ရပ်တည်ခြင်း
Vol. 158 Ch. 2246
ကောင်းကင်အာဏာစက်ဘုံတွင် ကောင်းကင်အာဏာစက်ကျောင်းတော်အနီး လေထုအခြေအနေက ပြင်းထန်နေ၏။ ကျင့်ကြံသူများက ကောင်းကင်တွင် ရပ်နေကြပြီး ကောင်းကင်အာဏာစက်မြို့တစ်ခွင်ကို လွှမ်းခြုံထားသည်။
မြို့အတွင်းမှ ကျင့်ကြံသူများက ထိုနေရာသို့ လျှောက်သွားခဲ့ကြသည်။ သို့သော် သူတို့က အရမ်း ကပ်မသွားရဲကြပေ။ သူတို့သည် အဝေးမှနေ၍ နတ်ဘုရားကဲ့သို့ ပုဂ္ဂိုလ်များကိုသာ ငေးကြည့်နိုင်ပေသည်။
သူတို့က စိတ်ထဲ၌ ပူဆွေးနေကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် တည်ထောင်စဥ်ကတည်းက အမျိုးမျိုးသော စမ်းသပ်မှုများနှင့် ဒုက္ခပေါင်းစုံကို ကြုံတွေ့ခဲ့ရပေသည်။ သူတို့သည် သေခြင်းရှင်ခြင်း တိုက်ပွဲများစွာကို ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် ထိုတိုက်ပွဲများမှ လူများ၏ စွမ်းအားကလည်း အလွန် ကြောက်မက်ဖွယ်ပင် ဖြစ်လေသည်။ ထပ်ပြောရလျှင် တိုက်ပွဲတစ်ခုချင်းစီက ကောင်းကင်အာဏာစက်ကျောင်းတော်မှ အဖြူရောင်ဆံပင်နှင့် လူငယ်ဖြင့် ဆက်စပ်နေခဲ့သည်။
ယနေ့တွင် တစ်စုံတစ်ခုက ထပ်မံဖြစ်ပွားပြန်ပြီ ဖြစ်သည်။ ထိုသို့ ဖြစ်ပွားရခြင်းမှာလည်း ရီဖူရှင်းကြောင့်ပင် ဖြစ်၏။ ထို့အပြင် ဤတစ်ကြိမ်က ယခင်အကြိမ်များထက် ပိုပြီး ပြင်းထန်ပုံရလေသည်။ ကောင်းကင်ဒေသ၊ မှော်နက်လောကနှင့် နတ္ထိဘုံတို့မှ ထိပ်သီးအင်အားစုများက ယနေ့တွင် စုဝေးနေကြသည်။
ယနေ့တွင် ဤနေရာ၌ ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်ပွားတော့မည်ဟု တစ်စုံတစ်ယောက်က ပြောနိုင်ပေသည်။
လေပြည်ညင်းက ဖြတ်သန်း တိုက်ခတ်သွားသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏ ဝန်းကျင်တွင် အလွန်အမင်း တိတ်ဆိတ်နေခဲ့သည်။ လူတိုင်းက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပြီး မတူညီသည့် အတွေးအမြင်များနှင့် တွေးတောနေခဲ့သည်။
အဝေးတွင် အရက်သောက်နေသည့် လူများထံမှ ရံဖန်ရံခါ အသံများ ထွက်ပေါ်လာသည်။ မေ့ထန်က စားသောက်ဆိုင်၏ အပေါ်ဆုံးထပ်၌ မေ့ထန်က တစ်ယောက်တည်းထိုင်ကာ သောက်နေခဲ့သည်။
ယခင်က တိုက်ပွဲတွင် မေ့ထန်က တိုက်ရိုက် ဝင်ရောက်စွက်ဖက်နိုင်စွမ်း ရှိခဲ့သည်။ သို့သော် ယနေ့ တိုက်ပွဲတွင် မေ့ထန်ပင်လျှင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ဤတစ်ကြိမ် အင်အားက ယခင်တစ်ကြိမ် တိုက်ပွဲ၌ ပါဝင်ခဲ့သော အင်အားနှင့် နှိုင်းယှဥ်ရန်ပင် မဖြစ်နိုင်ပေ။ အစွမ်းထက်ကျင့်ကြံသူများစွာက ယနေ့တွင် စုဝေးနေကြပြီး အများစုမှာ ထိပ်သီးအင်အားစုများမှ ခေါင်းဆောင်များ ဖြစ်ကြသည်။ ထိုလူများထဲမှ အချို့၏ တစ်ယောက်ချင်းခွန်အားကပင် သူ့ကို ဖိနှိပ်နိုင်ပေသည်။
