အပိုင်း (၂၁၀)
Vol. 16 Ch. 210
အဖြူရောင် ရဲတိုက်ကြီးထဲမှ ထွက်လျှောက်ပြီးနောက် ချောင်ထျန်းဝေ၏ မျက်နှာက ပျက်ယွင်းသွားခဲ့၏။ သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသည့် အရိပ်သင်္ကတများနှင့် ပြည့်နှက်သွားခဲ့၏။ အမျိုးသမီးသမားတော်ကို တောင်းဆိုရန် ဤနေရာဆီသို့ ရောက်ရှိလာသည် မဟုတ်ပါလား။
ဟုတ်ပေ၏။ သူ ဤကဲ့သို့ လာရောက်တောင်းရခြင်း၏ ရည်ရွယ်ချက်သည် တစ်ဖက်လူ၏ အလှအပကြောင့် မဟုတ်ချေ။ တစ်ဖက်လူအပေါ်တွင် သံသယရှိနေသောကြောင့်ပင်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဆေးပညာကြောင့် ဖြစ်၏။ တခြားသော အကြောင်းအရာ မရှိချေ။ သို့ပေမည့် ဤကိစ္စကို သူ အပြင်ဘက်သို့ ထုတ်ဖော်ကာ ပွင့်ပွင့်လင်းလင်း ပြောဆို၍ မဖြစ်နိုင်ချေ။
ချောင်ထျန်းဝေသည် တကယ့်ကို စိတ်ရှုပ်ထွေးသွားသည်။ ချောင်ရှောင်း တစ်ယောက် အန္တရာယ် နှင့် ရင်ဆိုင်ရမည်လား။ ဘာမှန်းမသိသည့် မကောင်းသော ခံစားချက်များသည် သူ၏ နှလုံးသားထဲတွင် ပေါ်ပေါက်လျက်ရှိသည်။
.........
ချောင်ထျန်းဝေ ထွက်ခွာသွားခဲ့ပြီးနောက် လုရီက ပြောလိုက်၏။ “သခင်မ.. လွန်ခဲ့တဲ့ညက ဘာဖြစ်ခဲ့တာလဲ။ ကျွန်မ သေသင့်ပါတယ်။ ကျွန်မ သခင်မရဲ့ ဘေးနားမှာ မနေနိုင်ခဲ့ဘူး”
ချောင်ယောင်းအာက ပြောလိုက်သည်။ “လုရီ.. ငါနဲ့ လိုက်ခဲ့အုံး”
ပြီးနောက် သူမသည် လုရီအား အခန်းဆီသို့ ပြန်လည် ခေါ်ဆောင်လာခဲ့၏။ သူတို့ အခန်းထဲသို့ ဝင်လိုက်ချိန်မှာတော့ ကုန်းကုန်းကွကွနှင့် ဒူးကိုကိုင်ကာ အော်ဟစ်နေသည့် ရှမ့်လန်ကို မြင်လိုက်ရ၏။
ရှမ့်လန်သည် ချောင်ယောင်းအာကို မြင်လိုက်သည့်အချိန်မှာတော့ ချက်ချင်းပင် ကြောက်လန့်သွားခဲ့၏။ အလွန်နာကျင်သည့် ခံစားချက်များကို ခံစားလိုက်ရသည့် လူတစ်ယောက်ကဲ့သို့ပင်။ လွန်ခဲ့သည့်ညက မှတ်ဉာဏ် များသည် သူ့၏ စိတ်ထဲသို့ ထပ်တလဲလဲ တိုးဝင်လာခဲ့၏။ ဤမိန်းကလေးသည် ကြမ်းတမ်းလွန်းသည့် သားရဲရိုင်းကြီး တစ်ကောင်ကဲ့သို့ သန်မာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။
သို့ပေမည့် လက်ရှိ ချောင်ယောင်းအာ၏ ပုံသဏ္ဍာန်ကို ကြည့်ရသည်မှာ တည်ငြိမ်နေသည့်ပုံပေါ်ပြီး သူရဲကောင်း တစ်ယောက်၏ ဟန်ပန်မူရာမျိုးပင်။ မနေ့က ဘာတစ်ခုမှမဖြစ်ခဲ့သည့် ပုံစံပင် ပေါ်၏။
