← Chapters

ထုံးရွှမ်၏အထက်၊ သိုင်းပညာဒီဗိုင်းအသိအမြင်(၂)

Vol. 23 Ch. 331

ထုံးရွှမ်၏အထက်၊ သိုင်းပညာဒီဗိုင်းအသိအမြင်(၂)

Vol. 23 Ch. 331

သွားရောက်တိုက်ခိုက်သူ မည်သူမှ ပြန်လည်လွတ်မြောက်ခြင်း မရှိခဲ့ပေ။ တစ်ဝက်တစ်ပြက် ကောင်းကင်လူသား လေးယောက်သာ အစစ်အမှန် ကောင်းကင်လူသား တစ်ယောက်ကို ရင်ဆိုင်ရခြင်း မရှိပါက သူတို့အနေနှင့် မည်သူမှ လွတ်မြောက်နိုင်ခြင်း မရှိသည် ဟူသည်မှာ မဖြစ်နိုင်ပေ။

သူကိုယ်တိုင် လှုပ်ရှားမှုပြုလျှင်တောင် တစ်ဝက်တစ်ပြက် ကောင်းကင်လူသား လေးယောက်စလုံးကို သတ်ဖြတ်ရန် မဖြစ်နိုင်ပါ။ ထို့အပြင် စစ်ဘုရင်များစွာလည်း ပါဝင်သေး၏။ စစ်မှန်သည့် ကောင်းကင်လူသားတစ်ယောက်တွင်သာ ထိုမျှ ကြောက်စရာကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားပေလိမ့်မည်။

ဝတ်စုံနီနှင့်လူက ညှို့မှိုင်းစွာ ပြော၏။

"အတွင်းဘက်နယ်မြေမှာ ဘယ်လိုလုပ်ပြီး ကောင်းကင်လူသားတစ်ယောက် ရှိနေရတာလဲ။ ပြောကြတာက နတ်ဆိုးရှင်သခင်ကြီးက လင်းယွီဂိတ်တံခါးကနေ လာခဲ့တာတဲ့။ သူ့ရဲ့ စစ်မှန်တဲ့ လူယုံတစ်ယောက်အနေနဲ့ အဲ့ဒီ့လျှို့ဝှက်ချက်တွေကို မင်းက အခြားလူတွေထက် ပိုပြီးနားလည်တယ်မလား.."

နတ်ဆိုးသားတော်က တိတ်ဆိတ်သွား၏။ ဤသည်မှာ သူ၏ ငယ်စဉ်အခါက အတိတ်၏ အကြောင်းအရာတို့ ဖြစ်၏။

သူသည် တောတောင်အတွင်းသို့ သွားရောက်ကာ ဆေးပင်များကို စုဆောင်းရင်းနှင့် သွေးများဖုံးလွှမ်းနေသည့် လူတစ်ယောက် မြေပြင်ပေါ်တွင် လဲလျောင်းနေမှုကို တွေ့လိုက်ရ၏။ သေခါနီး ဖြစ်နေပါသည်။

ထိုအချိန်၌ ရှာဖွေတွေ့ရှိထားသည့် ရှားပါးသည့် စိတ်ဝိဉာဉ် ဆေးပင်တစ်ခုကို အတင်းထုချေကာ ထိုလူ၏ ပါးစပ်ထဲသို့ ညှစ်ထည့်ပေးခဲ့သည်။ ထို့နောက် မိဘများကို ခေါ်ယူပြီး ထိုလူကို ကယ်တင်ခိုင်းခဲ့၏။

ထိုအပြုအမူက သူ၏ဘဝလမ်းကြောင်းကို ပြောင်းလဲသွားစေသည်။ ထိုလူက သူ့ကို သိုင်းပညာအား သင်ကြားပေးပြီး လက်အောက်သို့ ခေါ်ယူခဲ့သည်။ နေရာတိုင်းတွင် သိုင်းသမားများကို သတ်ဖြတ်ကာ နတ်ဆိုးဂိုဏ်းကို တည်ထောင်ခဲ့၏။ နောက်ပိုင်းတွင် ထိုလူ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားပြီး သူလည်းပဲ ဒီသေးငယ်သည့် ရွာငယ်လေးဆီသို့ ပြန်လာခဲ့သည်။

"နတ်ဆိုးသားတော်... မင်း.. စစ်မှန်တဲ့ ကောင်းကင်လူသားတစ်ယောက် ဖြစ်မလာချင်ဘူးလား။ နတ်ဆိုးအရှင်သခင်ကြီးရဲ့ ရုတ်တရက် ပျောက်ကွယ်သွားမှုကို ကြည့်ရတာ လင်းယွီဂိတ်ကို ဝင်သွားတာ ဒါမှမဟုတ် သေသွားတာပဲ ဖြစ်လိမ့်မယ်။ မင်းစိတ်ထဲမှာ တစ်ခုခုလုပ်ချင်တာ မရှိဘူးလား.."

