← Chapters

အပိုင်း (၂၂၀)

Vol. 16 Ch. 220

အပိုင်း (၂၂၀)

Vol. 16 Ch. 220

ရှမ့်လန်၏ စားပွဲသို့ သွားခဲ့သည်ကို သူ မှတ်မိ၏။ သူ အသောက်များသွားသည်လား။ ပြီးနောက် ရုတ်တရက် သူ၏ ပေါင်ခွကြားထဲတွင် ဘာမှ မရှိတော့ကြောင်း မြင်လိုက်ရ၏။ ဤအရာသည် လုံးဝ ပြောင်သလင်းခါ နေ၏။ သူ ရုတ်တရက် ကြောင်အသွားခဲ့၏။ ပြီးနောက် နာကျင်ဖွယ် ထကာ အော်ဟစ်လိုက်၏။

သူ၏ အသက်သွေး၊ သူ၏ အသက်သွေး ရတနာလေးက မရှိတော့ချေ။ ယောက်ျားတစ်ယောက်အတွက် ထိုအရာသာ မရှိပါက အသက်ရှင်သန် နေထိုင်ဖို့ ဘာအဓိပ္ပာယ်ရှိမည်နည်း။ လွန်ခဲ့သည့်ညက အော်ဟစ်သံက မရှင်းလင်းချေ။ သို့ပေမည့် ဤအချိန်မှာတော့ တကယ့်ကို ခံစားချက်အပြည့်နှင့် အော်ဟစ်လျက် ရှိနေ၏။ သိပ်ကို နာကျည်းဆွေးမြေ့စွာဖြင့် အော်ဟစ်လိုက်သည့် အသံမျိုးပင်။

ထိုအချိန်မှာပဲ ရှမ့်လန်က လျှောက်ဝင်လာခဲ့၏။ “သခင်လေး ချောင်ရှောင်း... ဘယ်လိုဖြစ်တာလဲ။ နိုးလာပြီလား။ ဗိုက်ဆာနေတာနဲ့ တူတယ်။ ကျုပ် ခင်ဗျားအတွက် တစ်စုံတစ်ယောက်ကို စေလွှတ်ပြီးတော့ ချက်ခိုင်းလိုက်ပါ့မယ်”

သို့ပေမည့် ချက်ချင်းပဲ ချောင်ရှောင်းသည် သတိပြုမိ၏။ သူသည် အကိုင်းအခက် မရှိတော့သော ပင်စည်ကြီး ကဲ့သို့ပင် ဖြစ်လို့နေခဲ့၏။ သူ၏ လက်နှင့်ခြေထောက်များသည် လှုပ်ရှားနိုင်ခြင်းမရှိသလို ၊ သူ၏ လည်ပင်းအောက်မှစ၍ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကို အာရုံခံစား၍မရချေ။

“ရှမ့်လန်.. မင်း ငါ့ကို ဘာလုပ်ခဲ့တာလဲ” ချောင်ရှောင်းက ထအော်လိုက်၏။ ပြီးနောက် ရုတ်တရက် သူသည် လက်ဝါးကို မြှောက်ကာဖြင့် ရှမ့်လန်ကို ခုတ်သတ်ရန် ပြင်ဆင်လိုက်၏။ သို့ပေမည့် သူ၏ လက်သည် သူ၏လက် မဟုတ်တော့ချေ။ သူ လက်ကို မမြှောက်နိုင်ချေ။

“လာခဲ့စမ်း၊ လာခဲ့စမ်း။ ဒီ ရှမ့်လန်ဆိုတဲ့ကောင်ကို သတ်ပစ်စမ်း။ အရေခွံခွာပြီးတော့ အကြောတွေ ဆွဲထုတ်” ချောင်ရှောင်းက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “နယ်စားလေး .... ခင်ဗျား ဘယ်သူ့ကို ပြောနေတာလဲ။ သူတို့ကိုများလား” ရှမ့်လန်သည် အပြင်ဘက် တံခါးအပြင်ဘက်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