သူမ၏ အသားအရေများသည် ပိုမိုကာ ကြည်တောက်လာ၏။ ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ အသွင်သဏ္ဍာန်သည် လောကရှိ ရှိရှိသမျှသော အမျိုးသမီးအားလုံး သိမ်ငယ်ရလောက်သည့် ပုံမှန် သွင်ပြင်မျိုးပင် ဖြစ်၏။ အလွန်ကြည့်ကောင်းလှသည့် ခန္ဓာကိုယ်ကောက်ကြောင်းသည် ထင်းခနဲပေါ်ပေါက်နေသည်။ ရှမ့်လန်သည် ညတုန်းက ထိုခန္ဓာသွင်ပြင်ကို ပြန်လည်မြင်ယောင်လာပြီး အသက်ရှုနှုန်းများပင် မြန်လာခဲ့သည်။
သို့ပေမည့် ချောင်ယောင်းအာ၏ အမူအရာကို ကြည့်ရှုရသည်မှာ လွန်ခဲ့သည့် ညက ဘာတစ်ခုမှမဖြစ်ခဲ့သကဲ့သို့ပင် တည်ငြိမ်နေသည်။ သူမသည် အမျိုးသမီးတစ်ယောက်နှင့် မတူချေ။ တစ်စုံတစ်ယောက်ကို အတင်းအဓမ္မ ပြုကျင့်ခဲ့သည့် အမျိုးသားတစ်ယောက်နှင့် တူညီနေပြီး ရှမ့်လန်မှာမှာ အားနွဲ့သုည့်အမျိုးသမီးကဲ့သို့ပင်။
ချောင်ယောင်းအာသည် အသာထိုင်ချလိုက်၏။ သူမသည် ပိုမို၍ နေထိုင်ကောင်းသလို ခံစားနေမိ၏။ အစ်မို့ခြင်း၊ မူးဝေခြင်းတို့ကို မခံစားရတော့ချေ။ သက်သောင့်သက်သာ ခံစားချက်မျိုးကို ရရှိနေ၏။ ဟုတ်ပေ၏။ သူမ၏ ခန္ဓာကိုယ်ဆီမှ တစ်ချို့သော အစိတ်အပိုင်းတချို့မှာတော့ နာကျင်လျက် ရှိနေသေး၏။ သို့ပေမည့် ဤအရာသည် သူမအတွက် ပြောပလောက်သည့် အရာမျိုး မဟုတ်ချေ။
“မနေ့ကတုန်းက အမွှေးတိုင်မှာ ပြဿနာရှိခဲ့တယ်။ ဒါက ဆေးခတ်ခဲ့တာပဲ။ တစ်စုံတစ်ယောက်က ချောင်ရှောင်းနဲ့ ပူးပေါင်းပြီး လုပ်ခဲ့တာပဲ”
ချောင်ယောင်းအာသည် တည်ငြိမ်စွာ ပြောလိုက်၏။ “ကျွန်မတို့ ရဲတိုက်ကြီးမှာ သနားစရာ မိန်းမတွေနဲ့ ပြည့်နေတာ။ တစ်စုံတစ်ယောက်က ကျွန်မတို့ကို သစ္စာဖောက်မယ် ၊ အပြင်လူနဲ့ ပူးပေါင်းပြီး ကျွန်မကို ဒုက္ခပေးမယ်ဆိုရင် ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”
လုရီက တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဒီလို.. ဒီလို ကိစ္စမျိုး ရှိတာလား”
ပြီးနောက် သူမသည် အလွန်တင်းမာ ခက်ထန်သည့် အကြည့်များဖြင့် ရှစ်ချင်းချင်းဆီသို့ လှမ်းကြည့်ရှုကာ ပြောဆိုလိုက်သည်။ “ခွေးမ... အခု ဝန်ခံလိုက်စမ်း။ သခင်လေး ချောင်ရှောင်းနဲ့ ရှင် ပူးပေါင်းခဲ့တာ မဟုတ်လား။ ပြီးတော့ သခင်မလေးကို အဆိပ်ခတ်ခဲ့တာ မဟုတ်လား”
ရှစ်ချင်းချင်းက ကြောင်အသွား၏။
