← Chapters

စတင်လှုပ်ရှားမှု ပြုတော့မည့် ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့

Vol. 23 Ch. 338

စတင်လှုပ်ရှားမှု ပြုတော့မည့် ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့

Vol. 23 Ch. 338

ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့က ဖြစ်တည်လာခဲ့ပြီး တစ်လောကလုံးရှိ စစ်ဘုရင်များ စုစည်းလာခဲ့သည်။ ချန်းလန်ကျွန်းဆီသို့ တစ်ခါတည်း ဦးတည်ကာ ဒဏ္ဍာရီလာ ကောင်းကင်လူသားကို ပစ်မှတ်ထားကြ၏။

အတွင်းဘက်နယ်မြေ၏ သိုင်းလောကတစ်ခုလုံး အင်အားအလုံးအရင်းဖြင့် ချန်းလန်ကျွန်းမှ တုံ့ပြန်မှုကို စောင့်စားနေကြသည်။

သို့ပေမယ့် ချန်းလန်ကျွန်းမှ မည်သည့်တစ်စုံတရာမှ ပြန်လည်တုံ့ပြန်ခြင်း မပြုပါ။ ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့ကို အထင်သေးသည့်ဟန် ရှိ၏။

"ကောင်းတယ်။ အရမ်းကောင်းတယ်... ကောင်းကင်လူသားတစ်ယောက် ပီသပါပေတယ်။ ဒီလို အလေးမထားတဲ့ ပုံစံမျိုး ဘယ်အချိန်အထိ ဆက်လုပ်နိုင်ဦးမလဲလို့ ကြည့်တာပေါ့.."

ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့ရှိ စစ်ဘုရင်အုပ်စုတို့မှာ အစော်ကားခံရသကဲ့သို့ ခံစားကြရပြီး မကျေမနပ် ဖြစ်နေကြသည်။

"သွားကြရအောင်... ချန်းလန်ကျွန်းကို ဖျက်ဆီးပစ်ကြမယ်.."

စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်အုပ်စုက နတ်ဆိုးသားတော်၊ ယွဲ့နိုင်ငံ မယ်တော်ကြီးနှင့် မျက်နှာပြာနှင့် လူတို့၏ ဦးဆောင်မှုအောက်တွင် ချန်းလန်ကျွန်းဆီသို့ ချီတက်ခဲ့ကြသည်။

ဤသည်က အတွင်းဘက်နယ်မြေ တစ်ခုလုံးရှိ သိုင်းသခင်များမှ အဆင့်ကိုးသိုင်းသမားများ အထိ လူအားလုံးတို့ကို ထိတ်လန့်သွားစေ၏။ ချန်းလန်ကျွန်း၏ တိုက်ပွဲကို သွားရောက်ကြည့်ရှု့လိုကြသည်။

ထိုအချိန်၌ ချန်းလန်ကျွန်း၏ ဒဏ္ဍာရီမှာ ဝေးလံခေါင်သီသည့် နေရာများရှိ အဆင့်ကိုးသိုင်းသမားများသို့တိုင်အောင် လူသိများ ကျော်ကြားလာခဲ့သည်။

အတွင်းဘက်နယ်မြေတစ်ခုလုံးရှိ လူပြောအများဆုံး အကြောင်းကို ဆိုပါဆိုလျှင် လင်းယွီဂိတ်တံခါး၊ ကောင်းကင်လူသားအဆင့် သိုင်းပညာရှင်နှင့် ချန်းလန်ကျွန်းပေါ်ရှိ ကောင်းကင်လူသားအား တိုက်ခိုက်သတ်ဖြတ်မည့် အစီအစဉ်တို့ ဖြစ်သည်။

ဒီအဖြစ်အပျက်ကို နှစ်ပေါင်းသောင်းချီ အတွင်းတွင် အတွင်းဘက်နယ်မြေ၏ သမိုင်း၌ အကြီးမားဆုံးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်ဟု ပြောဆိုကြ၏။

အတွင်းဘက်နယ်မြေမှာ လှိုင်းထနေလင့်ကစား ရွှီယန်နှင့် မုန့်ချုံတို့မှာတော့ မည်သည်ကိုမှ သိရှိခြင်းမရှိပေ။

မြောက်ပိုင်းဒေသတွင် အေးစက်သည့် လေက တိုက်ခတ်နေပြီး ကောင်းကင်တွင် ငှက်တောင်မွှေးတမျှ ကြီးမားသည့် နှင်းပွင့်များဖြင့် ပြည့်နှက်နေ၏။

မြေပြင်တွင်လည်း ပေပေါင်းများစွာ ထူထဲသည့် နှင်းလွှာများ ဖုံးလွှမ်းနေပါသည်။ ထိုနှင်းပြင်ပေါ်တွင် ကြံ့ခိုင်သည့် ပုံရိပ်တစ်ခု လျှောက်လှမ်းနေ၏။

"ကျေးဇူးပြုပြီး နဲနဲလောက် ခွာပေးလို့ရမလား.."

