အပိုင်း (၂၁၂)
Vol. 16 Ch. 212
“သခင်မက ပြောလိုက်တယ်။ အခုကနေစပြီး ကျွန်းပေါ်ကို နောက်ထပ် ဘယ်တော့မှ ခြေမလှမ်းနဲ့တဲ့”
သူသည် မည်သည့်စကားကိုမှ ထပ်ကာ မဆိုချေ။ အချို့သော စကားလုံးများသည် မပြောခြင်းကသာလျှင် ခြိမ်းခြောက်ခြင်း ဖြစ်၏။ ရွက်သင်္ဘောထဲသို့ ဝင်ရောက်ပြီးနောက် ရှမ့်လန်က အိပ်ရာပေါ်တွင် လှဲလျောင်းလိုက်၏။
“အား... အား”
ရှမ့်လန်သည် နာကျင်စွာဖြင့် အော်ဟစ်လျက်ရှိ၏။ ခန္ဓာကိုယ်တစ်ခုလုံးအား လိမ်းဆေးဆီများဖြင့် လိမ်းကျံနေ၏။ တကယ့်ကို နာကျင်ဖွယ်ရာ ခံစားချက်များကို ရရှိနေသည်။
ဟွမ်ဖန်၏ မျက်နှာသည် ခံစားချက်ကင်းမဲ့စွာဖြင့် ရှိ၏။ သူမ၏ မျက်လုံးများတွင် အထင်သေးမှုများနှင့် ပြည့်နှက်လျက် ရှိ၏။
“အကယ်၍ မင်း ရယ်ခဲ့မယ်ဆိုရင် ငါ မင်းကို မုဒိန်းကျင့်မယ်”
ရှမ့်လန်က ကြမ်းကြမ်းတမ်းတမ်းပင် ဟိန်းဟောက်လိုက်သည်။ “ဒါတွေအားလုံး မင်းရဲ့အပြစ်ပဲ။ မင်းသာ လုံလောက်အောင် ရုပ်ဆိုးနေမယ်ဆိုရင် ငါ အရေးအကြောင်း အခြေအနေမျိုးမှာ ဒီကိစ္စကို တလိုက်တာနဲ့ ချက်ချင်း ပျော့ခွေသွားနိုင်တယ်။ အခုတော့ မဟုတ်ဘူး”
ဟွမ်ဖန်သည် သူ့ကို လျစ်လျူရှုထား၏။ ယခင်ကကဲ့သို့ပင် သူမက ခပ်တည်တည်နှင့်ပင်။ သို့ပေမည့် ရှမ့်လန်သည် အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရ၏။ တကယ့်ကို ကြမ်းတမ်းလွန်းလှသည်။
.........
နောက်တစ်ရက်ကို ကျော်ဖြတ်ပြီး နောက်ထပ်နှစ်ရက် ကုန်လွန်သွားခဲ့ပြီးဖြစ်၏။ မူလန်သည် မစောင့် နိုင်တော့ချေ။ နှစ်ရက်လုံးလုံး သူမသည် အိမ်မှာ နေထိုင်ခဲ့သည်ဆိုလျှင်တောင်မှ အိပ်ရေးဝဝ အိပ်မပျော်ခဲ့ချေ။ လှဲလျောင်း၍ ခဏလောက် အိပ်စက်လိုက်သည့်အချိန်တိုင်း အိပ်မက်ဆိုးများ မြင်မက်ခဲ့၏။
အိပ်မက်သည် နှစ်ခုဖြစ်၏။ ပထမတစ်ခုသည် ရှမ့်လန်၏ မျက်နှာတွင် သွေးများ ဖုံးလွှမ်းလျက်ရှိနေပြီး ရှမ့်လန်က အော်ဟစ်နေသည်။
“မိန်းမ... ငါ ဆိုးဆိုးဝါးဝါး သေခဲ့တယ်။ ငါ ဆိုးဆိုးဝါးဝါး သေခဲ့တယ်”
ဒုတိယအမျိုးအစားမှာတော့ ရှမ့်လန်သည် မိန်းကလေးပေါင်း မြောက်မြားစွာတို့ကို ဖက်ကာဖြင့် ပျော်ရွှင်စွာဖြင့် အော်ဟစ်လျက်ရှိ၏။ “မူလန်... ငါ အိမ်ကို ပြန်မလာတော့ဘူး။ နောက်ထပ် သမက်တစ်ယောက်ကို ရှာလိုက်တော့။ ငါတို့ ကွဲကြရအောင်”
