ဒါက အစေခံငှားရမ်းတာနဲ့ ဘာမှမဆိုင်ဘူး
Vol. 6 Ch. 90
ဖုန်းချိုင်ယင် တောင့်တင်းစွာရပ်နေပြီး သူ၏တံတွေးကိုပင် မမျိုချဝံ့ဖြစ်နေစဉ် ကျန်းပေရန်က အတွေးနက်ထဲသို့ ကျရောက်သွားသည်။
ကမ္ဘာလောက၏ အလိုဆန္ဒ၏ အချိန်အတော်ကြာ ပစ်မှတ်ထားခံခဲ့ရသူတစ်ဦးအနေဖြင့် ထိုသနားစရာကောင်းသော ဝိညာဉ်က သူ့တံခါးဝသို့ ထိုသို့သောမိုက်မဲသည့်လူများကို ပို့ဆောင်ပေးခြင်းနှင့် အမှန်တကယ်တွင် အသားမကျခဲ့ပေ။
များစွာစဉ်းစားပြီးနောက် သူက ရှင်းလင်းချက်တစ်ခုတည်းသာ ထုတ်နိုင်ခဲ့သည်။ ဤနေအိမ်ကို ရှာဖွေခြင်းက ကူချင်းဟွမ်းက အစပြုခဲ့ခြင်းဖြစ်ပြီး သူက နောက်ပိုင်းတွင် လိုက်လံဆောင်ရွက်ရုံသာ ဖြစ်သည်။
ထို့ကြောင့် ကမ္ဘာလောက၏ ပစ်မှတ်ထားခြင်း ယန္တရားက တစ်ဝက်တစ်ပျက်သာ အသက်ဝင်ခဲ့ခြင်းလော။
ထိုသို့တွေးရင်း ကျန်းပေရန်က ဖုန်းချိုင်ယင်ကို မေးလိုက်သည်။
"ငါတို့က အားနည်းပြီး ရွှေလက်ရုံးချီလင်ဂျိုဓားလို ရတနာတွေ သယ်ဆောင်လာတယ်လို့ မင်းထင်လို့ စိတ်လိုက်မာန်ပါ လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာလား"
မေးခွန်းနှင့် ရင်ဆိုင်ရသောအခါ ဖုန်းချိုင်ယင်၏ မျက်လုံးများက ပြူးကျယ်သွားပြီး မည်သို့တုံ့ပြန်ရမည်ကို မသိဖြစ်နေသည်။
"ပွင့်ပွင့်လင်းလင်း ပြော"
"အား"
ကြီးမားသောဖိအားအောက်တွင် ဖုန်းချိုင်ယင်က ရုတ်တရက် အော်ဟစ်လိုက်ပြီး နောက်သို့ယိုင်လဲသွားရင်း သူ၏ဝတ်ရုံများထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ဆီသို့ မြှောက်တင်လိုက်သည်။
သို့သော် ဆေးလုံးက သူ၏နှုတ်ခမ်းသို့ ရောက်သည်နှင့် သူ၏ညာလက်က ရုတ်ခြည်း တောင့်တင်းသွားပြီး သူ၏တစ်ကိုယ်လုံးက မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ပုံကျသွားသည်။
'ဆေးလုံးကို မယူနိုင်တော့ ကိုယ့်ကလီစာတွေကို ကိုယ်တိုင် ဖျက်စီးပစ်လိုက်တယ် တကယ်ပဲ ဆုံးဖြတ်ချက် ပြတ်သားပါပေတယ် ရက်စက်တဲ့လူတစ်ယောက်ပဲ'
ကျန်းပေရန်က ဆေးလုံးကို လုယူရန်သာ ရည်ရွယ်ခဲ့သော်လည်း ဖုန်းချိုင်ယင်က သေခြင်းတရားက ရှောင်လွှဲမရမှန်းသိသောအခါ အရှက်ရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရမည့်အစား သူ၏ ကိုယ်ပိုင်ကလီစာများကို ဖျက်စီးရန် ရွေးချယ်ခဲ့သည်။
မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော အဖြူရောင်ဆေးလုံးကို အနည်းငယ်နှမြောစွာ ကောက်ယူရင်း ကျန်းပေရန်က ၎င်းကို ကူချင်းဟွမ်းထံသို့ ပစ်ပေးလိုက်သည်။
