ကောင်းကင်တာအိုအင်မော်တယ်ဘုရင်၏နှလုံးသား။
Vol. 27 Ch. 392
ချီမင်သည် ကောင်းကင်နှင့်မြေကြီးပန်းချီကားကို မြေနီမှုန့်အားပေးထားခဲ့သည်။ သူတွင် ကောင်းကင်တာအိုရတနာနှစ်ခုသာကျန်ခဲ့သည်။
ဒုတိယတိုက်ပွဲမြေပြင်တွင် ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓနှင့်ဖုန်းယုက ပူးပေါင်းကာတိုက်ခိုက်နေသည်။ ကောင်းကင်နှင့်မြေကြီးစကြဝဠာပန်းချီကားကိုပါသုံးထားတော့ ချီဟုန်လင်းကိုဖိနှိပ်ထားနိုင်၏။
ဒုတိယတိုက်ပွဲမြေပြင်ပေါ်တွင် ကမ္ဘာလွတ်လပ်ခြင်းဗုဒ္ဓဦးဆောင်သည့် နတ်ဆိုးဂိုဏ်းစစ်တပ်က အသင်္ချေမျိုးနွယ်မဟာမိတ်စစ်တပ်ကိုဖိနှိပ်ထားသည်။ သို့ပါသော်လည်း ထိုတိုက်ပွဲကိုအနိုင်ရရန်တော့ မလွယ်ကူပေ။
"မဟာမူလအစနည်းစနစ်"
ချီမင်သည် ဘယ်ဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ဓမ္မစွမ်းအားများမြင့် တက်လာ သည်။"အချိန်နေရာလွတ်တံခါး။"
အချိန်နေရာလွတ်တံခါး၏စိတ်ဝိညာဉ်သည် ထွက်ပေါ်လာခဲ့သည်။ ချီမင်၏ထိန်းချုပ်မှုအောက်တွင် မူလဇာစ်မြစ်(အချိန်နေရာလွတ်တံခါး၏စိတ်ဝိညာဉ်)က အချိန်နေရာလွတ်တံခါးနှင့်ပေါင်းစပ်သွား သည်။
ထူထဲသည့် ဟင်းလင်းပြင်မူလအစစွမ်းအားထွက်ပေါ်လာပြီး အချိန်နေရာလွတ်တံခါးကိုဖုံးအုပ်သွား၏။ ၎င်းမှ မယှဉ်သာလောက်အောင်ကြီးမားသည့် ခရမ်းငွေရောင်အလင်းတန်းများထွက်ပေါ်လာ၏။
လီရှန်း၏ကောင်းကင်အရှင်နတ်ဘုရားလက်နက်က အချိန်နေရာလွတ်တံခါးနှင့်ထိတိုက်သွားကာ ၎င်းကိုတွန်းထုတ်လိုက်သည်။
"သန့်စင်ခြင်းကိုးပါးကောင်းကင်တာအို။ ကျိုးပျက်။"
လီရှန်းက အော်ဟစ်ကာ အစွမ်းကုန်တိုက်ခိုက်လိုက်သည်။ ထွက်ပေါ်လာသည့်စွမ်းအားက မယုံနိုင်စရာကောင်းပေသည်။ ကောင်းကင်အရှင်နတ်ဘုရားလက်နက်၏စွမ်းအားသည် အချိန်နေရာလွတ်တံခါးဖြင့်ဖွဲ့စည်းထားသော ဝဲဂယက်ကိုဖျက်ဆီးသွားခဲ့သည်။
အသံကျယ်ကြီးထွက်လာသည်။
ဟင်းလင်းပြင်ဝဲဂယက်က ပေါက်ကွဲထွက်သွားခဲ့သည်။
လီရှန်းကြောင့် အချိန်နေရာလွတ်တံခါးက လွင့်ထွက်သွားတော့သည်။ ၎င်းက အတော်လေးဝေးဝေးသို့ လွင့်ထွက်သွားခဲ့ပြီး လမ်းကြောင်းတစ်လျှောက်က နေရာလွတ်များကို ပျက်စီးသွားစေခဲ့သည်။ ကောင်းကင်အရှင်နတ်ဘုရားလက်နက်က အချိန်နေရာလွတ်တံခါးကို လွင့်ထွက်သွားစေသည်။ထို့နောက်မှာ ချီမင်ကိုတိုက်ရိုက်တိုက်ခိုက်လိုက်သည်။
