← Chapters

မဟာတာအိုလက်ချောင်း။

Vol. 27 Ch. 393

မဟာတာအိုလက်ချောင်း။

Vol. 27 Ch. 393

လီရှန်း၏ကောင်းကင်တာအိုကိုယ်ပွားများသည်လည်း စွမ်းအားကြီးအံ့ဖွယ်စွမ်းအားများကို နားလည်ထားသည်။ သူတို့၏ခွန်အားကလည်း သဘာဝအတိုင်း အတော်လေးကြောက်မက်ဖွယ် ကောင်းပါ၏။

ထိုအခိုက်တွင် ချီမင်၏မဟာတာအိုသာလွန်သူများက လီရှန်း၏ကောင်းကင်တာအိုကိုယ်ပွားများနှင့် တိုက်ခိုက်နေသည်။

တိုက်ပွဲမြေပြင်ပေါ်တွင် အံ့ဖွယ်စွမ်းအားမျိုးစုံက တစ်ခုနှင့်တစ်ခုတိုက်ခိုက်နေကြပြီး တစ်ယောက်ကိုတစ်ယောက်သတ်ဖြတ်နေသောကြောင့် အော်ဟစ်ကြုံးဝါးသံများထွက်လာခဲ့သည်။ နေရာလွတ်က ပြိုကွဲသွားခဲ့သည်။ တိုက်ပွဲ၏နောက်ဆက်တွဲအရှိန်က ကြောက်မက်ဖွယ်ကောင်းလှသည်။

မဟာတာအိုသာလွန်သူများနှင့်ကောင်းကင်တာအိုကိုယ်ပွားများ တိုက်ခိုက်နေခဲ့သည်။

တိုက်ပွဲမြင်ကွင်းက ခမ်းနားပြီး မယုံနိုင်စရာကောင်းလှသည်။

"ဟားဟား"

လီရှန်းက ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ၏အမူအရာက အင်မတန်ကိုမထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေခဲ့သည်။ သူက ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ သန့်စင်ခြင်းကိုးပါးအင်မော်တယ်အလင်းတန်းများက လေထုကိုထိုးခွဲလျက် ချီမင်ကို လှပသောသက်တန့်တစ်စင်းတစ်ခုသဖွယ်တိုက်ခိုက်လိုက်သည်။

"ကောင်းကင်နှင့်မြေကြီးကန့်သတ်မဲ့အသက်ကျမ်း" ချီမင်က ကျယ်လောင်စွာအော်ပြောလိုက်သည်။ ရွှေရောင်ဗုဒ္ဓကျမ်းစာများက မျက်စိကျိန်းဖွယ်ခမ်းနားတောက်ပလှသည့် ရွှေရောင်မြစ်တစ်စင်းအဖြစ်ပြောင်းလဲကာ လီရှန်း၏သန့်စင်ခြင်းကိုးပါးအင်မော်တယ်အလင်းများနှင့် တိုက်ခိုက်လိုက်သည်။

အသံကျယ်ကြီးထွက်လာသည်။

ရွှေရောင်စာလုံးများနှင့် သန့်စင်ခြင်းကိုးပါးအင်မော်တယ်အလင်းများသည် တစ်ချိန်တည်း၌ ပျောက်ကွယ်သွားသည်။

တိုက်ပွဲမြေပြင်ပေါ်တွင် မဟာတာအိုသာလွန်သူများနှင့်ကောင်းကင်တာအိုကိုယ်ပွားများက တစ်ယောက်ပြီးတစ်ယောက်ပေါက်ကွဲသွားခဲ့သည်။ သူတို့၏ပေါက်ကွဲမှုတိုင်းက မီးရှူးမီးပန်းများ ပေါက်ကွဲသွားသည့်အလားပင်။

"အရမ်းစွမ်းအားကြီးတယ်။"

"လီရှန်းက ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားနဲ့ပေါင်းစပ်ထားတာပဲ။ဒါတောင် ချီမင်ကိုမဖိနှိပ်နိုင်ဘူး။

