← Chapters

အပိုင်း (၂၁၇)

Vol. 16 Ch. 217

အပိုင်း (၂၁၇)

Vol. 16 Ch. 217

ရွှေကြောဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ လောကကြီး ဖျက်ဆီးခံရသည့်အချိန် သို့မဟုတ် တစ်လောကလုံး ပြောင်းပြန်လန်သွားသည့်အချိန်တွင် ကုန်းမြေများသည် ပင်လယ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ပင်လယ်များကလည်း တောင်အဖြစ် ပြောင်းလဲသွားခဲ့၏။

မြေပြင်တစ်ခုလုံး ကျုံ့ဝင်သွားခဲ့ပြီးနောက် ရွှေကြောကြီးသည် ဤနေရာဆီသို့ ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် ရှေးဟောင်းရွှေကြောကို ရှာဖွေတွေ့ရှိဖို့ ဆိုသည်မှာ ဖြစ်နိုင်သည်။

ချောင်ထျန်းဝေက ပြောလိုက်၏။ “ရှမ့်လန်က ကောက်ကျစ်ပြီး အလှည့်အပြောင်း များတဲ့ကောင်ပဲ။ ဒါက လိမ်ညာပြီး ဇာတ်ခင်းထားတာလည်း ဖြစ်နိုင်တယ်”

ထိုဆရာကြီးက ပြောလိုက်သည်။ “အင်း.. ရွှေသန်းချီကို အသုံးပြုပြီးတော့ ဟန်ဆောင်ထားမယ် ဟုတ်လား။ အဲပိုက်ဆံတွေကို ဘယ်ကနေရမှာလဲ။ ပြီးတော့ အဲလောက် ပိုက်ဆံတွေရှိနေပြီဆိုမှတော့ တစ်ခုခု အတွက်ပဲ အသုံးပြုတော့မှာပေါ့။ အတုလုပ်ပြီး ဘာလို့ ခင်ဗျားတို့ကို ပြရမှာလဲ”

ချောင်ထျန်းဝေက ပြောလိုက်၏။ “ကောင်းကင်တာအို အဖွဲ့အစည်းဆီက ဆိုရင်ရော”

ဆရာကြီးက ပြောဆိုလိုက်သည်။ “ကောင်းကင်တာအို အဖွဲ့အစည်းက ရူးနေလို့လား။ သူတို့က ရှမ့်လန် သရုပ်ဆောင်ဖို့အတွက် ရွှေဒင်္ဂါး သန်းနှင့်ချီကို ထုတ်ပေးမယ်ပေါ့။ ဘာကြောင့်လဲ”

မှန်ပေ၏။ ကောင်းကင်တာအိုအဖွဲ့အစည်းသည် ရူးသွပ်နေသည် မဟုတ်ချေ။ ထို့ကြောင့် အနာဂတ် နိုင်ငံတစ်နိုင်ငံ၏ ဘုရင်လောင်းလျာအတွက် ရွှေဒင်္ဂါး သန်းနှင့်ချီ ထုတ်ဖော်ဖို့ဆိုသည်မှာ ဖြစ်နိုင်၏။ မြို့စားအိမ်တော် တစ်ခုအတွက် ဤမျှများပြားသည့်ပိုက်ဆံများကို ရင်းနှီးမြှုပ်နှံဖို့ဆိုသည်မှာ နှစ်ပေါင်း မည်မျှကြာမှ ပြန်လည် ရရှိမည်ဖြစ်ကြောင်း မသိနိုင်သော အရာမျိုးပင်။

ဆရာကြီးက ပြောဆိုလိုက်၏။ “ပြီးတော့ ကောင်းကင်တာအိုအဖွဲ့အစည်းက ဒီလောက်များတဲ့ ရွှေတွေကို မထုတ်နိုင်ဘူး။ သူတို့ရဲ့ ကုန်သွယ်တဲ့ လမ်းကြောင်းတစ်ခုလုံးကို ယင်ယွမ်အဖွဲ့အစည်းက ဦးစီးထားတာလေ။ ပြီးတော့ သူတို့က နိုင်ငံတော်တော်များများမှာ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်”

ချောင်ထျန်းဝေက ပြောလိုက်သည်။ “အခြားတစ်ဖက်က ကြည့်မယ်ဆိုရင် ဝမ်ကျားကျွန်းမှာရှိနေတဲ့ ရွှေတွင်းကြီးက သံသယဖြစ်စရာ မရှိဘူးပေါ့”