လုရီက ပြောလိုက်သည်။ “အမွှေးတိုင်တွေ ဝယ်ခဲ့တာလည်း ရှင်ပဲ။ အမွှေးတိုင်ဆိုင်ကို ရှင် ခဏခဏ သွားနေတည်းက ကျွန်မ သံသယ ဝင်နေတာ။ သခင်မလေး ... အဆုံးထိ သေသေချာချာ စုံစမ်းစစ်ဆေးသင့်တယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်တဲ့သူတွေ အကုန်လုံးကို သတ်ပစ်ရမယ်”
ဤလုရီသည် ဆေးခတ်ထားခဲ့သည့် အမွှေးတိုင်နှင့် ရှစ်ချင်းချင်း ဝယ်ယူလာခဲ့သည့် အမွှေးတိုင်ကို လဲလှယ် ထားခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် သူမသည် အမှတ်မထင် ဆိုသလို အမှန်တရားတစ်ခုကို ပြောဆိုခဲ့၏။ ရှစ်ချင်းချင်း သွားရောက် ဝယ်ယူခဲ့သည့် အမွေးတိုင်ဆိုင်သည် တကယ့်ကို ပြဿနာရှိနေ၏။ ရှမ့်လန်တို့၏ သူလျှို နေထိုင်သည့် နေရာပင် မဟုတ်ပါလား။
သို့ပေမည့် ရှစ်ချင်းချင်းသည် အရာကိစ္စများကို ပြုလုပ်သည့်အချိန်တိုင်း၌ အလွန် သတိထား၏။ သူမသည် အမွေးဆိုင်ပေါင်းများစွာဆီ လှည့်လည်သွားရာ၊ ဈေးဆစ် ကြည့်ရှုပြီးမှ သူလျှိုနေထိုင်ရာ ဆိုင်ဆီ သွားခဲ့ခြင်းဖြစ်သည်။ ထိုအပြုအမူပိုင်းနှင့် ပတ်သက်လျှင် မည်သည့် ပြစ်ချက်မှ မရှိခဲ့ချေ။
“သခင်မလေး ဒီရှစ်ချင်းချင်းရဲ့ တည်ရှိမှုက ထူးဆန်းတယ်။ သခင်မလေး ဘေးကို ရောက်လာတာ အကြံအစည် တစ်ခုခု ရှိရမယ်”
လုရီက အေးစက်စက် ပြောလိုက်၏။ “ဖမ်းပြီးတော့ နှိပ်စက်မေးမြန်းလိုက်မယ်ဆိုရင် ဝန်မခံဘဲနေရဲမှာ မဟုတ်ဘူး”
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “လုရီ.... ကျွန်မကို လာချောက်ချမနေနဲ့”
လုရီက ပြောလိုက်၏။ “ဒါဆိုရင် အမွှေးတိုင်ကို ဝယ်လာတာ ရှင် မဟုတ်ဘူးလား”
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “ကျွန်မ ဝယ်ခဲ့တယ်လေ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က လဲလှယ်ခဲ့တာပဲ ဖြစ်မယ်”
လုရီက ပြောလိုက်၏။ “လဲလှယ်ခဲ့တယ်လို့ ပြောတယ်။ ဘယ်မှာလဲ သက်သေ”
ရှစ်ချင်းချင်းက ပြောလိုက်သည်။ “အမွှေးတိုင်ကို ဝယ်ခဲ့တာ ရှင်လည်း ဝယ်ခဲ့တာပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကတောင် ရှင် ကျွန်မကို အမွှေးတိုင်တွေ လာပေးသေးတယ် မဟုတ်လား။ အခု ဘာကြောင့် ရှိရှိသမျှ အပြစ်အားလုံး ကျွန်မဆီ လက်ညှိုးထိုးနေတာလဲ။”
“သက်သေ... ဘယ်မှာလဲ သက်သေ”