"ဟူး"

"ချီမင်က အတော်လေးသန်မာတယ်။"

"မယုံနိုင်စရာပဲ။"

"ချီမင်က တယ်ကြီး အင်မော်တယ်ဘုရင်နှောင်းပိုင်းအဆင့်လီရှန်းကို အဆင့်ကြီးတစ်ဆင့်ကျော်ပြီးတောင်တိုက်ခိုက်နိုင်တာလား။"

"မယုံနိုင်စရာပဲ။"

“…”

ပတ်ဝန်းကျင်တွင် အင်မော်တယ်ဘုရင်များက ထိတ်လန့်တကြားအော်ဟစ်လိုက်မိသည်။

"တိုက်ခိုက်"

လီရှန်း၏အကြည့်က အေးစက်နေသည်။ သူက ချီမင်ကို ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။ သူက ကောင်းကင်အရှင်နတ်ဘုရားလက်နက်ကိုကိုင်ဆွဲလျက် မျက်စိကျိန်းလောက်ဖွယ်သက်တံ့ရောင်အလင်းတစ်ခု အလား ချီမင်ကိုဖြတ်ပိုင်းချလိုက်သည်။

"အချိန်နေရာလွတ်တံခါး၊ကံကြမ္မာမြွေလက်ပတ်။"

ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။ကောင်းကင်တာအိုရတနာက တစ်ပြိုင်တည်းထွက်ပေါ်လာသည်။"မြင့်တက်။"

အချိန်နေရာလွတ်တံခါးက သူ့ရှေ့မှကာပေးလိုက်သည်။ သို့ပါသော်လည်း ၎င်းက လီရှန်း၏ကောင်းကင်အရှင်နတ်ဘုရားလက်နက်ကြောင့် ထပ်မံလွင့်ထွက်သွားသည်။ ကံကြမ္မာမြွေလက်ပတ်သည် လျင်မြန်စွာဖြင့်အသက်ဝင်လာခဲ့ပြီး ကံကြမ္မာစပါးကြီးမြွေအဖြစ်ပြောင်းလဲသွားသည်။

နောက်ဆုံးမှာတော့ လီရှန်းက အရေးသာနေသေး၏။ သူက ကောင်းကင်အရှင်နတ်ဘုရားလက်နက်ကို သုံးပြီး ကံကြမ္မာမြွေလက်ပတ်ကိုဖိနှိပ်လိုက်သည်။ ပေါက်ကွဲသံနှင့်အတူ အဖြူရောင်အလင်းများတောက်ပလာခဲ့သည်။တုန်ခါမှုလှိုင်းများသည် ပျံ့နှံ့သွားခဲ့သည်။

ချီမင်က ပြန်ဆုတ်လိုက်ရသည်။သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။

"ချီမင် ဒဏ်ရာရသွားပြီ။"

"ထင်ထားတဲ့အတိုင်းပဲ။"

"လီရှန်းက အင်မော်တယ်ဘုရင်ရဲ့နှလုံးသားကို သုံးထားတယ်။ အင်မော်တယ်ဘုရင်နှလုံးသားရဲ့မြှင့်တင်ပေးမှုနဲ့ဆို သူ့အင်အားက အတော်လေးတိုးတက်သွားတယ်။ ချီမင်ကတော့ သိသိသာသာကိုအရေးနိမ့်နေပြီ။"

"ချီမင်က ရှုံးဖို့သေချာသွားပြီ။"

အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက တိုက်ပွဲအခြေအနေကိုကြည့်ကာ ခန်းမှန်းနေကြသည်။

"ဟားဟား"

လီရှန်း၏အကြည့်က သတ်ဖြတ်လိုစိတ်များဖြင့်အေးစက်နေသည်။သူက ကျယ်လောင်စွာရယ်မောလိုက်သည်။"ချီမင် မင်းတော့သေပြီ။ မင်းက ငါ့အတွက် ကောင်းကင်အရှင်နယ်ပယ်ကိုတက်လှမ်းဖို့ ခြေနင်းကျောက်တုံးတစ်တုံးကျိန်းသေပေါက်ဖြစ်လာရမယ်။ မင်းရဲ့တာအိုမျိုးစေ့က ငါတိုးတက်လာဖို့အတွက် အရင်းအမြစ်တစ်ခုဖြစ်လာရမယ်။"

