(မိန်းမစိုးလေး လမ်းမှာလာတာလား?)
Vol. 5 Ch. 59
ထိုက်အန်းမြို့တော်ရဲ့ လင်အန်း စားသောက်ဆိုင်အတွင်းမှာ ကျန်းဟူက လူတွေ စုဝေးနေကြသည်။
သေရည်အပြည့်နဲ့ စားပွဲဝိုင်းတွေမှာ အသားဟင်းတွေလဲ အသီးသီး နေရာယူထားသည်။
လေထုက စိုပြေနေလေ၏။
အချိန်တစ်ခုကြာတိုင်း ဆိုင်ပြင်ကပါ ကြားနိုင်လောက်တဲ့ ရယ်မောသံတွေ ကြားရလိမ့်မည်။
“ရှကျိုးယွီက ချင်မင်းသားကို ကျန်းနန် လွှတ်လိုက်မှတော့ ငါတို့လဲ ဒီမှာပဲ စီးပွားလုပ်မယ်! ချင်မင်းသား အပြင် ငါတို့ကို ဘယ်သူက ကြောက်အောင်လုပ်နိုင်မှာ မလို့လဲ? မြို့တော်မှာ အဲ့လို အစွမ်းအစ ရှိတဲ့သူ ရှိမလား ငါကြည့်မယ်”
ထိုသူက ဝိုင်သောက်နေရင်း ကျယ်လောင်စွာ ပြောလိုက်လေသည်။
“ဟုတ်တယ်။ ဘယ်လောက်ပဲ နဂါးက အားကြီးပါစေ မြို့ခံမြွေတစ်ကောင်ကို နိုင်စရာ အကြောင်း မရှိဘူး။ သတိထားတာတော့ အကောင်းဆုံးပဲ။ မင်းတို့ကော သတိထားမိသလား? ဒီရက်ပိုင်းထဲ ထိုက်အန်းမြို့ကို ငါတို့အပြင် တစ်ခြားနယ်က ဖြစ်မဲ့ပုံရှိတဲ့ လူတွေရောက်နေသလိုပဲ”
အကုန်လုံး စိတ်ဝင်စားသွားကြပြီး သူ့ကို လှည့်ကြည့်လာကြသည်။
ထိုသူက ဝိုင်ကို ဟန်ပါပါသောက်ရင်း ဂရုမပြုမိသလို ဟန်ဆောင်လိုက်သည်။
ကျန်တဲ့သူတွေ မနေနိုင်တော့ပေ။
“မင်း ဘာမြင်ခဲ့လို့လဲ?”
ထိုသူက မဲ့လိုက်ကာ
“ဟိုးက စားပွဲကို ကြည့်လိုက်”
“ သူတို့တွေကငါတို့လို အရက်သောက်နေတယ်။ ဒါပေမဲ့ သူတို့ရဲ့ အပြုအမူက လုံးဝ မတူညီဘူး။ တစ်ခုခုပဲ”
အကုန်လုံး လှည့်ကြည့်လိုက်ကြသည်။
ထိုလူတစ်အုပ်က သာမာန်လိုပဲ အရက်သောက်နေကြတာပင်။
ဒါကြောင့် စကားပြောနေတဲ့ဝိုင်းက သူတွေ မနေနိုင်စွာ မေးလိုက်ကြသည်။
“ သူတို့က ဘာဖြစ်လို့လဲ?”
စကားပြောနေတဲ့သူက ရယ်မောလိုက်လေကာ
“ စည်းကမ်းရှိတယ်..ဘယ်လိုပြောရမလဲ အိန္ဒြရှေိနေတယ်ပေါ့”
ဒါကိုကြားတော့ နားထောင်နေတဲ့သူတွေ စိတ်ပျက်သွားကြသည်။ ပြောနေတဲ့သူကို အဖက်မလုပ်တော့ပေ။
ဒါပေမဲ့ ထိုသူက ဆက်ပြောသည်။
“ ကြည့်လိုက်.. သုံးလေးဝိုင်း ရှိပေမဲ့ အချိန်တစ်ခုကြာတိုင်း သူတို့တွေက သူတို့ရဲ့ ခေါင်းဆောင်ဖြစ်မဲ့သူကို လှည့်ကြည့်လိမ့်မယ်။ ငါသာ မမှားရင်.. သူတို့တွေက စစ်သားတွေပဲ”
အကုန်လုံး မျက်မှောင်ကြုတ်သွားရပြီ။
'စစ်သား..’