လုရီက ပြောလိုက်၏။ “ရှစ်ချင်းချင်း... ရှင်က ကျန်းချုံးရဲ့ ချွေးမလောင်းပဲ။ ရှင် သေသွားခဲ့ပြီလို့ လူတိုင်းက ပြောတယ်။ ဒါပေမဲ့ ရှင် မသေသေးဘူး။ ပြီးတော့ ရှင်က သခင်မလေး ဘေးနားကို ရောက်လာတယ်။ ဒါတွေတောင် မကသေးဘူး။ အမွှေးတိုင်နဲ့လည်း ဆေးခတ်ခဲ့သေးတယ်”
“ပြီးတော့ ယောကျာ်းတစ်ယောက်ကို သခင်မလေး ဘေးဆီ ခေါ်ခဲ့သေးတယ်။ သူက မိန်းမယောင် ဟန်ဆောင် လာခဲ့တယ်။ ရှင့်ရဲ့ ဇာတ်လမ်းတွေက အရမ်းရိုးရှင်းနေပြီ။ ရှင် ရည်ရွယ်ချက်ရှိရှိနဲ့ သခင်မလေးကို ဆေးခတ်တယ်။ ပြီးတော့ ဒီယောကျာ်းနဲ့ မှားစေချင်တာ မဟုတ်လား။ ရှင် သေသင့်တယ်။
သခင်မလေးဆိုတာ ဘယ်လောက် မြင့်မြတ်လိုက်လဲ။ တကယ့် နတ်ဘုရားတစ်ပါးလိုပဲ။ အဆင့်နိမ့်တဲ့ လူသား တစ်ယောက်နဲ့ သူမကို မှားယွင်းစေခဲ့တယ်။ သခင်မလေးရဲ့ သန့်စင်တဲ့ခန္ဓာကိုယ်က ရှင့်ကြောင့် ပျက်စီးသွားခဲ့ပြီ။ ရှစ်ချင်းချင်း ... အဲတာ ရှင့်စနက်ကြောင့်ပဲ။”
လုရီသည် ရုတ်တရက် ရှမ့်လန်ဆီသို့ လက်ညှိုးညွှန်ကာဖြင့် ပြောဆိုလိုက်သည်။ “သခင်မလေး... ဒီအကြောင်းကို လူတွေ အများကြီး မသိပါဘူး။ ဒီနှစ်ယောက်ကို သတ်ပစ်လိုက်ရင် ပြဿနာအားလုံး ရှင်းသွားပါပြီ”
ဤလုရီသည် တကယ့်ကို ကြမ်းတမ်းပြီး ဆိုးရွားလွန်းလှချေ၏။ တိုက်ရိုက်ဆိုသလိုပင် ရှမ့်လန်နှင့် ရှစ်ချင်းချင်း တို့ကို သတ်ဖြတ်ရန် သွေးဆောင်လျက်ရှိ၏။
ချောင်ယောင်းအာသည် ထိုင်ခုံပေါ်တွင်သာ ထိုင်လျက် ရှိနေပြီး မည်သည့် စကားကိုမှ မဆိုချေ။
လုရီက ပြောလိုက်သည်။ “သခင်မလေး.. ဒီမှာ စောင့်နေပါအုံး။ ဒီလူနှစ်ယောက်ကို ဖမ်းဖို့အတွက် စစ်သည်တော် တွေကို သွားခေါ်လိုက်မယ်။ သူတို့ကို နှိပ်စက်ခိုင်းရမယ်။ ကျိန်းသေပေါက် ပြောလို့မရတဲ့ အကြောင်းအရာတွေ အကုန်လုံးကို ထုတ်ပြီး ပြောလာအောင်လို့ လုပ်ပြမယ်”
ချက်ချင်းပင် လုရီသည် အပြင်ဘက်သို့ ထွက်လျှောက်ရန် ပြင်လိုက်၏။
ရှမ့်လန်က ထူးမခြားနားသလို ပြောလိုက်သည်။ “လုရီ... ချောင်ရှောင်းနဲ့ ပူးပေါင်းပြီးတော့ သခင်မလေး ချောင်ယောင်းအာကို ထိခိုက်နာကျင်အောင်လုပ်တာ ခင်ဗျားပဲ မဟုတ်လား”
“အဆင့်နိမ့်လိုက်တဲ့ကောင်... ပေါက်ကရတွေ မပြောစမ်းနဲ့”
လုရီက တင်းမာစွာဖြင့် ပြောဆိုလိုက်၏။ “ရှင်က မကြာခင် သေရတော့မယ့်လူပဲ။ ဒီလိုလူမျိုးက ကျွန်မကို လက်ညိုးလာထိုးလို့ ဘယ်ရမှာလဲ။ သခင်လေး ချောင်ရှောင်းနဲ့ ကျွန်မက ပူးပေါင်းခဲ့တယ်လို့ ရှင်ပြောခဲ့တယ်။ ရှင့်မှာ သက်သေရှိလား။ ပြော ရှင့်မှာ သက်သေရှိလား”
