← Chapters

အပိုင်း (၂၂၂)

Vol. 16 Ch. 222

အပိုင်း (၂၂၂)

Vol. 16 Ch. 222

ကျင်းဟိုင်မြို့စားကြီးက ထပ်ပြောလိုက်သည်။ “ကျုပ်တို့ ဝမ်ကျားကျွန်းကို သိမ်းပိုက်ပြီး ရွှမ်ဝူမြို့စားအိမ်တော်ရဲ့ စစ်တပ်အားလုံးကို အမြစ်ပြတ်ချေမှုန်းမယ်၊ ကျင်းကျိုးတို့ လင်မယား၊ ရှမ့်လန်တို့ လင်မယားကို လုံးဝ သတ်ဖြတ်ပစ်မယ်။ ကျင်းမူကုန်း တစ်ဦးတည်းကိုသာ ချန်ထားခဲ့မယ်။ သူက ကျင်းမိသားစုကို ကိုယ်စားပြုနိုင် သေးတယ်”

ကျောင်းရန်သည် တုံ့ဆိုင်းကာဖြင့် စကားမဆိုချေ။

ကျင်းဟိုင်မြို့စားကြီးက ပြောလိုက်၏။ “အဲအချိန်ရောက်ရင် ကျင်းမူကုန်းက ရွှမ်ဝူမြို့စားအသစ် ဖြစ်လာမယ်။ သူ့ကို လက်ထပ်ပေးမယ်။ ပြီးရင် ကျုပ်တို့ ပေါ်ပေါ်ထင်ထင်ပဲ ကျင်းချန်ကျွန်းနဲ့ ဝမ်ကျားကျွန်းကို သူ့လက်ထဲ ပြန်အပ်မယ်။ ဒါကြောင့် ဒီကျွန်းနှစ်ကျွန်းက အမည်အားဖြင့် ရွှမ်ဝူမြို့စားအိမ်တော်ရဲ့ လက်အောက်မှာပဲ ရှိနေလိမ့်မယ်”

ကျောက်ယန်က မေးလိုက်သည်။ “မင်းက သမီးကို ကျင်းမူကုန်းနဲ့ လက်ထပ်ပေးပြီး သားကို ချောင်ယောင်းအာနဲ့ လက်ထပ်စေချင်တယ်။ ဒီလိုဆိုရင် ကျင်းမူကုန်းက ရုပ်သေးဖြစ်လာပြီး ရွှမ်ဝူမြို့စား အိမ်တော်တစ်ခုလုံး မင်းတို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ပစ္စည်း ဖြစ်လာမှာပေါ့ ဟုတ်လား”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် ဦးညွှတ်ကာ ပြောလိုက်၏။ “ကျုပ်က အမြဲတမ်း အိမ်ရှေ့စံရဲ့ အဖွဲ့သားပါ။ ချောင်ထျန်းဝေကလည်း အိမ်ရှေ့စံကို အလွန်လေးစားပါတယ်။ တတိယမင်းသားမှာ အနောက်နယ်စားနဲ့ ချင်းကန်မြို့စား ရှိတယ်။ ကျုပ်သူတို့ကို ကြည့်မရပါဘူး။ ကျုပ်က အိမ်ရှေ့စံကိုပဲ အမြဲသစ္စာခံမှာပါ”

ဤသည်မှာ သစ္စာခံခြင်းဖြစ်သည်။ အကယ်၍ အိမ်ရှေ့စံမင်းသားက ဤကိစ္စကို လက်ခံလျှင် ထီးနန်းလုပွဲကြီးတွင် ချောင်ထျန်းဝေနှင့် ကျင်းဟိုင်မြို့စားကြီးသည် အိမ်ရှေ့စံဘက်တွင် ရပ်တည်ကြမှာဖြစ်သည်။

ကျောင်းရန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “မင်းတို့ စစ်သည် ဘယ်လောက် စေလွှတ်ဖို့ စီစဉ်ထားလဲ”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “၃၀,၀၀၀ လောက် ဖြစ်မယ်။ ရွှမ်ဝူမြို့စားအိမ်တော်ထက် ဆယ်ဆလောက် များပါတယ်”

ကျောင်းရန်က ပြောလိုက်သည်။ “မင်း စောစောက ဝမ်ကျားကျွန်းမှာ ရွှေလက်ကျန် ဘယ်လောက်ရှိတယ်လို့ ပြောခဲ့လဲ”

ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ဖြေလိုက်၏။ “ပိဿာချိန် ၅၀,၀၀၀ ပါ”

ကျောင်းရန်က ပြောလိုက်သည်။ “ပြီးရင် ပိဿာချိန် ၃၀,၀၀၀ ယူလာခဲ့”