"ဒီတောင်ရွာလေးမှာပဲ သေတဲ့အချိန်ကို အမှန်တကယ် စောင့်နေတော့မှာလား.."

ဝတ်စုံနီနှင့်လူက နက်ရှိုင်းစွာ ပြော၏။

နတ်ဆိုးသားတော်က ခေါင်းမော့ကြည့်ကာ သက်ပြင်းချပြီး ပြောသည်။

"သူသာ လင်းယွီဂိတ်တံခါးကို ပြန်သွားတာဆိုရင် ငါ့ကို သူနဲ့အတူ ခေါ်သွားခဲ့မှာ။ အတွင်းဘက်နယ်မြေမှာ ကောင်းကင်လူသားတစ်ယောက် ရှိနေတယ်ဆိုကတည်းက..."

ဝတ်စုံနီနှင့်လူက ချက်ချင်းပင် နားလည်သွားသည်။ နတ်ဆိုးသားတော်၏ ဆိုလိုရင်းမှာ ချန်းလန်ကျွန်းပေါ်တွင် ကောင်းကင်လူသား တစ်ယောက်သာ အမှန်တကယ် ရှိနေပါက နတ်ဆိုးရှင်သခင်ကြီး၏ ပျောက်ကွယ်သွားမှုမှာ ထိုလူနှင့် ပတ်သက်နေသည်လား။

"ငါတို့ရဲ့ခွန်အားနဲ့ စစ်မှန်တဲ့ ကောင်းကင်လူသားတစ်ယောက်ကို ရင်ဆိုင်နိုင်စွမ်း မရှိဘူး။ အတွင်းဘက်နယ်မြေမှာ အထွတ်အထိပ် စစ်ဘုရင်တွေက သိုင်းလောကရဲ့ ထိပ်ဆုံးကို ရောက်နေပြီးပြီ။ ဘယ်သူက ဆက်လက်ပြီးတော့ အဆင့်မမြှင့်လို လို့လဲ.."

"မင်း.. မုန့်ကျွယ်က ဘယ်လိုရှေ့ဆက်ရမလဲဆိုတာကို သိခဲ့တယ်။ အဆင့်ငါး စိတ်ဝိဉာဉ်ဆေးပင် ကျောက်တုံးမြက်ရဲ့ စိတ်ဝိဉာဉ်အသိအမြင်နဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားခဲ့တယ်.."

"ဒါပေမယ့် အခြားလူတွေမှာရော စစ်ဘုရင်အဆင့်ထက် ကျော်လွန်တဲ့ အဆင့်ကို တက်ရောက်ဖို့ နည်းလမ်းတွေ ပိုင်ဆိုင်ထားရင်ရော။ သိုင်းလောကက စစ်ဘုရင်တွေ အဲ့ဒီ့အကြောင်းကို သိရင်ရော ဘယ်လိုလုပ်မယ် ထင်လဲ.."

နတ်ဆိုးသားတော်က လောင်ကျွမ်းနေသည့် အကြည့်ဖြင့် ပြော၏။ ဝတ်စုံနီနှင့်လူက အသက်ကို နက်ရှိုင်းစွာရှူသည်။

"ဒါပေမယ့် နောက်ဆုံးတော့လည်း ဒီခြေလှမ်းကို လှမ်းရတာပဲ... အဲ့ဒါအပြင် အခြားနည်းလမ်း မရှိဘူး။ အတွင်းဘက်နယ်မြေက သိုင်းလောကကိုပဲ အသုံးပြုပြီး အဲ့ဒီ့ကောင်းကင်လူသားကို ဖိအားပေးရတာပေါ့.."

"ငါလှုပ်ရှားမှု ပြုတော့မယ်။ အတွင်းဘက်နယ်မြေက အခြား တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတွေလည်း လှုပ်ရှားမှု ပြုလိမ့်မယ်။ အထူးသဖြင့် သက်တမ်းကုန်တော့မယ့် ဟိုအဘိုးကြီးတွေပေါ့.."