'တစ်ကယ်ပဲလား?’
သူတို့တွေက သိုင်းလောကမှာ လှည့်လယ်နေတဲ့ သူတွေဖြစ်ပြီး သွားလေရာမှာ ဓားဆောင်သွားကြသည်။
ဒါပေမဲ့ သန်မာတယ်လို့ မထင်လိုက်နဲ့။
မဟုတ်ရင် သူတို့တွေ ချင်မင်းသားကို ကြောက်ပြီး ထိုက်အန်းမြို့ကို ထွက်ပြေးလာပါ့မလား?
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”
“ ရှကျိုးယွီ လွှတ်လိုက်တာလား?”
မေးလိုက်တဲ့သူရဲ့ မျက်လုံးထဲမှာ အကြောက်တရားတို့ ပြည့်နေခဲ့သည်။
ချက်ချင်းပဲ အခန်းထဲက လေထုက လေးလံသွားလေ၏။
“ မဟုတ်သေးပါဘူး။ မင်း သံသယ များနေတာပဲ ဖြစ်မှာပါ။ ရှကျိုးယွီက ဘယ်လိုလုပ် ဒီလောက် အမြင်ရှိမှာလဲ? ဒီတိုင်း ကျန်းဟူက လူတွေနေမှာပါဟ”
ဒါပေမဲ့ ပထမပြောတဲ့သူက မျက်ခုံးပင့်ကာ ခေါင်းရမ်းပြလိုက်သည်။
ထို့နောက်မှာ လေသံတိုးနဲ့
“ မဖြစ်နိုင်တာ မရှိဘူး။ စစ်တပ်မှာပဲ ဒီလိုမျိုး ကောင်းမွန်တဲ့ အပြုအမူကို သင်ကြားပေးနိုင်တာ။ ဒီလိုပုံရိပ်က သူတို့ပဲ ဖန်တီးနိုင်တယ်”
“ ငါတို့ ကျန်းဟူ လူတွေမှာ အင်အားကြီးတဲ့သူကို မျက်နှာချိုသွေးတတ်တဲ့ စရိုက်မျိုးက သိသာတယ်မလား?”
“ ငါတို့က မိတ်ဆွေဖြစ်သွားလဲ ပေါ့ပေါ့ပါးပါးပဲ”
“ ဒါပေမဲ့ စစ်တပ်က မတူဘူး။ စည်းကမ်းရှိတဲ့နေရာတစ်ခု”.
“ ပြီးတော့ သူတို့ရဲ့ ပုံစံအရ…”
ထိုအချိန်မှာ ရုတ်တရက် အပြင်ဘက်က ဆူညံသံတွေ ဝင်ရောက်လာခဲ့သည်။
အသံလာရာ ကြည့်လိုက်ချိန်မှာ တံခါးဝမှာ ရပ်နေတဲ့ မိန်းမစိုးငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ ချက်ချင်းပဲ စားသောက်ဆိုင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဒါပေမဲ့ ဝင်လာတဲ့သူက တစ်ယောက်ထဲမှန်း နားလည်သွားတာနဲ့ ဂရုမစိုက်တဲ့ လေသံတွေ ထွက်ပေါ်လာကာ
“ သောက်ကြ!”
“ လာ သောက်ကြမယ်”
“ မြို့တော်က အရက်က အရသာရှိတယ်”
ချက်ချင်းပဲ အခန်းတစ်ခုလုံး.ရယ်သံတွေ ပြည့်သွားကာ အစောက ဆွေးနွေးပွဲကိုတောင် မေ့သွားကြလေ၏။
ထိုအချိန်မှာ ဝင်လာတဲ့ မိန်းမစိုးငယ်က စကားပြောလိုက်သည်။
“ အကုန်လုံးပဲ ငါနဲ့ခဏလောက် လိုက်ခဲ့ပါ”
အကုန်လုံး ကြောင်သွားကြသည်။
“ မင်းကဘယ်သူမလို့လဲ?”