အဆုံးသတ်မှာတော့ ဤကဲ့သို့ တူညီသည့် အိပ်မက်ဆိုးများအား တစ်ခုပြီးတစ်ခု မက်ခဲ့သည်။ မူလန်သည် ထိုအကြောင်းအရာများကို တွေးတောလေလေ အဆင်မပြေသလို ခံစားရလေ ဖြစ်၏။ နောက်ဆုံးမှာတော့ သူမသည် မည်သို့မှ သည်းခံမနေနိုင်တော့ချေ။ ထို့ကြောင့် ရုပ်ဖျက်ပြီးသည့်နောက် ယန်ဝူစီရင်စု၏ ဆိပ်ကမ်းဆီသို့ အသော့နှင်သည်။
သူမသည် နုရှောင့်မြို့သို့ သွားချင်၏။ ဤအရာသည် ဦးနှောက်မသုံးသည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး ယောက်ျား၏ အစီအစဉ်တစ်ခုလုံး ပျက်ဆီးကောင်း ပျက်ဆီးသွားနိုင်သည်။ သို့ပေမည့် သူမ မည်သို့မှ မနေနိုင်တော့ချေ။ အလွန်အမင်း စိုးရိမ်ပူပန်မှုသည် သူမ၏ စိတ်တစ်ခုလုံးကို ခြောက်ခြားစေခဲ့၏။
ရှမ့်လန် ကြိုးနှင့်တုတ်ကာ ရိုက်နှက်ခံနေရသည့်မြင်ကွင်းသည် သူမ၏ မျက်လုံးထဲတွင် အထပ်ထပ် မြင်ယောင်လာမိသည်။
“ယောက်ျား... ကျေးဇူးပြုပြီး လုံလုံခြုံခြုံနဲ့ အသက်ရှင်နေထိုင်ပါ။ ယောက်ျား အသက်ရှင်ရမယ်”
မူလန်သည် အိပ်လည်းမအိပ် နားလည်းမနားချေ။ မြင်းပေါင်း မြောက်မြားစွာကို လဲလှယ်ပြီး ယန်ဝူစီရင်စုဆီသို့ တစ်ညအတွင်း ခရီးနှင်၏။ ပြီးနောက် သူမသည် နုရှောင့်မြို့သို့ ထွက်ခွာရန် ရွက်လှေတစ်စီးကို စောင့်မျှော်နေခဲ့၏။
..........
ဝမ်ကျားကျွန်း
ကျင်းကျိုးသည် လွန်စွာ အလုပ်များလျက်ရှိ၏။ နေ့စဉ်နေ့တိုင်းဆိုသလို စစ်သည်ပေါင်းမြောက်မြားစွာတို့ကို ဝမ်ကျားကျွန်းသို့ ပို့ဆောင်ခဲ့သည်။ ထို့အပြင် မိုင်းလုပ်သားများလည်း ပါဝင်၏။ သောက်ရေများ၊ အစားအစာ၊ အဝတ်အထည်၊ ဆေးပစ္စည်း အရာအားလုံးတို့သည် ဝမ်ကျားကျွန်းဆီသို့ တစ်ခုပြီးတစ်ခု တင်ပို့လျက်ရှိသည်။
ကျင်းမိသားစု၏ ရွက်လှေအားလုံးကို အသုံးပြုသည် သာမကချေ။ တခြားကြီးမားသည့် ရွက်လှေပေါင်း မြောက်မြားစွာတို့ကို ထပ်မံကာ ငှားရမ်းခဲ့၏။ ဤအချိန်မှာတော့ သူတို့သည် ကောင်းကင်တာအို အဖွဲ့အစည်း၏ မဟာမိတ်အဖွဲ့၏ အားအင်အဆင့်အတန်းကို ကောင်းကောင်း နားလည်ခဲ့ပြီ ဖြစ်၏။
ရွှမ်ဝူသည် တစ်စက်ကလေးမှ အကူအညီ တောင်းခံခဲ့ခြင်းမရှိချေ။ သို့ပေမည့် ဟွမ်တုံသည် အကောင်းဆုံး အရာများကို ပြင်ဆင်ပြီး ရွှမ်ဝူအိမ်တော်ဆီသို့ ဘယ်သူမှမသိအောင် တင်ပို့ ထောက်ပံ့ပေးလျက်ရှိနေ၏။ ပစ္စည်းအားလုံးသည် အသုံးဝင်မည့်အရာမျိုးများသာ ဖြစ်လို့နေသည်။
