← Chapters

( အရှင်မင်းကြီးက တစ်ကယ် အံ့သြဖို့ ကောင်းလိုက်တာ)

Vol. 5 Ch. 62

( အရှင်မင်းကြီးက တစ်ကယ် အံ့သြဖို့ ကောင်းလိုက်တာ)

Vol. 5 Ch. 62

ကျောက်ကောင်းရဲ့ မျက်လုံးတွေ ချက်ချင်း.ပြူးကျယ်သွားသည်။

‘ မဟာတံတိုင်းဆောက်တဲ့ကိစ္စနဲ့ သက်ဆိုင် နေလောက်လား?’

‘ ငါ့မှာ သေခြင်းရှင်ခြင်း အဆောင်သိုင်း ရှိတယ်။ ငါဒီလူတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်ပြီ။ ကျန်းဟူသားတွေက တရှားရဲ့ မဟာတံတိုင်းအတွက် အကောင်းဆုံး လုပ်သားတွေပဲ ဟဟ!’

‘ ဒီလူတွေက တော်ရုံ သန်မာတာမဟုတ်ဘူး။ နယ်လှည့်နေတဲ့ ကျင့်ကြံသူတွေ။ သူတို့ တစ်ယောက်ချင်းဆီက လူတစ်ရာစာနဲ့ ညီမျှတယ်။ လူအရေအတွက် လျှော့ချနိုင်ချိန်မှာ ရလဒ်က ပိုတိုးအုံးမယ်’

'ဒါ့အပြင် ဒီလူတွေရဲ့ အင်အားကို သုံးလိုက်မယ်ဆိုရင် တံတိုင်းရဲ့ခိုင်ခံ့မှုလဲ သေချာပေါက် မြင့်တက်လာမှာ’

ကျောက်​ကောင်း အလွန်စိတ်လှုပ်ရှားလာကာ

မနေနိုင်စွာ အနောက်လှည့်ကြည့်လိုက်သည်။

သူ့အနောက်မှာ ဆယ်ယောက်ကျော်တဲ့ မဟူရာ နတ်ဘုရား တပ်သားတွေ ရှိသည်။

“ ငါ့နောက်လိုက်ခဲ့”

အသေခံတပ်သားတွေ ဆိုပေမဲ့ ထိုတပ်သားတွေ ခမျာ ကြောက်လွန်းလို့ အသက်တောင် ဝအောင် မရှုရဲကြဘူး။ ကျောက်ကောင်းရဲ့ အသံကိုကြားတိုင်း ခံစားခဲ့ရတဲ့ နာကျင်မှုကို ပြန်အမှတ်ရသည်!

သူတို့တွေ သေရမှာ မကြောက်ပါဘူး။

ဒါပေမဲ့ အခုလို မသေမရှင် ဖြစ်ရမှာတော့ ကြောက်သည်!

ဒါ့အပြင် သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အရှိန်အဝါတစ်ခု ရှိနေသည်။

ငြင်းဆိုမှုတစ်ခုကို တွေးလိုက်တိုင်း ခန္ဓာကိုယ်ရဲ့ အသွေးအသားက ဆန့်ကျင်ဘက်ကို တုံ့ပြန်နေသလိုမျိုး ခံစားချက်က အနုနည်းနဲ့ နှိပ်စက်ခံနေရတာပဲ!

ဒီလိုနဲ့ သူတို့တွေ ကျောက်ကောင်းရဲ့ နေအိမ်ကို ပြန်ရောက်လာခဲ့သည်။

“ မင်းတို့က ဘယ်ကလဲ?”

ကျောက်ကောင်း စိတ်မပါစွာ မေးလိုက်သည်။

ထိုသူတွေ အံ့သြသွားကြကာ အသံထွက်မလာတော့ပေ။

ဘယ်သူမှ စကားမဟကြဘူး။

ကျောက်ကောင်း မျက်မှောင်ကြုတ်သွားပြီး

“ မပြောချင်ဘူးပေါ့?”

ကျောက်ကောင်းရဲ့ ခြိမ်းခြောက်သံကို ကြားရချိန်မှာအကုန်လုံး မထိန်းနိုင်စွာ တုန်ယင်သွားကြသည်။

ကြောက်လွန်းလို့ ဒူးတောင် ထောက်မိတော့မည်!

“ကျွန်တော်တို့က ကျန်းနန် ကပါ”

အဆုံးမှာတော့ လုပ်ကြံသူတွေထဲမှ အသံထွက်လာခဲ့ပြီ။

ကျောက်ကောင်း ခေါင်းသာ ညိတ်ပြလိုက်သည်။

“ ကျန်းနန် ဟုတ်လား? အရှင်မင်းကြီးကို ဘာကိစ္စ လုပ်ကြံခဲ့တာလဲ?”

