← Chapters

(ရှကျိုးယွီမှာ.ဘာအခွင့်အရေး ရှိလို့လဲ?)

Vol. 5 Ch. 64

(ရှကျိုးယွီမှာ.ဘာအခွင့်အရေး ရှိလို့လဲ?)

Vol. 5 Ch. 64

ရှကျိုးယွီနဲ့ လီချင်းလွမ် အံ့သြသွားခဲ့သည်။

သူတို့ မော့ကြည့်လိုက်ချိန်မှာ….

လီဖူကို မြင်လိုက်ရလေ၏။ တက်ကြွနေတဲ့ ဟန်ပန်နဲ့ ဓားပျံပေါ်မှာ ရပ်နေခဲ့သည်။

“ ဟမ် မင်းလား? ဘာလာလုပ်တာလဲ?”

လီဖူကို တွေ့တာနဲ့ ရှကျိုးယွီရဲ့ မျက်နှာက မဲမှောင်သွားသည်။

သူ့မျက်လုံးထဲမှာ မကျေနပ်မှုတစ်ချို့ပင် ဝင်ရောက်လာသည်။

လီဖူ ကြောင့်သာ မဟုတ်ရင်…

ကံကြမ္မာအမှတ်က ဒီလောက်ထိ တက်သွားစရာလား?

အခုလောက် ကြီးမားသွားခဲ့မှာ မဟုတ်ဘူး!

လီချင်းလွမ်လဲ ထိုအချိန်မှာ အံ့သြသွားခဲ့သည်။

လူသားအင်မော်တယ်…

ဒါ လူသားအင်မော်တယ်မလား? သူမ ပထမဆုံး မြင်ဖူးတာပဲ!

တရှားတိုင်းပြည်မှာ ဒီလိုလူမျိုးနဲ့ တွေ့ရမယ်လို့ သူမ လုံးဝ မထင်ခဲ့မိဘူး။

ပြီးတော့ သူမ ပိုအံ့သြမိတာက ရှကျိုးယွီရဲ့ မျက်နှာထားကိုပဲ။

'ရှကျိုးယွီရဲ့ ပုံစံက လုံးဝကို မကြိုဆိုနေသလိုပဲ’

'လေသံမှာကိုက မောက်မာမှုတွေ ပါဝင်နေသည်မလား?’

'ရှကျိုးယွီ ဘာကြောင့် ဒီလောက်ယုံကြည်မှု မြင့်နေရတာလဲ?’

လီဖူရဲ့ အကြည့်က မနေနိုင်စွာ တည်ငြိမ်သွားတော့သည်။

ရှကျိုးယွီ စိတ်အခြေအနေ မကောင်းတော့မှန်း သူ ခံစားမိသည်လေ။

ဒါကြောင့် သူအမြန်ပြောလိုက်သည်။

“ ကျွန်တော့်ကို မှတ်မိတာ ကောင်းပါတယ်။ အခု ကျွန်တော်ရောက်လာတာလဲ အမှန်တော့ ဆွေးနွေးစရာရှိလို့ပါ”

ရှကျိုးယွီရဲ့ ပုံစံက ပိုပြီးဒေါသထွက်လာသလိုပဲ။

သူ အော်လိုက်သည်။

“ ငါတို့တရှားနဲ့ မင်းနဲ့ ဘာမှဆွေးနွေးစရာ မရှိဘူး”

လီဖူ ရှုတ်ထွေးသွားသည်။

သူအမြန် တောင်းပန်လိုက်လေကာ

“ အရှင်မင်းကြီး.ဘာတွေပြောနေတာလဲ?”

ဒါပေမဲ့ ရှကျိုးယွီက အလျော့ပေးမဲ့ဟန် မရှိပေ။

သူ အေးစက်စွာ ပြောလိုက်လေ၏။

“ငါမင်းတို့နဲ့ ဘာမှမလုပ်ချင်ဘူး”

“ဒါက..”