ဤအချိန်မှာတော့ တခြားသူများကို မဆိုနှင့် ကျင်းကျိုးပင်လျှင် ဝမ်ကျားကျွန်း၌ အခြေခံရဲတိုက်ကြီး တကယ် တည်ဆောက်နေသလို ခံစားလာမိ၏။ သူသည် အရာအားလုံး အဆုံးရှုံးခံပြီး ဝမ်ကျားကျွန်းကို ထိန်းချုပ်ချင်စိတ်ပင် ပေါက်လာ၏။ မည်မျှယုတ္တိရှိသနည်း ဆိုသော် ဝမ်ကျားကျွန်းတွင် ရွှေတွင်းရှိသည်ဟု ရွှမ်ဝူမြို့စားကြီး ကိုယ်တိုင်ပင် ထင်မှတ်လာသည် အထိပင်။
သူတို့အား စောင့်ကြည့်နေသည့် လူပေါင်းများစွာရှိသည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း ကျင်းမိသားစုသည် စစ်သည်ပေါင်း ၃၀၀၀ ကျော်၊ လုပ်သားပေါင်း ၅၀၀၀ ကျော်တို့ကို ဝမ်ကျားကျွန်းဆီသို့ ပို့ဆောင်ခဲ့၏။ ရွက်သင်္ဘာပေါင်းများစွာတို့ဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။
ထိုသို့ပြုလုပ်နိုင်ရန် အရင်းအမြစ် ပိုက်ဆံများကို မည်သည့်နေရာက ရရှိသနည်း။ တော်ဝင်မျိုးနွယ်များ ဖြစ်သည်ဆိုလျှင်တောင်မှ ဤမျှ များပြားသည့် ပိုက်ဆံများကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။ ကျိန်းသေပေါက် ဝမ်ကျားကျွန်း၌ ရွှေတွင်း ရှိနေသောကြောင့်သာလျှင် ဖြစ်ပေမည်။ အရည်အသွေး မြင့်မားလွန်းသည့် ရွှေတွင်းကြီးသည် အားလုံးသောသူတို့ စွဲမက်လောက်စရာ ကိစ္စရပ်မျိုး ဖြစ်လာခဲ့၏။
မဟုတ်ပါက ကျင်းမိသားစုသည် ဝမ်ကျားကျွန်းကို ခုခံကာကွယ်ရန် ဤမျှ အားစိုက်ထုတ်နေလိမ့်မည် မဟုတ်ပေ။ ထို့အပြင် စစ်သည်များတိုးချဲ့စုဆောင်းခြင်း။ လက်နက်၊ ရိက္ခာ ထောက်ပံ့ခြင်းတို့အတွက် ကျင်းမိသားစုသည် မည်သည့်နေရာက ပိုက်ဆံ ရသနည်း။ ကျိန်းသေပေါက် ရွှေတွင်းကြီးပင်။
ဤအချိန်မှာတော့ မြို့စားကြီးကျင်းကျိုးသည် နောက်ဆုံး စစ်တပ်ကြီးတစ်ခုကို ဦးဆောင်ကာဖြင့် လက်ရွေးစင် စစ်သည် ၁၀၀၀ ကျော်တို့အား ဝမ်ကျားကျွန်းဆီသို့ စေလွှတ်၏။ အချိန်အတိုင်းအတာအတွင်း မြို့စားကြီး ကျင်းကျိုးသည် ဝမ်ကျားကျွန်း၌ နေထိုင်ရန် စီစဉ်ထားသည်။ သူသည် ရွှေကျွန်းဇာတ်လမ်းတွဲကြီးကို ရိုက်ကူးရန်အတွက် သရုပ်ဆောင်နေခြင်းပင်။
“ယောက်ျား... လန်အာနဲ့ မူလန်တို့ ပြန်လာမှာကို ရှင် မစောင့်တော့ဘူးလား” စုဖေ့ဖေ့က မေးလိုက်၏။
