီကခေါင်းညိတ်ကာဆိုသည်။"ကျွန်တော် အဲ့ဒီကောင်းကင်ဉာဏ်အလင်းလောကနဲ့မဆိုင်တဲ့ သက်ရှိတွေကိုဖမ်းဆီးခဲ့ပါတယ်။ သူတို့ကိုစစ်ဆေးကြည့်ပြီးနောက်မှာ ကျွန်တော်လိုချင်တဲ့အချက်အလက်တွေကိုရခဲ့ပါတယ်။ အဲ့ဒီသက်ရှိတွေအားလုံးက ကောင်းကင်ပညာရှိလောက ကပါ။ ပြီးတော့ သူတို့က အသင်္ချေအင်မော်တယ်နန်းတော်က မိုင်းတွင်းအစေခံတစ်စုပါ။"
"ကောင်းကင်ပညာရှိလောက။" ချီမင်ကဆိုသည်။"ခင်ဗျားပြောချင်တာက ကောင်းကင်ဉာဏ်အလင်းလောက နဲ့ကောင်းကင်ပညာရှိလောက ချိတ်ဆက်သွားတယ်လို့လား။အဲ့ဒီမိုင်းတွင်းအစေခံတွေက ကောင်းကင်တားမြစ်ဇုန်ကို မတော်တဆရောက်လာကြတာလား။"
"မှန်လှပါ။" ကျန်းထိုက်ယွီကပြောသည်။
"အခြေအနေကဘယ်လိုလဲ။" ချီမင်ကညွှန်ကြားလိုက်သည်။"ကျန်းထိုက်ယွီ ကျွန်တော်ခင်ဗျားကိုဒီကိစ္စကိုကိုင်တွယ်ခိုင်းလိုက်မယ်။ အခြေအနေတစ်ခုလုံးကိုစုံစမ်းခဲ့။ အမှားအယွင်းမရှိစေနဲ့။"
ကျန်းထိုက်ယွီက ခဏလောက်ကြောင်အသွားပေမဲ့ သူကခေါင်းညိတ်လိုက်သည်။"ဟုတ်ကဲ့။"