“ဟုတ်ပြီ” ရှမ့်လန်၌လည်း သက်သေ ရှိ၏။ ဤလုရီ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အမာရွတ်များ၊ ဒဏ်ရာ ဒဏ်ချက်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ မည်သူ လုပ်ထားသနည်း။ ကျိန်းသေပေါက် ချောင်ရှောင်းပင် ဖြစ်ရပေလိမ့်မည်။
“ဒါနဲ့ ခင်ဗျားရဲ့ လည်ပင်းမှာရှိတဲ့ ဒဏ်ရာက ဘယ်နေရာကနေ ရလာတာလဲ” ရှမ့်လန်က မေးမြန်းလိုက်၏။
လုရီက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ညက ကျွန်မ ဘယ်အချိန် ကုတ်လိုက်မိလဲ မသိဘူး။ ဒါ အရမ်းယားသလို ခံစားရတယ်။ ပြီးတော့ ကျွန်မရဲ့ လက်သည်းတွေကလည်း ရှည်နေပြီ။ ဒါကြောင့်မို့ ကုတ်လိုက်တာ။ ဘာဖြစ်လို့လဲ။ ဒါကို သခင်လေးချောင်ရှောင်းနဲ့ ကျွန်မ ပူးပေါင်းခဲ့ပါတယ်ဆိုတဲ့ သက်သေအဖြစ် အသုံးပြုမလို့လား။ တကယ့်ကို ရူးကြောင်ကြောင်နိုင်တယ်”
ပြီးသည့်နောက် သူမသည် စပ်ဖြီးဖြီးဖြင့် ပြောလိုက်၏။ “ရှစ်ချင်းချင်း... ရှင် အမွှေးတိုင်ဝယ်တဲ့ တာဝန်ကို ယူထားတယ်။ ပြီးတော့ ဒီလူကိုလည်း ဒီနေရာဆီ ခေါ်လာခဲ့တာနော်။ ပြီးတော့ သခင်မလေးရဲ့ အပြစ်ကင်းစင်တဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့တယ်။ အရာအားလုံးက ရှင်းလင်းနေပြီ။ ဒါ ရှင့်ရဲ့ စနက်ပဲ။ ရှင် သေရတော့မယ်။ တခြားသူကို လျှောက်ပြီးတော့ ဟိုလက်ညှိုးထိုး ၊ ဒီလက်ညှိုးထိုး မလုပ်နဲ့တော့”
ရှမ့်လန်သည် ထူးမခြားနားသလို ပြောလိုက်သည်။ “ဒါဆိုရင် ခင်ဗျားရဲ့ဖင်မှာရှိတဲ့ စာလုံးနှစ်လုံးကရော လက်သည်းနဲ့ ကုတ်ခြစ်ထားတာလား”
လုရီ၏ နှလုံးသားများ တုန်ယင်သွားခဲ့၏။ သူမက အေးစက်စက် ပြောလိုက်၏။ “ကျွန်မဖင်က ဘယ်စာလုံးလဲ။ ရှင် ပေါက်ကရတွေ မပြောနဲ့။ သခင်မလေး... ကျွန်မ သွားလိုက်အုံးမယ်။ ဒီနှစ်ယောက်ကို ဖမ်းဖို့အတွက် လူတွေ သွားခေါ်မယ်”
ပြီးနောက် သူမသည် တိုက်ရိုက်ဆိုသလိုပင် အပြင်သို့ လျှောက်ထွက်သွားခဲ့သည်။
“နေအုံး” ချောင်ယောင်းအာက ပြောလိုက်၏။
လုရီက တုန်ယင်သွားခဲ့သည်။
ချောင်ယောင်းအာက အမိန့်ပေးလိုက်၏။ “မင်းရဲ့ စကတ်ကို ချွတ်”
လုရီ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။
“အခု ...”