“ အေးလေ။ မိန်းမစိုး တစ်ယောက်ကများ”
“ မိန်းမစိုးလေး လမ်းမှားရောက်လာတာလား?”
“ လစ်စမ်း!”
အကုန်လုံး ရယ်လိုက်ကြသည်။
ကျောက်ကောင်းကို အဖက်ကို မလုပ်တာပင်။
လူတစ်ယောက်က ခွာစားထားတဲ့ မြေပဲခွံနဲ့ပါ ပစ်ပေါက်လိုက်သည်။
ကျောက်ကောင်း လမ်းတစ်ဝက်မှာ ဖမ်းလိုက်ပြီး လုံးချေလိုက်သည်။
သူ မျက်မှောင်ကြုတ်နေပြီ!
သူ ပြောလိုက်သည်။
“ ထိုက်အန်းကို ရောက်လာမှတော့ စည်းကမ်းရှိရှိ ပြုမူပါ! လူသစ်တွေမလား? လူသစ်အဖြစ် စာရင်းလာသွင်းချည်”
အထဲကလူတွေ မပျော်တော့ဘူး။
လူတစ်ယောက်က ကြီးမားတဲ့ ဓားမကြီးကို ကျောက်ကောင်း မြင်အောင် ပြလိုက်ပြီး အပြေးဝင်လာလေ၏။
ထို့အတူအော်ဟစ်လိုက် သေးသည်။
“ မိန်းမစိုးကောင် မင်းက သေလမ်းရှာနေတာပဲ!”
ကျောက်ကောင်း မျက်မှောင်ကြုတ်နေဆဲပဲ။
သူ့ရဲ့ မျက်လုံးထဲမှာ မုန်းတီးမှု တစ်ချို့ ဖြတ်ပြေးသွားသည်။ မိန်းမစိုးလို့ ခေါ်ခံရတာ သူ အမုန်းဆုံးပဲ။
ဒါပေမဲ့ သူ အမြန်ပြန်ထိန်းချုပ်ကာ လက်တစ်ဖက် မြှောက်လိုက်သည်။
လက်နှစ်ချောင်းထဲနဲ့ပဲ ဓားကို ဖမ်းလိုက်သည်။
ဓားရဲ့မျက်နှာပြင်ထက်ကို ပင့်ကူမျှင်ကွက်တွေ ဖုံးလွှမ်းသွားသည်။
အဆုံးမှာ တစ်စစီ ကွဲကြေသွားလေ၏။
အကုန်လုံး ဆွံ့အသွားကြသည်!
'ဒုတိယအဆင့်လား!’
'ဒီမိန်းမစိုးက ဒုတိယအဆင့် သိုင်းသမားလား!’
'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!’
အကုန်လုံး လန့်သွားကြသည်။
ဒါပေမဲ့ ကျောက်ကောင်းက တည်ငြိမ်စွာပဲ တိုက်ခိုက်ခဲ့တဲ့သူကို.ပုခုံးပုတ်ပေးလိုက် သေးသည်။
“ ကဲ လစ်လို့ရပြီ”
“ ငါ့ကိုပြောတာလား?” ထိုသူက ဒေါသ ထွက်နေဆဲပဲ။
ထိုအချိန်မှာ ကျောက်ကောင်းဆီကနေ ချီအလင်းတန်းတစ်ချို့ကိုပဲ အရှေ့က တိုက်ခိုက်သူ မြင်လိုက်ရသည်။
နောက်တစ်စက္ကန့်လဲ ကြာရော… ထိုသူ မြေပြင်ပေါ်မှာ လူးလိမ့်သွားသည်။ မထိန်းနိုင်အောင် တွန့်လိမ်နေလေ၏။
ဘယ်လောက်ပဲ ရုန်းကန်ပါစေ မလွတ်မြောက်နိုင်တဲ့ ထောင်ချောက်ထဲ ပိတ်မိသွားဟန်ရှိသည်။
ကွေးကောက်နေတဲ့ ခန္ဓာကိုယ်နဲ့ မြင်မကောင်းစွာ မြေပြင်ပေါ် လဲနေလေ၏။
ဘယ်လောက်ပဲ ဆန့်ကျင်ပါစေ သူ မလွတ်မြောက်နိုင်ခဲ့ဘူး။
‘ဒီလောက်စွမ်းတယ်လား?’
