အပိုင်း (၂၁၈)
Vol. 16 Ch. 218
ရှမ့်လန်နှင့် ရွှမ်ဝူကျင်းကျိုးတို့သည် တကယ်ပင် ဆွံ့အသွားခဲ့၏။
ချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားကို ဘုရင်မင်းမြတ်က ကျုပ်တို့တွေ ခင်ဗျားတို့ကို သုတ်သင်ပစ်တဲ့ အထိ စောင့်ကြည့်ချင်နေတာ”
ရှမ့်လန်၏ မျက်နှာက ဖြူလျော်သွားခဲ့၏။ “အင်း.. ငြိမ်းချမ်းမှုက တကယ့်ကို တန်ဖိုးကြီးတဲ့ အရာပဲ”
ချောင်ရှောင်းက ထူးမခြားနားသလို ပြောလိုက်သည်။ “အင်း.. ငြိမ်းချမ်းမှုက တန်ဖိုးကြီးတယ်။ ဒါပေမဲ့ ငြိမ်းချမ်းမှု ဆိုတာကလည်း ခင်ဗျားတို့ ဘယ်လောက်ထိ လေးနက်လည်းဆိုတာအပေါ် မူတည်တာပေါ့”
ရှမ့်လန်သည် အံကိုကြိတ်ကာ ပြောလိုက်၏။ “ကျုပ်တို့ရဲ့ လေးနက်မှုကို သက်သေပြဖို့အတွက် ကျုပ်တို့ မိသားစု နှစ်ခုကြားမှာ ရင်းနှီးဆက်ဆံမှု တစ်ခုကို ပြုလုပ်ကြရအောင်။ ကျုပ်တို့ ကျင်းမိသားစုက ချောင်မိသားစုကို နှစ်စဉ် နှစ်တိုင်း ရွှေဒင်္ဂါး နှစ်သောင်းတိတိ အမြဲတမ်း ပေးပါ့မယ်”
ချောင်ရှောင်းက ချက်ချင်း ဒေါသထွက်သွား၏။ သူသည် လက်ထဲတွင် ရှိနေသည့် ဝိုင်ခွက်နှင့် ရှမ့်လန်ကို လှမ်းကာ ပစ်လိုက်သည်။
ရှမ့်လန်သည် အလောတကြီးဖြင့် ရှောင်တိမ်းလိုက်၏။ ဟုတ်ပေ၏။ ချောင်ရှောင်းသည် တမင်တလာ မထိအောင် အဝေးသို့ လွှဲကာပစ်ခြင်းဖြစ်၏။ မဟုတ်ပါက ရှမ့်လန်အနေနှင့် ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ချေ။
ဘန်း
ကျယ်လောင်သော ဖန်ခွက်ကွဲသံက ထွက်ပေါ်လာခဲ့၏။ ငွေရောင်ဖန်ခွက်တစ်ခုသည် နံရံနှင့် ထိခိုက်ပြီးနောက် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွား၏။ ထိုမှန်ကွဲ နှစ်လက်မလောက်သည် နံရံထဲတွင် စိုက်ဝင်လျက် ရှိနေ၏။ တကယ့်ကို အဆင့်အတန်းမြင့်မားလွန်းသည့် သိုင်းပညာပင် ဖြစ်၏။
ရှမ့်လန်သည် သူ၏ယောက္ခထီး ရွှမ်ဝူကို တစ်ချက်လှမ်းကြည့်ပြီး အရိပ်အယောင် ပြလိုက်၏။ သူသည် ချောင်ရှောင်းကို အနိုင်မယူနိုင်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်၏။ ကျင်းဟွေ့၊ ရှမ့်ဆယ့်သုံး၊ ကျင်းကျုံးနှင့် ကျင်းရှိယန် တို့သည် ချောင်ရှောင်းကို အတူစုပေါင်းကာ တိုက်ခိုက်နိုင်၏။ သို့ပေမည့် တစ်ဖက်လူသည် လွတ်မြောက်သွား နိုင်စွမ်း ရှိနေသည်။
ချောင်ရှောင်းသည် တကယ့်ကို သံသယကြီးလွန်းသူတစ်ယောက် ဖြစ်၏။ ဤစားပွဲတွင် လူသုံးယောက် သာရှိ၏။ ကျင်းကျိုး၊ ရှမ့်လန်နှင့် ချောင်ရှောင်းတို့ပင်ဖြစ်၏။
