← Chapters

အပိုင်း (၂၁၆)

Vol. 16 Ch. 216

အပိုင်း (၂၁၆)

Vol. 16 Ch. 216

မိန်းမစိုး၏ မျက်နှာသွင်ပြင်တစ်ခုလုံးက စိမ်းပြာသွားခဲ့၏။ သူသည် အကြောက်အကန်ဖြင့် ငြင်းဆန်လိုက်သည်။ “ကျုပ် ဒီလိုမျိုးဆိုလိုတာ မဟုတ်ဘူးလေ။ ဘာတွေ လျှောက်ပြောနေတာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားဆိုလိုလို၊ မဆိုလိုလို ဘုရင်မင်းမြတ်ကို သေတော့မယ်လို့ ခင်ဗျား ပြောနေတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဘုရင်မင်းမြတ် သိမှဖြစ်လိမ့်မယ်”

မိန်းမစိုးသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ ကြက်သီးမွှေးညှင်းများပင်ထလာခဲ့သည်။ ဘုရင်မင်းမြတ်သည်သာ ထိုအကြောင်းကို ကြားသည်ဆိုပါက သူသည် သေမိန့်ပေးခြင်းကို ခံရပေမည်။ သို့မဟုတ် အကျဉ်းထောင်ထဲသို့ ရောက်ရှိပေလိမ့်မည်။ နာရီအနည်းငယ်ကြာ ဒူးထောက်လျှင်တောင်မှ ထိုအရာကို ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ချေ။

ပြဿနာပေါင်း သောင်းချီသည် လျှာဆီမှ အစပြုခြင် ဆိုသည်မှာ အမှန်ပင်ဖြစ်ပေမည်။ လျှာတစ်ချောင်းသည် ကြောက်စရာကောင်းလှပါဘိ။

ရှမ့်လန်သည် အဆိပ်ပြင်းသည့် မြွေတစ်ကောင်ဖြစ်ကြောင်း သူကြားခဲ့ဖူးသားဖြစ်၏။ သို့ပေမည့် လက်ရှိ တွေ့ကြုံရသည့်အချိန်မှာတော့ အမှန်ပင်ဖြစ်ကြောင်း နားလည်လိုက်မိ၏။ အခွင့်အရေးရသည်နှင့် တစ်ပြိုင်နက် သူ့ကို ကိုက်လေ၏။

ပြီးနောက် ထိုမိန်းမစိုးသည် ဘာတစ်ခုမှ ဆက်လက်ကာ မပြောဆိုရဲတော့ချေ။ နန်းမြို့တော်သို့ ပြန်လျှင် ယူဆောင်သွားရန် တကူးတက ဝယ်ယူခဲ့သော ဒေသထွက်ပစ္စည်းများကို ရှမ့်လန်ကို လာဘ်ထိုးကာ ပေးအပ်ပြီး သုတ်ခြေတင်၍ ရွှမ်ဝူအိမ်တော်ဆီမှ ထွက်ခွာသွားခဲ့တော့သည်။

ကျင်းမူကုန်းသည် ရထားလုံးထဲမှ လှမ်းကာ အော်ဟစ်လိုက်၏။ “ယောက်ဖ.. နန်းတွင်းကျောင်းကို ရောက်တဲ့အချိန်ကျရင် ကျုပ် ခင်ဗျားကို အရှက်မရစေရပါဘူး။ ကျိန်းသေပေါက် နန်းမြို့တော်မှာ ကျော်ကြားလာမယ့် ကျုပ်ရဲ့ သတင်းကောင်းကို စောင့်နေလိုက်”

…………..

ကျင်းမူကုန်း ထွက်ခွာသွားခဲ့၏။ မူလန်သည် စိတ်မကောင်းသလို ခံစားနေမိ၏။ စုဖေ့ဖေ့သည်လည်း ထိုကဲ့သို့ပင် ဖြစ်၏။ အချိန်ခဏကြာသည့်အထိ သူမသည် သူမ၏သားနာမည်ကို ရွတ်လျက်ရှိနေ၏။ ထို့အပြင် ရိုက်နှက်နေကျ ကြိမ်လုံး၊ တုတ် အရာများကို မြင်သည့်အချိန်တိုင်း ကျင်းမူကုန်းကို သတိရလို့ နေသည်။

