← Chapters

အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏ပြောင်းလဲမှုများ၊အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်၊ အထူးမြေအောက်စခန်း။

Vol. 27 Ch. 405

အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏ပြောင်းလဲမှုများ၊အထက်ကမ္ဘာအင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်၊ အထူးမြေအောက်စခန်း။

Vol. 27 Ch. 405

ကောင်းကင်ဉာဏ်အလင်းလောကနှင့်ကောင်းကင်ပညာရှိလောကသည် မတော်တဆချိတ်ဆက်သွားခဲ့ပြီး လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာသည်။ ကောင်းကင်ဉာဏ်အလင်းလောကသို့ရောက်လာသော သက်ရှိများတောင်ရှိသည်။

ကိစ္စက ကြီးသွားနိုင်သလိုသေးလည်းသေးသွားနိုင်သည်။ ၎င်းက ချီမင်၏အရည်အချင်းအပေါ်အဓိကမူတည်လေသည်။

ကောင်းကင်ပညာရှိလောကမှအဖွဲ့အစည်းများက ကောင်းကင်ဉာဏ်အလင်းလောကကိုသိမ်းပိုက်ချင်ပါက လောကနှစ်ဖက်ကြားတွင် ရှောင်လွဲ၍မရသော စစ်ပွဲများဖြစ်လာပေလိမ့်မည်။ ဒါမှမဟုတ် ချီမင်က ကောင်းကင်ပညာရှိလောကကိုသိမ်းပိုက်ချင်ပါက တိုက်ပွဲကဖြစ်လာပေလိမ့်မည်။

ချီမင်က ကောင်းကင်ဉာဏ်အလင်းဧကရာဇ်မင်းဆက်ကို အင်အားများစွာစိုက်ထုတ်ရင်းတည်ထောင်ခဲ့သည်။ သူ့လက်အောက်တွင် စွမ်းအားကြီးနောက်လိုက်ငယ်သားများရှိသည်။ သူက ထိုကိစ္စများကို သဘာဝအတိုင်း စွမ်းအားကြီးနောက်လိုက်ငယ်သားများကိုလက်လွှဲပေးခဲ့သည်။ သူကိုယ်တိုင် ဘာမှလုပ်စရာမလိုပေ။

ကျန်းထိုက်ယွီသည်အင်မတန်သန်မာသည်။သူ၏နည်းစနစ်များက အင်မတန်ထူးခြားသည်။ ၎င်းကိုစစ်ဆေးဖို့က သူ့အတွက်တော့လွယ်ကူသည်။ သူ၏စွမ်းရည်နှင့်ဆို သူက ထိုတာဝန်ကို ဆောင်ရွက်နိုင်သည်။

"ကျန်းထိုက်ယွီ ကျွန်တော့်ကို စိတ်မပျက်စေနဲ့။" ချီမင်က ဆိုသည်။

"အရှင်မင်းကြီး မစိုးရိမ်ပါနဲ့။" ကျန်းထိုက်ယွီက သူ၏အသံကိုမြင့်ကာပြောသည်။"ကျွန်တော် ကောင်းကင်ပညာရှိလောကရဲ့အခြေအနေကို အချိန်တိုလေးအတွင်းမှာ ကျိန်းသေပေါက်စုံစမ်းပေးပါမယ်။"

ချီမင်သည် လက်ဝေ့ယမ်းလိုက်၏။ "သွားတော့"

ကျန်းထိုက်ယွီ ဦးညွှတ်လိုက်ပြန်သည်။

သူက အလင်းစီးကြောင်းများအဖြစ်ပြောင်းလဲကာ ထွက်သွားတော့၏။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်တစ်လကြာသွားသည်။

စိတ်ဝိညာဉ်ကောင်းကင်ရတနာခန်းမတွင်။

ချီမင်က ကောင်းကင်ဧကရာဇ်နဂါးပုလ္လင်ပေါ်တွင်ထိုင်နေသည်။

အနားတွင် အခြားသောအင်မော်တယ်များရှိသည်။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်၏ရှေ့တွင် အသိပေးချက်တစ်ခုတက်လာသည်။ သို့ပါသော်လည်း အသိပေးချက်စာသားမျက်နှာပြင်များ တစ်ခုပြီးတစ်ခုတက်လာသည်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏ပြောင်းလဲမှုများပေါ်လာသည်။

