← Chapters

( ရှင်ဘုရင်တစ်ယောက်ရဲ့စိတ်ကို မှန်းလို့ရလား?)

Vol. 5 Ch. 61

( ရှင်ဘုရင်တစ်ယောက်ရဲ့စိတ်ကို မှန်းလို့ရလား?)

Vol. 5 Ch. 61

“ဒါက…”

မဟူရာနတ်ဘုရားတပ်သားတွေ ဆွံ့အ သွားတော့သည်။

သူတို့အခု မြင်နေရတာ​… သိုင်းပညာနဲ့တာအိုပညာ ပေါင်းစပ်မှုလား?!

ပြီးတော့ တာအိုပညာကလဲ ဒုတိယအဆင့်….!

လက်တစ်ချက် လှုပ်ရုံနဲ့….

ဒီလောက်လူအများကြီးရဲ့ တိုက်ခိုက်မှုကို တားလိုက်နိုင်တယ်!

ဒါ လူကောဟုတ်သေးလား!

ဒီမျက်နှာဖုံးနဲ့လူက တစ်ကယ်ပဲ ဘယ်သူလဲ?

ဘယ်လိုလုပ်လိုက်တာလဲ?

တရှားမှာ ဘာကြောင့်ရှိနေရတာလဲ?

သတင်းတွေထဲကလိုမျိုး….

တရှားနဲ့ ထျန်းချီတာဝါနဲ့ ပူးပေါင်းနေတာ အမှန်ပဲလား??!

မဟူရာနတ်ဘုရား တပ်သားများ ပိုပိုပြီး.ခြောက်ခြားလာတော့သည်။

သူတို့ရဲ့ နှလုံးသားထဲမှာ အဖြေထွက်ပေါ် နေပြီ!

ဒီနေ့ သူတို့ရဲ့ ကြိုးစားမှု ကျရှုံးပြီမှန်းလဲ သိနေခဲ့ပြီ!

သူတို့တွေ အချင်းချင်း ကြည့်လိုက်ကြသည်။

တစ်စက္ကန့်အတွင်းမှာပဲ အလင်းတန်းတွေ ဖြာထွက်လာကာ

“ဘန်း”

လေတွေ အဆုံးမရှိ တိုက်ခတ်လာခဲ့သည်။

တစ်စက္ကန့်အတွင်းမှာပဲ မြောက်မြားစွာတဲ့ လူတွေဟာ လေအဖြစ်ပြောင်းကာ ပျောက်ကွယ်သွားလေရဲ့။

'ထွက်ပြေးသွားတာလား?’

ရှကျိုးယွီ မျက်မှောင်ကြုတ်သွားသည်။

သူ အာရုံခံလိုက်သည်။

နောက်ဆုံးတော့ ထိုလူတွေ ထွက်ပြေးပျောက်ကွယ်သွားမှန်း သူ လက်ခံလိုက်ပြီ။

“ ဟမ်း နည်းနည်းတော့ ထူးဆန်းတယ်။ လုပ်ကြံသူတွေလဲ ရောက်လာပြီဆိုတော့ မြို့တော်ကြီး စည်ကားလာတော့မှာပဲ”

ရှကျိုးယွီ အနေနဲ့ ထိုလုပ်ကြံသူတွေ ဘယ်ကိုပြေးသွားလဲ စိတ်မပူမိဘူး။

ဒီထိရောက်လာပြီး လုပ်ကြံဖို့ ကြိုးစားနိုင်တယ်ဆိုမှတော့ အရည်အချင်း တစ်ချို့ရှိတာ လက်ခံပေးလို့ရသည်။

ဒါပေမဲ့ ဒီလူတွေက သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်ဘူး။

သူ ပျင်းရိစွာ အကြောဆန့်လိုက်တော့သည်။

ဒီနေ့တိုက်ပွဲကြောင့် သူ.ဘယ်လောက် သန်မာလဲ နားလည်လိုက်သည်။

ဒီလိုနဲ့ သန်းဝေရင်း ရှကျိုးယွီ အိပ်ဆောင်ဆီ ပြန်ရောက်လာခဲ့သည်။

သူ အနည်းငယ် လေ့ကျင့်လိုက်အုံးမည်လေ။

………..

မဟူရာနတ်ဘုရားတပ်သားများ ခမျာ အနည်းငယ်သာ ပြေးရသေးသည်။ သူတို့အရှေ့ကို ပုံရိပ်တစ်ခု ထွက်ပေါ် လာခဲ့သည်။

‘ကျင့်ကြံသူ!’