ကောင်းကင်ဒေသတစ်ခုတည်းမှာပင် နယ်မြေသခင်အဆင့် ပုဂ္ဂိုလ်များစွာ ရှိပြီး သူတို့က ဤနေရာ၌ ရောက်ရှိနေကြသည်။ အချို့ အစွမ်းထက် ကျင့်ကြံသူများက သူတို့၏ မဟာလမ်းစဥ် နတ်ဘုရားပြစ်ဒဏ်ကိုပင် ကျော်ဖြတ်ပြီး ဖြစ်သည်။ ကောင်းကင်ဒေသအတွင်း နယ်မြေဆယ့်ရှစ်ခုရှိပြီး လွှမ်းမိုးနိုင်ပြီး အစွမ်းထက်သော သူများစွာ ရှိကာ ယခု သူတို့ထဲမှ ထက်ဝက်ကျော်ခန့်က မူလဘုံသို့ ရောက်နေခဲ့ကြသည်။
အချိန်က တဖြေးဖြေး ကုန်ဆုံးသွားခဲ့သည်။ လူတိုင်းက အလွန်ပင် စိတ်ရှည်နေခဲ့ကြပြီး သူတို့က တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ မည်သူကမှ အလျင်စလို လှုပ်ရှားမည်ပုံမပေါ်ပေ။
ယခု ရီဖူရှင်းရောက်လာရန်သာ ကျန်ရစ်တော့သည်။
ကျင့်ကြံသူများစွာက ဤနေရာ၌ စောင့်ကြည့်နေကြပြီး သူတို့က ထိုမုန်တိုင်းအတွင်း ပါဝင်ပတ်သတ်ရန် စိတ်ကူးမရှိကြပေ။
အမှန်တွင် ရီဖူရှင်း၏ လက်ရှိအဆင့်အတန်းက ယခင်ကနှင့် နှိုင်းယှဥ်ရန် မဖြစ်နိုင်တော့ပါချေ။ သူ့နောက်တွင် ရပ်တည်နေသော အားကောင်းသည့် ကျင့်ကြံသူများစွာ ရှိသည်။ ဥပမာအနေနှင့် လေးမျက်နှာကျေးရွာမှ ဆရာသခင်နှင့် လက်ရှိ စီဝေ့နန်းတော်မှ လူများဖြစ်သည်။ အရှင်ထိုက်ရွှမ် ပြောသလိုပင် သူတို့သည် ရီဖူရှင်းအား ဤနေရာ၌ ချက်ချင်း သတ်နိုင်ရန် လိုအပ်ပေသည်။ သူတို့က ရီဖူရှင်းအား သတ်ဖြတ်ရန် ကျရှုံးခဲ့လျှင် အကျိုးဆက်များက ပို၍ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်။
ယခု ဤတိုက်ပွဲက မည်သို့ အဖြေထွက်လာမည်အား မည်သို့မှ မသိပေ။ အမျိုးမျိုးသော ကျင့်ကြံခြင်းအင်အားစုများမှ အစွမ်းထက် ကျင့်ကြံသူများ လာရောက်ကြသော်လည်း ဤတိုက်ပွဲ၌ ပါဝင်နေသည့် ရီဖူရှင်းအား ဆန့်ကျင်နိုင်မည့်သူ မည်မျှများများ ရှိနေသနည်း။
ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဝန်းရံထားသည့် တိတ်ဆိန်မှုအလယ်တွင် ရံဖန်ရံခါ၌ စကားသံများ ထွက်ပေါ်လာနေသည်။ အချို့က တီးတိုးပြောဆိုနေကြ၏။ အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားနေပြီး တခဏအကြာတွင် အစွမ်းထက်သော အင်အားတစ်ခုက ကျယ်ပြောလှသော ကောင်းကင်ကို ရုတ်တရက် ဖြတ်သန်းလာသည်။ ချက်ချင်းပင် လူတိုင်းက သူတို့၏ ခေါင်းများကို ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
ကောင်းကင်အာဏာစက်မြို့အတွင်းမှ လူတိုင်းသည် ကောင်းကင်၌ မြင့်တက်သော မမြင်နိုင်သည့် ဖိအားကို ပြင်းထန်စွာ ခံစားမိကြပေသည်။ သူတို့က မော့ကြည့်လိုက်သည်။