"တာအိုပေါင်းစည်းခြင်း။"

ချီမင်က လက်ဝေ့ယမ်းလိုက်သည်။အချိန်နေရာလွတ်တံခါးနှင့်ကံကြမ္မာမြွေလက်ပတ်က သူ့လက်ထဲသို့ပြန်ရောက်လာသည်။ အလင်းတစ်ချက်လက်သွားပြီး လီရှန်း၏ကောင်းကင်အရှင် နတ်ဘုရားလက်နက်ကိုခုခံလိုက်သည်။ ကောင်းကင်တာအိုရတနာသုံးပါးက လေထုထဲမှ တိုက်ခိုက်လိုက်သည်။

ထိုအခိုက် စစ်မြေပြင်အနားတွင်။

ချီမင်၏မဟာတာအိုသာလွန်သူပေါင်း(၁၂၉၆၀၀)သည် လီရှန်း၏ကောင်းကင်တာအိုကိုယ်ပွား(၁၂၉၆၀၀)နှင့်တိုက်ခိုက်လိုက်သည်။ နှစ်ဖက်က ဘက်ညီသွားတော့၏။ စက္ကတိုင်းမှာ မဟာတာအိုသာလွန်သူများနှင့်ကောင်းကင်တာအိုကိုယ်ပွားများက ဖျက်ဆီးခံနေရသည်။

ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသား၏တိုးမြှင့်ပေးမှုအောက်တွင် လီရှန်း၏အင်အားက ကြီးစွာတိုးတက်သွားသည်။ ထိုသို့ဖြင့် သူက ချီမင်ကိုဖိနှိပ်ပြီး ဒဏ်ရာရအောင်လုပ်လိုက်သည်။

ထိုအခိုက်ချီမင်သည် တာအိုပေါင်းစည်းခြင်းကိုခံယူလိုက်၏။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအား ထွက်ပေါ်လာသည်။ မမြင်နိုင်မထိတွေ့နိုင်ပေမဲ့ သူ၏ခန္ဓာကိုယ်မှ ထူထဲသည့်ကမ္ဘာဦးခရမ်းရောင်အလင်းများထွက်လာခဲ့သည်။

ချီမင်သည် မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုပေါင်းစည်းခြင်းကို အကန့်အသတ်ထိသုံးလိုက်သည်။ သူသည် မိုးမြေမဟာတာအို၏စွမ်းအားများကိုသုံးပြီး အင်အားတိုးမြှင့်အောင်လုပ်လိုက်သည်။

"မဟာတာအိုအင်မော်တယ်ဝင်ပေါက်။ ပေါင်းစည်း။"

ချီမင်က လက်နှစ်ဖက်ကိုဖြန့်လိုက်သည်။ သူက မိုးမြေနှင့်ပေါင်းစပ်သွားဟန်ရသည်။သူက မိုးမြေမဟာတာအို၏တစ်စိတ်တစ်ပိုင်းဖြစ်နေသည့်အလား သရုပ်သဏ္ဍာန်တစ်ခုအလား ထင်ရသည်။

အရပ်လေးမျက်နှာတွင် စုစုပေါင်းမဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀) ပေါ်လာခဲ့၏။ အနက်ရောင်တွင်းပေါက်များသဖွယ်ဝဲဂယက်များသည် အဆက်မပြတ်စုဝေးလာပြီး ဖြေးညှင်းစွာဖြင့် တစ်ခုနှင့်တစ်ခုထပ်သွားတော့၏။

ချီမင်၏လက်ရှိကျင့်ကြံခြင်းအဆင့်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့်ဖြစ်သည်။ သူက အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်သို့စစ်မှန်စွာမတက်ရသေးပေမဲ့ မဟာတာအိုမဟာတာအိုအင်မော်တယ်ဝင်ပေါက်များအားလုံးကိုပေါင်းစပ်နိုင်ပြီဖြစ်သည်။

အခု ချီမင်က မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)ကိုပေါင်းစပ်ရန်ကြိုးစားလိုက်၏။ အနက်ရောင်ဝဲဂယက်များက ထပ်သွားပြီး အတူတကွပေါင်းစပ်သွားသောကြောင့် သူ၏အင်အားများ စုစည်းသွားတော့သည်။

ခရက်! ခရက်!