ဆရာကြီးက ပြောဆိုလိုက်၏။ “အင်း... ဒါက ကျိန်းသေပေါက် ရှိနိုင်တဲ့အရာပဲ”

ချောင်ထျန်းဝေက ပြောလိုက်သည်။ “ဆရာကြီးရဲ့ တွက်ချက်မှုအရဆိုရင် ဒီထဲမှာ ရွှေဘယ်လောက်လောက်ရ နိုင်မယ်ထင်တယ်”

ဆရာကြီးက ပြောဆိုလိုက်၏။ “ဒါကိုတော့ ကျုပ်မသိဘူး။ လွန်ခဲ့တဲ့ နှစ်၃၀ကျော်တုန်းက တော်ဝင် ကျင်းနိုင်ငံထဲမှာဆိုရင် အရမ်း အရမ်းကို ကြီးမားတဲ့ ရွှေတွင်းကြီးတစ်ခုကို တွေ့ခဲ့ဖူးတယ်”

ချောင်ထျန်းဝေသည် သက်ပြင်းကိုပင် ချလိုက်မိသည်။

ဆရာကြီးက ပြောဆိုလိုက်၏။ “သခင်ကြီး... ခင်ဗျားအနေနဲ့ ဘယ်ဘက်လက်မှာ ဝမ်ကျားကျွန်းကိုကိုင်၊ ညာဘက်လက်ထဲမှာ ဒီရွှေကြောကြီးကိုသာ ကိုင်ထားမယ်ဆိုရင် အောင်မြင်မှုရဲ့သရဖူပဲ”

“အင်း.. ကျုပ် စဉ်းစားလိုက်ပါအုံးမယ်။ စဉ်းစားလိုက်ပါအုံးမယ်” ချောင်ထျန်းဝေ၏ ခန္ဓာကိုယ်သည် လောဘဇောများနှင့် မီးမြိုက်လျက်ရှိနေ၏။ သူသည် အစောကြီးတည်းက အလွန့်အလွန် လောဘကြီးပြီးသား လူတစ်ယောက်ဖြစ်၏။ ဝမ်ကျားကျွန်း၏ ရွှေတွင်းကြီးကို သူသာရရှိသည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ထိုအရာက အတုဖြစ်နေမည်လား ဆိုသည်ကို သူက စိုးရိမ်ပူပန်နေမိသည်။

“ဝင်လာခဲ့အုံး” ချောင်ထျန်းဝေက ပြောလိုက်၏။

ချက်ချင်းပဲ အမဲရောင်အရိပ်တစ်ခုသည် အထဲသို့ ခုန်ဝင်လာခဲ့၏။ ဤအရာက သူ၏ယုံကြည်ရသော ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။

“ဝမ်ကျားကျွန်းကို သွားပြီး သခင်လေးကိုပြောလိုက်။ အရင်ညှိနှိုင်းဆွေးနွေးမှုကို ပယ်ဖျက်လိုက်ပြီလို့။ အခု ၈၀ ရာခိုင်နှုန်း အဖြစ် ညှိနှိုင်းကြမယ်”

“ရွှမ်ဝူအိမ်တော်က အသက်ရှင်ချင်တယ်ဆိုရင် ရွှေတွင်းထုတ်လုပ်မှုရဲ့ ၈၀ ရာခိုင်နှုန်းကို ပေးရမယ်။ ပြီးတော့ ငါတို့နုရှောင့်မြို့က ဝမ်ကျားကျွန်းကို ကာကွယ်ဖို့အတွက် စစ်သည်တွေကို အခြေချမယ်။ တကယ်လို့ ငြင်းပယ်တယ် ဆိုရင် တိုက်ပွဲမှာပဲ ရင်ဆိုင်တွေ့ကြမယ်လို့။ ငါ စစ်သည်ပေါင်း တစ်သောင်းကျော်ကို ဦးဆောင်ပြီး ကျင်းမိသားစု မျိုးတုန်းအောင် သုတ်သင်ပစ်မယ်”

“ကောင်းပါပြီ” ထိုကျွမ်းကျင်သူသည် အသာပင် ခေါင်းခါကာ ထွက်ခွာသွားခဲ့၏။

............