တစ်စုံတစ်ယောက်ကို အာရုံခံမိတာနဲ့ သူတို့တွေအကုန် အနည်းငယ် လန့်သွားကြသည်။

ဒီနေ့ သူတို့အတွက် အဖြစ်အပျက်တွေ များနေပြီလေ။

အထူးသဖြင့် အစောပိုင်းက တာအိုပညာကြီးပဲ!

ထိုပါရမီရှင်ရဲ့ ကျွမ်းကျင်မှုက သူတို့ရဲ့ယုံကြည်မှုကို သုံးညဖြစ်အောင် ဖျက်ဆီးလိုက်နိုင်သည်!

အမှောင်ထဲမှာဆိုပေမဲ့ သူတို့အားလုံး လူရိပ်တစ်ခုကို မြင်နိုင်သေးသည်။

“သူပဲ!!”

မနေနိုင်စွာ လူတစ်ယောက်က အော်ဟစ်လိုက်သည်။

သူတို့တစ်ကိုယ်လုံး တုန်ယင်သွားကြကာ ခြေတစ်လှမ်းချင်းဆုတ်လိုက်သည်။

တုန်ယင်လွန်းလို့ ပြုတ်ကျတော့မတတ်တောင် ဖြစ်နေခဲ့ပြီ။

သူတို့ရဲ့တစ်ကိုယ်လုံးကနေ ကြောက်ရွံ့မှုတွေ မထိန်းနိုင်အောင် ထွက်ပေါ်နေသည်။

ဒီလူက မနက်ခင်းက တွေ့ခဲ့တဲ့သူပဲ…

မိန်းမစိုး!

မနက်ခင်းတုန်းက အဖြစ်အပျက်ကို သူတို့အာရုံထဲက အခုထိ မေ့လို့မရသေးဘူး!

'လုံးဝမထင်ထားမိဘူး! ဒီလောက်အမြန်ကြီး ပြန်တွေ့မယ်လို့…!’

“ မင်းတို့က ထိန်းမရတော့ဘူးပဲ။ နန်းတော်ထဲ ညဘက်ခိုးဝင်တာ ပုန်ကန်တာဆိုတာ မသိဘူးလား!”

ကျောက်ကောင်း.ထိုသူတွေကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ ဘာခံစားချက်မှ မရှိဘူး။

လုပ်ကြံသူတွေ အချင်းချင်း ကြည့်လိုက်ကြသည်။

'ဒီအရှေ့ကမိန်းမစိုးက ဒုတိယအဆင့် သိုင်းသမားပဲ။ သူ့ဆီက​ ထွက်ပြေးဖို့ အရမ်း.မခက်ခဲဘူး။ တစ်ခုတည်းသော ပြဿနာက သူ့ရဲ့ဆန်းကြယ်တဲ့ သိုင်း!’

သူတို့တွေ ချက်ချင်းပဲ အချက်ပြကာ ကျောက်ကောင်းရှိရာ ဝင်လုံးတော့သည်။

ကျောက်ကောင်းက ရှောင်တယ်ဆိုရုံလေး ရှောင်လိုက်တာပင်။

သူ လက်တစ်ဖက်မြှောက်ကာ သေခြင်းရှင်ခြင်းအဆောင်ကို အသက်သွင်းလိုက်သည်။

ပြေးလာနေတဲ့သူတွေ ချက်ချင်းပဲ မြေပေါ်လဲကျသွားကာ လူးလိမ့်နေတော့သည်။

ထိုအုပ်စုထဲမှာ မနက်ခင်းက မတွေ့လိုက်ရတဲ့ သူတစ်ချို့ရှိသည်။ သူတို့က သေခြင်းရှင်ခြင်း ကျိန်စာ မမိသေးဘူး။ ထိုသူတွေက​ ကြောက်မက်ဖွယ် အရှိန်အဝါတွေနဲ့ ကျောက်ကောင်းကို သတ်ဖို့ ပြေးလာတော့၏။

ထိုအချိန်မှာစွမ်းအင်လှိုင်းတစ်ခုက ကျောက်ကောင်းရဲ့ ခန္ဓာကိုယ်ကို ဖြတ်ပြေး သွားပြီး လက်ဖဝါးမှာ စုဝေးသွားကာ အပြင်ကို ဖောက်ထွက်လာခဲ့သည်။

“ဘန်း”

လာတိုက်ခိုက်တဲ့ သူတွေအကုန်လုံး စွမ်းအင်လှိုင်းရဲ့ ရိုက်ချမှုခံလိုက်ရသည်။

လွင့်တက်သွားတဲ့ ခန္ဓာကိုယ်တွေ မြေပြင်ပေါ် ပြန်ကျချိန်မှာ အကုန်မေ့လဲနေပြီပင်။

“ အရှုံးသမားတွေ! နန်းတော်ထဲ ခိုးဝင်ရဲတယ်!”

