← Chapters

အပိုင်း (၂၁၁)

Vol. 16 Ch. 211

အပိုင်း (၂၁၁)

Vol. 16 Ch. 211

ရှမ့်လန်နှင့် ရှစ်ချင်းချင်းတို့သာလျှင် အခန်းထဲတွင် ကျန်ရှိခဲ့၏။

အခြေအနေတစ်ခုလုံးသည် ကြောင်တောင်တောင်နှင့် ဖြစ်သည်။ ဘာဆက်ပြောရမည်မှန်း မသိချေ။ ရှမ့်လန်သည် မိန်းမအဝတ်အစားများနှင့် ဖြစ်ပြီး ဘေးတစ်ဖက်တွင် ရှစ်ချင်းချင်းက ရပ်နေသည်။

“ရှင်းပြစရာ မလိုဘူး။ ကျွန်မ ဘာကိုမှ မကြားချင်ဘူး”

ချောင်ယောင်းအာသည် လက်ကို မြှောက်လိုက်၏။ “ရှင်တို့ ဘယ်သူလဲဆိုတာ ဂရုမစိုက်ဘူး။ ပြီးတော့ ဘာကြောင့် ဒီကိုလာတာလဲ ဂရုမစိုက်ဘူး။ ဘာကိုမှလည်း စိတ်မဝင်စားဘူး”

ပြီးနောက် သူမသည် ရှမ့်လန်ကို ကြည့်ရှုလိုက်သည်။ “အနောက်အရပ်သို့ ခရီးသွားခြင်းက ရှင်ရေးခဲ့တာ မဟုတ်လား”

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ “အင်း”

“အရမ်း ... ကောင်းတယ်” ချောင်ယောင်းအာက ပြောလိုက်၏။ ပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် အခန်းထဲ ဝင်ရောက်သွားခဲ့သည်။

သေတ္တာတစ်ခုကို ထုတ်ယူလာပြီး ရှမ့်လန်၏ အရှေ့တွင် ချလိုက်၏။ သေတ္တာကို ဖွင့်လိုက်သည့်အချိန်မှာတော့ ရွှေဒင်္ဂါးများ အပြည့်နှင့်ပင်။

ဒီ ရွှေဒင်္ဂါးတွေကို ယူပြီးထွက်သွားတော့”

ရှမ့်လန်သည် မပြောဘဲ မနေနိုင်တော့ချေ။ “ဒါတွေကို ကျုပ်အတွက် နစ်နာကြေးလို့ သတ်မှတ်တာလား”

ချောင်ယောင်းအာက ကြောင်သွားခဲ့၏။

“မနေ့ကညက တကယ့်ကို ကောင်းတယ်။ ဒါပေမဲ့ ဆေးကြောင့်ဖြစ်ခဲ့တာလေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင့်ကို ယောက်ျားပြည့်တန်ဆာလို့ သုံးနှုန်းလို့ မဖြစ်ဘူး”

“ချီးတဲ့မှ”

ပြီးနောက် ချောင်ယောင်းအာသည် ရှစ်ချင်းချင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ရှင်က ဒီကိစ္စထဲမှာ ပါဝင်တယ်။ ဒါပေမဲ့ ရှင်လည်း သွားတော့”

ရှစ်ချင်းချင်း၏ အမူအရာ ပြောင်းလဲသွား၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွား၏။

ချောင်ယောင်းအာက ပြောလိုက်သည်။ “ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်၊ ရှင့်ရဲ့ ဇာတ်လမ်း၊ ရှင် ဘာလုပ်ချင်တာပဲ ဖြစ်ဖြစ်၊ ရှင် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ အခု ကျွန်မ ဘေးနားကနေ သွားတော့။ ကျွန်မ ရှင့်ကို ထပ်ပြီး မမြင်ချင်တော့ဘူး”

မည်သို့ ဖြစ်မည်နည်း။ ချောင်ယောင်းအာသည် နုရှောင့်မြို့ကိုသိမ်းဆည်းနိုင်ရန်အတွက် အဓိကသော့ချက် ဖြစ်၏။ ရှမ့်လန် ထွက်သွားနိုင်၏။ သို့ပေမည့် ရှစ်ချင်းချင်းကတော့ နေခဲ့ရပေလိမ့်မည်။ ဟုတ်ပေ၏။ ရှစ်ချင်းချင်းက နေခဲ့ရပေမည်။

