← Chapters

အပိုင်း (၂၁၉)

Vol. 16 Ch. 219

အပိုင်း (၂၁၉)

Vol. 16 Ch. 219

အချက်အလက်အားဖြင့် ချောင်ရှောင်းသည် မည်သည့် နာကျင်မှုကိုမှ မခံစားရချေ။ ထို့ပြင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ဤအချိန်၌ ထုံလျက်ရှိနေ၏။ ထကာ အော်ဟစ်လိုက်ခြင်း ဆိုသည်မှာ အလိုလိုသိစိတ်အရ ထကာ အော်ဟစ်လိုက်ခြင်းဖြစ်၏။

ထို့ပြင် ဤအရာသည် သူ၏ အသက်ဘဝပင် ဖြစ်၏။ သူ၏ ဒုတိယဘဝဟုပင် ညွှန်းဆိုနိုင်၏။ သူ့အတွက် အဆုံးမရှိသည့် သာယာမှုများကို ယူဆောင်ပေးနိုင်စွမ်း ရှိနေသည့် အရာပင်ဖြစ်၏။ သူသည် ထိုအရာကို အသုံးပြုပြီးနောက် ရေတွက်၍မရအောင် များပြားသည့် မိန်းကလေးပေါင်း မြောက်မြားစွာတို့ကို ထိခိုက် နာကျင်အောင် ပြုလုပ်နိုင်ခဲ့၏။ အနိုင်ယူနိုင်ခဲ့သည်။

သို့ပေမည့် လက်ရှိအချိန်တွင်မှာတော့ ထိုအရာသည် အရင်းမှ ဖြတ်တောက်ခြင်းကို ခံခဲ့လိုက်ရ၏။ ကြောက်လန့်မှု၊ ဗလာဟင်းလင်းဖြစ်သွားမှု၊ ထိုအရာများအားလုံးသည် သူ၏ စိတ်နှလုံးထဲဆီသို့ ဝင်ရောက်လာသည့်အချိန်မှာတော့ သူသည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။

သို့ပေမည့် ရှမ့်လန်သည် သူ၏ ခေါင်းကိုငုံ့ကာဖြင့် တစ်ဖက်လူကို မျက်မှောင်ကြုတ်ကာ ကြည့်ရှုလိုက်၏။ “ချီးတဲ့မှ.. ဒီသောက် ...”

သင်းကွပ်ခံလိုက်ရသည် ဆိုလျှင်တောင်မှ ရှမ့်လန်သည် တစ်ဖက်လူကို ကြည့်ပြီး အနည်းငယ်တော့ သိမ်ငယ်နေမိ၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ လက်နက်သည် မြင်းလောက်ပင် ရှိသည်။

ချောင်ရှောင်း၏ အော်သံသည် အချက်ပြလိုက်သကဲ့သို့ပင် အပြင်ဘက်တွင် ရှိနေသည့် လက်ရွေးစင် စစ်သည်များအားလုံးတို့သည် ချက်ချင်းဆိုသလိုပင် ဓားကို ဆွဲထုတ်ကာဖြင့် ရူးရူးမူးမူးပင် ရှေ့ဆီသို့ လှမ်းဝင်လာရန် ပြင်ဆင်၏။

ရွှမ်ဝူသည် ရှမ့်လန် လှမ်းပြောသည်ကို လုံးဝမစောင့်ချေ။ ချက်ချင်းပဲ ဓားကို ထုတ်ကာဖြင့် ချောင်ရှောင်း၏ လည်ကုပ်ပေါ်သို့ တင်လိုက်၏။ ရှမ့်လန်သည် အနီးရှိ အမျိုးသမီး၏ အဝတ်ကို လျင်မြန်စွာ ဆုတ်ဖြဲပြီးနောက် ချောင်ရှောင်၏ ခါးအောက်ပိုင်းကို ပတ်စည်းကာ သူ၏ သင်းကွပ်ခံထားရသော ဒဏ်ရာကို ဖုံးကွယ်လိုက်သည်။