ရှမ့်လန် ဤနေရာတွင် မရှိချေ။ မူလန်ကလည်း သူမ၏ယောက်ျားကို ရှာဖွေရန် ထွက်ခွာသွားခဲ့၏။ ပြီးနောက် ကျင်းကျိုးကလည်း ထွက်ခွာသွားပေတော့မည်။ စုဖေ့ဖေ့နှင့် ကျင်းမူကုန်းတို့သည်သာလျှင် ရွှမ်ဝူအိမ်တော်ထဲတွင် ကျန်ရှိခဲ့ပေမည်။
စုဖေ့ဖေ့သည် သတ္တိကောင်းသည်ဆိုလျှင်တောင်မှ သူမ၏ယောက်ျားသည် အိမ်တော်၏ ဒေါက်တိုင်အဖြစ် တည်ရှိနေသေး၏။ ထို့ကြောင့် သူမ၏ ယောက်ျား ထွက်ခွာသွားသည့်အချိန်တွင် သူမက စိုးရိမ်ပူပန်မိ၏။
သူ့မိန်းမ၏ မျက်လုံးထဲတွင်ရှိနေသည့် အရိပ်သင်္ကတများကို မြင်ရချိန်မှာတော့ ကျင်းကျိုးသည် မည်သို့မှ မနေနိုင်ဘဲ သူမကို အသာဖက်လိုက်၏။ သူတို့ လက်ထပ်ထားခဲ့သည်မှာ နှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီးဖြစ်၏။ သို့ပေမည့် ကျင်းကျိုး၏မျက်လုံးထဲတွင် သူ၏မိန်းမသည် လက်မထပ်ခင်ကတည်းကကဲ့သို့ပင် လှပကာ အပြစ်ကင်းစင်နေတုန်းပင်။
“စိတ်မပူနဲ့။ တိုက်ပွဲဖြစ်မှာမှ မဟုတ်တာ။ ငါ အန္တရာယ် မရှိပါဘူး”
ကျင်းကျိုးက ပြောလိုက်၏။ “လန်အာက အရာအားလုံးကို စီစဉ်ပေးထားတယ်။ ရန်သူတွေ ရောက်လာပြီဆိုတာနဲ့ ချက်ချင်း ပိုက်ကွန်ထဲကို ထည့်ပြီး ဖမ်းလိုက်ရုံပဲ။ အားလုံးကို တစ်ခါတည်း သတ်ပစ်မယ်”
စုဖေ့ဖေ့သည် သူမ၏ မျက်နှာကို သူမယောက်ျား၏ ရင်ခွင်၌ ဖိကပ်ကာဖြင့် ရှိုက်ငိုလျက်ရှိနေသည်။ “လန်အာ သွားခဲ့တာ ရက်အနည်းငယ် ကြာပြီ။ တကယ့်ကို စိတ်ပူစရာပဲ။ တစ်စုံတစ်ခုများ ဖြစ်နေမလား မသိဘူး။ ဒီကလေးက အရမ်း အားနည်းတဲ့ ကလေးလေ။ အိမ်ကနေ ကြာကြာ ထွက်သွားဖူးတာ မဟုတ်ဘူး။ ဒုက္ခရောက်နေလိမ့်မယ်။ ပြီးတော့ ဘာတစ်ခုမှ ထိခိုက်ခံဖူးတဲ့လူမျိုးလည်း မဟုတ်ဘူး။” စုဖေ့ဖေ့က မေးမြန်းလိုက်သည်။
ကျင်းကျိုးက ပြောလိုက်၏။ “စိတ်မပူနဲ့။ သူက တကယ့်ကို ဉာဏ်ကောင်းတဲ့ကလေးပဲ။ ပြီးတော့ သူကပဲ တခြားသောသူတွေကို ထိခိုက်နာကျင်အောင် လုပ်တာ။ သူ့ကို ထိခိုက်နာကျင်အောင်လုပ်နိုင်တဲ့သူ မမွေးသေးဘူးနဲ့ တူတယ်”
စုဖေ့ဖေ့သည် သူမ၏ ယောက်ျားကို အသာထုနှက်ကာ ပြောလိုက်သည် “ရှင်ကတော့ စိတ်တိုစရာပဲ။ လန်အာကို ဒီလို မပြောပါနဲ့။ သူက အရမ်းကို လိမ္မာတဲ့ ကလေးတစ်ယောက်ပဲ။ တခြားသူတွေကို သူက ထိခိုက်နာကျင်စေချင်တာ မဟုတ်ဘူး။ သူ့ကို အရင်ဆုံးလာပြီး ဒုက္ခပေးတဲ့လူတွေကိုပဲ ပြန်ဒုက္ခပေးတာ။ သူက မတတ်သာလို့ ပြန်လုပ်ရတာ”