ထန်လွမ်သည် စိတ်ထဲတွင် တစ်ချက် အံ့အားသင့်သွားသော်လည်း မျက်နှာပေါ်တွင် မည်သည့်အရိပ်အယောင်မှ မပြဝံ့ဘဲ ဦးညွှတ်ကာ ပြောလိုက်၏။ “ဟုတ်ကဲ့ပါ”

ပြီးနောက် ထန်လွမ်က မေးလိုက်သည်။ “ပြီးတော့ ကျင်းမူလန်ကရော သေရမှာလား၊ ရှင်ရမှာလား”

ကျောင်းရန်က ပြောလိုက်၏။ “သဘာဝကျစွာပဲ ရှင်ရမှာပေါ့။ အိမ်ရှေ့စံမင်းသား လိုချင်တဲ့ အမျိုးသမီးကို ကျုပ်တို့ သတ်လို့ဘယ်ဖြစ်မလဲ။”

“ဒါပေမဲ့ သူမ အိမ်ရှေ့စံမင်းသားကို ဘာမှလုပ်မရအောင် သူမရဲ့ သွေးကြောတွေကို ဖျက်ဆီးပစ်၊ လက်နှစ်ဖက် ခြေထောက်နှစ်ဖက်ရဲ့ သွေးကြောတွေကို ဆွဲဖြတ်ထား။ လမ်းလျှောက်နိုင်၊ ဒူးထောက်နိုင်၊ လှဲလျောင်းနိုင်၊ ထူးနိုင်၊ ခေါ်နိုင်ရင် ရပြီ”

“ဟုတ်ကဲ့ပါ” ထန်လွမ်သည် ဦးညွှတ်ကာ ပြောလိုက်၏။ ဤကိစ္စသည် စီစဉ်ပြီးစီးသွားသည်။ လွယ်ကူသကဲ့သို့ ထင်ရပြီး အရေးကြီးသော ကိစ္စရပ်များကို ညှိနှိုင်းနေသကဲ့သို့ မထင်ရချေ။ အမှန်တကယ်တွင် အိမ်ရှေ့စံသည် ကျောင်းရန်ကို စေလွှတ်ခဲ့တည်းက စိတ်ထဲတွင် သဘောတူပြီးဖြစ်ကာ ဤကိစ္စသည် ပြီးမြောက်သွားပြီဖြစ်၏။ ထပ်မံတွေ့ဆုံဆွေးနွေးခြင်းသည် ကြားဖြတ်ဇာတ်လမ်းတစ်ခုသာ ဖြစ်သည်။

ခေတ်သစ်ကမ္ဘာ၏ နိုင်ငံများတွင်လည်း ထိုအတိုင်းပင်။ နှစ်ဖက်စလုံးသည် စည်းကမ်းချက်အားလုံးကို သင့်လျော်စွာ ဆွေးနွေးပြီးဖြစ်ပြီး နှစ်ဖက်ခေါင်းဆောင်များက လက်မှတ်ရေးထိုးရန် ရောက်ရှိလာခြင်းသာ ဖြစ်သည်။ မဟုတ်လျှင် ဤအရေးကြီးသော ကိစ္စရပ်များကို ၁ရက်၊ ၂ ရက်အတွင်း မည်သို့ ဆွေးနွေးနိုင်မည်နည်း။

“လက်အောက်ခံ ခွင့်ပန်ပါတယ်။ ချောင်ထျန်းဝေကို ဒီ ကြီးမားတဲ့ သတင်းကောင်းကို ပြောပြဖို့ပါ” ထန်လွမ်က ပြောလိုက်၏။

ကျောင်းရန်က အမိန့်ပေးလိုက်သည်။ “ဆုံးဖြတ်ပြီးပြီ၊ အမြန်ဆုံး စတင်ပါ၊ ပိုမြန်လေ ပိုကောင်းလေပဲ”

“ဟုတ်ကဲ့ပါ။ ကျုပ်နဲ့ ချောင်ထျန်းဝေ တွေ့ဆုံပြီးရင် ချက်ချင်းအိမ်ပြန်ပြီး စစ်သည် စုရုံးမယ်။ စစ်ပွဲအတွက် ပြင်ဆင်ပါ့မယ်”

သို့နှင့် ထန်လွမ်သည် နောက်ဆုတ်ထွက်ခွာသွားပြီး ကျောင်းရန် မမြင်နိုင်သော နေရာသို့ရောက်မှ လှည့်ထွက်သွား၏။