မိသားစု၏ နေ့စဉ်ဘဝ၌ အိပ်ခြင်း၊ စားခြင်း၊ ကျင်းမူကုန်းကို ရိုက်နှက်ခြင်းသည် အသားကျနေပြီ မဟုတ်ပါလား။ ယခု ကျင်းမူကုန်း မရှိတော့ချေ။ ထိုအရာကို အသားမကျသလို ခံစားနေမိ၏။ ရှမ့်လန်ပင်လျှင် ဝတုတ် ကျင်းမူကုန်း ထွက်ခွာသွားခြင်းနှင့် ပတ်သက်၍ လွမ်းဆွတ်သလို ခံစားနေမိ၏။

ရှမ့်လန်သည် တွေဝေငေးငိုင်လျက် ရှိနေသည့် သူ၏ ယောက္ခမကြီးကို လှမ်းကြည့်ကာဖြင့် နှစ်သိမ့်လိုက်သည်။ “အမေ... စိတ်ပူမနေပါနဲ့။ ကျုပ်ကိုယ်တိုင် နန်းမြို့တော်ကို သွားပြီးတော့ ဝတုတ်ကို အိမ်ပြန်ခေါ်ဖို့က သိပ်မကြာတော့ပါဘူး”

…………….

ရွှမ်လန်သည် အချိန်အတော်ကြာသည့်အထိ ရွှမ်ဝူအိမ်တော်ထဲတွင် မနေခဲ့ချေ။ ဝတုတ် ကျင်းမူကုန်း ထွက်ခွာသွားခြင်းသည် သူ့ကိုသတိအပြည့်နှင့် ဖြစ်စေခဲ့၏။ နောက်ပိုင်းကြီးမားသည့် ပြပွဲကြီးတစ်ခုကို စတင်ကာ ပြုလုပ်ရတော့မှာဖြစ်၏။ ဝမ်ကျားကျွန်း၏ အစီအစဉ် တစ်ခုလုံးသည် အတိုင်းအတာတစ်ခုဆီသို့ ရောက်ရှိနေပြီ ဖြစ်၏။

ဝမ်ကျားကျွန်းတွင် ချမှတ်ထားသည့် ပိုက်ကွန်ကြီးသည် တည်နေရာအနှံ့သို့ ဖြန့်ကျက်ပြီးသားဖြစ်၏။ သို့ပေမည့် သူ ရှမ့်လန်သည် ပိုက်ကွန်ကို ဆွဲယူရန်တော့ လိုအပ်နေသေး၏။ ဝတုတ်ကို လိုက်ပါပို့ဆောင်ပြီးနောက် ရှမ့်လန်သည် သူ၏မိန်းမ၊ သူ၏ ယောက္ခမကြီး တို့နှင့်အတူ အိမ်တွင် ခဏတာနေထိုင်ခဲ့သည်။

နောက်တစ်မနက်အတွင်းမှာတော့ အိမ်မှထွက်ခွာကာဖြင့် ဝမ်ကျားကျွန်းဆီသို့ ဦးတည်လိုက်၏။ ဟွမ်ဖန်သည် သူ့ကို လိုက်ပါစောင့်ရှောက်၏။ မူလန်သည် တကယ်တမ်းအားဖြင့် ရှမ့်လန်၏ ဘေးတစ်ဖက်တွင် နေချင်၏။ သို့ပေမည့် သူမ နေ၍မရချေ။ ရွှမ်ဝူအိမ်တော်နှင့် မြေပိုင်နက်တစ်ခုလုံးကို ကာကွယ်ပေးရန် သူမ၌ တာဝန်ရှိ၏။

ဤအချိန်တွင် စစ်သည်ပေါင်း ၄၀၀၀တို့အား ဝမ်ကျားကျွန်းဆီသို့ ပို့ဆောင်လိုက်ပြီဖြစ်၏။ ထို့ကြောင့် ဤနေရာတွင် စစ်သည်ပေါင်း ၁၂၀၀ သာလျှင် ကျန်ရှိတော့၏။ ဤကဲ့သို့သော လူအရေအတွက်ဖြင့် ကာကွယ်ရမည်မှာ တကယ်ကို တာဝန်ကြီးမား၏။

ရှမ့်လန်သည် သူ၏မိန်းမကို အသာဖက်ကာဖြင့် နဖူးကိုနမ်း၏။ ပြီးနောက် နှာခေါင်း၊ နှုတ်ခမ်း နှင့် သူမ၏ မေးစေ့လေးကိုနမ်း၏။ ပြီးနောက် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။ ခဏနောက် တွန့်ဆုတ်ပြီးနောက် ရုတ်တရက် ပြန်လှည့်ကာဖြင့် သူမ၏မိန်းမကို ထပ်မံကာ နမ်းရှိုက်ပြန်သည်။

......

