ဓါးဆန္ဒသုံးခု၊ ကောင်းကင်လူသား၏ သင်္ချိုင်း
Vol. 23 Ch. 332
လီရွှမ်က ရွှီယန်၏ ပြောင်းလဲမှုတို့ကို ကြည့်ကာ မနေနိုင်ပဲ တိတ်တဆိတ် ခေါင်းညှိတ်မိသည်။ ဒီတပည့်သည် အမှန်တကယ်ကို ထူးကဲ၏။
ရွှီယန်အနေနှင့် ဒီဗိုင်းဆန္ဒ အဆင့်ရှိ ကျင့်စဉ်ကို တတ်မြောက်နိုင်ခြင်း မရှိသေးပေမယ့် ဒီအတွေ့အကြုံက သူ့အတွက် အသိအမြင် အသစ်တို့ကို ရရှိလာစေသည်။ ခွန်အားကို မြှင့်တင်ပေး၏။
သူ၏ ဓါးဆန္ဒက မြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။ အစက တောင်နှင့်မြစ် ဓါးဆန္ဒမှာ အစစ်အမှန်နှင့် ကွာဟသည့် မြေမျက်နှာသွင်ပြင် တစ်ခုသာ ဖြစ်၏။ အတွင်းရှိ ပုံရိပ်များ၊ ရစ်ဝဲနေသည့် ရွှေနဂါးတို့ ရှိလာာလျှင်တောင် ဖြစ်သည်။ ၎င်းသည် ပုံရိပ်သာဖြစ်ပြီး လုံလောက်သည့် စစ်မှန်မှု မပြုနိုင်ပေ။
သို့ပေမယ့် ယခု “ငါ့ရဲ့ စိတ်ဆန္ဒက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဆန္ဒ၊ ငါ့ရဲ့ အသွင်သဏ္ဍာန်က ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အသွင်သဏ္ဍာန်”ဟု ရေရွတ်ပြီးနောက် ဒီဗိုင်းဆန္ဒ အဆင့်၏ နက်နဲသည့် လုပ်ဆောင်ချက်တို့ကို နားလည်ကာ ဉာဏ်အလင်းတစ်ခု ရလာခဲ့သည်။
တောင်နှင့်မြစ် ဓါးဆန္ဒက တဖြည်းဖြည်း ပြောင်းလဲလာပြီး မူလက ပုံရိပ်ယောင် မြေမျက်နှာအသွင်အပြင်တို့သည် ပုံရိပ်ယောင်သာ ဖြစ်နေသေးပေမယ့် မြင်ကွင်းတို့ ပြောင်းလဲသွားပြီး အတုအယောင် မဆန်တော့ပေ။
တစ်ချက်ကြည့်သည်နှင့် မြင်တွေ့ရသည်မှာ ပုံရိပ်ယောင် မြင်ကွင်း၏ ဖွဲ့စည်းပုံသာ မဟုတ်တော့ပဲ ချန်းလန်ကျွန်း ဖြစ်လာခဲ့၏။ အမြန် ကြည့်ကြည့်ပါက ရွှီယန်၏ ဓါးဆန္ဒသည် ချန်းလန်ကျွန်း ဖြစ်လာ၏။ သေးငယ်သည့် ချန်းလန်ကျွန်း ဖြစ်သည်။
“တောင်နဲ့မြစ် ဓါးဆန္ဒက ပုံပေါ်လာခဲ့ပြီ”
လီရွှမ်က စိတ်ထဲတွင် မှင်သက်သွားသည်။ ဤသည်မှာ
“ငါ့ရဲ့အသွင်သဏ္ဍာန်က ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အသွင်သဏ္ဍာန်”ပဲ ဟူသည်မှ လာသည့် ရွှီယန်၏ ဉာဏ်အလင်း ဖြစ်၏။
လူတစ်ယောက်အနေနှင့် စိတ်ကူးကြည့်နိုင်သည်။ ရွှီယန် ရင်ဆိုင်သည့် ရန်သူတိုင်းသည် ပတ်ဝန်းကျင်၏ မြင်ကွင်းအတိုင်း ပုံရိပ်ယောင်အတွင်းသို့ ကျဆင်းသွားပါက မည်ကဲ့သို့ ဖြစ်မည်နည်း။ နားလည်နိုင်ခြင်း မရှိပဲ ဓါးဆန္ဒအတွင်းသို့ ခြေချမိမှာ ဖြစ်သည်။ ဤသည်မှာ မည်မျှ ကြောက်စရာကောင်းကာ စွမ်းအားကြီးမားလိုက်သနည်း။