တံခါးက ပွင့်သွားခဲ့၏။

ချောင်ရှောင်းသည် ခေါင်းများ ပုံထားလျက်ရှိနေသည်ကို မြင်လိုက်ရ၏။ လူပေါင်း နှစ်ထောင်ကျော်တို့၏ ခေါင်းများသည် ပုံ၍ထား၏။ ခေါင်းတစ်ခုချင်းစီတိုင်းကို သူ သိရှိ၏။ ထိုသူအားလုံးတို့သည် သူ၏ တိုက်ရိုက် နောက်လိုက်များပင် ဖြစ်သည်။

ချောင်ရှောင်း၏ ကျောရိုးမကြီး တစ်ခုလုံးသည် စိမ့်တက်သွားခဲ့၏။ ရှေ့တွင် ရှိနေသည့် မြင်ကွင်းကို မယုံကြည် နိုင်သလို ကြည့်ရှုနေမိ၏။ ရှမ့်လန်.. ရှမ့်လန် ရူးသွပ်သွားလေသည်လား။ သို့မဟုတ် ရွှမ်ဝူ ရူးသွပ်သွား လေသည်လား။ ဘယ်လိုဖြစ်ပြီး ဤကဲ့သို့ ပေါ်ပေါ်ထင်ထင် သတ်ဖြတ်ခြင်းကို ပြုလုပ်ရဲသနည်း။ စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့ကို တစ်ခါတည်း သတ်ပစ်ခဲ့၏။ သူ၏ အဖေ ရူးရူးမူးမူးနှင့် လက်စားချေမည်ကို မစိုးရွံ့ပေဘူးလား။

“ရှမ့်လန်... မင်း ရူးနေပြီ။ မင်း ရူးနေပြီ”

ချောင်ရှောင်းသည် ထကာ အော်ဟစ်လိုက်၏။ “နုရှောင့်မြို့မှာ စစ်သည်ပေါင်း သုံးသောင်းလောက် ရှိတယ်။ ငါ့အဖေက ကျိန်းသေပေါက် လက်စားချေလိမ့်မယ်။ ကျင်းမိသားစုမှာရှိတဲ့ လူတိုင်းကို သတ်ပစ်လိမ့်မယ်။ မင်းတို့ တစ်ယောက်ချင်းစီတိုင်းရဲ့ အရေခွံကို ဆွဲခွာလိမ့်မယ်။ မင်းတို့ရဲ့ မိန်းမတွေ အကုန်လုံး သေချင်စိတ်ပေါက်သည်အထိ သူ နှိပ်စက်ပြလိမ့်မယ်။ ရှမ့်လန်... မင်းကတော့ သွားပြီပဲ။ ကျင်းမိသားစုက သွားပြီပဲ။ ရွှမ်ဝူအိမ်တော်ကလည်း သွားပြီပဲ။ ကျင်းမူလန်လည်း သွားပြီ။ လောကကြီးမှာ မင်းတို့ကို ကယ်တင်နိုင်တဲ့လူ ဘယ်သူမှ မရှိတော့ဘူး။ ရှမ့်လန်... မင်း စောင့်နေ။ ငါ့အဖေ စစ်တပ်တွေ ခေါ်လာပြီး မင်းကို သတ်တဲ့အထိ မင်း စောင့်နေလိုက်”

ရှမ့်လန်သည် ဆောင့်ကြောင့်ထိုင်ချကာ ပြောလိုက်သည်။ “ပြောပြီးသွားပြီလား။ ခြိမ်းခြောက်လို့ဝပြီလား။ ဒါနဲ့ ခင်ဗျား အခု ဘယ်လို ခံစားရလဲ”

ချောင်ရှောင်း၏ မျက်နှာပေါ်တွင် အငြိုးအတေးများစွာ ဖြစ်တည်လာခဲ့၏။ နောက်ဆုံးမှာတော့ သူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။

“နယ်စားလေး.... ကျုပ် ခင်ဗျားကို ပြောစရာတွေ ရှိသေးတယ်။ အရာကိစ္စအားလုံးကို ဒီအခြေအနေထိရောက်အောင် ကျုပ် သေသေချာချာ စီစဉ်ခဲ့တာပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ပထမဦးဆုံး ကျုပ် ခင်ဗျားကို ပြောချင်တာကတော့ ဝမ်ကျားကျွန်းမှာ ဘာရွှေမှ မရှိဘူးဆိုတာပဲ။ ဒီရွှေတွေကို ကောင်းကင်တာအို အဖွဲ့အစည်းက ပေးထားတာပဲ”