သူတို့ မော့ကြည့်လိုက်သည်နှင့် တောက်ပသော ကြယ်အလင်းများက ကြွေကျလာသည့် ကြယ်များကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းလာကာ ကောင်းကင်အာဏာစက်မြို့ဆီသို့ ဦးတည်လာပေသည်။
သိပ်မကြာခင်မှာပင် ထိုနတ်အလင်းတန်းများက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဆင်းသက်လာပြီး ကောင်းကင်အာဏာစက်ကျောင်းတော်အထက်၌ ပုံရိပ်များစွာ ထွက်ပေါ်လာသည်။
အောက်ဘက်ရှိ အမျိုးမျိုးသော အင်အားစုများမှ ကျင့်ကြံသူများက အဝေးသို့ ရွှေ့သွားကြသည်။ ထို့နောက် သူတို့က ခေါင်းကိုမော့ကာ ထိုပုံရိပ်များကို ကြည့်လိုက်ကြသည်။
ရီဖူရှင်းကို အစွမ်းထက် ကျင့်ကြံသူများစွာက ဝန်းရံထားသည်။ သူက ဆက်လက် ရွေ့လျားလာပြီး အောက်ဘက်သို့ လျှောက်လာနေသည်။ လွှမ်းမိုးနိုင်သည့် အရှိန်အဝါတို့က ရီဖူရှင်းတို့ထံ တိုးဝင်လာသည်။ သို့သော် ရီဖူရှင်းအနီးမှ ကျင့်ကြံသူများသည်လည်း ထပ်တူ ကြောက်ရွံ့ဖွယ် ကောင်းပေသည်။ မမြင်နိုင်သော အင်အားတစ်ခုက အခြားလူများ၏ တိုက်ခိုက်လာသော စွမ်းအားကို ပိတ်ဆို့ဟန့်တားလိုက်သည်။
လူတိုင်းက ရီဖူရှင်းတို့က ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်းထိ ရောက်အောင် လျှောက်လာသည်ကို ကြည့်နေကြသည်။
"ပြန်လာတာ ကြိုဆိုပါတယ်။" အရှင်ထိုက်ရွှမ်က ပြုံးကာ ရီဖူရှင်းအား ပြောလိုက်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်က တစ်ခါထပ်ကာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရပြန်ပြီ ဖြစ်သည်။ အရာအားလုံးသည် ရီဖူရှင်း အလွန် ထူးချွန်သောကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။ စီဝေ့ကြယ်ကမ္ဘာ၌ သူသည် မည်သူမှ မလုပ်နိုင်ခဲ့သော တစ်စုံတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြန်ပြီ ဖြစ်သည်။
ထို့အပြင် ဤတစ်ကြိမ်၌ သူက အလွန် အစွမ်းထက်သော ကျင့်ကြံသူတစ်စုကို သူနှင့်အတူ ခေါ်ဆောင်လာနိုင်ခဲ့ပေသည်။
"အင်း။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ "အရှင် အဆင်ပြေနေမယ်လို့ မျှော်လင့်ပါတယ်။"
"ဘယ်လိုအဆင်မပြေဘဲ နေပါ့မလဲ။ ဒါပေမယ့် ဒီလူတွေက မင်းကို သတ်ဖို့ လက်မလျှော့ကြသေးဘူး။" အရှင်ထိုက်ရွှမ်က ကောင်းကင်သို့ မော့ကြည့်ကာ ပြောလိုက်သည်။ ရွှေရောင်နတ်ပြည်ထောင်မှ ဘုရင် ကိုက်ချိန်၏ ခန္ဓာကိုယ်မှ ရွှေရောင်နတ်အလင်းများ ထွက်ပေါ်လာခဲ့သည်။ အခြားကျင့်ကြံသူများကလည်း သူတို့၏ လမ်းစဥ်စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး အောက်ဘက်ရှိ လေဟာနယ်တစ်ခွင်လုံးကို ဖြန့်ကျက်လွှမ်းခြုံသွားပေသည်။