ဘန်း ဘန်း ဘန်း ဘန်း

ခဏလောက်ကြာပြီးနောက် တံခါးတစ်ချပ်က ပွင့်လာခဲ့၏။ ချောင်ရှောင်း၏ အမိန့်ပေးမှုအောက်တွင် ရှိနေသည့် ပင်လယ်ဓားပြများသည် အထဲသို့ လှမ်းဝင်လာခဲ့ခြင်းဖြစ်၏။

တစ်ချိန်တည်းမှာပင် ရွှမ်ဝူအိမ်တော်မှ ကျွမ်းကျင်သူများကလည်း ရောက်ရှိလာသည်။

ရွှမ်ဝူက ပြောလိုက်၏။ “မင်းတို့ သခင်လေးက ငါ့လက်ထဲမှာပဲ။ တကယ်လို့ ရှေ့ကို တစ်လှမ်း လှမ်းရဲတယ်ဆိုရင် သူ့ရဲ့ခေါင်း မြေပေါ်ကို ကျသွားလိမ့်မယ်”

ရှမ့်လန်သည် ချောင်ရှောင်း၏ နားထဲသို့ တီးတိုးပြောလိုက်၏။ “မင်းရဲ့ လူတွေကို ထွက်သွားဖို့ ပြောလိုက်”

ချောင်ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဆေးမိခြင်းကို ခံထားရ၏။ ထိုအရာက အစွမ်းပြလျက် ရှိနေ၏။ သူသည် တိမ်များ၏ ကြားထဲတွင် ရောက်ရှိလျက် ရှိနေပြီး ရှမ့်လန်၏ စကားကို ရှင်းရှင်းလင်းလင်းပင် မကြားသည့်ပုံပေါ်သည်။

ရှမ့်လန်က တီးတိုး ပြောလိုက်၏။ “ထွက်သွားစမ်း”

ချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “ထွက်သွားစမ်း”

ရှမ့်လန်က အသာပြောလိုက်၏။ “ထွက်သွားစမ်း”

ချောင်ရှောင်းကလည်း လိုက်ပြောသည်။ “ထွက်သွားစမ်း”

ပင်လယ်ဓားပြများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုပြီးသည့်နောက် အိမ်၏ အပြင်ဘက်ဆီသို့ ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့ကြ၏။ သို့ပေမည့် သူတို့သည် ဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့ခြင်းပင်ဖြစ်၏။ သို့ပေမည့် သူတို့သည် ဖိအားဒဏ်ကို ခံစားနေရသည်။ သခင်လေး၏ သိုင်းပညာသည် ဤမျှမြင့်မားပါလျက် အဘယ်ကြောင့် ဓားစာခံ ဖြစ်သွားရသနည်း။ သို့ပေမည့် ဤအချိန်တွင် မဆင်မခြင် ပြုမူ၍ မဖြစ်ပေ။ အကယ်၍ သခင်လေးသည် ကျင်းမိသားစု၏ လက်ထဲတွင် သေဆုံးသွားပါက သူတို့ ဤပင်လယ်ဓားပြ များသည် သေချာပေါက် သေဆုံးရမည်ဖြစ်ပြီး ပင်လယ်ဓားပြဘုရင်သည် သူတို့ကို ခွင့်လွှတ်မည်မဟုတ်ပေ။

“မင်းတို့ သခင်လေးကို ချက်ချင်းလွှတ်ပေးကြ။ မဟုတ်ရင် ဆရာကြီး ချောင်ထျန်းဝေရဲ့ ပင်လယ်ဓားပြတပ်ကြီး ရောက်လာလိမ့်မယ်။ မင်းတို့ အားလုံး သေသွားလိမ့်မယ်”