ချောင်ရှောင်းက အလုံးစုံ ကြောင်အသွားခဲ့၏။ ရှမ့်လန်၏ ပထမဦးဆုံးသော စကားလုံးသည် သူ့ကို တုန်လှုပ်စေခဲ့၏။

“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ငါ ရွှေတွေကို မျက်လုံးနဲ့ သေချာမြင်ခဲ့တာ။ ရွှေတွေက သန့်စင်ရှိပြီးသား ရွှေတွေပဲ။ ကီလိုဂရမ် ထောင်ပေါင်းများစွာ ရှိတယ်” ချောင်ရှောင်းက အော်ဟစ်လိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ရွှေတွေကို ကျုပ် အရည်ကြိုပြီး သတ္ထုတွေနဲ့ ရောထားတာလေ။ ကျုပ် တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ခင်ဗျားအတွက် ဖန်တီးပေးထားတာပေါ့”

ချောင်ရှောင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ “မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ဒီလောက်များတဲ့ ရွှေဒင်္ဂါးတွေကို ဘယ်ကနေ ရလာတာလဲ။ ကောင်းကင်တာအို အဖွဲ့အစည်းက ဘာလို့ ဒီလောက်များတဲ့ ပိုက်ဆံတွေကို ပေးမှာလဲ။ မဖြစ်နိုင်ဘူး”

ရှမ့်လန်က မည်သည့်စကားကိုမှ မဆိုချေ။ မှန်တစ်ချပ်ကို ကောက်ယူပြီး ချောင်ရှောင်း၏ ရှေ့သို့ ချပေးလိုက်၏။

“ဒီမှန်ပေါ့။ ဒီမှန်ရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်က ငွေဒင်္ဂါး တစ်ပြားပဲ တန်တယ်။ ဒါက ရွှေဒင်္ဂါး သန်းနဲ့ချီတဲ့ စီးပွားရေးတစ်ခု ဖြစ်မယ်လို့ ခင်ဗျား ထင်လား” ရှမ့်လန်က မေးလိုက်သည်။

ချောင်ရှောင်းသည် ကြောင်အသွားမိ၏။ သူသည် မောက်မာသည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် ညံ့ဖျင်းသည့် လူတစ်ယောက် မဟုတ်ချေ။ အခြားတစ်ဖက်မှ ကြည့်ရှုမည်ဆိုလျှင် ဉာဏ်ကောင်းသည့် လူတစ်ယောက်ပင် ဖြစ်၏။

မှန်ထဲတွင် မြင်နေရသည့် သူ့ကိုယ်သူ ကြည့်ရှုပြီးနောက် မှန်သည် တကယ့်ကို ကြည်လင်ရှင်းလင်းလျက် ရှိနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သေသေချာချာ မြင်နေရ၏။ ထို့ကြောင့် ဤမှန်၏ တန်ကြေးသည် ရွှေဒင်္ဂါးသန်းချီထက် ပိုမိုကာ တန်ဖိုးကြီးမားသည့်အရာ ဖြစ်ကြောင်း လွယ်လွယ်ကူကူပင် သိရှိသွား၏။ ကောင်းကင်တာအို အဖွဲ့အစည်းသည် ရွှေဒင်္ဂါး သန်းနှင့်ချီကို ထုတ်ယူပြီး ပေးခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ဒုတိယအားဖြင့် ကျုပ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ သွားရာတွေ ဘယ်လိုဖြစ်တာလဲဆိုတာ ခင်ဗျား သိချင်တယ် မဟုတ်လား။ ပြီးတော့ ကျုပ်ရဲ့ ဟောဒီနေရာမှာ နီရဲပြီး ရောင်ကိုင်းနေတာပဲ”

