← Chapters

(လုပ်ကြံသူတွေလား?)

Vol. 5 Ch. 60

(လုပ်ကြံသူတွေလား?)

Vol. 5 Ch. 60

စားသောက်ဆိုင်ထဲက လူတွေအားလုံးခမျာ ကျောက်ကောင်းရဲ့ နောက်ကျောကိုပဲ မှင်သက်စွာ ကြည့်နေနိုင်တော့သည်။

သူတို့ရဲ့ မျက်လုံးထဲမှာ ထိတ်လန့်မှုတွေ ရှိနေသည်။

ကျောက်ကောင်း လုံးဝထွက်သွားတာ သေချာတာနဲ့ ချီစွမ်းအင်သုံးကာ စမ်းသပ်လိုက်ကြသည်။

နောက်တစ်စက္ကန့်အတွင်းမှာ သူတို့ရဲ့မျက်နှာတွေ ပိုဖြူဖျော့သွားတော့သည်။

ကျောက်ကောင်း ပြောသွားသလိုပဲ.. သူတို့ရဲ့ သွေးကြောအတွင်းမှာ ထူးဆန်းတဲ့ အရှိန်အဝါတစ်ခု ဝင်ရောက်နေခဲ့သည်။

အခုထိ မြေပြင်ပေါ်က မထနိုင်သေးတဲ့ အစော​​က လူကြောင့် အကုန်လုံးရဲ့ စိတ်ထဲမှာ ပိုသေချာသွားရပြီ။

သူတို့တွေ မသိလိုက်ခင်မှာပဲ ထောင်ချောက် မိသွားပြီ!

“ ဘာဖြစ်သွားတာလဲ? အစောကလူက ဘယ်သူလဲ?”

အကုန်လုံး အတွေးများသွားကာ..

‘ဟုတ်တယ်’

‘အစောကလူက ဘယ်သူလဲ?’

‘ အင်အားကြီး ကျင့်ကြံသူတွေ ပြည့်နေတဲ့ စားသောက်ဆိုင်မှာ စက္ကန့်ပိုင်းအတွင်း အာလုံးကို ထိန်းချုပ်လိုက်နိုင်တယ်!’

‘ ဒါ တရားမဝင်ဘူး!’

‘ ဘယ်တုန်းက ဒီလောက်စွမ်းတဲ့သူ တရှားမှာ ရှိသွားတာလဲ?’

‘ ဘယ်တုန်းက ဒီလောက်ကြောက်ဖို့ ကောင်းသွားတာလဲ?’

‘ မိန်းမစိုးတစ်ယောက်ကလေ!’

အကုန်လုံး နေရာမှာ ရပ်နေကြပေမဲ့ အတွင်းစိတ်ကတော့ ငရဲကျနေကြသည်။

ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်က အမြန်ပြောလိုက်သည်။

“ငါသိတယ်.. သူက ရှကျိုးယွီရဲ့ အနီးကပ် မိန်းမစိုးပဲ!”

‘ အနီးကပ် မိန်းမစိုး?’

အခန်းထဲက လူတော်တော်များများ နောက်ဆုံးတော့ စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြသည်။

ဒါပေမဲ့ ထိုစကားလုံးတွေက ထောင့်နားက ရုပ်ဖျက်ထားတဲ့ လူတွေကိုတော့ မျက်မှောင် ကြုတ်သွားစေသည်။

“ ရှကျိုးယွီရဲ့ဘေးမှာ ဒီလောက်အရည်အချင်း ရှိတဲ့သူ ရှိမယ်လို့မထင်ထားဘူး။ နန်းတော်ထဲမှာရော ဘယ်လောက်တောင် ပါရမီရှင်တွေ ပုန်း​နေအုံးမယ် မသိဘူး”

တစ်စုံတစ်ယောက်က အပြုံးနဲ့ပြောလိုက်သည်။

အကုန်လုံးက ထိုသူကို စိတ်ပျက်စွာကြည့်ကာ ခေါင်းရမ်းလိုက်လေ၏။

“ ဘယ်လောက်ရှိရှိ အခုငါတို့ပါ ပတ်သတ်ရတော့မယ်။.ငါတို့တွေ မလွတ်နိုင်တော့ဘူး”

“ ဒါပေမဲ့ ဒါတစ်ကယ်ပဲ ဘာသိုင်းလဲ?”