“သင်၏တပည့် ရွှီယန်သည် တောင်နှင့်မြစ် ဓါးဆန္ဒ၏ တတိယအဆင့်ကို နားလည်သဘောပေါက် လာခဲ့သည်။ သင်သည် တောင်နှင့်မြစ် ဓါးဆန္ဒ တတိယအဆင့်ကို ပြည့်စုံစွာ တတ်မြောက်သွားသည်”
ရွှေရောင်အလင်းက ထွက်ပေါ်လာပြီး တန်ပြန်အကျိုးပြုမှုမှာ ရောက်ရှိလာခဲ့သည်။
“ဓါးဆန္ဒ တတိယအဆင့်”
တောင်နှင့်မြစ် ဓါးဆန္ဒမှာ သဘာဝအတွင်းသို့ ပေါင်းစပ်သွားပြီး ရှိနေသည့် နေရာကို တောင်နှင့်မြစ်နှင့် ဓါးဆန္ဒနှင့် ဖြစ်လာစေ၏။
လီရွှမ်က အလွန် စိတ်လှုပ်ရှားသွားသည်။ သူသည် ခွန်အား တိုးမြင့်လာခြင်း၏ ဝမ်းသာပျော်ရွှင်မှုကို ထပ်မံ ခံစားရပြန်လေပြီ။
ရွှီယန်မှာ ဉာဏ်အလင်းပွင့်မှု အတွင်းတွင် ဆက်လက် နစ်မွန်းနေ၏။ လီရွှမ်က နှောင့်ယှက်ခြင်း မပြုပဲ တိတ်ဆိတ်စွာဖြင့် ထွက်ခွာသွားသည်။
သူသည် တပည့်ဖြစ်သူအား ဒီဗိုင်းဆန္ဒအဆင့် ကျင့်စဉ်ကို လက်ဆင့်ကမ်းပေးပြီး ဖြစ်သည်။ ရွှီယန်အနေနှင့် မည်သည့်အချိန်၌ နားလည်မှု ရလာမည်ကို မသိနိုင်သေးပေ။ သို့ပေမယ့် သူ့တပည့်၏ ထူးကဲသည့် စွမ်းရည်တို့ကို ကြည့်ရသည်မှာ ထုံးရွှမ်အဆင့်ကိုသာ ပိုင်နိုင်ပြီးသည်နှင့် တတ်မြောက်လာနိုင်ပါသည်။
“ငါ့ရဲ့ စိတ်ဆန္ဒက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဆန္ဒပဲ။ ဒီဗိုင်းဆန္ဒအတွင်းမှာ ဘယ်သူမှ တွန်းလှန်လို့ မရဘူး။ ဒါပေမယ့် သိုင်းဆန္ဒကို ဘယ်လို ကျင့်ကြံရမလဲ။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဆန္ဒကို ငါ့ရဲ့ စိတ်ဆန္ဒအဖြစ် ဘယ်လို ပြောင်းလဲမလဲ”
ဤသည်များမှာ ရွှီယန် လေ့လာရန် လိုအပ်သည်များ ဖြစ်သည်။
“မျှော်လင့်ရတာပဲ.. မထင်မှတ်ထားတာ တစ်ခုခုသာ ပေါ်မလာရင် သူ.. နီဝမ်နန်းတော်ကို ဖွင့်လှစ်၊ ဝိညာဉ်အခြေကို တည်ဆောက်ပြီး ဒီဗိုင်းဆန္ဒကို ဖွဲ့စည်းနိုင်လောက်မှာမလား။ အဲ့လိုဆို ငါလည်း ရွှေလက်ချောင်းကို တွေ့လာနိုင်လောက်တယ်”
လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ စိတ်လှုပ်ရှားစွာ စဉ်းစားသည်။ သူ၏ အသိစိတ်က စူးစိုက်သွားပြီးနောက် ရွှေရောင် အလင်းဖျော့တစ်ခုကို တွေ့ရ၏။ ဤသည်မှာ ရွှေလက်ချောင်း တည်ရှိရာ နေရာ ဖြစ်သည်။
သူ၏ ခန့်မှန်းချက်အရ ဒီဗိုင်းဆန္ဒအဆင့်သို့သာ ချိုးဖျက်ပြီးပါက ရွှေလက်ချောင်းကို အလုံးစုံ မြင်နိုင်လာလောက်ပါသည်။ ဖြစ်နိုင်သည်မှာ ရွှေလက်ချောင်းကို ပြည့်စုံစွာ အသုံးချလာနိုင်လောက်၏။ လီရွှမ်သည် ရွှေလက်ချောင်းအား မည်သည် ဖြစ်သည်ကို မျှော်လင့်နေပါတော့သည်။
“သဟွ သိုင်းသမားတွေ ပိုပိုပြီးတော့ ပေါ်လာနေပြီ”