ရှမ့်လန်သည် ဘောင်းဘီကို ချွတ်ကာ လှန်ပြလိုက်၏။

“သိလား။ ဒါ ကျုပ် တစ်ညလုံးလုံး တစ်စုံတစ်ယောက်နဲ့ အိပ်ခဲ့ရတာကြောင့်ပဲ။ ဘယ်သူလဲဆိုတော့ ခင်ဗျားရဲ့ အစ်မ ... ချောင်ယောင်းအာပဲ။ သူမက ကျုပ်နဲ့အတူ လေးနာရီတိတိ အိပ်ခဲ့တယ်။ ကျုပ်ကို သေချင်လောက်တဲ့အထိ သူ လုပ်ခဲ့တာပဲ။ ပြီးတော့ ချောင်ယောင်းအာကို ကုသပေးခဲ့တဲ့ အမျိုးသမီး သမားတော်ဆိုတာက ကျုပ်ပဲ”

ဤသတင်းသည် တကယ့်ကို တုန်လှုပ်စေခဲ့၏။ ချောင်ရှောင်းသည် မည်သို့မှ မယုံကြည်နိုင်စွာဖြင့် ခံစားနေမိ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးကြိုးပစ်ခံရသကဲ့သို့ပင်။

“ကျုပ်က တကယ့်ကို ထူးချွန်တဲ့လူတစ်ယောက် မဟုတ်လား။ မြန်မြန်လေး ကျုပ်ကို ချီးကျူးစမ်းပါအုံး။ ချီးကျူးလိုက်စမ်းပါအုံး”

ရှမ့်လန်က ပြောလိုက်သည်။ “ချောင်ရှောင်း... ချောင်ယောင်းအာနှင့် ပတ်သက်ပြီး လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက သွားရည်ကြိတ်ယိုနေတာ မဟုတ်လား။ ဒါပေမဲ့ လက်ချောင်းလေး တစ်ချောင်းကိုတောင် ထိခွင့်မရခဲ့ဘူး။ ဒါပေမဲ့ ကျုပ်ကတော့ သူမနဲ့ အိပ်ခဲ့ရပြီ။ ဆယ်ကြိမ်တောင် မကဘူးနဲ့ တူတယ်။ တကယ့်ကို ကောင်းတယ်။

ပြီးတော့ ချောင်ရှောင်း... ခင်ဗျား သိလား။ ချောင်ယောင်းအာက အဲဒီညက ခင်ဗျားရဲ့ ဆေးကြောင့် အချစ်ဆိပ်တွေ တက်ခဲ့တာလေ။ သူ အရမ်းကြမ်းခဲ့တာပေါ့။ ခင်ဗျားကြောင့် ကျုပ် ဒီလို အဆင်ပြေခဲ့တာပဲ။ ဆိုးတာက ဒီဆေးတွေခတ်ပြီး ကောင်းကျိုးရှိတဲ့လူက ခင်ဗျား မဟုတ်ဘဲ ကျုပ် ဖြစ်သွားခဲ့တယ်”

ချောင်ရှောင်းသည် ရုတ်တရက် ပြိုလဲလုမတတ် ဖြစ်နေ၏။ သူသည် မိုက်ကနဲပင် ခံစားလိုက်မိ၏။ “ရှမ့်လန်... ငါ မင်းကို သတ်ပစ်မယ်။ ငါ မင်းကို သတ်ပစ်မယ်”

ချောင်ယောင်းအာ.. သူ နေ့နေ့ညည တမ်းတလျက် ရှိနေသည့် ချောင်ယောင်းအာ။ ဤချောင်ယောင်းအာသည် တကယ်ပဲ ဤ လူရှုပ်လူပွေ ရှမ့်လန်နှင့် အိပ်ခဲ့လေသလား။

“အား အား”

“တော်စမ်း … မအော်နဲ့အုံး”

ရှမ့်လန်က အော်ဟစ်လိုက်၏။ “ပြီးတော့ တတိယအချက် ... ကျုပ် ဘာလို့ ချောင်ယောင်းအာကို ကယ်တင်ခဲ့တယ် ဆိုတဲ့အကြောင်း ခင်ဗျား စိတ်ဝင်စားလား။ သိချင်လား။ ဘာကြောင့်လဲဆိုတော့ တကယ့်ကို ကြီးမားတဲ့ ကိစ္စရပ်ကြီးတစ်ခုကို ကျုပ်လုပ်ချင်လို့ပဲ။ အရေးကြီးဆုံးကတော့ ဘာကြောင့် ကျုပ် အစောကြီးတည်းက ခင်ဗျားကို မသတ်ဘဲနဲ့ ချန်ထားပေးခဲ့တာလဲ သိလား။

