← Chapters

လင်းယွီဂိတ်တံခါး၊ ကောင်းကင်လူသားဒဏ္ဍာရီ

Vol. 23 Ch. 334

လင်းယွီဂိတ်တံခါး၊ ကောင်းကင်လူသားဒဏ္ဍာရီ

Vol. 23 Ch. 334

သုယွီယင်းသွားမည့် နေရာမှာ ကောင်းကင်လူသားသင်္ချိုင်း ဖြစ်သည်။ ဤသည်က လီရွှမ်ကို ကျစ်ယွင်သွားရောက်သည့် နေရာအား တွေးလိုက်မိစေ၏။

ဖြစ်နိုင်သည်မှာ ထိုနေရာသည်လည်း ကောင်းကင်လူသား သင်္ချိုင်းလေပဲလား။

ဒီအချိန်အထိ အတွင်းဘက်နယ်မြေတွင် မည်သည့် ကောင်းကင်လူသားများမှ မရှိပေ။ ကြည့်ရသည်မှာ ကောင်းကင်လူသားတစ်ယောက် ဖြစ်လာရန်အတွက် အခြေအနေတို့ ကိုက်ညီမှု မရှိဟန်တူ၏။ သို့ပေမယ့် သက်ဆိုင်ရာ အကြောင်းပြချက်ကိုတော့ သိရှိခြင်း မရှိပေ။

"ကောင်းကင်လူသား သင်္ချိုင်းသာ တကယ်ဖြစ်နေရင် အတွင်းဘက်နယ်မြေမှာ ဘာလို့ ကောင်းကင်လူသားအဆင့် သိုင်းသမားတွေ မရှိလဲဆိုတာကို ရွှီယန် သိလာလောက်တယ်.."

လီရွှမ်က နှလုံးသားထဲတွင် စဉ်းစားသည်။

ရွှီယန် ထွက်ခွာသွားပြီးနောက် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့လည်း ဓားသခင်ချောက်ကမ်းပါးဆီသို့ အသီးသီးပြန်ကြသည်။ လီရွှမ်၏ ညွှန်ကြားချက်အချို့ကို ရရှိပြီးနောက် ကျန်းကျွင်းရာဆီသို့ ပြန်ကာ ကျင့်ကြံမည် ဖြစ်၏။

ထို့အပြင် သူတို့သည် သိုင်းပညာစနစ်အား ပြောင်းလဲပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးအား သန့်စင်နိုင်မည့် ဆေးလုံးအချို့ကိုလည်း ယူဆောင်သွားခဲ့သည်။

ကျန်းကျွင်းရာသည် အဓိကအားဖြင့် ဓားလမ်းစဉ်ကို ကျင့်ကြံကြ၏။ အတွင်းဘက်နယ်မြေ၏ သိုင်းပညာနှင့် သဟွသိုင်းပညာဟူ၍ အများကြီး ရှုပ်ထွေးမနေကြပေ။

ဓားပညာကိုသာ စွမ်းအားမြှင့်တင်နိုင်ပြီး ဓားလမ်းစဉ်အား လေ့လာရာတွင် အကျိုးဖြစ်ထွန်းမည် ဆိုပါက ထိုသိုင်းပညာကို ကျင့်ကြံမည်ဖြစ်၏။

ထိုအကြောင်းကြောင့်လည်း ဓားသခင်ချောက်ကမ်းပါး၏ ပါရမီရှင်တစ်ယောက် ဖြစ်သည့် ရှဲ့လင်ဖုန်းက မည်သည့် စိတ်ပိုင်းဆိုင်ရာ ဖိအားမှ မရှိဘဲ သူ၏ ကျင့်ကြံမှုစနစ်ကို ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ဓားသခင်ချောက်ကမ်းပါးရှိ ကျင့်စဉ်များမှာ ဓားလမ်းစဉ်အတွက် ဖန်တီးထားခြင်း ဖြစ်သည်။ ယနေ့အထိ လက်ဆင့်ကမ်းလာပြီးနောက် ကျင့်စဉ်တို့မှာ မူလအတိုင်း မဟုတ်တော့ပေ။ အဲ့ဒီ့အစား မျိုးဆက်တိုင်းက ဆက်တိုက် လေ့လာအားထုတ်မှုပြုကာ ဓားလမ်းစဉ်နှင့် ပိုမိုသင့်တော်အောင် မွမ်းမံလာကြပြီး ဓားစွမ်းအားကို ပိုမိုကောင်းမွန်စွာ ထုတ်လွှတ်နိုင်ရန် ကြံဆောင်ခဲ့ကြ၏။

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့၏ ထွက်ခွာသွားမှုနှင့်အတူ ချန်းလန်ကျွန်း တစ်ခုလုံးသည် တိတ်ဆိတ်နေပြီး ဒန်ဆေးသန့်စင်ခြင်း ခန်းမသာလျှင် လှုပ်ရှားတက်ကြွစွာ ကျန်ရစ်ခဲ့သည်။

လီရွှမ်က ရံဖန်ရံခါ လှေစီးရင်းဖြင့် မြစ်ပြင်ပေါ်တွင် ငါးလျှောက်မျှားတတ်၏။ ညအခါမှသာ ပြန်လာလေ့ရှိသည်။ သက်တောင့်သက်သာ ရှိလှသည့် အချိန်များကို ခံစား၏။

အတွင်းဘက်နယ်မြေတွင် မုန်တိုင်းတစ်ခု အစပျိုးနေ၏။

ကျစ်ယွင်နိုင်ငံရှိ မြင့်မားသည့် တောင်ထိပ်တစ်ခုတွင် ကန်တစ်ခု ရှိနေ၏။ ကန်၏ အလယ်တွင် ရေခဲမျှော်စင်တစ်ခု မြင့်မားစွာ ရှိနေပါသည်။ ထိုအဆောက်အအုံသည် ကျောက်သလင်းကဲ့သို့ ကြည်လင်ပြီး အလွန်အေးစက်လှ၏။

ထိုအထဲတွင်နေသည့် လူများသည် ပါးလျသည့် အဝတ်အစားများကို ဝတ်ဆင်ကြပြီး ရေခဲအတွင်းတွင် တင့်တယ်စွာ သွားလာနေကြသည်။

သူတို့၏ နှင်းကဲ့သို့ ဖြူဖွေးသည့် အရေပြားက ရေခဲ ကျောက်သလင်းနှင့် လိုက်ဖက်ညီပြီး လှပသည့် ပုံရိပ်တို့ကို ဖြစ်ပေါ်စေ၏။

အဆောက်အအုံ၏ ထိပ်ဆုံးထပ်တွင် ပါးလျသည် ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ယောက်သည် ရေခဲထိုင်ခုံတစ်ခု ပေါ်တွင် လဲလျောင်းနေ၏။

သူမ၏ ဘယ်နှင့်ညာနှစ်ဘက်တွင် မိန်းမငယ်လေးနှစ်ယောက် ရှိနေပါသည်။ သူမတို့သည် အဝတ်ဗလာရှိနေကြပြီး အေးစက်သည့် လေထုကြောင့် ခန္ဓာကိုယ်များက တုန်ယင်နေကြ၏။

ဆွဲဆောင်မှုရှိသည့် အမျိုးသမီးက သူမ၏ သွယ်လျလှပသည့် လက်များကို ဘေးရှိ မိန်းကလေးနှစ်ယောက်တို့ အပေါ်သို့ တင်လိုက်သည်။ ညှို့ယူနိုင်လွန်းသည့် သူမ၏ မျက်နှာက အလွန်ဖျော့တော့နေပြီး မျက်လုံးများက ရူးသွပ်နေသည့်ဟန် ရှိ၏။

ပုံရိပ်တစ်ခု ဖြေညှင်းစွာ လျှောက်လာခဲ့၏။ လမ်းလျှောက်နေရင်းနှင့်ပင် သူ၏လက်များက ပန်းပုထုနေပြီး သစ်သားစများ လွင့်စင်နေပါသည်။

"ပင်းညန်(ရေခဲမိခင်).. နင်က အရင်အတိုင်း ရှိနေတုန်းပဲ.."

နတ်ဆိုးသားတော်က ရေခဲမျှော်စင်၏ ထိပ်တွင်ရပ်ကာ ဆွဲဆောင်မှုရှိသည့် အမျိုးသမီးကို ကြည့်ရင်းက သက်ပြင်းချသည်။

"အရူးအိုကြီး... နင်ဘာလာလုပ်တာလဲ.."

ပင်းညန်က ရေစက်များကျနေသည့် သူမ၏လက်ကို ရုတ်သိမ်းကာ နတ်ဆိုးသားတော်ကို အေးစက်စွာကြည့်သည်။

သူမ၏လက်ကို ရုတ်သိမ်းလိုက်သည်နှင့် မိန်းမငယ်လေး တစ်‌ယောက်၏ အရေပြားက ကျုံ့ဝင်လာပြီး တုန်ယင်စွာဖြင့် အနီရောင် ပြောင်းလာခဲ့သည်။ စတင် တွန့်ခေါက်လာပြီးနောက် ပိုမိုပိုမိုကာ ပြင်းထန်လာပြီး ခန္ဓာကိုယ်က ဖြေးညှင်းစွာ ညှိုးနွမ်းသွား၏။