“ ငါလဲမသိဘူး။ ဒါပေမဲ့ ငါ့ရဲ့သွေးကြောထဲမှာ အင်အားတစ်ခုကို ခံစားလို့ရနေတယ်။ အန္တရာယ်တော့ မပေးဘူး ဒါပေမဲ့…”

ထိုသူက ပြောရင်းနဲ့ လက်ဖြန့်လိုက်သည်။

ချက်ချင်းပဲ ထိုလက်အနားမှာ လေတွေ ဝန်းရံသွားသည်။

အကြာကြီး ကြိုးစားပြီးနောက်မှာ ထိုသူ နောက်ဆုံးတော့ စိတ်ပျက်စွာ သက်ပြင်း ချလိုက်သည်။

“ မရဘူး! ဖယ်လို့မရဘူး”

“ မဖြစ်နိုင်တာကွာ!!”

ထိုသူက စိတ်ပျက်စွာဖြင့် စားပွဲကို လက်နဲ့ရိုက်ချလိုက်တော့သည်။

အဆုံးမှာတော့ ထိုသူ စိတ်ပျက်စွာပဲ မြေပြင်မှ ပြန်ထလိုက်တော့ရင်း..

“ဟင်း… တရှားက ကြောက်ဖို့ကောင်းလိုက်တာ”

……….

ထိုက်အန်းမြို့တော်ထဲက မရေမတွက်နိုင်တဲ့..

စားသောက်ဆိုင်တွေမှာ အလားတူ ဖြစ်ရပ်တွေ ဖြစ်ပေါ်နေခဲ့သည်။

တရားခံကတော့ ကျောက်ကောင်း အပြင် မရှိနိုင်ဘူးပေါ့!

ဒုတိယအဆင့် သိုင်းသမားရဲ့ လက်စွမ်းနဲ့…

ထိုက်အန်းမြို့ကို လာလည်သမျှ သူတွေအကုန် သေခြင်းရှင်ခြင်း.ကျိန်စာ မိသွားလေရဲ့။

အောင်မြင်စွာ ပြီးမြှောက်ပြီးနောက်မှာတော့ ကျောက်ကောင်း ကျေနပ်စွာ လက်ခုပ် တီးလိုက်သည်။

“ အရှင်မင်းကြီး ငါ့ကိုပေးခဲ့တဲ့ ပစ္စည်းက ဒီလောက်စွမ်းမယ် မထင်ခဲ့မိဘူး”

“ တစ်ကယ်ပဲ မင်းကြီးပီသပါပေတယ်!”

“ အခု ငါအကုန်လုံးကို ထိန်းချုပ်ပြီးပြီဆိုတော့ ဘာဆက်လုပ်ရမလဲ?”

ကျောက်ကောင်း ကိုယ့်ဘာသာ ခပ်တိုးတိုး ပြောနေခဲ့သည်။

ထောင်ဂဏန်းနီးနီးလောက် လူများစွာကို ထိန်းချုပ်ပြီးပေမဲ့ ဘာဆက်လုပ်ရမယ် သူ.မသိသေးဘူး။

သူ့ရဲ့နှလုံးသားထဲမှာ ရှကျိုးယွီက ထိန်းချုပ်ခိုင်းလို့သာ ထိန်းချုပ်ခဲ့တာပဲ!

……..

ဒီလိုနဲ့ ညဘက်ရောက်လာခဲ့သည်။

နန်းတော်ရဲ့ နံရံအနားကို များစွာတဲ့ လူရိပ်တွေ ချဥ်းကပ်လာခဲ့သည်။

ဝေ့တိုင်းပြည်ရဲ့ မဟူရာနတ်ဘုရား တပ်သားအဖွဲ့ပဲ။ သူတို့တွေက ထိုက်အန်းမြို့ကို ရောက်လာတာ ရက်တစ်ချို့ရှိပြီ။ သူတို့ရဲ့ ရည်ရွယ်ချက်က ရှကျိုးယွီကို သတ်ဖို့!

