ရှဲ့ထန်းဟန်၏ ဓားပညာ၊ ကျေးဇူးတင်ပါတယ်စီနီယာကောင်းကင်လူသား(၂)
Vol. 23 Ch. 343
"ငါ့ရဲ့မျက်လုံးထဲမှာ မင်းက ဓားတာအိုအပေါ်ကို ခြေချမှုတောင် မပြုနိုင်သေးဘူး။ ဒါပေမယ့် ဓားပညာကို ကျင့်ကြံတဲ့ သိုင်းသမားတွေထဲကနေပြီးတော့တော့ တကယ်ပဲ ကျော်လွန်သွားခဲ့ပြီ။ မင်းမှာ ထူးကဲတဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ်လို့ ယူဆလို့ရတယ်.."
"ဒါကတော့ ဓားဆန္ဒပဲ... ဓားတာအိုအပေါ်ကို သန့်စင်တဲ့ နားလည်သဘောပေါက်မှု ရထားတဲ့လူတွေပဲ ဓားတာအိုလမ်းကြောင်းပေါ်ကို ခြေချနိုင်တယ်။ ပြီးတော့ ဓားဆန္ဒကို နားလည်လာနိုင်ကြတယ်.."
"ဒီဓားချက်ကို ကြည့်ကြည့်ပြီးတော့ ဘယ်လောက် နားလည်မှုရလာမလဲ ဆိုတာကို ကြိုးစားကြည့်။ ကျန်တာကတော့ မင်းပေါ်မှာပဲ မူတည်တယ်.."
လီရွှမ်က ပြောပြီးနောက် သူ၏လက်ကို ဝှေ့ရမ်းလိုက်သည်။ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် ဖန်တီးလိုက်သည့် ဓားဖြင့် ရှဲ့ထန်းဟန်ဆီသို့ ခုတ်ပိုင်းလိုက်၏။ တောင်နှင့်မြစ် ဓားဆန္ဒက ထွက်ပေါ်လာခဲ့သည်။
"ဓားဆန္ဒလား.."
ရှဲ့ထန်းဟန်က မျက်မှောင်ကျုံ့သွားပြီး သူ၏ဓားကို ခုတ်ပိုင်းချလိုက်သည်။ စွမ်းအားကြီးမားလှသည့် ဓားအားက ဓားကြီးအဖြစ်သို့ စုစည်းသွားပြီး အရာအားလုံးတို့ကို ချိုးဖျက်သွားနိုင်ဟန် တူ၏။
သို့ပေမယ့် မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားသည်ဟူသည့် ဓားအားသည့် စိတ်ဝိဉာဉ်စွမ်းအင်နှင့် ဓားဆန္ဒကို ရင်ဆိုင်မိသည်နှင့် နီရဲနေအောင် ပူပြင်းနေသည့် သံအပေါ်သို့ အဆီတုံးတစ်တုံး ကျသွားသည့်နှယ် ရှိနေပါသည်။
"ဟစ်.."
ဟူသည့် အသံတစ်ခုနှင့်အတူ အလွယ်တကူ ပြိုလဲသွားခဲ့၏။
"မဖြစ်နိုင်ဘူး.."
ရှဲ့ထန်းဟန်က မှင်သက်သွားသည်။
"သွားစမ်း.."
လျှပ်တပြက်အတွင်း ရှဲ့ထန်းဟန်၏ ဓားအားက ပြင်းထန်စွာ မြင့်တက်လာပြီး ဝမ်ဟယ်ဓားသိုင်းကို အသုံးပြုလိုက်သည်။ ဓားအားမှာ ငရဲလှောင်ချိုင့်ကဲ့သို့ အဆုံးမသတ်နိုင်အောင် ရှိနေ၏။
သို့ရာတွင် တစ်ဖက်လူ၏ ထိုဓားချက်ကို ရင်ဆိုင်ရချိန်၌ ခုခံရန်အတွက် လုံးဝစွမ်းအားမဲ့နေဆဲ ရှိသည်။
"ဓားဆန္ဒလား.."
