← Chapters

(သတင်းကောင်းပဲ လက်ခံတယ်)

Vol. 5 Ch. 63

(သတင်းကောင်းပဲ လက်ခံတယ်)

Vol. 5 Ch. 63

လီချင်းလွမ် အံ့သြသွားသည်။

သူမ အံ့သြစွာ ရှကျိုးယွီကို မော့ကြည့်လိုက်လေ၏။

အစက သူမတော်တော်လေး စိတ်လှုပ်ရှား နေခဲ့တာပင်။

ရှကျိုးယွီအရင်က ကတိပေးထားဖူးတယ် ဆိုပေမဲ့ စကားနဲ့ပဲ ပြောခဲ့တာမလို့ သူမ အတည် မမှတ်ခဲ့ဘူး။

ဘာလို့ဆို ဒီကိစ္စက လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးလေ။

ဒါပေမဲ့အခုတော့..

ရှကျိုးယွီရဲ့ မျက်လုံးထဲမှာ စိတ်ပျက်မှု အနည်းငယ်တောင် မတွေ့ရဘူး။

'ပိုဆိုးတာက… ထိုမျက်လုံးထဲမှာ ယုံကြည်ချက် တစ်ချို့တောင် ရှိနေသလိုပဲ!’

'ဟုတ်တယ်… ယုံကြည်ချက် မြင့်နေတဲ့ အကြည့်မျိုးပဲ ဒါက!’

‘ မင်းကြီးက ငါ့ကိုဒီလောက်ယုံတယ်လား?’

လီချင်းလွမ် အံ့သြလာတော့သည်။

သူမ ထူးဆန်းစွာ ရှကျိုးယွီကို ကြည့်လိုက်ပြီး

“ အမှန်တိုင်း ပြောရရင်လေ.. မီးဖိုကောင်းပေမဲ့ လေနဲ့ ပစ္စည်းလိုအပ်ချက်ကြောင့် မီးပြင်းအား လိုနေတာရယ်။ ကျွန်တော်မျိုးမ လိုချင်တဲ့ ပစ္စည်းက တော်တော် ရှားတယ်။ လူအင်အားလဲ အများကြီးလိုတယ်.. ဟို… အရမ်းမြင့်တဲ့ ရေခဲတောင်တွေမှာ ရှာရင်တောင် ရှာနေရမှာ… ဒါလဲ တွေ့ချင်မှာ တွေ့နိုင်မှာရယ်..”

လီချင်းလွမ် နူးညံ့တဲ့အသံနဲ့ ပြောလိုက်သည်။ သူမရဲ့ယုံကြည်ချက်တို့ သိပ်မခိုင်တော့သလိုပဲ။

သူမ ဖန်တီးချင်တဲ့ဆေးလုံးက အရမ်းဈေးကြီးသည်လေ..။

ဒါပေမဲ့ ရှကျိုးယွီ ချက်ချင်းပဲ မတ်တပ် ရပ်လိုက်သည်။

'တန်ဖိုးကြီး ပစ္စည်းတဲ့လား?’

‘ဟဟ သတင်းကောင်းပဲ’

‘ ဘာလို့များ ဒါမျိုးစောစော မတောင်းဆိုခဲ့ ရတာလဲ?’

‘ ဒါနဲ့ဆို ကံကြမ္မာအမှတ်ကို တိုက်ခိုက်လို့ ရနိုင်ပြီ’

‘တော်တယ် ကလေးမ!’

‘ တစ်ကယ်ကို ငါ့ရဲ့ကံကောင်းတဲ့ ကြယ်လေးပဲ မင်းက!’

ရှကျိုးယွီ ပိုပိုပြီး စိတ်လှုပ်ရှားလာခဲ့သည်။ လီချင်းလွမ် ကိုတောင် စိတ်လှုပ်ရှားစွာ ကြည့်လိုက်သေးသည်။

ဒါပေမဲ့ ထိုအကြည့်က လီချင်းလွမ်အဖို့တော့ မသက်မသာ ခံစားရစေသည်။

“အရှင်မင်းကြီး?”

သူမ တွန့်ဆုတ်စွာ ခေါ်လိုက်လေ၏။

ရှကျိုးယွီ ထိုအခါမှ သတိဝင်တော့သည်။

“သတင်းကောင်းပဲ”

“ လူအင်အားတွေ ပိုက်ဆံတွေက အရေးမကြီးပါဘူး။ မင်းလိုအပ်တာသာ ပြောလိုက်”

‘ သတင်းကောင်းလို့ ပြောလိုက်တာလား?’