ကျောင်းရန်က ပျင်းရိစွာ ပြောလိုက်သည်။ “လူလွှတ်.. ငါ့ ဖိတ်စာကို ယူပြီး ရွှမ်ဝူမြို့စားအိမ်တော်ကို သွား၊ ကျင်းမူလန်ကို ငါနဲ့တွေ့ခိုင်းလိုက်”

“ဟုတ်ကဲ့ပါ” မိန်းမစိုးသည် ဖိတ်စာကို လက်ခံပြီး အလျင်အမြန် ထွက်ခွာသွား၏။

ကျောင်းရန်၏ လှပသည့် မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။ ‘ဆရာတူညီမလေး မူလန်.. အချိန်တန်တော့လည်း ပြန်တွေ့ရတာပေါ့။’

သူတို့သည် ကျုံးချူးကဲ့၏ လက်အောက်တွင် အတူတူ သိုင်းပညာကို သင်ကြားခဲ့ကြ၏။ သို့ပေမည့် အဆုံးသတ် မှာတော့ သူတို့၏မိသားစုသည် အလှည့်အပြောင်းများခဲ့ပြီး လောက၏ အောက်ခြေဆီသို့ ထိုးကျခဲ့သည်။ တော်ဝင်မိန်းကလေးဖြစ်သော သူသည် ရုတ်တရက် အိမ်ရှေ့စံမင်းသားကို ခစားရသည့် လူမျိုး ဖြစ်လာခဲ့သည်။

ယခု ရွှမ်ဝူအိမ်တော်တစ်ခုလုံး ဖျက်ဆီးခံရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီ။ သို့ပေမည့် သူ ကျောင်းရန်သည် ပိုမိုကာ အဆင့်မြင့်မားသည့် တည်နေရာဆီသို့ ရောက်ရှိလာခဲ့၏။ ကံကြမ္မာသည် သူ့ကို မျက်နှာသာပေးခဲ့ခြင်းပင်။ ကျောင်းရန်သည် သူမ၏လှပလွန်းသည့် အဖြူရောင်လက်လေးကို အသာဆန့်တန်းကာဖြင့် ကျင်းမူလန်ကို ဖြှစ်ညှစ်သလို အားစိုက်ပြုမူလိုက်မိ၏။

..............

နုရှောင့်မြို့

ပင်လယ်ဓားပြဘုရင် ချောင်ထျန်းဝေသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။ သူ ဤကဲ့သို့ မခံစားခဲ့ရသည်မှာ နှစ်မည်မျှကြာပြီနည်း။ လူတစ်ယောက်သည် ဆက်တိုက် အနိုင်ရရှိခြင်းကို ခံစားပြီးသည့် အချိန်တွင် အောင်မြင်မှုနှင့် ပတ်သတ်၍ ထုံထိုင်းနုံအသွားခဲ့ပြီဖြစ်လေ၏။ သာမန်အောင်ပွဲမျိုးသည် သူ့အနေနှင့် အောင်ပွဲခံရန်ပင် သင့်တော်သည့်အရာမျိုး မဟုတ်ခဲ့ချေ။

လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်လုံးလုံး သူသည် အောင်မြင်မှုများစွာကို ရရှိခဲ့၏။ သူသည် ကျင်းယု မြို့စားကြီး၏ တပ်ကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်ခဲ့၏။ ထိုအရွယ်က သူ အသက်နှစ်ဆယ်သာလျှင်ရှိသေး၏။ ထိုအချိန်တည်းက ချောင်ကလန်သည် ကောင်းကင်ယံဆီသို့ မြင့်တက်သွားခြင်းဖြစ်သည်။

နုရှောင့်မြို့တစ်ခုလုံး၏ အခြေခံကိုလည်း တည်ထောင်နိုင်ခဲ့၏။ နှစ် နှစ်ဆယ်အတွင်းမှာပင် ချောင်ထျန်းဝေ သည် ပင်လယ်ပြင်တစ်ခုလုံးတွင် ပြိုင်ဘက်ကင်းသည့် လူတစ်ယောက်ဖြစ်လာခဲ့၏။ ဤကဲ့သို့ ပြိုင်ဘက်ကင်းသည်ဆိုသည့် အကြောင်းအရာအောက်တွင် အထီးကျန်ခြင်း ဆိုသည့်အရာက ပါဝင်လာခဲ့၏။

အထူးသဖြင့် ဤနှစ်ပိုင်းအတွင်းတွင် ချောင်ထျန်းဝေသည် တိုက်ခိုက်ရန် အခွင့်အရေးပင် မရခဲ့ချေ။ သူ၏လက်အောက်တွင် တပ်မှူးသုံးယောက်တည်ရှိပြီး သူ၏မွေးစားသား ချောင်ဟောင်၊ သူ၏သား ချောင်ရှောင်းနှင့် သူ၏မွေးစားသမီး ချောင်ယောင်းအာတို့ပင် ဖြစ်၏။ တစ်ယောက်ချင်းစီတိုင်းသည် သူ၏ ကိစ္စရပ်အားလုံးကို တာဝန်ယူဆောင်ရွက်ကြသည်။