ချီမင်ကိုဗဟိုပြုပြီး အနီးမှနေရာလွတ်ကပြိုကွဲသွားကာ အက်ကွဲကြောင်းများ ပေါ်လာတော့၏။ ပင်ကူအိမ်တစ်ခုသဖွယ်ပျံ့နှံ့သွားသည်။

သူသည် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၂၉၆၀၀)ကို အစဦးအနေဖြင့် အောင်မြင်စွာ ပေါင်းစပ်သွားနိုင်ခဲ့၏။ ဖြစ်ပေါ်လာသည့်စွမ်းအားက သူ၏စိတ်ကူးထားသည်ကိုကျော်လွန်သွားပြီး အနားမှနေရာလွတ်ကမခုခံနိုင်တော့ပေ။

အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။

နောက်ဆုံးမှာတော့ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၂၉၆၀၀)ပေါင်းစပ်မှုမှာ အောင်မြင်သွားတော့၏။

ချီမင်၏အထက်တွင် မယှဉ်သာလောက်အောင်ကြီးမားသည့် အနက်ရောင်ဝဲဂယက်ကြီးတစ်ခုပေါ်လာတော့၏။ အနက်ရောင်တွင်းပေါက်ကြီးက ထင်ထားသလောက်တော့ ကြောက်စရာမကောင်းပေ။ မည်းနက်နေသည့်တွင်းနက်ကြီး၏အဝင်ဝတွင် အရာခမ်သိမ်းကိုဖျက်သိမ်းနိုင်သည့်စွမ်းအားများပါဝင်သည်။

တကယ်တော့...

ချီမင်သည်ပင် ထိုစွမ်းအား၏ကြောက်မက်ဖွယ်ကောင်းမှုကိုမခန့်မှန်းနိုင်ပေ။

သူက အသက်ပြင်းပြင်းရှုလိုက်သည်။သူ့အကြည့်များကတော့ လေးနက်နေသည်။ သူက အောင်မြင်စွာပေါင်းစပ်သွားပြီးနောက်မှာ အနက်ရောင်ဝဲဂယက်ကြီးကိုမထိန်းချုပ်နိုင်တော့ပေ။ အကန့်အသတ်ကိုရောက်ရှိနေပြီဖြစ်၏။

သူသာ သတိမထားမိခဲ့လျှင် အနက်ရောင်ဝဲဂယက်ကပေါက်ကွဲသွားနိုင်ပြီး ချီမင်ကိုယ်တိုင်တောင် ဖျက်ဆီးခံရနိုင်၏။

မိုးမြေမဟာတာအို၏စွမ်းအားက အဆက်မပြတ်တိုးပွားလာပြီး သူ့ကိုအင်အားများ တိုးမြှင့်ပေးလာခဲ့သည်။

တဖြည်းဖြည်းနှင့် ချီမင်၏ခန္ဓာကိုယ်ပေါ်မှအနက်ရောင်ဝဲဂယက်အနားတွင် ကမ္ဘာဦးခရမ်းရောင်အလင်းများသည် တဖြည်းဖြည်းထူထပ်လာခဲ့၏။ ချီမင်က မတိုက်ခိုက်ပေ။သို့ပေမဲ့ သူထုတ်ဖော်ထားသည့်အရှိန်အဝါက အထက်ကမ္ဘာအင်မော်တယ်ဘုရင်များကို အသက်မရှုနိုင်အောင်လုပ်နေသည်။

"ဒါ...ဒါ...ဒီ.."

