← Chapters

(ထျန်းချီတာဝါရဲ့ တွက်ချက်မှု)

Vol. 5 Ch. 57

(ထျန်းချီတာဝါရဲ့ တွက်ချက်မှု)

Vol. 5 Ch. 57

ဟုတ်တယ်။

ထျန်းချီတာဝါက ဘာမလို့လဲ?

တရှားတိုင်းပြည်အတွက် ထျန်းချီတာဝါက ဘယ်လိုဂိုဏ်းမျိုးမလို့လဲ?

ထျန်းချီတာဝါဂိုဏ်းရဲ့ တည်ရှိမှုက တိုင်းပြည်အားလုံးရဲ့ အထက်မှာရှိသည်။ တိုင်းပြည်အားလုံးအပေါ် လွှမ်းမိုးမှုရှိသည်။

တရှားဆိုတာ တိုင်းပြည်တွေကြားက သေးငယ်တဲ့ တိုင်းပြည်တစ်ခုအပြင် မပိုဘူး။

သေးငယ်တဲ့ရင်းနီးမြုပ်နှံမှုပဲ ရှိတဲ့ တရှားတိုင်းပြည်အတွက် ကြီးမားတဲ့ရလဒ်ကို ဖမ်းဆုတ်ဖို့ မလွယ်ဘူး။

ဘယ်သူပဲတွေးကြည့်ကြည့် မဖြစ်နိုင်တဲ့ကိစ္စ တစ်ခုပဲ။

လီဖူလဲ တရှားကိုရောက်စဥ်က အလားတူ ထင်မြင်ချက်ရှိခဲ့သည်။

တရှားလို တိုင်းပြည်ငယ်ကို သူ.အထင်မကြီးဘူး။ အခုလိုမျိုး အနည်းငယ် ပြောင်းလဲလာခြင်းကလဲ သူမတူတဲ့ တရှားဘုရင်ရဲ့ လုပ်ရပ်တစ်ချို့ကြောင့်သာ။

ဒါပေမဲ့ အခု သူအတွေးပေါက်သွားပြီ!

လီဖူ တွန့်ဆုတ်စွာ ပြောလိုက်လေသည်။

“ ထျန်းချီတာဝါက ထိပ်သီးဂိုဏ်း​ဖြစ်ပြီး.. တရှားက တိုင်းပြည်ငယ်တစ်ခုပါ”

အဖိုးအိုက ဆက်ပြောသည်။

“ ဒါဆို ငါမေးမယ်။ ငါတို့လို ထိပ်သီးဂိုဏ်းနဲ့ တိုင်းပြည်ငယ်တစ်ခုကြားမှာ ပူးပေါင်းနိုင်မဲ့ အလားအလာကို အစက မင်းမြင်ခဲ့လား?”

လီဖူ အမြန်ပြောလိုက်သည်။

“ ဒါက..ဒါက အဲ့လိုမဟုတ်ဘူး!”

“ မဟုတ်ရင် ဘာကိစ္စ ငါတို့ထျန်းချီတာဝါက အလျော့ပေးခဲ့ရတာလဲ?”

အဖိုးအိုက ခေါင်းညိတ်ကာ သက်တောင့်သက်သာ ဟန်ပန်နှင့် မေးလိုက်သည်။

လီဖူ မှင်သက်သွားရပြီ။ သူ့ရဲ့မျက်လုံးထဲမှာ တည်ငြိမ်မှုတွေ ဝင်ရောက်လာပြီ။

“ ဒါဆို သခင်ကြီးပြောချင်တာက ကျွန်တော်တို့ ထျန်းချီတာဝါက ​ကျိုးကြောင်းသင့် ပြုမူလိုက်တာက တရှားဘုရင်ကို ပိုအာဏာကြီးသွားစေတယ်။ ဘေးတိုင်းပြည်တွေကိုပါ မလှုပ်ရှားခင်အရင် တွေးခေါ်စေတယ်လို့ပေါ့?”