ပြောရမယ်ဆိုရင် ဒီလောကကြီးတစ်ခုလုံးမှာ ကျုပ်ကို ရန်ပြုခဲ့တဲ့လူတွေ အကုန်လုံး သေဆုံးသွားခဲ့ကြပြီ။ ဒီလူတွေ ကြားထဲမှာ ခင်ဗျားတစ်ယောက်ပဲ ကျန်ခဲ့တယ်။ ခင်ဗျားက လူသားမဆန်ဆုံး၊ အဆိုးရွားဆုံးပဲ။ ဒါပေမဲ့ ကျုပ် မသတ်ခဲ့ဘူး။ ကျုပ် ခင်ဗျားကို တစ်ချက်ကလေးမှ ဒုက္ခမပေးခဲ့ဘူး။ ခင်ဗျားက ကျုပ် ခင်ဗျားဘောကို မနေတယ်လို့တောင် ထင်နေတယ် မဟုတ်လား။

သခင်လေး ချောင်ရှောင်း.. ခင်ဗျားက တကယ်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်သူပဲ။ ကျုပ်လို အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်က ခင်ဗျားကို ဖားယားပြီး ပြောဆိုနေရတာမျိုး နှစ်နှစ်သက်သက် ခံယူချင်တယ် မဟုတ်လား။ တကယ်တော့ မဟုတ်ဘူး”

ချောင်ရှောင်းက ချက်ချင်းပဲ ထအော်လိုက်သည်။ “ရှမ့်လန်... မင်း ဘာလုပ်ချင်တာလဲ။ မင်း ဘာလုပ်ချင်တာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် ဝမ်ကျားကျွန်းတစ်ခုလုံးကို ကြောက်ဖို့ကောင်းတဲ့ ထောင်ချောက်ကြီး တစ်ခုလို ဖန်တီးချင်တာပဲ။ ဒါကြီးက ဘယ်တော့မှ ဖောက်ထွက်လို့ မရတဲ့ ပိုက်ကွန်ကြီးတစ်ခုပဲ။ ခင်ဗျားရဲ့ အဖေ ပြီးတော့ ပင်လယ်ဓားပြပေါင်း မြောက်မြားစွာကို ဒီကိုခေါ်မှာ။ ပြီးတော့ သူတို့ အားလုံးကို ဒီနေရာမှာ သတ်ပစ်မှာပဲ။ ကျုပ် ချောင်မိသားစုတစ်ခုလုံးကို သတ်မယ်။ ပြီးတော့ နုရှောင့်မြို့ထဲမှာ ရှိနေတဲ့ ပင်လယ်ဓားပြတွေကိုလည်း သတ်မယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကျင်းမိသားစုတွေအတွက် လက်စားချေပေးတဲ့အနေနဲ့ သတ်မယ်။ နုရှောင့်မြို့ကိုလည်း ကျုပ် ယူမယ်”

ဤစကားစုကို ကြားရချိန်မှာတော့ ချောင်ရှောင်းသည် ဆံပင်များပင် ထောင်ထသွားခဲ့၏။ သူသည် သင်းကွပ်ခြင်းကို ခံထားရသည် ဆိုလျှင်တောင်မှ ထိုအရာက အရေးမကြီးတော့သလိုပင်။ ကိစ္စကြီး... သူ ကြားခဲ့ရသည့်အရာသည် တကယ့်ကို ကိစ္စကြီးတစ်ခု ဖြစ်၏။ သူ တစ်ခါမှ မကြားဖူးသည့် ကိစ္စရပ်များကို မြင်နေ၊ ကြားနေရသည်။

“အဖေ့ဆီမှာ စစ်သည်ပေါင်း သောင်းနှင့်ချီပြီး ရှိတယ်။ မင်း အနိုင်ယူနိုင်မယ် ထင်လို့လား။ မင်းပဲ သေသွားမှာပေါ့” ချောင်ရှောင်းက ထကာ အော်ဟစ်လိုက်၏။ သို့ပေမည့် သူသည် စိတ်ထဲတွင် မဝံ့မရဲ ဖြစ်လိုနေခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူ၏ ရှေ့တွင် ရှိနေသည့် ဤရှမ့်လန်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။ ကြီးမားသည့် ထောင်ချောက်ကြီးများကို ဖန်တီးနိုင်သည်။ မဟုတ်ပါက သူ ယခုလို ဖြစ်လိမ့်မည် မဟုတ်ချေ။