လက်ခံသူ:ချီမင်

အဆင့်:အထက်ကမ္ဘာအင်မော်တယ်ဘုရင်အလယ်ပိုင်းအဆင့်။

ကျင့်ကြံခြင်းနည်းစနစ်:ဖရိုဖရဲမဟာတာအိုကျမ်း

အသေးစားအံ့ဖွယ်စွမ်းအား:ဆန်းကြယ်နည်းစနစ်၊ပါ့ကွားယင်ယန်အံ့ဖွယ်စွမ်းအား၊ဓာတ်ငါးပါးစက်ဝန်းအံ့ဖွယ်စွမ်းအား၊အံ့ဖွယ်လျှပ်စီးဓားထိန်းချုပ်ရေးနည်းစနစ်နှင့်သမာဓိမီးလျှံအံ့ဖွယ်စွမ်းအား...(စုစုပေါင်း၁၂၉၆၀၀...)

မဟာအံ့ဖွယ်စွမ်းအား:ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်၊မဟာကပ်ဘေးဒုက္ခနည်းစနစ်၊မဟာမူလအစနည်းစနစ်...(စုစုပေါင်း၃၀၀၀..)

အထွတ်အထိပ်အံ့ဖွယ်စွမ်းအား:အသင်္ချေနည်းစနစ်များတစ်ခုသို့ပြန်သွားခြင်း၊အံ့ဖွယ်စွမ်းအား၊အထွတ်အထိပ်ကမ္မနည်းစနစ်နှင့်ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်း

ကိုယ်ပိုင်အင်မော်တယ်ရတနာ:ဖရိုဖရဲမဟာတာအိုဓားကြာပွင့်၊ဖရိုဖရဲကမ္ဘာဖျက်ဓား၊ဖရိုဖရဲပုကျုံးတောင်

ပစ္စည်း:ကံကြမ္မာမြွေလက်ပတ်၊ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကား၊အချိန်နေရာလွတ်တံခါး...(ဖုံးကွယ်ထား)

တစ်ချက်နှိပ်ကျင့်ကြံခြင်း:အသုံးပြုနိုင်။

အင်မော်တယ်သားရဲလေ့ကျင့်ခြင်း:အသုံးပြုနိုင်။

အစေခံစနစ်:အသုံးပြုနိုင်။

တွက်ချက်ခြင်းစနစ်: အသုံးပြုနိုင်။

…

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။

တင်း!

"အဆင့်မြင့်လုပ်ဆောင်မှု(၁):အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အခြေအနေအတိအကျကို စစ်ဆေးလိုက်သည်။

အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုအဆင့်မြှင့်ပြီးနောက်မှာ အဓိအဆင့်မြှင့်တင်မှုမှာ အလိုအလျောက်စိုက်ပျိုးခြင်းနေရာဖြစ်သည်။ ၎င်းကို အသက်သွင်းဖို့ သက်ဆိုင်ရာတာအိုမူလအစများသုံးနိုင်သည်။ ချီမင်က ဝင်ရောက်လိုက်သည်။

သူ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်သို့ဝင်ပြီးနောက်မှာ အချိန်ကိုမြန်အောင်လုပ်နိုင်သည်။

ဥပမာအနေဖြင့်။

အချိန်ကိုနှစ်ဆမြန်လိုက်ရင် သူက အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် နှစ်ရက်ကုန်ဆုံးသွားပေမဲ့ အပြင်ကမ္ဘာတွင် တစ်ရက်သာကြာမည်ဖြစ်သည်။ အထဲတွင်နှစ်နှစ်ဆို အပြင်ကမ္ဘာတွင် တစ်နှစ်သာကြာသည်။

သူ အချိန်စီးဆင်းနှုန်းကိုအဆ(၁၀၀၀၀)မြန်လိုက်ရင် အပြင်တွင်တစ်နှစ်က အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် နှစ်(၁၀၀၀၀)သာကြာမည်ဖြစ်သည်။

"ဒီအချိန်စီးဆင်းနှုန်းကိုပြောင်းလို့ရတာက အရမ်းကိုကောင်းတယ်။"

ချီမင်ကပျော်ရွှင်သွားသည်။"ဒါပေမဲ့ အခုငါ့လက်ထဲမှာ တာအိုမူလအစတွေမရှိဘူး။ ငါအခု သုံးလို့မရသေးဘူး။ တာအိုမူလအစသာရှိလာရင်တော့ ငါအချိန်ခဏလေးနဲ့အဆင့်တက်လို့ရပြီ။"

တင်း!