"ငါ မလှုပ်နိုင်တော့သလို ခံစားရတယ်။"

"ဘုရားရေ"

"ချီမင်က ဘာနည်းစနစ်သုံးလိုက်တာလဲ။"

“…”

အထက်ကမ္ဘာအင်မော်တယ်ဘုရင်များက ထိတ်လန့်သွားခဲ့၏။

"လီရှန်း"

ချီမင်က တစ်ဖက်သူကိုကြည့်လိုက်သည်။သူက အင်အားကုန်ထုတ်သုံးလိုက်သည်။ သူက အော်လိုက်သည်။"ငါရဲ့နောက်ရိုက်ချက်က ဘယ်လောက်တောင်သန်မာမလဲဆိုတာ ငါကိုယ်တိုင်တောင်မသိဘူး။"

"မင်းသာ အသက်ရှင်နိုင်ရင် မင်းနိုင်ပြီ။"

"မင်းသာ မခုခံနိုင်ရင်.."

"မင်းသေချာပေါက် ပြာကျသွားရလိမ့်မယ်။"

"ဟားဟား"

လီရှန်းက လုံးဝမကြောက်ရွံ့ပေ။ ထိုအစား သူ၏တိုက်ခိုက်ရေးစိတ်ဝိညာဉ်က မြင့်တက်လာသည်။သူ၏အကြည့်က တောက်ပနေခဲ့၏။ သူက လုံးဝကိုမကြောက်ရွံ့ပေ။ထိုအစား အနိုင်ရမည်ဟူသော ယုံကြည်ချက်သာရှိသည်။"ချီမင် မင်းငါ့ကိုမနိုင်ပါဘူး။ ငါက အင်မော်တယ်နယ်ပယ်ရဲ့အကန့်အသတ်ကိုချိုးဖြတ်ပြီး ကောင်းကင်အရှင်နယ်ပယ်ကို ကျိန်းသေပေါက်ရောက်မှာ။ မင်းက ငါ့ရဲ့ခြေနင်းကျောက်တုံးဖြစ်လာရမယ်။"

"လာပြီး တိုက်။"

လီရှန်းက လက်နှစ်ဖက်ကိုဖြန့်လိုက်သည်။ သူ၏ခန္ဓာကိုယ်က မယှဉ်သာလောက်အောင်မျက်စိကျိန်းဖွယ်အစိမ်းရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားသည်။ ၎င်းက မူလအစအလင်းနှင့်ပေါင်းစပ်ကာ ကောင်းကင်တာအိုအင်မော်တယ်ဘုရင်၏နှလုံးသားထဲသို့ ပေါင်းစပ်သွားသည်။

ဆွစ်! ဆွစ်! ဆွစ်!

နောက်တခဏမှာ ပတ်ဝန်းကျင်မှကောင်းကင်တာအိုကိုယ်ပွားများမှာ အလင်းတန်းအဖြစ်ပြောင်းလဲသွားကာ ကောင်းကင်တာအိုအင်မော်တယ်ဘုရင်၏နှလုံးသားထဲသို့ ပြန်၍ပေါင်းစပ်သွားသည်။ ‌အစိမ်းရောင်နေလေးတစ်စင်းအလား တောက်ပလာခဲ့သည်။

၎င်းကလည်း လီရှန်း၏အသန်မာဆုံးတိုက်ကွက်ဖြစ်သည်။

"မဟာတာအိုလက်ချောင်း။"

ချီမင်က အသက်ပြင်းပြင်းရှုကာ လက်ချိတ်စည်းများဖွဲ့စည်းလိုက်၏။ တာအိုသာလွန်သူများကလည်း အလင်းစီးကြောင်းအဖြစ်ပြောင်းလဲကာ သူ၏ခေါင်းထက်မှအနက်ရောင်ဝဲဂယက်ကြီးထဲသို့ ပေါင်းစပ်သွားတော့သည်။

"တိုက်ခိုက်"