ပင်လယ်ဓားပြများထဲမှ တစ်ယောက်သည် ချောင်ရှောင်း၏ ခြေထောက်အောက်၌ သွေးများ ထွက်နေသည်ကို သတိပြုမိ၏။ ထို့ကြောင့် ရုတ်တရက် ချက်ချင်း ထကာ အော်လိုက်၏။ “သခင်လေးကို မင်းတို့ ဘာတွေ လုပ်ထားတာလဲ”

ပြီးနောက် ပင်လယ်ဓားပြများသည် အိမ်၏ အပြင်ဘက်ဆီသို့ ထွက်ခွာသွားခဲ့ရသည်။

ဘန်း ဘန်း ဘန်း

အိမ်၏ တံခါးအကုန်လုံးက ပိတ်သွား၏။ သို့ပေမည့် ကျင်းရှိယန်သည် ဟောခန်းထဲတွင် ရှိနေသည့် ကျွမ်းကျင်သူများကို ဦးဆောင်ကာဖြင့် ရှမ့်လန်... ကျင်းကျိုးမြို့စားကြီးတို့အား ကာကွယ်ပေးထားပြီး ဖြစ်လေ၏။

“ပစ်စမ်း”

သူက အမိန့်ပေးလိုက်၏။ အပြင်ဘက် အမှောင်ထဲမှာတော့ ထောင်နှင့်ချီသည့် မြားသမားများသည် ရူးရူးမူးမူးပင် ပစ်ခတ်လျက်ရှိနေသည်။

ဝှစ် ဝှစ် ဝှစ် ....။

မြားများက ကျဆင်းလာခဲ့၏။ လူတစ်ရာကျော်သည် လူထောင်ပေါင်းများစွာတို့တို့၏ မြားနှင့် ဝိုင်းဝန်းကာ ပစ်ခတ်ခြင်းကို ခံရ၏။ လူတစ်ထောင်အနေနှင့် အထူးတလည် ချိန်တွယ်နေစရာပင် မလိုချေ။ လူများ တည်ရှိရာနေရာဆီသို့ ချိန်ရွယ်၍ လှမ်းကာ ပစ်ခတ်လိုက်ရုံပင် ဖြစ်၏။ မကောင်းသူပယ် ကောင်းသူကယ်ပင်။

သို့ပေမည့် ရွှမ်ဝူအိမ်တော်မှ အဓိကလူများသည် အစောကြီးတည်းက အိမ်ထဲသို့ ရောက်ရှိနှင့်နေပြီ ဖြစ်၏။ ထို့ကြောင့် ရွှမ်ဝူအိမ်တော်မှ လူများသည် ထိခိုက်နာကျင်ခြင်း မရှိခဲ့ကြချေ။

ကွင်းပြင်ထဲတွင် တည်ရှိနေသည့် ပင်လယ်ဓားပြ တစ်ရာကျော်တို့သည် နာကျင်စွာဖြင့် အော်ဟစ်လျက်ရှိနေကြ၏။ တချို့သည် အိမ်ထဲသို့ ဝင်ခွင့်ရရန်အတွက် အားကုန်သုံးကာ ကြိုးစားကြ၏။ တချို့မှာတော့ အိမ်၏ ပြတင်းပေါက်များကို ဖျက်ဆီးကာ အထဲသို့ ဝင်ရောက်ရန် ကြိုးစားကြ၏။

ထို့အပြင် သူတို့သည် လက်ရွေးစင် စစ်သည်များ ဖြစ်ကြ၏။ ထို့ကြောင့် သိုင်းပညာတွင်လည်း အဆင့်မနိမ့်လှချေ။ သို့ပေမည့် လူပေါင်းတစ်ရာကျော်တို့သည် လူပေါင်းသုံးထောင်ကျော်ကို မည်ကဲ့သို့ နိုင်အောင် တိုက်ခိုက်ရမည်နည်း။ အချိန်အနည်းငယ် ကြာမြင်ပြီးသည့်နောက် လူတစ်ရာကျော် တို့သည် အလုံးစုံ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

...........