သို့သော် အင်အားစုများက အရင်စတင်၍ မလှုပ်ရှားရန် သဘောတူထားခဲ့ကြသည်။ ၎င်းက ကိုက်ချိန် ထုတ်မေးလာစေရန် လှုံ့ဆော်ခဲ့သည်။ "လူတိုင်းပဲ ဘာစောင့်နေကြတာလဲ။"
"လေဟာနယ်ဘုံကို လာဖို့ လမ်းကြောင်း ဖွင့်ပေးရတဲ့ မဟာအင်ပါယာရဲ့ ရည်ရွယ်ချက်က ဘာများလဲ။ သူက ခင်ဗျားတို့ကို ဘာလုပ်စေချင်ခဲ့တာလဲ။ ကောင်းကင်ဒေသကနေလာတဲ့ ကျင့်ကြံသူတို့ အလေးအနက် စဥ်းစားဆုံးဖြတ်ဖို့ မျှော်လင့်ပါတယ်။" ရီဖူရှင်းက ကျယ်လောင်စွာ ပြောလိုက်သည်။ "ကျုပ်က ကောင်းကင်ဒေသ ရှန်ချင်းနယ်မြေရဲ့ လေးမျက်နှာကျေးရွာမှာ ကျင့်ကြံခဲ့တာ။ ဒါကြောင့် ကျုပ်ကိုလည်း ကောင်းကင်ဒေသက အဖွဲ့ဝင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်တယ်။ အခု ကျုပ်က စီဝေ့မဟာအင်ပါယာရဲ့ အမွေအနှစ်ကို ဆက်ခံခဲ့တယ်။ အဲဒါနဲ့ ပတ်သတ်ပြီး ဘာများဆိုးဝါးလို့လဲ။ ခင်ဗျားတို့ ကျုပ်ကို ဒီနေ့ ကူညီဖို့ ဆန္ဒရှိခဲ့ရင် စီဝေ့ကြယ်ကမ္ဘာက မဟာအင်ပါယာရဲ့ ကျင့်ကြံခြင်းနယ်မြေကို လွတ်လွတ်လပ်လပ် ဝင်ထွက်ကျင့်ကြံခွင့်ရပါလိမ့်မယ်။ ကျုပ်က အင်ပါယာကြယ်ကို တိုက်ရိုက် ဆင့်ခေါ်နိုင်တယ်။ ဘယ်ကျင့်ကြံသူမဆို သင့်တော်တဲ့ အင်ပါယာကြယ်ရဲ့ စွမ်းအားကို ဆက်ခံနိုင်တယ်။"
ရီဖူရှင်း၏ အသံက ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းသွားခဲ့သည်။ ၎င်းသည် ကိုက်ချိန်နှင့် အခြားလူအနည်းငယ်၏ မျက်နှာများကို ရှုံ့မဲ့သွားစေခဲ့သည်။ သို့သော် သူတို့က သူတို့ဘာသာ တစ်ခုခု လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပေ။ အဆုံးမှာတော့ ရီဖူရှင်းအနီးမှ ကျင့်ကြံသူများက အလွန် အစွမ်းထက်ကြပေသည်။ သူတို့ဘက်တွင် ရှိနေသော ကျင့်ကြံသူများက ဆုံးဖြတ်ချက် မခိုင်မာခဲ့လျှင် သူတို့ကို သုတ်သင်ရန်မှာ ရီဖူရှင်းအတွက် လွယ်ကူပေလိမ့်မည်။
"ကိုက်ချုံ ခင်ဗျားက မဟာအင်ပါယာလက်အောက်က ကျင့်ကြံသူတစ်ယောက်ပဲ။ ဘယ်လိုလုပ် ကိုက်ချိန်နဲ့အတူ ပူးပေါင်းကြံစည်ရဲတာလဲ။ မဟာအင်ပါယာက ခင်ဗျားကို အောက်ဘုံဆီပို့ခဲ့တာ ဘာကြောင့်လဲ။ အခု ခင်ဗျားက ပြင်ပဘုံက ကျင့်ကြံသူတွေနဲ့ ပူးပေါင်းပြီး ကောင်းကင်ဒေသရဲ့ အင်အားစုတစ်ခုဖြစ်တဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား။" ရီဖူရှင်း၏ အကြည့်များက ကိုက်ချိန်နောက်ဘက်မှ လူပေါ်တွင် ရှိနေပြီး အော်လိုက်သည်။ "အနာဂတ်မှာ မဟာအင်ပါယာက အပြစ်တင်တဲ့အခါ အဲဒီအပြစ်တင်မှုကို ခံနိုင်ရည်ရှိပါ့မလား။"
"ပြီးတော့ ကောင်းကင်ဒေသရဲ့ တခြားအင်အားစုတွေ ဒီနေ့ ခင်ဗျားတို့ ပြင်ပဘုံက ဒီလူတွေနဲ့ အလုပ်လုပ်ခဲ့ရင် အနာဂတ်မှာ မဟာအင်ပါယာကို ဘယ်လိုရှင်းပြမလဲ။"