"အဆင့်မြှင့်လုပ်ဆောင်မှု(၂):အကန့်အသတ်မဲ့အင်မော်တယ်သားရဲနေရာလွတ်များ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

နာမည်အတိုင်းပင် အခုကစပြီး ချီမင်က အင်မော်တယ်သားရဲနေရာလွတ်များထံမှ ကန့်သတ်မခံရတော့ပေ။ သူက မရေမတွက်နိုင်သောအင်မော်တယ်သားရဲများကိုထိန်းချုပ်နိုင်သွားပြီး စွမ်းအားကြီးအင်မော်တယ်သားရဲစစ်တပ်တောင်ဖွဲ့စည်းနိုင်သွားသည်။

အင်မော်တယ်သားရဲတစ်ကောင်က ဘယ်လောက်သန်မာသန်မာ အင်မော်တယ်သားရဲတစ်ကောင်သာဖြစ်သည်။ ဘယ်လောက်ပဲသန်မာသန်မာ ရှားပါးအင်မော်တယ်သားရဲများတောင် ကိုးပြည်နယ်အင်မော်တယ်ဧကရာဇ်ကဲ့သို့ ကောင်းကင်တာအိုကိုသာကျင့်ကြံနိုင်သည်။

"အကန့်အသတ်မဲ့အင်မော်တယ်သားရဲနေရာက မဆိုးပါဘူး။"

တင်း!

"အဆင့်မြင့်လုပ်ဆောင်မှု(၃):တာအိုသားရဲနေရာလွတ်ကိုအသက်သွင်းခြင်း။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"တာအိုသားရဲ။"

ချီမင်က တာအိုသားရဲအကြောင်းကို စစ်ဆေးလိုက်သည်။

တာအိုသားရဲ:နာမည်အတိုင်းပင် အင်မော်တယ်နယ်ပယ်ကို ကျော်လွန်ကာ စည်းမျဉ်း(၃၀၀၀)နှင့်ဥပဒေသ(၁၂၉၆၀၀)ကိုနားလည်ထားခဲ့သည်။ ၎င်းတို့က ကောင်းကင်နှင့်မြေကြီးမဟာတာအို၏နက်နဲမှုများကိုလည်း နားလည်ခဲ့ပြီး ကိုယ်ပိုင်တာအိုသစ်သီးကို သိပ်သည်းနိုင်ခဲ့သည်။ ၎င်းတို့ကို တာအိုသားရဲဟုခေါ်သည်။

"တာအိုသားရဲဆိုတာ ကောင်းကင်အရှင်နယ်ပယ်ပဲ။" ချီမင်က အံ့ဩသွားသည်။

တင်း!

"အဆင့်မြင့်လုပ်ဆောင်မှု(၄):အင်မော်တယ်နယ်ပယ်နှစ်ခြင်းအခန်းကို အသက်သွင်းရန် အင်မော်တယ်သလင်းကျောက်များ ဖြည့်သွင်းရန်မလိုတော့ပေ။ သင်၏အသိစိတ်ကို အလကားခွဲထုတ်နိုင်ပြီး ဂိမ်းမြေအောက်စခန်းကိုဝင်နိုင်ပါတယ်။"

"မဆိုးဘူး" ချီမင်ကဆိုသည်။"ဒါကတော့ ငါ့ကိုအင်မော်တယ်သလင်းကျောက်တွေသက်သာစေတယ်။"

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် အင်မော်တယ်ဘုရင်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်းကောင်းကင်တာအိုအင်မော်တယ်ဘုရင်ဆန်းကြယ်လောကကို အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။ ဆုလဒ်များကိုတွက်ချက်ပြီးပါပြီ။"