သူ၏ ကိုယ်ပိုင် သိုင်းပုံရိပ်များကို ကြည့်ကာ အရေအတွက်မှာ နှစ်ရာသို့ ချဉ်းကပ်လာပြီ ဖြစ်ကြောင်းအား တွေ့လိုက်ရသည်။
ရွှီယန်က ဆက်လက်လေ့ကျင့်ကာ လေ့လာနေ၏။ ကိုယ်ပိုင် ခွန်အား ပြောင်းလဲမှုမှ တစ်ဆင့် အခိုက်အတန့်တိုင်းတွင် ရွှီယန်၏ စွမ်းအားတို့ မြင့်တက်နေပုံကို လီရွှမ်က သိပါသည်။ ဆိုလိုသည်မှာ နားလည်သဘောပေါက်မှု များစွာတို့ ရရှိလာပြီး ခွန်အားမှာ လျှင်မြန်စွာ တိုးတက်နေသည့် အချိန်အခါသို့ ဝင်ရောက်နေသည်ဟု ဖြစ်၏။
“မုန့်ချုံရော ဘယ်လို ထူးခြားတဲ့ နေရာကိုများ သွားတာလဲ မသိဘူး။ တွက်ချက်မှုအရဆိုရင် သူလည်း ထုံးရွှမ်အဆင့်ကို မကြာခင် ချိုးဖျက်လောက်တယ်”
လီရွှမ်က နှလုံးသားထဲတွင် စဉ်းစားသည်။
ကြောင်နီကို ကြည့်လိုက်ပါက ၎င်းသည် စိတ်ဝိညာဉ်အသီး တောထဲတွင် ပျင်းရိစွာ လဲလျောင်းနေဆဲ ရှိ၏။ နိုးထပြီးပါက ချန်းမြစ်တွင် ရေကူးခြင်းနှင့် စုလင်းရှုံအား ချစ်ဖို့ကောင်းအောင် လုပ်ပြကာ သဘောကျအောင် နေသည်။ ဒန်ဆေးလုံးတို့ကို စားသုံးပြီးနောက် ဆက်လက် အိပ်စက်၏။
“ဒီကြောင်ကြီးက နတ်ဆိုးသားရဲကြီးအဖြစ် ပြောင်းလဲတော့မယ် ထင်တယ်။ ဒါပေမယ့် သူ့ရဲ့ ကျင့်ကြံမှုက ဘယ်လိုရှိပြီး ပြောင်းလဲပြီးရင် ဘယ်လို ခွန်အားမျိုးကို ပိုင်ဆိုင်မှာလဲ မသိဘူး။ ငါ့ကိုရော ဘယ်လို တန်ပြန်အကျိုးပြုမှုတွေ ရလာစေနိုင်မလဲ”
လီရွှမ်က နှလုံးသားထဲတွင် မျှော်လင့်စွာ စဉ်းစားသည်။
ချန်းလန်ကျွန်းသည် မည်သည့် စွမ်းအားကြီးမားသည့် ရန်သူများ၏ တိုက်ခိုက်ခြင်းကိုမှ ခံရခြင်း မရှိပဲ တည်ငြိမ်အေးချမ်းနေဆဲ ရှိသည်။
ရှဲ့လင်ဖုန်းမှာ သဟွသိုင်းပညာကို ပြည့်စုံစွာ ပြောင်းလဲကျင့်ကြံနေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတား ဖြစ်တည်လာမှုကြောင့် သဘာဝ၏ စိတ်ဝိညာဉ်စွမ်းအင်အား သန့်စင်နိုင်မှု စွမ်းရည်မှာ သိသာစွာ တိုးတက်လာခဲ့သည်။
သူ၏ ခွန်အားမှာလည်း မြင့်တက်လာပြီး စွမ်းအင်တို့ကို တည်ငြိမ်စွာ စုဆောင်းနေပါသည်။
ဟူရှန်းနှင့် အခြား သိုင်းပညာ ပညာရှင်များလည်း သဟွသိုင်းသမားများအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။ သူတို့သည် မူလလမ်းစဉ်မှ လျှောက်လှမ်းကြခြင်း မဟုတ်ပေမယ့် သဟွသိုင်းပညာ၏ တရားဝင် လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ကြပြီ ဖြစ်သည်။
ကျိုးယင်မှာ မူလအဆင့်သို့ ချိုးဖျက်သွား၏။ သူမ၏ အဆင့်ချိုးဖျက်မှုက ရှီအာကို ပိုမို အလောတလျှင် နိုင်လာစေသည်။ သူသည် နောက်တွင် ကျန်ရစ်ခဲ့ပြန်ပြီ ဖြစ်၏။