ရီဖူရှင်း၏ စကားလုံးများက အမှန်တကယ်ပင် ကောင်းကင်ဒေသမှ အင်အားစုများကို စိုးရိမ်ပူပန်စေခဲ့သည်။ ယနေ့ ဖြစ်ရပ်က အမှန်ပင် အလွန် ပြင်းထန်ပေသည်။ အင်ပါယာနန်းတော်က ထိုအဖြစ်ကို သိသွားခဲ့လျှင် အချို့သော အတွေးများ ရှိလာမည်ကို ကြောက်ရွံ့မိပေသည်။
ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုများ အားလုံးက အင်ပါယာနန်းတော် အုပ်ချုပ်မှုအောက် ရှိနေခြင်း မဟုတ်ပေ။ နယ်မြေဆယ့်ရှစ်ခုအတွင်း မဟာအင်ပါယာ ခန့်အပ်ခဲ့သော နယ်မြေသခင်အိမ်တော်များသာလျှင် အင်ပါယာနန်းတော် လက်အောက်မှ တိုက်ရိုက် အင်အားစုများဟု သတ်မှတ်နိုင်သည်။
"အင်ပါယာရီ ပြောတာ မှန်တယ်။ ခင်ဗျားတို့ ဘာကို ဦးစားပေးရမလဲဆိုတာ သိရမယ်။ ဒီတစ်ကြိမ်မှာ ကျုပ်ရဲ့ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုက အင်ပါယာရီနဲ့အတူ ရပ်တည်မယ်။" သွမ့်ထျန်းရှုံ၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်တို့ ရှိနေပြီး ရီဖူရှင်းကို မဆိုင်းမတွပင် ထောက်ခံလိုက်သည်။ သွမ့်ထျန်းရှုံအတွက် ၎င်းက ကြီးမားလှသော အလောင်းအစားပင် ဖြစ်သည်။
သူတို့၏ ပတ်သတ်မှုက ကောင်းမွန်နေပြီး ဖြစ်လျှင်ပင် သူတို့က အလွန် ရင်းနှီးနေပြီဟု မပြောနိုင်ခဲ့ပေ။ အဆုံးမှာတော့ သူတို့ အချင်းချင်း ရင်ဆိုင်ခဲ့ရသည်က သေခြင်းရှင်ခြင်း အခြေအနေဖြစ်လေသည်။
သို့သော် ယနေ့ အခြေအနေက အခွင့်အရေးပင် ဖြစ်သည်။ လူတိုင်းက ရီဖူရှင်း၏ အနာဂတ်ကို မြင်နိုင်ပေသည်။ ထိုအလောင်းအစားက ယနေ့ အဖြစ်အပျက်၏ အဆုံးသတ်တွင် ရီဖူရှင်း သေမလားရှင်မလားနှင့် သက်ဆိုင်နေပေသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးတော့ မည်သူက ထို့ထက် မတိုးတက်ချင်ဘဲ နေလိမ့်မည်နည်း။
ရှန်ချင်းနယ်မြေအတွင်း သွမ့်ထျန်းရှုံ၏ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုသည် အလယ်အလတ်ကောင်းကင်အဆင့် တတိယအလွှာ ဖြစ်သည်။ အဆင့်မြင့်ကောင်းကင်တတိယအလွှာတွင် သူတို့ကို ဖိနှိပ်ထားသော အဓိကအင်အားစုများစွာ ရှိပေသည်။
သွမ့်ထျန်းရှုံ၏ အဆင့်မှာ နှစ်ပေါင်းများစွာ မတိုးတက်ဘဲ ရပ်တန့်နေခဲ့ပေသည်။ ရီဖူရှင်းက သူ၏ အခွင့်အရေး ဖြစ်ပေလိမ့်မည်။
မဟုတ်လျှင် နောက်ထပ်တစ်လှမ်း တိုးတက်ရန်ပင် သူ့အတွက် ခက်ခဲနေမည် ဖြစ်သည်။
"ဒါက... သူက သူ့ကိုယ်သူ အလောင်းအစား လုပ်နေတာလား ဟမ်။" ရှန်ချင်းနယ်မြေမှ ထိပ်သီးအင်အားစုများအပါအဝင် ကောင်းကင်ဒေသမှ ကျင့်ကြံသူများစွာက သွမ့်ထျန်းရှုံကို ကြည့်လိုက်ကြသည်။ သူက ကျရှုံးသွားခဲ့လျှင် အကျိုးဆက်က မတွေးဝံ့စရာပင် ဖြစ်ပေသည်။
***