လှုပ်ရှားမှုတိုင်းက ပြိုင်ဘက်ကင်းတယ်
Vol. 23 Ch. 340
လီရွှမ်သည် ထောင်နှင့်ချီသည့် သိုင်းသမားတို့၏ ရှေ့တွင် တစ်ယောက်တည်း ရပ်နေ၏။ သူ၏ပုံစံက တည်ငြိမ်နေသည့်ဟန် ရှိသည်။ သို့ပေမယ့် နှလုံးသားထဲ၌ လေးလံနေပါသည်။ နတ်ဆိုးသားတော်၏ စွမ်းအားသည် သူကြုံတွေ့ခဲ့ဖူးသည် မည်သည့် တစ်ဝက်တစ်ပြက် ကောင်းကင်လူသားထက်မဆို ကျော်လွန်၏။
သူ၏ လက်ရှိခွန်အားနှင့် နှိုင်းယှဉ်ကြည့်ပါက ဘာမှမဟုတ်၍သာ တော်သေးသည်။
သို့ရာတွင် များပြားလှသည့် စွမ်းအားကြီးပုဂ္ဂိုလ်များက သူတို့၏ ချီစွမ်းအင်တို့ကို ဆက်သွယ်ထားရာ အရှိန်အဝါတို့က ပေါင်းစပ်နေပြီး စွမ်းအားကြီးမားသည့် ဖိအားကို ဖြစ်ပေါ်စေသည်။
သူတို့သာ လှုပ်ရှားမှုပြုပါက ကောင်းကင်တို့ ပြိုလဲပြီး ကမ္ဘာမြေတို့ ကွဲထွက်ကုန်မှာပ ဖြစ်၏။ လောကကြီးရှိ စစ်ဘုရင်အားလုံး စုစည်းထားခြင်းဖြစ်ရာ ဘယ်လိုလုပ်ပြီး ပေါ့ပေါ့ဆဆ မှတ်ယူလို့ရမည်နည်း။
ယခုကဲ့သို့ အင်အားစုမျိုးကို ရင်ဆိုင်ရပါက စစ်မှန်သည့် ကောင်းကင်လူသားတစ်ယောက် ပင်လျှင် စွန့်ခွာထွက်ပြေးသွားရမည်ဟု အမှန်တကယ်ကို သူလက်ခံမိသည်။
သို့ရာတွင် သူသည် ကြောက်ရွံ့ခြင်းတော့ လုံးဝမရှိပါ။ နှလုံးသားထဲတွင် သွေးတို့ပင် ဆူပွက်စွာ ခံစားရ၏။
လက်ရှိအချိန်အထိ အချိန်ခရီးသွားလာခဲ့ပြီးနောက် သိုင်းပညာတို့ကို ဖန်တီးကာ လီရွှမ်သည် သဟွသိုင်းပညာ၏ ဘိုးဘေး ဖြစ်လာခဲ့၏။ တိုက်ခိုက်မှု အတွေ့အကြုံများစွာ တို့ကိုလည်း တန်ပြန်အကျိုးပြုမှုအဖြစ် ရရှိခဲ့သည်။
သို့ပေမယ့် ကြီးမားသည့် တိုက်ပွဲတစ်ခုကို ကိုယ်တိုင် ဆင်နွှဲခဲ့ဖူးခြင်း မရှိသေးပါ။ ဒီအချိန်၌ သူ့အနေနှင့် တိုက်ခိုက်ရန်အတွက် စိတ်ဆန္ဒတို့ ပြင်းပြလာခဲ့၏။
"လူတစ်ယောက်တည်းနဲ့ လောကကြီးတစ်ခုလုံးကို အောင်နိုင်ဖို့က ငါ့ရဲ့မျက်စိရှေ့ကို ရောက်လာပြီ။ ဒီနေ့မှာ ငါလီရွှမ် အရာအားလုံးကို အနိုင်ယူရမယ်.."