လီချင်းလွမ် ဆွံ့အသွားလေရဲ့။

သူမ ရှကျိုးယွီကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။

‘ သူ အတည်ပြောနေတာလားဟ?’

‘ ငွေတွေအများကြီးပေးပြီး လူသုံးပြီး ရှာခိုင်းရမှာနော်’

ဒါပေမဲ့ ရှကျိုးယွီကို ပုံစံကိုကြည့်ရသလောက် ဟန်ဆောင်နေတယ်လို့ သူမ မထင်မိဘူး။

ဒါပေမဲ့လဲ သူမ သတိမထားဘဲနဲ့ မပြောရဲပေ။

ဒါကြောင့် ဘာမှမပြောခင် ရှကျိုးယွီကို အချိန်အကြာကြီး စိုက်ကြည့်နေလိုက်သေးသည်။ ထို့နောက်မှာမှ

“ ရေခဲပုစဥ်း”

ရှကျိုးယွီ အံ့သြသွားသည်။

“ ရေခဲပုစဥ်းဟုတ်လား? အဲ့ဒါ ဘာကြီးလဲ?”

ရှကျိုးယွီရဲ့ ပုံစံကိုမြင်တော့ လီချင်းလွမ် စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

ရှကျိုးယွီသာ မေးမလာရင် သူမကို လိမ်နေတယ်လို့ လီချင်လွမ် ထင်တော့မှာလေ။

ဒါပေမဲ့ ရှကျိုးယွီရဲ့ မေးခွန်းကို ကြားလိုက်ရတော့ မင်းကြီးဘက်က စိတ်ဝင်တစားရှိတာ သူမ သေချာသွားပြီ။

လီချင်းလွမ် ခဏလောက်တွေးပြီးနောက်မှာ သေချာ ရှင်းပြလိုက်သည်။

“ ဟုတ်ကဲ့ ရေခဲပုစဥ်းက ပင်လယ်ရေပြင်အထက် မီတာများစွာ.မြင့်တဲ့ ရေခဲတောင်ပေါ်မှာပဲ နေထိုင်ကြတယ်။ သူတို့ကို တွေ့ချင်ရင် အနည်းဆုံး ကျင့်ကြံမှု အဆင့်ငါးရှိဖို့လိုတယ်။ မီတာတစ်သောင်းလောက် အထက်မှာတောင် ရှာမတွေ့နိုင်သေးဘူး။ အရမ်းရှားတဲ့ အကောင်တွေမလို့။ ဒါကြောင့် ကြိုးစားပြီး လုံးဝမရလိုက်တာမျိုးလဲ ဖြစ်နိုင်ပါတယ်နော် အရှင်မင်းကြီး”

‘ ဒီလောက်များတဲ့ လိုအပ်ချက်တွေ ရှိတာလား? ဒီလောက်တောင် ကြီးတဲ့ ကိစ္စလား?’

‘ အိုးမိုင်ဂေါ့? သတင်းကောင်းပဲ!’

‘ အမလေးလေး ဘာလို့များ စောစော မပြောခဲ့ရတာလဲ?’

‘ ဒီသတင်းသာ ထွက်သွားရင် ပြည်သူတွေ ငြိမ်နေအုံးမယ်ထင်လား?’

‘တော်တယ်! တော်ဝင်ဆေးဆရာမ ဖြစ်လာဖို့ ထိုက်တန်တယ်!’

ရှကျိုးယွီရဲ့ မျက်လုံးတွေကတော့ စိတ်လှုပ်ရှားမှုတို့ လက်ထနေလေရဲ့။

ဒီရက်ပိုင်းထဲ ကံကြမ္မာအမှတ်​တွေ အရမ်း မြင့်တက်လာတာမို့ သူ ဘာမှမလုပ်နိုင် နေခဲ့ဘူး။ ရှကျိုးယွီ စိတ်ဓာတ်ကျနေတာပင်။

အခုတော့ အခွင့်အရေးကောင်းတစ်ခု ရောက်လာခဲ့ပြီ။

သူ လက်လျော့စရာလား?

ရှကျိုးယွီရဲ့ ပုံစံကိုမြင်တော့..