ကျောက်ကောင်း စိတ်ပျက်စွာပြောလိုက်သည်။

ဒါပေမဲ့ သူမသိခဲ့တာက ဒီလူတွေရဲ့ အစွမ်းက တစ်ဝက်တောင် မကျန်တော့ဘူး။ အစောက ရှကျိုးယွီနဲ့ တိုက်ခိုက်ခဲ့စဥ်က အစွမ်းတွေအများကြီး ထုတ်သုံးခဲ့ရသည်။

“ မင်းတို့တွေ လူးလိမ့်နေတာ တော်တော့။ မေ့နေတဲ့ကောင်တွေကို သယ်ပြီး ငါ့နောက်လိုက်ခဲ့”

ကျောက်ကောင်း သေခြင်းရှင်ခြင်းသိုင်းကို ရပ်ပေးလိုက်ကာ ပြောလိုက်သည်။

ထိုသူတွေခမျာ အသက်ရှုမလို့ လုပ်နေတုန်း ရှိသေးသည်။ ကျောက်ကောင်းရဲ့ အေးစက်တဲ့ အမိန့်သံကို ကြားလိုက်ရသည်။

အစောပိုင်းက သေခြင်းရှင်ခြင်းအဆောင်ရဲ့ အစွမ်းက သူတို့တွေကို စိတ်ဒုက္ခ တော်တော် ပေးနိုင်ခဲ့သည်။

ဒါကြောင့် ကျောက်ကောင်းရဲ့ အမိန့်ကို သူတို့ ဂရုမစိုက်ဘဲ မနေရဲတော့ဘူး။

မေ့လဲနေတဲ့ အသင်းသားတွေကို အမြန်ချီလိုက်ကာ ကျောက်ကောင်းကို ကတုန်ကယင် ကြည့်လိုက်လေ၏။

“ အရှင်မင်းကြီး အခုနားနေလောက်ပြီ။ ဒီကိစ္စကို ငါ မနက်မှတင်ပြတော့မယ်။ ငါ့နောက်လိုက်ခဲ့ကြ”

ကျောက်ကောင်း ခဏလောက်တွေးပြီးနောက်မှာ သူ့အခန်းကိုပဲ ခေါ်လာလိုက်တော့သည်။

ထိုသူတွေ ထွက်ပြေးချင်ပေမဲ့ ကျောက်ကောင်းရဲ့ ဆန်းကြယ်တဲ့ သိုင်းပညာကို တွေးမိတော့ လက်လျော့ရုံအပြင် ရွေးစရာမရှိတော့ပေ။

………..

ရှကျိုးယွီ နောက်တစ်နေ့ မနက်ရောက်မှသာ လေ့ကျင့်လို့ ပြီးခဲ့သည်။

မနေ့က တိုက်ပွဲကြောင့် သူ အနည်းငယ် ကျေနပ်နေသည်လေ။

ခန္ဓာကိုယ်က ပေါ့ပါးသွားသလိုပဲ။

'ဒီခံစားချက်က…’

'မိဖုရားနဲ့ တိုက်ပွဲဆင်နွဲရင် ရတဲ့သာယာမှုနဲ့ မတူတဲ့ သာယာမှုပဲ’

‘ ဒါကရိုးရှင်းတယ်’

‘ကြည့်ရတာ ငါ မကြာမကြာ အကြောလျှော့ပေးသင့်တယ် ထင်တယ်’

‘ အေးပေါ့ အသက်က တစ်ဖြည်းဖြည်း ကြီးလာပြီပဲ’

ရှကျိုးယွီ သက်ပြင်းရှည်ကြီး ချလိုက်သည်။

သူ့အနေနဲ့ သိုင်းပညာလမ်းစဥ်မှာ ပထမအဆင့်ဖြစ်လာပြီး တာအိုပညာလမ်းစဥ်မှာလဲ အဆင့်နှစ် ရောက်နေပြီဆိုပေမဲ့…

တစ်ခုခု ပျောက်ဆုံးနေသလို ခံစားနေရဆဲပဲ။

သူ့ခန္ဓာကိုယ်က မညီမျှနေသလိုမျိုး…

အသက်တစ်ခါရှုတိုင်း ခန္ဓာကိုယ်ကနေ လှုံံ့ဆော်မှုတစ်ခု ပို့ပေးသလို ခံစားရသည်။

‘ဒါပေမဲ့ ကံကြမ္မာအမှတ်ကို ဖျက်ဆီးဖို့က အဓိကပဲ။ ကျန်တာ အဲ့လောက်အရေးမကြီးပါဘူး’

ရှကျိုးယွီ ခေါင်းရမ်းလိုက်ကာ ဆက်မတွေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။

အပြင်ထွက် လမ်းအနည်းငယ် လျှောက်ဖို့ တွေးလိုက်လေ၏။

ဒါပေမဲ့ တံခါးဖွင့်လိုက်တာနဲ့ ကျောက်ကောင်းနဲ့အတူ အနောက်က အမဲရောင် ဝတ်စုံနဲ့ လူတစ်အုပ် အတူ လာနေတာ မြင်လိုက်ရသည်။

ရှကျိုးယွီ အံ့သြသွားသည်။

‘ ဒါမနေ့က လူတွေမလား?’