လီဖူ တွန့်ဆုတ်သွားသည်။

ရှကျိုးယွီရဲ့ ပုံစံကြောင့် လီဖူရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်သွားသည်။

ဘာဆက်ပြောရမယ် မသိတော့ပေ။

ရှကျိုးယွီရဲ့ စိတ်ထဲမှာ တော်တော်လေး ချဥ်တူးနေခဲ့သည်။

ဒါပေမဲ့ လီဖူ အမြန်ပဲထိန်းကာ ပြောလိုက်သည်။

“ အမှန်တော့ အရင်တစ်ခေါက်က ဖြစ်ရပ်မှာ ထျန်းချီတာဝါဘက်က မှားခဲ့တာပါ။ ပြီးတော့ အခု ကျွန်တော် မတော်တဆ ဒီအမျိုးသမီးက ရေခဲပုစဥ်းလိုချင်မှန်း ကြားလိုက်ရတယ်။ ကျွန်တော် ဒီကိုလာရင်းနဲ့ ကံကောင်းစွာ တစ်ခုရထားခဲ့တယ်။ တောင်းပန်တဲ့အနေနဲ့ ပေးပါ့မယ်”

ပြောပြီးတာနဲ့ လီဖူက သိုလှောင်လက်စွပ်ထဲက ရေခဲပုစဥ်းကို ထုတ်ယူလိုက်သည်။

ရေခဲပုစဥ်းက ပိုးကောင်နဲ့တူပြီး သလင်းကျောက်လို တောက်ပသည်။

အအေးဓာတ်ကို ခံစားရသည်။

အပြင်ကိုထုတ်လိုက်တာနဲ့ ပတ်ဝန်းကျင်အနီးအနားက လေထုကိုပါ ရိုက်ခတ်သွားသည်။

မမြင်နိုင်တဲ့ လှိုင်းတွေရဲ့ လွှမ်းခြုံမှု ခံထားရသလိုမျိုးပဲ။

အချိန်တစ်ခဏအတွင်းမှာ အပူချိန် ထိုးကျသွားလေတော့၏။

လီချင်းလွမ် နေရာမှာတင် အံ့သြမှင်သက်နေခဲ့သည်။

သူမရဲ့ မျက်လုံးနှစ်ဖက်ဆို ပြူးကျယ်လို့ပင်!

'ဒါ ရေခဲပုစဥ်းပဲ။ တစ်ကယ်ကြီးတွေ့ရမယ် မထင်ထားဘူး။ ပြီးတော့ ဒါနှစ်တစ်ရာ သက်တမ်းရ ပုစဥ်းမလား?’

‘ ဘာတွေကြောင့်များ ရှကျိုးယွီက ထျန်းချီတာဝါကို ဒါမျိုးခိုင်းလို့ရနေတာလဲ? သောက်ရမ်းမိုက်တယ်။ မျက်နှာလုပ်တဲ့ အနေနဲ့ နှစ်တစ်ရာသက်တမ်းရှိတဲ့ ရေခဲ ပုစဥ်းကိုပါ ထုတ်ပေးနေတာဟ’

‘ ဒီကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ?’

လီချင်းလွမ် မနေနိုင်စွာ ရှကျိုးယွီိကို လှည့်ကြည့်လိုက်သည်။

ဒါပေမဲ့ရှကျိုးယွီရဲ့ မျက်နှာကတော့….

ပိုပိုပြီး မဲမှောင်လာလေရဲ့!

‘ ဒီမအေဘေး!’

‘ ကျက်သရေတုံးပြန်ပြီကွာ!’

‘ ဘိုးဘေးရေ ငါမင်းအပေါ် ဘာအမှား လုပ်ခဲ့မိလို့လဲ?’

‘ ငါ့မှာနောက်ဆုံးတော့ ကံကြမ္မာအမှတ်ကို ဖျက်ဆီးတော့မယ် တွေးထားတာ.. ဒါကို ဘာကိစ္စ မင်းက ထပ်ထပ် ပေါ်လာရ​တာလဲ?’

‘ ပေါ်လာတိုင်း ကျက်သရေကို မရှိဘူး’

‘ ငါမယူဘူးကွာ!’

‘ ဒီဘိုးဘေးကိုမောင်းထုတ်မှ ရမယ်!’

ရှကျိုးယွီ စိတ်ပျက်စွာ လက်တစ်ဖက်ကို ယမ်းလိုက်သည်။

“ ငါကိုယ်တော်ရဲ့ တရှားက မလိုအပ်ဘူး”

“ မင်း လုပ်စရာမရှိရင် လစ်တော့။ စိတ်မကောင်းပါဘူး။ ဒီမှာမင်းကို မကြိုဆိုဘူး”

အသံက မကျယ်ပေမဲ့…

စိတ်အားထက်သန်မှုတို့ ပါဝင်နေလေ၏။

အဆုံးမရှိတဲ့ စိတ်အားထက်သန်မှုတွေနဲ့ ဖုံးလွှမ်းထားတဲ့ အာဏာပြင်းတဲ့ အသံပဲ။

လီဖူ မျက်မှောင်ကြုတ်သွားသည်။

သူ ဘာဆက်လုပ်ရမယ် မသိတော့ဘူး။

သူ ရှက်လာသလို ခံစားနေရသည်။

ရှကျိုးယွီ ဘက်က ဘာကြောင့် ခါးခါးတူးတူး ဖြစ်နေမှန်း သူ နားမလည်နိုင်တော့ဘူး။

ဒါပေမဲ့ ထျန်းချီတာဝါဘက်က အမိန့်ရှိထားတာမို့ အံကြိတ်သည်းခံရုံအပြင် သူ့မှာ ရွေးစရာမရှိတော့ပေ။

သူ ကြိုးစားပြုံးလိုက်ကာ

“ အရှင်မင်းကြီး.ဘာတွေပြောနေတာလဲ? ထျန်းချီတာဝါနဲ့ တရှားတိုင်းပြည်က မဟာမိတ် ဖြစ်တာ ကြာလှပြီလေ။ အရှင်မင်းကြီးရဲ့ စကားတွေက ဆန့်ကျင်ဘက်ကို သက်ရောက်နေပါတယ်။ ဒီရေခဲပုစဥ်းက တစ်ကယ်တော့ တောင်းပန်တဲ့အနေနဲ့ ပေးတာပါ။ အရှင်မင်းကြီး လက်ခံပေးတော်မူပါ”

လီဖူ အတွေးပေါက်သွားခဲ့သည်။

‘ဟုတ်သား ငါစိတ်လော​ပြီး တရှားတိုင်းပြည်ရဲ့ နန်းတော်ကို စိတ်တိုင်းကျ ကျူးကျော်မိခဲ့တယ်’

‘ ငါ့ရဲ့အပြုအမူက စည်းကျော်သွားခဲ့တယ်’

‘ ပြီးတော့ မကြားသင့်တာတွေပါ နားထောင် ခဲ့မိသေးတယ်’

‘ ငါ မစဥ်းစားဘဲ လုပ်ခဲ့မိတာပဲ’

‘ ဒီတော့ ဒီတစ်ခါလဲ ငါမှားတာလား..?’

လီဖူ.ပိုပြီးရှက်ရွံ့သွားသည်။

သူ ပြန်စဥ်းစားမိချိန်မှာ သဘောပေါက်လိုက်မိတာက သူ မရည်ရွယ်ဘဲနဲ့ တော်ဝင်ကိစ္စကို နားထောင် လိုက်မိတယ်ဆိုတာပဲ။

သူ နက်ရှိုင်းတဲ့အသံနဲ့ ပြောလိုက်သည်။

“ ကျွန်တော် အလောတကြီးလုပ်မိပြီး အရှင်မင်းကြီးကို ဒေါသထွက်စေခဲ့တယ်။ ဒါကြောင့် တောင်းပန်ပါတယ်။ ကျွန်တော် ဒါမျိုး.ဘယ်တော့မှ မလုပ်တော့ပါဘူး”

ပြောပြီးတာနဲ့ လီဖူက မြေပေါ် ဆင်းလိုက်သည်။

ချက်ချင်းပဲ အရိုအသေပေးကာ တောင်းပန်လိုက်သည်။

သူ့ရဲ့အပြုအမူက နှိမ့်ချတဲ့ပုံပေါက်သည်။

လိမ်မာတဲ့ အိမ်မွေးကြောင်လေး လိုမျိုးပဲ။

လီချင်းလွမ်ကတော့ နေရာမှာပဲ မှင်သက်နေလေရဲ့။

‘ ဘာတွေလဲ? သူမ ဘာတွေ ကြားလိုက်ရတာလဲ?’