လက်နှစ်ဖ​က်ကို ပွတ်သပ်နေရင်း ကျောက်ကောင်းက လေသံနိမ့်နဲ့ မေးလိုက်လေ၏။

“ အကြောင်းမရှိပါဘူး!”

ထိုတပ်သားက ချက်ချင်း ပြန်ဖြေသည်။

ဒါကိုကြားတော့ ကျောက်ကောင်း ပိုဒေါသ ထွက်သွားသည်။ ကျန်းနန်က လာပြီး အရှင်မင်းကြီးကို သတ်စရာ အကြောင်းအရင်း မရှိဘူး!

ဒါကိုသာ တင်ပြလိုက်ရင် မင်းကြီး အမျက်တော်ရှပြီး သူတောင် အသတ်ခံလိုက်ရနိုင်သည်!

“ မင်းတို့ အမှန်တိုင်းပြောတာ ကောင်းမယ်နော်”

ကျောက်ကောင်း နူးညံ့တဲ့အသံနဲ့ သတိပေးလိုက်သည်။

“ မင်း ဖြေစမ်း!”

ပြောရင်းနဲ့ ကျောက်ကောင်းက တပ်သားတစ်ယောက်ကို လက်ညိုးထိုးလိုက်သည်။

ထိုကောင်​လေး ခမျာ ချက်ချင်း ဒူးထောက်ကျသွားပြီး

“ ဘာလို့ဆို.. ကျန်းနန်က အ​ခြေအနေ တွေကြောင့်ပါ..!”

ထိုသူက အမြန်ပြောလိုက်သည်။

ချင်မင်းသား ရောက်လာပြီးနောက်မှာ ကျန်းနန်က ဂိုဏ်းအများစု ဖျက်ဆီးခံလိုက်ရသည်တဲ့။ ထိုသတင်းကို မြို့တော်လာရင်းနဲ့ သူတို့ ကြားထားခဲ့သည်။

ဒါကြောင့် သူ့ရဲ့အဖြေက တော်တော်လေး စစ်မှန်သည်။

ကျောက်ကောင်းလဲ အမှားမရှာနိုင်တော့ပေ။

သူ အရှင်မင်းကြီးကို ပိုလေးစားသွားတော့သည်။

‘အရှင်မင်းကြီးက အရမ်းရဲရင့်တာပဲ။ ကျန်းနန်က လူတွေ လာမှာကိုပါ ကြိုတွက်ထားတယ်!’

‘ ဒါဆို ဒါတွေအားလုံးက မင်းကြီးရဲ့ အစီအစဥ်တွေပဲပေါ့’

‘ ငါ့ရဲ့ သေခြင်းရှင်ခြင်းအဆောင် သိုင်းကတောင်မှ အရှင်မင်းကြီးရဲ့ အစီအစဥ်တွေထဲက တစ်ခုပဲ’

‘ အရှင်မင်းကြီးက ကြောက်ဖို့ကောင်းလိုက်တာ!’

ဒါပေမဲ့ ကျောက်ကောင်း ချက်ချင်းပဲ မသင်္ကာစရာကို ရှာတွေ့သွားခဲ့သည်။

“မဟုတ်ဘူး”

“မဟုတ်ဘူး”

ကျောက်ကောင်း အဆတ်မပြတ် ခေါင်းရမ်းလိုက်သည်။

မဟူရာနတ်ဘုရားတပ်သားတွေရဲ့ နှလုံးသားကတော့ အေးခဲလာပြီပင်။

“ သခင်ကြီး ဘာဖြစ်လို့ပါလဲ?”

ကျောက်ကောင်း ခဏလောက် စဥ်းစားလိုက်ကာ

“ မင်းတို့ရဲ့လေသံက မမှန်နေဘူး”

“ မင်းတို့ရဲ့ လေသံက ကျန်းနန် လေသံ မဟုတ်ဘူး။ မင်းတို့က ကျန်းနန်က မဟုတ်ဘူး! အမှန်တိုင်းပြောစမ်း! မင်းတို့က ဘယ်ကလဲ?!”

တပ်သားတွေအကုန် ကြောက်လန့်သွားကြသည်။

'လေသံ?..’

‘ လေသံကိုတောင် ခွဲနိုင်တယ်လား?’

နောက်ထပ် အလိမ်အညာကိုတောင် စဥ်းစားချိန်မရလိုက်ဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်ကို ယားယံမှု​က စတင်ရိုက်ခတ်လာတော့သည်။

သိပ်မကြာဘူး။.နာကျင်မှုက ကိုယ်တွင်းအင်္ဂါတွေကို နှိပ်စက်လာသည်။

“လာကြစမ်း! ဒီလူတွေကို ခေါ်ထုတ်သွားကြ!”