ကျင်းဟွေ့၊ ရှမ့်ဆယ့်သုံးနှင့် ကျင်းရှိယန်တို့နှင့် တခြားသော ကျွမ်းကျင်သူအားလုံးတို့သည် အိမ်၏ အပြင်ဘက်တွင် အဆင်သင့် ရှိနေ၏။ သို့ပေမည့် ချောင်ရှောင်း ခေါ်ဆောင်လာခဲ့သည့် စစ်သည်ပေါင်း တစ်ရာကျော်ကလည်း အိမ်၏ အပြင်ဘက်ကို ဝိုင်းပတ် ထား၏။ ဤတည်နေရာ၏ ခြေလှမ်းတစ်ရာ အနီးအနား၌ချောင်ရှောင်း၏ နောက်လိုက်များသည် ကျွမ်းကျင်သူများအဖြစ် ရှိနေခဲ့ကြ၏။ ထို့ကြောင့် ချောင်ရှောင်းကို သတ်ဖို့ဆိုသည်မှာ တကယ့်ကို မလွယ်ကူချေ။
ထိုအချိန်မှာပဲ ချောင်ရှောင်းသည် သူ၏လက်ထဲတွင် ရှိနေသော ဝိုင်ခွက်ကို ရိုက်ခွဲလိုက်၏။ ရှမ့်လန်သည် ချက်ချင်းပဲ ပျော်ရွှင်သွားခဲ့၏။ “တစ်စုံတစ်ယောက် လာခဲ့အုံး။ နယ်စားလေးအတွက် ဝိုင်ခွက် အသစ်တစ်ခု ပေးလိုက်အုံး”
ချောင်ရှောင်းက ပြောလိုက်သည်။ “မလိုဘူး။ ကျုပ် အများကြီး ယူခဲ့တယ်”
ပြီးနောက် ချောင်ရှောင်းသည် ဝိုင်ခွက် အသစ်ကို ထုတ်ယူပြီး ဝိုင်ကိုပင် ငှဲ့လိုက်၏။ သူသည် တစ်ဖက်လူများ သူ့ကို အဆိပ်မခတ်နိုင်စေရန်အတွက် ကြိုတင်ကာ ယူဆောင်လာခဲ့ခြင်းဖြစ်၏။
‘ချီးတဲ့မှ.. ဒီလူက တကယ့်ကို အဆုံးစွန်အထိ သတိအပြည့်နဲ့ နေတတ်တဲ့ လူတစ်ယောက်ပဲ။ တစ်ချက်ကလေးမှ ပြစ်ချက်မရှိဘူး။’
သို့ပေမည့် ချောင်ရှောင်းကဲ့သို့ ရန်သူပေါင်း မြောက်များစွာ ရှိနေသည့်လူအတွက် ဤအရာမှာ သာမန်သာဖြစ်၏။ သူ ဤကဲ့သို့ ဂရုမစိုက်ဘူးဆိုပါက အကြိမ်ပေါင်းများစွာ သေဆုံးနှင့်နေမှာ သေချာသည်။
ရှမ့်လန်သည် နာနာကျင်ကျင်ဖြင့် ပြုံးကာ ပြောလိုက်၏။ “နယ်စားလေးက တကယ့်ကို သံသယကြီးတဲ့ လူတစ်ယောက်ပဲ။ ခင်ဗျားရဲ့အနောက်မှာ နုရှောင့်မြို့ တစ်ခုလုံး ရှိနေတယ်လေ။ ခင်ဗျားကို ဘယ်သူက ထိခိုက်အောင် လုပ်ရဲမှာလဲ”
ချောင်ရှောင်းက ပြောလိုက်သည်။ “ဂရုစိုက်တာ အကောင်းဆုံးပေါ့။ မင်း ရှမ့်လန်က အဆိပ်ပြင်းတဲ့ကောင် တစ်ကောင်ပဲလေ”
ပြီးနောက် တခြားသော စားသောက်ဖွယ်ရာများ ရောက်ရှိလာခဲ့၏။ စားသောက်ဖွယ်ရာများသည် တကယ့်ကို အရသာရှိသည့် အရာများဖြစ်၏။ ရှမ့်လန်သည် ချောင်ရှောင်း၏ စားချင်စိတ်ကို ပိုမိုကာ တိုးတက်လာစေရန် အတွက် တကယ့်ကို ကောင်းမွန်ပြီး အရသာရှိသည့် စားပွဲများကို ကြိုတင်ကာ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် ချောင်ရှောင်းသည် ထိုအစားအစာများကို တစ်ချက်ကလေးပင် မကြည့်ခဲ့ချေ။ သူ ယူဆောင်လာခဲ့သည့် အစားအစာများကိုသာ စားသုံးလျက်ရှိနေ၏။ ထိုအရာများအားလုံးကို ဓားဖြင့် လှီးဖြတ်ကာ ပါးစပ်ထဲသို့ ထိုးထည့်နေခဲ့၏။ စားရင်း စားရင်း လှောင်ပြောင်သလိုပင် ရှမ့်လန်ကို ကြည့်ရှုနေသေးသည်။
‘မင်း.. ငါ့ကို ထိခိုက်နာကျင်အောင် မလုပ်ရဲဘူးဆိုတာကို ငါသိတာပေါ့။ ငါ့ရဲ့ ဆံချည်တစ်မျှင်ကိုတောင် မင်း ထိခိုက် နာကျင်အောင် မလုပ်ရဲဘူး။ ဒါပေမဲ့ ထိခိုက်နာကျင်အောင် လုပ်ဖို့ အခွင့်အရေးကိုလည်း ငါ ဘယ်တော့မှ ပေးမှာ မဟုတ်ဘူး’