မုန့်ချုံမှာ စိတ်ဓာတ်ကျစွာ ရှိနေပါသည်။ ကျစ်ယွင်သည် ကြောင်လေးတစ်ကောင်ကဲ့သို့ သူ့အပေါ်တွင် မှီတွယ်လွန်းလှ၏။

"ကျွန်မ အရမ်းအေးလို့ပါ.."

ကျစ်ယွင်က ရေရွတ်စွာ ပြော၏။ မုန့်ချုံအနေနှင့် သူမအား အမှန်တကယ်ကို တွန်းထုတ်ကာ ရိုက်နှက်ချင်မိသည်။ သို့ပေမယ့် သိုလှောင်အိတ်ကို စဉ်းစားကာ ယခုအချိန်၌ သည်းခံရန် ဆုံးဖြတ်ထားလိုက်၏။

"နေရာက မရောက်သေးဘူးလား.."

မုန့်ချုံသည် ရှေ့သို့သာ အဆင်မပြတ် လျှောက်လှမ်းနေ၏။ အေးစက်သည့် လေထုက ဖြတ်သန်းတိုက်ခတ်သွားသည်။ သို့ပေမယ့် သူသည် မည်သည့် အေးစက်မှုကိုမှ ခံစားရခြင်းမရှိဘဲ အဲ့ဒီ့အစား အသိအမြင် အချို့ကို ရရှိခဲ့၏။

ရွှေခန္ဓာ သွေးကြောမှတ်က လှည့်လည်နေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှိ အေးစက်မှုတို့ကို စုစည်းသည်။ ကြီးမြတ်သောနေ ရွှေခန္ဓာ၏ ခွန်အားမှာ အကန့်အသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပါပြီ။ အကန့်အသတ်သို့သာ ပျိုးထောင်ပြီးပါက ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန် အချိန်သို့ ကျရောက်ပြီ ဖြစ်၏။

"ရှေ့နားလေးမှာပဲ... တောင်ကြီးနှစ်ခုရဲ့ အကြားမှာ တောင်ကြားနေရာကြီးတစ်ခု ရှိတယ်။ အဲ့ဒါက ကျွန်မတို့ရဲ့ ပန်းတိုင်ပဲ.."

ကျစ်ယွင်က ရှေ့သို့ညွှန်ပြကာ ဖြေ၏။

မုန့်ချုံက ခေါင်းမော့ကြည့်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးနှင့် ထိစပ်နေသည့်အလား မြင့်မားခိုင်မာသည့် တောင်ကြီးကို တွေ့လိုက်ရ၏။

အတွင်းဘက်နယ်မြေတွင် ပြောစကားများရှိသည်။ မြောက်ပိုင်းရှိ တောင်များသည် အတွင်းဘက်နယ်မြေ၏ လောကစုံစည်းရာ နေရာဖြစ်၏။

နောက်ဆုံးတွင် သူတို့သည် ကျစ်ယွင်ပြောသည့် နေရာသို့ ရောက်ရှိခဲ့ကြ၏။ တောင်ကြီးနှစ်ခု၏ အကြားတွင် လျှိုမြောင်ကြီးတစ်ခု ဖွဲ့စည်းနေပါသည်။ ထိုအတွင်းသို့ အခြေချလိုက်သည်နှင့် မုန့်ချုံ၏ပုံစံက ပြောင်းလဲသွား၏။

"ဒါက.."

လျှိုမြောင်အတွင်းရှိ မြင်ကွင်းမှာ တိုက်ပွဲတစ်ခု၏ အကြွင်းအကျန်များ ဖြစ်သည်။ ကြည့်ရသည်မှာ ဒီနေရာတွင် စွမ်းအားကြီးပုဂ္ဂိုလ် တစ်ယောက်က ကြီးမားသည့် ခွန်အားကို ထုတ်လွှတ်ခဲ့ပုံ ပေါ်၏။ တိုက်ပွဲ၏ အစအနများကို ချန်ရစ်ခဲ့သည်။ နှင်းများဖုံးလွှမ်းနေပင်လျှင် ၎င်းကို ဖုံးကွယ်နိုင်ခြင်း မရှိပေ။

ထိုတိုက်ပွဲ၏ အစအနများကို ကြည့်ကာ တိုက်ခိုက်ခဲ့ကြသည့် သိုင်းသမားများ၏ ခွန်အားကို မုန့်ချုံတစ်ယောက် အံ့သြစွာ ခံစားလိုက်ရသည်။ ဤသည်မှာ စိတ်ကူး၍ပင် မရနိုင်အောင် ကြီးမားလှပြီး သူ၏ လက်ရှိခွန်အားထက် များစွာ သာလွန်၏။

စီနီယာအစ်ကိုကြီးရွှီယန်မှာ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ပြီးထားသည့်တိုင်အောင် သူ၏ခွန်အားသည် ဒီနေရာတွင် တိုက်ခိုက်ခဲ့သည့် သိုင်းသမားများနှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။

"ဒီနေရာမှာက အတွင်းထဲကိုသွားလေ ပိုပြီးတော့ အေးလာလေပဲ။ အန္တရာယ်အချို့ ရှိတယ်။ ဒါကြောင့်မလို့ သတိထားပါ.."

ကျစ်ယွင်က သတိပေးသည်။ သူမ၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှုနှင့် လေးနက်မှုတို့ ပြည့်နက်လာခဲ့၏။

မုန့်ချုံက အသက်ကို နက်ရှိုင်းစွာရှူပြီး လျှိုမြောင်အတွင်းသို့ ဝင်ရောက်သည်။ ဒီနေရာတွင် အေးစက်သည့် လေထုက ပိုမိုပြင်းထန်လာခဲ့၏။ အတွင်းပိုင်း နေရာသို့ ရောက်ရှိလာလေလေ အေးစက်သည့် ခံစားချက်က ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်လာလေဖြစ်ကာ သွေးများကိုပင် အေးခဲစေနိုင်၏။

ရှေ့တွင် ကြီးမားသည့် ချိုင့်ကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုအထဲတွင် စိတ်ဝိဉာဉ်ဆေးပင်တစ်ခု ကြီးထွားနေပါသည်။

"အဆင့်ငါး စိတ်ဝိဉာဉ်ဆေးပင်.."

ကျစ်ယွင်က မုန့်ချုံဆီမှ လက်ကိုဖြုတ်ကာ ခန္ဓာကိုယ်၌ ခရမ်းရောင်အလင်း ရေးတေးတေး ထွက်ပေါ်လာခဲ့သည်။

သူမသည် ချိုင့်အတွင်းသို့ ဂရုတစိုက်ဖြင့် ဆင်းသက်ပြီး ဆေးပင်ကို တူးယူသည်။ သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်၏။ ပြီးနောက် မုန့်ချုံဆီ၌ ပြန်လည်မှီတွယ်ကာ ရှေ့သို့ ဆက်လက် သွားကြသည်။

အခိုက်အတန့်တစ်ခုတွင် သူမ၏ပုံစံက အနည်းငယ် တောင့်တင်းသွား၏။ ရုတ်တရက် လေအေးတစ်ခု တိုက်ခတ်လာခဲ့သည်။ နှင်းများ လွင့်ပျံလာပြီး ကြီးမားသည့် လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲကာ သူမတို့ဆီသို့ ပြင်းထန်စွာ ရိုက်နှက်လိုက်၏။

"သတိထား.."

ကျစ်ယွင်က စိုးရိမ်စွာဖြင့် သတိပေးသည်။ မုန့်ချုံက မျက်မှောင်ကျုံ့သွား၏။

ဒီတိုက်ခိုက်ချက်မှာ ရန်သူပေါ်လာခြင်း မဟုတ်ပါ။

အမည်မသိ နည်းလမ်းအချို့ဖြင့် ချန်ထားရစ်သည့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ လက်ဝါးရိုက်ချက်ကြောင့် ဖြစ်တည်လာခြင်း ဖြစ်၏။

"ဘုန်း.."

မုန့်ချုံက လက်သီးတစ်လုံးကို ထုတ်လွှတ်လိုက်သည်။ သူ၏ စွမ်းအားက ပြင်းထန်သည့် မုန်တိုင်းတစ်ခုသဖွယ် လက်ဝါးကို လျှပ်တပြက်အတွင်း ဖျက်စီးသွား၏။

လက်ဝါးကြီး ပျက်စီးကာ ပျောက်ကွယ်သွားသည့် အချိန်၌ မုန့်ချုံ၏ ပုံစံက ပြောင်းလဲသွားသည်။ သူသည် ရင်းနှီးသည့် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။