လုရီ၏ ခန္ဓာကိုယ်က ထပ်မံကာ တုန်ယင်သွားခဲ့၏။ သို့ပေမည့် သူမ၏ လက်များက မလှုပ်ရှားချေ။
ခဏလောက်ကြာပြီးနောက် ချောင်ယောင်းအာ၏ အမိန့်ပေးမှုအောက်တွင်ရှိနေသည့် အမျိုးသမီး နှစ်ယောက်တို့ ရောက်ရှိလာခဲ့ပြီး လုရီ၏ ခန္ဓာကိုယ်ကို ဖမ်းချုပ်၏။ ပြီးနောက် စကတ်ကို အတင်း ဆွဲချွတ်၏။
ထိုအချိန်မှာပဲ လုရီသည် ရုတ်တရက် အရူးလို ထွက်ပြေး၏။ သူမသည် အမြန်ဆန်ဆုံးနှုန်းဖြင့် ချောင်ထျန်းဝေ၏ အိမ်တော်ဆီ ရောက်အောင် ပြေးချင်၏။ အရာအားလုံးကို ချောင်ထျန်းဝေဆီ ပြောပြရန် ဆုံးဖြတ်လိုက်၏။ ယခုရောက်ရှိလာပြီး သခင်မလေးနှင့် အိပ်စက်ခဲ့သည်လူသည် မည်သူမှန်း မသိရှိသော်လည်း ကျိန်းသေပေါက် ရိုးရှင်းမည် မဟုတ်ကြောင်း သူမ နားလည်မိသည်။
သို့ပေမည့် နောက်တစ်စက္ကန့်အတွင်းမှာပဲ သူမ ဖမ်းဆီးခံလိုက်ရ၏။ ဘာတစ်ခုကိုမှ မပြောရချေ။ သူမ၏ စကတ်သည် ချွတ်ချခြင်းကို ခံလိုက်ရ၏။ ပြီးနောက် ဖင်ပေါ်တွင် လက်ဝါးရာကြီးများက တည်ရှိနေ၏။ ထို့အပြင် စာလုံးအနည်းငယ်ကိုလည်း ရေးထွင်းထားခဲ့သေး၏။
‘ချောင်ရှောင်းရဲ့ ဖင်’
ဟုတ်ပေ၏။ ဤအရာသည် ဆေးမှင်ကြောင်ထိုးထားခြင်း မဟုတ်ချေ။ လက်သည်းများဖြင့် စာရေးထားခဲ့ခြင်း ဖြစ်၏။ ရည်ရွယ်ချက်ရှိရှိနှင့် ပြုလုပ်ထားခဲ့ခြင်း ဖြစ်ပြီး မည်မျှ နာကျင်မည် ဖြစ်ကြောင်း သိသာလှ၏။ လက်ရေးကို အလွန်ရင်းနှီး၏။ ကျိန်းသေပေါက် ချောင်ရှောင်း၏ လက်ရေးပင်။
ရှစ်ချင်းချင်းသည် အေးစက်စက်နှင့် မေးလိုက်၏။ “ခွေးမ ... ဘာပြောချင်သေးလဲ”
လုရီသည် ချက်ချင်းပင် မြေပေါ်တွင် ဒူးထောက်ထိုင်ချကာဖြင့် ဦးညွတ်လိုက်သည်။ “သခင်မလေး... ကျွန်မကို အတင်းဖိအားပေးခဲ့တာ သခင်လေးချောင်ရှောင်းပါပဲ။ သူ ကျွန်မကို အတင်းကို ဖိနှိပ်ခဲ့တယ်။ အနိုင်ကျင့်ခဲ့တယ်။ ဒီခွေးသူတောင်းစားက သခင်မလေး အနားမှာ မရှိတဲ့အချိန်တိုင်း ကျွန်မကို မုဒိမ်းကျင့်ခဲ့တယ်။ ကျွန်မအသက်ကို ခြိမ်းခြောက်ခဲ့တယ်။ ဒါပေမဲ့ သခင်မလေး ထိခိုက်နာကျင်အောင် ကျွန်မ ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး”
