အပိုင်း (၂၁၄)
Vol. 16 Ch. 214
ပြီးနောက် ကျင်းမူလန်သည် ရှမ့်လန်၏ မျက်နှာကို အသာကိုင်ကာဖြင့် အချိန်အတော်ကြာ စူးစိုက်ကြည့်ရှု လိုက်၏။ သူမသည် သူ၏မျက်လုံးထဲသို့ စူးစိုက်ကာ ကြည့်ရှုနေ၏။ သူမနှင့် သူမ၏ယောက်ျားတို့သည် တစ်ယောက်နှင့်တစ်ယောက် ချစ်မြတ်နိုးကြကြောင်း သူမ ကောင်းကောင်း ယုံကြည်မိ၏။ ထို့အပြင် သူမ၏ ယောက်ျားသည် သူမကို အချစ်ဆုံးဖြစ်ကြောင်းကိုလည်း သိရှိ၏။
ထိုအရာကို ယောက်ျား၏မျက်လုံးထဲတွင် ရှာဖွေနေခြင်းဖြစ်သည်။ ထိုခံစားချက်မျိုးကို မမြင်ပါက အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်၏။ သို့ပေမည့် သူမသည် သူမယောက်ျား၏ ချစ်မြတ်နိုးမှုများကို မျက်လုံးထဲ၌ မြင်နေရသည်။
ရှမ့်လန်၏မျက်လုံးထဲတွင် ချစ်မြတ်နိုးခြင်း၊ နှစ်သက်ခြင်း၊ အားနာခြင်း ၊ ဝမ်းနည်းခြင်းတို့အပြင် နာကျင်ခြင်း များကိုပါ မြင်နေရ၏။ ဤအရာသည် သရုပ်ဆောင်ခြင်းမဟုတ်ချေ။ နှလုံးသား၏ အတွင်းဘက်ဆီမှ အစစ်အမှန် ခံစားချက်များ ဖြစ်၏။
ရှမ့်လန် မူလန်အပေါ်တွင် ထားရှိသည့် မေတ္တာတရားသည် စကားလုံးများဖြင့် ဖော်ညွှန်း၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။
မူလန်သည် ရှမ့်လန်အား ခပ်ကြမ်းကြမ်း နမ်းရှိုက်လိုက်၏။ အရမ်းကို ကြမ်းတမ်းလွန်း၏။ အသက်ရှု ကျပ်လုမတတ် ဖြစ်စေသည့်အနမ်းမျိုးပင်။
ပြီးနောက် သူမသည် ရှမ့်လန်၏ အဝတ်အစားများကို ချွတ်လိုက်၏။ ပြီးနောက် သူမ၏ အဝတ်အစားများကိုလည်း ချွတ်လိုက်၏။ ပြီးနောက် ရထားလုံးထဲမှာပင် သူမသည် ရှမ့်လန်၏ ကိုယ်ပေါ်သို့ တက်ထိုင်လိုက်၏။
သူမ တကယ်ကို နောင်တရ၏။ ပြန်လည်ပြင်ဆင်၍မရနိုင်သည့် နောင်တတရားမျိုးပင် ဖြစ်၏။ အဘယ့်ကြောင့် သူမသည် ဤကဲ့သို့သော အခြေအနေထိ လက်လွတ်ပေးထားရသနည်း။ သူမသာ စောစောစီးစီး ယောက်ျားနှင့် အိပ်စက်ခဲ့သည်ဆိုပါက ပထမအကြိမ်ကို သူမ ဤသို့ ဆုံးရှုံးမည်မဟုတ်ပေ။
ယခု သူမ၏ ယောက်ျား၏ ပထမဦးဆုံးအကြိမ်ကို တစ်ဖက်လူ ယူဆောင်သွားခဲ့၏။
ယခု တစ်မိနစ်ပင် သူမ မစောင့်ချင်တော့ပေ။ ထို့ကြောင့် ချက်ချင်းဆိုသလို သူမ ယောက်ျားနှင့် ဆက်ဆံရ ပေလိမ့်မည်။ သူမယောက်ျားသည် အနိုင်ကျင့်ခြင်းကို ခံရသည်မှာ မကြာသေးချေ။ ထို့ကြောင့် ပထမအကြိမ်က ရှိအုံးမှာ သေချာ၏။ ကျင်းမူလန်သည် ထိုအရာကို လိုချင်သည်။
ရှမ့်လန်သည် ချက်ချင်းဆိုသလိုပဲ သူ၏မိန်းမ သားရဲတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားခဲ့ကြောင်း သိရှိလိုက်မိ၏။ ရူးသွပ်မှု၏ အရှိန်အဟုန်သည် ချောင်ယောင်းအာကဲ့သို့ပင် တူညီ၏။ သို့ပေမည့် ချောင်ယောင်းအာသည် ဆေးကြောင့် ဖြစ်ပြီး သူ၏ မိန်းမမှာတော့ ခံစားချက်ကြောင့် ဖြစ်၏။