"သင် တာအိုသက်သေပြခြင်းသစ်သီးတစ်လုံးနှင့် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက် တစ် စက်တီလီယန်ရရှိပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဒါက..."ချီမင်က တုံ့ပြန်လိုက်သည်။"ငါ ကောင်းကင်တာအိုအင်မော်တယ်ဘုရင်ဆန်းကြယ်လောကကိုရှင်းခဲ့ပြီးပြီပဲ။ ဒါပေမဲ့ အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုအဆင့်မြင့်နေလို့ ဆုကနှောင့်နှေးနေတာပဲ။ အခုမှ ငါ့လက်ထဲရောက်လာတယ်။"

"နောက်ထပ်တာအိုသက်သေပြခြင်းသစ်သီးပဲ။" ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။"မဆိုးဘူး။"

"ငါ အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ကိုတက်တော့မယ်ထင်တယ်။"

နောက်တော့ ချီမင်က ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်များထည့်သွင်းကာ ဖရိုဖရဲမဟာတာအိုကျမ်းကိုကျင့်ကြံတော့သည်။ တစ်ချိန်တည်းမှာ သူက ဖရိုဖရဲမဟာတာအိုစာလုံးကိုနားလည်ဆင်ခြင်တော့သည်။ မသိလိုက်စွာဖြင့် ချီမင်က ဖရိုဖရဲမဟာတာအိုစာလုံး၏အနှစ်သာရကိုနားလည်တော့မည်ဟုခံစားလိုက်ရသည်။

ထိုအချိန်ကျရင်သူအကျိုးကျေးဇူးများစွာသေချာပေါက်ရမှာဖြစ်သည်။

ချီမင်က စိတ်ဝိညာဉ်ကောင်းကင်ရတနာခန်းမမှထွက်လာကာ ကျင့်ကြံခြင်းခန်းမသို့ဦးတည်လိုက်သည်။ သူက ဆက်၍သီးသန့်ကျင့်ကြံတော့သည်။တာအိုသက်သေပြခြင်းသစ်သီးကိုစုပ်ယူကာ အဆင့်တက်တော့သည်။

တစ်နှစ်အကြာတွင်။

ကျင့်ကြံခြင်းခန်းမထဲတွင်။

အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အကူအညီဖြင့် ချီမင်ကတစ်နှစ်တောင်မပြည့်လိုက်ဘဲ တာအိုသက်သေပြခြင်းသစ်သီးကိုစုပ်ယူပေါင်းစပ်နိုင်ခဲ့သည်။

တာအိုသက်သေပြခြင်းသစ်သီးကိုစားသုံးပြီးနောက်မှာ ချီမင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုနားလည်မှုက တရားဝင် အစောပိုင်းအဆင့်:ပြီးပြည့်စုံခြင်းအသေးစားနားလည်မှုသို့ရောက်သွားတော့သည်။ သူကဆက်၍တိုးတက်လာပါက တာအိုနှလုံးသားနယ်ပယ်သို့ရောက်မည်ဖြစ်သည်။

ထိုအချိန်ကျရင် ချီမင်က သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ကိုယ်ပိုင်နားလည်မှုများကိုသုံးကာ ကိုယ်ပိုင်လမ်းကြောင်းကိုလျှောက်ပြီး သူ၏ကိုယ်ပိုင်မဟာတာအိုသစ်သီးကိုသိပ်သည်းနိုင်မည်ဖြစ်သည်။

သူက ကောင်းကင်အရှင်နယ်ပယ်သို့တက်လှမ်းနိုင်မည်ဖြစ်သည်။

ချီမင်က ထိုအဆင့်နှင့်ဝေးနေသေးပါ၏။

"အဆင့်ချိုးဖြတ်။" ချီမင်က ကျယ်လောင်စွာအော်လိုက်သည်။သူ၏မျက်လုံးများကတောက်ပသွားသည်။ သူ၏မျက်ခုံးကြားမှမဟာတာအိုအမှတ်အသားက ပိုပြီးကြည်လင်လာကာ ပိုပြီးတောက်ပလာသည်။ သူ၏အရှိန်အဝါကလျင်မြန်စွာဖြင့်မြင့်တက်သွားပြီး အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်၏အကန့်အသတ်သို့ရောက်သွားတော့သည်။