ထိုအချိန်မှာပဲ အစေခံတစ်ယောက်သည် အလွန်ဈေးကြီးသည့် ငါးဥ သုံးပွဲကို ယူဆောင်လာခဲ့၏။ ရှမ့်လန်က ပြောလိုက်၏။ “ဒါတွေက ကာဗီးယားတွေပါ။ တကယ့်ကို ရှားပါးပြီး ဈေးကြီးလွန်းတယ်။ မြန်မြန်.. နယ်စားလေးဆီကို တစ်ခုသွားပေးလိုက်”
ကျေးကျွန်သည် ရှေ့ဆီသို့ လှမ်းတက်ပြီးနောက် ချောင်ရှောင်း၏ စားပွဲဘေးနားဆီသို့ ကာဗီးယားခွက်ကို ချပေးလိုက်သည်။
“မဟုတ်ဘူး။ ကျုပ် မစားဘူး”
ချောင်ရှောင်းက ကာဗီးယားခွက်ကို အဝေးဆီသို့ တွန်းထုတ်လိုက်၏။ မြေပေါ်သို့ ထိုအရာက ကျဆင်းသွားခဲ့၏။ ဤလူသည် တကယ့်ကို ခေါင်းမာလွန်းလှချေ၏။ သတ်ဖြတ်ပစ်ရန်အတွက် ခက်ခဲသည့် လူတစ်ယောက်ပင်။
“ရှမ့်လန်.. နှစ်စဉ်နှစ်တိုင်း ချောင်မိသားစုကို ရွှေဒင်္ဂါး နှစ်သောင်းပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား” ချောင်ရှောင်းက နှာခေါင်းရှုံ့လိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းပါပဲ။ ဒါ ကျုပ်တို့ ကျင်းမိသားစု ပေးနိုင်တဲ့ တကယ့်ကို များပြားလွန်းတဲ့ ပမာဏ တစ်ခုပါပဲ”
ချောင်ရှောင်းသည် ဒေါသတကြီး ပြောလိုက်၏။ “ရှမ့်လန်.. မင်း ငါ့ကို အရူးလို့ ထင်နေတာလား။ ငါတို့ ချောင်မိသားစုကို သူတောင်းစားလို့များ ထင်နေတာလား။ ပြီးတော့ မင်းတို့ ဝမ်ကျားကျွန်းထဲမှာ ရွှေတွင်းကြီး ရှိနေတာကို ငါ မသိဘူးများ ထင်နေတာလား”
ရှမ့်လန်၏ မျက်နှာက ပြောင်းလဲသွားခဲ့၏။ သူသည် အလျင်အမြန်ပဲ လက်ကို ယမ်းခါကာ ပြောလိုက်သည်။ “အဲလိုမျိုး မရှိပါဘူး။ အဲလို မရှိပါဘူး။ ဒါက ကောလဟာလတွေပါပဲ။ ရွှေတွင်းမဟုတ်ပါဘူး။ သတ္တုတွင်းကြီးပါပဲ”
ထွီ
ချောင်ရှောင်းသည် ရှမ့်လန်၏ မျက်နှာဆီသို့ ရုတ်တရက် တံတွေး ထွေးလိုက်၏။
“ရှမ့်လန်.. ရိုးသားဖြောင့်မတ်တဲ့ လူတွေက လိမ်ညာခြင်းကို မနှစ်သက်ကြဘူး”
ချောင်ရှောင်းက အေးစက်စက် ပြောလိုက်၏။ “ငါဆိုရင် ပွင့်ပွင့်လင်းလင်း ပြောရဲတယ်။ မင်းတို့ ရွှမ်ဝူအိမ်တော် မြေပိုင်နက်ထဲမှာရှိတဲ့ ရေတွင်းတွေကို အဆိပ်ခတ်တဲ့လူက ငါပဲ”
ရှမ့်လန်သည် ပျက်ယွင်းသွားသည့် မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်သည်။ “ခင်ဗျား နောက်နေတာပဲ ဖြစ်မယ်”
“အစေခံတွေ .. မီးနည်းနည်း ထပ်ထည့်လိုက်အုံး။ အေးလာပြီ” ရှမ့်လန်သည် တဆက်တည်း လှမ်းကာ ပြောလိုက်၏။
အစေခံတချို့ ရောက်ရှိလာပြီး မီးထပ်ထည့်လိုက်၏။ ရုတ်တရက် အခန်းထဲတွင် ရှိနေသည့် အပူချိန်က တိုးလာခဲ့သည်။