အပြင်ဘက်က မိန်းမစိုးငယ်တစ်ချို့ကို ကျောက်ကောင်း အမိန့်ပေးလိုက်သည်။

ဒီလိုနဲ့ လူးလိမ့်နေတဲ့သူတွေ အကုန်လုံး သယ်ထုတ်ခံလိုက်ရလေ၏။

………

ထိုအချိန် ဆေးဖော်ခန်းထဲမှာတော့…

လီချင်းလွမ်တစ်ယောက် ချွေးတွေ ရွှဲရွှဲ စိုနေခဲ့သည်။

နဂါးကိုးကောင် ဒယ်စောက်ရဲ့အောက်က မီးက ပြင်းထန်လွန်းသည်။

ဘေးက ဆေးအကူလေးနှစ်ယောက်က လက်ထဲက ခေါက်ယပ်တောင် အသီးသီးဖြင့် မီးပိုတောက်အောင် ယပ်ခတ်နေကြသည်။ ဒီလောက် ကြိုးစားနေတာတောင်မှ..

ဆေးလုံးက မအောင်မြင်သေးဘူး။

ထိုအချိန်မှာ မီးခိုးငွေ့တစ်ချို့ ထွက်လာပြီး နဂါးတစ်ကောင်လို ထိုးတက်လာခဲ့ပြီ။

ဆေးလုံးစုဆောင်းဖို့ ခြေတစ်လှမ်းပဲ လိုတော့သည်!

ထိုအချိန်မှာပဲ..

“ဘန်း!”

ကျယ်လောင်တဲ့ အသံကြီးထွက်ပေါ်လာသည်။

လေထုထဲကို ဆေးလုံးတွေ ဝဲပျံသွား၏။

ထို့နောက်မှာ အငွေ့အဖြစ် ပြောင်းသွားပြီး ချက်ချင်းပျောက်ကွယ်သွားသည်။

လီချင်းလွမ် အမောဆို့သွားတော့သည်။

မြေပေါ်ကို ပုံကျသွားကာ ပင့်သက်ရှိုက်လိုက်သည်။

သူမရဲ့မျက်လုံးထဲမှာ ကူကယ်ရာမဲ့မှုတို့ ပြည့်လာရပြီ။

“ အလုပ်မဖြစ်သေးဘူးလား? အိုးကောင်းပေမဲ့ မီးလိုနေတာဟာ..!”

သူမ သက်ပြင်းချလိုက်သည်။

ဘေးက ဆေးအကူလေးနှစ်ယောက် ချက်ချင်းပဲ ခါးညွတ်အရိုအသေပေးလိုက်ကာ ခေါင်းမဖော်ရဲတော့ပေ။

“ထပါ ငါနင်တို့ကို အပြစ်မတင်ဘူး”

လီချင်းလွမ် နူးညံ့စွာပြောလိုက်သည်။

ထိုနှစ်ယောက်ခမျာ တောင့်တင်းစွာ မတ်တပ် ပြန်ရပ်လိုက်ကြသည်။

လီချင်းလွမ် မတ်တပ်ပြန်ရပ်လိုက်ကာ ပစ္စည်းတွေ သိမ်းလိုက်တော့သည်။

ဖုန်ခါပြီးတာနဲ့ အနည်းငယ် အင်္ကျီပြင်လိုက်ပြီး

“ ငါဒီရက်ပိုင်း ဆေးလုံးလုပ်နေတာနဲ့ပဲ ရှကျိုးယွီကို အာရုံမစိုက်မိလိုက်ဘူး။ မေ့သွားတယ်”

လီချင်းလွမ် ခပ်တိုးတိုးပြောလိုက်သည်။

သူမ ရှကျိုးယွီကို စဥ်းစားလိုက်သည်။

သူမအတွက်တော့.. ရှကျိုးယွီက ဆန်းကြယ်တဲ့ သူတစ်ယောက်ပဲ။

ရှကျိုးယွီကို တွေးလိုက်တာကလဲ သူမကို ထောက်ပံ့ပေးမယ်လို့ ကတိပေးထားလို့ပဲ။

လီချင်းလွမ်က ဆေးလုံးဖန်တီးဖို့ပဲ စိတ်ဝင်စားသည်။

“ ငါဒီမှာ ငါးရက်ခြောက်ရက် ကြာသွားတယ်။ ထျန်းချီတာဝါနဲ့ ကိစ္စတောင်.ဘယ်လိုဖြစ်သွားတယ် မသိဘူး”

“ ထားတော့။ သူ့ကိုသွားရှာရမယ်။ သူ့ဆီသွားပြီး ပစ္စည်းတစ်ချို့ရှာနိုင်လဲ မဆိုးဘူး။ မီးအားတိုးနိုင်မဲ့ နည်းရှာဖို့ လိုတယ်”