ယခုအချိန်၌ ဆွဲဆောင်မှုရှိသည့် အမျိုးသမီးမှာ ပိုမိုပိုမိုကာပင် ညှို့ယူနိုင်စွမ်းတို့ ပိုနေပါသည်။ သူမ၏ အရေပြားက ပိုမို ဖြူလာခဲ့၏။ မျက်လုံးများတဝိုက်ရှိ အရေးအကြောင်းတို့မှာ ပျောက်ကွယ်သွားပြီး ၁၀နှစ်လောက် ပိုမိုငယ်သွားလေသည်။

နောက်ထပ် မိန်းမငယ်လေးမှာ ပိုမိုပြင်းထန်စွာ လှုပ်ခါလာခဲ့၏။ ပါးစပ်ကို ဖွင့်ကာ တောင်းပန်စကားကို ဆိုချင်သည်။ သို့ပေမယ့် မည်သည့်အသံမှ ထွက်လာနိုင်ခြင်း မရှိပေ။

သူမ၏ အရေပြားသည် တဖြည်းဖြည်းနီရဲလာပြီး ခန္ဓာကိုယ်က တွန့်ခေါက်ကာ နောက်ဆုံးတွင် ကျုံ့ဝင်သွားခဲ့၏။

နတ်ဆိုးသားတော်က ဤသည်ကို တိတ်ဆိတ်စွာ ကြည့်သည်။ ရေခဲမိခင်မှာ အိုမင်းနေပြီးဖြစ်ကာ သူမ၏ ငယ်ရွယ်သည့် အသွင်သဏ္ဍာန်နှင့် နူးညံ့သည့် အသားအရေကို ထိန်းသိမ်းနိုင်ရန် အတွက် မိန်းမငယ်လေးများ၏ အဆီအနှစ်ကို စုပ်ယူရန် လိုအပ်၏။

အဖြူရောင်ဝတ်စုံပါးနှင့် မိန်းကလေးနှစ်ယောက် လျှောက်ဝင်လာပြီး ကျုံ့ဝင်နေသည့် ခန္ဓာကိုယ်နှစ်ခုတို့ကို သယ်ဆောင်သွားသည်။

ရေခဲမိခင်က ထိုင်ခုံပေါ်တွင် ပျင်းရိစွာ လဲလျောင်းရင်းက နတ်ဆိုးသားတော်ကို ကြည့်သည်။ သူမ၏ မျက်နှာ၌ လှောင်ပြောင်မှုတစ်ခု ရှိနေပြီး ရှက်ရွံ့မှု တစ်ခုအားလည်း သယ်ဆောင်ထားဟန် ရှိ၏။

"နတ်ဆိုးသားတော်... နင်က တကယ့်ကို အရှုံးသမားပဲ။ ဟုတ်တယ်မလား.."

နတ်ဆိုးသားတော်၏ ပန်းပုထုနေသည့် လက်က ရပ်တန့်သွားသည်။ မျက်နှာပေါ်ရှိ ကြွက်သားများက တွန့်ကွေးသွား၏။ ပါးလျသည့်ဝတ်စုံနှင့် ရေခဲမိခင်ကို ကြည့်နေရင်းက ခဏတာ တိတ်ဆိတ်သွားသည်။

သူသည် ကောင်းကင်လူသားအဆင့်နှင့် အနီးကပ်ဆုံးလူ ဖြစ်၏။ သို့ပေမယ့် ယခုအချိန်၌ အရှုံးသမားကဲ့သို့ ရှိသည်။ အမှန်တကယ်ကို အရှုံးသမားဖြစ်၏။

သူသည် အိုမင်းလာပြီးဖြစ်ကာ မည်သည့် စိတ်ဆန္ဒမှ ရှိမနေတော့ပေ။ အနည်းငယ်မျှပင် ဖြစ်၏။

"အမှိုက်.."

ရေခဲမိခင်က နှာခေါင်းရှုံ့သည်။

နတ်ဆိုးသားတော်က သူ၏ အင်္ကျီအတွင်းသို့ လက်နှိုက်ကာ စာလိပ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ ရေခဲမိခင်ဆီသို့ ပစ်လိုက်ကာ ညင်သာစွာ ပြော၏။

"ရေခဲမိခင်... ငါ့ရဲ့သေဆုံးမှုကို ကြားသိတဲ့အခါကျရင် ဒီစာလိပ်ကို မီးရှို့ပြီး နင့်ရဲ့သိုင်းပညာနဲ့ အတွင်းထဲက ကျောက်စိမ်းလုံးကို အသက်သွင်းလိုက်ပါ.."