"ကျောက်စိမ်းဖြူ နေနီဆေးလုံး အတွင်းအားအာနိသင်ကို အချိန်တိုအတွင်း သိသိသာသာ မြှင့်တင်ပေးတယ် ကိုယ့်အတွက်ကိုယ်သိမ်းထား ဒါမှမဟုတ် ရောင်းလိုက်"
ဆေးလုံးကို ကျွမ်းကျင်စွာ ဖမ်းယူရင်း ကူချင်းဟွမ်းက ဖုန်းချိုင်ယင်၏ သက်မဲ့ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ပြီးမှ ကျန်းပေရန်ကို အရိုအသေပြုလိုက်သည်။
"အကိုကြီး ကျွန်တော် အဲ့ဒီပွဲစားကို သွားသတ်လိုက်ရမလား"
"မလိုဘူး"
ကျန်းပေရန်က လက်ဝှေ့ယမ်းပြသည်။
"အလောင်းကို ရှင်းလင်းပြီး ပွဲစားကို အရောင်းအဝယ် ချောမွေ့စွာပြီးဆုံးသွားတယ်လို့ ပြောလိုက် သူ့ရဲ့အခကြေးငွေကို ပေးလိုက်"
ကျန်းပေရန်က ဖုန်းချိုင်ယင်က စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း သေချာသည်။
အကယ်၍သာ သူက ပွဲစားနှင့် ကြိုတင်အစီအစဉ်တစ်ခုခု ထားခဲ့လျှင် စနစ်၏သတိပေးချက်များက အချိန်အတော်ကြာကတည်းက ပေါ်လာလောက်ပြီဖြစ်သည်။
"နားလည်ပါပြီ"
လေးစားစွာ ဦးညွှတ်ရင်း ကူချင်းဟွမ်းက တန်ဖိုးရှိပစ္စည်းများအတွက် ဖုန်းချိုင်ယင်၏ အလောင်းကို စစ်ဆေးရန် လုပ်လိုက်သည်။
သူ၏သိုလှောင်လက်စွပ်ထဲမှ ကောက်ရိုးဦးထုပ်အသစ်တစ်လုံးကို ထုတ်ယူရင်း ကျန်းပေရန်က ဝိညာဉ်ကြွယ်ဝသော ပန်းခင်းဘေးတွင် ငုံ့ချလိုက်ပြီး သစ်ခွအချို့ကို ဂရုတစိုက် နုတ်ယူကာ သူယူဆောင်လာသော မိုးကြိုးဝိညာဉ်ပန်းများကို စိုက်ပျိုးလိုက်သည်။
သူအံ့ဩစွာပင် အပင်သစ်များပတ်လည်မှ မြေကြီးကို ခိုင်မာစွာ ဖိသိပ်ပြီးသည့်တိုင် မည်သည့် စနစ်အသိပေးချက်မှ မပေါ်လာခဲ့ပေ။
'ဒါဆိုရင် မိုးကြိုးဝိညာဉ်ပန်းတွေကို ဒီနေရာမှာစိုက်ပျိုးတာက စိတ်နှလုံးပြန်ဂိုဏ်းမှာလို ဒုက္ခများတဲ့ ဖြစ်စဉ်တွေကို ဆွဲဆောင်မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်လား'
တိတ်တဆိတ် ခေါင်းညိတ်ရင်း ကျန်းပေရန်က အကြေးခွံနက်အမှုန့်ကို မြေကြီးထဲသို့ ပုံမှန်အတိုင်း ဖြူးလိုက်သည်။
ခဏအကြာတွင် ကူချင်းဟွမ်းက ချဉ်းကပ်လာပြီး သိုလှောင်လက်စွပ်တစ်ကွင်းကို ကမ်းပေးသည်။
"အကိုကြီး ဒီသူခိုးဆီက တန်ဖိုးရှိပစ္စည်းအားလုံး အတွင်းမှာပါ စစ်ဆေးကြည့်ပါဦး"
လက်စွပ်ထဲသို့ ခပ်မြန်မြန်တစ်ချက်ကြည့်ပြီးနောက် ကျန်းပေရန်က စိတ်မဝင်စားစွာ ပြန်ဖြေသည်။
"အနာဂတ် အရောင်းအဝယ်တွေအတွက် သိမ်းထားလိုက် ပြီးတော့ အိမ်တော်ထိန်းတွေနဲ့ အစေခံတချို့ သွားစုဆောင်းခန့်အပ်လိုက်"
"နားလည်ပါပြီ ကျွန်တော်ချက်ချင်း စီစဉ်လိုက်ပါ့မယ်"
"သွားနှင့် ငါဒီမှာစောင့်နေမယ်"