တောင်ခြေတွင် ရှိနေသည့် စစ်စခန်းတွင်တော့ ပင်လယ်ဓားပြပေါင်း ၂၀၀၀ ကျော်တို့သည် သောက်သောက်စားစားဖြင့် လုပ်လျက်ရှိနေ၏။ ၎င်းတို့သည် ရှမ့်လန်အကြောင်းကို မကောင်း ပြောဆိုကာဖြင့် အားရပါးရ ရယ်မော လှောင်ပြောင်လျက် ရှိနေသည်။

“ရှမ့်လန်က ဒီအချိန်မှာ သူ့ဖင်ကိုတောင် ရောင်းနေပြီလား မသိဘူး”

“အင်း.. သခင်လေးကတော့ ဒီဖင်ကို အရသာခံနေလောက်ပြီ”

“နားထောင်ကြ။ တောင်ပေါ်မှာ တိုက်ခိုက်တဲ့အသံတွေ ကြားသလိုပဲ”

ပင်လယ်ဓားပြ မြောက်မြားစွာတို့သည် စားပွဲကျင်းပသည့်အိမ်ရှိရာ တည်နေရာဆီသို့ လှမ်းကာ မော့ကြည့်လိုက်၏။ သေချာပေ၏။ တောင်ပေါ်မှလည်း တိုက်ခိုက်နေသည့် အသံများ ထွက်ပေါ်လျက်ရှိ၏။

“မဟုတ်သေးဘူး။ သခင်လေးက တောင်ပေါ်မှာ စားပွဲသွားတက်တယ် မဟုတ်လား။ ရွှမ်ဝူ ရူးသွားပြီလား။ ဘယ်လိုဖြစ်ပြီးတော့ သခင်လေးကို အားသုံးပြီး တိုက်ခိုက်ရဲရတာလဲ။ ငါတို့ ပင်လယ်ဓားပြဘုရင်က ကျင်းမိသားစု တစ်ခုလုံးကို သတ်ပစ်မှာ မစိုးရိမ်ဘူးလား”

ပင်လယ်ဓားပြပေါင်း နှစ်ထောင်ကျော်တို့သည် သူတို့၏ လက်နက်များကို ကိုင်ဆွဲကာဖြင့် တောင်ပေါ်သို့ တက်သည်။ “သခင်လေးကို ကယ်ကြ။ သခင်လေးကို ကယ်ကြ။ တက် တက်။ ရွှမ်ဝူအိမ်တော်က အောက်ဆွဲကောင်တွေ အကုန်လုံးကို သတ်ပစ်”

ပင်လယ်ဓားပြများသည် မူးလျက်ရှိနေကြ၏။ ထို့ကြောင့် မည်သည့်အမိန့်ပေးမှုကိုမှ မလို၊ မည်သည့် ကြောက်လန့်မှုမှ မရှိဘဲနဲ့ တောင်ပေါ်သို့ လှမ်းကာ တက်ကြ၏။

ရှမ့်လန်သည် ချောင်ရှောင်းကို တောင်စောင်း တစ်ဝက်တွင်ရှိသော အိမ်တော်သို့ ဖိတ်ခေါ်ခဲ့သည်။ ထိုတောင်၏ ပုံသဏ္ဌာန်သည် အလွန်မတ်စောက်၏။ တောင်ခြေမှ တက်လာရန် လမ်းတစ်လမ်းတည်းသာရှိပြီး၊ ကျယ်ဝန်းသော်လည်း လူ ၂၀၀၀ ကျော်ကို နေရာချရန် မလုံလောက်ချေ။ ထိုပင်လယ်ဓားပြများသည် နေရာတစ်ခုတည်းတွင် လုံးဝ စုပြုံနေကြသည်။

ရုတ်တရက် ပင်လယ်ဓားပြအားလုံးတို့သည် လူစုလူဝေး ဖြစ်လာခဲ့ကြ၏။ “အစီအစဉ်အတိုင်း တက်”