ချောင်ယောင်းအာသည် မည်သည့် စကားကိုမှ မဆိုချေ။
လုရီက တောင်းပန်လိုက်၏။ “သခင်မလေး... ကျွန်မ နှစ်ပေါင်းများစွာ သခင်မလေး အနားမှာ အလုပ်အကျွေး ပြုခဲ့ပြီး ကိုယ့်ရဲ့ အစ်မအရင်းတစ်ယောက်လို ဆက်ဆံခဲ့ပါတယ်။ ကျွန်မ တကယ့်ကို အလုပ်ကြိုးစားခဲ့တယ်။ ကျွန်မက သခင်မလေးကယ်တင်ခဲ့တဲ့ လူတွေထဲက ပထမဦးဆုံး မိန်းကလေး မဟုတ်လား”
ချောင်ယောင်းအာသည် မလှုပ်ရှားသေးချေ။ ကျန်သည့် အမျိုးသမီး စစ်သည်တော်အားလုံးတို့သည် လုရီကို အပြင်ဘက်သို့ ဆွဲထုတ်လိုက်သည်။
လုရီသည် ရုတ်တရက် ရူးသွပ်သွားသကဲ့သို့ပင် အော်ဟစ်လိုက်၏။ “ချောင်ယောင်းအာ... ဒါတွေအားလုံးက ရှင့်ရဲ့ အပြစ်ပဲ။ ဒါတွေအားလုံး ရှင့်ရဲ့ အပြစ်ပဲ။ ကျွန်မ အကောင်းဆုံး ကြိုးစားပြီးတော့ ရှင် သဘောကျအောင် နေခဲ့တယ်။ ရှင့်အနား နေချင်တယ်။ ရှင့်ရဲ့ ညီမ တစ်ယောက် ဖြစ်လာဖို့အတွက်။ ဒါပေမဲ့ ကျွန်မကို ညီမ တစ်ယောက်အဖြစ် အသိအမှတ်ပြုဖို့ ရှင့်အတွက် ဒီလောက် ခက်ခဲနေတာလား”
“ကျွန်မ ဘာကြောင့် ရှင့်ရဲ့ အနားမှာ အမြဲတမ်း အစေခံအဖြစ် နေရမှာလဲ။ ဘာကြောင့် ရှင့်ရဲ့ အနားမှာ ကျေးကျွန် အဖြစ် အမြဲတမ်း နေရမှာလဲ။ ရှင်လို ကြမ်းတမ်းပြီး အကြင်နာတရား ကင်းမဲ့တဲ့ မိန်းမတစ်ယောက်ကို တစ်သက်လုံး အလုပ်အကျွေး ပြုရမှာလား။ ရှင့်အနားမှာ ညီမအရင်းတစ်ယောက်လို ကျွန်မက နေထိုင်ခွင့် မရှိတော့ဘူးလား။ ကျွန်မက ဒီရဲတိုက်ကြီးရဲ့ အဓိက လူတွေထဲက တစ်ယောက် ဖြစ်ချင်ရုံပါပဲ။ ဒီကိစ္စက ဘာများ မှားယွင်းနေလို့လဲ”
“ဟုတ်တယ်။ ကျွန်မကို ချောင်ရှောင်းက မုဒိမ်းကျင့်ခဲ့တယ်။ ပြီးတော့ ကျွန်မကို သူ အသုံးချခဲ့တယ်။ အနည်းဆုံး ကျွန်မကို မယားငယ်တစ်ယောက်အဖြစ် အသိအမှတ်ပြုပေးမယ်လို့ ပြောခဲ့သေးတယ်။ အနည်းဆုံးတော့ လူရာတော့ ဝင်သေးတာပေါ့။ ဒီမှာလိုမျိုး ကျွန်အစေခံမျိုး မဟုတ်ဘူးလေ”
ချောင်ယောင်းအာသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် လုရီ၏ အရှေ့ဆီသို့ လှမ်းလျှောက်သွား ခဲ့၏။