ချီမင်က အောင်မြင်စွာဖြင့် လက်ချိတ်စည်းကိုဖွဲ့စည်းလိုက်၏။ သူ၏လက်နှစ်ဖက်ကိုစုကပ်ကာ လီရှန်းကိုပစ်မှတ်ထားလိုက်သည်။ သူက လက်နှစ်ဖက်ကိုညွှန်ပြလိုက်တော့ သူ၏ခေါင်းထက်မှအနက်ရောင်ဝဲဂယက်ကြီးမှာ မယှဉ်သာလောက်အောင်လှုပ်ခါသွားတော့၏။

နေရာလွတ်ကပြိုကွဲသွားကာ ကောင်းကင်နှင့်မြေကြီးက လှုပ်ခါသွားခဲ့၏။

နောက်တစ်ခဏမှာ အနက်ရောင်ဝဲဂယက်ကြီးထဲမှ ထူထဲသည့်ကမ္ဘာဦးခရမ်းရောင်အလင်းတန်းများဖုံးအုပ်နေသော ရိုးရှင်းပြီးအသက်ဝင်လှသော မဟာတာအိုလက်ချောင်းထွက်လာခဲ့၏။

၎င်းက မဟာတာအိုလက်ချောင်းဖြစ်သည်။

ဂရုတစိုက်ကြည့်လိုက်လျှင် မဟာတာအိုလက်ချောင်းသည် တကယ့်လက်ချောင်းတစ်ချောင်းသကဲ့သို့ပင်။ ထိုလက်ချောင်းတွင် ထင်ရှားသည့်လက္ခဏာများ၊အမွေးအမျှင်များနှင့်အရေးကြောင်းများရှိသည်။

ချီမင်က အင်အားကုန်သုံးကာ တိုက်ခိုက်လိုက်သည်။ သူက မိုးမြေမဟာတာအိုလက်ချောင်းကိုသာ သိပ်သည်းနိုင်သေးသည်။

မဟာတာအိုလက်ချောင်းပေါ်လာသည့်အခိုက်တွင် ကောင်းကင်နှင့်မြေကြီးက တိတ်ဆိတ်သွားခဲ့ရ၏။

အလင်းဖြစ်စေ၊စွမ်းအင်ဖြစ်စေ မည်သည့်အရာမဆို ထိုမဟာတာအိုလက်ချောင်းက စုပ်ယူသွားခဲ့သည်။ ကမ္ဘာဦးခရမ်းရောင်အလင်းတန်းသည် လီရှန်းပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။

"တိုက်ခိုက်"

လီရှန်း၏အသံသည် ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားထဲမှ ထွက်ပေါ်လာခဲ့၏။သူက အော်ဟစ်လိုက်၏။"သန့်စင်ခြင်းကိုးပါးကောင်းကင်တာအိုအထွတ်အထိပ်ကပ်ဘေးအလင်း။"

ဘုန်း!!

ချက်ချင်းပဲ ကိုးရောင်ခြယ်အလင်းတိုင်တစ်ခုက ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားနှင့် အတူ ပေါက်ကွဲသွားခဲ့သည်။ ၎င်းတွင် လီရှန်း၏အရာအားလုံးပါဝင်ပြီး သူ၏စွမ်းအားပြည့်တိုက်ကွက်လည်းဖြစ်သည်။

ဘုန်း

ချီမင်၏မဟာတာအိုလက်ချောင်းက လီရှန်း၏သန့်စင်ခြင်းကိုးပါးကောင်းကင်တာအို အထွတ်အထိပ်ကပ်ဘေးအလင်းနှင့် ထိပ်တိုက်ထိသွားသည်။ သူ၏လက်ချောင်းထိပ်မှအလင်းက သန့်စင်ခြင်းကိုးပါးကောင်းကင်တာအိုအထွတ်အထိပ်ကပ်ဘေးအလင်းနှင့်ထိတိုက်သွားခဲ့သည်။သို့ပေမဲ့ တိတ်ဆိတ်ငြိမ်သက််သွားခဲ့သည်။