ချောင်ရှောင်းနှင့် သူ့၏ပင်လယ်ဓားပြ ၂၀၀ကျော်တို့သည် လေးရက်တိုင်တိုင် ဝမ်ကျားကျွန်းတွင် နေထိုင်ခဲ့ကြပြီ ဖြစ်၏။ အစပိုင်းတုန်းက သူတို့သည် ကြီးမားသည့် ရန်သူကြီးများနှင့် ရင်ဆိုင်တွေ့ရသလို သတိအပြည့်နှင့်ဖြစ်၏။ သို့ပေမည့် ယခုအချိန်မှာတော့ စိတ်သက်တောင့်သက်သာ ဖြစ်လို့နေကြ၏။ ရွှမ်ဝူအိမ်တော်တွင် ရှိနေသည့် လူများသည် ငကြောက်များသာလျှင်ဖြစ်၏။ ပင်လယ်ဓားပြများသည် ကျင်းမိသားစု၏ အစားအစာ၊ အသားများကို ခိုးယူခဲ့၏။ သို့ပေမည့် ရွှမ်ဝူမြို့စားကြီးသည် အသံပင် တစ်ချက် မထွက်ရဲချေ။

နှစ်ဖက်ခြမ်းတွင် ပဋိပက္ခများတည်ရှိခဲ့၏။ တိုက်ခိုက်မှုများလည်း ရှိခဲ့၏။ သို့ပေမည့် ရွှမ်ဝူသည် ထိုအရာကို အရှည် အရှည် မဖြစ်စေချင်ပေ။ ကျင်းမိသားစုမှ စစ်သည်များကိုသာလျှင် ခေါ်ယူဆူငေါက်ခြင်းကို ပြုလုပ်၏။

ထိုတင်သာ မကသေးချေ။ ချောင်ရှောင်း၏ ပင်လယ်ဓားပြ နှစ်ထောင်ကျော်တို့သည် တစ်ခုပြီးတစ်ခု ရှေ့တိုးခဲ့ ကြ၏။ ပြီးနောက် ဝမ်ကျားကျွန်းတွင် ရှိနေသည့် စစ်သည်များ၏ နယ်မြေများကိုပင် လုယက်လာခဲ့၏။ ရွှမ်ဝူအိမ်တော်မှ စစ်သည်များသည် အနောက်သို့ တစ်လှမ်းချင်းစီ ဆုတ်ခွာခဲ့ကြသည်။

အသစ်ဖန်တီးထားသည့်အကာအကွယ်မျဉ်းကြောင်း၊

အသစ်တည်ဆောက်ထားသည့် စစ်စခန်းချရာ နေရာအားလုံးကို ပင်လယ်ဓားပြ နှစ်ထောင်ကျော်တို့က ယူဆောင်သွားခဲ့ပြီ ဖြစ်၏။ ကျင်းမိသားစု၏ စစ်သည်အားလုံးတို့သည် တောင်၏အနောက်ဘက်ဆီသို့ ဆုတ်ခွာရန်သာ ရှိခဲ့၏။ ထို့အပြင် ဤပင်လယ်ဓားပြများသည် စစ်သည်စစ်စစ်များ မဟုတ်ကြချေ။ ထို့ကြောင့် သူတို့၌ စည်းမျဉ်းစည်းကမ်းဟူ၍ မရှိချေ။ ထို့ကြောင့် လေးရက်အတွင်း သူတို့လုပ်ချင်သည့်အရာများကို ပြုလုပ်ပြီး အရာအားလုံးကို ပျက်စီး ဆုံးရှုံးစေခဲ့၏။

“ဟား ဟား ဟား ဟား...... ကျင်းမိသားစုက တကယ်ကို အသုံးမဝင်တဲ့လူတွေပဲ။ တစ်ယောက်လေးမှ အသုံးမဝင်ဘူး။ ငါတို့ ဆရာကြီးက ဒီလူတွေရဲ့ ဘိုးဘေးကိုတောင်မှ အနိုင်ယူ တိုက်ခိုက်နိုင်ခဲ့တယ်။ အခု မျိုးဆက်တွေက ပိုပိုပြီးဆိုးလာတယ်။ သူတို့တည်ဆောက်ထားတဲ့ စစ်စခန်းတွေထဲကို ငါတို့ဝင်ပြီး နေနေကြပြီလေ။ တကယ့်ကောင်တွေပဲ။ သူတို့ရဲ့ အစားအစာတွေ အကုန်လုံးလည်း ငါတို့လုထားပြီးပြီ။ ငါတို့ စားရမယ်။ ဝိုင်ကောင်းကောင်းတွေလည်း သောက်ရမယ်။ သူတို့အနေနဲ့ စားဖို့သောက်ဖို့အချိန်တောင် မရှိဘူး။ ဟား ဟား ဟား ဟား”

အပြင်ဘက်ဆီမှ လေပြည်ညှင်းများ တိုက်ခတ်လာခဲ့၏။ ယခုမှ တည်ဆောက်ထားသည့် စစ်စခန်းထဲတွင် နေထိုင်သည့် ပင်လယ်ဓားပြအားလုံးတို့သည် မီးများကိုမွှေး၊ အသားများကို ကင်ကာဖြင့် ဝိုင်များ သောက်သုံးကာ ပျော်ရွှင်လျက် ရှိနေသည်။

မနီးမဝေးတွင် ရှိနေသည့် ရွှမ်ဝူအိမ်တော်မှ စစ်သည်များသည် ခြေချိတ်ကာထိုင်၊ အံကိုကြိတ်ကာ နေနေရ၏။ သူတို့သည် အေးစက်သည့်ရေများကိုသာလျှင် သောက်သုံးပြီး အတိုင်းသား ကြည့်ရှုနေရ၏။ မည်သို့မှ မတတ်နိုင်ချေ။ သူတို့နေထိုင်ရာ စစ်စခန်းများကို လုယူထားပြီး အစားအစာများကိုလည်း ခိုးယူသွားခဲ့ကြ၏။

ထို့အပြင် အိုးများ၊ မီးဖိုများ၊ အရာအားလုံးကိုလည်း ယူဆောင်သွားခဲ့၏။ ကြည့်ရမည်ဆိုလျှင် ရွှမ်ဝူ အိမ်တော်မှ စစ်သည်တော်များအတွက် တကယ့်ကို ဆိုးဝါးသည့် အခြေအနေမျိုးပင် ဖြစ်၏။ ထို့အပြင် သူတို့သည် ပင်လယ်ဓားပြများနှင့် နှိုင်းယှဉ်လျှင် အားနည်းလွန်းနေသည်။

“အင်း.. ဒီလူတွေ ကိုယ့်ရဲ့ဘိုးဘေးကိုတောင်မှ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့လူတွေပဲ။ ဟိုဘက်ခြမ်းက ညီအစ်ကိုတို့ ဒီလိုမျိုးဆိုမှတော့ စစ်သည်ဖြစ်နေပြီး ဘာထူးမှာလဲ။ ကျုပ်တို့နဲ့လာပူးပေါင်းပြီး ပင်လယ်ဓားပြပဲ လုပ်လိုက်ကြပါလား”

“ကျုပ် တော်ဝင်မျိုးနွယ်တွေကို မြင်ဖူးပါတယ်။ တစ်ယောက်ချင်းစီတိုင်းက အားသာသူက အားနည်းသူကို အနိုင်ကျင့်နေကြတာပဲ။ ဒီကိစ္စကြီးက အဓိပ္ပာယ် မရှိဘူး။ ဒီလိုမျိုးနေရာမှာ လည်ပတ် သွားလာ လှုပ်ရှားနေမယ့်အစား ကျုပ်တို့နဲ့ ပူးပေါင်းပြီး ဓားပြလုပ်လိုက်တာက ခင်ဗျားတို့အတွက် ပိုပြီးတော့ အဆင်ပြေအုံးမယ်”

“ရှမ့်လန်ဆိုတဲ့ကောင်က ပိုဆိုးသေးတယ်။ ရုပ်ရည်တစ်ခုပဲ ချောတာ။ တကယ်လို့ အခွင့်အရေး သာရမယ်ဆိုရင် ဖင်ကိုတောင် ရောင်းစားမယ့်ကောင်မျိုးပဲ ဖြစ်လိမ့်မယ်”

“ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်”

“ရွှမ်ဝူက သခင်လေးကို ဒီနေ့ စားပွဲဖိတ်ထားတယ်။ ကြည့်ရတာ သူ ရှမ့်လန်ရဲ့ဖင်ကို သခင်လေးဆီကို ရောင်းစားချင်တာလား မသိဘူး”