လီချင်းလွမ်ရဲ့ မျက်လုံးတွေက ပိုမှိန်သွားခဲ့သည်။

‘ ဟင်း.. ဟုတ်ပါတယ်လေ။ ငါတောင်းဆိုတာ များသွားတာပဲ’

‘ ကံဆိုးတာက ငါလုပ်နေတဲ့ နဂါးအသွင်ပြောင်းခြင်းဆေးလုံးက ရေခဲပုစဥ်းတစ်မျိုးပဲ လိုတော့တာ’

‘ အခုတော့ငါ ဘယ်တတ်နိုင်ပါတော့မလဲ..’

လိီချင်းလွမ် ဖြေသိမ့်နေစဥ်မှာပဲ ရှကျိုးယွီရဲ့ အသံကိုကြားလိုက်ရသည်။

“ ရတယ် ကိစ္စမရှိဘူး။ ငါကိုယ်တော် ရှာပေးမယ်”

ရှကျိုးယွီရဲ့ မျက်လုံးတွေကတော့ စိတ်လှုပ်ရှား​နေသည်။

သူ လီချင်းလွမ်ကို မော့ကြည့်လိုက်သည်။

လီချင်းလွမ် ကတော့ အံ့သြလွန်းလို့ စကားတောင် ပြန်မပြောနိုင်တော့ဘူး။

‘သဘောတူလိုက်တယ်?’

‘ ဒီရှကျိုးယွီက ဒီတိုင်း သဘောတူလိုက် တာလား?’

‘ဒီဘုရင် ရူးနေတာလား?’

လီချင်လွမ် အံ့သြနေစဥ်မှာပဲ ရှကျိုးယွီရဲ့အသံကို ထပ်ကြားလိုက်ရသည်။

“ ဆေးလုံးပဲ လုပ်နေပါ”

“ မီးကိစ္စက…”

ပြောနေရင်းနဲ့ ရှေ့ရက်ပိုင်းက စနစ်ထံမှ ရထားတဲ့ ယပ်တောင်ကို လှမ်းပေးလိုက်သည်။

ရှကျိုးယွီ စနောက်နေသည်လို့ လီချင်းလွမ် ထင်နေခဲ့တာပင်။

ဒါပေမဲ့ သူ့လက်ထဲက ပစ္စည်းကို မြင်တာနဲ့ သူမ အံ့သြသွားတော့သည်။

'ဒါက..’

'နတ်နဂါးယပ်တောင်!!’

“တစ်ချက်လှုပ်တာနဲ့ နတ်နဂါးတစ်ကောင် ထွက်ပေါ်လာမယ်။ ဒီယပ်တောင်ရှိရင် မိုးနဲ့လေကို ဆင့်ခေါ်နိုင်တယ်! ရှကျိုးယွီ ဆီမှာ ဘယ်လိုလုပ် ရှိနေရတာလဲ?’

လီချင်းလွမ်ရဲ့ မျက်လုံးထဲမှာ ထိတ်လန့်မှုတို့ ပြည့်လာသည်။

သူမရဲ့ခေါင်းထဲမှာ မရေမတွက်နိုင်တဲ့ အတွေးတွေ ပြည့်နေရပြီ။

‘ ဖြစ်နိုင်တာ ကြိုတင် စီစဥ်ထားခဲ့တာလား?’

‘ ငါလာမယ်ဆိုတာ ရှကျိုးယွီ ကြိုသိနေတာလား?’

‘ငါလုပ်သမျှကို သူက စောင့်ကြည့်နေတာလား?’

‘ ဒီတရှားရဲ့ဘုရင်က ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ?’

‘ တစ်ခါထဲ ဒုက္ခကြုံမဲ့အချိန်ကို မှန်းဆပြီး ကြိုတွေးနိုင်တယ်။ ပြောင်မြောက်လိုက်တဲ့ ဗျူဟာပဲ! ဘာလို့များ ဘယ်သူမှ သတိမထားမိခဲ့ရတာလဲ?’

တစ်စုံတစ်ခုရဲ့ ရိုက်ခတ်မှုကို ခံလိုက်ရသည့်နှယ် လီချင်းလွမ်ရဲ့ မျက်လုံးထဲမှာ အသိတရား မရှိတော့ပဲ အံ့သြမှင်သက်မှုတွေပဲ ပြည့်နှက် နေခဲ့သည်။ တစ်ဆတ်ထဲ ရှကျိုးယွီိကိုလဲ လေးစားသွားလေ၏။

“ ကျေးဇူးပါ။ အရှင်မင်းကြီးရဲ့ ယုံကြည်မှုအတွက် တစ်ကယ်ပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးမ တစ်ကယ် ကြိုးစားပါ့မယ်!”

