← Chapters

စတင်လှုပ်ရှားမှု ပြုတော့မည့် ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့(၂)

Vol. 23 Ch. 339

စတင်လှုပ်ရှားမှု ပြုတော့မည့် ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့(၂)

Vol. 23 Ch. 339

နှစ်ယောက်သား ကုန်းငယ်လေးဆီသို့ လျှောက်သွားကြ၏။ ရွှီယန်က လက်ကိုမြှောက်လိုက်သည်နှင့် ကုန်းငယ်လေးရှိ မြေလွှာများက ဆက်တိုက် ကွာကျလာကြသည်။

တဖြည်းဖြည်းနှင့် ကုန်းတစ်ခုလုံးသည် သုံးပုံတစ်ပုံလောက် ကျုံ့ဝင်သွားပြီး နောက်ဆုံး၌ ကျောက်တုံးအိမ်တစ်ခု ပေါ်လာခဲ့၏။

ကျောက်တုံးအိမ်၏ တံခါးမှာ တင်းကြပ်စွာ ပိတ်ထားပြီး လေးလံသည့် ကျောက်တံခါးပေါ်တွင် သင်္ကေတများကို ထွင်းထုထားသည်။ ရှုပ်ထွေးသည့် တိမ်မြူနှင့် တောင်များကဲ့သို့ ရှိ၏။

"ဒီနေရာပဲ.."

ကျောက်တံခါးပေါ်ရှိ သင်္ကေတကို တွေ့ရပြီးနောက် သုယွီယင်းက ဝမ်းသာသွားသည်။ ခံစားချက်တို့ မြင့်တက်လာပြီး မနေနိုင်ဘဲ ချောင်းဆိုး၏။ ချောင်းဆိုးမှု တစ်ခုတိုင်းတွင် သူမသည် အခွင့်အရေးယူပြီး ရွှီယန်၏ အပေါ်သို့ မှီတွယ်လာခဲ့သည်။

ချန်းလန်ကျွန်း၏ အပြင်ဘက်တွင် လူအုပ်က ကြီးမားလှပြီး အရှိန်အဝါက မုန်တိုင်းတစ်ခုကဲ့သို့ ကြမ်းကြုတ်လှသည်။ ကောင်းကင်ရှိ တိမ်များ လွင့်ပါးသွားကြပြီး လေးလံကာ ကြီးမားသည့် ဖိအားအငွေ့အသက်သာလျှင် ကျန်ရစ်ခဲ့၏။

ကြီးမားသည့် တောင်ကြီးတစ်ခုကဲ့သို့ ဖိနှိပ့်လာခဲ့သည်။

"ကြောက်ဖို့ကောင်းလိုက်တာ.."

ရှီအာက လွှသွားပုံဆေဘာကို လက်ထဲတွင် ကိုင်ထားရင်းက တံတွေးများကို မျိုချသည်။

"ငကြောက်.."

ကျိုးယင်က အံကိုကြိတ်ထားပြီး ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ရှီအာအား အထင်သေးစွာကြည့်၏။

ရှီအာ "..."

မူလက စိတ်ဝိဉာဉ်အသီး တောထဲတွင် အိပ်စက်နေသည့် ကြောင်နီလည်း တစ်ခါတည်း နိုးထလာခဲ့သည်။ ဖင်မြှီးကိုထောင်ကာ လက်သည်းများနှင့် မြေကြီးအတွင်းသို့ ကြွင်းတစ်ခုကို လျှင်မြန်စွာတူး၏။ ကိုယ့်ကိုယ်ကိုယ် မြေမြှပ်ပြီး မျက်လုံးတစ်စုံကိုသာလျှင် ဖော်ထားသည်။

စုလင်းရှုံ၏ လက်များက အင်္ကျီထောင့်စွန်းများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး မျက်နှာက အနည်းငယ် ဖြူရော်နေပါသည်။ ချန်းလန်ကျွန်း၏ အပြင်ဘက်ရှိ သိုင်းသမားအုပ်စုကို ကြည့်နေ၏။

အားလုံးတို့မှာ စစ်ဘုရင်အဆင့်များ ဖြစ်ကြသည်။

အတွင်းဘက်နယ်မြေရှိ စစ်ဘုရင်အဆင့် အားလုံးတို့ ရောက်လာခြင်း မဟုတ်ပေမယ့် အနည်းဆုံးတော့ ဒီနေရာတွင် ၇၀/၈၀%လောက် စုစည်းလာခဲ့သည်။

ထိုကဲ့သို့သော ကြောက်စရာကောင်းလှသည့် အင်အားက စစ်မှန်သည့် ကောင်းကင်လူသား တစ်ယောက်ပင်လျှင် ထိုလူများ၏ ဝိုင်းဝန်းသတ်ဖြတ်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်လောက်ပေ။

သေဆုံးမှု မဖြစ်ပွားလျှင်တောင် အခြေအနေ ဆိုးရွားစွာဖြင့် ထွက်ပြေးရခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရခြင်းတို့တောင် ဖြစ်ပေါ်နိုင်၏။

ကံကောင်းစွာပင်။ သူမ၏ ဆရာဖြစ်သူသည် ကောင်းကင်လူသားလေး တစ်ယောက် မဟုတ်ပေ။ ဆရာ့အတွက် ဒီပြဿနာမှာ ကိစ္စသေးလေးသာ ဖြစ်၏။

စုလင်းရှုံက စိုးရိမ်စွာ ပြောသည်။

"ဆရာ... ရန်သူတွေကို အဆင့်တူတွေနဲ့ပဲ ဆက်ပြီးတော့ တိုက်ခိုက်မနေနဲ့တော့။ ဆရာ့ရဲ့ ကြီးမားတဲ့ ခွန်အားအဆင့်နဲ့ တစ်ခါတည်းပဲ ဖိနှိပ့်လိုက်ပါတော့လား.."

လီရွှမ်က နှလုံးသားထဲတွင် ရေရွတ်သည်။

'ငါလည်း လုပ်ချင်တာပဲ... ဒါပေမယ့် ငါ့ရဲ့အဆင့်က ထုံးရွှမ်အဆင့်မှာပဲ ရှိတယ်။ ဟူး..'

သို့ပေမယ့် သူက တည်ငြိမ်စွာ ပြောသည်။

"ဆရာသခင်တစ်ယောက် အနေနဲ့ ခွန်အားအဆင့်ကို အသုံးပြုပြီး အခြားလူတွေကို ဘယ်တော့မှ အနိုင်မကျင့်သင့်ဘူး။ နောက်ပြီး ငါ့မှာ ပြိုင်ဘက်မရှိတာ တော်တော်လေး ကြာခဲ့ပြီ။ စိတ်ရှိလက်ရှိ မတိုက်ခိုက်ရတာ နှစ်တွေဘယ်လောက်တောင် ကြာညောင်းခဲ့ပြီလဲ။ ဒါကြောင့်မို့လို့ ဒီအခွင့်အရေးကို အသုံးပြုပြီး အတိတ်ရဲ့ နေ့ရက်တွေက ငါ့ရဲ့ ပြိုင်ဘက်ကင်းမှု အကြောင်းတွေကို ပြန်ပြီးတော့ အမှတ်ရ ခံစားကြည့်ရမယ်.."

စုလင်းရှုံက နှုတ်ခမ်းပိတ်သွားသည်။ ဆရာဖြစ်သူသည် အချိန်အတော်ကြာအောင် အလွန် ပြိုင်ဘက်ကင်းခဲ့ပြီး မည်သည့်ရန်သူမှ ရှာမတွေ့တော့ပေ။ အထီးကျန်စွာ ခံစားနေရ၏။ ထို့ကြောင့် ခွန်အားအဆင့်ကို ဖိနှိပ့်ထားမှသာလျှင် တိုက်ခိုက်ရာ၌ စိတ်လှုပ်ရှားမှုအချို့အား ရရှိနိုင်မည် ဖြစ်သည်။

'ဆရာ့ရဲ့ ခွန်အားအဆင့်က ဘယ်လောက်ထိများ မြင့်မားနေတာလဲ။ စီနီယာအစ်ကိုကြီး ပြောဖူးတာတော့ ဆရာက တာအိုရဲ့ တည်ရှိမှုနဲ့တောင် နီးကပ်နေပြီတဲ့..'