လီရွှမ်၏ သွေးများက စိတ်လှုပ်ရှားမှုဖြင့် ဆူပွက်နေ၏။ ယနေ့တွင် ဒီအရာအားလုံးကို အောင်နိုင်သည့် စိတ်လှုပ်ရှားစရာကောင်းလှသည့် အတွေ့အကြုံကို တောင့်တနေပါသည်။
မျက်စိတမှိတ်အတွင်းတွင် မြစ်ပြင်က ပုံမှန် အတိုင်းသာ ရှိနေပုံပေါ်ပေမယ့် ပြောင်းလဲလာခဲ့၏။ တောင်နှင့်မြစ်ဓားဆန္ဒ၏ တတိယမြောက်အဆင့်အား ထုတ်ဖော်လိုက်သည်။
"သခင်ကြီး... လက်နက်တစ်ခုခု လိုလားမသိဘူး.."
ချန်းလန်ကျွန်းပေါ်ရှိ ရှီအာက ရုတ်တရက်မေး၏။ သခင်ကြီးသာ ရန်သူအားလုံးတို့ကို အဆင့်တူဖြင့် အနိုင်ယူလိုပါက လက်နက်တစ်ခုကို မလိုအပ်ပေဘူးလား။ထို့ကြောင့် သူက လွှသွားသဏ္ဍာန် ဆေဘာကို မြှောက်ကာ မေးသည်။
သူ၏စကားကို ကြားရသည်နှင့် နတ်ဆိုးသားတော်နှင့် အခြားလူများက ခေါင်းကိုလှည့်ကာ သူ့ဆီသို့ကြည့်ကြ၏။
ရုတ်တရက်....
"သွေးစိတ်ဝိဉာဉ် ဆေဘာက မင်းလက်ထဲကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ.."
နတ်ဆိုးသား၏ ပုံစံက ကြီးစွာပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်သည်။ သူ၏ အသွင်သဏ္ဍာန်ကိုပင် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ဘဲ ချန်းလန်ကျွန်းပေါ်သို့ သွားရောက်ကာ ရှီအာကို သတ်ဖြတ်ပြီး သွေးစိတ်ဝိဉာဉ်ဓားကို လုယူလိုလေသည်။
လီရွှမ်၏ မျက်ခုံးများက မြင့်တက်သွားပြီး လက်နှစ်ဖက်ကို အတူတူစုသည်။ ရွှေရောင်နဂါးကြီးတစ်ကောင် လှည့်လည်လာပြီး နတ်ဆိုးသားတော်ကို တားမြစ်ထား၏။
သူသည် နတ်ဆိုးသားတော်ကို သတ်ဖြတ်ခြင်း မပြုပါ။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်အား ဝင်စီးခဲ့သည့် လူ၏ အကြောင်းကို နတ်ဆိုးသားတော်ဆီမှ သိလာနိုင်ပုံပေါ်၏။
"သွေးစိတ်ဝိဉာဉ်ဓားလား.."
ထိပ်တန်းအင်အားစုများရှိ သိုင်းသမားများ အားလုံးလှုပ်ရှားလာကြသည်။ သူတို့အားလုံးသည် ရှီအာ၏ လက်ထဲရှိ လွှသွားသဏ္ဍာန် ဆေဘာကို ကြည့်မိကြ၏။
ယခုမျှ စွမ်းအားကြီးမားလှသည့် သိုင်းသမားများစွာ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရချိန်၌ ရှီအာမှာ အလွန် စိုးရိမ်သွားပြီး ချွေးစေးတို့ ကျဆင်းလာခဲ့၏။ သူ၏လက်များက အနည်းငယ် တုန်ခါလာကာ လွှသွားသဏ္ဍာန်ဓားကို နောက်သို့ ကွယ်ထားရန် ကြိုးစားသည်။
"ဒီဟာက တကယ်ပဲ သွေးစိတ်ဝိဉာဉ်ဓားများလား.."
"နည်းနည်းလောက် ထိခိုက်ထားတာကလွဲပြီး ဒဏ္ဍာရီထဲမှာ ပြောကြတဲ့ သွေးစိတ်ဝိဉာဉ်ဓားနဲ့ တကယ်ပဲတူတယ်.."