ကျင်းကျိုးသည် ချက်ချင်းပဲ ပါးစပ်ပိတ်လိုက်၏။ “ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဟုတ်ပြီ။ မင်းပဲ မှန်ပါတယ်။ မင်းပဲ အဆင်ပြေပါတယ်။ မင်းရဲ့ သမက်ပဲ ကောင်းပါတယ်”
သူမိန်းမ၏ နှမျောတသ ဝမ်းနည်းသည့်အကြည့်အောက်မှာပင် ကျင်းကျိုးသည် စစ်တပ်ဝတ်စုံကို ဝတ်ဆင်ကာဖြင့် မြင်းကြီးကို စီးနင်းကာ ထွက်ခွာသွားခဲ့၏။ သူသည် လက်ရွေးစင် စစ်သည်ပေါင်း ၁၀၀၀ ကျော်၊ လုပ်သားပေါင်း ၃၀၀၀ ကျော်ကို ဦးစီးကာဖြင့် ပင်လယ်၏တစ်ဖက်ဆီမှ ဝမ်ကျားကျွန်းဆီသို့ သွားရောက်ရန် ပြင်ဆင်နေခဲ့ခြင်းပင်။
ရုတ်တရက် ရွှေကျွန်း၏ ဇာတ်လမ်းကြီးသည် အကောင်းမွန်ဆုံးသော ဇာတ်ရှိန်ဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ရှမ့်လန်၏ ပိုက်ကွန်သည် တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်၏။ ပြီးနောက် လောဘကြီးလွန်းသည့် လူပေါင်းမြောက်မြားစွာတို့သည် ဤပိုက်ကွန်ထဲသို့ တစ်ယောက်ပြီး တစ်ယောက် တိုးဝင်လာကြမှာ သေချာ၏။
........
စုဖေ့ဖေ့နှင့် ကျင်းမူကုန်းတို့သာလျှင် ရွှမ်ဝူအိမ်တော်တွင် ကျန်ရစ်ခဲ့၏။ စုဖေ့ဖေ့သည် အဝတ်အစား လဲလှယ်ရန် ထွက်ခွာသွားခဲ့၏။ သူမသည် ငယ်ရွယ်စဉ်က ဝတ်ဆင်ခဲ့သည့် ဝတ်စုံများကို ပြန်လည်ကာ ဝတ်ဆင်ခဲ့ခြင်းဖြစ်၏။ ငယ်ရွယ်စဉ်က သူမ၏ သိုင်းပညာစွမ်းရည်သည် တကယ့်ကို ကောင်းမွန်လွန်းခဲ့၏။ မူလန်သည် သူမ၏ သိုင်းပညာ ပါရမီကို အမွေဆက်ခံရရှိခဲ့ခြင်းသာ ဖြစ်သည်။
သို့ပေမည့် အမျိုးသမီးများ ပျော်ရွှင်နေသည့်အချိန်တွင် သိုင်းပညာကို လျစ်လျူရှုထားတတ်သည် မဟုတ်ပါလား။ လက်ထပ်ပြီးနောက် သူမ ပထမဦးဆုံး ကလေးတစ်ယောက်ကို ရယူခဲ့၏။ ပြီးနောက် သားတစ်ယောက်၊ သမီးတစ်ယောက် မွေးဖွားခဲ့ပြီး အရွယ်ရောက်လာခဲ့၏။ ထို့နောက် ရှမ့်လန် ထပ်မံရောက်လာပြန်၏။
သို့ဖြင့် စုဖေ့ဖေ့သည် လောကသစ်၏ တံခါးတစ်ချပ်ကို ဖွင့်လိုက်သကဲ့သို့ပင်။ သူမ၏ စိတ်တစ်ခုလုံးသည် အလှအပ၊ အသားအရေ ထိန်းသိမ်းမှု၊ ရေမွှေး၊ စသည့်အရာများနှင့်သာ လုံးချာလည်ပတ်နေ၏။ အဘယ်သို့ သိုင်းပညာကို လေ့ကျင့်ရန် အချိန်ရှိမည်နည်း။
သူမ ငယ်ရွယ်စဉ်ကရှိခဲ့သည့် ရည်မှန်းချက်များကို ပြန်လည်တွေးတောပြီးနောက် စုဖေ့ဖေ့သည် ရယ်ချင်စိတ်ပင် ပေါက်သွားခဲ့၏။ သူမ ငယ်ရွယ်စဉ်က အလွန်ကလေးဆန်သည့် ကျိန်ဆိုမှုတစ်ခုကို ပြုလုပ်ခဲ့ဖူး၏။
‘ငါ ဘယ်တော့မှ ချစ်ခြင်းမေတ္တာကြားထဲမှာ နစ်မွန်းမနေဘူး။ ငါ့ရဲ့အိပ်မက်က သိုင်းပညာကျွမ်းကျင်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ပဲ’
ကျင်းကျိုးနှင့် လက်ထပ်ခဲ့ပြီးနောက် သူမသည် ဤစကားစုအတိုင်းပင် သေသေချာချာ လိုက်နာခဲ့၏။ သူမသည် ကျင်းကျိုးကိုလည်း ပြောခဲ့၏။ “ကျွန်မတို့ လက်ထပ်ပြီးပြီဆိုပေမဲ့ ကျွန်မ လွတ်လွတ်လပ်လပ် နေမယ်။ ကျွန်မမှာ ကျွန်မရဲ့ ကိုယ်ပိုင်အိပ်မက် ရှိတယ်”
ထိုအချိန်မှစ၍ သူမသည် သိုင်းပညာကိုသာ လေ့လာအာရုံစိုက်ခဲ့၏။ သူ၏ယောက်ျားကိုပင် သိပ်ဂရုမစိုက်ခဲ့ချေ။ သူ စုဖေ့ဖေ့သည် ကျိန်းသေပေါက် သိုင်းကျွမ်းကျင်သူတစ်ယောက် ဖြစ်ရပေလိမ့်မည်။ ချစ်ခြင်းမေတ္တာတွေ ကြားထဲတွင် နစ်မြုပ်နေသည့် လူမျိုး မဟုတ်သလို မိသားစု၏ကိစ္စရပ်များနှင့် သူမကို လာရောက် ချည်နှောင်ထား၍လည်း ရလိမ့်မည် မဟုတ်ပေ။
မြို့စားကြီး ကျင်းကျိုးသည် လေးလေးနက်နက်ဖြင့် ခေါင်းညိတ်ပြီး စုဖေ့ဖေ့၏ အိပ်မက်များကို တားဆီးမည် မဟုတ်ကြောင်း ကျိန်ဆိုပေးခဲ့၏။ သိုင်းပညာရှင်ကျွမ်းကျင်သူများ ဖြစ်လာပြီးသည့်နောက် သူမသည် သိုင်းပညာကို လေ့လာလိုက်စားရန် တစ်နှစ်လျှင် သုံးလလောက် အပြင်ဘက်သို့ လှည့်လည်ကာ သွားလာမည် ဖြစ်ကြောင်း သူမ ယောက်ျားကို ကြိုတင်ပြောဆိုခဲ့သည်။ အခုရှုပ်မှ နောင်ရှင်း ဖြစ်မည် မဟုတ်ပါလား။
လက်ထပ်ပြီး သုံးလမြောက်သည့်အချိန်မှာတော့ မြို့စားကြီးကျင်းကျိုးသည် သတိအပြည့်နှင့် မေးမြန်းလိုက်၏။ “မိန်းမ... အချိန်ကျပြီ။ မင်း ထပြီး လေ့ကျင့်ဖို့ အချိန်ရောက်ပြီ”
စုဖေ့ဖေ့က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ညက ကျွန်မ အရမ်းပင်ပန်းခဲ့တယ်။ အဲတာရှင့်ကြောင့်ပဲလေ။ ဒီတော့ ဒီနေ့ ၁၅ မိနစ်လောက် ထပ်အိပ်လိုက်အုံးမယ်”
ပထမဦးဆုံး သူမသည် ၁၅ မိနစ်လောက် အိပ်ရာထဲတွင် လှဲခဲ့၏။ ပြီးနောက် နာရီဝက် ကြာခဲ့၏။
သို့နှင့် ... တစ်ပတ်ကို နှစ်ရက်လေ့ကျင့်၏။ ပြီးနောက် တစ်လကို နှစ်ရက်လေ့ကျင့်၏။ ပြီးနောက် တစ်နှစ်ကို နှစ်ရက်သာလျှင် လေ့ကျင့်သည်။
နောက်ဆုံးမှာတော့ စုဖေ့ဖေ့က မေးမြန်းမိ၏။ “ယောက်ျား.. ကျွန်မဓား ပျောက်နေပြီ။ ဘယ်နေရာမှာလဲ မသိဘူး။ ရှာပေးစမ်းပါအုံး”
