ရှဲ့ထန်းဟန်၏ ဓားပညာ၊ ကျေးဇူးတင်ပါတယ်စီနီယာကောင်းကင်လူသား(၃)
Vol. 23 Ch. 344
သူတို့အားလုံးနှင့်အတူ ထိတ်လန်ကြောက်ရွံ့မှုတစ်ခုအား သယ်ဆောင်လာခဲ့သည်။
"ဘယ်သူလဲ...ကောင်းကင်လူသားလား။ ရွှီယန်လား။ မုန့်ချုံလား.."
ယွဲ့ဧကရာဇ်၏ မျက်လုံးထဲ၌ မျှော်လင့်မှုတို့ ဖြတ်သန်းသွားသည်။
"တစ်ဝက်တစ်ပြက် ကောင်းကင်လူသားအားလုံး အထွတ်အထိပ် စစ်ဘုရင်အားလုံး သေကုန်ကြပြီ.."
ထိုစစ်ဘုရင်၏ အသံက တုန်ခါနေဆဲရှိ၏။ အခြားလူများမှာလည်း ခြေများ မခိုင်ကြတော့ဘဲ မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။
"ခြေတစ်လှမ်းတိုင်း လှုပ်ရှားမှုတိုင်းက လောကကြီးကို လွှမ်းမိုးထားပြီး အနှိုင်းမဲ့လွန်းတယ်။ ပြီးတော့..."
စကားပြောနေသည့် စစ်ဘုရင်လည်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။
"ပြီးတော့ ဘာဖြစ်လဲ.."
ယွဲ့ဧကရာဇ်၏ အသံက စတင်တုန်ခါလာခဲ့သည်။ ယွဲ့နိုင်ငံ၏ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများတွင် နောက်ဆုံးအကြိမ်တုန်းက တစ်ယောက်သေဆုံးခဲ့ရ၏။
ဒီတစ်ကြိမ်တွင် သူတို့၏ ပင်မထောက်တိုင်ဖြစ်သည့် အသန်မာဆုံးပင်လျှင် သေဆုံးခဲ့လေသည်။ ခဏအတွင်းတွင် ခွန်အားက ကြီးစွာကျဆင်းသွားခဲ့၏။
တစ်ခုတည်းသော စိတ်ဖြေနိုင်စရာမှာ အခြားအင်အားစုများလည်း တူညီစွာပင် ကြီးမားစွာ ဆုံးရှုံးခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ယွဲ့နိုင်ငံမှာ စွမ်းအားအကြီးမားဆုံး နိုင်ငံတစ်ခုအဖြစ် ရှိနေဆဲရှိ၏။
"အဲ့ဒီ့အပြင်...အဲ့ဒီ့စီနီယာကြီးက လူတိုင်းကို ထုံးရွှမ်အဆင့်ကိုပဲ အသုံးပြုပြီး တိုက်ခိုက်မှုပြုခဲ့တာ။ ခွန်အားအဆင့်ကို အသုံးပြုပြီး အခြားလူတွေကို မဖိနှိပ့်ခဲ့ဘူး။ သဟွသိုင်းပညာက အရမ်းစွမ်းအားကြီးမားလွန်းတယ်.."
ယွဲ့ဧကရာဇ်နှင့် သူ၏လူအားလုံး၏ မျက်နှာများထက်၌ အံ့သြမှုတို့ ဖြတ်သန်းသွားသည်။ အခြားလူများကို ခွန်အားအဆင့်နှင့် ဖိနှိပ့်ခြင်း မပြုပေးဘူးလား။
မိမိ၏ ကိုယ်ပိုင်ခွန်အားကို နှိမ့်ချပြီး ရန်သူများကို အဆင့်တူနှင့် ရင်ဆိုင်ခဲ့သည်။ လူတစ်ယောက်နှင့် မဟာမိတ်အဖွဲ့ကြီး တစ်ခုလုံးကိုပင် ရှင်းလင်းခဲ့၏။
သဟွသိုင်းပညာ၏ ထုံးရွှမ်အဆင့်သည် အလွန် စွမ်းအားကြီးမားလှသည်လား။ ထိုစစ်ဘုရင်က ပြောလိုက်ပြန်သည်။
"ငါတို့တွေ အခုအသက်ရှင်နိုင်သေးတာက အဲ့ဒီ့စီနီယာကြီးရဲ့ ဂရုဏာတရားကြီးမားမှုနဲ့ ညှာတာခဲ့မှုကြောင့်ပဲ။ ဒီကိစ္စက ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့က စစ်ဘုရင်ကို ရင်ဆိုင်တဲ့တိုက်ပွဲတစ်ခု မဟုတ်ဘူး။ ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့ကသာ အတွင်းဘက်နယ်မြေရဲ့ သိုင်းလောကကို လှည့်စားပြီး ပုန်ကန်ထကြွမှု ပြုခဲ့တာသာ ဖြစ်တယ်။ သူတို့က လောကကြီးက လူသားတွေအတွက် ကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်.."