“ကျွန်မ ရှင့်ကို စားသောက်မယ်။ ကျွန်မ ရှင့်ကို အရေခွံခွာပစ်မယ်”
မူလန်က ငိုယိုနေ၏။ ပြီးနောက် သူမသည် ထပ်တလဲလဲ နမ်းရှိုက်လျက် ရှိနေ၏။ မူလန်သည် ငိုယိုပြီး စိတ်လိုလက်ရ နမ်းရှိုက်လျက် ရှိနေသည်။
ထိုအချိန်မှာတော့ ရထားလုံးကို မောင်းနှင်လျက်ရှိနေသော အပြင်ဘက်ရှိ ဟွမ်ဖန်သည် ကျောရိုးမကြီးများပင် စိမ့်တက်သွားမိ၏။
‘အစ်ကိုကြီး....ရှင်ဘာလို့ ကျွန်မကို ဒီတာဝန် ပေးခဲ့ရတာလဲ။ ကျွန်မ သေတောင်သေချင်တယ်။ ဟိုလူယုတ်မာကောင်က တခြားမိန်းကလေးနဲ့ ဖောက်ပြန်ခဲ့တာ မဟုတ်လား။ အခု သူ့မိန်းမက မရိုက်နှက်တဲ့အပြင် အတူတူ အိပ်ဖို့တောင် လုပ်နေကြပြီ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ လောကပေါ်မှာရှိတဲ့ အမြင်အားလုံးက ပြောင်းပြန်လန်ကုန်ပြီ။ ကျွန်မ အချစ်ဆိုတာကို ယုံကြည်ရမှာလား မယုံကြည်ရဘူးလား။’
ရွှမ်ဝူအိမ်တော်၏ သခင်မေလေး ကျင်းမူလန်သည် တကယ့်ကို ရိုင်းစိုင်းပြီး ကြမ်းတမ်းလျက် ရှိနေ၏။ အဓိက လမ်းမပေါ်တွင် ရှိနေပြီး … ထို့အပြင် ရထားလုံးထဲတွင်လည်း ဖြစ်၏။ အဘယ့်ကြောင့် ဤကဲ့သို့သော အရာမျိုးကို ပြုလုပ်ရသနည်း။
.........
ခဏလောက် ကြာပြီးနောက် ရထားလုံးတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက် သွားခဲ့၏။ ရှမ့်လန်က အသုံးမဝင်၍ မဟုတ်ချေ။ မူလန်က ရပ်တန့်လိုက်သောကြောင့်ပင်ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် သူမအနေနှင့် ရှမ့်လန်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ဒဏ်ရာဒဏ်ချက်များကို မြင်ခဲ့ရသောကြောင့်ဖြစ်၏။ ကြည့်ရှုရသည်မှာ အလွန်ပင် ဆိုးဝါးလွန်း၏။ သူမသည် ရင်နာနာနှင့် ထိုအရာကို ရပ်တန့်လိုက်ရ၏။ မဟုတ်ပါက သူမယောက်ျား၏ ဒဏ်ရာများသည် ပိုမိုကာ ဆိုးဝါးသွားပေလိမ့်မည်။
သူမသည် ရှမ့်လန်၏ ခန္ဓာကိုယ်ပေါ်တွင် အသာမှေးမှီပြီး ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အနာများကို နမ်းရှိုက်ကာ ကုသပေးလျက် ရှိနေ၏။
“နာလား” မူလန်သည် အသာပင် မေးမြန်းလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “အင်း.. ငါဆေးမိခဲ့တာလေ။ အဲဒီအချိန်တုန်းက ဘာနာကျင်မှုကိုမှ မခံစားရဘူး”
မူလန်သည် ရှမ့်လန်၏ လက်မောင်းထဲသို့ အသာဝင်ရောက်ကာ ခွေအိပ်ပြီး ရင်ဘက်ကို နမ်းရှိုက်လိုက်၏။
“ချောင်ယောင်းအာ... ကျွန်မ ရှင့်ကို ကျိန်းသေပေါက် သတ်ပစ်မယ်။ ကျွန်မ ကျိန်ဆိုရဲတယ်။ ရှင့်ကို ကျွန်မ သတ်ပစ်မယ်”
ကျင်းမူလန်၏ သိုင်းပညာသည် တစ်ဖက်လူလောက်ကောင်းမွန်ခြင်း မရှိချေ။