ချောင်ယောင်းအာသည် နုရှောင့်မြို့ကို သိမ်းဆည်းမည့် မဟာဗျူဟာအတွက် အရေးကြီးသည့် အစိတ်အပိုင်းအဖြစ် တည်ရှိနေသည့် လူတစ်ယောက် ဖြစ်သောကြောင့်ပင်။ ဝမ်ကျားကျွန်း၌ ဖျက်ဆီး၍ မရနိုင်လောက်သော ပိုက်ကွန်ကြီးကို ဖြန့်ကျက်ထားခဲ့ပြီးသားဖြစ်၏။ နုရှောင့်မြို့၏ မဟာဗျူဟာသည်သာ မအောင်မြင်ပါက ရွှမ်ဝူအိမ်တော်သည် ဖျက်ဆီးခံရခြင်းကို ရင်ဆိုင်ရပေဦးမည်။

ရှမ့်လန်သည် စိတ်ထဲတွင် လျင်လျင်မြန်မြန် အလုပ်လုပ်နေမိ၏။ ပြီးနောက် သူ့၏ ရှေ့တွင်ရှိနေသည့် ပြဿနာများကို စတင်ကာ ဖြေရှင်းရန် ကြိုးစား၏။

ဤအချိန်မှာပဲ ရှစ်ချင်းချင်းက ရုတ်တရက် ဒူးထောက်ထိုင်ချကာဖြင့် ငိုယိုလိုက်သည်။ “သခင်မလေး.. ကျွန်မကို နှင်မထုတ်ပါနဲ့။ ကျွန်မ ဒီမှာ နေချင်ပါတယ်။ ကျွန်မ အဖေအတွက် လက်စားချေချင်တယ်။ ကျွန်မရဲ့ မိသားစု အတွက် ကျွန်မ လက်စားချေချင်တယ်။ ကျန်းကျင်း... ကျန်းကျင်းက ကျွန်မ မိသားစု တစ်ခုလုံးကို သတ်ခဲ့တယ်။

ပြီးတော့ ကျွန်မရှေ့မှာရှိတဲ့လူ ရှမ့်လန်လို့ ခေါ်တယ်။ သူက တကယ့်ကို မကောင်းတဲ့ လူတစ်ယောက်ပဲ။ လက်စားချေဖို့ကူညီပေးမယ်ဆိုလို့ ကျွန်မ သူနဲ့ ပူးပေါင်းခဲ့တာ။ ဒါပေမဲ့ ကျွန်မတို့ကလည်း သေမျိုးရန်သူတွေပဲ။ ကျွန်မရဲ့ မိသားစုတစ်ခုလုံးကို ဖျက်ဆီးပြီး ကျွန်မ မိသားစုရဲ့ စီးပွားရေးကို ပျက်စီးအောင်လုပ်ခဲ့တာ သူပဲ”

သူက တကယ့်ကို ဆိုးယုတ်တဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုပေမဲ့ ဉာဏ်နီဉာဏ်နက်များတယ်။ သူ ကျွန်မကို သခင်မလေးဘေးနား ပို့လိုက်တာပါ။ သခင်မလေးက မိန်းမတွေကို ကြိုက်နှစ်သက်မယ်လို့ သူ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်မကို ဆွဲဆောင်စေဖို့ သွားခိုင်းခဲ့တာ။ ဒါပေမဲ့ ကျွန်မ သခင်မလေးကို မဆွဲဆောင်နိုင်ခဲ့ပါဘူး။ မအောင်မြင်ခဲ့ပါဘူး။

သခင်မလေးက ကျွန်မရဲ့ စံပြပုဂ္ဂိုလ်၊ ကျွန်မရဲ့ နတ်သမီးပါပဲ။ သခင်မလေးအတွက် ကျွန်မ ဘာမဆို အားလုံးကို လုပ်ပေးပါ့မယ်။ အရာအားလုံးကို သည်းခံနိုင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို မောင်းမထုတ်ပါနဲ့။ ရှမ့်လန်က အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ပါ။ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ရဲ့ ဘေးဆီ ကျွန်မကို ပြန်စေချင်တာလား။ ကျွန်မ ဆိုးဆိုးရွားရွား သေဆုံးသွားနိုင်တယ်။

တကယ်လို့ သခင်မလေးသာ ကျွန်မကို နှင်ထုတ်မယ်ဆိုရင် ကျွန်မကိုယ်ကျွန်မ သတ်သေပစ်မှာပဲ။ ကျွန်မ သူ့နားမှာ မနေချင်ဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေမှ ဘဝသစ်တစ်ခုကို ရနိုင်တော့မှာပေါ့။ မှောင်မိုက်တဲ့ နေ့ရက်တွေထဲကို ပြန်သွားရထက်စာရင် သေလိုက်တာ ပိုကောင်းလိမ့်မယ်”

ပြီးနောက် သူမသည် စားပွဲတစ်လုံး၏ ထောင့်ဆီသို့ ဦးခေါင်းနှင့် ပြေးကာဆောင့်လေ၏။

ဟုတ်ပေ၏။ ရှစ်ချင်းချင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေရာ၌ မအောင်မြင်ခဲ့ချေ။ ချောင်ယောင်းအာသည် ထူးထူးခြားခြားပင် ထကာ တားဆီးခြင်းမရှိချေ။ လက်ကိုသာ အသာ ဝှေ့ယမ်းလိုက်သည်။

ရှစ်ချင်းချင်းသည် လေနံရံတစ်ခုနှင့် ပြေးတိုက်လိုက်သကဲ့သို့ပင် အနောက်ဘက်သို့ ပြန်လည်ကာ လွင့်စင်သွားခဲ့၏။

“တပ်မှူး... ရှမ့်လန်က ကျွန်မရဲ့ ယောကျ်ားဟောင်းပါ။ ကျန်းကျင်းကတော့ ကျွန်မရဲ့ စေ့စပ်ထားတဲ့ ယောကျ်ားပါ။ ဒါပေမဲ့ ဒီနှစ်ယောက်လုံးက ကျွန်မကို ဒုက္ခရောက်အောင် ပြုလုပ်ခဲ့တယ်။ ကျွန်မရဲ့ မိသားစု တစ်ခုလုံးကို ဖျက်ဆီးခဲ့တယ်။ ကျွန်မတို့ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကိုလည်း ဖျက်ဆီးခဲ့ကြတယ်။

ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲ။ ဒါ့ကြောင့် ကျွန်မ ရှမ့်လန်နဲ့ ပူးပေါင်းအလုပ်လုပ်ဖို့ ရွေးချယ်ခဲ့တာပါ။ ဒါတွေအားလုံးက လက်စားချေဖို့အတွက်ပါ။ ဒါပေမဲ့ ရှမ့်လန်အပေါ်မှာထားတဲ့ ကျွန်မရဲ့ မုန်းတီးခြင်းကတော့ ကျန်းကျင်းရဲ့နောက် ဒုတိယနေရာမှာ ရှိပါတယ်။

ကျန်းချွင်းဟွာ ရှင့်ကို လာပြီးတွေ့တယ်ဆိုမှတော့ တပ်မှူး.. ကျိန်းသေပေါ့ ကျန်းချုံးက အကြံအစည် တစ်ခုခုကို စီစဉ်ထားတာပဲ ဖြစ်လိမ့်မယ်”

ချောင်ယောင်းအာက တိတ်ဆိတ်စွာပင် ထိုင်လျက်ရှိသည်။

ရှစ်ချင်းချင်းက ဒူးထောက်လိုက်၏။ “တပ်မှူး.. ကျွန်မရဲ့ရှေ့မှာရှိနေတာ ရှမ့်လန်ပဲ။ သူက ကျွန်မကို ကူညီပြီး လက်စားမချေပေးနိုင်တော့ဘူး။”

ချောင်ယောင်းအာက ပြောလိုက်သည်။ “အစောင့်တွေ”

အမျိုးသမီးစစ်သည်များသည် အထဲသို့ လျှောက်ဝင်လာခဲ့၏။

“သူ့ကို မိန်းကလေးတစ်ယောက်လို သပ်သပ်ရပ်ရပ် လဲလှယ်ဝတ်ခိုင်းလိုက်။ သူက မိန်းမလိုဝတ်ရတာ ကြိုက်တယ်။ ဒီတော့ သူ့ကို လှလှပပ ဝတ်ခိုင်းလိုက်။ ပြီးတော့ နုရှောင့်မြို့ကနေရင် ထွက်သွားခိုင်း။ လေ့ကျိုးကျွန်းစုတစ်ခုလုံးဆီ မလာစေနဲ့တော့”