ချောင်ရှောင်းနှင့် ပင်လယ်ဓားပြနှစ်ထောင်ကျော်တို့သည် ဝမ်ကျားကျွန်းထဲတွင် ဘိုးဘိုးကြီးများကဲ့သို့ပင် ဧည့်ခံခြင်းကို ခံထားရ၏။ ရွှမ်ဝူအိမ်တော်သည် သူ့ကိုတကယ်ပင် ထိခိုက်နာကျင်အောင် မလုပ်ရဲချေ။ ဝမ်ကျားကျွန်း၌ စစ်စခန်းကို တည်ဆောက်ပြီးသား ဖြစ်ပြီး ကျင်းမိသားစု၏ စစ်သည်အားလုံးတို့သည် သက်ဝင်နိုးကြွစွာဖြင့် အဆင်သင့်ဖြစ်လို့နေ၏။

သို့ပေမည့် ထိုသူအားလုံးတို့သည် ပင်လယ်ဓားပြများ၏ အနိုင်ကျင့်ခြင်းကို ခံနေရသည်။

ချောင်ရှောင်းသည် လုံလောက်သည့်အစားအစာနှင့် အသားများကို ဝယ်ယူခဲ့ပြီးပြီဖြစ်၏။ သို့ပေမည့် ရွှမ်ဝူအိမ်တော်ဆီမှ ထပ်မံကာ တောင်းခံ၏။ ထိုတင်သာ မကသေးချေ။ လုယက်ကာ စားသောက်တတ်သေး၏။ ထို့ကြောင့် နှစ်ရက်အတောအတွင်းမှာပဲ ပဋိပက္ခများစွာ ဖြစ်ပွားခဲ့သည်။ သို့ပေမည့် ရွှမ်ဝူမြို့စားကြီးသည် အချိန်တိုင်းဆိုသလို သူ့၏ဒေါသကို ဖိနှိပ်ထားခဲ့၏။ တစ်ဖက်လူများအား ခြေတစ်လှမ်းချင်း လှမ်းဝင်ရန် ခွင့်ပြုပေးထား၏။

ဤအရာသည် ချောင်ရှောင်းကို ပိုမိုကာ ဂုဏ်ယူဝင့်ကြွားစွာ လုပ်ချင်စေခဲ့သည်။

“ဟား ဟား ကျုပ်ရဲ့ နောက်ကွယ်မှာ နုရှောင့်မြို့ တစ်ခုလုံးရှိတယ်။ ကျုပ်ရဲ့အဖေရှိတယ်။ ပင်လယ်ဓားပြဘုရင်ကြီး.. ခင်ဗျားဘာတတ်နိုင်မှာလဲ။ ကျင်းမိသားစုက ကျုပ်ကိုထိခိုက်နာကျင်အောင် မလုပ်ရဲတဲ့အပြင် ကျုပ်ကို မျက်နှာသာတောင် ပေးရမှာ။ စိတ်ဝင်စားစရာပဲ။ ဟား ဟား ဟား ဟား”

ထို့ကြောင့် ချောင်ရှောင်းသည် တစ်လမ်းချင်း တိုးပြီးနောက် အစားအစာများကို တောင်းဆို၏။ ထို့အပြင် သူ၏ တောင်းဆိုမှုများသည် တဖြည်းဖြည်း လွန်လာခဲ့၏။ ဥပမာအားဖြင့် ကျင်းမူလန်ကို ဝမ်ကျားကျွန်းဆီသို့ လာရောက်စေပြီး သူ့နှင့်စကားပြောဆိုရန်၊ သူ့နှင့်အတူ ဝိုင်သောက်ရန် ဆင့်ခေါ်ခဲ့ခြင်းပင် ဖြစ်၏။ ထို့အပြင် သူ၏ ပင်လယ်ဓားပြ ညီအစ်ကိုများသည် မိန်းမ မရှိဘဲမနေနိုင်ဘူး ဆိုပြန်၏။ ထို့ကြောင့် ရွှမ်ဝူအိမ်တော်ကို မိန်းမပေါင်း တစ်ဒါဇင်ကျော်ကို ခေါ်ဆောင်လာပေးရန် တောင်းဆိုခဲ့၏။