နတ်ဆိုးသားတော်က ခေါင်းငုံ့သွားပြီး ပန်းပုရုပ်ထုကို ဆက်လက်ထုနေ၏။ ဝတ်စုံနီနှင့်လူက ထွက်ခွာသွားသည်။

"ငါတို့တွေ နတ်ဆိုးသားတော်ကို လာရောက်ဖို့အတွက် အချိန်မရွေး စောင့်နေတယ်.."

ဝတ်စုံနီနှင့်လူ ထွက်ခွာသွားပြီးမှသာလျှင် နတ်ဆိုးသားတော်က သူ၏ ပန်းပုထုမှုကို ရပ်တန့်လိုက်၏။ သူ၏အကြည့်က နက်ရှိုင်းကာ တစ်ချိန်က စွမ်းအားအပြည့်ဖြင့် ရှိနေသည့် လူတစ်ယောက်၏ ပုံရိပ်က စိတ်ထဲတွင် ပေါ်လာခဲ့၏။ လောကကြီးကို မထိမဲ့မြင် ကြည့်နေပါသည်။

"ဦးလေးရွှယ့်လင်းရော သူတို့လက်ထဲမှာ သေခဲ့တာလား။ ဦးလေး တစ်ချိန်က ပြောခဲ့တယ်။ ဦးလေးက ကောင်းကင်လူသားတစ်ယောက်ဖြစ်ပြီး အထွတ်အထိပ် တည်ရှိမှု တစ်ခုတဲ့။ ပြီးတော့ ကျွန်တော့်ကိုလည်း လင်းယွီဂိတ်တံခါးကို ခေါ်သွားဖို့ ကတိပေးခဲ့တယ်.."

အတွေးဘက်နယ်မြေရှိ မည်သူမှ နတ်ဆိုးရှင်သခင်ကြီးအကြောင်းကို သူ့ထက် နားလည်ခြင်း မရှိပေ။

လီရွှမ်ကတော့ သူတို့၏အကြောင်းကို ဘာမှမသိပါ။

သိလျှင်လည်း ဂရုစိုက်မည်မဟုတ်ပေ။ သူ၏ လက်ရှိခွန်အားနှင့် လောကရှိ စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်များ တိုက်ခိုက်လာလျှင်တောင် ဘာအရေးနည်း။

ချန်းလန်ကျွန်းပေါ်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် လီရွှမ်က လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ရပ်နေ၏။ ကျယ်ပြောသည့် ချန်းမြစ်ကို ရှု့စားနေပါသည်။

ရွှီယန်က သူ၏နောက်တွင် လေးစားစွာ ရပ်နေ၏။ အချိန်တစ်ခုကြာအောင် သန့်စင်ပြီးနောက် သူ၏ လျှပ်တပြက်လေ ဓားဆန္ဒမှာ ပြည့်စုံလာခဲ့ပြီး ဖြစ်သည်။ ရွှီယန်၏ ဓားလမ်းစဉ်က တိုးတက်လာခဲ့ပြီး သူသည် ဓားနှလုံးသားအား ပြီးပြည့်စုံစွာ နားလည်မှုရရန် မဝေးကွာတော့ပေ။

ထို့အပြင် ထုံးရွှမ်အဆင့်အပေါ် သူ၏ နားလည်သဘောပေါက်မှုမှာလည်း ပိုမိုပိုမိုကာ နက်ရှိုင်းလာခဲ့၏။

အစောပိုင်းကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိရန် မဝေးတော့ပါ။

"ငါ့တပည့်... ထုံးရွှမ်အဆင့်ကို မင်းရောက်ပြီးနေပြီ။ ထုံးရွှမ်အဆင့်ကို ကျော်လွန်ပြီးရော ဘာအသိအမြင်တွေ ရခဲ့သေးလဲ.."

လီရွှမ်က မေး၏။

ယနေ့တွင် သူသည် ရွှီယန်ကို စတုတ္ထအဆင့်၏ သိုင်းပညာအား သင်ကြားပေးတော့မည် ဖြစ်သည်။ ထုံးရွှမ်အဆင့်၏ အထက်ရှိ သိုင်းအဆင့်ဖြစ်၏။

"ဆရာ... စစ်ဘုရင်အဆင့်ရဲ့ အထက်မှာ ကောင်းကင်လူသားအဆင့်ရှိတယ်။ ကောင်းကင်လူသားတွေက စိတ်ပိုင်းဆိုင်ရာ အသိစိတ်ကို ကျင့်ကြံကြတယ်။ ထုံးရွှမ်အဆင့်ရဲ့ အထက်မှာရော အတူတူပဲလား.."