‘ ကျောက်ကောင်း.ဘယ်လိုဖမ်းလိုက်တာလဲ?’

“ အရှင်မင်းကြီး ဒီလူတွေကို ကျွန်တော်မျိုး မနေ့က ဖမ်းမိခဲ့ပါတယ်။ ကျန်းဟူက ဖြစ်မယ်လို့ ယူဆရတယ်!”

‘ဒါက…’

ဒီလောက်အမြန်ကြီး ပြန်ဆုံရမယ်လို့ ရှကျိုးယွီ မထင်ထားမိဘူး။

‘ဒါပေမဲ့ ရပါတယ်လေ’

‘ငါပြောစရာရှိတာ ပြောလို့ရတာပေါ့’

‘ သူတို့ခေါင်းဆောင် ဘယ်သူလဲ စုံစမ်းခိုင်းရမယ်’

ရှကျိုးယွီ ခေါင်းညိတ်လိုက်သည်။

“ ကျောက်ကောင်း မင်းဖမ်းနိုင်ခဲ့တာဆိုမှတော့ မင်းစိတ်ကြိုက် စီရင်နိုင်တယ်။ ငါကိုယ်တော် မေးခွန်းတစ်ချို့ပဲ မေးချင်တယ်”

ကျောက်ကောင်း အံ့သြသွားသည်။

‘မေးခွန်း..?’

‘အရှင်မင်းကြီးက ဘာမေးချင်တာလဲ?’

ရှကျိုးယွီ ဆက်ပြောလိုက်သည်။

“ သိုင်းလောကက ဂိုဏ်းတွေက အုပ်ချုပ်ရ ခက်တယ်။ ငါကိုယ်တော် တစ်ခါပြောခဲ့ဖူးတာ မှတ်မိလား?”

ရှကျိုးယွီရဲ့ မျက်လုံးတွေက တည်ငြိမ်နေလေ၏။

ကျောက်ကောင်း အမြန်ပြန်ဖြေလိုက်သည်။

“ ကျွန်တော်မျိုး နားလည်ပါပြီ။ အမိန့်တော် အတိုင်းပါ”

ရှကျိုးယွီရဲ့ ရည်ရွယ်ချက်ကို ကျောက်ကောင်း သဘောပေါက်လိုက်သည်။

ကျန်းဟူက သူတွေနဲ့ပတ်သတ်ပြီး သူ့ကို တာဝန်ပေးထားတာလေ..

အခုလိုမျိုး နန်းတော်ထဲပါ ဝင်လာနိုင်တာက သူ ကောင်းကောင်း.မကြည့်ရှုမိလို့ပဲ။

ဒါမျိုးကိစ္စက မဖြစ်သင့်ဘူး!

“ သိရင်သွားတော့”

ရှကျိုးယွီ လက်တစ်ဖက်ယမ်းကာ ပြောလိုက်သည်။ သူဒါကို သိပ်ဂရုမစိုက်ခဲ့ဘူး။

ဒါပေမဲ့ ကျောက်ကောင်းကတော့ ပျော်ရွှင်နေလေရဲ့။

‘ငါ ဒီတစ်ခေါက် ကောင်းကောင်း မလုပ်နိုင်ခဲ့တာတောင် အရှင်မင်းကြီးက ငါ့အပေါ် ယုံကြည်မှုမပျက်ဘူး!’

‘ ကြည့်ရတာ ကျန်းဟူကလူတွေကို သဘောကောင်းပြလို့ မရတော့ဘူး။.ဗျူဟာ စဥ်းစားသင့်ပြီ’

‘ဘယ်လိုလုပ်ရမလဲ?’

သူ စဥ်းစားနေရင်းဖြင့် နန်းတော်အပြင် ထွက်လာခဲ့လိုက်သည်။

ရှကျိုးယွီရဲ့ အမိန့်တော်တွေကို သူ ပြန်တွေးနေတာပင်။

ဒီလိုနဲ့ သူ ရုတ်တရက် သတိရသွားကာ…

မျက်လုံးတွေ ချက်ချင်း လက်လာလေ၏!

…………….

All Chapters