ချောင်ရှောင်းသည် ချက်ချင်းပဲ ဦးနှောက်ကို အလုပ်ပေးလိုက်၏။ ကျင်းချန်ကျွန်းတိုက်ပွဲမှာတည်း ရှမ့်လန်သည် ဤအစီအစဉ်ကို ကြံစည်ဆောင်ရွက်နေခြင်းဖြစ်ပေလိမ့်မည်။

‘မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ ကြည့်ရတာ မာယာမျဉ်းပြိုင်များ ရေးကတည်းက စပြီး စီစဉ်နေတာပဲ ဖြစ်လိမ့်မယ်။ လောကကြီးထဲမှာ ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့လူ ရှိလို့လား’

ချက်ချင်းပဲ ချောင်ရှောင်းက ထအော်လိုက်၏။ “ရှမ့်လန်... မင်း လူလား၊ သရဲလား”

ရှမ့်လန်က ပြောလိုက်သည်။ “အစ်ကိုကြီး ချောင်ရှောင်း... ခင်ဗျားရဲ့ စကားလုံးတွေက ဒီထက်ပိုပြီး လေးနက်ပေးလို့ မရဘူးလား။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲ”

“အင်း…”

ရှမ့်လန်သည် ဟန်ထုတ်ကာဖြင့် သက်ပြင်းချလိုက်၏။ “ဆက်ပြီးတော့ ဟန်ထုတ်နေလည်း အလကားပဲ။ ကျုပ်အတွက် ဘာတစ်ခုမှ ထူးခြားမလာတော့ဘူး”

သူ၏ လက်ကို အသာမြှောက်လိုက်သည်။

ချောင်ရှောင်းသည် ဤအရာမှာ အချက်ပြသည့်အရာ ဖြစ်ကြောင်း သိရှိ၏။ ရှမ့်လန် သူ့ကို သတ်ပစ်တော့မည် ဖြစ်ကြောင်း အချက်ပြနေခြင်းပင်။ မဟုတ်သေးပေ။ သူ သေ၍ မဖြစ်သေးချေ။ သူ သင်းကွပ်ခံထားရသည် ဆိုလျှင်တောင်မှ သေဆုံးသည်ထက်တော့ အသက်ရှင်သန်ရခြင်းက ကောင်း၏။ သူ အသက်ရှင်ချင်၏။ သူ အသက်ရှင်သန်ချင်၏။

“ရှမ့်လန်... ငါ့ကို မသတ်ပါနဲ့။ ငါ့ကို မသတ်ပါနဲ့။ ဆရာလန်... ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့။ ငါ အသုံးမဝင်ပါဘူး။ ငါ အသုံးမဝင်ပါဘူး။ ဆရာလန်... ကျေးဇူးပြုပြီး နုရှောင့်မြို့ထဲမှာ ရှိနေတဲ့ စစ်သည် တစ်သောင်းကျော်တို့ကို ဘယ်လို သတ်မလဲဆိုတာ ငါ မသိပါဘူး။ ဒါပေမဲ့ အောင်မြင်မလား၊ မအောင်မြင် နိုင်ဘူးလားလည်း ငါ မသိပါဘူး။ ငါ့ကိုတော့ မသတ်ပါနဲ့။ ငါတို့ မိသားစုရဲ့ ရတနာတိုက် ဘယ်နားမှာ ရှိတယ်ဆိုတာ ငါ သိပါတယ်။ ငါ့ကို မသတ်ပါနဲ့။ ငါ ပြောပြပါ့မယ်”