ပိုမို၍ အရေးကြီးသည်မှာ သူ ချောင်ရှောင်းသည် ရွှမ်ဝူအိမ်တော်၏ အမျိုးသမီးများထဲမှ တစ်ယောက်ဖြစ်သော မူလန်၏ ယုံကြည်ရသည့် လူတစ်ယောက်ဖြစ်သည့် ကျင်းကျန့်နန်ကို လိုချင်သည်ဟု တောင်းဆိုနေခြင်းပင် ဖြစ်၏။ ရွှမ်ဝူအိမ်တော်နှင့် နုရှောင့်မြို့၏ကြားတွင် ရှိနေသည့် ပတ်သတ်ဆက်ဆံမှုအရ ကျင်းကျန့်နန်အား လက်ဆောင်အဖြစ် သူ့ကို ပေးအပ်ရန် တောင်းဆိုခြင်းဖြစ်သည်။

ဤရက်ပိုင်းအတွင်း ချောင်ရှောင်းသည် တကယ်ကို သည်းမခံနိုင်လောက်သည့် အရာများကို ပြုလုပ်လျက်ရှိနေ၏။ သို့ပေမည့် သူသည် သူလုပ်ရမည့် အလုပ်ကိုတော့ မမေ့လျော့ချေ။ ဝမ်ကျားကျွန်းတွင်ရှိနေသည့် အခြေအနေတစ်ခုလုံးကို သူရောက်သည့်နေရာတိုင်း စုံစမ်းစစ်ဆေး၏။

ဝမ်ကျားကျွန်းတစ်ခုလုံးသည် ဆောက်လုပ်ရေးများနှင့် ပြည့်နှံ့လျက်ရှိနေ၏။ လူပေါင်း တစ်သောင်းကျော်တို့သည် ထိုအရာများကို သယ်ဆောင်ခြင်း၊ ဆောက်လုပ်ခြင်းများ ပြုလုပ်လျက် ရှိနေ၏။ ဆိပ်ကမ်းတစ်ခုလုံးကို ချဲ့ထွင်ရုံသာမက မြို့တစ်ခုကို စတင်တည်ဆောက်ရန် ပြင်ဆင်နေခြင်းပင်ဖြစ်၏။ အခြေခံအားလုံးက ပြီးစီးနှင့်နေပြီ ဖြစ်သည်။

ရဲတိုက်ကြီး တည်ဆောက်မည့် တည်နေရာသည် ကြီးမားလွန်းလှချေ၏။ ဧကတစ်ရာနီးပါးခန့်ပင် ရှိ၏။

ဤရက်ပိုင်းအတွင်း ရွှမ်ဝူအိမ်တော်သည် များပြားလွန်းသည့် ပစ္စည်းပစ္စယနှင့် ရိက္ခာများအား ဝမ်ကျားကျွန်းဆီသို့ လာရောက် လွှဲပြောင်းခဲ့ကြသည်။

ဤတစ်ကြိမ်မှာတော့ ချောင်ရှောင်းသည် ကျိန်းသေပေါက် သေချာသွားခဲ့ပြီဖြစ်၏။ ဤကျွန်းကြီးထဲတွင် ကျိန်းသေပေါက် ရွှေတွင်း ရှိရမည်။ အလွန်ကြီးမားလွန်းသည့် ရွှေတွင်းကြီးသာလျှင် ဖြစ်ပေလိမ့်မည်။ ရွှမ်ဝူအိမ်တော်သည် မဟာဗျူဟာအရ အရေးကြီးသည့် ဤတည်နေရာကြီးကို ရယူပြီးသည့်နောက် စတင်လှုပ်ရှားရန် မစောင့်နိုင်သည့်ပုံပင်။

ရွှမ်ဝူသည် ထပ်တလဲလဲ သည်းခံလျက် ရှိသော်လည်း ချောင်ရှောင်းအား ထိုမိုင်းတွင်းဆီသို့ မသွားရန် တားမြစ်ထားခဲ့၏။ မိုင်းတွင်းထဲရှိ ဥမင်မှာ တည်ဆောက်ပြီးစသာ ဖြစ်သောကြောင့် အလွန် အန္တရာယ်များ၏။ ထို့ကြောင့် သွားကြည့်ရန် မသင့်ဟု ပြောဆိုတားမြစ်ထားခြင်းပင်။