ထိုအရာကို သူမ သိသည်။ သို့ပေမည့် ယနေ့မှစ၍ သူမသည် အရူးတစ်ယောက်လိုမျိုး လေ့ကျင့်ရပေလိမ့်မည်။ သူမ၏ သိုင်းပညာသည် တစ်ဖက်လူထက် သာလွန်သွားသည်ဆိုပါက ကျိန်းသေပေါက် သတ်ဖြတ်ပစ်နိုင်မှာ သေချာသည်။
“ကျွန်မ ယောက်ျားအတွက် လက်စားချေမယ်။ ရှင် ကျွန်မ ယောက်ျားကို ဒီအခြေအနေထိဖြစ်အောင်၊ နာကျင်အောင် ပြုလုပ်ခဲ့တယ်။ ပြီးတော့ အတင်းအဓမ္မလည်း စော်ကားခဲ့သေးတယ်။ ယောက်ျား... ကျေးဇူးပြုပြီး ဒီကိစ္စကို မေ့လိုက်ပါတော့။ ဒီကိစ္စအားလုံးကို ကျွန်မတို့ အတူတူ မေ့လိုက်ရအောင်။ ဘာပဲပြောပြော ရှင်က ယောက်ျား၊ သူက မိန်းမလေ။ အဆုံးသတ်မှာတော့ ကျွန်မတို့က သူ့ကိုအသာစီးရခဲ့တာပဲ မဟုတ်လား။
ကျွန်မတို့ ကောင်းတဲ့နေ့ရက်တွေကိုပဲ ဆက်ပြီးတော့ လျှောက်လှမ်းကြရအောင်။ ပြီးတော့ စိတ်မပူနဲ့။ အနာဂတ်မှာ ကျွန်မ ပိုပြီးတော့ ကြင်နာပါ့မယ်။ ကျိန်းသေပေါက် ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်တာမျိုး မလုပ်တော့ပါဘူး။
ပြီးတော့ ကျွန်မတို့ရဲ့ ပထမဦးဆုံးအကြိမ်က တကယ့်ကို လှပတဲ့အရာမျိုး ဖြစ်လာခဲ့မှာလေ။ ချောင်ယောင်းအာက သားရဲတစ်ယောက်လိုပဲ။ ကျွန်မတို့ ငြင်ငြင်သာသာ ပြန်ပြီး ကြိုးစားကြတာပေါ့။ ယောက်ျား... ဘာကြောင့် ငိုနေရတာလဲ”
မူလန်သည် မည်သို့မှ မနေနိုင်ချေ။ ရှမ့်လန်၏ မျက်လုံးထောင့်တွင် ရှိနေသည့် မျက်ရည်များကို သုတ်ပေးလိုက်၏။ သူမ ပိုမိုကာသုတ်လေ ရှမ့်လန်က ပိုမိုကာငိုလေပင်။ ထို့ကြောင့် မူလန်သည် ထပ်မံကာ ငိုကြွေးလိုက်မိ၏။
“မိန်းမ... ဒီလို မလုပ်ပါနဲ့။ မင်းဒီလိုမျိုး လုပ်ပြလေ ငါပိုပြီးတော့ ဆိုးဆိုးဝါးဝါး ခံစားရလေပဲ”
ရှမ့်လန်သည် ဤကဲ့သို့အခြေအနေမျိုး ဖြစ်သွားလိမ့်မည်ဟု ကြိုတင်ကာ မတွေးတောထားခဲ့မိချေ။ သူ့အနေနှင့် ကြီးမားသည့် အရိပ်မဲကြီးကို ခံစားနေရပြီး မူလန်က နားလည်ပေးခဲ့၏။ နောက်အနာဂတ်တွင် ထိုအရာဆီမှ မလွတ်မြောက်နိုင်မည်ကိုပင် စိုးရိမ်မိသည်။ သူသည် မူလန်ကို စာနာသနားမိသည်။ သူမ မည်မျှ မျှော်မှန်းထားကြောင်း သူ သိသည်။ သူသည်လည်း အရာရာ ဆင်ခြင်ခဲ့သည်။ သူ၏ ပထမဆုံးအကြိမ်အား ရှောင်ပင်း နှင့်ပင် မကျော်ဖြတ်မိအောင် ထိန်းချုပ်ထားခဲ့သည်။ သို့ပေမည့် ကံကြမ္မအလှည့်အပြောင်းသည် သူ၏ နောက်စေ့ကို ခပ်ပြင်းပြင် ရိုက်နှက်ခဲ့လေသည်။
ပြီးနောက် ဤလင်မယားသည် မျက်ရည်လည်ရွှဲနှင့် ဖက်ကာ ငိုယိုနေမိ၏။
ရှမ့်လန်သည် မူလန်၏ ကြင်နာမှုအတွက် ငိုယိုနေမိ၏။ မူလန်မှာတော့ သူမယောက်ျား၏ ဆိုးဝါးသည့် အတွေ့အကြုံကို ရင်နာနာနှင့်တွေးရင်း ငိုယိုနေမိသည်။
........