“ဘာပဲဖြစ်ဖြစ် မဆိုးလှဘူး။ ငါတို့သခင်လေးက မိန်းကလေးတွေကို ကြိုက်တယ်ဆိုပေမဲ့ ရုပ်ချောချောနဲ့ ယောက်ျားလေးတွေဆိုရင်လည်း ငြင်းပယ်မယ် မထင်ဘူး”

“သခင်လေးသာ ပြန်လာပြီဆိုရင် ရှမ့်လန်ရဲ့အရသာ ဘယ်လိုရှိလဲ ငါတို့ မေးကြည့်ရမယ်။ မိန်းမတွေနဲ့ နှိုင်းယှဉ်လို့ရလောက်အောင် ကောင်းလားဆိုတာကို”

........

ဝမ်ကျားကျွန်း၏ အကောင်းဆုံးသော အိမ်သည် လင်းလက်တောက်ပလျက်ရှိနေ၏။ ရွှမ်ဝူအိမ်တော်သည် ဤနေရာတွင် ချောင်ရှောင်းကို ဧည့်ခံရန်အတွက် စားပွဲတစ်ခုကို ကျင်းပလျက်ရှိ၏။

ချောင်ရှောင်းသည် ဝမ်ကျားကျွန်းပေါ် ရောက်ရှိလာပြီးသည့်နောက် နေ့စဉ်နေ့တိုင်း စားပွဲတစ်ခုကို ကြုံနေရ၏။ ယနေ့ ရှမ့်လန် ရောက်ရှိလာခဲ့သည်။

ချောင်ရှောင်းသည် မာန်မာနကြီးသည် ဆိုလျှင်တောင်မှ တကယ်ကို သံသယ ကြီးတတ်သည့် လူတစ်ယောက်ဖြစ်ပြီး သတိအပြည့်နှင့် နေထိုင်တတ်သူ တစ်ယောက်ဖြစ်၏။ သူ၏ ကိုယ်ပိုင်အစားအစာ၊ ဝိုင်များကိုပင် ယူဆောင်လာခဲ့၏။ ပြီးနောက် ကျင်းမိသားစု ပြင်ဆင်ထားသည့် အစားအစာများကို တစ်ချက်ကလေးမှ တို့ထိခဲ့ခြင်း မရှိချေ။ သူသည် မောက်မာဝင့်ကြွားစွာ နေထိုင်တတ်သည် ဆိုလျှင်တောင်မှ သူ၏ အရက်သောက်နှုန်းကို ထိန်းချုပ်ထားခဲ့၏။ သူသည် ဘယ်တော့မှ အရက်ကို မူးအောင်မသောက်ချေ။

ထို့ကြောင့် တစ်စုံတစ်ယောက်သည် သူ့ကိုနာကျင်အောင် ပြုလုပ်ချင်သည် ဆိုလျှင်တောင်မှ အခွင့်အရေး ရှာဖွေ တွေ့ရှိလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူ၏ သိုင်းပညာ အဆင့်အတန်းက တကယ့်ကို မြင့်မားပြီးသား ဖြစ်၏။ ဟုတ်ပေ၏။ ရွှမ်ဝူအိမ်တော်တွင် ရှိနေသည့် ကျွမ်းကျင်လှပါသည်ဆိုသော လူတစ်ဒါဇင်ကျော်တို့ကို အနိုင်ယူ တိုက်ခိုက်ဖို့ ဆိုသည်မှာ သူ့အတွက် ပြဿနာတစ်ခု မဟုတ်ချေ။

သူ့ကို ဤနေရာတွင် ပိတ်လှောင်ထားဖို့ ဆိုသည်မှာလည်း လွယ်ကူသည် မဟုတ်ပေ။ ထို့အပြင် စားပွဲ တက်ရောက်သည့်အချိန်တိုင်း သူသည် လက်ရွေးစင် စစ်သည်တော် တစ်ရာကျော်တို့ကို ခေါ်ဆောင် လာတတ်သေး၏။ ထို့ကြောင့် သူသည် အလွန်အမင်း သတိအပြည့်နှင့် နေထိုင်သည်ဟု သတ်မှတ်ရပေလိမ့်မည်။

“ရှမ့်လန်... ဝမ်ကျားကျွန်းပေါ်လာတဲ့အချိန်တုန်းက မင်းမရှိဘူး။ ဘယ်ကိုသွားနေတာလဲ။ မင်း ငါ့ကို အထင်သေးနေတာလား” ချောင်ရှောင်းက ရယ်မောကာ ပြောလိုက်၏။