ရွှီယန်က လေးစားစွာဖြင့် ဖြေကြား၏။

"ချီနဲ့သွေးအဆင့်၊ မူလအဆင့်နဲ့ ထုံးရွှမ်အဆင့်.. သိုင်းအဆင့်သုံးဆင့်က ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ကျင့်ကြံမှု အကြောင်းပဲ။ ခန္ဓာနဲ့ ထုံးရွှမ်ရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တယ်.."

"စတုတ္ထအဆင့် သိုင်းပညာကတော့ ခန္ဓာကိုယ်ရဲ့ အလွန်မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ကျင့်ကြံတယ်။ အဲ့ဒါက သိုင်းပညာရဲ့ ဒီဗိုင်းစိတ်ဆန္ဒပဲ.."

လီရွှမ်က လေးနက်စွာပြော၏။ ထုံးရွှမ်အဆင့်၏ အထက်ရှိ စတုတ္ထအဆင့် သိုင်းပညာအား မည်ကဲ့သို့ ကျင့်ကြံရန်နှင့် ဆက်သွယ်ရန် အကြောင်းကို မုန့်ချုံအား သတ်ဖြတ်လုမတတ် ဖြစ်ခဲ့သည့် အကြီးအကဲဝူ၏ ခန္ဓာကိုယ်မှာ ဝင်စီးခြင်းခံထားရခြင်း ဖြစ်ကြောင်းအား သိရှိကတည်းက လီရွှမ် စတင်စဉ်းစား ချင့်ချိန်ခဲ့၏။

သူသည် အသိအမြင်တစ်ခုအား ရရှိလာပြီး ၎င်းနှင့် စတုတ္ထအဆင့်၏ သိုင်းပညာလမ်းစဉ်ကို စတင် ဖန်တီးခဲ့၏။

ထင်ထားသည့် အတိုင်းပင်။ စစ်ဘုရင်အဆင့်၏ အထက်တွင် ဒီဗိုင်းဝိဉာဉ်ကို ကျင့်ကြံကြပါသည်။ ဒီဗိုင်းဝိဉာဥ်နှင့် လူများသာလျှင် အခြားလူများကို ဝင်ပူးနိုင်၏။ ယင်လုံ့စံအိမ်သခင်ပဲ ဖြစ်ဖြစ်.. မျက်နှာပြာများပဲ ဖြစ်ဖြစ် သူတို့အားလုံးမှာ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများသာ ဖြစ်ကြပြီး ဒီဗိုင်းဝိဉာဉ်ကို စုစည်းနိုင်ခြင်း မရှိကြသေးပေ။

အကြမ်းထည်နိုင်သည့် စိတ်ဝိဉာဉ်ခန္ဓာကိုသာ စုစည်းထားပြီး ပြောင်းလဲနိုင်ခြင်း မရှိသေးပါ။ ထိုသို့ဆိုလျှင်တောင် တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများကို ကြည့်ရှု့ခြင်းအားဖြင့် လီရွှမ်အနေနှင့် ကောင်းကင်လူသားများ စုစည်းထားသည့် စိတ်ဝိဉာဉ်ခန္ဓာ သို့မဟုတ် ဒီဗိုင်းဝိဉာဉ်ကို အကြမ်းဖျင်း ပုံပေါ်နိုင်မည် ဖြစ်သည်။

၎င်းသည် အပေါ်ယံဆန်ပြီး လုံလောက်စွာ သန်မာခြင်းမရှိပေ။

ဒီဗိုင်းဝိဉာဉ်၏ ကျင့်ကြံမှုမှာလည်း ခွန်အားခြားနားချက်များ ရှိနေ၏။ ထုံးရွှမ်အဆင့်သို့ ရောက်ရှိပြီးနောက် လီရွှမ်သည် သူ၏ ကျင့်ကြံမှုလားရာကို အတည်ပြုခဲ့သည်။ ဤသည်မှာ သိုင်းပညာ ဒီဗိုင်းဆန္ဒအား ကျင့်ကြံရန်ဖြစ်၏။

၎င်းသည် စစ်ဘုရင်အဆင့်၏ အထက်တွင် ဒီဗိုင်းဝိဉာဉ်အား ကျင့်ကြံသည်ကို နားလည်မှု ရလာပြီးနောက် သိရှိလာခဲ့သည့် အရေးကြီးသည့် အဆင့်ဖြစ်၏။

သူ၏ သိုင်းပညာလမ်းစဉ်အား ပိုမိုသန်မာနေစေရန် ထုံးရွှမ်အဆင့်နှင့် အပြစ်အနာအဆာ ကင်းမဲ့စွာ ဆက်သွယ်နိုင်သည့် နက်ရှိုင်းသည့် ကျင့်စဉ်တစ်ခုကို ဖန်တီးရန် တွေးတောခဲ့သည်။

တဝက်တစ်ပြက် ကောင်းကင်လူသားများစွာအား သတ်ဖြတ်ပြီးနောက် လီရွှမ်တွင် ယုံကြည်ချက်များစွာတို့ ရှိလာခဲ့၏။

"သိုင်းပညာ ဒီဗိုင်းဆန္ဒ.."

ရွှီယန်၏ နှလုံးသားက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်လာခဲ့၏။ သူသည် ပြီးပြည့်စုံစွာ အာရုံစိုက်ထားပြီး စကားလုံးတစ်လုံး လွဲ‌ချော်မည်ကိုပင် အလွန် ကြောက်ရွံ့နေပါသည်။

လီရွှမ်က လေးနက်စွာ ပြောသည်။

"အဲ့ဒီ့အဆင့်ရဲ့ ကျင့်ကြံမှုက နီဝမ်နန်းတော်ကို ဖွင့်လှစ်တာကနေ စတယ်။ ဝိဉာဉ်အခြေကို ပျိုးထောင်ပြီး ဒီဗိုင်းဆန္ဒကို စုစည်းတယ်။ အဲ့ဒါက မူလဝိဉာဉ်ရဲ့ အခြေခံကို ဖြစ်ပေါ်စေတယ်..."

သိုင်းပညာ၏ စတုတ္ထမြောက်အဆင့်မှာ ဒီဗီုင်းဆန္ဒအဆင့် ဖြစ်သည်။ ဒီဗိုင်းဆန္ဒ အဆင့်တွင် နီဝမ်နန်းတော်ကို ဖွင့်လှစ်ခြင်း၊ ဝိဉာဉ်အခြေအား ပျိုးထောင်ခြင်းနှင့် သိုင်းပညာ ဒီဗိုင်းဆန္ဒအား ဝိဉာဉ်အခြေ၏ အထက်တွင် စုစည်းခြင်းတို့ ပါဝင်သည်။

ဂရုတစိုက် စဉ်းစားချင့်ချိန်မှု အပြီးတွင် လီရွှမ်သည် ထိုသီအိုရီဆိုင်ရာ ဖွဲ့စည်းမှုတစ်ခု ရရှိလာခဲ့၏။ အစပိုင်းတွင် ဒီဗိုင်းဆန္ဒအဆင့်၌ စုစည်းသည့် သိုင်းပညာ ဒီဗိုင်းဆန္ဒအား လုံလောက်စွာ သန်မာခြင်း မရှိမည်ကို စိုးရိမ်နေခဲ့သည်။ သို့ရာတွင် တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတို့ကို တွေ့ရပြီးနောက် သူ၏ ဒီဗိုင်းဆန္ဒအဆင့်က ပိုမိုစွမ်းအားကြီးမှုအား ထိန်းသိမ်းထားနိုင်ကြောင်းကို နားလည်လိုက်၏။

လီရွှမ်က ဒီဗိုင်းဆန္ဒအဆင့်အား ဆက်လက်ရှင်းပြ၏။

"ဒီဗိုင်းဆန္ဒရဲ့ပုံစံက ကိုယ့်ကိုယ်ကိုရဲ့ အစစ်အမှန်လိုပဲ... စိတ်ဝိဉာဉ်အခြေ ပေါ်မှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို လေ့လာတယ်။ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စိတ်ဆန္ဒကို ကိုယ်ပိုင်စိတ်ဆန္ဒအဖြစ် ပြောင်းလဲတယ်။ ဒီဗိုင်းဆန္ဒအဖြစ် သန့်စင်တယ်။ အဲ့ဒါက မူလစိတ်ဝိဉာဉ်ရဲ့ အခြေခံကို ဖြစ်ပေါ်လာစေတယ်..."