အထူးသဖြင့် ချောင်ယောင်းအာပင်။ ဤအမျိုးသမီးသည် တိုက်ပွဲတိုင်းကို အနိုင်ရသည့် အမျိုးသမီးစစ်ဘုရင် တစ်ယောက်ကဲ့သို့ပင်။ ရွှဲ့ပြည်နယ်၏ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့သည် သူ့ကိုခေါ်ယူရန် စဉ်းစားလျက် ရှိနေ၏။ ထို့အပြင် နုရှောင့်မြို့၏ နယ်စားဘွဲ့ထူးပေးရန်ပင် ကမ်းလှမ်းခဲ့၏။

ချောင်ထျန်းဝေသည် အနည်းငယ်သာလျှင် စိတ်လှုပ်ရှားခဲ့၏။ သူ့၌ မြို့ရှိ၏။ ကျွန်းပေါင်းများစွာရှိ၏။ စစ်သည်ပေါင်း သောင်းချီရှိ၏။ နယ်စားကြီးဆိုသည့် ဘွဲ့တံဆိပ်သည် သူ့အတွက် ဘာလုပ်ရမည်နည်း။ ဂုဏ်သိက္ခာအရ အမည်တစ်ခုသာလျှင် ဖြစ်သည်။

ချောင်ကလန်တစ်ခုလုံး၏ အခြေခံကို နှစ်ပေါင်းရာချီ တိုးတက်အောင် ပြုလုပ်ချင်ခဲ့၏။ ချောင်ကလန်တစ်ခုလုံး နှစ်ထောင်ချီ တည်ရှိနေထိုင်သွားနိုင်မည့် အခြေအနေမျိုးကို ဖန်တီးချင် သောကြောင့်ပင်။ ယခုအခွင့်အရေးက ရောက်ရှိလာခဲ့လေပြီ ဖြစ်၏။

သူသည် ရွှေကျွမ်းကျင်သူ ဆရာကြီးကို ခေါ်ကာဖြင့် မေးမြန်းခဲ့၏။ ထိုဆရာကြီးကလည်း အလုံးစုံ အောင်မြင်နိုင်သည့် အခြေအနေတစ်ခုဟု ပြောဆိုခဲ့၏။ ဤရွှေကြောကြီးကို ရရှိသည်ဆိုပါက တမဟုတ်ချင်း လူသားစစ်စစ်မှသည် နတ်ဘုံနတ်နန်းဆီမှ နတ်သားတစ်ပါးအဖြစ်သို့ ပြောင်းလဲရောက်ရှိသွားသကဲ့သို့ပင် ခံစားရပေလိမ့်မည်။

နှစ်သစ်က ရောက်ရှိလုနီးပါးဖြစ်နေ၏။ ချောင်ထျန်းဝေသည် ပြတင်းပေါက် အပြင်ဘက်တွင် မတ်တပ်ရပ်ပြီး အရှေ့ဘက်အရပ်တွင် ရှိနေသည့် ဝမ်ကျားကျွန်းဆီသို့ လှမ်းမျှော်ကာကြည့်ရှုလိုက်၏။ အရင်ဆုံး နှစ်သစ်ကို ခံစားရပေလိမ့်မည်။ ပြီးနောက် စစ်တပ်ကြီးကို စုစည်းပြီး တစ်ခါတည်း သွားရောက်ကာ သတ်ဖြတ်ပစ်ရမည်။

ထိုအချိန်မှာတော့ ချောင်ယောင်းအာ၏ ရဲတိုက်ကြီးသည် နှစ်သစ်အတွက် ပွဲပြင်ဆင်မှုများနှင့်ပြုလုပ်နေခဲ့၏။ ဟုတ်ပေ၏။ အမျိုးသမီး တစ်ရာကျော်တို့သည် ပျော်ပွဲရွှင်ပွဲ ပြုလုပ်နေကြခြင်းဖြစ်၏။ ချောင်ယောင်းအာသည် ထိုကဲ့သို့ ပျော်ပွဲရွှင်ပွဲမျိုးကို တစ်ချက်ကလေးမှပင် ဂရုမစိုက်ချေ။ သူမအတွက် နေ့စဉ်နေ့တိုင်းသည် တူညီစွာပင် ဖြစ်၏။

လုရီ သေဆုံးသွားပြီးနောက် ရှစ်ချင်းချင်းက သူမနောက်သို့ လိုက်ခဲ့၏။ သို့ပေမည့် သူမသည် ချောင်ယောင်းအာ၏ သီးသန့်အစေခံ မဖြစ်ခဲ့ချေ။ သူမ၏ အယုံကြည်ရဆုံး စစ်သည်များထဲမှ တစ်ယောက်က သူမ၏ ကိစ္စရပ် အားလုံးကိုတာဝန်ယူသည်။

“သခင်မလေး... အနောက်အရပ်သို့ ခရီးသွားခြင်းကို ဆက်ပြီး နားမထောင်ချင်တော့ဘူးဆိုတာ သေချာလား” ရှစ်ချင်းချင်းက မေးမြန်းလိုက်၏။

ချောင်ယောင်းအာသည် ခေါင်းကို ခါယမ်းကာပြောလိုက်သည်။ “အင်း... နားမထောင်ချင်တော့ဘူး”

ဤစာအုပ်သည် ရှမ့်လန်ရေးထားသည့် ဇာတ်လမ်းဖြစ်ကြောင်း သိရှိပြီးသည့်နောက် သူမ နားမထောင်ချင်တော့ချေ။ ပြတင်းပေါက်တွင် မတ်တပ်ရပ်ပြီး ပင်လယ်ပြင်ကို လှမ်းကာကြည့်ရှုနေမိ၏။ သူမသည် ဦးနှောက်အသုံးပြုရခြင်းကို မနှစ်သက်ချေ။ သို့ပေမည့် ဤနေရာတွင် ဘာမှန်းမသိသည့် အငွေ့အသက်များကို ခံစားနေရ၏။ သူမ၏ အလိုလိုသိစိတ်မှ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သူမ၏နားထဲတွင် အန္တရာယ်၏ အငွေ့အသက် ခေါင်းလောင်းသံက ထွက်ပေါ်နေခဲ့၏။

ထိုအတူ အပြင်ဘက်တွင်လည်း ခေါင်းလောင်းသံကြီးက ထွက်ပေါ်လာခဲ့၏။ တစ်မြို့လုံး တုန်လှုပ်သွားခဲ့၏။ မီးပြတိုက်ဆီမှ ခေါင်းလောင်းသံပင်ဖြစ်၏။ ခေါင်းလောင်းသံ ထွက်ပေါ်ခြင်းမှာ သာမန်ပင်ဖြစ်၏။ သို့ပေမည့် လက်ရှိထွက်ပေါ်နေသည့် အသံမှာတော့ သတိပေးသည့် အသံမျိုးဖြစ်နေသောကြောင့်ပင်။

ရုတ်တရက် အားလုံးသောသူတို့၏ မြင်ကွင်းဆီသို့ ရွက်သင်္ဘောတစ်စင်း ပေါ်ပေါက်လာ၏။ သင်္ဘောက မကြီးလှချေ။ ဝမ်ကျားကျွန်း၏ အလံကို လွှင့်ထူထားခဲ့၏။

ထိုသင်္ဘာ ဆိပ်ကမ်းဆီသို့ ချဉ်းကပ်လာသည့် အချိန်မှာတော့ လူခေါင်းပေါင်းများစွာ ပါဝင်လျက်ရှိနေသည့် ရွက်သင်္ဘောကြီးတစ်စင်း ဖြစ်လို့နေ၏။ အားလုံးတို့သည် တုန်လှုပ်သွားခဲ့ကြသည်။

ချောင်ယောင်းအာသည် အပြင်ထွက်ကာဖြင့် စကားနားမထောင်သော ပင်လယ်ဓားပြများကို သွားရောက် သတ်ဖြတ်ခဲ့လေသည်လား။ ဤသို့ မထင်ချေ။ သူမသည် နုရှောင့်မြို့ထဲတွင်သာ နေထိုင်နေ၏။ သူမကို ပုန်ကန်ခဲ့သည့် ပင်လယ်ဓားပြများအားလုံးကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်၏။

အားလုံးသောသူတို့သည် ရွက်သင်္ဘောကြီး၏ ပဲ့တွင်ရှိနေသည့် ခေါင်းများကို ရှင်းရှင်းလင်းလင်းမြင်ရ၏။ ကြည့်ရသည်မှာ ဤခေါင်းများသည် နုရှောင့်မြို့၏ ပင်လယ်ဓားပြခေါင်းများပင် ဖြစ်၏။ ထို့အပြင် ရွက်သင်္ဘာပေါ်ရှိ လူ၏ လက်ထဲတွင် ခေါင်းတစ်ခုကို ကိုင်ဆောင်ထား၏။ အားလုံးက တုန်လှုပ်သွားခဲ့လေ၏။ ဤအရာသည် ပင်လယ်ဓားပြငယ် သခင်လေးချောင်ရှောင်း၏ဦးခေါင်း မဟုတ်ပါလား။ မည်ကဲ့သို့ သေသွားသနည်း။ မည်သူက ဤမျှ သတ္တိရှိနေသနည်း။

................

ချောင်ထျန်းဝေသည် ပြတင်းပေါက်ဘေးတွင် ထိုင်လျက်ရှိနေ၏။ သူသည် လှပလွန်းသည့် ခပ်တောင့်တောင့် မိန်းကလေးသုံးယောက်ကိုဖက်ထား၏။ ထိုသူတို့၏ ကိုယ်ပေါ်တွင် အဝတ်အစား တစ်စကလေးမှ မရှိချေ။ ကိုယ်လုံးတီးနှင့်ဖြစ်နေသည့် မိန်းကလေးငယ်တစ်ယောက်သည် မြေပေါ်တွင် ဒူးထောက်လျက် ရှိ၏။

ချောင်ထျန်းဝေသည် လက်ထဲတွင် ဓားကောက်ကိုကိုင်ဆောင်ထားပြီး ထိုမိန်းကလေး၏ ကျောဖက်တွင် အသာရေးဆွဲလျက်ရှိနေ၏။ ဤအရာသည် ဝမ်ကျားကျွန်း၏ မြေပုံပင်ဖြစ်၏။ သွေးများ တစက်စက် ကျလျက်ရှိနေပြီး မိန်းကလေးသည် နာကျင်စွာဖြင့် တုန်ယင်နေ၏။ သို့ပေမည့် အသံမထွက်ရဲချေ။ မဟုတ်ပါက သူမသည် ဆိုးဆိုးရွားရွား သေဆုံးရပေလိမ့်မည်။

တစ်ဝက်တစ်ပျက်မှာပဲ ချောင်ထျန်းဝေသည် ဆက်လက်ရေးဆွဲချင်စိတ် မပေါ်တော့ချေ။ သူသည် ဤနှစ်ပိုင်း အတွင်း မိန်းကလေးပေါင်းများစွာနှင့် အိပ်စက်ခဲ့၏။ သာမန် အလှအပများသည် သူ၏စိတ်နှလုံးကို ဆွဲဆောင်နိုင်စွမ်း မရှိတော့ချေ။

သူ၏စိတ်ထဲတွင် တွန့်ဆုတ်နှောင့်နှေးနေသည့် အရာတစ်ခုရှိ၏။ တကယ်ပဲ ကျင်းမူလန်ကို အိမ်ရှေ့စံမင်းသားဆီ ပေးရမည်လား။ သို့မဟုတ် သူမကို ထိန်းသိမ်းထားရမည်လား။ တွေးကြည့်လိုက်ရုံနှင့် ကျင်းမူလန်သည် နှစ်ပေါင်းတစ်ရာအတွင်း အလွန်လှပသည့် မိန်းကလေးတစ်ယောက်အဖြစ် လူသိများ ထင်ရှား၏။ သူမ၏ ဝင့်ထည်ပြည့်ကားလျက်ရှိနေသည့် တင်တို့သည် ကြည့်ရှု၍ ကောင်းလှ၏။

လောကကြီးထဲတွင် ကောင်းမွန်သည့်အရာမှန်သမျှကို အဘယ့်ကြောင့် နင်ကလန်က မောင်ပိုင်စီး ထားရသနည်း။ ဤအရာသည် လောက၏ မျှခြေကို ဖျက်ဆီးခြင်းသာလျှင် ဖြစ်သည်။

“ဆရာကြီး”

ထိုအချိန်မှာတော့ အပြင်ဘက်ဆီမှ အလောတကြီး ပြေးဝင်လာခဲ့သည့် ခြေသံများကို ကြားရ၏။ “ဆရာကြီး... ဆိုးရွားတဲ့ အရာတစ်ခုခုဖြစ်ပါပြီ”

ချောင်ထျန်းဝေ၏လက်က တုန်ယင်သွား၏။ ချက်ချင်းပဲ မိန်းကလေး၏ ကျောဖက်တွင် ကြီးမားသည့် အနာကြီးတစ်ခု ပေါ်လာသည်။

“ဘာဖြစ်တာလဲ” ချောင်ထျန်းဝေက ပြောလိုက်၏။

“ရှမ့်လန်က သခင်လေးကိုသတ်ခဲ့ပါတယ်။ ပြီးတော့ ပင်လယ်ဓားပြ နှစ်ထောင်ကျော်ကို သတ်ပစ်ခဲ့တယ်။ သူတို့ရဲ့ ခေါင်းတွေကိုဖြတ်ပြီး အခု ပေးပို့လိုက်တယ်”