ပြောပြီးတာနဲ့ လီဖူ သံသယဝင်လာသည်။

“ ဒါဆိုရင်.. ကျွန်တော်တို့ နောက်လျော့ပေးမယ်မှန်း အဲ့ဒီဘုရင် ဘယ်လိုသိလဲ?”

အဖိုးအိုက အကြာကြီးတွေးတောလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

“ ရိုးရှင်းပါတယ်။ ငါနားလည်နိုင်တယ်။ တရှားဘုရင်က အကြောက်တရားမရှိဘူး လို့ပဲ ပြောရမယ်။ သူကငါတို့ဂိုဏ်းနဲ့ ပတ်သတ်ပြီး ကောင်းကောင်းနားလည်ထားတယ်။ ငါတို့ရဲ့ စည်းမျဥ်းထဲကနေ ကောင်းကွက်ရအောင် ရှာထုတ်ပြီး အစီအစဥ် ဆွဲခဲ့တာပဲ”

“ ငါအရင်က ထင်နေခဲ့တာ တရှားတိုင်းပြည်က ဘာလို့များ အမြဲတမ်း နောက်ဆုံးကရေရင် အဆင့်ဆယ့်တစ်က မတက်တာလဲဆိုပြီး”

“ အခုမှသိတယ်။ သူက အကုန်လုံးကို လှည့်စားထားတာပဲ”

“ ကောင်းလိုက်တဲ့ဗျူဟာ! ငါမပြောနဲ့ ကမ္ဘာ့အတော်ဆုံး ဉာဏ်ကြီးရှင်တောင် သူ့ကို မယှဥ်နိုင်လောက်ဘူး”

လီဖူ အံ့သြလွန်းလို့ စကားတောင် မပြောနိုင်တော့ပေ။

အဆုံးမှာ သူမနေနိုင်စွာ မေးလိုက်သည်။

“ ဒါဆို တရှားနဲ့ မဟာမိတ် ဖွဲ့အုံးမှာလား?”

အဖိုးအိုက လှည့်ကြည့်လာခဲ့သည်။

လီဖူ လဲ ဂရုမပြုဘဲ မနေရဲတော့ဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ပင် အနည်းငယ် တောင့်တင်းသွားခဲ့သည်။

ဒီပူးပေါင်းတဲ့ကိစ္စမှာ သူ အနည်းငယ် အလောတကြီး လုပ်မိသွားခဲ့ပြီ။

ထျန်းချီတာဝါဆိုတာ ထိပ်သီးဂိုဏ်းပဲ။

တိုင်းပြည်တစ်ခုနဲ့ ဘယ်လိုလုပ် လွယ်လွယ်လေး ပူးပေါင်းနိုင်မှာလား?

ဒါက ကျိုးကြောင်းမသင့်ဘူး။

ဒီကိစ္စက ကိစ္စကြီးပဲ!

“ ပူးပေါင်းမယ်ဟုတ်လား? အဲ့ဒါမင်းရဲ့ ဆုံးဖြတ်ချက်ပဲ။ ငါတို့ထျန်းချီတာဝါနဲ့ ဘာမှမဆိုင်ဘူး။ မင်း အသိစိတ် ကောင်းကောင်း ကပ်နိုင်ဖို့ ငါမျှော်လင့်တယ်!”

“ ပြီးတော့ တရှားတိုင်းပြည်နဲ့ ပတ်သတ်ပြီး သေချာစုံစမ်းပါ။ ငါတို့အတွက် အရေးကြီးတယ်”

“ မင်းရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံး တရှားတိုင်းပြည်မှာနေပြီး ထျန်းချီတာဝါရဲ့ လူယုံအဖြစ် တာဝန်ယူရမယ်”

“ မင်းရဲ့သန်မာမှုနဲ့ဆိုရင် ဒါပြဿနာမရှိဘူး”

အဖိုးကြီးက လီဖူကို အကြာကြီး စိုက်ကြည့်ပြီးမှ နူးညံ့စွာ ပြောလိုက်လေ၏။

လီဖူ ခမျာ နေရာမှာ အေးခဲနေတော့သည်။

ဒါက…

သူ.လက်ခံလိုက်သင့်လား?

သူ သဘောမတူချင်သလို ဖြစ်နေပေမဲ့..

စိတ်ထဲမှာတော့ တရှားတိုင်းပြည်ကို တစ်ကယ် စုံစမ်းချင်နေခဲ့သည်လေ။

အခု အကုန်လုံး အဓိပ္ပါယ်ရှိသွားပြီ။

ထျန်းချီတာဝါက…

တိုင်းပြည်ရေးတွေမှာ ဝင်မစွတ်ဖက်ဘူး။

လီဖူက အဖိုးကြီးကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး တည်ငြိမ်တဲ့အသံနဲ့ ပြောလိုက်လေသည်။

“ ကျွန်တော်မျိုး နားလည်ပါပြီ”

“ ဒါပေမဲ့ တစ်ခုရှိတယ်”

လီဖူက ခဏလောက် တွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်။

အဖိုးကြီး အနည်းငယ် အံ့သြသွားကာ

“ ဘာဖြစ်လို့လဲ?”

လီဖူ အမြန်ပြောလိုက်သည်။

“ တံတိုင်းပါ။ တရှားတိုင်းပြည်က မဟာတံတိုင်းအမည်ရတဲ့ တံတိုင်းအရှည်ကြီး ဆောက်ဖို့ လုပ်နေပါတယ်။ တိုင်းပြည်ရဲ့ ငွေကြေးကော လူအင်အားကော အ​မြောက်အမြား သုံးပြီးဆောက်နေတာ။ ဒါပေမဲ့ အသုံးဝင်မဲ့ပုံလဲ မမြင်ရဘူး”

“ အိုး?”

အဖိုးကြီးရဲ့ မျက်လုံးတွေ ကျဥ်းမြှောင်း သွားလေကာ

“ ​ဟမ်း ဖြစ်နိုင်တာများ.. မြောက်ပိုင်းက ပြောင်းလဲမှုတွေကို သတိထားမိနေပြီလား?”

အဖိုးအိုရဲ့ မျက်လုံးထဲမှာတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့သည်။

လီဖူ.အမြန်ပြောလိုက်သည်။

“ အစက ကျွန်တော်လဲ အဲ့လို ထင်ခဲ့တာ။ ဒါပေမဲ့ ဒီလောက် မရိုးရှင်းနေဘူး။ ပြောရရင် တရှားလိုမျိုး တိုင်းပြည်ငယ်တစ်ခုက သတင်းစုံစမ်းနိုင်စရာ အကြောင်းမရှိဘူးလေ။ ပြီးတော့ သတင်းရနိုင်မဲ့ တစ်ခုတည်းသော နေရာကလဲ ကျွန်တော်တို့ ထျန်းချီတာဝါ ကနေပဲရှိမှာ”

“ ဒီတော့ ကျွန်တော့်ရဲ့အထင်က ဒီတံတိုင်းဆောက်တာက ရှကျိုးယွီရဲ့ တစ်ကယ့်အစီအစဥ်ဖြစ်မယ်”

“ ဒါမှမဟုတ် ဒီတိုင်းကြိုပြင်ဆင်ချင်တာလဲ ဖြစ်နိုင်တယ်”

လီဖူ ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။

ထို့နောက်မှာ သခင်ကြီးဆိုတဲ့သူကို တည်ငြိမ်စွာ ကြည့်လိုက်လေကာ

“ ဘယ်လိုပဲကြည့်ကြည့် တိုင်းပြည်ငယ်တစ်ခုက သတင်းကြိုရစရာ အကြောင်းမရှိဘူး”

ဒါပေမဲ့ အဖိုးအိုရဲ့ အကြည့်က တည်ငြိမ်နေခဲ့သည်။

ထို့နောက်မှာ လီဖူရဲ့ ပုခုံးကို ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီး

“ မင်း တရှားကို ဒီတိုင်းသွားရမှာ မဟုတ်ဘူး”

အဖိုးအိုရဲ့ အသံက တည်ငြိမ်နေသည်။

“ တရှားတိုင်းပြည်နဲ့ ဆက်ဆံပြီး စုံစမ်းရမဲ့ ကိစ္စတွေရှိတယ်”

“ တရှားက မရိုးရှင်းဘူး”

“ အခု ကိစ္စပြီးသွားပြီးနောက်မှာ တရှားက သေချာပေါက် ထပ်ပြီးအကွက်ပြလိမ့်မယ်”

ထို့နောက်မှာ အဖိုးအိုက လီဖူကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

သူ့ရဲ့မျက်လုံးတစ်စုံက အနည်းငယ် လက်နေသလိုပဲ။

ဖြစ်နိုင်တာ တရှားတိုင်းပြည်ကြောင့်ပဲ။

“ ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် အကောင်းဆုံး ဆောင်ရွက်ပါ့မယ်”

“ တရှားတိုင်းပြည်နဲ့ ပတ်သတ်ပြီး ထျန်းချီတာဝါဘက်က ကျေနပ်လောက်စရာ အဖြေရစေရပါ့မယ်”

လီဖူ တည်ကြည်စွာ ပြောလိုက်သည်။

အဖိုးအိုက စကားအများကြီးမပြောခဲ့ပေ။ ခေါင်းပဲ ညိတ်ပြလိုက်သည်။

“ ဒါဆိုရင် မင်း တရှားကို သွားသင့်ပြီ”

“ ရွှေအဆင့် စာရင်းနဲ့ပတ်သတ်ပြီး တရှားတိုင်းပြည်ထဲ ဆူညံနေလောက်ပြီ”

ပြောပြီးတာနဲ့..

အဖိုးအိုက အနောက်လှည့်ကာ အိမ်ထဲ ဝင်သွားလေတော့သည်။

“ဘန်း!”

တံခါးလဲ ပိတ်သွားခဲ့ပြီ။

ခြံဝန်းတစ်ခုလုံး.. ခြောက်ကပ်သွားလေ၏။

လီဖူ ထိုနေရာမှာပဲ အရိုအသေ ပေးလိုက်သည်။

ထို့နောက်မှာ ပေါ့ပါးတဲ့ ခြေလှမ်းများနဲ့ တိမ်တွေကြား ဝင်ရောက်ပျောက်ကွယ် သွားလေ၏။

လီဖူ ထွက်သွားတာနဲ့..

ထျန်းချီတာဝါရဲ့ တပည့်တွေအများကြီး ထွက်လာကြသည်။

“ တရှားတိုင်းပြည်က ဘာတွေများ ထူးခြားနေလို့ သခင်ကြီးက အရမ်းစိတ်ဝင်စား နေတာလဲ?”

“ ငါထင်တာတော့ သခင်ကြီး စိတ်ဝင်စားတာ တရှားတိုင်းပြည်မဟုတ်ဘဲ ကံကြမ္မာကို ခြောက်ဆလောက်တိုးတက်အောင် စွမ်းဆောင် နိုင်ခဲ့တဲ့ တရှားရဲ့ဘုရင်ကို ထင်တယ်။ အဲ့လို ထူးချွန်တဲ့ သူက တစ်ကမ္ဘာလုံးမှာ ရှားပါးပဲကို!”

“ ကိစ္စကြီးနေလို့သာမဟုတ်ရင် ငါတောင် သွားပြီး ကြည့်လိုက်ချင်သေးတယ်”

“ ဟုတ်တယ်။ ဘာတွေကြောင့် ဒီလောက်ထိ လုပ်နိုင်ခဲ့တာလဲ မသိဘူး။ အရမ်းဆန်းကြယ်တယ်!”

…………

All Chapters