သင်ကြားမှုအပြီးတွင် လီရွှမ်က နီဝမ်နန်းတော်၏ တည်နေရာအား ညွှန်ပြပြီး ပြောသည်။

"သိုင်းပညာရဲ့ စတုတ္ထအဆင့်က နီဝမ်နန်းတော်ကို ဖွင့်လှစ်ပြီး ဒီဗိုင်းအခြေကို ပျိုးထောင်ဖို့ လိုအပ်တယ်။ နီဝမ်နန်းတော်ကို မဖွင့်ဘဲနဲ့ ဝိဉာဉ်အတွက် ဘာအာရုံခံမှုမှ ရှိမှာမဟုတ်ဘူး။ ဝိဉာဉ်အခြေကိုလည်း တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ အရာအားလုံးက အလကားဖြစ်နေလိမ့်မယ်.."

"အဲ့ဒါကြောင့်မို့လို့ ပထမဆုံး ဦးစားပေးက နီဝမ်နန်းတော်ကို ဖွင့်လှစ်ပြီး ဝိဉာဉ်အခြေကို ပျိုးထောင်ဖို့ပဲ။ ပြီးရင် ဒီဗိုင်းဆန္ဒကို စုစည်းပြီး ကိုယ့်ကိုယ်ကိုရဲ့ အစစ်အမှန်ကို ပုံဖော်ရမယ်.."

"ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဆန္ဒကို ကိုယ့်ရဲ့ဆန္ဒအဖြစ် စုစည်းရမယ်။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အသွင်သဏ္ဍာန်ကို ကိုယ့်ရဲ့အသွင်သဏ္ဍာန်အဖြစ်ပြောင်းလဲရမယ်။ ကိုယ့်ရဲ့ဆန္ဒက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဆန္ဒပဲ။ ကိုယ့်ရဲ့ဖွဲ့စည်းမှုက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ဖွဲ့စည်းမှုပဲ.."

"ဒီဗိုင်းဆန္ဒသွားတဲ့ နေရာတိုင်းက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အသိအမြင်လိုပဲ ဖြစ်နေမယ်။ ဘယ်သူမှ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အသိအမြင်ကို မတွန်းလှန်နိုင်ဘူး.."

ရွှီယန်က အာရုံစိုက်စွာ နားထောင်နေ၏။ သူ၏ နှလုံးသားက မျှော်လင့်မှုတို့ဖြင့် ပြည့်နှက်နေပါသည်။

ကိုယ့်ကိုယ်ကို ရေရွတ်မိ၏။

"ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဆန္ဒက ငါ့ရဲ့စိတ်ဆန္ဒပဲ။ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့အသွင်သဏ္ဍာန်က ငါ့ရဲ့ အသွင်သဏ္ဍာန်ပဲ။ ငါ့ရဲ့ဒီဗိုင်းဆန္ဒက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ဆန္ဒလိုပဲ။ ဘယ်သူမှ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဆန္ဒကို မဆန့်ကျင်နိုင်ဘူး.."

ထိုအခိုက်အတန့်၌ သူသည် သူ၏ ဒီဗိုင်းဆန္ဒက အရာအားလုံးတို့ကို လွှမ်းခြုံသွားသည်ဟု ခံစားရ၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဆန္ဒ သက်ဆင်းလာသည့်နှယ် ခုခံနိုင်ခြင်းမရှိစွာ မြင်ယောင်လာခဲ့သည်။

ဆန့်ကျင်သည့် မည်သူမဆို ဖျက်ဆီးခံရမည် ဖြစ်၏။ တွန်းလှန်သည့် မည်သူမဆို အတွေးတစ်ချက်အတွင်း အားလုံး အပြစ်ပေးခံရမည် ဖြစ်၏။ မည်မျှ စွမ်းအားကြီးလိုက်သနည်း။

ကောင်းကင်လူသားများသည် စိတ်ဝိဉာဉ်ဖိအားကိုသာ အသုံးပြုပြီး သိုင်းသမားများ၏ အသိစိတ်ကို ဖိနှိပ့်၏။

သိုင်းပညာ ဒီဗိုင်းဆန္ဒကတော့ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဆန္ဒသဖွယ် ရှိသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဆန္ဒအား ဆန့်ကျင်သည့် မည်သူမဆို အတွေးတစ်ချက်နှင့် အပြစ်ပေးခံရမည်ဖြစ်၏။