ချောင်ထျန်းဝေသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် ချက်ချင်းငြိမ်သက်သွားခဲ့၏။ သူသည် တဝီဝီသံများကို ကြားလိုက်ရ၏။ နားထဲတွင် တခြားဘာသံမှ မကြားရတော့ချေ။ မဖြစ်နိုင်ချေ။

“ဒါအဓိပ္ပာယ် မရှိဘူး”

ရှမ့်လန်က ရူးသွပ်သွားသည်ဆိုလျှင်တောင်မှ ရွှမ်ဝူသည် ဤမျှ ရူးသွပ်လိမ့်မည် မဟုတ်ချေ။

ခွပ်

ချောင်ထျန်းဝေ၏ လက်က အနည်းငယ် အားစိုက်လိုက်၏။ သူ၏လက်ထဲတွင်ရှိနေသည့် ဓားကောက်ကြီးက ကျိုးပျက်သွားခဲ့၏။ ဤအရာသည် သတင်းမှားတစ်ခုသာလျှင်ဖြစ်မည်။ သတင်းမှား ယူဆောင်လာခဲ့သည့်လူကို သူ အရေခွံ ခွာရပေလိမ့်မည်။

နုရှောင့်မြို့၏ ဆိပ်ကမ်းမှာတော့ အားလုံးသောသူတို့က တားဆီးထားပြီး ဖြစ်၏။ ပင်လယ်ဓားပြပေါင်း တစ်ထောင်ကျော်တို့သည် တည်နေရာအနှံ့၌ စောင့်ကြပ်လျက် ရှိနေ၏။

ချောင်ထျန်းဝေသည် ရွက်သင်္ဘောပေါ်သို့ ရောက်ရှိလာခဲ့၏။ သူ၏ခြေထောက်အောက်တွင် လူနှစ်ထောင်တို့၏ ဦးခေါင်းများ တည်ရှိနေ၏။ သူ၏လက်ထဲတွင်တော့ ချောင်ရှောင်း၏ ဦးခေါင်းကို ကိုင်ဆောင်ထားခဲ့၏။ မှန်ပေ၏။ ဤအရာက သူ၏သား .... သူ၏ တစ်ဦးတည်းသောသားပင် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်တုန်းက တိုက်ပွဲတစ်ခုတွင် သူ ဒဏ်ရာရရှိခဲ့၏။ ထို့ကြောင့် သူသည် မိန်းကလေးပေါင်းများစွာနှင့် အိပ်စက်ခဲ့သည်ဆိုလျှင်တောင်မှ ကလေး ထပ်မံ မရရှိတော့ချေ။ ချောင်ရှောင်းသည် သူ့မိသားစု၏ တစ်ဦးတည်းသော ဆက်ခံသူပင်ဖြစ်၏။

ယခု ချောင်ရှောင်းက သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ချောင်ထျန်းဝေသည် သူ မသေဆုံးခင် သူ့သား သေဆုံးလိမ့်မည်ဟု တစ်ခါမှစိတ်ကူးနှင့်ပင် မတွေးတောခဲ့ဖူးချေ။ အဘယ့်ကြောင့် ဤကြောက်မက်ဖွယ်ရာ ကောင်းသည့်ကိစ္စသည် သူ၏ ရှေ့တွင် ဖြစ်ပျက်ခဲ့ရသနည်း။

ချောင်ရှောင်း၏ မျက်နှာသည် ဆိုးဝါးစုတ်ပြတ်လျက်ရှိနေပြီး ကြောက်ရွံ့နေသည့် အရိပ်အယောင်များလည်း ပေါ်ပေါက်နေ၏။ သွားတော်တော်များများက ကျိုးလျက်ရှိနေ၏။ မျက်နှာတစ်ခုလုံးသည် သွေးများဖြင့် ပြည့်နှက်လျက် ရှိနေ၏။

ကိုယ်စားလှယ်သည် ရှင်းရှင်းလင်းလင်း မြင်ခဲ့သမျှကို ပြန်လည် ပြောပြခဲ့၏။ ချောင်ရှောင်းသည် သင်းကွပ်ခြင်းကို ခံခဲ့ရပြီး လည်ပင်းရိုးကိုလည်း ရိုက်ချိုးခြင်းခံရ၏။ ပြီးနောက် သွားနှင့် မီတာတစ်ရာကျော် အကွာအဝေးကို တွားသွားကာ သွားခဲ့ရ၏။ မသတ်ပါရန် သနားစဖွယ် တောင်းပန်ခဲ့ရသည်။