ပင်လယ်ဓားပြ ခေါင်းဆောင်များသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ပင်လယ်ဓားပြ နှစ်ထောင်ကျော်တို့သည် အစီအစဉ်အတိုင်း ရှေ့ဆီသို့ လှမ်းတက်၏။

ဘုန်း ဘုန်း

ဤအချိန်မှာပဲ များပြားလွန်းသည့် သစ်လုံးကြီးများ၊ ကျောက်တုံးကြီးများတို့သည် တောင်ပေါ်မှ လှိမ့်ဆင်းလာခဲ့၏။ ထိုအချိန်မှာတော့ ပင်လယ်ဓားပြပေါင်း များစွာတို့သည် ခြေမခိုင်ဘဲ လဲကျကုန်တော့သည်။

“ရှောင် ရှောင် ရှောင်”

“အပေါ် တောင်စောင်းဘေးကနေပြီးတော့ တက်ကြည့်” ပင်လယ်ဓားပြ ခေါင်းဆောင်များသည် ချက်ချင်းပဲ သူတို့၏ ဗျူဟာကို ပြောင်းလိုက်ကြ၏။ ဤခေါင်းဆောင်များသည် အတွေ့အကြုံရှိလှသည့် လူများဟု ပြောဆိုရပေလိမ့်မည်။ ထို့ပြင် ဤပင်လယ်ဓားပြများသည် တကယ့်ကို ရဲရင့်လွန်းလှချေ၏။ လူပေါင်း တစ်ရာကျော်တို့သည် ကျောက်တုံးများ၊ သစ်တုံးများ၏ ဖိခြေသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဆိုသော်လည်း ထိုအရာကို ကြည့်ရှုရင်း သူတို့က မကြောက်လန့်ခဲ့ကြချေ။

အမိန့်သံကို နားထောင်ပြီးနောက် လူပေါင်း နှစ်ထောင်ကျော်တို့သည် ချက်ချင်းပဲ တည်နေရာအနှံ့ဆီသို့ ဖြန့်ကျက်ကာဖြင့် အပေါ်သို့ တက်ရန် ကြိုးစားကြ၏။ ၎င်းတို့သည် စည်းကမ်းသေဝပ်ခြင်း မရှိဘဲ လွတ်လွတ်လပ်လပ် တိုက်ခိုက်တတ်ကြသည့် လူများဆိုသော်လည်း တိုက်ခိုက်မှုစွမ်းရည်ကတော့ တကယ့်ကို အားကောင်း၏။

ထို့ပြင် ချောင်ရှောင်း၏ တိုက်ရိုက်တပည့်များ ဖြစ်သောကြောင့် သူတို့၏ သခင်ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး မည်သည့် စည်းမျဉ်းကိုမှ လိုက်နာတတ်သည့် လူများ မဟုတ်ချေ။

ချောင်ထျန်းဝေ၏ နောက်လိုက်များသာဆိုပါက ကျိန်းသေပေါက် ဤကဲ့သို့ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ပိုမိုကာ ရဲရင့်၍ အစွမ်းထက်မှာတော့ သေချာ၏။ ဤပင်လယ်ဓားပြအဖွဲ့သည် အလွန်ပင် အားကောင်းလွန်း၏။ မတ်စောက်သည့် တောင်စောင်းအတိုင်း လှမ်းတက်လာကြသည် ဆိုလျှင်တောင်မှ ထိုကဲ့သို့သော တက်ရောက်မှုသည် အလွန်ကြောက်စရာကောင်းစွာ မြန်ဆန်နေသည်။ မြေပြင်တွင် လမ်းလျှောက်နေသကဲ့သို့ပင်။

ပင်လယ်ဓားပြများ အမှောင်ထဲမှ လှမ်းကာ တက်လာသည်ကို မြင်ရသည့်အချိန်မှာတော့ ကျင်းရှိယန်သည် စစ်သည်ပေါင်း သုံးထောင်ကျော်ကို ဦးဆောင်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိနေ၏။