ဒီဗိုင်းဆန္ဒအောက်တွင် လူသားအားလုံးသည် ပုရွဲဆိတ်ကဲ့သို့ အားနည်းလှသည်။

ရွှီယန်က အံ့သြသွားသည်။ သူသည် ထုံးရွှမ်အဆင့်အား ပြီးပြည့်စုံစွာ နားလည်သဘောပေါက်ပြီး ဖြစ်လျှင်တောင် ဒီဗိုင်းဆန္ဒအဆင့် သိုင်းသမားတစ်ယောက်နှင့် တိုက်ခိုက်ပါက ခုခံနိုင်ရန်မှာ မဖြစ်နိုင်လုနီးပါး ခက်ခဲနေကြောင်းကို နားလည်လာခဲ့သည်။

သူ၏ဓားဆန္ဒသာ သိုင်းပညာ ဒီဗိုင်းဆန္ဒအား ရင်ဆိုင်နိုင်ရန်အတွက် လုံလောက်အောင် စွမ်းအားကြီးမားခြင်း မရှိပါက အချည်းနှီး ဖြစ်နေမှာ ဖြစ်၏။

သို့ရာတွင် ရန်သူလည်းပဲ ဓားဆန္ဒကို နားလည်သဘောပေါက်ထားရင်ရော။ ဒီဗိုင်းဆန္ဒအဆင့်ရှိ သိုင်းသမားတစ်ယောက် ထိန်းချုပ်သည့် ဓားဆန္ဒသည် မည်မျှ စွမ်းအားကြီးမားလိုက်မည်နည်း။

ဒီဗိုင်းဆန္ဒအဆင့်မှာ အရေးကြီးသည့် ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်းကို ရွှီယန် နားလည်လိုက်သည်။ ထို့ကြောင့် ထုံးရွှမ်အဆင့်မှာ မည်မျှပင် သန်မာစေကာမူ ဒီဗိုင်းဆန္ဒအဆင့်ကို ခုခံနိုင်ခြင်း မရှိပေ။

ထုံးရွှမ်အဆင့်သည် သဘာဝ၏ စိတ်ဝိဉာဥ်စွမ်းအင်နှင့် ဆက်သွယ်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လျှို့ဝှက်ချက်များကို နားလည်လာ၏။ သို့ပေမယ့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန္ဒကို ခုခံနိုင်မည်လား။ မရပေ။

ထုံးရွှမ်နှင့် ကောင်းကင်လူသားကို အနိုင်ယူနိုင်တာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် ဒီဗိုင်းဆန္ဒအဆင့် သိုင်းသမားတစ်ယောက်ကို ရင်ဆိုင်ရလျှင်တော့ ခွန်အားမဲ့လုနီးပါး ဖြစ်နေမှာ ဖြစ်၏။

ထိုအချိန်၌ ရွှီယန်သည် ကောင်းကင်လူသားအဆင့်ကို အလွန် အားနည်းသည်ဟု ရုတ်တရက် ခံစားလာရပြီး ကောင်းကင်လူသားဟူသည့် အမည်နာမနှင့် ထိုက်တန်ခြင်းမရှိဟု ထင်မြင်လာခဲ့သည်။

ရွှီယန်၏ ပတ်ဝန်းကျင်၌ ဓားဆန္ဒက ထွက်ပေါ်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်လို၏။

၎င်းသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဆန္ဒကို ကိုယ်စားပြုသည့်နှယ် ရှိသည်။

တောင်နှင့်မြစ်တို့မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အသွင်သဏ္ဍာန်အတိုင်း ဖြစ်လာခဲ့၏။ သူ၏ စိတ်ထဲတွင် လင်းလက်သည့် စိတ်ကူးတစ်ခု ထွက်ပေါ်လာပြီး ဒီဗိုင်းဆန္ဒအဆင့်၏ ကျင့်စဉ်များက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။

ပိုမိုလေ့လာလေလေ ပိုမိုနက်နဲသည်ဟု ခံစားရလေဖြစ်လာခဲ့၏။ အနှိုင်းမဲ့သည့် ခွန်အားကို ပိုမိုသိမြင်လာလေ ဖြစ်သည်။

သူ၏စိတ်ဆန္ဒသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စိတ်ဆန္ဒ ဖြစ်၏။ သူ၏ အသွင်သဏ္ဍာန်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အသွင်သဏ္ဍာန်ဖြစ်၏။

All Chapters