ရှမ့်လန်သည် နွေးထွေးသွားခဲ့၏။ သို့ပေမည့် ချောင်ရှောင်းမှာတော့ ပိုမိုကာ ပူလောင်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူသည် အင်ပြည့်အားပြည့်နှင့် ဖြစ်တည်နေခဲ့ပြီး ဆောင်းတွင်းပင်လျှင် အစဉ်အမြဲ အင်္ကျီမပါဘဲ နေထိုင်တတ်သည့် လူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် အပျိုစင်ပေါင်း၏ တက်တူး တစ်ရာကျော် တည်ရှိနေပြီး ဤအရာသည် သူ၏ တိုက်ပွဲ အောင်မြင်မှုများကဲ့သို့ပင်။ အားလုံးသောသူတို့ကို ပြသချင်သောကြောင့် တချိန်လုံး အင်္ကျီချွတ်ထားတတ်သည်။ ထို့ကြောင့်ပင်လျှင် သူသည် အပူဒဏ်ကို မခံနိုင်တော့ဘူး။ ဤအချိန်မှာတော့ သူ၏ ခန္ဓာကိုယ်မှ ချွေးများ ထွက်လာခဲ့၏။
ချောင်ရှောင်းက ဆက်ပြောလိုက်သည်။ “ပြီးတော့ မြို့စားလေး ကျူးလန်ထင်နဲ့ ပူးပေါင်းပြီး မင်းတို့ရဲ့ ဆည်ကို သွားပြီး ချိုးဖြတ်ဖို့ ကြိုးစားတဲ့လူကလည်း ငါပဲ”
ရွှမ်ဝူနှင့် ရှမ့်လန်တို့၏ မျက်နှာများက ပျက်ယွင်းသွားခဲ့၏။
ချောင်ရှောင်းက အေးစက်စက် ပြောလိုက်သည်။ “ငါက လူမဆန်ဘူး။ ပြီးတော့ ရွှမ်ဝူအိမ်တော်ကို ထပ်တလဲလဲ ထိခိုက်အောင် ပြုလုပ်ခဲ့တယ်။ ကျင်းမူလန်ကို မြင်တဲ့အချိန်တိုင်း ငါ မုဒိန်းကျင့်ချင်တယ်။ မင်း ငါ့ကို ဘာလုပ်နိုင်လဲ”
ရှမ့်လန်၏ နှုတ်ခမ်းများ တင်းတင်းစေ့သွား၏။
ချောင်ရှောင်းက ပြောလိုက်သည်။ “မင်း ရှမ့်လန်က ငါ့ကို အရိုးထဲ အထိ မုန်းပြီး ငါ့ကို အပိုင်းပိုင်းအစစ ပိုင်းဖြတ်ချင်စိတ် ရှိနေတယ်။ ဒါပေမဲ့ ငါ့မှာ နုရှောင့်မြို့ ရှိနေတယ်။ ငါ့ရဲ့ နောက်ကွယ်မှာ စစ်သည်ပေါင်း သောင်းနဲ့ချီ ရှိနေတယ်။ ဒီတော့ မင်း ငါ့ကို လက်စားချေဖို့ မရဲဘူး။ တိုက်ခိုက်ဖို့ မရဲဘူး။ ဒီတော့ အကောင်းဆုံး ငါ့ကို ဖားယားပြီး စကားပြောဆိုနေရတာပေါ့။ ငါ့ရဲ့နောက်လိုက်တွေနဲ့ ဒီကိုလာပြီး ကျူးကျော် နေထိုင်နေတယ်ဆိုရင်တောင်မှ မင်းတို့ ဘာလုပ်ရဲလဲ။ ဘာမှ မလုပ်ရဲဘူး မဟုတ်လား။
ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ နုရှောင့်မြို့မှာရှိတဲ့ ပင်လယ်ဓားမြပေါင်း သောင်းချီကို ကြောက်နေလို့ပဲ။ လောကကြီးမှာ အားအင်အဆင့်ကသာ အဓိကပဲ။ ရှမ့်လန်.... ငါမင်းကို အမှန်တရား ပြောရမှာကို မကြောက်ဘူး။ ပြီးတော့ ကျင်းမူလန်ကို အရေးကြီးတဲ့ လူပေါင်းများစွာတို့က ပစ်မှတ်ထားနေတယ်။ မဟုတ်ရင် ငါ ဒီည အရက်သောက်တဲ့အချိန်မှာ သူနဲ့အတူတူ သောက်ဖို့ခေါ်တယ်။ ငါ သူနဲ့တောင် အိပ်လိုက်ချင်သေးတယ်။ မင်း ငါ့ကိုတားရဲလား။
ပြီးတော့ ငါ မင်းနဲ့ ညှိနှိုင်းဆွေးနွေးမှုလုပ်မှာ မဟုတ်ဘူး။ ငါ မင်းကို အသိပေးရုံသက်သက်ပဲလာတာ။ ငါတို့ချောင်မိသားစုက ဝမ်ကျားကျွန်းရဲ့ ရွှေတွင်း ၈၀ရာခိုင်နှုန်းကို လိုချင်တယ်။ ပြီးတော့ ငါတို့ ဒီမှာစစ်တပ်ကို စခန်းချမယ်။ ပြီးတော့ ငါတို့ကိုယ်တိုင် ပစ္စည်းတွေ တူးထုတ်မယ်”