“ကျောက်တုံးတွေကို လှိမ့်ချ။ ကျောက်တုံးတွေကို လှိမ့်ချပစ်။ ကျောက်တုံးတွေကို လှိမ့်ချကြ။ ပစ်ကြ၊ ပစ်ကြ။ ပင်လယ်ဓားပြတွေ အပေါ်ကို တက်လာတာနဲ့ ချက်ချင်း တိုက်ခိုက်ကြ။ မြို့စားကြီးကို မနှောင့်ယှက်စေနဲ့”

ရွှမ်ဝူအိမ်တော်မှ စစ်သည်တော်အားလုံးသည် ကာကွယ်ရေးခံတပ်တစ်ခုကို ဖန်တီးထားပြီး ဖြစ်၏။ အမှောင်ထဲတွင် သူတို့ ရှင်းရှင်းလင်းလင်း မမြင်ရချေ။ ထို့ကြောင့် တွေ့ရာမြားများကို ဆွဲယူကာဖြင့် ကောင်းကင်ပေါ်သို့ ပစ်ခတ်လျက်ရှိနေ၏။

မြားမိုးသည် တစ်ကြိမ်ပြီးတစ်ကြိမ် ရွာသွန်းလာ၏။ မရေမတွက်နိုင်သော ကျောက်တုံးများ၊ သစ်လုံးများသည် ရူးသွပ်စွာ ပေါက်ခွဲကျဆင်းလာသည်။ အမှောင်ထုထဲတွင် မရေမတွက်နိုင်သော ပင်လယ်ဓားပြများ ကြေကွဲစွာ သေဆုံးကြ၏။ လူကိုမမြင်ရဘဲ၊ အသံကိုသာ ကြားရသည်။ ဤညကြီးတွင် တိုက်ခိုက်ရခြင်းသည် အမှန်ပင် လူသားမဆန်ချေ။

ရှမ့်လန်သည် ဤစစ်ပွဲကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ ပင်လယ်ဓားပြများသည် ခေါင်းဆောင်ကင်းမဲ့နေသည့်လူများဖြစ်ပြီး မူးယစ်နေကြ၏။ ရွှမ်ဝူမြို့စားအိမ်တော်၏ စစ်တပ်သည် ပင်ပန်းနွမ်းနယ်နေသော ရန်သူကို အေးဆေးစွာ စောင့်ဆိုင်းနေပြီး အသာစီးရသော နေရာမှ တိုက်ခိုက်နေနိုင်သည်။

သို့ပေမည့် ဤပင်လယ်ဓားပြအုပ်စုသည် ဤမျှလောက်ပင် သတ္တိရှိလိမ့်မည်ဟု မထင်ခဲ့ပေ။ သူတို့သည် တစ်ယောက်ပြီး တစ်ယောက် ထိုးဖောက်ဝင်ရောက်လာပြီး၊ တောင်ကမ်းပါးတစ်လျှောက် တွားသွားတက်လာကာ ရွှမ်ဝူအိမ်တော်၏ စစ်သည်များအား ဝင်ရောက်သတ်ဖြတ်ကြသည်။ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် အမှန်ပင် အံ့အားသင့်ဖွယ် ကောင်းလှ၏။

ခဏအကြာမှာတော့ ရွှမ်ဝူမြို့စားအိမ်တော်၏ စစ်တပ်တွင် အသေအပျောက်များ ပေါ်ပေါက်လာခဲ့သည်။ မြို့စားကြီး၏ မျက်နှာသည် ဖြူဖျော့သွား၏။ မိမိတို့မိသားစု၏ စစ်တပ်သည် အဘယ်ကြောင့် ဤမျှ အသုံးမကျရသနည်း။ ပုံမှန်အားဖြင့် သိုင်းလေ့ကျင့်ချိန်တွင် အလွန်ထူးချွန်သော်လည်း အမှန်တကယ် တိုက်ခိုက်ချိန်တွင် အဘယ်ကြောင့် ဤအခြေအနေသို့ ဆိုက်ရောက်ရသနည်း။