ကျောက်ကောင်း အနည်းငယ် အံ့သြသွားသည်။ သူ သေခြင်းရှင်ခြင်း အဆောင်စာရွက်သိုင်းကို အသုံးပြုလိုက်တာပင်။
ရှကျိုးယွီကို ပိုလေးစားမိသွားတော့သည်။
‘အရှင်မင်းကြီးက တစ်ကယ် ပြင်ဆင်ထားတာပဲ။ ကျန်းဟူက လူတွေ လာမယ်မှန်းသိနေတော့ ငါ့ကိုဒီနတ်အစွမ်း ကြိုပေးထားခဲ့တယ်။ ဒါမှ ကျန်းဟူသားတွေကို ထိန်းချုပ်နိုင်အောင်!’
ကျောက်ကောင်း ထိုသူ့အပေါ်မှာ သုံးနေတာ ရပ်လိုက်ပြီး လက်ကောက်ဝတ်ကို တစ်ချက် လှည့်လိုက်သည်။
ချက်ချင်းပဲမရေမတွက်နိုင်တဲ့ အပ်ချောင်းအရွယ် ရေခဲမျှင်တွေ ထွက်ပေါ်လာလေရဲ့။
ထိုရေခဲအပ်တွေက လေထဲကို အားပြင်းစွာ ထိုးဖောက်သွားကြသည်။
လူတွေအားလုံး ကျိန်စာမိသွားလေပြီ!
အကုန်လုံးစတင် ယားယံလာခဲ့သည်။
စားသောက်ဆိုင်တစ်ခုလုံး ဆူညံနေလေ၏။
ဒါပေမဲ့ ကျောက်ကောင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ငါမင်းတို့အပေါ် သေခြင်းရှင်ခြင်းအဆောင် သုံးလိုက်ပြီ။ အခုကစပြီး မင်းတို့တွေ ရုံးတော်ကအမိန့် နာခံရမယ်။ မလိုက်နာရင် အပြစ်ခံရမယ်။ သေတာထက်ဆိုးတဲ့ အပြစ်ကို!”
အကုန်လုံးရဲ့မျက်နှာတွေ ဖြူလျော့သွားလေပြီ။
ကျောက်ကောင်း ဆက်ပြောလိုက်သည်။
“ အသက်ချမ်းသာပေးခဲ့တာကိုက အရှင်မင်းကြီးရဲ့ မင်းတို့အပေါ် ကောင်းချီပေးခဲ့တာပဲ။ နားလည်မယ်လို့ ငါ မျှော်လင့်တယ်!”
လူတွေရဲ မျက်နှာက ဖြူသထက် ဖြူလာတော့သည်!
ဒါပေမဲ့ လောလောလတ်လတ် ခံထားရတဲ့ နာကျင်မှုဒဏ်ကြောင့် တစ်ခွန်းမှ စကားပြန် မဟရဲကြဘူး။
ကျောက်ကောင်းက ကျေနပ်စွာ ဆက်ပြောလိုက်သည်။
“ ဒီနေ့ကိစ္စကို အပြင်မှာ ပြောခဲ့လို့ကတော့ အဲ့ဒီလူကို သေတဲ့အထိ ယားယံအောင် လုပ်ပစ်မယ်!”
ထို့နောက်မှာ ကျောက်ကောင်းက ဂရုမစိုက်စွာ အခန်းအပြင်ထွက်သွားတော့သည်။
……………