သွေးစိတ်ဝိဉာဉ်ဓားမှာ နတ်ဆိုးအရှင်သခင်ကြီး၏ အနှိုင်းမဲ့သည့် လက်နက်ဖြစ်သည်။ နတ်ဆိုးသားတော်က အော်ဟစ်လိုက်ပြီးနောက် ရွှေနဂါးကြီးကို အပြင်းအထန် တိုက်ခိုက်သည်။
"သွေးစိတ်ဝိဉာဉ်ဓားက ဘာလို့ မင်းလက်ထဲမှာ ရောက်နေတာလဲ ပြောစမ်း... ဦးလေးသွေး ဘယ်နေရာမှာလဲ.."
မကြာခင်တွင် နတ်ဆိုးသားတော်၏ မျက်လုံးများက နီရဲလာပြီး လီရွှမ်ကို စူးစိုက်စွာ ကြည့်သည်။ လူသတ်ငွေ့ဆန်စွာ ပြော၏။
"မင်းမလား... ဦးလေးသွေးစိတ်ဝိဉာဉ်ကို မင်းသတ်လိုက်တာမလား.."
ရှိနေကြသည့် တစ်ဝက်တစ်ပြက် ကောင်းကင်လူသားအားလုံးတို့လည်း အမှန်တရားကို နားလည်သွားကြသည်။ နတ်ဆိုးသားတော်နှင့် နတ်ဆိုးအရှင်သခင်ကြီးတို့၏ ပုံပြင်မှာ အမှန်တကယ် ဖြစ်သည့်ပုံ ရှိသည်။
နတ်ဆိုးသားတော်၏ တစ်ဖက်လူကို ခေါ်ဝေါ်သည့် ပုံစံကို ကြည့်ပါက သိမြင်နိုင်၏။
"အကို နတ်ဆိုးသားတော်... ဒီလူက နတ်ဆိုးအရှင်သခင်ကြီးကို သတ်ခဲ့တာဖြစ်မယ်။ ဒီအချိန်က လက်စားချေဖို့ အခွင့်အရေးကောင်းပဲ။ စိတ်လိုက်မာန်ပါ မလုပ်နဲ့။ အတူတူ တိုက်ခိုက်ကြရအောင်.."
ယွဲ့နိုင်ငံ၏ မယ်တော်က နက်ရှိုင်းသည့်အသံဖြင့် ပြော၏။
နတ်ဆိုးသားတော်က တည်ငြိမ်လာခဲ့သည်။ နောက်သို့ဆုတ်ကာ ပြီးခဲ့တုန်းက နေရာသို့ ပြန်သွား၏။ သူ၏ စွမ်းအားနှင့် လူတိုင်း၏ စွမ်းအားကို ပြန်လည်ပေါင်းစည်းလိုက်သည်။
နီရဲသော မျက်လုံးများနှင့် အသက်ကိုရှူရင်းက အက်ကွဲစွာပြော၏။
"မင်းက တကယ့်ကို ကောင်းကင်လူသားအဆင့် သိုင်းသမားတစ်ယောက်ပဲ။ ဒါပေမယ့် ဒဏ်ရာအပြင်းထန် ရထားတယ်မလား... ဦးလေးသွေးစိတ်ဝိဉာဉ်ကလည်း ကောင်းကင်လူသားအဆင့် သိုင်းသမားတစ်ယောက်ပဲ။ တန်ဖိုးကြီးကြီးမားမား မပေးရဘဲ သူ့ကိုသတ်ဖို့ မဖြစ်နိုင်ဘူး.."