မူလန်နှင့် ရှမ့်လန်တို့သည် အိမ်ဆီသို့ တန်းတန်းမတ်မတ် မပြန်ခဲ့ချေ။ အပြင်ဘက်တွင် တစ်ညတိတိ နေထိုင်ခဲ့၏။ ဤနည်းအားဖြင့် ရှမ့်လန်ခန္ဓာကိုယ်တစ်ခုလုံး ပိုမိုကာ ကောင်းမွန်သွားပေလိမ့်မည်။ ထို့ကြောင့် သူ၏အမေ စိုးရိမ်ပူပန်စရာ မလိုအပ်တော့ချေ။
ဟုတ်ပေ၏။ သူမသည် သူမ၏ အမေဆီသို့ တစ်စုံတစ်ယောက်ကို စေလွှတ်ကာ သတင်းပို့ခဲ့၏။ ရှမ့်လန် အဆင်ပြေကြောင်းပင်။
တစ်ရက်ကြာပြီးသည့်နောက် ရှမ့်လန်နှင့် မူလန်တို့သည် မြို့စားအိမ်တော်ဆီသို့ ပြန်လာခဲ့၏။
ဤအချိန်မှာတော့ ရှမ့်လန်သည် သူ၏ယခင်ကအတိုင်း လွတ်လွတ်လပ်လပ် ဟန်ပန်မူရာမျိုးနှင့် ပြန်လာခဲ့ခြင်းပင်။ နုရှောင်မြို့တွင် မည်သည့်အရာမှ မဖြစ်ခဲ့သကဲ့သို့ပင်။ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ဒဏ်ရာဒဏ်ချက်များအား အဝတ်များနှင့် ဖုံးကွယ်ထားခဲ့သည်။
မူလန်၏ အမူအရာမှာတော့ အနည်းငယ် သဘာဝမကျသလို ဖြစ်နေ၏။ သူမ၏ ရှမ့်လန်အပေါ်တွင် ရှိနေသည့် ပြုမူဆက်ဆံမှုများသည် ပိုမိုကာ ကြင်နာ၊ နူးညံ့လို့နေ၏။
အိမ်ဆီသို့ ပြန်ရောက်ပြီးသည့်နောက် ရှမ့်လန်သည် ချက်ချင်းပဲ တုန်လှုပ်စရာ သတင်းတစ်ခုကို လက်ခံရရှိခဲ့လေ၏။
ဘုရင်မင်းမြတ်က အမိန့်တော် ချခဲ့၏။ ကျင်းမူကုန်းသည် နန်းတွင်းကျောင်းတွင် သွားရောက်ကာ ပညာ သင်ကြားရမည် ဖြစ်ခြင်းပင်။
မည်မျှဆိုးဝါးလိုက်သနည်း။ ရွှမ်ဝူအိမ်တော် ဖျက်ဆီးခံရမည့် အခြေအနေတွင် ပဉ္စမမင်းသား နင်ကျန်းသည် တစ်နေ့နှင့် တစ်ညတိုင်တိုင် နန်းတွင်းအပြင်ဘက်တွင် ဒူးထောက်ပြီး ကျင်းမူကုန်းအား နန်းတွင်းကျောင်းတစ်ခုတွင် စာသင်ကြားခွင့်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် ဘုရင်မင်းမြတ်သည် မဖြစ်သာဘဲ လက်ခံလိုက်ရသည်။
ရွှမ်ဝူအိမ်တော်သည် အကြွေးများကို ပေးအပ်ခဲ့ပြီးပြီ ဖြစ်ပြီး ကြီးမားသည့် ရွှေတွင်းကိုလည်း ရှာဖွေ တွေ့ရှိခဲ့၏။ ဤအရာ၏ အလှည့်အပြောင်းက တကယ့်ကို ကြီးမားလွန်း၏။ ဘုရင်မင်းမြတ်ပင်လျှင် အံ့အားသင့်နေမိ၏။
ဤကဲ့သို့သော အခြေအနေမျိုးတွင် နန်းတွင်းကျောင်း၌ ပညာသင်ကြားရန် ကျင်းမူကုန်းကို ခေါ်ဆောင်သွားခဲ့၏။ ထိုအရာသည် တန်ဆာခံအဖြစ် ဖမ်းဆီးထားသကဲ့သို့ပင် ဆင်တူ၏။ သို့ပေမည့် ကျင်းမူကုန်း မသွားသည်ဆိုပါက ဘုရင်မင်းမြတ်၏ အမိန့်တော်ကို ငြင်းပယ်သလို ဖြစ်ပေလိမ့်မည်။
ရွှမ်ဝူအိမ်တော်အနေနှင့် ဘုရင်မင်းမြတ်၏အမိန့်တော်ကို ငြင်းပယ်ရန် စွမ်းရည်မျိုး ရှိနေသည်လား။ မရှိပေ။ မဟာဗျူဟာ မအောင်မြင်မီအချိန်တွင် ကျင်းမိသားစုသည် ဘုရင်မင်းမြတ် စိတ်ဆိုးအောင် ပြုလုပ်၍ မဖြစ်နိုင်ချေ။ သူတို့အနေနှင့် ဘုရင်မင်းမြတ်နှင့် တိုက်ခိုက်ရန်အတွက် စွမ်းရည်ဟူ၍ မရှိချေ။
နုရှောင်မြို့ကို အောင်နိုင်ပြီး လေ့ကျိုးကျွန်းစုတစ်ခုလုံးကို သိမ်းဆည်းနိုင်ပြီးမှသာလျှင် ကျင်းမိသားစုသည် ထူထူထောင်ထောင်ဖြင့် ရပ်တည်နိုင်ပေလိမ့်မည်။ ကျင်းမူကုန်း မသွားပါက ရှမ့်လန်၏ အစီအစဉ်များသည် ပျက်ရွင်းသွားနိုင်သည်။
ရွှမ်ဝူအိမ်တော်၏ ဆက်ခံသူအနေနှင့် နန်းတွင်းကျောင်း၌ သွားရောက်ကာ ပညာသင်ကြားရခြင်း ဆိုသည်မှာ ကောင်းမွန်သည့် အရာပင်ဖြစ်၏။ အဘယ့်ကြောင့် မသွားရမည်နည်း။ မဟုတ်ပါက သူတို့မိသားစုတွင် တခြားသော ရည်မှန်းချက်များ ရှိနေသည်ဟု ထင်မှတ်မှားပေလိမ့်မည်။ ထို့အပြင် တခြားသော တော်ဝင်မျိုးနွယ် ဆက်ခံသူများပင်လျှင် နန်းတွင်းကျောင်း၌ ပညာသင်ကြားရသည်ဆိုပါက ကြီးမားသည့် ကောင်းချီးအဖြစ် သတ်မှတ်ကြ၏။
ထိုကဲ့သို့ ကောင်းမွန်သည့် အခွင့်အရေးကိုရရှိသည်ဆိုလျှင်တောင် ကျင်းမူကုန်းက အဘယ့်ကြောင့် မယူရမည်နည်း။
ဘုရင်မင်းမြတ်သည် စုဖေ့ဖေ့ကို မနှစ်သက်ချေ။ ကြမ်းတမ်းလွန်းလှသည့် သားရဲရိုင်း ကျားကြီးပင်လျှင် မွေးထားသည့် မိမိသွေးသားကို မစားဘူး ဟုပြောဆိုစဉ်တည်းက တော်ဝင်မိသားစု၏ ပွဲလမ်းသဘင်၊ အသိအမှတ်ပြု အခမ်းအနားမျိုးတွင် ကျင်းမိသားစုကို ဘုရင်မင်းမြတ်က မဖိတ်ကြားတော့ပေ။
ဘုရင်မင်းမြတ်သည် စုဖေ့ဖေ့ကို ထပ်မံ မြင်တွေ့ချင်ခြင်း မရှိချေ။ ယခု ကျင်းမူကုန်းအား နန်းတွင်းကျောင်းသို့ ခေါ်ဆောင်ခဲ့ခြင်းသည် ဘာအဓိပ္ပာယ်နည်းကို ခြေထောက်အား အသုံးပြု၍ စဉ်းစားလျှင်ပင် သိသာသည်။
ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့လေ၏။ သူသည် နည်းလမ်းတစ်ခုကို စတင်ကာ စဉ်းစားလျက်ရှိ၏။
ဤအချိန်မှာပဲ ကျင်းမူကုန်းက ရုတ်တရက် ပြောလိုက်သည်။ “ယောက်ဖ... ကျုပ်သွားမယ်။ ကျုပ် နန်းမြို့တော်ကို သွားမယ်”
မြို့စားကတော် စုဖေ့ဖေ့သည် အံ့အားသင့်သွား၏။ “မဖြစ်သေးဘူး။ မင်းသွားလို့ မဖြစ်ဘူး။ မင်းက အရမ်းကို ရိုးသားလွန်းတယ်။ နန်းတွင်းက ရှုပ်ထွေးလွန်းတယ်။ သွားပြီဆိုရင် သေထဲထိ အနိုင်ကျင့်ခံရလိမ့်မယ်”
ဤနှစ်ရက်အတွင်း ဝတုတ်သည် ကြောက်လန့်နေခဲ့၏။ သူသည် မြို့တော်ဆီသို့ မသွားချင်ကြောင်းကိုလည်း ထပ်တလဲလဲ ပြောဆို၏။ သူ၏ယောက်ဖ မြန်မြန်ပြန်လာပြီး သူ့ကိုကယ်တင်ပေးပါရန် မျှော်လင့်နေမိ၏။ မိန်းမစိုးသည် မြို့တော်ဝန်အိမ်တော်တွင် စောင့်မျှော်လျက် ရှိနေ၏။ သဘက်ခါတွင် သူ့အား နန်းမြို့တော်ဆီသို့ ဝင်ခွင့်ရအောင် လာရောက်ကာ ခေါ်ဆောင်သွားမှာ ဖြစ်၏။ ကျင်းမူကုန်းသာ မသွားပါက ဘုရင်မင်းမြတ်၏ အမိန့်တော်ကို မနာခံသလို ဖြစ်ပေလိမ့်မည်။
ကျင်းမူကုန်းက ပြောလိုက်သည်။ “အမေ... ကျုပ် အမြဲတမ်း အမေ့ရဲ့အတောင်ပံအောက်မှာပဲ နေထိုင် ကြီးပြင်းခဲ့တယ်။ ပြီးတော့ ကောင်းကောင်း ကာကွယ်စောင့်ရှောက်ခြင်းကို ခံခဲ့ရတယ်။ ပြီးတော့ ယောက်ဖ.. ဘာပဲဖြစ်ဖြစ် ယောက်ဖဘေးနားမှာ ကျုပ်နေထိုင်ပြီးတော့ သင်ယူနိုင်စရာရှိတာတွေကို သင်ယူခဲ့တယ်။ ကျုပ်က ညံ့ဖျင်းတဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုရင်တောင်မှ ရွှမ်ဝူအိမ်တော်ရဲ့ ဆက်ခံသူတစ်ယောက်ပဲလေ။ မိသားစုအတွက် ကောင်းမွန်တဲ့အရာတွေကို ပြုလုပ်ပေးရမှာပေါ့။ အခုမိသားစုရဲ့ အရေးအကြောင်း အခြေအနေမျိုးမှာ .. ပြီးတော့ ဝမ်ကျားကျွန်းရဲ့ မဟာဗျူဟာက ထိပ်ဆုံးအခြေအနေကို ရောက်နေတဲ့ အချိန်မှာ ယောက်ဖရဲ့ မဖောက်ထွင်းနိုင်တဲ့ ပိုက်ကွန်ကြီးက အားလုံးကို ဖမ်းဆီးဖို့ အဆင်သင့် ဖြစ်နေပြီ။ ရန်သူတွေက တစ်ယောက်ပြီးတစ်ယောက် ဝင်လာပြီး အသေခံတော့မယ့် အခြေအနေမျိုး ရောက်နေပြီမဟုတ်လား။
နုရှောင်မြို့ရဲ့ မဟာဗျူဟာက စတင်တော့မယ်။ ဒီတော့ အမှားအယွင်းတစ်ခုမှ ကျုပ်တို့ လုပ်လို့မရဘူး။ နုရှောင်မြို့နဲ့ လေ့ကျိုးကျွန်းစု တစ်ခုလုံးကို ကျုပ်တို့မိသားစုက ရရှိမှသာလျှင် မူဝါဒသစ်ရဲ့ အလှည့်အပြောင်း အန္တရာယ်ကြားကနေ လွတ်မြောက်မှာပေါ့။ ဒါမှ ရေရှည် ငြိမ်းချမ်းမှုမျိုးကို ကျုပ်တို့ ရရှိလိမ့်မယ်။
ဒီအတွက် ယောက်ဖကလည်း နုရှောင်မြို့ဆီသို့သွားပြီးတော့ စွန့်စားခဲ့ရတယ်။ ကျုပ်က ဘာလို့ နန်းမြို့တော်ကို မသွားရဲရမှာလဲ။ ကျုပ်က ဆက်ခံသူတစ်ယောက်လေ။ ဒီအတိုင်း အငြိမ်သား ထိုင်ပြီးတော့ တခြားသောသူတွေရဲ့ လုပ်အားတွေ၊ အသီးအပွင့်တွေကို ထိုင်စားနေလို့ မဖြစ်ဘူးမလား။ ကျုပ်ဆီမှာ တခြားစွမ်းဆောင်ရည်တွေ မရှိဘူးဆိုရင်တောင်မှ နန်းတွင်းကျောင်းတစ်ခုကိုသွားပြီး ပညာသင်ယူရုံလောက်နဲ့ မိသားစုအတွက် ကောင်းခြင်းတစ်ခုကို ဖန်တီးပေးနိုင်တယ်ဆိုတာ အကောင်းဆုံး မဟုတ်လား။ ဒါကြောင့် ကျုပ် သွားချင်တယ်။ ယောက်ဖ... နုရှောင်မြို့ရဲ့ မဟာဗျူဟာ အောင်မြင်ပြီးရင် နန်းမြို့တော်ကို လိုက်လာပြီး ကျုပ်ကို အိမ်ပြန် ခေါ်ရမယ်နော်”
......
ဝမ်ကျားကျွန်း၏ ပတ်ပတ်လည် ပင်လယ်ပြင်တစ်ဝိုက်မှာတော့ ကျင်းမိသားစု၏ စစ်သင်္ဘောများသည် တည်နေရာအနှံ့တွင် ဖြန့်ကျက်လျက် ရှိနေပြီး ဝမ်ကျားကျွန်း၏ ငါးမိုင်အတွင်း မည်သည့်သင်္ဘောမှ ချဉ်းကပ်ခြင်း မရှိရန် ပြင်းပြင်းထန်ထန် သတိပေးထား၏။ ထိုနေရာဆီသို့ သွားသည်ဆိုပါက ကျင်းမိသားစု၏ ရွက်သင်္ဘောများသည် တိုက်ရိုက်ဆိုသလိုပဲ သတ်ဖြတ်ခြင်းကို ပြုလုပ်ကြ၏။
ဤအချိန်မှာတော့ ကြီးမားလွန်းသည့် ပင်လယ်ဓားပြ သင်္ဘောကြီးဆယ်စင်းက ပေါ်ပေါက်လာခဲ့ပြီး အလွန် ကြမ်းတမ်းသည့်အမူအရာဖြင့် ဝမ်ကျားကျွန်းဆီသို့ ဦးတည်လာခဲ့၏။ ကျင်းရှိယန်သည် ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် အော်ဟစ်လိုက်သည်။