ချောင်ယောင်းအာက အမိန့်ပေးလိုက်သည်။ “ဒီနေ့ကစပြီး သူဒီကျွန်းပေါ်ကို ခြေတစ်လှမ်း လှမ်းဖို့တောင် အခွင့်အရေးမရှိတော့ဘူး”

“ကောင်းပါပြီ”

အမျိုးသမီးစစ်သည်များသည် အထဲသို့ လျှောက်ဝင်လာပြီး ရှမ့်လန်၏ လက်မောင်းကို ဆွဲလိုက်၏။

“နေအုံး”

ရှမ့်လန်က ပြောလိုက်သည်။ “နေအုံး။ အနည်းဆုံး ကျုပ် ရေတော့ချိုးလိုက်အုံးမယ်”

ပြီးနောက် ရှမ့်လန်က ပြောလိုက်၏။ “မိန်းကလေး ချောင်ယောင်းအာ.. ဘာလို့ ထွက်မသွားသေးတာလဲ။ ဘာ့ကြောင့် ခင်ဗျား ... ခင်ဗျားဆရာရဲ့ နောက်ကိုလိုက်ပြီး လောကကြီးအနှံ့ လှည့်လည်မသွားတာလဲ။ ပင်လယ်ပြင်ရဲ့ အခြားတစ်ဖက်ကို ကြည့်ရှုဖို့ ဒါမှမဟုတ် သီးခြားလောကကြီးတစ်ခုကို မြင်ရဖို့”

ချောင်ယောင်းအာက ပြန်မဖြေခဲ့ချေ။ ရှင်းလင်းစွာပင် ရှမ့်လန်သည် ကျိန်းသေပေါက် သူမရဲ့ နှလုံးသားထဲတွင် အပြင်လူတစ်ယောက် ဖြစ်၏။ သူမသည် ဤကိစ္စများနှင့် ပတ်သက်၍ ကျူးဟုန်ရွှဲ့နှင့် ဆွေးနွေးခဲ့ဖူး၏။ ထို့အပြင် ရှစ်ချင်းချင်းနှင့်လည်း ဆွေးနွေးခဲ့ဖူး၏။ သို့သော်ငြား ရှမ့်လန်နှင့် ဆွေးနွေးခြင်းကိုတော့ မပြုလုပ်နိုင်ချေ။

သူမတို့သည် တစ်ညတာ အတူတူ အိပ်စက်ခဲ့ပြီးဖြစ်သောကြောင့် လောကထဲတွင် အရင်းနှီးဆုံးလူများ ဖြစ်လာခဲ့၏။ သို့ပေမည့် ထိုကဲ့သို့ ရင်းနှီးခြင်းဆိုသည်မှာ လူအပေါ်တွင် မူတည်လျက် ရှိနေသေး၏။

ဥပမာအားဖြင့် ချောင်ယောင်းအာသည် အသည်းနှလုံးမာကျောသည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် အကြိမ် ၁၀၀ လောက် သူမနှင့်အတူတူ အိပ်စက်ခဲ့သည့် လူတစ်ယောက် ဖြစ်ခဲ့သည်ဆိုလျှင်တောင်မှ နှလုံးသားထဲ ထည့်သွင်းလိမ့်မည် မဟုတ်ချေ။ သူမအနေနှင့် ယောက်ျားတစ်ယောက်၏ ထိတွေ့ခြင်းကို နှစ်သက်သူ တစ်ယောက် မဟုတ်သောကြောင့်ပင်။

လွန်ခဲ့သည့်ညကဖြစ်ခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ သူမ စိတ်ထဲမရှိချေ။ သူမ၏ အပျိုဘဝ ဆုံးရှုံးသွားသည်ဆိုခြင်းကိုလည်း စိတ်ထဲထားလိမ့်မည် မဟုတ်ချေ။ ကျိန်းသေပေါက် ဂရုမစိုက်သည့် လူတစ်ယောက်ပင် ဖြစ်၏။ အလွန်အကျွံ အရက်မူးပြီး တစ်စုံတစ်ယောက်နှင့် တညတာ ပျော်ပါးလိုက်ရသည့် ပုံစံမျိုးကဲ့သို့ပင်။ မည်သည့်မေတ္တာတရားမှ မရှိချေ။

“အင်း.. ရှင် ကျွန်မကို စကားနည်းနည်းလောက် ပြောချင်တယ်ဆိုလရင်လည်း ပြောလေ”