လီချင်းလွမ် ပြောလိုက်သည်။

ရှကျိုးယွီ ကျေနပ်သွားလေ၏။

‘ငါလုပ်ခဲ့သမျှထဲမှာ အကောင်းဆုံးက ဆေးလုံးဖန်တီးခြင်းပဲ’

‘ လူကော၊ ငွေကော တစ်ကယ် ကုန်တယ်!’

‘ ကံကြမ္မာအမှတ်အတွက် အကောင်းဆုံး.လက်နက်ပဲ မလား!’

‘ အကောင်းထဲက အကောင်းဆုံးကတော့ သူမကို ရှာတွေ့ခဲ့တာပဲ!’

‘ အသုံးမကျရုံတင်မကဘူး။.မျက်နှာပြောင်နဲ့ တောင်းဆိုရဲတယ်’

‘ ဒီလိုမျက်နှာပြောင်တာက တော်ရုံစကေးနဲ့ မရဘူး’

ရှကျိုးယွီကတော့ လီချင်းလွမ်ကို ကြည့်လေလေ ကျေနပ်လေလေပဲ။

‘ အသုံးမကျသလို ပညာလဲမတတ်ဘူး’

‘ဒါပေမဲ့ ဆရာကြီးစတိုင် ဖမ်းတတ်တယ်’

‘ အရည်အချင်းမရှိပေမဲ့ တောင်းဆိုမှု မြင့်တယ်’

‘ ဒီလောက် တော်နေမှတော့ ငါမကြိုက်စရာ အကြောင်းမရှိတော့ဘူးလေ’

‘ ဒါလေးကိုသာ ငါ့ဘေးခေါ်ထားလို့ကတော့..’

‘ ကံကြမ္မာအမှတ် မင်းကြည့်ထား! မကြာခင် မင်းပျက်ဆီးရမဲ့နေ့ ရောက်တော့မယ်!’

ရှကျိုးယွီ အတွေးလွန်နေတဲ့အတွက် စွဲလန််းစွာကြည့်နေတဲ့ လီချင်းလွမ့်ကို သတိမထားမိခဲ့ဘူး။

‘ ရှကျိုးယွီရဲ့ အကူအညီနဲ့ဆို.. နဂါးအသွင်ပြောင်း ဆေးလုံးရဖို့..’

‘တစ်ကယ် မလိုတော့ဘူး!’

‘ ရှေးဟောင်းစာလိပ်တွေအရဆို..’

‘ဒီနဂါးအသွင်ပြောင်းဆေးလုံးက ကျင့်ကြံသူတစ်ယောက်ရဲ့ အရိုးနဲ့ကြွက်သားကို နဂါးအဖြစ်ပြောင်းစေပြီး နဂါးဂိတ်ပေါက်ကို ကျော်စေနိုင်တယ်။ သွေးကြောအရင်းအမြစ်ကို ပြောင်းလဲပေးတာမို့ သက်တမ်းတိုးစေတယ်’

‘ လုံးဝရှားပါးဆေးလုံး ဖြစ်လာလိမ့်မယ်’

‘ ဟိုနေ့က ရှကျိုးယွီရဲ့ ဆေးလုံးထက်တောင် ပိုစွမ်းအား​ကြီးနိုင်တယ်’

ရှကျိုးယွီ ပြောလိုက်သည်။

“ ကဲ ဒီလိုဆိုမှတော့ မင်းပြန်ပြီး နားနှင့်တော့လေ။ ရလာခဲ့ရင် ကိုယ်တော် မင်းဆီလူလွှတ်ပြီး ပြောခိုင်း”

ဒါပေမဲ့ ရှကျိုးယွီ ပြောလို့ မပြီးခင်မှာပဲ ကျယ်လောင်တဲ့ ရယ်သံတစ်ခုရဲ့ နှော​က်ယှက်ခြင်းကို ခံလိုက်ရပြီး..

“ တရှားရဲဘုရင်မင်းကြီး.. ဟားဟား ထပ်တွေ့ပြန်ပြီနော်”

……………..

All Chapters