ယနေ့မှာတော့ ချောင်ရှောင်းသည် လှည့်ကွက်တစ်ခုကိုပြုလုပ်၏။ သူသည် မိုင်းတွင်းလုပ်သား တစ်ယောက် ကဲ့သို့ပင် ရုပ်ဖျက်ပြီး မိုင်းတွင်းထဲသို့ ခိုးကာဝင်ခဲ့၏။ ရုတ်တရက် သူသည် အလုံးစုံ ကြောင်အသွားခဲ့၏။ ဤမျှကြီးမားသည့် မိုင်းတွင်းကြီး ရှိနေသည်လား။ တုန်လှုပ်စရာကောင်းလွန်းလှ၏။

မိုင်းတွင်း၏ အကျယ်အဝန်းကပင်လျှင် ကြီးမားလွန်းလှချေ၏။ ပေနှစ်ရာ ပတ်လည်လောက် တွင်းကြီးတစ်ခု ဖြစ်နေ၏။ နက်ရှိုင်းလွန်းလှချေ၏။ ထို့အပြင် လုံခြုံရေးကလည်း တကယ်ကို တင်းကျပ်၏။ သူသည် ဖျားနာ၍ အလုပ်မသွားနိုင်သော မိုင်းတွင်းလုပ်သားတစ်ယောက်၏အစား အထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မိုင်းတွင်းထဲတွင် အိမ်များအစီအရီ တည်ရှိနေပြီး တစ်အိမ်ချင်းစီတိုင်းတွင် စစ်သည်လေးယောက်တို့က စောင့်ကြပ်လျက် ရှိနေ၏။ အထဲသို့ဝင်ရောက်သည့် အချိန်တိုင်းတွင် နံပါတ်ပြားများကို ယူဆောင်ကာ အလုပ်သမားဖြစ်ကြောင်း သက်သေအဖြစ် ပြသရ၏။

သူ၏ နှလုံးသားတစ်ခုလုံးသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။ ဝမ်ကျားကျွန်း၏ ရွှေတွင်းကြီးလား။ တကယ့်ကို အစစ်အမှန်တရားသည် သူ၏မျက်စိရှေ့တွင် ပေါ်ပေါက်လာပြီ ဖြစ်၏။ ပြီးနောက် သူသည် မိုင်းတွင်းကြီးထဲတွင် တည်ဆောက်ထားသည့် အိမ်တစ်ခု၏ တံခါးကို အသာဖွင့်ကာဖြင့် အထဲသို့ လျှောက်ဝင်လိုက်သည်။

ချောင်ရှောင်းသည် အလုံးစုံ ဆွံ့အသွား၏။ နေရာအနှံ့တွင်‌ ရွှေများ တည်ရှိနေ၏။ အခန်းတစ်ခုလုံးတွင် ရွှေများဖြင့် ပြည့်နှက်လျက် ရှိနေ၏။ သူ ယခင်က တစ်ခါမှ မဖြင်ဖူးသည့် မြင်ကွင်းမျိုးပင်ဖြစ်၏။ ရေတွက်၍မရအောင် များပြားသည့် ရွှေမှုံများအား တောင်ကဲ့သို့ပင် ပုံထား၏။ အထဲတွင် ရွှေသန့်စင်သည့် လုပ်ငန်းက တည်ရှိ၏။ ဤရွှေများသည် မည်မျှ များပြားသနည်း။ တကယ့်ကို များပြားလွန်းလှချေ၏။

ချောင်ရှောင်းသည် အိမ်ထဲမှ ထွက်ခွာပြီး နောက်ထပ်အိမ်တစ်ခုဆီသို့ ဝင်လိုက်၏။ မြစ်ကမ်းပါး တစ်လျှောက်တွင် တည်ရှိနေသည့် အိမ်များထဲတွင် ထိုကဲ့သို့ ရွှေများနှင့် ပြည့်နှက်လျက် ရှိနေသည်ကို သူက ထူးခြားစွာ မြင်လိုက်ရ၏။ အံ့အားသင့်စရာပင်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တည်ငြိမ်လျက် ရှိနေသော်လည်း သူ၏နှလုံးသားများကတော့ တုန်ယင်လျက် ရှိနေ၏။ အသက်ရှုရန်ပင် ခက်ခဲလျက်ရှိ၏။

ရွှမ်ဝူအိမ်တော်သည် တစ်ပြိုင်နက်တည်း ရွှေဒင်္ဂါး ခုနစ်သိန်းကို ပြန်လည်ကာ ပေးအပ်ခဲ့၏။ အဘယ့်ကြောင့်ဆိုသော် အလွန်ကြီးမားသည့် မိုင်းတွင်းကြီးကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်ပင်။