ကျင်းကျိုးသည် အလျင်အမြန်ပင် နေရာအနှံ့ကို လိုက်လံကာ ရှာဖွေ၏။ ပြီးနောက် သူ့မိန်းမ၏ ဓားသည် သစ်ပင်တစ်ခု၏ အောက်တွင် ရောက်နေကြောင်းကို တွေ့ရှိ၏။ ပျော်ပျော်ရွှင်ရွှင်နှင့် သူ၏မိန်းမထံသို့ ဓားကို သွားကာ ပေးသည်။
သူ၏မိန်းမသည် အလွန်ပျော်ရွှင်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ မည်သူက ထင်မှတ်မည်နည်း။ သူ၏မိန်းမသည် သူ့အား မုန်းတီးသလို စူးစိုက်ကာ ကြည့်ရှုပြီးနောက် သုံးရက်တိတိ အိပ်ရာထဲ အလာမခံခဲ့ချေ။
ထိုအချိန်မှစ၍ မြို့စားကြီးကျင်းကျိုးသည် သူ့မိန်းမ၏ သိုင်းပညာရှင်ကြီးဖြစ်မည့် ရည်မှန်းချက်ကို ထပ်မံကာ အစဖော် မပြောဆိုတော့ပေ။ စုဖေ့ဖေ့သည် ဤအခြေအနေကို အခွင့်ကောင်းယူပြီးသည့်နောက် လေ့ကျင့်ခြင်းကို ရပ်တန့်ခဲ့၏။
ဓားပညာကို လေ့ကျင့်ခြင်းဖြင့် ဘာဖြစ်နိုင်မည်နည်း။ သိုင်းပညာရှင်ကြီးဖြစ်တော့ရော ဘာဖြစ်မည်နည်း။
တစ်စုံတစ်ယောက်၏ သိုင်းပညာ မည်မျှမြင့်မြင့် ဘဝ၏ အဆုံးတစ်ခုအထိ ရှင်သန်နေထိုင်သွားရဖို့ဆိုသည်မှာ ခက်ခဲချေ၏။ ထို့ကြောင့် ပျော်ရွှင်မှုကသာလျှင် အရေးကြီး၏။ လောကကြီးထဲတွင် အလွန်နက်နဲသည့် သိုင်းကွက်များကို ကျွမ်းကျင်အောင် ကျင့်ကြံခဲ့သည့် သိုင်းပညာရှင်အားလုံးတို့သည် မပျော်ရွှင်သည့် အိမ်ထောင်ရေးကိုသာ ပိုင်ဆိုင်ကြ၏။ သိုင်းပညာကို လေ့ကျင့်သည်ဆိုပါက အထီးကျန်ခြင်းကို ခံစားရ၏။ အချို့သော အမျိုးသမီးတို့သည် အထီးကျန်မှုကို မခံစားနိုင်ကြချေ။ တချို့ဆိုလျှင် ရူးသွပ်သွားခဲ့ကြသည်။
ဘာပဲပြောပြော သူမ ပျော်ရွှင်နေ၏။ ထို့ကြောင့် သိုင်းပညာကို လေ့ကျင့်ရန် မလိုချေ။ သူမ၏ အတွေးသည် ယုတ္ထိဗေဒကျကြောင်း စုဖေ့ဖေ့က ခံစားမိ၏။ ယခုအချိန်မှာတော့ သူမသည် အဝတ်အစားကို ပြောင်းလဲ ဝတ်ဆင်လိုက်ပြီဖြစ်၏။ ထောင့်တစ်ခုတွင် သိမ်းထားသည့် ဓားကို ဆွဲထုတ်လိုက်၏။ ပြီးနောက် ဓားကို အကြိမ် အနည်းငယ်ပင် သွေးလိုက်သေး၏။
တစ်ချိန်တုန်းက ဤဓားသည် သူမ၏ ဒုတိယဘဝဖြစ်ခဲ့၏။ ယခု သူမ၏ ဒုတိယဘဝသည် သူမ၏ကလေး၊ သူမ၏ယောက်ျားနှင့် လန်အာတို့ပင် ဖြစ်၏။ စုဖေ့ဖေ့သည် သူမ၏ လက်ထဲတွင်ရှိနေသည့် ထက်ရှလွန်းသည့် ဓားကို ကြည့်ရှုကာ ပြောလိုက်သည်။ “အင်း.. မိသားစုကို ကူညီကယ်တင်ရမဲ့အချိန် ရောက်လာခဲ့ပြီကိုး”