နဂါးအိပ်ယာထက်မှာ လှဲလျောင်းနေတဲ့ ရှကျိုးယွီရဲ့ မျက်လုံးတွေ ချက်ချင်းပွင့်လာခဲ့သည်။

ဒီလူတွေရဲ့ လှုပ်ရှားမှုက သူ့အတွက် ဆူညံသည်။ ဒါ့အပြင် မရင်းနီးတဲ့ အရှိန်အဝါကို ခံစားရစေသည်လေ။

“ ဒါ နန်းတော်က လူ မဟုတ်ဘူး”

ရှကျိုးယွီ ချက်ချင်းပဲ သတိထားမိသည်။

“လုပ်ကြံသူတွေလား?”

သူ အသက်ဝဝ ရှုသွင်းလိုက်ကာ

“ နောက်ဆုံးတော့”

သူ လုံးဝ မကြောက်မိဘူး။

အနည်းငယ်ပင် စိတ်တက်ကြွနေသေးသည်။

ရွှေအဆင့် စာရင်း ထွက်လာပြီးနောက်မှာ အန္တရာယ်တွေ လာတော့မယ်မှန်း သူ သေချာ သိနေသည်လေ။

ဒါပေမဲ့ ဒီလောက် မြန်မယ်လို့ မထင်ထားမိဘူး။

ဒါပေမဲ့အခု သူက အဆင့်တစ် သိုင်းနတ်ဘုရား.ဖြစ်နေပြီ။

ဒီကောင်တွေလောက်တော့..ကြောက်စရာ လား?

ရှကျိုးယွီ သူ့ရဲ့ စွမ်းအင်တွေကို စုစည်းလိုက်သည်။

သာမာန်အဝတ်လဲလိုက်ပြီး ခေါင်မိုးပေါ် တက်လိုက်သည်။

ထိုလုပ်ကြံသူတွေခမျာ မနက်က ကျောက်ကောင်းရဲ့ လက်ချက်ကြောင့် သေခြင်းရှင်ခြင်းအဆောင်ကျိန်စာ မိထားကြသည်။

ဒါပေမဲ့ သူတို့ စိတ်မပူကြပေ။

မဟုတ်တောင် သူတို့က အသေခံ တပ်သားတွေပဲ။

ရှကျိုးယွီ ကို သတ်ဖို့ အမိန့်နဲ့လွှတ်ခံလိုက်ရတဲ့ အသေခံတပ်သားတွေ!

ရှကျိုးယွီကို သတ်နိုင်သရွေ့ သူတို့ရဲ့ တာဝန်ပြီးပြီ။

သူတို့ရဲ့အသက်က ကိစ္စမရှိဘူး။

ဒီလိုနဲ့ ရှကျိုးယွီရဲ့ အိပ်ဆောင်ကို ချဥ်းကပ်လိုက်ကြသည်..

ဒါပေမဲ့ ထိုအစား.. ရုတ်တရက် မြင့်တက်လာတဲ့ လူသတ် အရှိန်အဝါကိုပဲ ခံစားလိုက်ရသည်။

လှည့်ကြည့်လိုက်တာနဲ့ တွေ့လို​က်ရတာက သာမာန်အဝတ်အစားနဲ့ သူတစ်​ယောက်ပဲ။ ထိုသူက မျက်နှာဖုံး ဝတ်ထားသည်။

သိုင်းပညာရှင်!

သေချာပေါက် ကျင့်ကြံသူပဲ!

သူတို့အနားကို အနီးကပ် လာနိုင်တယ်ဆိုမှတော့ အဆင့်မြင့် ကျင့်ကြံသူပဲ!

ချက်ချင်းပဲ အကုန်လုံး လန့်ဖြန့်သွားကြသည်။

မနက်က ကျောက်ကောင်းက မကောင်းဆိုးဝါးလို ဖြစ်တည်မှုဆိုရင် အခု ရှကျိုးယွီက သူတို့အတွက် အဆုံးမရှိတဲ့ ချောက်နက်လို ဖြစ်တည်မှုပဲ!

'နန်းတော်မှာ ဒီလိုပါရမီရှင်မျိုး ရှိတယ်လား?’

ထိုသူတွေရဲ့ စိတ်ထဲမှာ ​ကြောက်လန့်နေကြသည်။

မျက်စိရှေ့ကသူရဲ့ သရုပ်မှန်ကို မသိရသေးဘူး!

ဒါပေမဲ့ သေချာတာတစ်ခုက ရန်သူပဲ!