"ကံကြမ္မာမြွေလက်ပတ်။"
ချီမင်၏အကြည့်က အေးစက်သွားသည်။ အချိန်နေရာလွတ်တံခါးကလွင့်ထွက်သွားပေမဲ့ ချီမင်ကတော့ ထိတ်လန့်ဟန်မရပေ။သူက အင်မတန်တည်ငြိမ်နေသည်။ သူက လက်ဝေ့ယမ်းလိုက်တော့ ကြီးမားသည့်ငွေရောင်မြွေလက်ပတ်တစ်ကွင်းကျလာသည်။ ကံကြမ္မာဆော့ကစားသူကပေါ်လာပြီး သူ့လက်ကိုခါလိုက်သည်။ အလွန်အမင်းတောက်ပသည့်ငွေရောင်အလင်းတန်းများကြားတွင် ကံကြမ္မာဆော့ကစားသူနှင့်ကံကြမ္မာမြွေလက်ပတ်တို့က ပေါင်းစပ်သွားတော့သည်။
"ကံကြမ္မာမြွေလက်ပတ်။"
ချီမင်က သူ၏ညာဘက်လက်ကိုဖိချလိုက်သည်။ကံကြမ္မာမြွေလက်ပတ်သည် ကြီးမားစွာပြောင်းလဲသွားခဲ့သည်။ ကြီးမားသည့်ငွေရောင်မြွေလက်ပတ်မှ ကောင်းကင်ဝါးမျိုသန့်စင်ငွေခွေစပါးကြီးမြွေအဖြစ်ပြောင်းလဲသွားတော့၏။
ကောင်းကင်ဝါးမျိုစပါးကြီးမြွေက အင်မတန်ကြီးမားလွန်း၏။ ၎င်းက ကောင်းကင်ပေါ်၌ ဂြိုဟ်တစ်ခုပေါ်လာသည့်အတိုင်းပင်။ ၎င်းက ကောင်းကင်ပေါ်၌ဟိန်းဟောက်လိုက်သည်။
တစ်ကိုယ်လုံးတွင် ကံကြမ္မာစွမ်းအားများ ဝိုင်းရံနေခဲ့သည်။
"ဟူး"
"အိုး ကောင်းကင်ရေ။"
"ဒါက တာအိုကျင့်ကြံသူတစ်ဦးရဲ့စွမ်းအားလား။ ဒါက တာအိုကျင့်ကြံသူတစ်ဦးရဲ့စွမ်းအားလား။"
"အရမ်းကြောက်ဖို့ကောင်းသွားပြီ။"
"ချီမင်နဲ့လီရှန်းကြားကတိုက်ပွဲက ငါတို့ဝင်ပါနိုင်တာမျိုးမဟုတ်ဘူး။ ဒီလိုအင်အားမျိုးက ငါတို့ကိုချက်ချင်းသတ်ပစ်နိုင်တယ်။"
"တကယ့်ကိုအားကောင်းလွန်းတယ်။"
"ချီမင်နဲ့လီရှန်း နှစ်ယောက်စလုံးမှာ ကောင်းကင်တာအိုရတနာတွေရှိတယ်။ သူတို့နှစ်ယောက် ဘယ်သူနိုင်မယ်ထင်တုန်း။"
"ဟီးဟီးဟီး...သူတို့ကိုတိုက်ခိုက်ခိုင်းပါဦး။ အစွမ်းကုန်တိုက်ခိုက်ကြ။ သူတို့နှစ်ယောက်လုံး ဒဏ်ရာရသွားရင်အကောင်းဆုံးပဲ။ ဒီလိုဆို ငါတို့က အကျိုးအမြတ်အတွက် ထိုင်စောင့်နေရုံပဲ။"
“…”
ချီမင်နှင့်လီရှန်း၏တိုက်ပွဲမြေပြင်အပြင်ဘက်။ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတွင်။
ခိုးဝင်လာကြသော အင်မော်တယ်ဘုရင်များက ချီမင်နှင့်လီရှန်း၏တိုက်ပွဲကို ကြည့်နေကြသည်။ သူတို့မျက်နှာများတွင် လေးစားမှုများ၊ထိတ်လန့်မှုများပြည့်နှက်နေသည်။