အကြွင်းအကျန် စိတ်ဝိဉာဉ်လေလား။ သို့မဟုတ် မကျေနပ်သည့် စိတ်ဆန္ဒတစ်ခုလေလား။

သူသည် အကြီးအကဲဝူနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲအကြောင်းကို ပြန်လည် အမှတ်ရမိလိုက်သည်။နောက်ဆုံးတွင် အကြီးအကဲဝူကို သတ်ဖြတ်ပြီးနောက် ပိုးကောင်တစ်ကောင်မှ လှိုင်းထမှု ရေးတေးတေးကို ခံစားခဲ့ရ၏။

ဒီလက်ဝါးချက်၏ လှိုင်းထမှုမှာ ပိုးကောင်မှ ထုတ်လွှတ်ခဲ့သည့် လှိုင်းထမှုထက် များစွာ အားနည်းပေမယ့် မကျေနပ်မှုအချို့ကို သယ်ဆောင်ထားသည့်ဟန် ရှိသည်။

သူနားလည်လိုက်သည်။ ဒီလှိုင်းထမှုမှာ မကျေနပ်မှုစိတ်ဆန္ဒ သို့မဟုတ် ကောင်းကင်လူသားအဆင့် ပုဂ္ဂိုလ်တစ်ယောက်၏ အကြွင်းအကျန်ဝိဉာဉ်ကြောင့် ဖြစ်ပေလိမ့်မည်။

"ဒီနေရာက ဘယ်နေရာလဲ.."

မုန့်ချုံက ကျစ်ယွင်ကို လေးနက်စွာကြည့်ပြီး မေး၏။

သူသည် ဘာမှမသိသည့် သိုင်းလောကမှ လူသစ်တစ်ယောက် မဟုတ်ပေ။ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတို့နှင့် တွေ့ဆုံပြီးနောက် သူ့ဆုံတွေ့ခဲ့သည့် အကြီးအကဲဝူမှာ သေဆုံးသွားသည့် ကောင်းကင်လူသားတစ်ယောက်၏ အကြွင်းအကျန်စိတ်ဝိဉာဉ်တစ်ခု ဝင်စီးထားခြင်း ဖြစ်ကြောင်းကို နားလည်လာခဲ့၏။

အရင်တုန်းက သူသည် ထိုမပြည့်စုံသည့် ကောင်းကင်လူသားကို သတ်ဖြတ်ခဲ့လေသည်။

"နတ်ဆိုးအမဲလိုက်ခြင်း တိုက်ပွဲပြင်.."

မုန့်ချုံ၏ လက်ဝါးကြီးအား ဖျက်စီးလိုက်ပုံကို တွေ့ရပြီးနောက် ကျစ်ယွင်က စိတ်သက်သာရာ ရသွားသည်။

ထို့နောက် ရှင်းပြ၏။

အရင်တုန်းက သူမသည် ဒီလက်ဝါးချက်ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့ပြီးဒီနေရာတွင် ရပ်တန့်ခဲ့ရ၏။

"ပြောကြတာက ရှေးတုန်းက နတ်ဆိုးအရှင်သခင်ကြီးက လင်းယွီဂိတ်တံခါးကနေ ထွက်လာခဲ့တာတဲ့။ ပြီးတော့ နတ်ဆိုးအရှင်သခင်ကြီးကို လိုက်လံ သတ်ဖြတ်ကြတဲ့ အခြားစွမ်းအားကြီး ပုဂ္ဂိုလ်တွေလည်း ရှိခဲ့တယ်.."

ကျစ်ယွင်က မုန့်ချုံအပေါ်တွင် မှီတွယ်ရင်းက နတ်ဆိုးအမဲလိုက်ခြင်း တိုက်ပွဲပြင်၏ ဒဏ္ဍာရီကို စတင်ရှင်းပြ၏။

တောင်ကြီးများ ဝန်းရံနေသည့် အလယ်တွင် တောင်ငယ်လေးတစ်ခု ရှိနေ၏။ ရွှီယန်နှင့် သုယွီယင်းတို့က လျှောက်လာခဲ့သည်။

"ဒါက ကောင်းကင်လူသားသင်္ချိုင်းရဲ့ အဝင်ဝပဲ.."

သုယွီယင်းက သေးငယ်သည့် တောင်ကုန်းဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ညွှန်ပြသည်။

ရွှီယန်မှာ သူ၏ပတ်ဝန်းကျင်သို့ တိုက်ခတ်လာနေသည့် ညင်သာသည့် လေညင်းကို ဆက်တိုက် ခံစားနေရင်းမှ သိလိုစွာ ကြည့်လိုက်သည်။

စစ်မှန်သည့် ကောင်းကင်လူသားများသည် မည်မျှ စွမ်းအားကြီးမားကြ သနည်း။

All Chapters