ရှမ့်လန်သည် မချိပြုံး ပြုံးလိုက်၏။ မည်သည့်စကားကိုမှ မဆိုချေ။

ဘန်း

ချောင်ရှောင်းသည် အရှေ့တွင် ရှိနေသည့် စားပွဲကြီးကို လက်သီးဖြင့်ထိုးနှက်ကာ တင်းမာခက်ထန်စွာဖြင့် ပြောလိုက်သည်။ “မင်း ငါမေးနေတာ မဖြေဘူးလား။ ငါ့ကို အထင်သေးနေတာလား”

ရှမ့်လန်သည် မည်သည့်စကားမှ မဆိုချေ။ သူ၏ အဝတ်အစားများကို အသာပင် ဖြေလျှော့လိုက်၏။ ခန္ဓာကိုယ် ပေါ်တွင် များပြားလွန်းသည့်အနာများ၊ သွားကိုက်ရာများ တည်ရှိနေခဲ့၏။

“ကျုပ် ကျားမတစ်ကောင်နဲ့ တွေ့ခဲ့တယ်။ ဒါကြောင့် အားမွေးနေရတာပဲ”

ရှမ့်လန်က အသာပင် ပြောလိုက်သည်။ “ပြောရမယ်ဆိုလျှင် အခုလမ်းလျှောက်ရင်တောင် နာနေသေးတယ်။ မဖြစ်မနေမို့လို့သာ ဝမ်ကျားကျွန်းကို လာရတာ။ မဟုတ်ရင် ကျုပ်အိပ်ရာထဲမှာ လဲနေလောက်ပြီ”

ချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒါ ကျင်းမူလန် လုပ်တာလား”

ကျင်းမူလန်၏ ခန္ဓာကိုယ်သည် အိမ်ရှေ့စံမင်းသား မှတ်ပုံတင်ထားသည့်အရာဖြစ်၏။ ထို့ကြောင့် ချောင်ရှောင်း အနေနှင့် သူမကို သိမ်းပိုက်၍ မဖြစ်နိုင်ချေ။ သို့ပေမည့် သူ ကျင်းမူလန်ကဲ့သို့ နတ်မိမယ်နှင့် အိပ်စက်ခြင်း မရှိနိုင်သည်ဆိုလျှင်တောင်မှ ရှမ့်လန်ကဲ့သို့ အသုံးမဝင်သည့် လူတစ်ယောက်နှင့် ကျိန်းသေပေါက် အိပ်စက်ပစ်နိုင်၏။

“မဟုတ်ဘူး”

ရှမ့်လန်က ပြောလိုက်၏။ “နောက်ထပ်မိန်းမ တစ်ယောက်”

“ဟား ဟား ဟား ဟား”

ချောင်ရှောင်းသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်မိ၏။ ရှမ့်လန်နှင့် ကျင်းမူလန်တို့ ကြားတွင် အမည်ခံလက်ထပ်ခြင်းသာဖြစ်ကြောင်း သတင်း ရရှိခဲ့ပြီးဖြစ်၏။ မဟုတ်ပါက ရှမ့်လန်အနေနှင့် အဘယ့်ကြောင့် အပြင်ဘက်တွင် မိန်းမတစ်ယောက်နှင့် သွားရောက်ကာ အိပ်စက်ဖို့ စဉ်းစားရမည်နည်း။

အတိတ်တုန်းက ရှမ့်လန်သည် တကယ့်ကို ကြည့်ကောင်းပြီး စကားလည်း အလွန်များသည့် လူတစ်ယောက် ဖြစ်၏။ ယနေ့အချိန်မှာတော့ ရှမ့်လန်သည် ပါးစပ်ကို တင်းတင်းပိတ်ထား၏။ သူ့ကို ကြည့်ရှုရသည်မှာ တစ်ယောက်တည်း အထီးကျန်နေသကဲ့သို့ပင်။