လုရီ၏ မျက်နှာထက်တွင် မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူမက တောင်းပန်လိုက်သည်။ “သခင်မလေး... ကျွန်မကို ရှင့်ရဲ့ညီမအဖြစ် ခေါ်ထားမယ်ဆိုရင် ကျွန်မ တကယ့်ကို စိတ်ပါလက်ပါနဲ့ ပြုစုစောင့်ရှောက်ပါ့မယ်။
သခင်လေး ချောင်ရှောင်းရဲ့ အစီအစဉ်တွေ အကုန်လုံးကိုလည်း သခင်ကြီးဆီ ကျွန်မ တိုင်တန်းပါ့မယ်။ သူ့ကို ကောင်းကောင်း အပြစ်ပေးအောင်လည်း ပြောဆိုပေးပါ့မယ်။ သခင်မလေး.. ရှင်သာ ကျွန်မကို ရှင့်ရဲ့ ညီမအဖြစ် ခေါ်ထားမယ်ဆိုရင် တစ်သက်လုံး သစ္စာရှိရှိနဲ့ ရှင့်အနားမှာ နေပါ့မယ်”
ချောင်ယောင်းအာက မည်သည့် စကားမှ မဆိုချေ။ သူမသည် ရှေ့ဆီသို့ အသာလှမ်းတက်လိုက်၏။
“သခင်မလေး... ရှင် ကျွန်မကို ကတိပေးမယ် မဟုတ်လား” လုရီက တုန်ယင်သွား၏။
ချောင်ယောင်းအာ၏ လက်များက ရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ သူမသည် မည်သည့်အားကိုမှ မထည့်သွင်းသည့်ပုံပင်။ လုရီ၏ ခန္ဓာကိုယ်၌ မည်သည့်ဒဏ်ရာမှ ပေါ်မလာပေ။ သူမ၏ ဦးခေါင်းတစ်ခုလုံးသည် ပေါက်ထွက်ပြီး သေဆုံးသွားခဲ့ပြီ ဖြစ်၏။ မည်သည့် အော်ဟစ်သံ၊ မည်သည့် နာကျင်မှု၊ မည်သည့် အရာကိုမှ မခံစားလိုက်ရဘဲ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
လူပေါင်းများစွာတို့သည် ချောင်ယောင်းအာကို နားမလည်ခဲ့ကြချေ။ သူမသည် အမျိုးသမီးများကို မသတ်ဖြတ်ဟု ထင်မှတ်ခဲ့ကြ၏။ မှန်ပေ၏။ သူမသည် မိန်းကလေးပေါင်း မြောက်များစွာကို ကယ်တင်ခဲ့ပြီး သူမ၏ ရဲတိုက်ကြီးဆီသို့ ခေါ်ဆောင်ကာဖြင့် အမိုးအကာ နှင့် အစားအစာရအောင် ဖန်တီးပေးခဲ့၏။ သို့ပေမည့် ထိုအရာသည် အမျိုးသမီးများအပေါ် ခံစားချက် ရှိနေခြင်းကြောင့် မဟုတ်ချေ။
တစ်စုံတစ်ယောက်သည် သူမကို သစ္စာဖောက်ခဲ့သည်ဆိုပါက ကျိန်းသေပေါက် သတ်ဖြတ်ပစ်ရပေလိမ့်မည်။
ချောင်ယောင်းအာက လက်ကို ယမ်းခါပြလိုက်၏။
အမျိုးသမီး စစ်သည်နှစ်ယောက်တို့သည် လုရီကို အပြင်ဘက်သို့ ဆွဲထုတ်သွားသည်။