ချောင်ယောင်းအာက ပြောလိုက်၏။ “ရှင် ကျွန်မကို ကောင်းကောင်း ဆက်ဆံခဲ့တယ်။ ပြီးတော့ ဆေးလည်း ကုသပေးခဲ့တယ်။ ဒါ့ကြောင့် ကျေးဇူးတင်ပါတယ်။ ဒီတော့ ရှင် မိန်းမတစ်ယောက်လို ဟန်ဆောင်ပြီး ကျွန်မဘေးနား ရောက်လာခဲ့တယ် ဆိုရင်တောင်မှ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးထားမယ်။

လွန်ခဲ့တဲ့ညက ကျွန်မ... ရှင် နဲ့ အိပ်ခဲ့တယ်။ ဒါက အရမ်းကို ဆိုးဝါးခဲ့တယ်။ ရှင့်ကို ထိခိုက်နာကျင်စေတဲ့ အတွက်လည်း ကျွန်မ တောင်းပန်တယ်” ချောင်ယောင်းအာက ဆက်ပြောလိုက်၏။

တကယ်တော့ တောင်းပန်ရန် မလိုချေ။ နာကျင်သည့် ကိစ္စရပ်များ ဖြစ်ခဲ့သည်ဆိုလျှင်တောင်မှ သွေးသားတောင့်တမှုနှင့် သာယာမှုက ပိုတောင်ပိုပေဦးမည်။ သူသည် သူမနှင့် အကြိမ်ပေါင်း များစွာ ဆက်ဆံခဲ့သည် မဟုတ်ပါလား။

“အင်း.. ဒီ ရွှေသေတ္တာက ရှင် ပေးဆပ်ခဲ့ရတဲ့အကြိမ်ရေအတွက် လျော်ကြေးပဲ။ ရှင်က ကျွန်မကို ကယ်တင်ခဲ့တယ်။ ဒီတော့ အကြွေးရှိသေးတယ် မဟုတ်လား။ တစ်စုံတစ်ခု လိုအပ်လာပြီဆိုရင် တစ်စုံတစ်ယောက်ကို စေလွှတ်ပြီးတော့ ကျွန်မကို ပြောခိုင်းလိုက်။ ဒါပေမဲ့ နုရှောင့်မြို့နဲ့ ပတ်သက်တဲ့ တခြားရည်ရွယ်ချက် တစ်ခုခု ရှိတယ်ဆိုရင် စိတ်ထဲက ဖယ်လိုက်ပါတော့။

“လွန်ခဲ့တဲ့ နှစ် ၂၀တုန်းက ကျွန်မ ပင်လယ်ပြင်ထဲ မျောနေခဲ့တာ။ မွေးစားအဖေသာ မကယ်တင်ခဲ့ဘူးဆိုရင် ကျွန်မ သေခဲ့တာ ကြာပြီ။ ငါးကြီးတွေရဲ့ ဗိုက်ထဲကို ရောက်ပြီး သေဆုံးသွားခဲ့လိမ့်မယ်။ ဒါ့ကြောင့် ကျွန်မ မွေးစားအဖေကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။ သွားတော့။ နုရှောင့်မြို့ကို ဘယ်တော့မှ နောက်ထပ် ခြေမလှမ်းနဲ့တော့” ပြီးနောက် ချောင်ယောင်းအာက ထွက်ခွာသွားခဲ့၏။

ရှစ်ချင်းချင်းသည်လည်း အလျင်အမြန်ပင် လိုက်ပါသွားခဲ့သည်။

.........

ရှမ့်လန်သည် အလွန်အမင်း နာကျင်သည့် ခံစားချက်များကို အောင့်အီးသည်းခံကာဖြင့် ရေချိုးကန်ထဲသို့ဝင်ကာ သေသေချာချာ ရေချိုး၏။ ဤအရာသည် တကယ့်ကို စပ်ဖျဉ်းဖျဉ်းနှင့် ခံစားရ၏။ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လျက်ရှိနေ၏။ မျက်လုံးကို မှိတ်၊ ရေချိုးကန်ထဲတွင် အသာလှဲလျောင်းပြီးသည့်နောက် နာကျင်မှုများ၊ အောင်မြင်မှုများ၊ ဆုံးရှုံးမှုများ အရာအားလုံးကို ပြန်လည်ကာ တွေးတောဆင်ခြင်နေမိ၏။