“ဒါကျင်းမိသားစုရဲ့ ပင်လယ်ပြင်ပိုင်နက်ပဲ။ ဘယ်ရွက်သင်္ဘောမှ ချဉ်းကပ်လို့မရဘူး။ ချက်ချင်းနောက်ဆုတ်... ချက်ချင်းနောက်ဆုတ်... ချက်ချင်းနောက်ဆုတ်” ချက်ချင်းပဲ ကျင်းမိသားစု၏ ရွက်သင်္ဘောများဆီမှ များပြားလွန်းသည့် လေးများ၊ မြားများ ပေါ်ပေါက်လာခဲ့၏။
“ဟား ဟား ဟား ဟား ဟား”
ကျယ်လောင်လွန်းလှသည့် ရယ်မောသံကြီး တစ်ခုက ထွက်ပေါ်လာခဲ့၏။ ချောင်ရှောင်းသည် ကုန်းဘက်ပေါ်သို့ ရောက်ရှိလာခဲ့၏။ သူသည် ဘောင်းဘီကို အသာချွတ်ပြီးသည့်နောက် ပင်လယ်ပြင်ထဲတွင် သေးပင် ကော့ပန်းလိုက်သေးသည်။
“အင်း... ဒါဘယ်လိုသင်္ဘောမျိုးလဲ။ ဒါစစ်သင်္ဘောတွေ ဟုတ်ရဲ့လား။ ဒါကလေးကစားစရာ အရုပ်လေးတွေလား”
ချောင်ရှောင်းသည် သူ၏ရှေ့တွင်ရှိနေသည့် ရွက်သင်္ဘောများကို ကြည့်ရင်း နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ဒါကရွက်သင်္ဘောတဲ့။ ခင်ဗျားတို့ကျင်းမိသားစုက တကယ့်ကို အစုတ်အပျက်တွေပဲ။ ဒီလိုအရာမျိုးကို ရတနာတွေလို တန်ဖိုးထားနေရတာလား”
သူပြောသည်က မမှားချေ။ ရွှမ်ဝူအိမ်တော်၏ ရွက်သင်္ဘောများသည် ပင်လယ်ဓားပြဘုရင်၏ ရွက်သင်္ဘောများနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။ ပင်လယ်ဓားပြဘုရင်တွင် ရွက်သင်္ဘောပေါင်းများစွာ ရှိသည်သာမက အလွန်အမင်းလည်း ကြီးမားကြ၏။
အတိုချုပ်ပြောရမည်ဆိုလျှင် ကျင်းမိသားစု၏ ပင်လယ်ပြင်တွင် တိုက်ခိုက်နိုင်စွမ်းရှိသည့် စွမ်းရည်သည် ချောင်ထျန်းဝေအဖွဲ့နှင့်နှိုင်းယှဉ်သည်ဆိုပါက မည်သို့မှ နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ချေ။ ယှဉ်ပြိုင်တိုက်ခိုက်ရန် အရည်အသွေးပင်မပြည့်မီဟု သတ်မှတ်ရပေလိမ့်မည်။
ရွှမ်ဝူအိမ်တော်၏ ပင်လယ်ပြင်တဝိုက်တွင် ရွက်သင်္ဘော ၄၀မှ ၅၀နီးပါးခန့်ရှိ၏။ ချောင်ရှောင်းသည် ရွက်သင်္ဘော ဆယ်ခုကိုသာလျှင် ခေါ်ဆောင်လာခဲ့၏။ သို့ပေမည့် တကယ်တမ်း တိုက်ခိုက်သည်ဆိုပါက ချောင်ရှောင်း၏ ရွက်သင်္ဘောဆယ်စင်းသည် ကျိန်းသေပေါက် အနိုင်ရရှိမှာ သေချာသည်။
တခြားသော နည်းလမ်းလည်း မရှိချေ။ နုရှောင်မြို့တွင် ရှိနေသည့် ရွက်သင်္ဘောအားလုံးတို့သည် ပင်လယ်ပြင်တွင် တိုက်ခိုက်နိုင်ရန်အတွက် အထူးဖန်တီး တည်ဆောက်ထားသည့် အရာမျိုးဖြစ်၏။ ၎င်းတို့၏ လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများက ကောင်းမွန်လွန်းလှချေ၏။
ကျင်းမိသားစု၏ ရွက်သင်္ဘောများမှာတော့ ကုန်ပစ္စည်းများ ပို့ဆောင်ရန်အတွက် အသုံးပြုသည့် ရွက်သင်္ဘောများ သာလျှင်ဖြစ်၏။ တိုက်ခိုက်သည့် အခြေအနေမျိုးတွင် အနည်းငယ် တိုက်ခိုက်နိုင်အောင် လေး၊ မြားများကိုပြင်ဆင်ထားခဲ့သည်ဆိုသော်လည်း ကျိန်းသေပေါက် ရွက်သင်္ဘောချင်း ယှဉ်ပြိုင်ကာ တိုက်ခိုက်နိုင်သည့် အရာမျိုး မဟုတ်ခဲ့ချေ။ ရွက်သင်္ဘောများက သေးငယ်၏။ ထို့အပြင် လေးမြားများက မကြီးမားချေ။ ပစ်နိုင်သည့် အကွာအဝေးနှုန်းကလည်း တိုသေးသည်။