‘ ပထမအဆင့် ကျင့်ကြံသူက ရှကျိုးယွီကို တောင်းပန်နေတာလား? တစ်ကယ်ပဲ ဘာတွေဖြစ်နေတာလဲ?’

‘ ဒါဟန်လုပ်နေတာနဲ့လဲ မတူနေဘူးနော်’

‘ မသိရင် ဒီလူက ရှကျိုးယွီကို တစ်ကယ်ကြီး လေးစားနေသလိုကြီး..!’

‘ ဒါပေမဲ့ ရှကျိုးယွီက သာမာန်သေမျိုး ဘုရင်လေ။ ထျန်းချီတာဝါဆိုတာ ထိပ်သီးဂိုဏ်းတစ်ခုလေ! ရှကျိုးယွီ ဘာတွေ ဖုံးကွယ်ထားတာလဲ?’

‘ တစ်ကယ်ပဲ ဘာတွေလဲ? အရမ်းရှုတ်ထွေးနေလို့ ခပ်ချောချော အကိုကြီးတစ်​ယောက်လောက် လာရှင်းပြ ပေးလို့ ရမလား?’

လီချင်းလွမ်ရဲ့ မျက်လုံးတွေက ပိုပြီး တည်ငြိမ်လာခဲ့သည်။

သူမ ရှကျိုးယွီကို သိချင်စွာ ကြည့်လိုက်လေ၏။

သူမ ပိုအံ့သြသွားတော့သည်။

‘လူတစ်ယောက်က ဘယ်အချိန်မှာ ဆွဲဆောင်မှု အရှိဆုံးလဲသိလား? အခုလို ဘာမှန်းမသိတဲ့ အခြေအနေမှာပဲ!’

‘ ဒီအချိန်မှာ ရှကျိုးယွီက နတ်ပန်းတစ်ပွင့်လိုပဲ.. ကြောက်ဖို့ ကောင်းတဲ့ ဆွဲဆောင်မှု အရှိန်အဝါတွေနဲ့!’

‘ အချိန်တွေက မရွေ့တော့ဘူးလား?’

‘ ရှကျိုးယွီအနားမှာပဲ ဘာလို့ ရပ်နေရတာလဲ?’

ထိုအချိန်မှာ ရှကျိုးယွီကတော့ စိတ်ဓာတ် ကျနေတာပဲသိခဲ့သည်။

သူ ​မြင်ချင်တာက ဒီလီမျိုးရိုးရဲ့ ​တောင်းပန်မှု မဟုတ်ဘူး။

သူ ဖြစ်စေချင်တာက..

‘ဒီမေဘေးလေး ထွက်သွားဖို့လေ..’

‘ ထွက်သွားဖို့လို့!’

‘ ဒါပေမဲ့ ကြည့်ရတာ ငါ ဒီတိုင်းမောင်းထုတ်လို့ မရတော့ဘူးနဲ့တူတယ်။ အခြေအနေတွေက ဆိုးဝါးကုန်ပြီ’

‘ ဘယ်လိုဆိုဆို ဒီသူတောင်းစားက အဆင့်တစ် ကျင့်ကြံသူ ဖြစ်နေသေးတယ်’

‘ ဒီလောက်ဖြစ်နေတာကို ငါက ဇွတ်မောင်းထုတ်နေရင် တစ်ကယ်ကြီး သောက်ကျင့်မကောင်းတဲ့ ကောင် ဖြစ်သွားလိမ့်မယ်!’

‘ဒါပေမဲ့ ဒီရေခဲပုစဥ်းက ပြဿနာပဲ!!’

‘ ငါဘယ်လိုလုပ်ရမလဲ?’