အချိန်ခဏကြာပြီးသည့်နောက် သူသည် မပြောဘဲ မနေနိုင်တော့ချေ။

“နယ်စားလေး.... ကျုပ် ခင်ဗျားကို လေးလေးစားစားနဲ့ ဆက်ဆံပါ့မယ်။ ဒါပေမဲ့ ခင်ဗျားရဲ့လက်အောက်မှာ ရှိနေတဲ့ ပင်လယ်ဓားပြတွေကို စည်းမျဉ်းစည်းကမ်းလေးများ ထားပေးနိုင်မလား။ သူတို့ရဲ့ တချို့လုပ်ရပ်တွေက အရမ်းလွန်လွန်း နေပြီ။ ကျုပ်တို့ရဲ့ သည်းခံနိုင်မှုရဲ့အထက်ကို ရောက်နေတယ်”

“နယ်စားလေး”

ချောင်ရှောင်းသည် ဤဘွဲ့ထူးကို ကြားရသည့်အချိန်မှာတော့ တကယ်ပင် ကြောင်အသွားခဲ့ မိ၏။ သို့ပေမည့် သူသည် ဆိုလိုရင်းနောက်ကွယ်မှ အဓိပ္ပာယ်ကို မြန်မြန်နားလည်၏။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသား တို့သည် ချောင်ထျန်းဝေကို ပူးပေါင်းရန်အတွက် ခေါ်ဆောင်လျက် ရှိနေ၏။ ထို့အပြင် နုရှောင့်မြို့၏ နယ်စားကြီးဟူသော ဘွဲ့တံဆိပ်ကို ပေးအပ်ရန်လည်း ပြင်ဆင်လျက် ရှိနေ၏။

ထို့ကြောင့် ချောင်ရှောင်းသည် ကျိန်းသေပေါက် နယ်စားလေး ဖြစ်လာမည်ဖြစ်၏။ ရှမ့်လန်သည် တကယ့်ကို ဉာဏ်ကောင်းပြီး မောက်မာလွန်းသူဟု ကြားခဲ့၏။ သို့ပေမည့် မည်ကဲ့သို့ထင်မှတ်မည်နည်း။ တစ်ဖက်လူ၏ ဖင်ကိုလျက်ကာ မြှောက်ပင့်ပြောဆိုတတ်သည့် လူတစ်ယောက် ဖြစ်လို့နေသည်။

အဆုံးမဲ့သော အားအင်တွေ၏ အောက်မှာတော့ စီစဉ်ထားသမျှ အရာအားလုံးနှင့် ဇာတ်လမ်းဇာတ်ကွက် အားလုံးတို့သည် အလိမ်အညာ ဘာမှမပြုလုပ်နိုင်သည့် အရာမျိုးသာလျှင် ဖြစ်ပေလိမ့်မည်။

အနည်းငယ် စိတ်လန်းဆန်းသွားခဲ့ပြီးနောက် ချောင်ရှောင်းက အေးစက်စက် ပြောလိုက်၏။ “မင်း ထပ်ပြီး သည်းမခံနိုင်ဘူးဆိုရင်လည်း ဘာလုပ်နိုင်မှာမလို့လဲ။ မင်းတို့တွေချကြလေ။ လူတွေကိုသတ်ပေါ့။ အများဆုံး ငါတို့ဒီနေရာမှာ တိုက်ခိုက်ပွဲ တစ်ခုကို လုပ်လိုက်တာပဲပေါ့။ လွန်ခဲ့တဲ့ နှစ်၂၀တုန်းကလည်း ဒီလိုပဲ တိုက်ခိုက်ခဲ့ဖူးတာပဲ”

ရွှမ်ဝူသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “အင်း... သခင်လေး‌ ချောင်ရှောင်း၊ အတိတ်က အကြောင်းတွေကို ထပ်ပြီး ပြောနေလို့ မဖြစ်ပါဘူး”

ချောင်ရှောင်းသည် နှစ်လိုဖွယ်ရာပင် အားတက်သရော ရယ်မောလိုက်၏။ “လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကျုပ်တို့ ချောင်မိသားစုက အားနည်းခဲ့တယ်။ ခင်ဗျားရဲ့အဖေ မြို့စားကြီး ကျင်းယုက တကယ့်ကို အံ့အားသင့်စရာပဲ။ စစ်သည်ပေါင်း သောင်းချီကို ခေါ်ဆောင်လာခဲ့ပြီး ရွက်သင်္ဘောပေါင်း ရာချီနဲ့ ကျုပ်တို့ကို လာ တိုက်ခိုက်ခဲ့တယ်။ လေ့ကျိုးကျွန်း တစ်ခုလုံးကို သိမ်းဆည်းဖို့ ကြံစည်ခဲ့တယ်။ နောက်ဆုံး ရလဒ်က ဘာဖြစ်သွားလဲ။ စစ်တပ်ကြီး တစ်ခုလုံး သုတ်သင်ရှင်းလင်း ခံရတာပဲ”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ရွှမ်ဝူနှင့် ရှမ့်လန်တို့၏ မျက်နှာသွင်ပြင်များသည် အရောင်အဆင်းများ ကင်းမဲ့သွားခဲ့သည်။