ထိုအချိန်၌ ရှဲ့ထန်းဟန်တစ်ယောက် တွေဝေသွားခဲ့၏။ ပိုမိုတိုက်ခိုက်မှုပြုလေလေ ဓားဆန္ဒ၏ စွမ်းအားနှင့် လျှို့ဝှက်ဆန်းကြယ်မှုများကို ပိုမိုခံစားရလေ ဖြစ်လာခဲ့သည်။
သူ၏ ဓားအားမှာ ဓားဆန္ဒဖြင့် ထိန်းချုပ်ခြင်းကို ခံထားရသည့်အလား မည်သည့်တိုက်ခိုက်မှု စွမ်းအား တစ်စုံတစ်ရာမှ ရှိမနေပေ။
ကြည့်ရသည်မှာ ဓားဆန္ဒကို နားလည်သဘောပေါက်ထားသည့် လူများသည် ဓားဆန္ဒမရှိဘဲ ဓားလမ်းစဉ်ကို လျှောက်လှမ်းသည့် လူများအား အလွယ်တကူ ဖိနှိပ့်နိုင်ပုံ ပေါ်၏။
သူအပတ်တကုပ် ကြိုးစားအားထုတ်ကာ နားလည် သဘောပေါက်လာခဲ့သည့် ဓားအားသည် အလွန်ချိနဲ့လှကြောင်းကို ရှဲ့ထန်းဟန်တစ်ယောက် လက်မခံနိုင်စွာ ရှိနေပါတော့သည်။
ခွန်အားအားလုံးတို့ကို စုစည်းကာ ဓားအားက ပိုမိုပိုမိုကာ ကြောက်စရာကောင်းစွာ သန်မာလာခဲ့၏။ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတစ်ယောက်၏ ခွန်အားအပြည့်ထက်ပင် ကျော်လွန်လာခဲ့သည်။
"ဓားအားက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး အဲ့ဒါက လေပြင်းတစ်ဖြတ်လောက်ပဲ ရှိတယ်။ သန်မာတဲ့လေက သစ်ပင်တစ်ပင်နဲ့ အိမ်တစ်လုံးကို ကျွတ်ထွက်သွားနိုင်တာ ဖြစ်စေလိမ့်မယ်။ ဒါပေမယ့် ကြီးမားတဲ့ ကျောက်တုံးတစ်တုံးကိုတော့ ရွေ့လျားစေဖို့ မဖြစ်နိုင်ဘူး.."
"ဒါပေမယ့် ဓားဆန္ဒကတော့ အဲ့ဒီ့ကျောက်တုံးကြီးကို ပြာအဖြစ် ပြောင်းလဲသွားစေနိုင်တယ်.."
"မင်းနားလည်သဘောပေါက်ခဲ့တာက ဓားအားပဲ။ အဲ့ဒါက အသိအမှတ်ပြုဖို့ တကယ်ပဲ ကောင်းပါတယ်။ ဓားအားကိုသာ ဆန္ဒအဖြစ် ပြောင်းလဲနိုင်ပြီး ဓားဆန္ဒကို နားလည်သဘောပေါက်လာနိုင်မယ်ဆိုရင် ဓားတာအိုရဲ့ ဂိတ်တံခါးတွေကို အမှန်တကယ် ဝင်ရောက်လာနိုင်လိမ့်မယ်.."