ကောင်းကင်နှင့်မြေကြီးမဟာတာအို၏လှုပ်ခတ်မှုနှင့်အတူ ကမ္ဘာဦးခရမ်းရောင်အလင်းက တောက်ပသွားခဲ့သည်။

လီရှန်း၏သန့်စင်ခြင်းကိုးပါးကောင်းကင်တာအိုအထွတ်အထိပ်ကပ်ဘေးအလင်းက ပျက်သုဉ်းသွားတော့သည်။ ၎င်းအား မမြင်နိုင်သည့်အားတစ်ခုချိုးဖြတ်သွားသည့်အလားပင်။ သန့်စင်ခြင်းကိုးပါးကောင်းကင်တာအိုအထွတ်အထိပ်ကပ်ဘေးအလင်းက ဖြည်းညှင်းစွာဖြင့်ပျောက်ကွယ်သွားခဲ့၏။

"မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။"

လီရှန်း၏မျက်လုံးများက မယုံကြည်နိုင်မှုကြောင့်ထိတ်လန့်သွားခဲ့ရသည်။ သူ၏နှလုံးသားထဲတွင် အကြောက်တရားများတိုးထွက်လာခဲ့သည်။သို့ပေမဲ့ သူက မယှဉ်နိုင်တော့ပေ။ သူက အော်ဟစ်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ အားတစ်စက်ချင်းစီကို ညှစ်ထုတ်ခဲ့သည်။

၎င်းက အသုံးမဝင်ပေ။

ချီမင်၏မဟာတာအိုလက်ချောင်းက အရာအားလုံးကို ဖျက်ဆီးသွားခဲ့သည်။ခုခံဖို့မဖြစ်နိုင်ပေ။ သန့်စင်ခြင်းကိုးပါးကောင်းကင်တာအိုအထွတ်အထိပ်ကပ်ဘေးအလင်းကဖျက်ဆီးခံလိုက်ရပြီးနောက်မှာ ၎င်းက လီရှန်း၏ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားဆီသို့ ဆက်လက်ဦးတည်လာသည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။" လီရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုအရေးကြီးသည့်အခိုက်တွင်။

လီရှန်သည် သူ၏ ရှိသမျှခွန်အားကို အကုန်သုံး၍ လွတ်မြောက်ရန် ကြိုးပမ်းလိုက်သည်။ သို့ပါသော်လည်း သူက အနားမှနေရာလွတ်သည် လုံးဝကိုစည်းပိတ်ခံထားရကြောင်းတွေ့သွားသည်။ သူက မပြေးနိုင်တော့ပေ။

ထိပ်တိုက်ရင်ဆိုင်ရုံသာရှိသည်။

လီရှန်းက ချီမင်၏မဟာတာအိုလက်ချောင်းကို မခုခံနိုင်တော့ပေ။

သူ၏ကောင်းကင်တာအိုအင်မော်တယ်ဘုရင်နှလုံးသားက စတင်အက်ကွဲလာသည်။ ချီမင်၏မဟာတာအိုလက်ချောင်းက အစိမ်းရောင်နေလုံးအသေးစားလေးသဖွယ်ဖြစ်နေသည့် ထိုနှလုံးသားကို ဖြတ်တောက်သွားသည်။ မရေမတွက်နိုင်သောအက်ကွဲကြောင်းများပေါ်လာသည်။

နောက်ဆုံးမှာတော့ ချီမင်၏မဟာတာအိုလက်ချောင်းသည် လီရှန်း၏ကောင်းကင်တာအိုအင်မော်တယ်နှလုံးသားကို ဖျက်ဆီးသွားတော့သည်။ သို့ပါသော်လည်း ချီမင်၏မဟာတာအိုလက်ချောင်းက သူ၏အရှိန်မသေသေးခင်ပဲ နောက်ဆက်တွဲအရှိန်က ဆက်၍ပျံ့နှံ့သွားသည်။

လီရှန်းက နောက်ဆုံးမှာတော့ သနားစဖွယ်အော်ဟစ်သွားခဲ့သည်။

All Chapters