သူတို့က မထွက်သွားခဲ့ပေ။ ထိုအစား ကမ္ဘာဦးနတ်ဆိုးဂိုဏ်းနယ်မြေတွင် ရှိသောတာအိုသက်သေပြခြင်းသစ်သီး၏တည်နေရာကိုရှာဖွေနေကြသည်။ သူတို့က လျှို့ဝှက်စွာဖြင့်ပုန်းကွယ်ပြီး ချီမင်နှင့်လီရှန်း၏တိုက်ပွဲအပြီးသတ်မည်ကိုစောင့်နေကြသလို နှစ်ယောက်လုံးကိုခြုံခိုတိုက်ခိုက်ဖို့ အခွင့်အရေးရှာနေကြတာလည်း ဖြစ်သည်။
"သွား" ချီမင်ကအော်ဟစ်လိုက်သည်။"ကံကြမ္မာမြွေ မင်းရှေ့ကရန်သူကိုဆွဲဖြဲလိုက်စမ်း။"
ကံကြမ္မာစပါးကြီးမြွေက ကောင်းကင်ကိုပင်ဝါးမျိုနိုင်သည့်အင်အားဖြင့်ဟိန်းဟောက်လိုက်သည်။ ၎င်းက အရာအားလုံးကိုဖျက်ဆီးပစ်နိုင်သောစွမ်းအားကိုသယ်ဆောင်ထားသည့် ကြောက်မက်ဖွယ်ကောင်းသည့်တိုင်လုံးကြီးထွက်ပေါ်လာသည်။
ကံကြမ္မာအလင်းတိုင်သည်ကောင်းကင်အရှင်နတ်ဘုရားလက်နက်နှင့်ထိပ်တိုက်တွေ့မိသွားတော့ ကမ္ဘာကြီးကိုပင်လှုပ်ခါသွားစေသည့် ပေါက်ကွဲသံကြီးထွက်ပေါ်လာသည်။
အစိမ်းရောင်နှင့်ငွေရောင်အလင်းများက ထိပ်တိုက်တွေ့မိသွားကြပြီး ရောယှက်သွားကြ၏။ နားပင်းစေလောက်သည့် ပေါက်ကွဲသံများထွက်ပေါ်လာသည်။
နောက်ဆုံးတော့ အသံကျယ်ကြီးတစ်သံထွက်ပေါ်လာခဲ့သည်။
"ဘာလဲ။" လီရှန်းက ထိတ်လန့်သွား၏။
သူက အော်ဟစ်လိုက်ကာသွေးအန်လိုက်ရသည်။ သူ၏ကောင်းကင်အရှင်နတ်ဘုရားလက်နက်သည် ကံကြမ္မာမြွေလက်ပတ်ထံတွင် ရှုံးနိမ့်သွားတော့သည်။ အစိမ်းရောင်အလင်းများက လွင့်ပါးပျောက်ကွယ်သွားသည်။ကျန်ရှိနေသည့် ကံကြမ္မာမြွေ၏စွမ်းအားက လီရှန်း၏ခန္ဓာကိုယ်ကိုရိုက်ခတ်သွားသည်။
ဘုန်း
လီရှန်းက ထိတ်လန့်တကြားအော်ဟစ်လိုက်ရ၏။သူ၏အင်မော်တယ်ခန္ဓာကိုယ်က လွင့်စင်သွားတော့၏။ ထို့ပြင် သူ၏လက်ထဲမှကောင်းကင်အရှင်နတ်ဘုရားလက်နက်က လွင့်ထွက်သွားသည်။သူက သူ့ခန္ဓာကိုယ်သူဟန်ချက်ပြန်မထိန်းနိုင်ခင်ထိ အတော်ဝေးဝေးလွင့်ထွက်သွားခဲ့သည်။
"အဟွတ် ဟွတ်"
လီရှန်းကသွေးအန်လိုက်ရသည်။ သူ၏အမူအရာက မည်းမှောင်သွားတော့၏။သူက ချီမင်ကိုလေးနက်စွာကြည့်လိုက်သည်။"ချီမင် မင်းမှာ ကောင်းကင်တာအိုရတနာနှစ်ခုတောင်ရှိတာပဲ။ တကယ့်ကိုမမျှော်လင့်ထားတာပဲ။"
အချိန်နေရာလွတ်တံခါးနှင့်ကံကြမ္မာမြွေလက်ပတ်က ချီမင်၏ဘေးသို့ပြန်ရောက်လာ၏။ ငွေလနှစ်စင်းအလား ငွေရောင်အလင်းများထုတ်လွှတ်နေခဲ့သည်။
ခမ်းနားလှသည်။
"လီရှန်း ရှုံးသွားပြီလား။"
"ဒါက..."