ခရမ်းရောင်ဝတ်ရုံဝတ် မျက်နှာပြာနှင့်လူ အပါအဝင်စွမ်းအားကြီးမားသည့် သိုင်းသမားအားလုံးတို့ အံ့သြသွားကြသည်။ နတ်ဆိုးအရှင်သခင်ကြီးမှာ ကောင်းကင်လူသားအဆင့် သိုင်းသမားတစ်ယောက် ဖြစ်နေ၏။
ယခုအချိန်၌ လောကကြီးရှိ သိုင်းသမားများအားလုံး ပူးပေါင်းကာ နတ်ဆိုးအရှင်သခင်ကြီးအား ဝိုင်းဝန်းသတ်ဖြတ်ခဲ့သည်ဟူသည့် ဒဏ္ဍာရီကို အမှတ်ရလိုက်သည်။
အကြောင်းပြချက် များစွာတို့ကြောင့် ထိုကိစ္စကို တမင်ဖျောက်ဖျက်ထားလျှင်တောင် ဖြစ်၏။ ကောလဟာလများအား ကြားနိုင်ဆဲ ရှိသည်။
ယွဲ့နိုင်ငံ မယ်တော်ကြီး၏ မျက်နှာက ရှုပ်ထွေးသွားသည်။ လူတိုင်းကို အုပ်စိုးခဲ့သည့် နတ်ဆိုးအရှင်သခင်ကြီးသည် စစ်ဘုရင်အဆင့်၏ အထက်တွင် ရှိသည်ဟု အမှန်တကယ်ကို ကြားခဲ့ဖူး၏။
"လက်စသတ်တော့ ဒီလိုကို.."
လီရွှမ်က ရုတ်တရက် နားလည်သွားသည်။ မုန့်ချုံကို သတ်ဖြတ်လုနီးပါး ဖြစ်ခဲ့သည့်လူမှာ ဒဏ္ဍာရီထဲတွင် ကျော်ကြားသည့် နတ်ဆိုးအရှင်သခင်ကြီး ဖြစ်နေ၏။ကောင်းကင်လူသားအဆင့် သိုင်းသမားတစ်ယောက်ဖြစ်သည်။
လီရွှမ်က ပဟေဠိဖြစ်သွားသည်။ ထိုကဲ့သို့သော စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်သည် အကြွင်းအကျန် ဝိဉာဉ်တစ်ခုအဖြစ်သာ ကျန်ခဲ့ပြီး ဂူကောင်တစ်ကောင်ကဲ့သို့ ပိုးမွှားနှင့် လူအိုကြီးတစ်ယောက်ဆီသို့ ဝင်ပူးကာ ရှင်သန်ခဲ့ရသည်။
အဘယ်ကြောင့်နည်း။ ဖြစ်နိုင်သည်မှာ တစ်ဖက်လူ၏ မုန့်ချုံကို ပစ်မှတ်ထားခဲ့ခြင်းမှာလည်း မုန့်ချုံ၏ ကြံ့ခိုင်ထွားကြိုက်သည့် ခန္ဓာကိုယ်နှင့် ကြွယ်ဝသည့် အသက်ဓာတ်စွမ်းအင်တို့ကြောင့် ဖြစ်ပေလိမ့်မည်။
သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နက်ကာ ရူးသွပ်လုမတတ် ဖြစ်နေသည့် နတ်ဆိုးသားတော်ကို ကြည့်ရင်းက လီရွှမ်က အသာပြုံးသည်။
"ဝိဉာဉ်အကြွင်းအကျန်လေး တစ်ခုပဲ ကျန်တဲ့ ပုရွဲဆိတ်တစ်ကောင်က သူများခန္ဓာကိုယ်ကို ဝင်ပူးပြီး ပြန်လည်ရှင်သန်လိုခဲ့တယ်။ ဒါပေမယ့် အဲ့ဒီ့ကောင်ကို ငါ့တပည့်က တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်လိုက်တယ်.."
"ဂါး... မင်းက သေဖို့ထိုက်တန်တယ်... ပြီးတော့ မင်းရဲ့တပည့်တွေလည်း အကုန်သေဖို့ထိုက်တန်တယ်.." နတ်ဆိုးသားတော်မှာ လုံးဝ အထိန်းအချုပ် ကင်းမဲ့နေပါပြီ။
"တိုက်ခိုက်ကြ။ သူ့ကိုသတ်ကြ.."
နတ်ဆိုးသားတော်က အော်လိုက်၏။
"တိုက်ခိုက်ကြ.."
ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် ယွဲ့နိုင်ငံ၏ မယ်တော်ကဲ့သို့ လူများကလည်း နက်ရှိုင်းစွာ အော်လိုက်ကြသည်။
"ဘုန်း.."