သူဝင်ရောက်သမျှ အိမ်တိုင်းတွင် ရွှေများနှင့် ပြည့်နှက်လျက် ရှိနေသည်ကိုမြင်ရ၏။ မယုံကြည်နိုင်စရာပင်။ မိုင်းတွင်းထဲတွင် ရွှေမည်မျှ ရှိနေမည်နည်း။ နတ်ဘုရားမှသာလျှင် သိရှိပေလိမ့်မည်။ အလွန်ကြီးမားသည့် မိုင်းတွင်းကြီးများ တည်ရှိကြောင်းကို သူ သိရှိခဲ့သည်။

ချောင်မိသားစုသည် ချမ်းသာပြီဖြစ်၏။ ရွှေတွင်းသည် သူ၏အပိုင်ဖြစ်ပြီး ချောင်မိသားစု ပိုင်ဆိုင်သည့်အရာ ဖြစ်၏။ ပြီးသည့်နောက် သူ၏အဖေဆီသို့ စာရေးသားပေးပို့လိုက်၏။ ဝမ်ကျားကျွန်းတစ်ခုလုံးကို ရယူရမည်။ ၅၀ရာခိုင်နှုန်းဆိုသည်မှာ ဘာဖြစ်သနည်း။ မရချေ။ အရာအားလုံးကို ယူဆောင်ရပေလိမ့်မည်။

ဤကဲ့သို့ ကြီးမားလွန်းသည့် ရွှေတွင်းကြီးအား တစ်ဖက်လူကို အဘယ့်ကြောင့် တစ်ဝက်ခွဲ ပေးရမည်နည်း။ နုရှောင့်မြို့သည် ရှိရှိသမျှ အရင်းအမြစ် မြောက်များစွာကိုအသုံးပြုပြီး စစ်သည်ပေါင်းများစွာကို စေလွှတ်ကာ ကျင်းမိသားစုတစ်ခုလုံးကို သုတ်သင်လိုက်သည်ဆိုပါက ဤအထဲတွင် ရှိနေသည့် ရွှေတွင်းကြီးကို သူတို့ရမည် မဟုတ်ပါလား။

.........

ညနေခင်းသို့ ရောက်ချိန်မှာတော့ ရှမ့်လန်သည် ဝမ်ကျားကျွန်းဆီသို့ ရောက်ရှိလာခဲ့၏။ “ချောင်ရှောင်း ရောက်နေတာလား”

ရွှမ်ဝူက ပြောလိုက်သည်။ “အင်း... ရောက်နေတာ ရက်အနည်းငယ်လောက်ရှိပြီ။ ဆရာကြီးလိုလို လုပ်နေတာပဲ”

ရှမ့်လန်က မေးမြန်းလိုက်၏။ “မိုင်းတွင်းထဲကို ရောက်ပြီးပြီလား”

ရွှမ်ဝူက ပြောလိုက်သည်။ “အင်း..... သူမြင်သင့်တာတွေ အကုန်လုံးကို မြင်ပြီးပြီ”

ရှမ့်လန်သည် ထိုအရာများကို တမင်မြင်အောင် ဖန်တီးထားခြင်း ဖြစ်၏။ ထို့ကြောင့် ထိုအရာသည် ချောင်ရှောင်းကို တကယ်ပင် အံ့အားသင့် တုန်လှုပ်စေမှာ သေချာ၏။

“နုရှောင့်မြို့ဆီကို စစ်သည်တစ်ဒါဇင်ကျော် စေလွှတ်ခဲ့ပြီးပြီ။ ကြည့်ရတာ တိတ်တဆိတ် ကြတ်ပြီး သူ့အဖေဆီကို စာပို့တာပဲ ဖြစ်ရမယ်။ မကြာခင်မှာ ဝမ်ကျားကျွန်းကို တိုက်ခိုက်ဖို့အတွက် ပင်လယ်ဓားပြတွေ အများကြီး ရောက်ရှိလာမှာ သေချာတယ်”

“ချောင်ထျန်းဝေက လျှို့ဝှက်စာကို ရမှာပဲ”

ရှမ့်လန်က ပျော်ရွှင်သွားမိ၏။ “အင်း...... ချောင်ရှောင်းကို ဒီညမှာ ပွဲအခမ်းအနားတစ်ခုနဲ့ သေသေချာချာ ကျွေးမွေးရမယ်။ ဒီဝက်ကြီးက အစားအစာတွေစားနေတာ ဝဖြိုးနေပြီ။ သတ်ဖို့အချိန်တန်ပြီ”

ရွှမ်ဝူက ပြောလိုက်သည်။ “သူ့တစ်ယောက်တည်း သတ်ပစ်ရမှာလား။ ဒါမှမဟုတ် ....”