ချောင်ရှောင်းသည် ထပ်မံကာ ပြောလိုက်၏။ “ရွှမ်ဝူ... ခင်ဗျားတို့ စစ်တပ်ကြီးရဲ့ အားအင်အဆင့်က လွန်ခဲ့တဲ့ အနှစ် ၂၀ ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာ ကျုပ် သိချင်တယ်။ တစ်ဝက်လောက်ပဲ ရှိမလား။ သုံးပုံတစ်ပုံလောက်ပဲ ရှိမလားပေါ့”

ရွှမ်ဝူက ပြောလိုက်သည်။ “အင်း.. ဘာပဲပြောပြော ငြိမ်ငြိမ်သက်သက် နေထိုင်ခြင်းက တန်ဖိုးကြီးမားပါတယ်”

ချောင်ရှောင်းက ပြောလိုက်၏။ “ခင်ဗျားတို့ ကျင်းမိသားစုရဲ့ စစ်တပ်အင်အားက သုံးပုံတစ်ပုံလောက် လျော့ကျသွားခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့ ချောင်မိသားစုရဲ့ အားအင်အဆင့်ကတော့ အရင်ကထက် အများကြီး ပိုပြီးတော့ တိုးသွားခဲ့ပြီ။ ကျုပ်တို့က အခု နုရှောင့်မြို့ကြီး တစ်ခုလုံးကို ပိုင်ဆိုင်နေပြီ။ ပြီးတော့ လေ့ကျိုးကျွန်းစု တစ်ခုလုံးကိုလည်းထိန်းသိမ်းထားနိုင်ပြီ။ ဒီနေ့ ကျုပ်တို့ချောင်မိသားစုရဲ့ အားအင်အဆင့်က ခင်ဗျားတို့ ကျင်းမိသားစုထက် ဆယ်ဆလောက် ပိုပြီးတော့ အားကောင်းတယ်”

ရှမ့်လန်၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ယင်သွားခဲ့၏။ သူသည် ဝိုင်တစ်ခွက်ကို ကောက်ယူကာ သောက်လိုက်၏။ မည်သည့် စကားကိုမှ မဆိုချေ။

ချောင်ရှောင်းက အေးစက်စက် ပြောလိုက်သည်။ “တကယ်လို့ ကျုပ်တို့ နုရှောင့်မြို့ကသာ စစ်သည်ပေါင်း သုံးသောင်းကျော်ကို ဦးဆောင်ပြီး ခင်ဗျားတို့ ဝမ်ကျားကျွန်းကို တိုက်ခိုက်မယ်ဆိုရင် ဘယ်လို ရလဒ်မျိုး ဖြစ်နိုင် မလဲ”

ရှမ့်လန်သည် ခြောက်ကပ်ကပ် အသံဖြင့် ပြောလိုက်၏။ “ဝမ်ကျားကျွန်းက ကျင်းမိသားစုရဲ့ မြေပိုင်နက်ဖြစ်တယ်။ ဒါပေမဲ့ ရွှဲ့ပြည်နယ်ရဲ့ မြေပိုင်နက် ဖြစ်တယ် မဟုတ်လား။ ခင်ဗျားတို့ ဒီလို ပွင့်ပွင့်လင်းလင်း လာပြီးတော့ တိုက်ခိုက်မယ်ဆိုရင် ဘုရင်မင်းမြတ် ဒေါသထွက်မှာ မကြောက်ဘူးလား”

ချောင်ရှောင်းသည် အားရပါးရ ရယ်မောကာ ပြောလိုက်သည်။ “အင်း.. ကျုပ်တို့ စစ်သည်တွေကို ဦးဆောင်ပြီး ကျင်းချန်ကျွန်းကို သိမ်းပိုက်တုန်းက ဘုရင်မင်းမြတ် ဒေါသထွက်ခဲ့လား”

All Chapters