ကူချင်းဟွမ်း ထွက်ခွာသွားသောအခါ ကျန်းပေရန်က ဤဝိညာဉ်စွမ်းအင် ကြွယ်ဝသောမြေကို မည်သို့အသုံးချရမည်ကို ဆက်လက်အစီအစဉ်ချနေသည်။
ရွှေကျောက်စိမ်းမြို့၏ ဈေးသို့ရောက်သောအခါ ကူချင်းဟွမ်းက လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ပုံပြောတာ နားထောင်နေသော ပွဲစားကို အမြန်ရှာဖွေတွေ့ရှိပြီး တိတ်ဆိတ်သောလမ်းကြားတစ်ခုသို့ ခေါ်ဆောင်သွားသည်။
"ဒီမှာ ငါ့အကိုကြီးက မင်းရဲ့ သတင်းအချက်အလက်ကို အရမ်းကျေနပ်တယ်"
ကူချင်းဟွမ်း ပစ်ပေးလိုက်သော အဝတ်အိတ်ကို လက်ခံရင်း ရှောင်ပါက အတွင်းမှငွေ၏ တောက်ပမှုကြောင့် မျက်စိကွယ်လုနီးပါး ဖြစ်သွားသည်။
"ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးကူ ခင်ဗျားကိုယုံကြည်တာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်မှန်း ကျွန်တော်သိသားပဲ"
အိတ်ကို သူ၏ဝတ်ရုံများထဲသို့ ထည့်ရင်း ရှောင်ပါက အကြိမ်ကြိမ် ဦးညွှတ်သည်။
"နောက်တစ်ခုက ငါယုံကြည်ရတဲ့ အိမ်တော်ထိန်းတွေနဲ့ အစေခံတွေလိုချင်တယ် အဆက်အသွယ် ရှိလား"
"ရှိတာပေါ့ လူမှန်နေရာမှန်ရောက်လာတာပဲ ကျွန်တော့်ကိုတစ်နာရီလောက် အချိန်ပေး ခင်ဗျား ရွေးချယ်ဖို့ ကျွန်တော်စုပေးလိုက်မယ်"
"ကောင်းပြီ စီစဉ်လိုက် ငါလက်ဖက်ရည်ဆိုင်မှာ စောင့်နေမယ်"
"ဟုတ်ကဲ့’’
ရှောင်ပါက စိတ်အားထက်သန်စွာဖြင့် ပြေးထွက်သွားသည်။
သူ၏စကားအတိုင်းပင် ရှောင်ပါက တစ်နာရီမပြည့်မီ ပြန်ရောက်လာသည်။
"သခင်လေးကူ ခင်ဗျားတောင်းဆိုတဲ့ အိမ်တော်ထိန်းတွေနဲ့ အစေခံတွေအားလုံးကို ကျွန်တော် စုဆောင်းပြီးပါပြီ အခုသွားကြည့်ကြမလား"
သူ၏လက်ဖက်ရည်ခွက်ကို ချထားရင်း ကူချင်းဟွမ်းက ခေါင်းညိတ်ပြီး ရှောင်ပါနောက်သို့ ယိုယွင်းနေသော ဂိုဒေါင်တစ်ခုသို့ လိုက်ပါသွားသည်။
တံခါးမဖွင့်မီ ရှောင်ပါက တိုးတိုးလေးပြောသည်။
"သခင်လေးကူ အတွင်းမှာ အလုပ်ကြိုးစားတဲ့အလုပ်သမားတွေ အတွေ့အကြုံရှိတဲ့အိမ်တော်ထိန်းတွေနဲ့ တကယ့် အချောလေး တချို့ရှိတယ် ဟီး ကြိုက်သလိုရွေးပါ"
ထိုသို့ပြောပြီး သူက တံခါးကိုဆွဲဖွင့်ကာ အော်လိုက်သည်။
"အားလုံး တက်တက်ကြွကြွ နေကြစမ်း မင်းတို့ရဲ့အနာဂတ်သခင် ရောက်လာပြီ လေးစားမှုပြကြ"
"သခင်လေးကို နှုတ်ဆက်ပါတယ်"
အတွင်းမှ အသံနှစ်ဆယ်ကျော်က တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
လူအုပ်ကို ခေတ္တမျှစစ်ဆေးပြီးနောက် ကူချင်းဟွမ်းက နှလုံးသားကို အရည်ပျော်စေနိုင်လောက်သော နူးညံ့သိမ်မွေ့သည့် အမျိုးသမီးငယ်တစ်ဦးရှေ့တွင် ရပ်တန့်လိုက်သည်။
ထိုအဖြစ်က အခြားအစေခံမလေးအချို့ထံမှ တိတ်ဆိတ်သော သက်ပြင်းချသံများကို ဖြစ်ပေါ်စေသည်။