သူ၏ နုရှောင့်မြို့ဆီသို့ လာခဲ့သည့် အစီအစဉ်က အောင်မြင်သွားခဲ့လေသလား။ ဘာဖြစ်မှန်း သူပင် မသိရှိချေ။ အရာအားလုံးသည် လျင်လျင်မြန်မြန် ပြောင်းလဲသွားခဲ့သောကြောင့်ပင်။

‘သောက်သလွဲ အမွှေးတိုင်၊ သောက်သလွဲ ချောင်ရှောင်း’

လွန်ခဲ့သည့်ညက ရူးသွပ်မှုကြောင့်သာ မဟုတ်ပါက ရှမ့်လန်၏ သရုပ်ဆောင်မှုသည် ပေါ်ပေါက်သွားလိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် မည်သည့်ပြဿနာမှရှိလိမ့်မည် မဟုတ်ပေ။

သို့ပေမည့် အစီအစဉ် ကျရှုံးသည်ဟု ပြောရမည်ဆိုလျှင်လည်း မကျရှုံးသေးချေ။ အဘယ့်ကြောင့်ဆိုသော် ရှစ်ချင်းချင်းသည် ချောင်ယောင်းအာ၏ ဘေးတစ်ဖက်တွင် နေထိုင်နေရဆဲပင်။

ဤမိန်းကလေးသည် အနည်းငယ် ရင့်ကျက်လာခဲ့ပြီ ဖြစ်၏။ သူမ၏ စကားလုံးများသည် ၉၀ ရာခိုင်နှုန်း မှန်ကန်ပြီး ၁၀ ရာခိုင်နှုန်းမှာ အမှားဖြစ်၏။ သူ၏ဗျူဟာထဲတွင် ရှစ်ချင်းချင်း၏လုပ်ရပ်များကို ထည့်သွင်း စဉ်းစားရပေမည်လား။ ရှမ့်လန်က သူမကို လုံးဝဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူမသည် စိတ်ထဲတွင် စိုးရိမ်ပူပန်လျက် ရှိနေလိမ့်မည်။

ပထမဦးဆုံး ချောင်ယောင်းအာသည် အကြင်နာကင်းမဲ့သည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် သူမအတွက် လက်စားချေပေးလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ရှမ့်လန်ကတော့ ပြုလုပ်ပေးနိုင်၏။ ဒုတိယအားဖြင့် လွန်ခဲ့သည့်ညက အမှတ်မထင် ကိစ္စရပ်များပြီးသည့်နောက် ရှစ်ချင်းချင်း၏ ခံစားချက်များသည် ရှမ့်လန်အပေါ် အနည်းငယ် ထူးဆန်းလာခဲ့၏။ ပိုမိုကာ အားကိုးလာသည့်ပုံပင်။

သို့ပေမည့် ချောင်ယောင်းအာနှင့် ပတ်သက်သည့် သူမ၏ ခံစားချက်များကလည်း အလွန့်အလွန်ကို ထူးဆန်းလွန်း၏။ သူမ၏ ချောင်ယောင်းအာအပေါ် ဆက်ဆံမှု၊ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားမှုများမှာ အစစ်အမှန် ဖြစ်၏။ ချောင်ယောင်းအာသည် တောက်ပသည့် နတ်မိမယ်တစ်ပါးဖြစ်ပြီး ရှစ်ချင်းချင်း၏ နှလုံးသားတစ်ခုလုံးကို အမှောင်ထဲမှ ထွက်နိုင်ရန် လမ်းပြကူညီခဲ့၏။

အကယ်၍ တစ်ရက်ရက် ရှမ့်လန်နှင့် ချောင်ယောင်းအာ နှစ်ယောက်ထဲမှ တစ်ယောက်ကို ရွေးချယ်ရမည်ဆိုလျှင် ကျိန်းသေပေါက် သူမအတွက် ရွေးချယ်ရန် ခက်ခဲလှပေလိမ့်မည်။ ဆုံးဖြတ်ချက်ချရန်လည်း အလွန်ပင် ခက်ခဲမှာ သေချာ၏။ ရှမ့်လန်၏ ဘေးတစ်ဖက်တွင် နေထိုင်ရန် ရွေးချယ်မည်လား။