ပင်လယ်ဓားပြ တစ်ထောင်ခန့်နှင့် ကျင်းမိသားစု၏ စစ်သည် ၃၀၀၀ တို့သည် နေရာတစ်ခုတည်းတွင် မီးဟုန်းဟုန်းတောက်သကဲ့သို့ သတ်ဖြတ်နေကြသည်။

“အိုး ... ဗိုက်နာတယ်၊ ဗိုက်နာတယ်”

“အီးပါချင်တယ်၊ အီးပါချင်တယ်...”

ရုတ်တရက် ဤပင်လယ်ဓားပြအုပ်စုသည် သနားစဖွယ် အော်ဟစ်ပြီး ဗိုက်ကိုဖိ၍ ထိုင်ချလိုက်ကြ၏။

ယနေ့ည ပင်လယ်ဓားပြများသည် အမှန်ပင် ပျော်ရွှင်စွာ သောက်သုံးခဲ့ကြပြီး လုယက်ထားသော အရက်များ အားလုံး ကုန်သွားချိန်၌ ရွှမ်ဝူမြို့စားအိမ်တော်ဆီသို့ အရက်နှင့် ဝိုင်များ ထပ်ပေးရန် ဖိအားပေးတောင်းခံကြ၏။ ဤအချိန်တွင်ကျင်းဟွေ့နှင့် အခြားသူများသည် ဝမ်းနုတ်ဆေးပါသော အရက်ကို ပို့ဆောင်ပေးခဲ့သည်။

အရက်သည် အဆိပ်မရှိကြောင်း သက်သေပြရန် ကျင်းဟွေ့နှင့် လူဆယ်ဦးကျော်တို့သည်လည်း ဤအရက်ကို သောက်သုံးခဲ့ကြပြီး ယခု ထိုသူတို့သည် အိမ်သာတွင် ထိုင်နေကြသည်။ ဤပင်လယ်ဓားပြအုပ်စုသည် ဝမ်းနုတ်ဆေးပါသော အရက်ကို သောက်ပြီး တစ်နာရီ၏ လေးပုံတစ်ပုံအကြာတွင် အာနိသင်ပြလာ၏။ သို့ပေမည့် ဝမ်းနုတ်ဆေး အာနိသင်ပြသည်နှင့် ဤပင်လယ်ဓားပြအုပ်စု၏ တိုက်ခိုက်ရေးစွမ်းရည်သည် လုံးဝ ပြီးဆုံးသွားတော့၏။

ဗိုက်ဆီမှ စူးရှသော နာကျင်မှုသည် သည်းမခံနိုင်လောက်အောင် ဖြစ်ပြီး တိုက်ခိုက်ရင်း ထိုင်ချလိုက်သည်နှင့် တိုက်ရိုက် ပန်းထွက်သွား၏။ ရုတ်တရက် တိုက်ခိုက်ရေးတည်နေရာတစ်ခုလုံးသည် မခံမရပ်နိုင်အောင် နံစော်သွားသည်။

ထို့နောက်မှာတော့ တစ်ဖက်သတ် သတ်ဖြတ်ပွဲပင်။ တစ်နာရီခွဲအကြာတွင် ပင်လယ်ဓားပြများအားလုံးနီးပါး လုံးဝ အသတ်ခံလိုက်ရပြီး ခေါင်းဖြတ်ခံထားရ၏။

အိမ်တော်ထဲတွင် ရှမ့်လန်သည် ရေမွှေးဆွတ်ထားသော ပိုးပဝါဖြင့် နှာခေါင်းကို အုပ်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “အဖေ.. ဒီပင်လယ်ဓားပြအုပ်စု အလွန်သတ္တိရှိတယ်”

ရွှမ်ဝူမြို့စားက ခေါင်းညိတ်လိုက်သည်။ မိမိတို့မိသားစု၏ ကိုယ်ပိုင်တပ်သည် မထူးချွန်ခြင်းမဟုတ်ဘဲ သူတို့၏ တိုက်ခိုက်ရေး စည်းကမ်းများသည် အလွန်ယဉ်ကျေးပြီး စည်းစနစ်ကျနေသောကြောင့်ပင်။ သို့ပေမည့် ဤပင်လယ်ဓားပြအုပ်စု၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူ၏ စိတ်ကူးထက် များစွာ ကျော်လွန်နေသည်။ ဤသည်မှာ ချောင်ရှောင်၏ လက်အောက်မှ တပ်သာဖြစ်ပြီး၊ ချောင်ယောင်းအာနှင့် ချောင်ထျန်းဝေ၏ လက်အောက်မှ တပ်များသည် ပို၍ သတ္တိရှိပြီး ထူးချွန်ပေဦးမည်။

“ကံကောင်းလို့ ငါတို့ တကယ်တမ်း မတိုက်ခိုက်လိုက်ရတာပဲ။ အခြေအနေတစ်ခုလုံးက စိုးရိမ်စရာ မရှိတော့ဘူး” ရွှမ်ဝူက ပြောလိုက်၏။

သို့ပေမည့် ချောင်ထျန်းဝေ၏ သီးသန့်စစ်တပ်ကြီးသာ ဆိုပါက ယခုထက် ပို၍ သတ်ကောင်းမှာ သေချာ၏။ အချိန်ရောက်လာသည် ဆိုပါက လောကကြီး တစ်ခုလုံး ပြောင်းပြန်လန်ပေမည်။ မည်သည့် လက်ရွေးစင် စစ်သည်များပင်မဆို အလုံးစုံ ဖျက်ဆီးခြင်း၏ အောက်တွင် ကြံကြံခံရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။

ဘယ်လောက်မှန်း မသိသည့် အချိန်ကာလတစ်ခုမှာတော့ ချောင်ရှောင်းက နိုးထလာခဲ့၏။ သူ၏ ဦးခေါင်း တစ်ခုလုံးသည် ကိုက်ခဲလျက်ရှိနေ၏။ အားရှိသလောက် ခေါင်းကို ခါယမ်းလိုက်၏။ သို့ပေမည့် သူ ဘာတစ်ခုကိုမှ မမှတ်မိချေ။ အနည်းငယ် စိတ်ဓာတ်ကျမှုများဖြင့် ဖြစ်တည်လာခဲ့သည်။

“ကျေးကျွန်တွေ... မြန်မြန်၊ ငါ့အတွက် မိန်းမလှတစ်ယောက် ခေါ်ခဲ့စမ်း။ ပြီးတော့ ငါ ရေသောက်ချင်တယ်။ ပြီးတော့ အဝတ်အစား လဲချင်တယ်” ချောင်ရှောင်းက အော်ဟစ်လိုက်၏။ ပြီးနောက် အမှတ်မထင်သလိုပင် သူသည် လက်ကို အသုံးပြုကာဖြင့် ရုတ်တရက် မတ်တပ်ထရန် ပြင်ဆင်လိုက်၏။ သို့ပေမည့် သူက တုန်လှုပ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏ လက် ကို သူ အာရုံမခံမိသောကြောင့်ပင်။ တိတိကျကျ ပြောရမည်ဆိုလျှင် သူသည် သူ၏ လည်ကုပ် အောက်ပိုင်းမှ စ၍ အာရုံခံစား၍ မရနိုင်ခဲ့ချေ။

သူသည် အလွန်ပင် တုန်လှုပ်သွားခဲ့၏။ လောကကြီး ဘာဖြစ်သွားသနည်း။

All Chapters