တစ်ချိန်တည်းမှာ မဟာတာအိုအင်မော်တယ်ဘုရင်နှလုံးသားက ပုံရိပ်ယောင်တစ်ဝက်အဆင့်မှ လုံးဝသိပ်သည်းသွားသည်။ ကမ္ဘာဦးခရမ်းရောင်အလင်းကဖုံးလွှမ်းသွားပြီး မယှဉ်သာလောက်အောင်ခမ်းနားတောက်ပလာသည်။

ထိုအခိုက်တွင် ချီမင်သည် အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်သို့ရောက်သွားသည်။

"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်" ချီမင်၏နှုတ်ခမ်းကကွေးတက်သွားသည်။ သူက အင်မတန်စိတ်အခြေအနေကောင်းသွားသည်။ သူ၏ခန္ဓာကိုယ်ထဲမှအင်အားကိုခံစားလိုက်ရသည်။ သူခွန်အားက ယခင်နှင့်ယှဉ်လျှင် များစွာတိုးတက်လာပြီဖြစ်သည်။

တာအိုခြောက်ပါးကောင်းကင်အရှင်၏ကိုယ်ပွားနှင့်တာအိုခြောက်ပါးကောင်းကင်အရှင်၏ကိုယ်ပွားရုပ်တု ထပ်မံဆင်းသက်လာလျှင်ပင် ချီမင်က အနိုင်ယူဖို့ ယုံကြည်ချက်ရှိသည်။

တာအိုခြောက်ပါးကောင်းကင်အရှင်နှင့်တာအိုခြောက်ပါးကောင်းကင်အရှင်၏ခန္ဓာကိုယ်အစစ်ကျဆင်းလာရင်တော့ ချီမင်က ယုံကြည်ချက်သိပ်မရှိပေ။ နောက်ဆုံးမှာတော့ သူက ထိုနှစ်ယောက်၏ကျင့်ကြံခြင်းအဆင့်အတိအကျကိုမသိသေးပေ။

ကောင်းကင်အရှင်နယ်ပယ်၏ပထမအဆင့်ဖြစ်သည့် ဥပဒေသကောင်းကင်အရှင်ဖြစ်ပါက ချီမင်ကအနိုင်ရဖို့ ယုံကြည်ချက်ရှိနေသေး၏။ အဆင့်ပိုမြင့်ရင်တော့ ချီမင်က ယုံကြည်ချက်မရှိတော့ပေ။

တစ်လကြာသွားခဲ့သည်။

ချီမင်က သူ၏ကျင့်ကြံခြင်းကိုခိုင်ခံအောင်လုပ်လိုက်သည်။

တင်း!

"လက်ခံသူက အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်သို့ ချိုးဖြတ်သွားကြောင်း စစ်ဆေးမိပါတယ်။ အင်မော်တယ်ဘုရင်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်းကောင်းကင်တာအိုအင်မော်တယ်ဘုရင်ဆန်းကြယ်လောကကိုရှင်းလင်းရာမှရရှိမည့်ဆုလဒ်များ လျော့ကျသွားပါပြီ။ သင် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းသုံးပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်လှစ်နိုင်ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဖွင့်မယ်။"

ချီမင်က အင်မော်တယ်သလင်းကျောက်များထည့်သွင်းရန်ပြင်ဆင်လိုက်သည်။

တင်း!

"လက်ခံသူက အင်မော်တယ်နယ်ပယ်အကန့်အသတ်သို့ရောက်ရှိသွားပါပြီ။ကောင်းကင်နယ်ပယ်သို့တက်လှမ်းရန် ပြင်ဆင်နေသောကြောင့် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို အထူးမြေအောက်စခန်းအဖြစ်ပြောင်းလဲခဲ့ပါတယ်။"

"ဖွင့်ရန် ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်သန်းတစ်သောင်းလိုအပ်ပါတယ်။"

နောက်ထပ်အသိပေးချက်ပေါ်လာသည်။

"အထူးမြေအောက်စခန်း" ချီမင်က ထိတ်လန့်သွား၏။"ဒါပေမဲ့ အင်မော်တယ်သလင်းကျောက်တွေက ဆယ်ဆတိုးသွားတယ်။ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်သန်းတစ်သောင်းတောင်လိုတယ်။"

"အထူးမြေအောက်စခန်းဆိုတာ ငါ့ကိုကောင်းကင်အရှင်နယ်ပယ်တက်ဖို့ ကူညီပေးနိုင်တယ်ထင်တယ်။"