စုလင်းရှုံက နှလုံးသားထဲတွင် စဉ်းစားသည်။

လီရွှမ်က အံ့သြစွာ ရှိနေသည့် လူတိုင်း၏ မျက်နှာများကို ကြည့်သည်။ အလွန်စိတ်လှုပ်ရှားစွာ ခံစားလိုက်ရ၏။ မတ်တပ်ရပ်ကာ ခါးကိုလိမ်ပြီး လက်များကို လွှဲရမ်းသည်။ တိုက်ပွဲအတွက် သွေးပူအောင် ပြုလုပ်၏။

စုလင်းရှုံမှာ စိတ်လှုပ်ရှားနေ၏။ ဆရာဖြစ်သူ၏ ပြိုင်ဘက်ကင်းသည့် အသွင်အပြင်ကို မြင်တွေ့နိုင်ပေတော့မည်။

ရှီအာတို့လည်း အလွန် စိတ်လှုပ်ရှားနေကြသည်။ ချန်းလန်ကျွန်း၏ လုံခြုံရေးအတွက် စိုးရိမ်ခြင်း လုံးဝမရှိကြပေ။

အထွက်အထိပ် စစ်ဘုရင်အုပ်စုကို ဦးဆောင်လာသည့် နတ်ဆိုးသားတော်တို့၏ အငွေ့အသက်များက ဆက်သွယ်နေကြသည်။ တစ်ယောက်နှင့်တစ်ယောက် ပေါင်းစပ်ကာ ကောင်းကင်နှင့် ကမ္ဘာမြေအတွင်းသို့ ထိုးဖောက်သွားသည့်ပုံ ပေါ်ပြီး ဒီအချိန်၌ ယုံကြည်ချက်တို့ အလွန် ရှိနေကြပါသည်။

သူတို့သည် ကောင်းကင်လူသားတစ်ယောက်ကို ရင်ဆိုင်ရမည် ဖြစ်လျှင်တောင် တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ခံစားကြရ၏။

ထိုအချိန်၌ ပုံရိပ်၂၀ကျော်တို့ ပျံသန်းလာကြသည်။ တစ်ယောက်ချင်းစီတိုင်းသည် ထက်မြသည့် အငွေ့အသက်များကို ထုတ်လွှတ်ထားကြပြီး ခါးများတွင် အဖိုးတန်ဓားများကို ချိတ်ဆွဲထားကြ၏။

သူတို့ကို ဦးဆောင်လာသူမှာ ခန္ဓာကိုယ်အချိုးကျကာ ပြတ်သားသည့် မျက်နှာနှင့် စူးရှသည့် မျက်လုံးများရှိသည့် လူတစ်ယောက် ဖြစ်၏။ ကြည့်လိုက်သည်နှင့် ထက်မြသည့် ဓါးတစ်ချောင်းနှင့် တူညီနေပါတော့သည်။

ထိုသူကို ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့မှ စွမ်းအားကြီးသိုင်းသမားများက တွေ့လိုက်ရသည်နှင့် သူတို့၏ ပုံစံများက လေးနက်သွားကြသည်။

ဤသည်မှာ ကျန်းကျွင်းရာ၏ ဓားနန်းတော်သခင် ရှဲ့ထန်းဟန် ဖြစ်၏။

"နန်းတော်သခင်ရှဲ့လည်း ရောက်လာတာလား။ အချိန်ကိုက်ပဲ... ကောင်းကင်လူသားကို အတူတူပူးပေါင်းပြီးတော့ ရင်ဆိုင်ကြရအောင်.."

ခုနှစ်စင်ကြယ်အကယ်ဒမီမှ ဒုကျောင်းတော်သခင်ဟောင်း တစ်ယောက်က အပြုံးတစ်ခုဖြင့် ပြော၏။

ရှဲ့ထန်းဟန်က သူတို့ကိုကြည့်ကာ နှာခေါင်းရှုံ့သည်။

အထင်သေးမှုကို ပြသ၏။

"ငကြောက်တွေ... ဘယ်သူက မင်းတို့နဲ့ လက်တွဲပူးပေါင်းချင်လို့လဲ။ သတ္တိလေးတစ်ခု ရလာဖို့ လူစုကို အားကိုးနေရတဲ့ အသုံးမကျတဲ့ ကောင်တွေကများ.."

"ငါရှဲ့ထန်းဟန်က မင်းတို့နဲ့ ပူးပေါင်းမှုအတွက် ရှက်တယ်.."

ခုနှစ်စင်ကြယ်အကယ်ဒမီ၏ ဒုကျောင်းတော်သခင်ဟောင်းက မှင်သက်သွားသည်။ ထို့နောက် သူ၏မျက်နှာက ဒေါသဖြင့် အစိမ်းရောင်ပြောင်းသွား၏။ ဒီရှဲ့ထန်းဟန်က မည်သူ့ကို ငကြောက်ဟု ခေါ်နေသည်လဲ။

အခြားစွမ်းအားကြီး သိုင်းသမားများ အားလုံးလည်း ကြောင်တောင်သွားကြသည်။ ရှဲ့ထန်းဟန်သည် ဒီဒုကျောင်းတော်သခင်နှင့် ရန်ငြိုးရန်စအချို့ ရှိနေသည်လား။

"မင်းက ဘာကိုဆိုလိုတာလဲ ရှဲ့ထန်းဟန်.."

"အုန်း.."

ဒုကျောင်းတော်သခင်ဟောင်း၏ ခန္ဓာကိုယ်မှ အရှိန်အဝါတို့ ကြီးစိုးစွာ ထွက်ပေါ်လာပြီး အံကို ကြိတ်ထားသည်။

"ဒီအချိန်မှာ ငါတို့တွေ ကောင်းကင်လူသားကို ရင်ဆိုင်ဖို့လိုအပ်တယ်။ အဲ့ဒါကြောင့်မို့လို့

အချင်းချင်း ပြဿနာမဖြစ်သင့်ဘူး.."

နတ်ဆိုးသားတော်က နက်ရှိုင်းသည့်အသံဖြင့် ပြော၏။

ဒုကျောင်းတော်သခင်၏ မျက်နှာက ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူက နောက်ပြန်ဆုတ်သွား၏။ သို့ပေမယ့် ရှဲ့ထန်းဟန်ကို ဒေါသတကြီးဖြင့် ကြည့်နေပါသည်။

"နန်းတော်သခင်ရှဲ့... မင်းနဲ့သူ့ရဲ့ ကိစ္စကို ပြီးမှပဲ ရှင်းကြပေါ့။ အခုအချိန်မှာ ငါတို့အားလုံးအတွက် အရေးကြီးဆုံးကိစ္စက ကောင်းကင်လူသားကို ရင်ဆိုင်ဖို့ပဲ.."

နတ်ဆိုးသားတော်က ရှဲ့ထန်းဟန်ကို ကြည့်ကာ ပြော၏။

"မင်းက အမှိုက်အိုကြီးပဲ။ ငါလို ဓားနန်းတော်သခင်နဲ့ စကားပြောဖို့ မထိုက်တန်ဘူး။ ငါဘယ်တုန်းက မင်းတို့နဲ့ အလုပ်လုပ်မယ်လို့ ပြောဖူးလို့လဲ.."

ရှဲ့ထန်းဟန်က အေးစက်စွာ ပြောသည်။

နတ်ဆိုးသားတော်က အံ့သြသွား၏။ အမှိုက်အိုကြီးလေလား။

"ဓားနန်းတော်သခင်ရှဲ့... မင်းငါ့ကို အမှိုက်အိုကြီးလို့ ခေါ်လိုက်တာလား.."

နတ်ဆိုးသားတော်၏ မျက်နှာက မဲမှောင်သွားသည်။

သူ၏ နတ်ဆိုးသားတော်ဟူသည့် အမည် အတွင်းဘက်နယ်မြေတစ်ခုလုံးတွင် ကျော်ကြားခဲ့စဉ်က ရှဲ့ထန်းဟန်မှာ သန္ဓေသားလောင်းပင် မဖြစ်သေးပေ။

ယခုအချိန်၌ သူ့ကို အထင်သေးစွာ ဆက်ဆံနေသည်လား။

ရှဲ့ထန်းဟန်က ပြုံးကာ မောက်မာစွာဖြင့် လက်ညှိုးဖြင့် တိုက်ရိုက်ထိုးသည်။

"ဟုတ်တယ်။ မင်းကို အမှိုက်အိုကြီးလို့ ခေါ်တာ။ မင်းမှမဟုတ်ဘူး။ မင်းတို့အားလုံးလည်း အမှိုက်တွေပဲ.."

တိတ်ဆိတ်သွားကြ၏။

ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့ အတွင်းရှိ စွမ်းအားကြီးပုဂ္ဂိုလ် အားလုံးတို့သည် ရှဲ့ထန်းဟန်ကို စိုက်ကြည့်နေရင်းမှ ဒေါသတို့ လောင်မြိုက်လာကြသည်။

မူလက ချန်းလန်ကျွန်းသို့ ချိန်ရွယ်ထားကြသည့် ဒေါသတရားတို့သည် ရှဲ့ထန်းဟန်ဆီသို့ လွှဲပြောင်းသွားတော့မည့်ဟန် ရှိနေ၏။

ဓားသခင်ချောက်ကမ်းပါးမှ သိုင်းသမားများအားလုံး၏ မျက်နှာများက ပြောင်းလဲသွားကြသည်။ သူတို့၏ ဓားနန်းတော်သခင်သည် အထိန်းအကွပ်မဲ့လောက်အောင် ရူးသွပ်နေပါပြီ။

သူ့အနေနှင့် တစ်ယောက်ချင်းစီတိုင်းကို အနိုင်ယူနိုင်လျှင်တောင် တစ်ဖက်လူတွင် စွမ်းအားကြီးပုဂ္ဂိုလ်များစွာတို့ စုပြုံနေ၏။ ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့၏ အရှိန်အဝါကို ခံစားရပြီးနောက် ကျန်းကျွင်းရာမှ အကြီးအကဲများက နတ်ဆိုးသားတော်တို့ဆီသို့ အလျှင်အမြန် စကားလွှဲပြောင်းလိုက်သည်။

"စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့။ ငါတို့ရဲ့ ဓားနန်းတော်သခင်က အခုမှ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတာ။ အဲ့တာကြောင့်မို့လို့ ဦးနှောက်အချို့ ထိခိုက်သွားပုံပဲ။ ကျေးဇူးပြုပြီး စိတ်ကို တည်တည်ငြိမ်ငြိမ် ထားကြပါဦး.."

"ဒီကပုဂ္ဂိုလ်တို့... အခုအချိန်မှာ အဓိက ကိစ္စကို ရှေ့တန်းတင်ရပါမယ်။ ငါတို့ ဓားနန်းတော်သခင်ကြောင့် မင်းတို့ရဲ့ အရေးကိစ္စတွေကို လမ်းမှားမသွားပါစေနဲ့.."

ဓားသခင်ချောက်ကမ်းပါးရှိ အကြီးအကဲများမှာ တုန်လှုပ်နေကြသည်။ ကောင်းကင်လူသားကို ဆန့်ကျင်မည့် ဒီမဟာမိတ်အဖွဲ့ကြီးသည် ကျန်းကျွင်းရာအား အရင်လာရောက်သတ်ဖြတ်ကြမည်ကို ထိတ်လန့်နေကြ၏။

နတ်ဆိုးသားတော်တို့က အသက်ကို နှစ်ရှိုင်းစွာရှူသည်။ ရှဲ့ထန်းဟန်ကို လျစ်လျူရှု့ကာ ကောင်းကင်လူသားကို သတ်ဖြတ်မည့် ပိုမိုကြီးမားသည့် အရေးကိစ္စကို အာရုံပြန်စိုက်သွားကြ၏။

ချန်းလန်ကျွန်းပေါ်တွင် လီရွှမ်၏ မျက်နှာက ထူးဆန်းသွားသည်။ ယခုမှ ရောက်ရှိလာသည့် ရှဲ့လင်ဖုန်းကို ကြည့်၏။

"မင်းရဲ့အဖေက အမြဲတမ်း ဒီလိုပဲ မောက်မာတာလား.."

သူသည် ရှဲ့ထန်းဟန်ကို စတင်လေးစားလာမိသည်။

ဒီလူအုပ်ကြီး၏ရှေ့တွင် အားလုံးတို့ကို အမှိုက်ဟု ပြောဆိုရဲ၏။ လက်ညှိုးငေါက်ငေါက်ထိုးကာ နှာခေါင်းရှုံ့စွာ ရှိနေပါသည်။

သူနှင့် ခြားနားသည်မှာ ရှဲ့ထန်းဟန်တွင် ထိုလူအုပ်ကြီးကို နင်းချေရန်အတွက် ခွန်အားအား ပိုင်ဆိုင်ထားခြင်း မရှိပေ။

ရှဲ့လင်ဖုန်း၏ ပုံစံက အနည်းငယ် နေရခက်သွား၏။ "ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့ ဆရာကြီး... ကျွန်တော့်အဖေက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာကတည်းက အဲ့ဒီ့လို ဖြစ်သွားခဲ့တာ.."

သူက ဆက်လက်ရှင်းပြတော့မည့် အချိန်၌ ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့မှ လူတစ်ယောက်က ရှေ့တက်လာက အေးစက်စွာ ပြောသည်။

"ကောင်းကင်လူသားဆိုတဲ့ကောင် ဘယ်မှာလဲ... စုလင်းရှုံကို လက်လွှဲပေးရင်ပေး။ မဟုတ်ရင် ငါတို့ ဒီနေ့မှာ တိုက်ခိုက်ရလိမ့်မယ်.."

"ပါးစပ်ပိတ်ထား.."

လီရွှမ်ကလက်ကို ဝှေ့ရမ်းလိုက်သည်။ ထိုသိုင်းသမားသည် လျှပ်တပြက်အတွင်း ပေါက်ကွဲထွက်ကာ ပြာများအဖြစ် ပြောင်းလဲသွားခဲ့၏။

လီရွှမ်က လက်တစ်ဖက်ကို နောက်သို့ပစ်ကာ ထူးမခြားနားစွာ ကြည့်နေရင်းမှ လေထဲသို့ တက်သွားသည်။ သူ၏ မျက်လုံးများက ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့မှ သိုင်းသမားအုပ်စုကို မထိမဲ့မြင်စွာ ကြည့်နေ၏။

"မင်းက ကောင်းကင်လူသားတစ်ယောက် ဖြစ်နေရင်တောင် အတွင်းဘက်နယ်မြေ တစ်ခုလုံးရဲ့ အတွင်းအားကို ဆန့်ကျင်နိုင်မှာလား.."

မျက်နှာပြာနှင့်လူက အေးစက်စွာမေးသည်။

"ကောင်းကင်လူသားအဆင့်က ဘာတွေ ကြီးမြတ်နေလို့လဲ.."

လီရွှမ်က သတိထားမှုမရှိစွာဖြင့် တည်ငြိမ်စွာသာ ပြောသည်။

"ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့လား... ငါ့ရဲ့ခွန်အားအဆင့်ကို အသုံးပြုပြီး မင်းတို့ကို တိုက်ခိုက်ရလောက်အောင်တော့ ငါက နိမ့်ကျမနေဘူး။ ဒါ့ကြောင့်မို့လို့ ဒီနေ့မှာ သိုင်းပညာရဲ့ တတိယအဆင့်ဖြစ်တဲ့ ထုံးရွှမ်အဆင့်ကိုပဲ အသုံးပြုပြီး မင်းတို့အားလုံးကို နင်းချေပြမယ်.."

"မောက်မာလိုက်တာ.."

နတ်ဆိုးသားတော်က အေးစက်စွာ ပြုံးသည်။ သူသည် သဟွသိုင်းပညာ အကြောင်းကို ကြားသိပြီး ဖြစ်၏။

သီအိုရီအရ ထုံးရွှမ်အဆင့်မှာ စစ်ဘုရင်အဆင့်ကို ကိုယ်စားပြုပါသည်။ တစ်ဖက်လူသည် ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့တစ်ခုလုံးကို အဆင့်တူနှင့် တိုက်ခိုက်မည်ဟု ပြောဆိုနေသည်လား။

"ကောင်းကင်လူသားတစ်ယောက် ဆိုရင်လည်း ငါတို့က အနိုင်ယူနိုင်တယ်။ မင်းက ခွန်အားအဆင့်ကို ငါတို့နဲ့ အဆင့်တူအောင်လို့ နှိမ့်ချထားမှာလား။ ကျေးဇူးပြုပြီး အလိမ်အညာစကားတွေ အများကြီး ပြောမနေပါနဲ့။ ဒီနေ့မှာ ငါတို့တွေက ကောင်းကင်လူသားဖြစ်လည်း အနိုင်ယူကြမှာ။ မင်းက သေဆုံးဖို့ ကံပါလာခဲ့တယ်.."

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ နတ်ဆိုးသားတော်၏ ဆံပင်များက လေထဲတွင် လွင့်ပျံလာပြီး လက်ထဲရှိ ဓားကိုကိုင်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှ သွေးအလင်းအလွှာများ ထွက်ပေါ်လာခဲ့သည်။ အေးစက်သည့် စွမ်းအင်က မြင့်တက်လာကာ သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်အား လှုံ့ဆော်ပြီး သူ့ဆီသို့ စုစည်းလာစေ၏။

လှိုင်းတစ်ခုကဲ့သို့ ကြီးမားသည့် ဖိအားက ထွက်ပေါ်လာခဲ့သည်။

ခရမ်းရောင်ဝတ်စုံဝတ် မျက်နှာပြာနှင့်လူ အနီရောင်ဝတ်စုံဝတ် မျက်နှာပြာနှင့်လူနှင့် အခြားအနီးအနားရှိ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများ၏ ပုံစံက ပြောင်းလဲသွားကြသည်။

နတ်ဆိုးသားတော်သည် နာမည်ကျော်ကြားသည့် ရက်စက်သည့် လူတစ်ယောက်ဖြစ်၏။ တစ်ချိန်က နတ်ဆိုးအရှင်သခင်ကြီး၏ လူယုံတစ်ယောက်လည်း ဖြစ်ခဲ့သည်။ သူသည် လက်ရှိအချိန်၌ သူတို့လူစုတွင် စွမ်းအားကြီးမားဆုံးသူ ဖြစ်၏။

"ဒီနေ့က.. ငါ.. ကောင်းကင်လူသားကို အနိုင်ယူပြီး ငါ့ရဲ့ဂုဏ်သတင်းကို သိုင်းလောကရဲ့ သမိုင်းတလျှောက်မှာ ချရေးမယ့် နေ့တစ်နေ့ပဲ.."

"လင်းယွီဂိတ်တံခါးကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်လို့ မရဘူး.."

ခရမ်းရောင်ဝတ်စုံဝတ် မျက်နှာပြာနှင့်လူက ကျယ်လောင်စွာအော်၏။

အခြားတစ်ဝက်တစ်ပြက် ကောင်းကင်လူသားများနှင့် အထွတ်အထိပ်စစ်ဘုရင်များ အားလုံးတို့လည်း တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပါပြီ။

သူတို့၏ အရှိန်အဝါများက တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ကာ ထွက်ပေါ်လာခဲ့၏။ စုပေါင်းမှုတစ်ခု ဖြစ်ပေါ်ပြီး ဖိအားလှိုင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

မြစ်ရေပြင်ကိုပင် လျှပ်တပြက်အတွင်း စီးဆင်းမှုရပ်တန့်သွားစေ၏။ ရေတို့သည် နိမ့်ရာသို့စီးဆင်းခြင်း မရှိတော့ဘဲ ကြီးမားသည့် ရေတံတိုင်းကြီးတစ်ခု မြင့်တက်လာခဲ့သည်။

ထိုရေတံတိုင်းကြီးသည် ပိုမိုပိုမိုကာ မြင့်မားထူထဲ လာခဲ့၏။ အချိန်မရွေး လှိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲကာ သက်ဆင်းသွားတော့မည့်ဟန် ရှိသည်။

ဒီအချိန်၌ ရှဲ့ထန်းဟန်ပင်လျှင် လေးနက်လာခဲ့၏။ သူသည် ဓားသခင်ချောက်ကမ်းပါးမှ သိုင်းသမားများကို ဦးဆောင်ကာ ဆုတ်ခွာသွားသည်။

ချန်းလန်ကျွန်းပေါ်တွင် လူတိုင်းက အသက်ကို အောင့်ထားကြသည်။ ကြီးမားလှသည့် ဖိအားနှင့် တစ်ကိုယ်တည်း ရပ်နေသည့် ပုံရိပ်တို့ကို စိုးရိမ်စွာ ကြည့်နေကြ၏။

စုလင်းရှုံက သူမ၏ အင်္ကျီထောင့်စွန်းများကို စိတ်ပူစွာဖြင့် ဖြစ်ညှစ်ထားသည်။ ဆရာဖြစ်သူမှာ အလွန်စွမ်းအားကြီးမားလှပြီး လုံခြုံမည်ဟု သိနေလျှင်တောင် မနေနိုင်ဘဲ စိတ်ပူစွာ ခံစားရဆဲရှိ၏။

All Chapters