"ချီမင်က ကိုးပြည်ထောင်အင်မော်တယ်သေဒဏ်စာရင်းရဲ့ထိပ်မှာပါတဲ့ကျင့်ကြံသူဖြစ်ထိုက်ပါတယ်။ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ရဲ့အဆက်မပြတ်လိုက်လံဖမ်းဆီးမှုအောက်မှာတောင် သူက လွတ်မြောက်လာသေးတာပဲ။ အခု သူအပြည့်အဝကြီးထွားလာပြီထင်တယ်။ လီရှန်းကလည်း တာအိုကျင့်ကြံသူဆိုပေမဲ့ သူက ချီမင်နဲ့တော့ မယှဉ်နိုင်ဘူး။"
"ငါတော့ အဲ့လိုမထင်ဘူး။”
“အိုး..မင်းကတခြားတွေးမိတာရှိလို့လား။ ချီမင်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်း အဆင့်ပဲရှိသေးတယ်။လီရှန်းကတော့ အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ရောက်နေပြီ။ နှစ်ယောက်ကြားမှာ အဓိကအဆင့်ကြီးတစ်ဆင့်ကွာတယ်။ ချီမင်ကကောင်းကင်တာအိုရတနာနှစ်ခု ပိုင်ထားရင်တောင် သူက လီရှန်းရဲ့ပြိုင်ဘက်တော့မဖြစ်နိုင်ဘူး။"
"နောက်ဆုံးမှာတော့ နှစ်ယောက်လုံးက တာအိုကျင့်ကြံသူတွေလေ။ နှစ်ဖက်ကြားက ကျင့်ကြံခြင်းအဆင့်ခြားနားချက်က သိသာလွန်းတယ်။"
"မဟုတ်ဘူး။"
"ကြည့်ရတာ မင်းက သတိမဝင်သေးဘူးထင်တယ်။ ချီမင်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ပဲရှိပေမဲ့ သူက အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်ရှိတဲ့ လီရှန်းကိုဖိနှိပ်နိုင်တယ်။ ချီမင်ရဲ့နည်းစနစ်တွေက တကယ့်ကိုထိတ်လန့်ဖွယ်ပဲ။ သူက ကျင့်ကြံခြင်းအဆင့်ကိုကျော်ပြီး လီရှန်းကိုဖိနှိပ်နိုင်တယ်။"
"ဟူး"
အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက နောက်ဆုံးမှာတော့ နားလည်သွားခဲ့ကြသည်။
တာအိုကျင့်ကြံသူများကြားတွင်ပင် ချီမင်သည် အဓိကအဆင့်ကြီးတစ်ဆင့်ကျော်ဖြတ်ကာ အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်လီရှန်းကိုတိုက်ခိုက်နိုင်သည်။
ကြောက်မက်ဖွယ်ကောင်းပါ၏။
ချီမင်၏အကြည့်များကအေးစက်နေသည်။"အခု မင်းရဲ့တာအိုမျိုးစေ့ကိုလွှဲပေးစမ်း။ငါမင်းကို အသက်ရှင်ခွင့်ပေးဖို့ကို စဉ်းစားပေးမယ်။ မဟုတ်ရင်တော့ ငါကိုယ်တိုင်ယူရလိမ့်မယ်။"
"ဟားဟား"
လီရှန်းသည် သူ၏ကိုယ်ပေါ်မှဒဏ်ရာများကို တည်ငြိမ်အောင်လုပ်လိုက်၏။ သူက ဓမ္မစွမ်းအားများကိုလည်ပတ်ကာ ဒဏ်ရာများကိုလျင်မြန်စွာဖြင့်ကုသလိုက်၏။သို့ပေမဲ့ သူ၏အတွင်းဒဏ်ရာများကတော့ ကုသဖို့မလွယ်ကူပေ။"ချီမင်"
"မင်းက တကယ်ကြီး ငါ့ကိုနိုင်ပြီလို့ထင်နေတာလား။"
လီရှန်းက ခေါင်းခါလိုက်သည်။သူ့အကြည့်များက ယုံကြည်မှုများဖြင့်ပြည့်နှက်နေသည်။ သူကအော်လိုက်သည်။"ငါမင်းရဲ့ခွန်အားကိုဒီလောက်ထိရှိလိမ့်မယ်လို့မထင်ခဲ့ဘူးဆိုတာ ဝန်ခံပါတယ်။ ဒါက ငါ့ရဲ့မျှော်လင့်ချက်ထက်ကျော်သွားတာပဲ။"
"ဒါပေမဲ့။"
"မင်းက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ပဲ ရှိသေးတယ်။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်မဟုတ်ဘူး။ အဲ့ဒါကြောင့် မင်းရဲ့ကောင်းကင်တာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)ကို အပြည့်အဝပေါင်းစပ်ပြီး ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားအဖြစ်မသိပ်သည်းရသေးဘူး။"
"ဒါက မင်းရဲ့အကြီးမားဆုံးအမှားပဲ။"
လီရှန်းက သူ၏ဓမ္မစွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်သည်။ သူ့ကိုဗဟိုပြုပြီး အစိမ်းရောင်အလင်းများတောက်ပလာသည်။ သူ့ကြည့်ရတာ အစိမ်းရောင်နေအသေးစားလေးအသွင်ပြောင်းသွားသည့်အလားပင်။
ကောင်းကင်တာအို၏စွမ်းအားကထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ဖိအားကိုပေးစွမ်းလာသည်။
"ဒါ....ဒါက.."