“မဟုတ်ဘူး အကုန်လုံးကို သတ်ရမှာ။ ပင်လယ်ဓားပြ နှစ်ထောင်ကျော်လုံးကို သတ်ပစ်ရမယ်။ ပြီးရင် အားလုံးရဲ့ခေါင်းတွေကို ဖြတ်ပြီးတော့ ချောင်ထျန်းဝေဆီကို လက်ဆောင်ပို့ရမယ်။ ဒါဆိုရင် အရမ်းပျော်စရာကောင်းမှာ မဟုတ်လား”

.......

တစ်ရက်အတွင်းမှာပဲ ချောင်ရှောင်း၏လျှို့ဝှက်စာသည် ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေ၏ လက်ထဲသို့ ရောက်ရှိခဲ့၏။ အထဲတွင် စာသားအနည်းငယ်သာလျှင် ပါ၏။ ဝမ်ကျားကျွန်းတွင် ရွှေတွင်း တကယ်ရှိသည်မှာ မှန်ကန်ကြောင်း၊ ထို့အပြင် မထင်မှတ်ထားလောက်အောင် ကြီးမားသည့်အရာဖြစ်ပြီး ရွှေတန်ချိန်ပေါင်း များစွာကို ထိုနေရာဆီမှ ထုတ်ယူလျက် ရှိနေကြောင်းပင်။

ရွှေတွင်းကြီး တစ်ခုတည်းကပင် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ကြီးမားလွန်းပြီး ရွှေခဲများပင် ပါဝင်လျက် ရှိနေသည်ဆိုခြင်းပင်။ လက်ရေးလက်သား ထို့အပြင် ထူးခြားသည့် သင်္ကေတ၊ စာလုံးထဲတွင် ရှိနေသည့် သူတို့ သားအဖချင်းသာ နားလည်နိုင်ခဲ့သည့် စာလုံးပေါင်းအမှားများ၊ ထိုအရာအားလုံးတို့သည် ချောင်ရှောင်းကိုယ်တိုင် ရေးသားထားသည့်စာဖြစ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်၏။

ဝမ်ကျားကျွန်း တစ်ခုလုံးတွင် ရွှေပေါင်းများစွာ ထုတ်ဖော်လျက် ရှိနေသည်လား။ တကယ်တမ်းမှာတော့ ဤမျှ မများချေ။ ရှမ့်လန်သည် ရွှေဒင်္ဂါး လေးသောင်းကျော်ကို အရည်ဖျော်ခဲ့၏။ ထိုသို့ဆိုလျှင်တောင်မှ ရွှေပမာဏက အနည်းငယ်သာ ရရှိ၏။ ထို့ကြောင့် သူသည် ကြေးများနှင့် ရောနှောခဲ့ခြင်းသာလျှင်ဖြစ်၏။ သူ ချောင်ရှောင်းကို ပြသခဲ့သည့် အိမ်ထဲတွင် ရှိနေသည့် ရွှေများသည် တကယ်တမ်းမှာတော့ ကြေးများနှင့် ရောနှောလျက် ရှိနေသည့် ရွှေများသာလျှင် ဖြစ်သည်။

ချောင်ရှောင်း၏ လျှို့ဝှက်စာကို မြင်ရသည့်အချိန်မှာတော့ ချောင်ထျန်းဝေသည် အသက်ပင် မရှူနိုင်လုနီးပါး ဖြစ်နေ၏။ လောဘ၏ဇောများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုနေခဲ့၏။ ဤရွှေတွင်းကြီးကိုသာ သူရရှိသည် ဆိုပါက မည်မျှကောင်းမွန်လိုက်မည်နည်း။ တခြားကိုမဆိုနှင့်။ မိုင်းတွင်းတွင် ရှိနေသည့် ရွှေပေါင်းများစွာ တို့ကပင်လျှင် တန်ဖိုးကြီးမား ထိုက်တန်လွန်းသည့်အရာ ဖြစ်၏။