ရှမ့်လန်က ကြောင်အသွားခဲ့၏။ တစ်ဖက်လူသည် ဤမျှ လွယ်လွယ်ကူကူနှင့် အရှုံးပေးလျက်ရှိနေ၏။ လူသားများတွင်ရှိသည့် အသက်ရှင်သန်ချင်စိတ်သည် ဤမျှ အားကောင်းသည်လား။ သင်းကွပ်ခံရပြီးသည့် အချိန်တွင်တောင်မှ အသက်ရှင်သန်ရန် တောင်းဆိုလျက်ရှိနေ၏။ လည်ပင်းအောက်ပိုင်းသည် အာရုံခံစားမှုကို မရရှိတော့ဘဲ လူသေတစ်ကောင်ကဲ့သို့ပင် အိပ်ရာထဲ လှဲနေရမည့် အဖြစ်မျိုးသို့ ရောက်ရှိနေသည် ဆိုလျှင်တောင် အသက်ရှင်သန်ချင်နေသေးသည်လား။

ရှမ့်လန်က ပြောလိုက်သည်။ “အစ်ကိုကြီး ချောင်ရှောင်း... ခင်ဗျား ပြောခဲ့တာတွေက ကျိုးကြောင်း ဆီလျော်တယ်လို့ ကျုပ် ထင်တယ်။ ဒီလို လုပ်ကြရအောင်။ ကျုပ် ခင်ဗျားကို အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခု ပေးမယ်။ ခင်ဗျားသာ ဒါကို ရအောင် လုပ်ပေါ့။ ကောင်းပြီလား”

ချောင်ရှောင်းသည် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်၏။ “ကျုပ် ကျိန်းသေပေါက် ယူပါ့မယ်။ ဆရာလန်... ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါအုံး။ ကျုပ် ဆရာလန်ရဲ့ ရှေ့မှာ ခွေးလို နွားလို နေရလည်း နေပါရစေ”

ရှမ့်လန်သည် အမွှေးတိုင်တစ်တိုင်ကို အသာမီးညှိလိုက်၏။ ပြီးနောက် မြေပြင်ပေါ်တွင် စိုက်ချလိုက်၏။ အပြင်ဘက်ဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ “အပြင်ဘက် တံခါးအပြင်ကို ကြည့်လိုက်”

ဘယ်ဘက်ခြမ်းတွင် ရှိနေသည့် တံခါးက ပွင့်သွားခဲ့၏။ အပြင်ဘက် တံခါး၏ ရှေ့ မီတာ ၁၀၀ တွင် မိန်းမ တစ်ယောက်က ရပ်တန့်လျက်ရှိနေ၏။ အလွန်လည်း လှပ၏။

ရှမ့်လန်က ပြောလိုက်သည် “အစ်ကို ချောင်ရှောင်း... အဲဒီ မိန်းကလေးကို မြင်လား”

ချောင်ရှောင်းက ခေါင်းညိတ်လိုက်၏။ “ဆရာလန်... ကျုပ် မြင်ပါတယ်။ ကျုပ် မြင်ပါတယ်”

ရှမ့်လန်က မေးလိုက်သည်။ “ဒါ ဘယ်သူလဲ”

ချောင်ရှောင်းက ပြောလိုက်၏။ “ကျင်းကျန်နန်ပါ”

ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ကျင်းကျန်နန်ပဲ။ ခင်ဗျား နေ့နေ့ညည တောင်းဆိုနေတဲ့ ကျင်းကျန်နန်ပဲ။ လွန်ခဲ့တဲ့ ညတုန်းကတောင် သူနဲ့ အိပ်ချင်တယ်လို့ ခင်ဗျား ပြောသေးတယ် မဟုတ်လား။ အခု ခင်ဗျားအတွက် ကျုပ် သူ့ကို ရှာပေးခဲ့ပြီ။ ပြော... အဆင်ပြေတယ် မဟုတ်လား”

“ပြေပါတယ်။ ပြေပါတယ်”

ချောင်ရှောင်းက ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် ဆရာလန်”

ရှမ့်လန်က ပြောလိုက်သည်။ “သူ့ရဲ့ ရှေ့ကို ရောက်အောင် သွား။ ပြီးတော့ သူ့ခြေထောက်ကို သွားနမ်းလိုက်။ ဒီအလုပ်ကို ခင်ဗျား အမွှေးတိုင် တစ်တိုင်ထွန်းစာအတွင်း လုပ်နိုင်မယ်ဆိုရင် ကျုပ် ခင်ဗျားကို မသတ်ဘူး”

ချောင်ရှောင်းသည် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်၏။ “ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်”