စုလင်းရှုံမှာ မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးဖြစ်ကာ ထုံးရွှမ်သို့ ချိုးဖျက်ရန် ပြင်ဆင်နေပါသည်။ သို့ရာတွင် သူမတွင် အစကတည်းက စိတ်ဝိညာဉ်ခန္ဓာရှိရာ ထုံးရွှမ်သို့ ချိုးဖျက်စဉ်၌ မည်သည့် ဆင့်ကဲပြောင်းလဲမှုမှ ပေါ်လာမည်မဟုတ်ပေ။
သို့ရာတွင် မည်သို့ပင် ဆိုစေကာမူ အခြေခံတို့ကို ဆက်လက်မွမ်းမံ မြှင့်တင်ပြီး ဒန်ဆေးလုံးများကို မမောမပန်းနိုင်စွာ လေ့လာမှုပြု၏။ ဒန်ဆေးသိုင်းပညာ ကျမ်းကို စာရင်းပြုသည်။
ဒန်ဆေးသိုင်းပညာရှင် တစ်ယောက်၏ ခွန်အားက အနည်းငယ် အားနည်းသည်။ သူမတွင် ရန်သူများစွာတို့ ရှိကြောင်းကို စုလင်းရှုံ သိပါသည်။ ထို့ကြောင့် အကောင်းဆုံး ကြိုးစားကာ တိုက်ခိုက်မှု စွမ်းရည်များကို မြှင့်တင်၏။
စီနီယာအစ်ကိုကြီးဆီသို့လည်း အချိန်ယူကာ သွားရောက်ပြီး လမ်းညွှန်မှုတို့ကို တောင်းခံသည်။ သဘာဝတရား ရှစ်ပါး ပုံကြမ်းကိုလည်း လေ့လာ၏။ သူမသည် အထူးသီးသန့် တိုက်ခိုက်မှု နည်းပညာတစ်ခုကို တတ်မြောက်လိုနေပါသည်။
ဂေါ်ပြားအိုကြီးကို အသစ်နှင့် စားထိုးပြီး ဖြစ်၏။ ထိပ်တန်း အရည်အသွေးရှိသည့် သတ္တုကုန်ကြမ်းများကို အသုံးပြုကာ ဂေါ်ပြားအသစ်ကို ဖန်တီးခဲ့သည်။ ဤသည်မှာ လူများကို မြေမြှုပ်နိုင်သည့် သူမ၏ စိတ်ကြိုက်လက်နက် ဖြစ်၏။
စုလင်းရှုံ၏ မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိမှုနှင့်အတူ လီရွှမ်၏ ဒန်ဆေးသိုင်းပညာ စနစ်လည်း ထုံးရွှမ်အဆင့်သို့ တက်လှမ်းသွား၏။ ရွှီကျွင်းဟယ်မှာ မူလအဆင့်သို့ ချိုးဖျက်ရန် အဆင်သင့် ဖြစ်နေပါပြီ။ ထိုအကြောင်းကြောင့် ရှီအာမှာ ပိုမိုကာပင် စိတ်မပျော်မရွှင် ဖြစ်နေ၏။
ခုံရော့ကျစ်လည်း မူလအဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်သည်။ ထိုအချိန်၌ ရှီအာသည် ဆက်လက်နေနိုင်စွမ်း မရှိတော့ပေ။ နေ့နေ့ညည ကြိုးစား ကျင့်ကြံ၏။ ခုံရော့ကျစ်က ထပ်မံ ဖြတ်ကျော်သွားမည်ကို ကြောက်ရွံ့နေပါသည်။
လီရွှမ်က သူ၏ သိုင်းပုံရိပ်တစ်ခုရာတို့ကို ကြည့်သည်။ မူလအဆင့် အရိပ်တစ်ခု၏ ထွက်ပေါ်လာမှုကို တွေ့ရပြီး စိတ်လှုပ်ရှားလာခဲ့၏။ သဟွသိုင်းသမားများ ပိုမိုသန်မာလာလေလေ သူ၏ သိုင်းအရိပ်များ၏ ခွန်အားအဆင့်လည်း ပိုမိုမြင့်မားလေ ဖြစ်သည်။
ခုံရော့ကျစ်နှင့် ရွှီကျွင်းဟယ်တို့ စီစဉ်ထားသည့်အတိုင်း အတွင်းဘက်နယ်မြေ တစ်ခုလုံး သဟွသိုင်းပညာသို့ ပြောင်းလဲလာပါက မည်ကဲ့သို့ ဖြစ်မည်နည်း။ သူ၏ သိုင်းပုံရိပ်များ မည်မျှ စွမ်းအားကြီးမားလာမည်နည်း။