သူသည် ကျင်းယုမြို့စားကြီးကဲ့သို့ ကိုယ့်၌ဘာမှမရှိဘဲ တခြားသူဆီမှ ချေးငှားကာဖြင့် တစ်ဖက်လူများကို သွားရောက်တိုက်ခိုက်တတ်သည့် လူစားမျိုး မဟုတ်ချေ။ နုရှောင့်မြို့၏ သီးသန့် စစ်တပ်ကြီးနှင့် ရွက်သင်္ဘောများသည် အဆင်သင့် တည်ရှိနေပြီးသား ဖြစ်၏။ ဝမ်ကျားကျွန်းကို အနိုင်ယူ တိုက်ခိုက်ပြီး အထဲတွင်ရှိနေသည့် ရွှေပေါင်းအားလုံးကို ယူဆောင်ဖို့ဆိုသည်မှာ သူ့အတွက် အလွန်လွယ်ကူသည့် အရာပင်ဖြစ်သည်။

သူ့အနေနှင့် ချောင်ရှောင်းကို ညှိနှိုင်းဆွေးနွေးရန် မှာကြားခဲ့သည်နှင့်ပတ်သက်၍ နောင်တပင်ရမိသွား၏။ တစ်ဝက်ဟု သူအဘယ့်ကြောင့်ပြောခဲ့မိသနည်း။ ဤအရာသည် ကြီးမားလွန်းသည့် ချမ်းသာမှုတရားပင် ဖြစ်၏။

သို့ပေမည့် သူသည် ထိပ်တန်းရွှေကျွမ်းကျင်သည့် လူတစ်ယောက်ကို ခေါ်ဆောင်ကာဖြင့် မေးမြန်းခဲ့သည်။

“ဆရာကြီး... အခြေအနေက ဟုတ်ကောဟုတ်ရဲ့လား” ချောင်ထျန်းဝေက မေးလိုက်၏။

ထိုဆရာကြီးက ပြောဆိုလိုက်သည်။ “ဘာများမှားနေလို့လဲ”

ချောင်ထျန်းဝေက ပြန်လည်ကာ ပြောဆိုလိုက်၏။ “ကျုပ် ရွှေတွင်း တော်တော်များများကို မြင်ခဲ့ဖူးတယ်။ မြေဆီလွှာထဲမှာ ရွှေသဲတွေရှိနေတာမျိုး မရှိဘူးလေ။ အရမ်းကို များပြားပြီး ကြီးမားလွန်းတဲ့ မိုင်းတွင်းတစ်ခု ဆိုရင်တောင်မှ အဲလောက် ရွှေထွက်နှုန်း ကောင်းမှာမဟုတ်ဘူး။ အခု ရွှေတွေက ပက်ပက်စက်စက် ထွက်နေတယ်။ ကျင်းမိသားစုကလည်း ရွှေဒင်္ဂါးပေါင်း တစ်သန်းကျော်ကို တူးထုတ်ပြီးပြီ မဟုတ်လား”

ဤအရာက အမှားမဟုတ်ချေ။ ခေတ်သစ်နည်းပညာတွင်လည်း ထိုကဲ့သို့ပင် ဖြစ်၏။ တစ်နှစ်အတွင်း ရွှေကို ဤမျှလောက်တူးထုတ်နေသည်ဆိုပါက အဘယ်သို့ ရွှေလက်ကျန် ကျန်ရှိတော့မည်နည်း။

ချောင်ထျန်းဝေက ပြောလိုက်သည်။ “ဒါက ရွှေတွင်းတစ်ခုပဲ။ ပြီးတော့ တကယ့်ကို ရှားရှားပါးပါးတည်ရှိနေတဲ့ ခွေးခေါင်း ရွှေတွင်းမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလိုကျွန်းမျိုးမှာ ပေါ်မလာသင့်ဘူး”

ဆရာကြီးသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “အခြားတစ်ဖက်က ကြည့်မယ်ဆိုရင် ဝမ်ကျားကျွန်းမှာ ရွှေတွင်းရှိတယ်ဆိုတာ သေချာတယ်”

ချောင်ထျန်းဝေက ပြောလိုက်သည်။ “ခင်ဗျား ဘာကိုဆိုလိုတာလဲ”

ဆရာကြီးက ပြောလိုက်၏။ “ဒီရွှေတွင်းက သဘာဝရွှေတွင်းတစ်ခု မဟုတ်ဘူး။ ဒါရှေးဟောင်း ရွှေကြောကြီး တစ်ခု ဖြစ်နိုင်တယ်”

ချောင်ထျန်းဝေ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူသည် မယုံကြည်နိုင်စွာ ပြောလိုက်၏။ “ရှေးဟောင်း ရွှေကြောကြီးကို မိတာလား”

All Chapters