ပြီးသည့်နောက် သူသည် ကျင်းကျန်နန်၏ ရှေ့ဆီသို့ တွားသွားကာ သွား၏။ မီတာ ၁၀၀ အကွာဝေးတွင် ရှိနေ၏။ မီတာ ၁၀၀ အကွာဝေးအား အမွှေးတိုင်တစ်တိုင်ထွန်းစာအတွင်း သွားဖို့ဆိုသည်မှာ လွယ်ကူ၏။ သို့ပေမည့် သူ ရုတ်တရက် သတိရလိုက်၏။ သူ၏ လက်နှင့် ခြေထောက်များသည် လှုပ်ရှား၍ မရနိုင်ချေ။ သူ မည်ကဲ့သို့ တွားသွားကာ သွားရမည်နည်း။

“ဆရာလန်... ကျုပ် ခြေနဲ့ လက်တွေက လှုပ်ရှားလို့ မရဘူး။ ကျုပ် အဲဒီကို သွားလို့ မရဘူး” ချောင်ရှောင်းက ပြောလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားမှာ သွားတွေ ရှိသေးတယ် မဟုတ်လား။ ခင်ဗျားရဲ့ သွားတွေနဲ့ ချိတ်ပြီးတော့ သွားပေါ့ဗျာ”

ချောင်ရှောင်းသည် ရုတ်တရက် ဒေါသထွက်သွား၏။ သွားနှင့် မည်ကဲ့သို့ ချိတ်ကာ သွားရမည်နည်း။ သို့ပေမည့် သူသည် ဒေါသထွက်ဖို့ မရဲချေ။ သူ၏အသက်သည် ရှမ့်လန်၏ လက်ထဲတွင် ရှိနေ၏။ ထို့ကြောင့် ရှမ့်လန် ပြောသည်ကို စောင့်ရပေလိမ့်မည်။ “ရှမ့်လန်... မင်း ... မင်း အခုလုပ်ချင်တိုင်း လုပ်ထားအုံးပေါ့ကွာ”

ပြီးနောက် ရှမ့်လန်၏ လောကအပေါ် ကြည့်ရှုသည့်အမြင်သည် ပြောင်းလဲသွားခဲ့၏။ ချောင်ရှောင်းသည် ထိုအရာကို တကယ်ပင် ပြုလုပ်လျက် ရှိနေ၏။ မယုံကြည်နိုင်ဖွယ်ရာပင်။

တကယ်ပင် ချောင်ရှောင်းသည် သူ၏ သွားများကို အသုံးပြု၍ ရှေ့ဆီသို့ လှမ်းတက်လျက်ရှိနေ၏။ ရှေ့တွင် ရှိနေသည့် ကျောက်တုံး၊ ကျောက်ခဲများကို သွားဖြင့် လှမ်းကိုက်ပြီးသည့်နောက် ခန္ဓာကိုယ်ကို ရှေ့ဆီသို့ သွားအောင် ပြုလုပ်နေ၏။

ရှမ့်လန်သည် ကြက်သီးမွေးညှင်းများပင် ထသွား၏။ တကယ်လည်း ချီးကျူးမိ၏။ လူသားတစ်ယောက်၏ အသက်ရှင်သန်ချင်သည့်စိတ်ဆန္ဒသည် ဤမျှ အားကောင်းသည်လား။

‘ချောင်ရှောင်း၊ ခင်ဗျားက တကယ့်ကို အံ့အားသင့်စရာပဲ’

သို့နှင့် ချောင်ရှောင်းသည် သူ၏သွားကို အသုံးပြုပြီး ရှေ့ဆီသို့ တစ်လှမ်းချင်း သွားလျက်ရှိနေ၏။ ကျင်းကျန်နန် နှင့် မီတာ ၁၀၀ အဝေးသာလျှင် ရှိ၏။ သို့ပေမည့် မီတာ တစ်ခုချင်းစီတိုင်းသည် သွေးများ မြေသို့ ခလျက် ရှိနေ၏။ သူ့အတွက် ငရဲခန်းဆီသို့ လှမ်းလျှောက်ရသည်ထက်ပင် ခက်ခဲလျက်ရှိနေ၏။ အဆုံးမဲ့သော အရှက်ကွဲခြင်းတရားများကိုလည်း ခံစားနေ၏။

All Chapters