"သူတို့တွေက ဆိုးရွားလွန်းတဲ့ အပြစ်တွေကို ကျူးလွန်ခဲ့ကြတယ်။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကို ပုန်ကန်ခဲ့ကြတယ်။ သိုင်းသမားအချင်းချင်း ဖိနှိပ့်ကြတယ်။ သိုင်းလောကတစ်ခုလုံးကို ပဋိပက္ခဖြစ်ပွားစေပြီး လမ်းမှားကို ရောက်စေခဲ့ကြတယ်.."
"သူတို့အားလုံးက ရက်စက်ယုတ်မာပြီး စဉ်းလဲကြတယ်။ လူ့အသက်ပေါင်းများစွာကို စတေးလေ့ရှိတဲ့ နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပူးပေါင်းခဲ့ကြတယ်။ ကံကောင်းစွာပဲ စီနီယာကြီးက အခြေအနေကို ပြောင်းပြန်လှန်ပြီး ပုန်ကန်ထကြွသူတွေကို ဖိနှိပ့်နိုင်ခဲ့တယ်.."
"အတွင်းဘက်နယ်မြေအတွက် ငြိမ်းချမ်းမှုကို ပြန်လည်ဆောင်ကျဉ်းပေးနိုင်ခဲ့တယ်။ လောကကြီးကို လမ်းကြောင်းမှန်ပေါ်ကို ပြန်ပို့ပေးခဲ့တယ်..."
ယွဲ့ဧကရာဇ်နှင့် သူ၏လူများမှာ ခဏတာအတွင်း ပြောစရာစကား ပျောက်ဆုံးသွားကြသည်။
ဒီစစ်ပွဲ၏ ဖြစ်ပေါ်ပုံမှာ ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့က အတွင်းဘက်နယ်မြေ၏ မကောင်းဆိုးဝါးများ ဖြစ်ကြပြီး ကောင်းကင်လူသားမှာ ထိုမကောင်းဆိုးဝါးများအား နှိမ်နင်းပေးသူတစ်ယောက်အဖြစ် ပုံပေါ်လာခဲ့၏။
ကောင်းကင်လူသားသည် မြင့်မြတ်ကာ ဉာဏ်ပညာကြီးမားပြီး စွမ်းအားကြီးမားလှသည်။ ယွဲ့ဧကရာဇ်က သူ၏လူများနှင့်အတူ စိတ်ဓာတ်ကျစွာ ကြည့်မိကြ၏။
ပြီးနောက် ခါးသက်စွာ ပြုံးသည်။ သူတို့ သိလိုက်ပါပြီ။ ထိုအရာအားလုံးတို့မှာ ကောင်းကင်လူသားက ဒီလူများကို အသက်ချမ်းသာပေးခဲ့သည့် အကြောင်းအရင်းဖြစ်၏။
ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့အား မကောင်းဆိုးဝါးများအဖြစ် သတ်မှတ်ကာ ကောင်းကင်လူသားမှာတော့ အတွင်းဘက်နယ်မြေ၏ လူသားများအား ကယ်တင်ခဲ့သည့် တောက်ပသည့် သူရဲကောင်းတစ်ယောက် ဖြစ်သည်။
မြင့်မြတ်ကာ စွမ်းအားကြီး၏။ အမှန်တရားမှာ မည်သို့ပင်ဆိုစေကာမူ အနိုင်ရသူ၏ စကားသာလျှင် အမှန်ဖြစ်ပါသည်။
"အမိန့်ထုတ်ပြန်စေ...ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့ကို သစ္စာဖောက်တွေအဖြစ် ကြေငြာပြီး လူအများကြားမှာ သွေးထိုးမှုတွေပြုမှု၊ သိုင်းသမားတွေကို သေဆုံးခဲ့စေမှု၊ အမှန်တရားကို သွေဖယ်စေမှု၊ နတ်ဆိုးတွေနဲ့ ပူးပေါင်းမှုအတွက် သစ္စာဖေါက်တွေအဖြစ် အမိန့်ထုတ်ပြန်တယ်..."