ထိုတပ်သားတွေ အချင်းချင်း ကြည့်လိုက်ကြသည်။

ချက်ချင်းပဲ ရှကျိုးယွီဆီ အပြေး ဝင်လာတော့သည်။

ဒါပေမဲ့ ရှကျိုးယွီက လုံးဝ မလှုပ်ခဲ့ဘူး။

သူ့ရဲ့ခန္ဓာကိုယ်အပြင်ဘက်ကို စွမ်းအင်တစ်ချို့ လျှံထွက်စေလိုက်ပြီး အဆုံးမှာ…

ချီစွမ်းအင် အကာအကွယ် ထွက်ပေါ်လာလေ၏!

ပြေးလာနေတဲ့ တပ်သားတွေအကုန် ထိုချီစွမ်းအင်နဲ့ တိုက်မိပြီး တန်ပြန်ရိုက်ခတ်မှု ခံလိုက်ရသည်!

ချက်ချင်းပဲ သူတို့တွေ သွေးအန်ထွက်ကုန်ကြသည်!

အကုန်လုံး ကြောက်ရွံ့စွာ နောက်ဆုတ်လိုက်ကြပြီး ရှကျိုးယွီကို ပြူးကျယ်စွာ ကြည့်လာလေ၏။

'ချီစွမ်းအင် အကာအကွယ်…!!’

‘ ဒီလူရဲ့သန်မာမှုက သိုင်းနတ်ဘုရားနီးနီး ရှိတယ်!’

‘ မနက်ခင်းက လူထက်တောင် ပိုအင်အားကြီးနိုင်တယ်!’

ဒီတပ်သားတွေအကုန်လုံးက တတိယအဆင့်ကို ရောက်ပြီးသား ကျင့်ကြံသူတွေပဲ။

ရှကျိုးယွီရဲ့ ကျင့်ကြံမှုကို အတည်ပြုနိုင်တာနဲ့ အကုန်လုံး ကြောက်ရွံ့သွားကြသည်။

လူတွေအကုန် စွမ်းအင်တွေ တစ်ပြိုင်နက် စုစည်းလိုက်သည်။

ချက်ချင်းပဲ သူတို့ရဲ့ ခန္ဓာကိုယ်က စွမ်းအင်တွေ ထွ​က်လာသည်။ ရိုက်ခတ်လာတဲ့ စွမ်းအင်လှိုင်းက အပြင်ကို လျှံလာတာနဲ့ လေထုကိုပါ ရိုက်ခတ်လာသည်။

ဒီလိုနဲ့စုပေါင်းတိုက်ချက်က ရှကျိုးယွီရဲ့ ခန္ဓာကိုယ်တည့်တည့်ဆီ ပြေးလာတော့၏!

မဟူရာနတ်ဘုရားတပ်ဖွဲ့ရဲ့ အင်အားကြီး တိုက်ကွက်ပဲ။

ရှကျိုးယွီကို သတ်ဖို့အတွက်.ပြင်ဆင်လာတဲ့ တိုက်ကွက်ဆိုလဲ မမှားဘူး။

ပြင်းထန်တဲ့တိုက်ချက်ကြောင့် ပတ်ဝန်းကျင်ရဲ့ လေထုတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်လာတော့သည်။

ကြမ်းတမ်းတဲ့ရိုက်ချက်က ရှကျိုးယွီအပေါ် တိုက်ရိုက်ကျရောက်လာသည်။

ရှေ့ပြေးအနေနဲ့ မျက်နှာကို လာရိုက်ခတ်နေတဲ့ လေကိုပင် ရှကျိုးယွီ ခံစားနေရသည်။

ထိုအချိန်မှာ သူ လက်တစ်ဖက်သာ မြှောက်လိုက်သည်။

“ဘန်း!”

တာအိုပညာရဲ့ ဒုတိယအဆင့် နတ်လက်ချောင်းနယ်ပယ်အစွမ်းကို အသုံးပြုပြီး တားဆီးလိုက်တာပင်။

တစ်ဖက်ရဲ့ ရိုက်ချက်ကို ပြီးပြည့်စုံစွာ ဖျက်ဆီးလိုက်နိုင်သည်။

အနီးအနားက လေထုပင် အေးခဲသွားသလိုပဲ!

…………..

All Chapters