"ဒီလိုဆိုရင်တော့ ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်သန်းတစ်သောင်း သုံးရတာ အရမ်းတန်တယ်။ ငါမှာ အင်မော်တယ်သလင်းကျောက်ဆိုတာအပေါဆုံးပဲ။"

"ထည့်မယ်။"

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုကို အောင်မြင်စွာအသက်သွင်းနိုင်ခဲ့ပါတယ်။"

"သင် ဝင်ရောက်နိုင်ပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"တာအိုသစ်သီးဆန်းကြယ်မှု" ချီမင်က ကြောင်သွားသည်။သူ သိပ်နားမလည်သေးပေ။"အထူးမြေအောက်စခန်းကိုဝင်မယ်။"

ချီမင်၏စိတ်ထဲသို့ အထူးမြေအောက်စခန်းနှင့်ပတ်သက်သော အချက်အလက်များအားလုံးပေါ်လာခဲ့သည်။ အထူးမြေအောက်စခန်း:တာအိုသစ်သီးဆန်းကြယ်မှုက သူ့ကိုအကြိမ်ကြိမ်ပြန်လည်မွေးဖွားခွင့်ပေးသည်။

ပြန်လည်မွေးဖွားခြင်း(၁၂၉၆၀၀)လိုအပ်သည်။

ပိုပြီးအရေးကြီးသည်က။

ချီမင်၏ဇာတ်ကောင်က စစ်မှန်သည့်ကောင်းကင်အရှင်နယ်ပယ်များဖြစ်သည်။သို့ပေမဲ့ ထိုအထဲအမှောင်သူတို့က ကျရှုံးကောင်းကင်အရှင်များဖြစ်သည်။ သူက ထိုကောင်းကင်အရှင်များ၏ဘဝကိုတွေ့ကြုံရမှာဖြစ်သည်။

မွေးဖွားခြင်း၊ကျင့်ကြံခြင်း၊အချစ်၊အမုန်း၊သေခြင်းနှင့် ထိုကောင်းကင်အရှင်များ၏ထွက်ခွာခြင်းကဲ့သို့သောအရာများကို ကြုံတွေ့ရမှာဖြစ်သည်။

သူက တာအိုသစ်သီးပျိုးထောင်ခြင်းကဲ့သို့သော အရာများကိုနားလည်နိုင်သည်။

နောက်ဆုံးပြန်လည်မွေးဖွားခြင်းအကြိမ်ရေ(၁၂၉၆၀၀)ပြီးနောက်မှာ သူက တာအိုသစ်သီး၏ဆန်းကြယ်မှုကိုနားလည်ပြီး သိပ်သည်းနိုင်မှာဖြစ်သည်။

ချီမင်အထူးမြေအောက်စခန်းထဲသို့ဝင်သည့်အကြိမ်တိုင်း သူက ကောင်းကင်အရှင်တစ်ဦးအရဲ့၄၀၄ဘဝအတွေ့အကြုံကိုခံစားနိုင်မှာဖြစ်သည်။ ထို့ကြောင့် ချီမင်က အထူးမြေအောက်စခန်းကိုအကြိမ်ရေ(၁၂၉၆၀၀)ပြည့်အောင်ဝင်ရမည်ဖြစ်သည်။ သူဝင်သည့်အကြိမ်တိုင်း ထိပ်တန်းအဆင့်အင်မော်တယ်သလင်းကျောက်သန်းတစ်သောင်းထည့်ရမည်ဖြစ်သည်။

"များလွန်းသွားပြီ။" ချီမင်က မအံ့ဩဘဲမနေနိုင်ပေ။

သူက အသိစိတ်ကိုခွဲထုတ်ကာ အထူးမြေအောက်စခန်းထဲသို့ဝင်သွားလိုက်သည်။ ချီမင်အထူးမြေအောက်စခန်းထဲသို့ဝင်သွားပြီးနောက်မှာ သူက ဥပဒေသကောင်းကင်အရှင်တစ်ပါးဖြစ်လာမည့်သူ ကောင်းကင်အရှင်ချုံးယန်အဖြစ်ဝင်စားသွားတော့သည်။

All Chapters