ချောင်ထျန်းဝေ၏ ကိုယ်စားလှယ်က မရောက်လာသေးချေ။ သို့ပေမည့် ချောင်ရှောင်းသည် သူ၏အဖေကဲ့သို့ တူညီသည့် အကြံအစည် တည်ရှိနေ၏။
ရှမ့်လန်သည် တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။ “ဝမ်ကျားကျွန်းမှာ ရွှေတွင်းမရှိပါဘူး။ ဒီနေရာမှာ ရွှေတွင်းရှိတယ် ဆိုရင်တောင်မှ ခင်ဗျားပြောတာက အရမ်းကိုများနေပြီ”
ချောင်ရှောင်းက ပြောလိုက်၏။ “ငါပြောသားပဲ။ ငါ မင်းကို အမိန့်ပေးနေတာ။ ငါ မင်းနဲ့ ညှိနှိုင်းနေတာ မဟုတ်ဘူး။ မင်းဆီမှာ သဘောတူခြင်း၊ မတူခြင်းဆိုတဲ့ အခွင့်အရေး မရှိဘူး။ မဟုတ်ရင် ငါ့ရဲ့စစ်သည်တော် တစ်သောင်းကျော်က ဒီကိုလာပြီးတော့ ရှိရှိသမျှအားလုံးကို သတ်ဖြတ်ပစ်လိမ့်မယ်။ မင်းတို့ ကျင်းမိသားစုက လူတွေအကုန်လုံး သေကုန်လိမ့်မယ်”
ရွှမ်ဝူ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။
ချောင်ရှောင်းက ပြောလိုက်၏။ “ပြီးတော့ငါ့ရဲ့ ပင်လယ်ဓားပြနောက်လိုက် ၂၀၀၀တို့က မိန်းမတွေမရှိရင် မနေနိုင်ဘူး။ ဒီတော့ ရွှမ်ဝူမြို့စားကြီး.... ခင်ဗျား မိန်းမ ၅၀၀လောက်ရှာပြီး ငါးရက်အတွင်း ကျုပ်တို့ဆီကို ပို့ပေးပါ။ ခင်ဗျားတို့မိသားစုရဲ့ မြေပိုင်နက်ထဲမှာရှိတဲ့ မိန်းမတွေဆိုရင် အကောင်းဆုံးပဲ။ ငယ်ရွှယ်ပြီးလှပရမယ်”
ရွှမ်ဝူသည် သူ၏လက်ထဲတွင် ရှိနေသည့်ခွက်ကို ခွဲလိုက်မိသည်။
ချောင်ရှောင်းက စပြောလိုက်၏။ “ပြီးတော့ ကျင်းကျန့်နန်... ငါသူ့ကိုကြိုက်တယ်။ ပြီးတော့ ငါသူ့ကိုသေတဲ့အထိ ဆက်ဆံချင်တယ်။ ငါသူ့ကို မင်းတို့ရှေ့မှာ ချချင်တယ်။ ရှမ့်လန် ၅ရက်အတွင်း သူမ ငါ့ဆီလာဖို့ စီစဉ်ပေးရမယ်”
ချောင်ရှောင်းသည် အဆုံးစွန်ထိ မောက်မာလျက် ရှိနေသည်။
“ကောင်းပြီ... ဒီနေ့အတွက် ဒါပဲ။ ကျုပ်ပြန်တော့မယ်”
ချောင်ရှောင်းကပြောလိုက်၏။ “မနက်ဖြန်မှာ ကျုပ်ကို အကြောင်းပြန်ကြ။ မဟုတ်ရင် ခင်ဗျားတို့ အားလုံးကို သတ်ပစ်မယ်”
ပြီးနောက် သူသည် ရုတ်တရက် ထရပ်ကာ ထွက်ခွာရန်ပြင်၏။ ရှမ့်လန်က လှမ်းကာ တားဆီးလိုက်သည်။ “နယ်စားလေး မသွားပါနဲ့အုံး။ စကားပြောကြရအောင်။ ဒီလိုလုပ်ရအောင်။ ၅၀ -၅၀ ရာခိုင်နှုန်း ခွဲကြရင် ဘယ်လိုလုပ်မလဲ။ ခင်ဗျားသာ သဘောတူတယ်ဆိုရင် ချက်ချင်း ကျုပ်က ရွှေဒင်္ဂါး နှစ်သောင်းကို ချက်ချင်း ပေးလိုက်ပါ့မယ်”
ချောင်ရှောင်း၏ မျက်လုံးများက လင်းလက်သွား၏။ ရွှေဒင်္ဂါး နှစ်သောင်းကို ချက်ချင်း ပေးအပ်မည်လား။ ပြီးသည့်နောက် သူ ရုတ်တရက် ထိုင်ချလိုက်၏။ ပြီးနောက် အေးစက်စက်အသံဖြင့် ပြောလိုက်၏။ “၇၀ - ၃၀ပဲ။ ငါတို့က ၇၀၊ မင်းတို့က ၃၀ရမယ်။ ပြီးတော့ ဒီနေ့ချက်ချင်း ရွှေဒင်္ဂါး ငါးသောင်းကို ပေးရမယ်။ နှစ်သောင်း မဟုတ်ဘူး”
ရှမ့်လန်က ရုတ်တရက်ထကာ အော်ဟစ်လိုက်သည်။ “ဒါ… ဒါက အရမ်းကိုများတယ်”
ချောင်ရှောင်းကပြောလိုက်၏။ “ဒီဟာကို စဉ်းစားဖို့အတွက် အနည်းဆုံး စဉ်းစားချိန် မိနစ်၃၀ပေးမယ်။ သဘောမတူဘူးဆိုရင် ဒီနေရာကနေ ချက်ချင်းထွက်သွားမယ်။ ငါ့အဖေက စစ်တပ်ကြီးကို စုစည်းထားပြီးပြီ။ ဝမ်ကျားကျွန်းကို အချိန်မရွေး တိုက်ခိုက်ဖို့အဆင်သင့်ပဲ”
ပြီးသည့်နောက် သူသည်အသက်ရှူရန် ခက်ခဲလာသလို ခံစားနေမိ၏။ ဟောခန်းထဲတွင် ရှိနေသည့် အပူချိန်က မြင့်မားလာ၏။ သူ၏စိတ်တစ်ခုလုံးသည် အနည်းငယ် လှုပ်ရှားလာခဲ့၏။ လေထဲတွင်ရှိနေသည့် မွှေးပျံ့လွန်းသည့် ရနံ့သည် သူ့ကို တစ်စုံတစ်ခု ဖြစ်စေခဲ့သည်။
သူသည် မိန်းမ မရှိဘဲ နေထိုင်နိုင်သည့် လူတစ်ယောက် မဟုတ်ချေ။ သုံးရက်၊ လေးရက် မိန်းမတစ်ယောက်နှင့်မှ မထိတွေ့ဘဲ နေထိုင်ရသောကြောင့် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် တစ်စုံတစ်ခုသော အာသီသများက ပြောင်းလဲနေသည်လား မသိနိုင်ချေ။ ခန္ဓာကိုယ်ပေါ်ရှိ ချွေးများကလည်း ပိုမိုကာ များပြားလာခဲ့၏။
ရှမ့်လန်က ပြောလိုက်သည်။ “စဉ်းစားပါရစေအုံး”
ချောင်ရှောင်းက ပြောလိုက်၏။ “၁၅မိနစ် အချိန်ရမယ်။ ကျင်းကျန့်နန်နဲ့ မိန်းကလေးပေါင်း ၅၀၀ကျော်တို့.. သူတို့ကို ငါ့ကိုပေး။ ငါ ကျင်းမူလန်ကို မတောင်းတာတင် မင်းအတွက် ကံကောင်းနေပြီ”
ရှမ့်လန်သည် မျက်လုံးကိုမှိတ်ကာ စဉ်းစားနေတုန်းမှာပဲ ဘေးတစ်ဖက်တွင် ရှိနေသည့် အစေခံ၏ ဖင်ကို အသာပွတ်သပ်လျက် ရှိနေသည်။
ဤအရာကို ချောင်ရှောင်းက သတိပြုမိ၏။ ရုတ်တရက် သူ၏ခန္ဓာကိုယ်က တွန့်ကနဲ ဖြစ်သွား၏။
‘ရှမ့်လန်.. မင်းကို ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဘယ်လိုဖြစ်ပြီးတော့ ယောက်ျားတစ်ယောက်ရဲ့ ဖင်ကို ပွတ်နေရတာလဲ’
ပြီးနောက် ချောင်ရှောင်းက သိရှိသွား၏။ ရှမ့်လန်၏ ဘေးတစ်ဖက်တွင် ရှိနေသည့် အစေခံသည် ယောက်ျား တစ်ယောက် မဟုတ်ချေ။ မိန်းမတစ်ယောက် ဖြစ်နေခြင်းပင်။ အလွန် လှပပြီး တောင့်တင်းခိုင်မာလွန်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် မိန်းမတစ်ယောက်ပင်။ ယောက်ျားအဝတ်အစားများ ဝတ်ဆင်ထားခြင်းဖြစ်သည်။
‘ကောင်းပြီ ရှမ့်လန်.. မင်းက တကယ့်ကို တော်တယ်။ ကျွန်းပေါ်မှာ မိန်းမ မရှိဘူး ပြောတယ်။ ဒါပေမဲ့ ဘေးမှာ ရှိနေတာကိုး’