ရေခဲမိခင်က စာလိပ်ကိုကြည့်ကာ တိတ်ဆိတ်သွားသည်။ နတ်ဆိုးသားတော်က ခေါင်းလှည့်ကာ ထွက်သွားရင်းမှ ထပ်ပေါင်းပြော၏။

"ငါမသေဘူးဆိုရင် ငါတို့နှစ်ယောက်လုံး လင်းယွီ(စိတ်ဝိဉာဉ်နယ်မြေ)ကို ဝင်ရောက်ဖို့အတွက် အခွင့်အရေး ရှိလိမ့်မယ်။ ငါသေသွားရင်တော့ ငါပြောသလိုပဲ လုပ်လိုက်။ စာလိပ်ကို မီးရှို့ပြီး ကျောက်စိမ်းလုံးကို အသက်သွင်းလိုက်။ လင်းနယ်မြေကို ဝင်ရောက်ဖို့အတွက် ကိုယ့်ဘာသာ လမ်းကြောင်းတစ်ခု ရှာတော့.."

ထိုစကားကို ကြားရပြီးနောက် ရေခဲမိခင်က ရုတ်တရက် မတ်တပ်ရပ်သည်။

"နင်ဘာလုပ်မလို့လဲ.."

"ဒီကိစ္စမှာ ဝင်မပါနဲ့။ ဘာပဲဖြစ်ဖြစ် လက်စားချေဖို့အတွက် တစ်ယောက်ယောက်တော့ ကျန်ခဲ့ရမယ်လေ။ ဒီစာလိပ်ကိုပဲ ယူထား.."

နတ်ဆိုးသားတော်က ခေါင်းကိုရမ်းသည်။

နတ်ဆိုးသားတော်၏ အိုမင်းနေသည့် ခန္ဓာကိုယ် ပျောက်ကွယ်သွားမှုကို ကြည့်ကာ ရေခဲမိခင်က သူမ၏ လက်ထဲရှိ စာလိပ်ကို ကြည့်သည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ပြော၏။

"ငါ့ဆီကို ကောင်မလေးနှစ်ယောက် ခေါ်လာခဲ့.."

"ဟုတ်ကဲ့ပါ.."

အမျိုးသမီးအသံတစ်ခု ရေခဲမျှော်စင်အတွင်းတွင် ပဲ့တင်ထပ်သွားသည်။

ယွဲ့နိုင်ငံ၏ တော်ဝင်နန်းတော်စာကြည့်ခန်း အတွင်းတွင် ယွဲ့ဧကရာဇ်က ဝတ်စုံနီဝတ် လျှို့ဝှက်ဆန်းကြယ်သည့် လူကို ကြည့်သည်။ သူ၏ပုံစံက အမျိုးမျိုးပြောင်းလဲနေပြီး အက်ကွဲသည့်အသံဖြင့် ပြော၏။

"ငါ့ရဲ့ယွဲ့နိုင်ငံက ဒီလိုနဲ့ လိုက်ပြီး ပျောက်ကွယ်သွားမှာ မဟုတ်ဘူး.."

ဝတ်စုံနီနှင့်လူက ပြုံးကာ ပြော၏။

"ယွဲ့ဧကရာဇ်... ခင်ဗျား.. စစ်ဘုရင်အဆင့်ကနေပြီးတော့ မချိုးဖျက်ချင်ဘူးလား။ ဒါက ယွဲ့နိုင်ငံရဲ့ ကိစ္စလေးပဲ မဟုတ်ဘူးနော်.."

"လင်းယွီဂိတ်တံခါး... ကောင်းကင်လူသားအဆင့်... အဲ့ဒီ့အခွင့်အရေးတွေက ချန်းလန်ကျွန်းပေါ်မှာ ရှိနေတယ်။ စုလင်းရှုံဆိုတဲ့ မိန်းကလေးနဲ့ ပတ်သက်နေတယ်.."

ယွဲ့ဧကရာဇ်က အံ့သြစွာဖြင့် နေရာမှခုန်ထသည်။

"မင်းဘာပြောလိုက်တာ... လင်းယွီဂိတ်တံခါး... ကောင်းကင်လူသား အဆင့်လား..."

ပုံမှန်နားလည်မှုအရ စစ်ဘုရင်အဆင့်မှာ အတွင်းဘက်နယ်မြေ၏ အမြင့်မားဆုံးသော အဆင့်ဖြစ်သည်။ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများ ပင်လျှင် ကောင်းကင်လူသား ဖြစ်နိုင်ရန် အဝေးကြီး လိုသေး၏။

သူသည် စစ်ဘုရင်အဆင့်၏ အတိုင်းအတာအတွင်းတွင်သာ ရှိနေသေးပြီး ခြေလှမ်းတစ်ဝက် ပိုလှမ်းထားခြင်းသာ ရှိသည်။

All Chapters