အဆုံးသတ်မှာတော့ ရှမ့်လန်၏တပ်ထဲမှ အမျိုးသမီးစစ်သည်တော်တစ်ယောက်၏ ခေါင်းဖြတ် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ဆိုးဆိုးရွားရွား သေဆုံးခဲ့ခြင်းသာမကဘဲ အဆုံးမဲ့သည့် နှိပ်စက်ခြင်း၊ အရှက်ခွဲခံရခြင်းများနှင့် သေဆုံးခဲ့ခြင်းဖြစ်၏။

ကိုယ်စားလှယ်က ပြောလိုက်သည်။ “ရှမ့်လန်က ကျုပ်ကို ပြောခိုင်းခဲ့သေးတယ်။ လောလောဆယ် ဒေါသကို ထိန်းထားပါအုံးတဲ့။ သခင်လေးချောင်ရှောင်းရဲ့ သေဆုံးခြင်းက လွယ်လွယ်ကူကူနဲ့ သေဆုံးခဲ့တာ မဟုတ်ဘူးတဲ့။ အရမ်းနာကျင်ခဲ့ရတယ်တဲ့”

ချောင်ထျန်းဝေသည် မျက်လုံးကို မှိတ်လိုက်၏။ သူ၏မြင်ကွင်းတစ်ခုလုံးက မှောင်မိုက်ပြီး မူးဝေဝေပင် ခံစားနေ၏။ သူသည် ခန္ဓာကိုယ်ကို အသာလှုပ်ခါလိုက်၏။

ဝူး....

သူ၏ပါးစပ်ဆီမှ ကြုံးဝါးသံကြီးတစ်ခုက ပေါ်ပေါက်လာခဲ့၏။ သူသည် အံကိုကြိတ်ကာဖြင့် အော်ဟစ်လိုက်ခြင်းဖြစ်၏။ ထို့အပြင် ပါးစပ်ထဲမှာ သွေးများလည်း အန်ထွက်လာခဲ့သည်။

“ဘာကြောင့်လဲ။ ဘာကြောင့်လဲ.. ရှမ့်လန်က စောက်ရူးလား။ ကျင်းကျိုးကလည်း စောက်ရူးလား။ ဘာကြောင့်လဲ။ ဘာကြောင့် ငါ့သားကို သတ်ရတာလဲ”

ချောင်ထျန်းဝေ၏ ဒေါသတရားများက ထွက်ပေါ်လာခဲ့၏။ ထိုအရာသည် သွေးများအဖြစ် ပါးစပ်ထဲမှ ထပ်မံကာ အန်ထွက်လာခဲ့ပြန်၏။ “ဒါပေမယ့် ဒါအရေးမကြီးဘူး။ ဒါအရေးမကြီးသေးဘူး။ ပတ်ဝန်းကျင် ကျွန်းမှာရှိတဲ့ ပင်လယ်ဓားပြတွေ အကုန်လုံးကိုအမိန့်ပေးလိုက်။ လူတွေစုမယ်။ ပြီးတော့ တိုက်ပွဲအတွက် ပြင်ဆင်ထားကြ။

ဝမ်ကျားကျွန်းမှာ ရှိတဲ့လူတွေ အကုန်လုံးကို ငါသတ်မယ်။ တစ်ယောက် တစ်လေမှ မကျန်ခဲ့စေရဘူး။ ငါကျင်းမိသားစုမှာရှိတဲ့ ယောက်ျားတိုင်းကို အရေခွံ ခွာမယ်။ သူတို့ရဲ့အကြောကို ဆွဲထုတ်မယ်။ ငါကျင်းမိသားစုမှာရှိတဲ့ မိန်းမတိုင်းကို မုဒိမ်းကျင့်မယ်။ သူတို့ရဲ့ အသားအရေတွေ အကုန်လုံးကို လှီးဖြတ်မယ်။ ပြီးတော့ ချက်စားမယ်”

“ငါ ရှမ့်လန်ကို အစိတ်အပိုင်းတစ်ထောင်လောက်ဖြစ်အောင် ခုတ်ဖြတ်မယ်။ လောကကြီးထဲမှာ နေထိုင်ရတာ ဘယ်လောက်ထိ ဒုက္ခများတယ်ဆိုတဲ့ အကြောင်းကို သူ သိစေရမယ်။ ဒီလောကကြီးထဲကနေ ကျင်းမိသားစု ကို သုတ်သင်ပစ်မယ်။ စစ်သည်တွေအကုန် စုစည်းထား။ တိုက်ပွဲအတွက် ပြင်ဆင်ကြမယ်။ တိုက်ပွဲအတွက် ပြင်ဆင်ကြမယ်”

All Chapters