သို့ပေမည့် ကံကောင်းစွာဖြင့် ရှမ့်လန်သည် လှည့်ကွက်တစ်ခုကို ဖန်တီးခဲ့ပြီး ဖြစ်၏။ ထိုအရာသည် မထင်မှတ်ထားဘဲ သူ ရှာဖွေတွေ့ရှိခဲ့သည့် နောက်ထပ်ဝှက်ဖဲတစ်ခု ဖြစ်၏။ အရေးအကြောင်း အခြေအနေမျိုးတွင် ထိုအရာကို အသုံးပြုသည်ဆိုပါက သူသည် ချောင်ယောင်းအာကို တစ်ချက်တည်း သတ်ဖြတ်ပစ်နိုင်၏။

ထို့ကြောင့် သူ နုရှောင့်မြို့ဆီသို့ လာခဲ့သည့်ခရီးစဉ်မှာ အောင်မြင်ခဲ့သည်ဟု သတ်မှတ်ရမှာ ဖြစ်၏။ အနာဂတ်တွင် နုရှောင့်မြို့ကို အောင်မြင်စွာသိမ်းယူနိုင်ဖို့နှင့် ပတ်သက်ပြီး ရှမ့်လန်သည် ယုံကြည်ချက် ပိုမိုကာ ရရှိခဲ့၏။ ထိုသို့ လုပ်နိုင်ရန်လည်း သူ စိတ်ဆုံးဖြတ်ချက်ချပြီး ဖြစ်၏။ ဤခရီးစဉ်တွင် မတော်တဆကိစ္စရပ်များ ဖြစ်ခဲ့သည်ဆိုလျှင်တောင်မှ ထိုအရာက ဆုလာဘ်အဖြစ် သုံးသပ်၍ရသည်။

ဟုတ်ပေ၏။ ချောင်ယောင်းအာနှင့် အိပ်စက်ခဲ့ခြင်းသည် ဆုလာဘ်ဟု သတ်မှတ်နိုင်မည် မဟုတ်ချေ။

ချောင်ယောင်းအာသည် လောကကြီး၏ ထိပ်တန်းအလှမယ်များထဲမှ တစ်ယောက် ဖြစ်၏။ သူမသည် လောကကြီးထဲတွင် အကောင်းမွန်ဆုံးသော မိန်းမတစ်ယောက်ဖြစ်၏။ သူမ ကဲ့သို့သော မိန်းကလေးမျိုးကို ပြင်ပလောကကြီးတွင် ရှာဖွေတွေ့ရှိဖို့ ဆိုသည်မှာ မလွယ်လှချေ။

သို့ပေမည့် သူ၏မိန်းမ မူလန်က ပိုမိုကာ လှပ၏။ ခန္ဓာကိုယ် အသွင်အပြင်၊ အမူအရာတွင် မူလန်သည် ချောင်ယောင်းအာပင် နှိုင်းယှဉ်၍ရသည့် မိန်းကလေးမျိုး မဟုတ်ချေ။ မူလန်သည် ပိုမိုကာ နူးညံ့သည်။ မည်သူ့မှ နှိုင်းယှဉ်၍ မရနိုင်သည့် သူ၏ နတ်သမီးပင် ဖြစ်၏။

အသားအရေအရ ဆိုလျှင်လည်း မူလန်သည် ဖြူဖွေးပြီး ချောမွေ့လျက်ရှိနေ၏။ နူးညံ့လွန်း၏။ ခြေတံများ၊ ခန္ဓာကိုယ် အသွင်အပြင်၊ တင်၊ ခါး၊ အရာအားလုံးတို့သည် ကောင်းကင်ပေါ်မှာ ပန်းပုထုလုပ်ပြီး ပစ်ချလိုက်သည့် နတ်သမီးတစ်ပါးကဲ့သို့ပင် ဖြစ်၏။ ချောင်ယောင်းအာသည် တကယ့်ကို ပြိုင်စံရှားဖြစ်၏။ သို့ပေမည့် မူလန်က ပိုမိုကာ လှပ၏။

ရှမ့်လန်သည် ပါရမီရှင် တဏှာရူးတစ်ယောက် ဖြစ်သည်မှာ အမှန်ပင်။ သွားရာနေရာတိုင်းတွင် မိန်းကလေးများ နှင့် ဆော့ကစားရသည်ကို နှစ်သက်သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ကောင်းကင်ပင်လယ် နန်းဆောင်ဆီသို့ သွားသည့်အချိန်မျိုးတွင်ပင် ငြိမ်ငြိမ်မနေခဲ့ချေ။

သို့ပေမည့် သူသည် သူ၏ပထမဦးဆုံး အကြိမ်အား မူလန်ကိုသာလျှင် ပေးချင်၏။

ဤအတောအတွင်း သူ လှပသည့် မိန်းကလေးများနှင့် ကြုံတွေ့ခဲ့သည်ဆိုလျှင်တောင်မှ သူသည် ထိုမိန်းကလေးများနှင့်အတူ အိပ်စက်ခဲ့ခြင်း မရှိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် မူလန်သည် သူ့ကို ကတိပေးခဲ့၏။ သူ့ကို အသက်ရှင်လျက် စားသောက်ပစ်မည်ဟု သူမက ကြိမ်းဝါးထားခဲ့သည်။

ရက်အနည်းငယ်အတွင်း ရှမ့်လန်သည် သူ့ကိုယ်သူ သန့်စင်အောင် ထိန်းသိမ်းထားပြီး မူလန်၏အစားကိုခံရန် စဉ်းစားထားခဲ့၏။ ထို့အပြင် သူ့အတွက် ဤအရာက ပထမဦးဆုံးအကြိမ် ဖြစ်သလို မူလန်အတွက်လည်း ပထမဦးဆုံး အကြိမ်ဖြစ်၏။ မည်မျှ လိုက်ဖက်ညီလေမည်နည်း။ မူလန်သည် ထိုအရာကို တန်ဖိုးထားသည်ဆိုသလို ရှမ့်လန်ကလည်း တန်ဖိုးထား၏။ သို့ပေမည့် ကြည့်ရှုရသည်မှာ အရာအားလုံးက ပျက်စီးသွားခဲ့ပြီး ဖြစ်၏။ ပြန်လည် ပြင်ဆင်ပြောင်းလဲ၍လည်း မရချေ။

ဆရာရှမ့်၏ ပထမဦးဆုံးအကြိမ်အား တစ်စုံတစ်ယောက်က ယူဆောင်သွားခဲ့ပြီ ဖြစ်၏။ သို့ပေမည့် ဝမ်းနည်းဆွေးမြေ့နေ၍ မဖြစ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ယောက်ျားတစ်ယောက်ဖြစ်၏။

သို့သော်ငြား မူလန်၏ အပြစ်ကင်းစင်ပြီး လှပသည့် မျက်လုံးများကို မြင်ယောင်ပြီးနောက် ရှမ့်လန်သည် မည်သို့မှ မနေနိုင်တော့ချေ။ စိတ်ထိခိုက်မှုကို ခံစားနေရသည်။

မူလန်သည် အပြစ်ကင်းစင်လွန်း၏။ သို့ပေမည့် မူလန်သည် တကယ့်ကို လေးနက်လွန်း၏။ သူမ... သူမ သူ့ကို မသတ်ပစ်လောက်ဘူး မဟုတ်လား။ အကယ်၍ ဤအခြေအနေကို သိရှိသည်ဆိုပါက သူ့ကို ဘာလုပ်မည်နည်း။

ရှမ့်လန်သည် နုရှောင့်မြို့ထဲမှ ထွက်ခွာသွားခဲ့၏။ အမျိုးသမီးစစ်သည်ငါးယောက်တို့၏ စောင့်ကြပ်မှု အောက်မှာပဲ သူသည် ရွက်သင်္ဘောနှင့် ခရီးနှင်ကာ ပြန်ခဲ့၏။

ဟုတ်ပေ၏။ သူသည် အမျိုးသမီးဝတ်စုံများကို ဝတ်ဆင်ထားခဲ့၏။ သို့ပေမည့် ဤအချိန်မှာတော့ ရှမ့်လန်သည် အလာတုန်းကလို မလှပတော့ချေ။ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်မျာ၊ ကုတ်ရာခြစ်ရာကိုက်ရာများနှင့် ပြည့်နှက်လျက်ရှိနေ၏။ သူ၏ ခြေလှမ်းများကလည်း ယိုင်တိယိုင်တိုင်နှင့်ပင်။ လူသန်ကြီး ၁၀၀ လောက်က ဝိုင်းဝန်းကာ အဓမ္မပြုကျင့်ထားသည့် လူတစ်ယောက်ကဲ့သို့ပင်။

All Chapters