ဤအချိန်မှာတော့ ကျင်းမူကုန်းသည် အလွန်မြန်ဆန်သည့် နှုန်းထားဖြင့် စာရေးလျက်ရှိနေ၏။ သူသည် အံ့ဩသင့်စရာ ကောင်းလှ၏။ ယောက်ဖ ထွက်ခွာသွားခဲ့သည်မှာ ရက်အနည်းငယ် ကြာမြင့်သွား၏။ အနောက်အရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်းတွဲကို မဆက်သေးချေ။
ဤဝတုတ်သည် ကြာရှည်စွာ မစောင့်မျှော်နိုင်တော့ချေ။ ထို့ကြောင့် မိမိဘာသာ စတင်ကာ ရေးသား၏။ သူသည် ဇာတ်လမ်းဝတ္ထုများကို စတင်ရေးသားရန် ပြင်ဆင်နေခြင်းဖြစ်၏။ သူ့အတွက် ပထမဦးဆုံးအကြိမ်လည်း ဖြစ်၏။ ၁၀ နှစ်ကျော် စာကူးရေးခြင်းကိုသာ ပြုလုပ်ခဲ့သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် မိမိ၏ စိတ်ကူးစိတ်သန်းနှင့် ရေးသားခြင်းဆိုသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ သူသည် လောကသစ်၏ တံခါးတစ်ချပ်ကို စတင်ကာ ဖွင့်လှစ်ခဲ့ခြင်းကဲ့သို့ပင်။
ဤအချိန်မှာတော့ အမဲရောင် မြင်းတပ်စစ်သည်များသည် ရွှမ်ဝူအိမ်တော်သို့ ဦးတည်ကာဖြင့် အသော့နှင်လာ၏။ ပြီးနောက် မိန်းမစိုးတစ်ယောက်သည် ရထားလုံးထဲမှ အသာဆင်းလိုက်၏။ အလွန်အဆင့်အတန်း မြင့်မားသည့် မိန်းမစိုးတစ်ယောက် ဖြစ်ပြီး ဘုရင်မင်းမြတ်၏ လူယုံတော်ဟုပင် သတ်မှတ်၍ ရ၏။
“ဘုရင်မင်းမြတ် အမိန့်တော်ပါတယ်။ ရွှမ်ဝူအိမ်တော် ... ဒူးထောက်ခစားပါ”
.......
ရွက်သင်္ဘောသည် နောက်ဆုံးမှာတော့ ဆိပ်ကမ်းဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ရှမ့်လန်သည် နာရီ အနည်းငယ်ကြာ အိပ်စက်ခဲ့၏။ ထို့ကြောင့် သူ၏အသားအရေ၊ အမူအရာများက ပိုမိုကာ ကောင်းမွန်လာခဲ့၏။ အနည်းဆုံး သူ၏ ခွေယိုင်လျက်ရှိနေသည့် ဒူးများ ပြန်ကောင်းလာခဲ့၏။ သူ၏ခါးသည် အနည်းငယ် နာကျင်လျက်တော့ ရှိနေသေးသည်။
လေးနာရီလုံးလုံး....
ရှမ့်လန်သည် တစ်ကယ်တမ်းမှာတော့ ထိုသို့ပြုလုပ်ရန်အတွက် စွမ်းရည်ရှိသည် မဟုတ်ချေ။ ဆေး၏ အစွမ်းကြောင့်သာ ပြုလုပ်နိုင်ခြင်း ဖြစ်၏။ ယခု သူ့အိမ်သို့ ပြန်ရောက်ပေတော့မည်။ မကြာခင်တွင် မူလန်နှင့် တွေ့ရပေတော့မည်။ သူ ပုံမှန်အတိုင်း သရုပ်ဆောင်သည်ဆိုပါက မူလန်သည် ကျိန်းသေပေါက် သိရှိသွားပေလိမ့်မည်။
ရှမ့်လန်သည် သူ၏အဝတ်အစားများကို သေသေသေချာချာနှင့် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်၏။ ပြီးနောက် သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။