လီချင်းလွမ့် မသွားခင်မှာ ဆေးအကူလေး နှစ်​ယောက်ကို မှာခဲ့လိုက်သည်။

“ သန့်ရှင်းရေးလုပ်ထားလိုက်နော်။ ငါအပြင် ခဏထွက်အုံးမယ်”

အကူလေးနှစ်ယောက်က ခေါင်းညိတ်ပြလိုက်လေ၏။

ဒီလိုနဲ့ လီချင်းလွမ့် တစ်ယောက် ရှကျိုးယွီ ရှိရာ နန်းတော်ဆီ ဦးတည်တော့သည်။

ရှကျိုးယွီက သူမကို မိတ်ဆက်ပေးထားတာမို့ သူမကို တားမြစ်မဲ့သူ မရှိဘူး။

မကြာခင်မှာ ရှကျိုးယွီရဲ့ အိပ်ဆောင်ကို ရောက်လာတော့သည်။

ထိုအချိန်မှာ ရှကျိုးယွီက နန်းတွင်းအစေခံလေးတွေရဲ့ အကူအညီနဲ့ ဆေးကြောနေတာပင်။

လီချင်းလွမ်ကို မြင်တော့ သူ မျက်မှောင် ကြုတ်သွားသည်။

“ ဒါ တော်ဝင် ဆေးဆရာမ မလား? ဘယ်လိုနေလဲ? နန်းတော်ထဲမှာ နေသား ကျလာပြီလား?”

ရှကျိုးယွီ ကတော့ ဆေးလုံးရလာမယ်လို့လဲ မထင်မိဘူး။ သူ့အနေနဲ့ အချိန်ဖြုန်းတယ်လို့ပဲ တွေးထားသည်။

ဒီရက်ပိုင်းမှာ လီချင်းလွမ့်ရဲ့ များစွာတဲ့ ဆေးလုံးပါဝင်ပစ္စည်း ထုတ်ယူမှုတွေကြောင့် လာတင်ပြတဲ့သူတွေတောင် ရှိခဲ့သည်။ ဒါပေမဲ့ သူ လက်တစ်ဖက်ယမ်းပြကာ သဘောတူခဲ့သည်လေ။

လီချင်းလွမ့်ကို အခုမြင်လိုက်တော့ ရှကျိုးယွီ နည်းနည်း အံ့သြမိသွားသည်။

'ဆေးလုံးမလုပ်ဘဲ ဘာလို့ရောက်လာတာများလဲ?’

လီချင်းလွမ့်က ဒူးထောက်ချလိုက်ကာ

“ အရှင်မင်းကြီးခင်ဗျာ.. ဆေးလုံးဖန်တီးတာ မအောင်မြင်သေးပါဘူး။ မီးဖိုရဲ့ မီးအပူလိုအပ် ချက်ကြောင့် ဆေးပင်တွေပဲ အလကားဖြုန်းတီး မိခဲ့တယ်။ အခု ပစ္စည်းတောင် ကုန်တော့မယ်။ ဒါကြောင့် အရှင်မင်းကြီးဆီ အကူအညီတောင်းဖို့ ရောက်လာတာပါ”

လီချင်းလွမ့်ရဲ့ အဖြေကြောင့် ရှကျိုးယွီ ချက်ချင်းပဲ မျက်လုံးတွေ လက်သွားလေ၏။

'ဒီဆေးဆရာမက တစ်ကယ် တတ်ယောင်ကမ်းပဲ။’

'မီးအပူချိန်တောင် မထိန်းနိုင်ဘူးတဲ့။’

'တော်တော်များများလဲ ဖျက်ဆီးပြီးလောက်ပြီ။’

'ကောင်းတယ်!’

‘ ဒီတိုင်းလေးသာ ဆက်သွား!’

‘ မင်းရဲ့အကူအညီက သေးသေးလေး ဆိုရင်တောင်မှ ငါ့အတွက်တော့ တော်တော် စိတ်သက်သာစေတယ်!’

ရှကျိုးယွီ စိတ်လှုပ်ရှားလာတော့သည်။

သူ မနေနိုင်စွာ မေးလိုက်သည်။

“ ပါဝင်ပစ္စည်းပျက်သွားတာလား? ရတယ်လေ။ ငါကိုယ်တော် ခွင့်ပေးထားပြီးသားပဲ။ လိုတယ်ဆိုမှတော့ ငါကိုယ်တော် အတတ်နိုင်ဆုံး ရှာပေးမှာပေါ့။ မင်းက ဆေးလုံးလုပ်ဖို့ပဲ အာရုံစိုက်ထား”

…………..

All Chapters