လီရွှမ်က ပြုံးကာ ညွှန်ကြားချက်အချို့အား ပေး၏။
ရှဲ့ထန်းဟန်၏ ပုံစံက မွန်းကြပ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်လာခဲ့၏။ တံခါးပိတ်ကျင့်ကြံမှုအတွင်းတွင် သူ့ကိုယ်သူ ဓားလမ်းစဉ်၏ အနှိုင်းမဲ့သည့် လမ်းကြောင်းတစ်ခုအား ရှာဖွေတွေ့ရှိခဲ့သည်ဟု ထင်ထားခဲ့တာပါ။
ဓားတာအိုခေတ်သစ်၏ ရှေ့ဆောင်လမ်းပြတစ်ယောက်အဖြစ် ထင်မှတ်ခဲ့၏။ လောကကြီးရှိ မည်သူကိုမှ စိတ်ထဲမထားတော့ပေ။
သို့ပေမယ့် ယခုအချိန်၌ သူ၏ဓားအားမှာ အလွန်ချိနဲ့လှသည်လား။
ဓားဆန္ဒ...
ဤသည်မှာ မည်ကဲ့သို့သော နက်ရှိုင်းသည့် သဘောတရား ဖြစ်သနည်း။ အရင်က ဘယ်တုန်းကမှ ကြားဖူးခြင်း မရှိခဲ့ပေ။ ထို့အပြင် ဒီစွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်၏ မျက်လုံးထဲတွင် သူသည် ဓားတာအို၏ ဂိတ်တံခါးသို့ပင် ဝင်ရောက်ပြီးခြင်း မရှိပေဘူးလား။
"ညွှန်ကြားချက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဂျူနီယာ သွားပါဦးမယ်.."
ရှဲ့ထန်းဟန်မှာ ပြိုလဲလုမတတ် ဖြစ်နေပါပြီ။ ဓားကိုသိမ်းကာ ဦးညွှတ်ပြီးနောက် တောင့်တင်းသည့် မျက်နှာဖြင့် ပြော၏။ စကားအဆုံးတွင် လျှင်မြန်စွာ ထွက်ခွာသွားသည်။
"အဖေ.."
ရှဲ့လင်းဖုန်းက စိုးရိမ်စွာ လှမ်းခေါ်၏။
"ဓားနန်းတော်သခင်.."
ဓားသခင်ချောက်ကမ်းပါးမှ စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးတို့လည်း လှမ်းခေါ်ပြီး နောက်မှ လျှင်မြန်စွာ လိုက်သွားကြသည်။
ရှဲ့လင်ဖုန်းသာလျှင် ပြာယာခတ်စွာ ကျန်ရစ်ခဲ့၏။ အရှက်ရစွာဖြင့် ချန်းလန်ကျွန်းဆီသို့ ပြန်သွားကာပြောသည်။
"ဆရာကြီး... ကျေးဇူးပြုပြီး ကျွန်တော့်အဖေကို စိတ်မရှိပါနဲ့..."
ခဏတာအတွင်း သူဟာ မည်သည်ကို ပြောရမည်မသိ ဖြစ်နေပါသည်။
"မင်းရဲ့အဖေက ဓားတာအိုအပေါ်မှာ တော်တော်လေး ပါရမီကောင်းတယ်။ ဒီကျရှုံးမှုကိုသာ ဖြတ်ကျော်နိုင်မယ်ဆိုရင် အချိန်တစ်ခု ပေးလိုက်တာနဲ့ ဓားတာအို လမ်းကြောင်းအပေါ်ကို သေချာပေါက် ဝင်ရောက်နိုင်မှာ။ ဓားဆန္ဒကို သေချာပေါက် နားလည်သဘောပေါက်လာနိုင်မှာ.."
လီရွှမ်က အပြုံးတစ်ခုဖြင့် ပြောသည်။
ရှဲ့လင်ဖုန်းမှာ အံ့သြသွား၏။ သူ၏ ဖခင်အပေါ် ဆရာကြီး၏ သုံးသပ်မှုမှာ အလွန် မြင့်မားလှသည်လား။
"မင်းက ဓားတာအိုအပေါ်ကို ခြေချနိုင်ဖို့အတွက် အနည်းငယ် လိုအပ်နေသေးတယ်။ ဓားဆန္ဒကို နားလည်သဘောပေါက်နိုင်ဖို့ဆိုတာ အချိန်ယူပြီး ဖြေးဖြေးခြင်း လေ့လာဖို့ လိုအပ်ဦးမှာ။ အချိန်က တိုတောင်းမှာ မဟုတ်ဘူး.."
"ဒါမှမဟုတ်ရင် ဉာဏ်အလင်းရတာကို စောင့်စားမှ ရမယ်။ အဲ့ဒါဆိုရင်လည်း ဓားဆန္ဒကို နားလည်သဘောပေါက်လာနိုင်တယ်.."
"ဒါပေမယ့် အရင်ဆုံး ဓားအားကို လေ့လာဖို့ ငါမင်းကို အကြံပေးချင်တယ်။ ပြီးတော့မှ ဓားအားကနေတစ်ဆင့် ဓားဆန္ဒကို စုစည်းပေါ့။ မင်းအတွက် ဒီလမ်းကြောင်းက ကောင်းမွန်တယ်လို့ ပြောလို့ရတယ်.."
လီရွှမ်က အကြံပေးချက်အချို့အား ပေးသည်။
ရှဲ့လင်ဖုန်း၏ ပါရမီမှာ မဆိုးလှပေ။ သူသည် ဓားတာအို၏ လမ်းစဉ်အတွင်းသို့ ခြေချရန်အတွက် ဝေးကွာခြင်း မရှိတော့ပါ။
ဓားဆန္ဒမှာ နားလည်သဘောပေါက်နိုင်ရန် အတွက် ခက်ခဲလှ၏။ လူတိုင်းက ရွှီယန်ကဲ့သို့ မကောင်းဆိုးဝါးမဟုတ်ပေ။ ရှဲ့ထန်းဟန်၏ ပေါ်ပေါက်လာမှုက လီရွှမ်အား ဓားတာအို၏ စတင်ခြင်းအဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် အခက်အခဲကို လျှော့ချနိုင်ရန် ကြားခံအဆင့်တစ်ခုအား နားလည်သဘောပေါက်လာစေ၏။
ဓားတာအို ကျင့်ကြံသူများသည် အရင်ဆုံး ဓားအားအား အခြေခံအဖြစ် စတင်ကျင့်ကြံလို့ရ၏။ သူတို့အနေနှင့် ဓားဆန္ဒကို နားလည်သဘောပေါက်ရန် ကျရှုံးလျှင်တောင် ဓားအားကို ပျိုးထောင်ရင်းနှင့် ခွန်အားမှာ သိသိသာသာ တိုးတက်လာနိုင်မှာ ဖြစ်သည်။
"ညွှန်ကြားမှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာကြီး.."
ရှဲ့လင်ဖုန်းက လေးစားစွာ ဦးညွှတ်သည်။ ချန်းလန်ကျွန်းပေါ်တွင် အချိန်အကြာကြီး နေမနေတော့ဘဲ ဖခင်ဖြစ်သူကို နှစ်သိမ့်ရန်အတွက် လျှင်မြန်စွာ ထွက်ခွာသွား၏။ ပြီးနောက် ဓားအားကိုလည်း သင်ယူမည်ဖြစ်သည်။
'ရှဲ့ထန်းဟန်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်..'