"အင်မော်တယ်ဘုရင်နှလုံးသားပဲ။"
"ဟုတ်တယ်။"
"ချီမင်က အခုထိ အင်မော်တယ်ဘုရင်နှလုံးသားကိုမသိပ်သည်းရသေးဘူးထင်တယ်။"
"အထက်ကမ္ဘာအင်မော်တယ်ဘုရင်တွေအတွက်တော့ အင်မော်တယ်ဘုရင်နှလုံးသားဆိုတာ အသန်မာဆုံးနည်းစနစ်ပဲ။"
"လီရှန်းက အစွမ်းကုန်ထုတ်သုံးနေပြီ။"
"နောက်လာမဲ့တိုက်ပွဲက အရေးကြီးဆုံးပဲ။"
“…”
အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ကြောက်မက်ဖွယ်ဖိအားကိုခံစားလိုက်ရ၍ ဦးရေပြားများ ထုံထိုင်းသွားကြသည်။ သူတို့၏ခန္ဓာကိုယ်များကတုန်ယင်သွားခဲ့ပြီး တိုက်ပွဲအခြေအနေကို ပြူးကျယ်စွာကြည့်နေခဲ့သည်။
သူတို့က အင်မတန်ထိတ်လန့်သွားကြ၏။
"မဟာတာအိုအင်မော်တယ်ဝင်ပေါက်။"
ချီမင်က အသက်ပြင်းပြင်းရှုကာအော်လိုက်သည်။"ပွင့်စမ်း။"
သူ့ကိုဗဟိုပြုပြီး ကောင်းကင်မြေပြင်အရပ်လေးမျက်နှာတွင် အနက်ရောင်တွင်းနက်ကြီးအလား ဝဲဂယက်များပေါ်လာသည်။ချီမင်၏မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)ပေါ်လာပြီး ချိတ်ဆက်သွားကြသည်။
မဟာတာအိုအင်မော်တယ်ဝင်ပေါက်တိုင်းက အသေးစားကမ္ဘာလေးများပေ။
"ဒါ...ဒါ...ဒီ.."
"အင်မော်တယ်ဝင်ပေါက်"
"ကြောက်ဖို့ကောင်းတယ်။"
"တာအိုကျင့်ကြံသူတွေရဲ့အင်မော်တယ်ဝင်ပေါက်က ဒီအခြေအနေထိဖြစ်လာနိုင်တယ်ပေါ့။"
"အံ့ဩစရာပဲဟေ။"
"ချီမင်လည်း အင်အားကုန်ထုတ်သုံးနေပြီ။"
"အင်မော်တယ်ဝင်ပေါက်ဆိုတာက အင်မော်တယ်ဝင်ပေါက်ပဲ။အဲ့ဒါက အင်မော်တယ်ဘုရင်နှလုံးသားကိုတော့ မခုခံနိုင်ဘူး။"
"ချီမင်က ဘာလုပ်ချင်တာလဲ။"
“…”
အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ချီမင်ကိုစိုက်ကြည့်နေကြသည်။
လီရှန်းကထပ်မံအော်ဟစ်လိုက်သည်။"မင်းက ကောင်းကင်တာအိုအင်မော်တယ်ဝင်ပေါက်ကိုသုံးပြီး ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားကိုခုခံချင်နေတာလား။ အိပ်မက်မက်နေတာပဲ။ ထင်ယောင်ထင်မှားဖြစ်မနေနဲ့။ မဖြစ်နိုင်တာတွေမတွေးနဲ့။"
"မင်းသေချာပေါက်ရှုံးမှာပဲ။"
"မဟာတာအိုသာလွန်သူတွေ" ချီမင်၏အကြည့်က သတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နှက်နေသည်။ အတွေးတစ်ချက်ဖြင့် လက်ဝေ့ယမ်းလိုက်သည်။အလင်းတန်းများမှာ လေထုကိုထိုးခွဲသွားခဲ့သည်။တာအိုသာလွန်သူပေါင်း(၁၂၉၆၀၀)ယောက်ထွက်ပေါ်လာသည်။
"တိုက်ခိုက်" ချီမင်ကအော်ဟစ်လိုက်သည်။"သူ့ကိုဖျက်ဆီးလိုက်။"
"အထွတ်အထိပ်ကမ္မနည်းစနစ်"
"အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း"
"မဟာမူလအစနည်းစနစ်"
"မဟာကပ်ဘေးဒုက္ခနည်းစနစ်"
"ကောင်းကင်ကြယ်တာရာအစီအရင်"
"မြေကမ္ဘာနတ်ဆိုးအစီအရင်"
"သမာဓိမီးလျှံ"
“…”
ချက်ချင်းပဲ ချီမင်က ဦးစွာတိုက်ခိုက်လိုက်သည်။သူက ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်းကို သုံးလိုက်သည်။ သူ့နောက်မှာ တာအိုသာလွန်သူပေါင်း(၁၂၉၆၀၀)ကလည်း သူတို့၏အံ့ဖွယ်စွမ်းအားများကိုသုံးလိုက်သည်။
ထိုအခြေအနေအောက်တွင် စုစုပေါင်းအံ့ဖွယ်စွမ်းအား(၁၂၉၆၀၀)ခုသည် လီရှန်းကို တိုက်ခိုက်လိုက်သည်။
ထိုကဲ့သိုမြင်ကွင်းမျိုးက အင်မတန်ခမ်းနားလေသည်။
မယှဉ်သာလောက်အောင် ခမ်းနား၏။
အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းသည်။
"ဘုရားရေ"
"ချီမင်မှာ အဲ့ဒီလိုနည်းစနစ်မျိုးရှိတယ်ပေါ့။"
"ဒါ...ဒါ...ဒီ.."
"စုစုပေါင်းအံ့ဖွယ်စွမ်းအား(၁၂၉၆၀၀)"
"စွမ်းအားပြည့်ရိုက်ချက်။"
"အရမ်းစွမ်းအားကြီးတယ်။"
အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက အင်မတန်ထိတ်လန့်သွားကြတော့သည်။
"ဟားဟား"
လီရှန်းက အရိုင်းဆန်စွာရယ်မောလိုက်သည်။သူက မထီမဲ့မြင်ပြုလိုက်သည်။ ချီမင်၏နည်းစနစ်နှင့်ရင်ဆိုင်ရတာတောင် သူက နည်းနည်းလေးတောင်မကြောက်ရွံ့ပေ။"မင်းကို ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားရဲ့စွမ်းအားအစစ်မှန်ကိုပြပေးမယ်။"
"လာခဲ့စမ်း။"
"ကောင်းကင်တာအိုကိုယ်ပွား။"
လီရှန်းက လက်နှစ်ဖက်ကိုဖြန့်လိုက်သည်။ သူ၏ခေါင်းအထက်မှကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားက ခမ်းနားသည့်အစိမ်းရောင်အလင်းများတောက်ပနေသည်။ပုံရိပ်များတစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။
ချက်ချင်းပဲ လီရှန်း၏ကောင်းကင်တာအိုအင်မော်တယ်ဘုရင်၏နှလုံးသားသည် ကောင်းကင်တာအိုကိုယ်ပွား(၁၂၉၆၀၀)ကိုထုတ်ပေးလိုက်၏။ ကောင်းကင်တာအိုကိုယ်ပွားတိုင်းသည် ပုံရိပ်ယောင်တစ်ခုဖြစ်ဟန်ရှိသည်။သို့ပေမဲ့ သူတို့က ကြောက်မက်ဖွယ်ကောင်းလောက်သည့်အင်အားကို ပိုင်ဆိုင်ထားပြီး အင်မတန်မှစစ်မှန်လေသည်။ ကောင်းကင်တာအိုကိုယ်ပွားတိုင်းက သူ၏အဓိကခန္ဓာကိုယ်နှင့်ညီမျှလုနီးပါးရှိသော အင်အားကိုပိုင်ဆိုင်ထားသည်။