ချောင်ရှောင်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ရှမ့်လန်.. မင်းဘေးနားက မိန်းမ ငါ့ကိုပေးစမ်း။ အခု”
ရှမ့်လန်သည် ပခုံးကို တွန့်ပြလိုက်သည်။ “ဒါ ကျုပ်အတွက်လေ”
ချောင်ရှောင်းသည် အေးစက်စက် ပြောလိုက်၏။ “ဟိုမိန်းမ.. ဒီကိုလာခဲ့လို့ ငါပြောနေတယ်။ ကြားလား။ ရှမ့်လန်ကို ဂရုစိုက်စရာမလိုဘူး”
ချက်ချင်းပဲ အစေခံကဲ့သို့ ဝတ်ဆင်ထားသည့် အမျိုးသမီးသည် ချောင်ရှောင်း၏ ဘေးတစ်ဖက်ဆီသို့ ရောက်ရှိ သွား၏။ သူမသည် အလွန်အမင်း ကြောက်လန့်လျက် ရှိနေသည်။
ချောင်ရှောင်း၏ အလွန်အမင်း ကြီးမားသည့် လက်ကြီးသည် သူမ၏ ရင်ဘတ်ထဲသို့ ရောက်ရှိသွား၏။ ပြီးနောက် ဟိုညှစ်ဒီညှစ် လုပ်နေ၏။ သေချာပေ၏။ ပိုးထည့်ကဲ့သို့ နွေးထွေး အိစက်သည့် ခံစားချက်ကို ရရှိ၏။ သို့နှင့် ချောင်ရှောင်း၏ လက်ကြီးသည် သူမ၏ ဘောင်းဘီထဲသို့ ရောက်ရှိသွားခဲ့ပြန်၏။
အမျိုးသမီးသည် နာကျင်စွာဖြင့် အော်ဟစ်နေ၏။ သူမ၏ ပိုးထည်ဘောင်းဘီပင်လျှင် ကျွတ်ကျသွားခဲ့၏။ ဤအမျိုးသမီးက မည်သူဖြစ်သနည်း။ ရွှမ်ဝူအိမ်တော်၏ အစေခံ တစ်ယောက်ယောက်ပေလား။ မဟုတ်ပေ။ ရှမ့်လန် ဆောင်ကြာမြိုင်ဆီမှ ငှားရမ်းခဲ့ခြင်းသာ ဖြစ်သည်။
ချောင်ရှောင်းသည် သူ၏ ဘယ်ဘက်လက်မှာ အမျိုးသမီး၏ ပေါင်ခွကြားဆီသို့ ရောက်ရှိသွားခဲ့၏။ ပြီးနောက် သူသည် လက်ကို ပြန်ထုတ်၍ အနံ့ခံကြည့်၏။ တကယ့်ကို ကောင်းမွန်လှသည့် အနံ့မျိုးပင်။ ဤရက်ပိုင်းအတွင်း သူ မျှော်လင့်တောင့်တနေသည့် အနံ့မျိုးပင် ဖြစ်၏။
“ဟား ဟား ဟား ဟား” ချောင်ရှောင်းက ရယ်မောလိုက်၏။ သူ ဤည ကောင်းမွန်သည့် အချိန်များကို ဖြတ်သန်းရပေတော့မည်။
“ရှမ့်လန်.. မင်းဆီမှာ ၃၀ ရာခိုင်နှုန်းပဲရှိတယ်။ ဒီည သဘောမတူဘူးဆိုရင် သေရမယ်”
ချောင်ရှောင်းက အေးစက်စက် ပြောလိုက်၏။ “ဒီမိန်းမနဲ့ ငါ သွားပြီးတော့ ပျော်လိုက်အုံးမယ်”
ရှမ့်လန်က စိတ်အေးသက်သာသွားခဲ့၏။ ချောင်ရှောင်း တကယ်ပင် သေတော့မည်။ မည်မျှ ကောက်ကျစ်ပြီး သတိအပြည့် ရှိသည်ဆိုဆို ရှမ့်လန်နှင့် နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ယနေ့ည၌ ရှမ့်လန်သည် ချောင်ရှောင်းကို ရင်ဆိုင်ရန် နည်းလမ်း ခုနှစ်မျိုး၊ ရှစ်မျိုးကို ကြိုတင်ကာ စီစဉ်ထား၏။ တစ်ခု အလုပ်မဖြစ်ပါက တစ်ခုကို အသုံးပြုရပေလိမ့်မည်။ ထိုအရာထဲမှ တစ်ခု အလုပ်ဖြစ်သွားပါက ကျိန်းသေပေါက် သူ ချောင်ရှောင်းကို သတ်ဖြတ်ပစ်နိုင်ပေလိမ့်မည်။