ရှကျိုးယွီ အတွေးများနေခဲ့ပေမဲ့ လက်တစ်ဖက် ယမ်းကာ ပြောလိုက်လေသည်။

“ ဒါဆိုပြော။ မင်းရဲ့အမှားက ဘာလဲ?”

လီဖူ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

“ ကျွန်တော် တရှားနန်းတော်ထဲကို ခွင့်ပြုချက် မရှိဘဲ ဝင်မလာသင့်တာပါ။ တရှားရဲ့ စည်းမျဥ်းကို အရေးမစိုက်သလို ဖြစ်သွားတယ်။ ပြီးတော့ အရှင်မင်းကြီးရဲ့ ရှေ့မှာ ပေါ့ပေါ့ပါးပါး ပြောဆိုမိသွားပါတယ်”

“ ကျွန်တော့်ရဲ့ အမှားတွေကြောင့် အရှင်မင်းကြီးရဲ့ ဒေါသနဲ့ ထိုက်တန်ပါတယ်”

“ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးတော်မူပါ။ ကျွန်တော် အခုကစပြီး တရှားရဲ့စည်းကမ်း တွေကို လေးစားပြီး ဘယ်တော့မှ မဖောက်ဖျက်ဘူးလို့ ကတိပေးပါတယ်”

လီဖူရဲ့ မျက်နှာထားမှာ ရိုးသားဖြူစင်မှုတွေ တပ်စင်ထားသည်။

ရှကျိုးယွီ မှင်သက်သွားလေ၏။

ဘေးနားက လီချင်းလွမ် ကတော့ စကားကို မပြောနိုင်တော့ပေ။

‘ ဒါတွေက ပထမအဆင့် ကျင့်ကြံသူရဲ့ ပါးစပ်က ထွက်လာတာ ဟုတ်ပါတယ်နော့??’

‘ ငါ့ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေတာလဲ?’

‘ ဒီရှကျိုးယွီမှာ မှော်အတတ်တွေ ဘာတွေ တတ်နေတာလဲ?’

‘ အိုးဘုရားရေ! ဘာလဲ? ဒီရှကျိုးယွီက ဆွဲဆောင်မှုရှိပြီး ပြုစားတတ်တဲ့ ကဝေထီးကြီးလား?!’

သူမ ရှကျိုးယွီကို နက်ရှိုင်းစွာ ကြည့်လိုက်လေသည်။

သူမခေါင်းထဲမှာ မေးခွန်းတွေ တန်းစီနေသည်။

‘ ရှကျိုးယွီ အရင်တုန်းက ပြခဲဲ့တဲ့ ဆေးလုံးက တစ်ကယ်ပဲ ဘယ်ကလာတာလဲ?’

‘ ရှကျိုးယွီ ပေးခဲ့တဲ့ မီးပေါင်းဖိုက တစ်ကယ်ပဲ ဘာလဲ?’

‘ ရှကျိုးယွီက တစ်ကယ်ပဲ ဘာကြီးလဲ?’

လီချင်းလွမ် စပ်စုစွာဖြင့် ရှကျိုးယွီကို အပေါ်အောက် ကြည့်လိုက်သည်။

ထိုအချိန်မှာပဲ ရှကျိုးယွီရဲ့ အသံ ထွက်လာလေ၏။

“ မင်းရဲ့ အမှားကိုသိရင် နောက်မဖြစ်စေနဲ့! ပြီးတော့ မင်းရဲ့ပစ္စည်းကို ပြန်ယူလိုက်ပါ။ ဒါက လုပ်ရိုးလုပ်နည်းနဲ့ သက်ဆိုင်နေတယ်။ ငါကိုယ်တော်ရဲ့ တိုင်းပြည်က မွဲတေမနေဘူး။ အကုန်ရအောင်ရှာနိုင်တယ်။ သေးငယ်တဲ့ အကျိုးအမြတ် အတွက်နဲ့ လုပ်ရိုးလုပ်စဥ်ကို ဖောက်ဖျက်မှာမဟုတ်ဘူး”

………….

All Chapters