'ဟင်း ဒီသောက်ကမြင်းမလေး ရွေးခံရမှာ သေချာနေတာပဲ စက်ဆုပ်စရာကောင်းလိုက်တာ ဟန်ဆောင်နေလိုက်တာများ'
'လှနေရင် အရာရှိတစ်ယောက်ယောက်ရဲ့ မယားငယ်လုပ်လေ ငါတို့အလုပ်ကို လာမလုသင့်ဘူး'
'ဟား ယောက်ျားတွေများ'
အမျိုးသမီးငယ်က ကူချင်းဟွမ်း သူမရှေ့တွင် ရပ်တန့်သွားသည်ကို မြင်သောအခါ ချက်ချင်းပင် အရိုအသေပြုလိုက်သည်။
"ဒီနှိမ့်ချတဲ့ ကျွန်မ"
သို့သော် သူမ စကားမဆုံးမီမှာပင် ကူချင်းဟွမ်းက ပြောလိုက်သည်။
"အဲ့ဒီမှာသွားရပ်"
နားမလည်စွာ မျက်တောင်ခတ်ရင်း မိန်းကလေးက သူ၏လက်ညှိုးကို လိုက်ကြည့်သည်။
"သခင်လေးဆိုလိုတာက"
"အဲ့ဒီထောင့်"
နောက်ထပ် ခဏတာရပ်တန့်ပြီးနောက် အသိတရားက ဝင်လာသည်။ ထိုအဓိပ္ပာယ်မှာ သူမရွေးချယ်ခံရခြင်း ဖြစ်ရမည်။ ပျော်ရွှင်စွာဖြင့် သူမက အကြိမ်ကြိမ် ဦးညွှတ်သည်။
"ဟုတ်ကဲ့ပါ သခင်လေး"
ထို့နောက် သတ်မှတ်ထားသောနေရာသို့ အလျင်အမြန် ပြေးသွားသည်။
ကူချင်းဟွမ်းက နောက်ထပ်လှပသော အမျိုးသမီးငယ်အချို့ကို ရွေးချယ်ပြီး သူတို့အားလုံးကို တူညီသောထောင့်သို့ ညွှန်ကြားလိုက်သည်။
ထိုအဖြစ်က ရွေးချယ်ခံရသော မိန်းကလေးများ၏ သူတို့ရွေးချယ်ခံရပြီဟူသော ယုံကြည်မှုကို ပိုမိုခိုင်မာစေပြီး တစ်ယောက်စီတိုင်းက ပြုံးရွှင်စွာဖြင့် အကြိမ်များစွာ ဦးညွှတ်နေကြသည်။
တစ်ချိန်တည်းမှာပင် ငြင်းပယ်ခံရသော အလုပ်သမားများနှင့် အစေခံမများက မတွေးဘဲမနေနိုင်တော့။
'ဒါက အစေခံငှားရမ်းတာနဲ့ ဘာမှမဆိုင်ဘူး သူက ပျော်ဖို့သက်သက်လာတာပဲ'
နောက်ဆုံး မိန်းကလေးကို ရွေးချယ်ပြီးနောက် ကူချင်းဟွမ်းက ရှောင်ပါကို ပြောလိုက်သည်။
"ငါ့အကိုကြီးကို သွားခေါ်လိုက်ဦးမယ် ဒီမှာစောင့်ကြည့်ထား"
ထိုသို့သော အသေးအဖွဲကိစ္စအတွက် သခင်လေး၏ ကိုယ်တိုင်ကိုယ်ကျ အာရုံစိုက်မှု လိုအပ်သည်ကို နားမလည်သော်လည်း ရှောင်ပါက ပုံမှန်အတိုင်း သူ၏အတွေးများကို သူ့ဘာသာသူသာ ထားရှိပြီး မျက်နှာချိုသွေးကာ ခေါင်းညိတ်သည်။
"ဟုတ်ကဲ့ပါ ကျွန်တော့်တာဝန် ထားလိုက်ပါ"
ခေါင်းညိတ်ပြီး ကူချင်းဟွမ်းက ဂိုဒေါင်မှထွက်ခွာပြီး အိမ်ခြံမြေသို့ ပြန်လာသည်။
ကျန်းပေရန်က ခြံဝင်းထဲတွင် ဝိညာဉ်အာရုံခံအစီအရင်ကို သန့်စင်နေစဉ်မှာပင် ကူချင်းဟွမ်းက ပင်မခန်းမမှ ခေါ်လိုက်သည်။
"အကိုကြီး"
သူ၏အင်းချပ်များကို သိမ်းဆည်းရင်း ကျန်းပေရန်က ဝင်လာသည်။
"ပြီးသွားပြီလား"
"ဟုတ်ကဲ့ ရွေးချယ်စရာတွေ အဆင်သင့်ဖြစ်ပါပြီ"
"ကောင်းပြီ လမ်းပြ"
စာစဉ် (၇) ပြီးပါပြီ NS Novel