သို့ပေမည့် မထင်မှတ်ထားလောက်အောင်ဘဲ တခြားအရာများအဆင်မပြေခဲ့ဘဲ ညစ်ပတ်သော လှည့်ကွက်တစ်ခုကသာလျှင် အလုပ်ဖြစ်သွားခဲ့၏။ ထိုအရာသည် အမျိုးသမီး အတွင်းခံ တထည်ဖြစ်၏။ ချောင်ရှောင်းသည် ရေတွက်လို့ မရအောင် များပြားသည့် အမျိုးသမီးများကို ထိခိုက်နာကျင်အောင် ပြုလုပ်ခဲ့၏။ ထို့ကြောင့် သေဆုံးရန် ထိုက်တန်သည့် လူတစ်ယောက်ပင်။ သူသည် ထိုအမျိုးသမီး၏ ပေါင်းခွကြားနှင့် ဘောင်းဘီထဲတွင် ဆေးတစ်ချို့ကို ခတ်ထား၏။ ထိုအရာသည် တကယ့်ကို အားကောင်းလွန်းသည့် မူးယစ်ဆေး တစ်မျိုးပင် ဖြစ်၏။
ခဏလောက် ကြာပြီးနောက် ချောင်ရှောင်းသည် ဆိုးဝါးသည့် ခံစားချက်များကိုရရှိ၏။ သူ၏ သိစိတ်များသည် တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့၏။ သူသည် လေထဲတွင် လွင့်မြောနေသလို ခံစားမိ၏။ ထိုတင်သာမကသေးချေ။ သူ၏အမြင်အာရုံကလည်း နှစ်ထပ်အဖြစ် မြင်နေရ၏။ ခန္ဓာကိုယ် တစ်ခုလုံးနှင့် စိတ်တစ်ခုလုံးသည် ထိန်းချုပ်နိုင်မှု ယုတ်လျော့သွားခဲ့၏။ သို့ပေမည့် အံ့အားသင့်စရာပင်။ လောကသစ်၏ တံခါးတစ်ခုကို ဖွင့်လှစ်လိုက်သကဲ့သို့ပင် သာယာနာပျော်ဖွယ် ကောင်းလွန်းနေသည်။
ချောင်ရှောင်းသည် အမှတ်မထင်ဆိုသလိုပင် ပြောဆိုလိုက်၏။ “မဖြစ်သေးဘူး။ ငါ့စိတ်ကို ပြောင်းရမယ်။ ငါ ကျင်းကျန့်နန်ကို လုပ်ချင်ရုံတင် မကဘူး။ ကျင်းမူလန်ကိုလည်း လုပ်ချင်တယ်။ ရှမ့်လန်.. မင်းရဲ့ရှေ့မှာ ငါသူတို့ကို မုဒိန်းကျင့်မယ်။ ပြီးတော့ မင်းရဲ့မိန်းမကို သေပါရစေတော့လို့ အော်ဟစ်နေတဲ့ အခြေအနေမျိုးထိ လုပ်ပြမယ်။ ဟား ဟား ဟား ဟား”
ထိုအချိန်မှာပဲ ရွှမ်ဝူသည် မိုးကြိုးပစ်လိုက်သလိုပင် ရုတ်တရက် မတ်တပ်ထရပ်လိုက်မိ၏။ ပြီးသည့်နောက် ရွှမ်ဝူ၏ လက်သည် ချောင်ရှောင်း၏ လည်ပင်းဆီသို့ ဦးတည်လိုက်သည်။
ချောင်ရှောင်းသည် ခုခံရန် ပြင်ဆင်လိုက်၏။ သာမန်အချိန်တွင်သာဆိုပါက ဤအရာကို သူ ကျိန်းသေပေါက် ခုခံနိုင်၏။ သို့ပေမည့် ယခု သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲတွင် လွင့်မျောနေသလို ခံစားနေရသောကြောင့် ထိန်းချုပ်၍ မရနိုင်ခဲ့ချေ။
“ခွပ်”
ချက်ချင်းပဲ ရွှမ်ဝူ၏လက်ဝါးရိုက်ချက်သည် တစ်ဖက်လူ၏ လည်ပင်းစောင်းဆီသို့ ကျရောက်လာခဲ့၏။ ချောင်ရှောင်း၏ လည်ဂုတ်ရိုးက ကျိုးသွားခဲ့ပြီဖြစ်၏။
ရှမ့်လန်သည် ရှေ့ကိုလှမ်းတက်ပြီး ဓားမြောင်ကို ထုတ်ယူလိုက်၏။ ပြီးနောက် ချောင်ရှောင်း၏ ခွကြားကိုချိန်ကာဖြင့် ခုတ်ပိုင်းလိုက်၏။ အစမှအဆုံးအထိ ချောင်ရှောင်း မည်သည့် တုံ့ပြန်မှုမှ မလုပ်နိုင်အောင် ရှမ့်လန်က မြန်ဆန်လွန်းခဲ့သည်။
“အား”
ချောင်ရှောင်းသည် သူ ရုတ်တရက် သင်းကွပ်ခံလိုက်ရသည်ကို ကြည့်ရှုပြီးနောက် အံ့အားသင့်မိနေ၏။ သို့ပေမည့် သူ မည်သည့်နာကျင်မှုကိုမှ မခံစားရချေ။ အော်ဟစ်လိုက်ခြင်းဆိုသည်မှာ အလိုလိုသိစိတ်အရ ထကာ အော်ဟစ်မိခြင်း ဖြစ်၏။