သူသည် ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့ အတွက် အပြစ်များစွာတို့ကို တစ်ခါတည်း ဖော်ဆောင်ခဲ့၏။
"...စီနီယာ ကောင်းကင်လူသားကို ကျေးဇူးတင်ပါတယ်။ သူက ဂရုဏာတရားကြီးမားပြီး ဉာဏ်ပညာနဲ့ ပြည့်စုံတယ်။ အတွင်းဘက်နယ်မြေရဲ့ လောကသားတွေကို ကယ်တင်ခဲ့တယ်။ မကောင်းဆိုးဝါး မဟာမိတ်အဖွဲ့ကို ဖိနှိပ့်ပြီး လောကကြီးသို့ ငြိမ်းချမ်းခြင်းကို ဆောင်ကျဉ်းပေးခဲ့တယ်။ သိုင်းလောကကို လမ်းမှန်အပေါ်ကို ပြန်လည်ရောက်ရှိစေခဲ့တယ်..."
တူညီသည့် မြင်ကွင်းများသည် ယန်နိုင်ငံနှင့် ခရမ်းရောင်တိမ်နိုင်ငံတို့၌လည်း ပေါ်လာခဲ့၏။ အခြား အင်အားစုကြီးများရှိ အကြွင်းအကျန် အထက်ပုဂ္ဂိုလ်များကလည်း အမိန့်များကို ထုတ်ပြန်ခဲ့ကြသည်။
ဤသည်မှာ စီနီယာကောင်းကင်လူသား၏ အတွင်းဘက်နယ်မြေ၏ လူသားများအား ကယ်တင်ခဲ့ပုံဖြစ်၏။
လင်းယွီဂိတ်တံခါးမှာတော့ ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့က သိုင်းလောကကို လှည့်ဖြားရန်အတွက် အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်။
ဒီအဖြစ်အပျက်တွင် တိုက်ရိုက်ပါဝင်ခြင်း မရှိခဲ့သည့် သိုင်းသခင်အဆင့်၏ အောက်ရှိ သိုင်းသမားများအတွက် ကောင်းကင်လူသားအား ဆန့်ကျင်သည့် အဖြစ်အပျက်သည် ညတွင်းချင်း ပြောင်းလဲသွားပြီး အားလုံးကို မှင်သက်သွားစေ၏။
ဤသည်မှာ အမှန်တရားလေလား။ အတွင်းဘက်နယ်မြေအတွင်းတွင် လူသားအားလုံး၏ အသက်တို့သည် မသိလိုက်စွာဖြင့် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရ၏။
ကံကောင်းစွာပင် စီနီယာကောင်းကင်လူသားက မကောင်းဆိုးဝါးများကို ဖိနှိပ့်ကာ နတ်ဆိုးများကို သတ်ဖြတ်ပြီး အတွင်းဘက်နယ်မြေကို ကယ်တင်ခဲ့သည်လား။
သို့ပေမယ့် နိုင်ငံကြီးသုံးခုနှင့် အဓိကအင်အားစုများအားလုံးက ထိုနည်းအတိုင်းသာ သတင်းဖြန့်နေကြပြီး ကောင်းကင်လူသားအပေါ် ကျေးဇူးတင်မှုကို ဖော်ပြနေကြရာ မည်ကဲ့သို့ အမှားဖြစ်နိုင်မည်နည်း။
ခဏတာအတွင်း အလယ်အလတ်နှင့် အဆင့်နိမ့် သိုင်းသမားများအားလုံး မျက်လုံးများ၌ မျက်ရည်စများ ခိုတွဲလာကြသည်။
လက်စသတ်တော့ စီနီယာကောင်းကင်လူသားသည် အတွင်းဘက်နယ်မြေကို ကယ်တင်ခဲ့ပြီး မရေမတွက်နိုင်သည့် သိုင်းသမားများ၏ အသက်ကို ရှင်သန်ခွင့်ရစေခဲ့ခြင်း ဖြစ်လေသည်။