လီရွှမ်က ပြုံးသည်။
ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့၏ ကောင်းကင်လူသားအား သွားရောက်တိုက်ခိုက်သည့် သတင်းမှာ အတွင်းဘက်နယ်မြေ၏ သိုင်းလောကတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သိုင်းသမားအားလုံးတို့သည် ရလဒ်အတွက် စောင့်စားနေကြ၏။
ယွဲ့နိုင်ငံ၏ အင်ပါရီယာမြို့တော်တွင် လေထုက အလွန်တင်းကြပ်နေ၏။ ဧကရာဇ်နှင့် ထိပ်တန်းအင်အားစု အားလုံးတို့သည် သတင်းကို တိတ်ဆိတ်စွာ စောင့်စားနေကြသည်။
ယန်နိုင်ငံ၊ ခရမ်းရောင်တိမ်နိုင်ငံနှင့် အခြားအဖွဲ့အစည်းကြီးများမှ စွမ်းအားကြီး ပုဂ္ဂိုလ်များလည်း တူညီစွာပင် ဖြစ်၏။
ဒီတစ်ကြိမ်တွင် ကောင်းကင်လူသားအား ဆန့်ကျင်ရန်အတွက် စွမ်းအားကြီး ပုဂ္ဂိုလ်များစွာတို့ ထွက်ခွာလာခဲ့၏။
ဥပမာအားဖြင့် လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံး အမှောင်အင်အားစု သုံးခုထဲမှ တစ်ခုဖြစ်သည့် မျက်နှာပြာနှင့်လူ အဖွဲ့သည် တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတစ်ယောက်အား ဆုံးရှုံးခဲ့ပြီး ဖြစ်ပေမယ့် နောက်ထပ် ဝတ်ရုံနီဝတ်နှင့် ခရမ်းရောင်ဝတ်စုံဝတ် တစ်ဝက်တစ်ပြက် ကောင်းကင်လူသားနှစ်ယောက်တို့ ထွက်လာခဲ့ကြ၏။
ဤသည်က ထိပ်တန်းအင်အားစုများစွာတို့ကို ထိတ်လန့်သွားစေခဲ့သည်။
နတ်ဆိုးဂိုဏ်းမှာ ဆုတ်ယုတ်နေပေမယ့် ဒီတိုက်ပွဲတွင် သူတို့၏ စွမ်းအားကြီးမားသည့် အခြေခံကို ထုတ်ဖော်ပြသခဲ့၏။ ကျန်ရှိသည့် နတ်ဆိုးအရှင်သခင် အားလုံးနီးပါး ပေါ်ပေါက်လာခဲ့သည်။
အတိတ်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် နတ်ဆိုးသားတော်လည်း လှုပ်ရှားမှုပြုခဲ့၏။ သူ၏ ခွန်အားမှာ အလွန်သန်မာလှပြီး တစ်ဝက်တစ်ပြက် ကောင်းကင်လူသားအားလုံးတို့ အကြားတွင် အသန်မာဆုံးဖြစ်သည်ဟုပင် ဆိုနိုင်ပါသည်။
ထိုကဲ့သို့သော အင်အားမျိုးနှင့် စစ်ဘုရင်အားလုံးတို့ကို စုစည်းထားမှုက ကောင်းကင်လူသားတစ်ယောက်ကိုပင်လျှင် အရှုံးပေါ်နိုင်စေလောက်ပါသည်။
ယွဲ့နိုင်ငံတွင်...
ပုဂ္ဂိုလ်များစွာတို့သည် ပုံပျက်ပန်းပျက်ဖြင့် ပြန်လာကြပြီးနောက် နန်းတော်အတွင်းသို့ ဝင်ရောက်ကြ၏။
"ကောင်းကင်လူသားကို သတ်ဖြတ်ပြီးကြပြီလား.."
ယွဲ့ဧကရာဇ်နှင့် အခြားစွမ်းအားကြီး ပုဂ္ဂိုလ်များက အလျှင်အမြန် မေးကြသည်။
ထိုစစ်ဘုရင်များသည် ဖြူရော်စွာ ရှိနေကြပြီး ခန္ဓာကိုယ်များက အနည်းငယ် တုန်ခါနေဆဲရှိ၏။ ကြမ်းပြင်ပေါ်တွင် ရပ်နေရင်းက သူတို့၏ ခြေထောက်များက အားနည်းနေပုံရှိသည်။
"သူတို့ သေကုန်ပြီ... သူတို့အားလုံး သေကုန်ကြပြီ.."
တစ်ယောက်က တုန်ရီသည့်အသံဖြင့် ပြောသည်။
Thawda: