← Chapters

ရှဲ့ထန်းဟန်၏ ဓားပညာ၊ ကျေးဇူးတင်ပါတယ် စီနီယာကောင်းကင်လူသား

Vol. 23 Ch. 342

ရှဲ့ထန်းဟန်၏ ဓားပညာ၊ ကျေးဇူးတင်ပါတယ် စီနီယာကောင်းကင်လူသား

Vol. 23 Ch. 342

ချန်းလန်အပေါ်ရှိ လူတိုင်း၏ အကြည့်က ဓားသခင် ချောက်ကမ်းပါး၏ ဓားနန်းတော်သခင် ရှဲ့ထန်းဟန်အပေါ်သို့ ကျရောက်သွားသည်။

ဒီအချိန်၌ သူသည် ထည်ဝါလှသည့် အငွေ့အသက်ကို ထုတ်လွှတ်နေပြီး ပြင်းထန်သည့် တိုက်ပွဲအတွက် အဆင်သင့်ရှိနေ၏။

ပြီးခဲ့တုန်းက များပြားလှသည့် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ မဟာမိတ်အဖွဲ့သည် အလွယ်တကူ သတ်ဖြတ်ခြင်းခံရကာ အညံ့ခံခဲ့ရ၏။ သူသည် ဘယ်လိုလုပ်ပြီး လာရောက် တိုက်ခိုက်ရဲသနည်း။

ရှဲ့လင်ဖုန်း၏ မျက်နှာက ဖြူရော်သွားသည်။ နဖူးမှ ချွေးစေးများ ကျလာခဲ့၏။ သူ၏ ဖခင်ဖြစ်သူသည် မည်သည်ကို စဉ်းစားနေသနည်း။ တံခါးပိတ်ကျင့်ကြံမှုမှ ထွက်ခွာလာပြီးသည်နှင့် အတိုင်းမသိနိုင်သည့် မောက်မာမှုတို့ဖြင့် ပြည့်နက်နေပါသည်။

ခုနက ဆရာကြီးသည် ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့မှ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများနှင့် အထွတ်အထိပ် စစ်ဘုရင်အားလုံးတို့ကို ပြာအဖြစ် ပြောင်းလဲခဲ့၏။

ထိုကဲ့သို့သော စွမ်းအားကို သူအနေနှင့် ရင်ဆိုင်နိုင်သည်ဟု ထင်နေသေးသည်လား။

"အဖေ... ကျွန်တော်ပြောတာကို နားထောင်..."

ရှဲ့လင်ဖုန်းမှာ မျက်ရည်ကျလုမတတ် ဖြစ်နေပါပြီ။

"ဘေးကိုဖယ်နေ ငါ့သား.."

ရှဲ့ထန်းဟန်က စိတ်ပူနေသည့် ရှဲ့လင်ဖုန်းကို အသာတွန်းထုတ်လိုက်သည်။

ချန်းလန်ကျွန်း၏ အပြင်ဘက်တွင် ဓားသခင်ချောက်ကမ်းပါးမှ စွမ်းအားကြီးပုဂ္ဂိုလ်အုပ်စုက ရှဲ့လင်ဖုန်းကို ဖမ်းကာ လုံခြုံသည့် နေရာတစ်ခုသို့ ဆုတ်ခွာသွားကြသည်။

"သခင်လေး... အရမ်းကြီး မကပ်သွားစေနဲ့။ တော်ကြာ အားလှိုင်းသက်ရောက်ပြီး အသက်အန္တရာယ် ထိခိုက်လိမ့်မယ်.."

"ဟုတ်တယ်... ငါတို့ ဓားနန်းတော်သခင်နဲ့ ပတ်သက်ပြီး တစ်ခုခု မဟုတ်သေးဘူး။ အခုချိန်မှာ မင်းစိတ်လိုက်မာန်ပါ မလုပ်နဲ့။ ဓားနန်းတော်သခင်ရဲ့ ရာထူးက မင်းဆက်ခံဖို့အတွက် စောင့်နေတယ်.."

ရှဲ့လင်ဖုန်းမှာ သွေးအန်လုမတတ် ဖြစ်သွားသည်။

လီရွှမ်မှာ ကုလားထိုင်ပေါ်တွင် ဆက်လက်ထိုင်နေဆဲရှိ၏။ ရှဲ့ထန်းဟန်ကို ထူးဆန်းသည့် မျက်နှာဖြင့်ကြည့်သည်။ ဒီရှဲ့လင်ဖုန်း၏ ဖခင်ဖြစ်သူသည် အမှန်တကယ်ကို မောက်မာလှ၏။

ရှဲ့ထန်းဟန်က သူ၏ဓားကို ဓားအိမ်အတွင်းမှ ဆွဲထုတ်ကာ မျက်လုံးများက ပြတ်သားစွာ ရှိနေပါသည်။

လေးနက်စွာဖြင့် ပြော၏။

"ကျွန်တော် ရှဲ့ထန်းဟန်ရဲ့ ဘဝတလျှောက်လုံး ဓားတာအိုရဲ့ အထွတ်အထိပ်ကို လိုက်လံရှာဖွေခဲ့တယ်။ ဓားတာအိုရဲ့ စစ်မှန်တဲ့ သိုင်းသမားတစ်ယောက်က ပိုသန်မာတဲ့လူတွေကို စိန်ခေါ်မှုပြုပြီး ကိုယ့်ကိုယ်ကို အကန့်အသတ်ထက် ကျော်လွန်အောင် တွန်းပို့နိုင်ရမယ်လို့ အမြဲတမ်း ယုံကြည်ခဲ့တယ်.."

လီရွှမ်က နှလုံးသားထဲတွင် ခေါင်းငြိမ့်သည်။ ရှဲ့ထန်းဟန်မှာ မာနကြီးသည့် လူတစ်ယောက် ဖြစ်၏။ ဓားတာအိုအတွက် ထူးကဲသည့် ပါရမီအားလည်း ပိုင်ဆိုင်ထားသည်။

သူသည် အလွန်အရိုင်းဆန်ကာ မောက်မာသည့် စိတ်ဝိဉာဉ်ရှိ၏။ မဟုတ်ပါက ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ရှေ့တွင် အားလုံးကို အထင်သေးစွာ ပြုမူရဲမည် မဟုတ်ပေ။

သူ၏သတ္တိက အသိအမှတ်ပြုဖို့ ကောင်း၏။

"ဒီတစ်ကြိမ် တံခါးပိတ်ကျင့်ကြံမှု အတွင်းမှာ အဆင့်ချိုးဖျက်မှုတစ်ခု ဖြစ်ခဲ့တယ်။ အရင်က ဘယ်သိုင်းသမားမှ မရောက်ခဲ့ဖူးတဲ့ ဓားတာအိုလမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ယုံကြည်တယ်။ ကျုပ်ရှဲ့ထန်းဟန်က ဓားတာအိုအတွက် ခေတ်သစ်တစ်ခုကို ဆောင်ကျဉ်းပေးမယ့် ရှေ့ဆောင်လမ်းပြတစ်ယောက်ပဲ.."

"စီနီယာကြီးအတွက် ကျွန်တော်က ပြိုင်ဘက်မဟုတ်ဘူးဆိုတာကို ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့် ဓားတာအိုကို အရည်သွေးဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက သန်မာသူကို စိန်ခေါ်ဖို့ပဲ။ ဒီနေ့မှာ သတ္တိကို မွေးထုတ်ပြီး စီနီယာကြီးဆီကနေ ညွှန်ကြားချက်ကို တောင်းခံလိုပါတယ်.."

ရှဲ့ထန်းဟန်က နက်ရှိုင်းသည့်အသံဖြင့် ဂုဏ်ယူစွာပြော၏။

လီရွှမ်က စိတ်ဝင်စားသွားသည်။ ရှဲ့ထန်းဟန်သည် မည်ကဲ့သို့သော ဓားတာအိုမျိုးကို နားလည်သဘောပေါက်ခဲ့သနည်း။ ဖြစ်နိုင်သည်မှာ သူဖန်တီးထားသည့် ဓားတာအိုထက် ပိုမို စွမ်းအားကြီးမားသည်လား။

သူ့ကိုယ်သူ ဓားတာအို သမိုင်းတစ်လျှောက်ရှိ နံပါတ်တစ်ပုဂ္ဂိုလ်ဟု ပြောနေလေသည်။ ဓားလမ်းစဉ်၏ ရှေ့ဆောင်လမ်းပြတစ်ယောက်ဟုလည်း ဆိုခဲ့၏။

"ဒါဆိုရင် မင်း.. ဓားတာအိုရဲ့ သမိုင်းတစ်လျှောက်မှာ ဘယ်လိုမျိုး နံပါတ်တစ်ဖြစ်လာပြီး ဓားတာအိုခေတ်ရဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက် ဘယ်လိုဖြစ်နိုင်မလဲဆိုတာကို ကြည့်တာပေါ့.."

လီရွှမ်က အပြုံးတစ်ခုဖြင့် အသာပြော၏။

"ခင်ဗျားကို စိတ်မပျက်စေရပါဘူး.."

ရှဲ့ထန်းဟန်က လေးနက်စွာ ပြောသည်။

"ဒါဆိုရင် စကြရအောင်.."

လီရွှမ်မှာ ထိုင်နေဆဲသာရှိ၏။ မတ်တပ်ရပ်ရန်ပင် စိတ်ကူးခြင်း မရှိပေ။

သူ၏ရှေ့တွင် ဓားတာအိုကို ပြသချင်သည်လား။ အမှန်တကယ်ကို ရဲတင်းလှပါသည်။

ရှဲ့ထန်းဟန်က စိတ်မရှိပေ။ ဒီတစ်ကြိမ်တွင် သူ၏ တစ်ခုတည်းသောပန်းတိုင်မှာ ပိုမို စွမ်းအားကြီးမားသူကို စိန်ခေါ်မှုပြုပြီး ဓားတာအိုကို ခိုင်မာအောင် ပြုလုပ်ရန်သာ ဖြစ်သည်။

"အုန်း.."

ဓားရှည်ကို မြှောက်လိုက်ပြီးနောက် စက္ကန့်ပိုင်းအတွင်းတွင် ရှဲ့ထန်းဟန်ဆီမှ ထည်ဝါသည့် ဓားအားတစ်ခု ပေါက်ကွဲထွက်လာ၏။ ထိုဓားအားက ပိုမို စွမ်းအားကြီးမားလာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လှုပ်ခါစေသည်။ ဓားရှည်အပေါ်တွင် စုစည်းနေ၏။

ဒီအချိန်၌ ရှဲ့ထန်းဟန်သည် ကောင်းကင်နှင့်ကမ္ဘာမြေအကြား၌ ရပ်နေသည့် ဓားရှည်တစ်ချောင်း ကဲ့သို့ ရှိနေပါတော့သည်။ ကြမ်းကြုတ်ကာ သေစေနိုင်သည့် ဓားအားက စုစည်းနေပြီး ဓားမုန်တိုင်းတစ်ခုနှယ် ရှိနေပါသည်။

ချန်းလန်ကျွန်း၏ အပြင်ဘက်တွင် ရှဲ့လင်ဖုန်းမှာ စိုးရိမ်မှုတို့ဖြင့် ပြည့်နက်နေ၏။ ကျန်းကျွင်းရာမှ စွမ်းအားကြီးပုဂ္ဂိုလ်များလည်း တူညီစွာဖြစ်သည်။

ဒီအချိန်၌ သူတို့အားလုံးသည် မှင်သက်သွားကြ၏။

ဤသည်မှာ မည်ကဲ့သို့သော ဓားတာအိုမျိုး ဖြစ်သနည်း။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အကြားတွင် ရပ်နေသည့် ဓားအားမှာ စုစည်းနေပြီး ကြမ်းကြုတ်ကာ သေစေနိုင်လောက်သည်။

တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများ၏ စွမ်းအားထက်ပင် ကျော်လွန်၏။

"ငါတို့ရဲ့ ဓားနန်းတော်သခင် ဘယ်လောက်စွမ်းအားကြီးတဲ့ ဓားတာအိုမျိုးကို လေ့လာခဲ့တာလဲ.."

"ဓားတာအိုခေတ်သစ်ရဲ့ ရှေ့ဆောင်လမ်းပြလား... ဓားနန်းတော်သခင် အရမ်းမောက်မာနေတာ အံ့သြစရာမရှိဘူးပဲ.."

ဓားသခင်ချောက်ကမ်းပါးမှ စွမ်းအားကြီးသူများမှာ မိန်းမောတွေဝေကုန်ကြသည်။

"အဖေက ဘာကို နားလည်ခဲ့တာလဲ... ကြည့်ရတာ အရမ်းစွမ်းအားကြီးမားသလိုပဲ.."

ရှဲ့လင်ဖုန်းလည်း အံ့သြသွား၏။

လီရွှမ်က ရှဲ့ထန်းဟန်ကို အံ့ဩစွာ ကြည့်သည်။ ဒီဓားသခင်ချောက်ကမ်းပါးမှ ‌ဓားနန်းတော်သခင်သည် အမှန်တကယ်ကို ဓားတာအိုတွင် ထူးခဲ့သည့် ပါရမီမျိုး ပိုင်ဆိုင်ထား၏။ သူသည် ရှဲ့လင်ဖုန်းထပ်ပင် သာလွန်ပါသည်။ ရွှီယန်မှလွဲ၍ ရှဲ့ထန်းဟန်သည် ဓားတာအို၏ အကောင်းဆုံးပါရမီရှိသူ ဖြစ်ပေလိမ့်မည်။

ထို့အပြင် ရှဲ့ထန်းဟန်မှာ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားအဆင့် မဟုတ်ပေ။ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်သာ ဖြစ်၏။

သူသည် ထိုခြေလှမ်းသို့ မလှမ်းရသေးပေမယ့် အလွန်ကြမ်းကြုတ်ကာ သေစေနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ဓားအားက အလွန်စွမ်းအားကြီးမားလှပြီး တစ်ဝက်တစ်ပြက် ကောင်းကင်လူသား၏ စွမ်းအားကို လျစ်လျူရှု့နိုင်၏။

ရှဲ့ထန်းဟန်သည် အလွန်မောက်မာနေတာ အံ့သြစရာမရှိပေ။

"ငါရှဲ့ထန်းဟန်... ဓားတာအိုရဲ့ စွမ်းအားကို နားလည်သဘောပေါက်နိုင်ခဲ့တယ်။ ဓားအားက ဓားဖြစ်ပြီး ဓားကလည်း ဓားအားဖြစ်တယ်။ ဒါက ဓားတာအိုအတွက် အဖြေတစ်ခုပဲ။ ဘယ်သူမှ မဖန်တီးနိုင်ခဲ့တဲ့ ဓားတာအိုရဲ့ လမ်းစဉ်တစ်ခုလည်း ဖြစ်တယ်.."

"ငါရှဲ့ထန်းဟန်က ဓားတာအိုရဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက် ဖြစ်တယ်။ ဒီနေ့မှာ စီနီယာဆီကနေပြီးတော့ ညွှန်ကြားချက်ကို တောင်းခံလိုတယ်.."

ရှဲ့ထန်းဟန်က ဂုဏ်ယူစွာ ကြည့်သည်။ သူ့ကိုယ်သူ လောကကြီး၌ အကောင်းဆုံးကဲ့သို့ ရှိနေ၏။

လီရွှမ်က ပြုံးသည်။ ရှဲ့ထန်းဟန်သည် ဓားဆန္ဒကို နားလည်သဘောပေါက်ခြင်း မရှိခဲ့သလို သန့်စင်သောဓားနှလုံးသားအားလည်း ပိုင်ဆိုင်ထားခြင်း မရှိပါ။

သို့ပေမယ့် သူသည် ဓားအားကို နားလည်သဘောပေါက်ခဲ့ပြီး ထိုဓားအားကို စုစည်းနိုင်ခဲ့၏။ ဓားအားက ဓားဖြစ်လာသလို ဓားကလည်း ဓားအားဖြစ်လာခဲ့သည်။

ဒီဓားအား၏ စုစည်းမှုက ကျယ်ပြောကာ ကြမ်းတမ်း၏။ ဒီအချိန်၌ ရှဲ့ထန်းဟန်သည် သူ့ကိုသူ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အကြား၌ ရပ်နေသည့် ဓားအားတစ်ခုကဲ့သို့ မြင်ယောင်လာခဲ့သည်။

လီရွှမ်က စိတ်ထဲတွင် သက်ပြင်းချသည်။ သူ၏ တည်ရှိမှုကြောင့် ပိုမို စွမ်းအားကြီးမားသည့် ဓားတာအိုကို ဖန်တီးကာ ရွှီယန်အား နားလည်သဘောပေါက်စေခဲ့ပြီး ဓားဆန္ဒအား ဉာဏ်အလင်းရစေခဲ့၍သာ မဟုတ်ပါက ရှဲ့ထန်းဟန်မှာ ဓားတာအိုခေတ်သစ်၏ ရှေ့ဆောင်လမ်းပြတစ်ယောက် ဖြစ်လာမှာ အမှန်တကယ် ဖြစ်သည်။

အနည်းဆုံးတော့ သူသည် အတွင်းဘက်နယ်မြေ၏ ဓားတာအိုမှ ရှေ့ဆောင်လမ်းပြတစ်ဦး ဖြစ်၏။

သို့ရာတွင် ဓားအားမှာ စွမ်းအားကြီးမားပေမယ့် သူ၏မျက်လုံးထဲတွင် အလွန်ပြန့်ကြဲကာ အားနည်းလှပါသည်။ စွမ်းအားကြီးမားပေမယ့် ရည်ရွယ်ချက် ကင်းမဲ့၏။ ဤသည်မှာ လေညှင်းတစ်ခုနှယ် ပျောက်ကွယ်သွားဖို့ ကံပါလာခဲ့သည်။

ရွှီယန်လည်း သန့်စင်သော ဓားနှလုံးသားကို ရရှိသည့်အချိန်၌ ဓားအားကို နားလည်သဘောပေါက် လာခဲ့သည်။ သို့ပေမယ့် ဤသည်ကို အလွန် အားနည်းသည်ဟု ခံစားခဲ့ရ၏။ ထို့ကြောင့် ဓားအားကို ကျင့်ကြံမှုမပြုဘဲ အဲ့ဒီ့အစား ပိုမိုသန်မာသည့် ဓားဆန္ဒကို တစ်ခါတည်း လေ့လာခဲ့ခြင်း ဖြစ်သည်။

ဓားဆန္ဒက အသွင်သဏ္ဍာန် ကင်းမဲ့ကာ တာအိုအထိ ပေါက်ရောက်နိုင်၏။ ဓားအားမှာတော့ ဓားတာအိုအဆင့်နှင့် ကင်းကွာလှသည်။ ဤသည်မှာ ပိုမိုသန်မာသည့် သတ်ဖြတ်ခြင်း အတတ်တစ်ခုသာ ဖြစ်၏။ အနည်းဆုံးတော့ လီရွှမ်၏ မျက်လုံးထဲတွင် ထိုကဲ့သို့သာ ဖြစ်သည်။

'ဓားအားက ကျယ်ပြောပြီး စွမ်းအားကြီးမားပုံ ပေါ်ပေမယ့် နောက်ဆုံးမှာတော့ အရမ်းကို ပုံရိပ်ယောင်ဆန်လွန်းတယ်..'

လီရွှမ်က ခေါင်းကိုရမ်းသည်။ လက်ကိုမြှောက်ကာ သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်ကို ဓားတစ်ချောင်းအဖြစ် စုစည်းလိုက်၏။

All Chapters