“တိုက်ခိုက်ဖို့ပြင်ကြ” ချောင်ရှောင်းက အော်ဟစ်လိုက်၏။
ရုတ်တရက် ပင်လယ်ဓားပြ ရွက်သင်္ဘောဆယ်စင်း တို့သည် ၎င်းတို့၏ လက်နက်များကို ထုတ်ဖော်လိုက်၏။ ၎င်းတို့၏ သင်္ဘောတွင်ရှိနေသည့်မြားကြီးများသည် အလွန်ကြီးမားလွန်ေ၏။ ရုတ်တရက် ထိုမြားများကို ကိုင်ဆောင်ထားခဲ့သည့် ပင်လယ်ဓားပြ တစ်ထောင်ကျော်တို့က ရောက်ရှိလာခဲ့၏။ ချောင်ရှောင်းသာ အမိန့်ပေးလိုက်သည်ဆိုပါက မြားများသည် တစ်ပြိုင်နက်တည်း ထွက်လာမှာဖြစ်ပြီး ကျင်းမိသားစု၏ ရွက်သင်္ဘောအားလုံးသည် ဘေးအန္တရာယ် ကျရောက်ပေလိမ့်မည်။
“ကျုပ် ချောင်ရှောင်း.. ဝမ်ကျားကျွန်းကိုလိုချင်တယ်။ ဒီနေရာမှာ ကျုပ်ကိုတားရဲတဲ့လူ ဘယ်သူမဆို အသတ်ခံရလိမ့်မယ်။ ကျုပ်က နုရှောင်မြို့ရဲ့သခင်လေး၊ ပင်လယ်ဓားပြဘုရင်ရဲ့သားပဲ။ ကျုပ်ကို ဘယ်သူ တားရဲလဲ။ ကျုပ်ကိုတားရဲတဲ့လူတိုင်း သေရမယ်”
သေချာပေ၏။ ရွှမ်ဝူအိမ်တော်သည် သူကိုမတားရဲချေ။ ချောင်ရှောင်း၏ ပင်လယ်ဓားပြ ရွက်သင်္ဘော ဆယ်စင်းတို့သည် ဝမ်ကျားကျွန်း၏ ဆိပ်ကမ်းဆီသို့ရောက်ရှိလာခဲ့၏။ ပင်လယ်ဓားပြဘုရင်ငယ် ချောင်ရှောင်း သည် သင်္ဘောပေါ်မှ ခုန်ချပြီးသည့်နောက် ဆိပ်ကမ်းဆီသို့ မြန်မြန်ဆန်ဆန် ဆင်းလာ၏။
သူသည် ကြီးမားလွန်းလှသည့်ဓားကြီးကို အသာထမ်းပိုးကာဖြင့် အော်ဟစ်လိုက်သည်။ “ရှုံးနိမ့်တဲ့သူတွေ ဘယ်ရောက်သွားလဲ။ ကျင်းကျိုးမြို့စားကြီးဘယ်ရောက်သွားလဲ။ ဟိုကောင် ရှမ့်လန်ဆိုတဲ့ကောင်ရော၊ ကျင်းမူလန် ဘယ်မှာလဲ။ လာစမ်း ငါ့ကိုလာတွေ့ကြစမ်း”
“ကျင်းကျိုး၊ ရှမ့်လန် ... ခင်ဗျားတို့ ဝမ်ကျားကျွန်းပေါ်မှာ ရွှေတွင်းတစ်ခု ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကြားတယ်။ ဒါအမှန်ပဲလား။ လာစမ်း... ကျုပ်ကို သေသေချာချာ လိုက်ပြစမ်း”
ကျင်းကျိုးမြို့စားကြီးက ပေါ်ပေါက်လာခဲ့၏။ ချောင်ရှောင်း၏ ပုံစံကို မြင်ရသည့်အချိန်မှာတော့ သူသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ သေချာပေ၏။ လန်အာ ထင်မှတ်ထားသည့် အတိုင်းပင်။
ချောင်ရှောင်းက လာခဲ့ပြီဖြစ်၏။ ကျိန်းသေပေါက် ဤနေရာဆီသို့ ရောက်ရှိလာပြီး အသေခံလေ၏။ လာသည် သာမကပင် ပင်လယ်ဓားပြ တစ်ထောင်ကျော်နှင့်အတူ ရွက်သင်္ဘော ဆယ်စင်းကျော် ကိုလည်း ခေါ်ဆောင်လာခဲ့သေး၏။ ဤရွက်သင်္ဘောပေါ်ရှိ ပင်လယ်ဓားပြ တစ်ထောင်ကျော် တို့ကို သတ်ဖြတ်ပစ်ရန် လိုအပ်သည်လား။ ပြီးနောက် အရာအားလုံးကို သူတို့ သိမ်းဆည်းရမည်လား။
နောက်ဆုံးမှာတော့ ချောင်ထျန်းဝေသည် သူတို့ဆီသို့ စစ်သည်များ စေလွှတ်ကာ အားဖြည့်ပေးခဲ့ပြီ ဖြစ်၏။