လီရွှမ်က လက်ကိုမြှောက်ကာ ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်သည်။ ထူးမခြားနားစွာ ပြော၏။
"ဒီနေ့မှာ စစ်မှန်တဲ့ ကောင်းကင်လူသားတစ်ယောက်ရဲ့ စွမ်းအားကို အတွင်းဘက်နယ်မြေက သိုင်းသမားတွေ မြင်တွေ့ကြရလိမ့်မယ်။ ပြီးရင် သူတို့တွေ ရေတွင်းထဲက ဖားသူငယ်တွေလို မျက်စိမမြင် နားမမြင် ဖြစ်တော့မှာ မဟုတ်တော့ဘူး.."
ချက်ချင်းပင် မြစ်ရေက ကြီးမားသည့် ဓားကြီးတစ်ခုသဖွယ် ပြောင်းလဲသွားသည်။ ကောင်းကင်တွင် လွင့်မျောနေရင်းက ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့၏ လူအုပ်ဆီသို့ ခုတ်ပိုင်းလာခဲ့သည်။
ဓားချက်တစ်ချက်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးက အရောင်ပြောင်းသွားခဲ့၏။ လီရွှမ်မှာ ဂရုမစိုက် ပြုရဲခြင်း မရှိပေ။ ခွန်အားအားလုံးတို့ကို အသုံးပြုခဲ့၏။
လက်သီးတစ်ချက်နှင့်အတူ ရွှေရောင်နဂါးကြီးက မာန်ဖီကာ လောကကြီးသို့ အစစ်အမှန် နဂါးတစ်ကောင် ပေါ်ထွက်လာသည့်နှယ် တိုက်ခိုက်၏။
လက်ကိုမြှောက်ကာ ခုတ်ပိုင်းလိုက်ချိန်၌ ကောင်းကင်၏ အောက်ရှိ အရာအားလုံးတို့ကို အုပ်စိုးသည့် ကြီးစိုးခြင်း ကောင်းကင်ဆေဘာ အလင်းက မိုးကောင်းကင်ကို ဖြတ်သန်းပြီး ရပ်တန့်မရနိုင်စွာ ပေါ်ပေါက်လာခဲ့သည်။
လက်သီးချက်တစ်ချက်ကို ထိုးလိုက်ချိန်၌ ပြင်းထန်သည့် လေထုက တိုက်ခတ်လာပြီး အရာအားလုံးတို့ကို ဖျက်ဆီး၏။
ရှဲ့ထန်းဟန်နှင့် ဓားသခင်ချောက်ကမ်းပါးမှ အခြား သိုင်းသမားများမှာ ဒီအချိန်၌ ထိတ်လန့်ကုန်ကြသည်။
ဤသည်မှာ ကောင်းကင်လူသား၏ စွမ်းအားလေလား။
သူတို့၏ ခွန်အားနှင့် လီရွှမ်ထုတ်ဖော်သည့် စွမ်းအားတွင် ကောင်းကင်လူသားများကဲ့သို့ ဖိအားမျိုး မပိုင်ဆိုင်ထားကြောင်းကို ခံစားမိပါသည်။ ဆိုလိုသည်မှာ တစ်ဖက်လူသည် အမှန်တကယ်ကို ရန်သူများအား အဆင့်တူနှင့် တိုက်ခိုက်နေခြင်း ဖြစ်၏။
ရန်သူတို့မှာ အလွန် အင်အားတောင့်တင်းလှလျှင်တောင် ခွန်အားအဆင့်ကို အသုံးပြုကာ အနိုင်ကျင့်ခြင်း မရှိပေ။
မည်မျှ တော်ဝင်ဆန်လိုက်သည့် ပုဂ္ဂိုလ်လေနည်း။
ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့မှ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများသည် အထွတ်အထိပ် စစ်ဘုရင်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်မှု ပြုကြ၏။
သူတို့၏ တိုက်ခိုက်ပုံ အသွင်အပြင်က ကြောက်ဖို့ကောင်းလှပြီး မြစ်ပြင်ကို ဖျက်ဆီးကာ ချန်းလန်ကျွန်းတစ်ခုလုံးကို ဖြိုချပစ်ချင်သည့်နှယ် ရှိသည်။
李 玄: