← Chapters

( အကုန်လွှတ်စေ)

Vol. 5 Ch. 66

( အကုန်လွှတ်စေ)

Vol. 5 Ch. 66

"ဟုတ်လား"

ရှကျိုးယွီ အံ့ဩသွားခဲ့သည်။

ထို့နောက်မှာ သူ‌ ကျောက်ကောင်းကို လှည့်ကြည့်လိုက်ပြီး

"ဝေ့တိုင်းပြည်ကလူလို့ မင်းပြောလိုက်တာလား"

ကျောက်ကောင်းဂရုမပြုဘဲ မနေရဲတော့ဘူး။

သူအမြန်ရှင်းပြလိုက်သည်။

"ဟုတ်ပါတယ်၊ ကျွန်တော်မျိုး စုံစမ်းခဲ့ရသလောက် အဲဒီလူတွေက ဝေ့တိုင်းပြည်က လုပ်ကြံသူတွေပါ။ အရှင်မင်းကြီးကို သတ်ဖို့အတွက် ထိုက်အန်းမြို့တော်ကို ရောက်လာခဲ့တာ။ ဒါပေမယ့် အရှင်မင်းကြီးရဲ့ ကြိုတင်ကာကွယ်မှုတွေကြောင့် သူတို့ရဲ့အစီအစဉ်က မအောင်မြင်ခဲ့ဘူး။ အခုကျွန်တော်မျိုး ဖမ်းထားပါတယ်။ သူတို့ကို အရေးမယူရသေးဘူး!"

"ကောင်းပြီ"

ရှကျိုးယွီ ခေါင်းညိတ်လိုက်သည်။

'ကြည့်ရတာ ဝေ့တိုင်းပြည်က ငါ့ကိုစိတ်၀င်စားနေပြီပဲ’

'ဒါသတင်းကောင်းပဲ။ ဒီလိုဆိုမှတော့…’

'တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို ဖျက်ဆီးရဖို့ သိပ်မလိုတော့ဘူး!’

'ကောင်းကင်ဘုံက မျက်စိပွင့်လာပြီပဲ။ နောက်ဆုံးတော့ ငါ့အတွက် သတင်းကောင်းတွေ ရောက်လာခဲ့ပြီ။’

ကံကြမ္မာအမတ်နှင့်ပတ်သက်ပြီး ရှကျိုးယွီ ဒီရက်ပိုင်း စိတ်ပူနေခဲ့သည်။

အခုဝေ့တိုင်းပြည်က လုပ်ကြံသူတွေပါ လွှတ်လာခဲ့ပြီဆိုတော့...သူတော်တော်လေး နေသာထိုင်သာရှိသွားပြီ။

'ဝေ့တိုင်းပြည်က ငါတို့ကို သတိထားလာခဲ့ပြီပဲ’

'တရှားတိုင်းပြည်အတွက် အခက်အခဲတွေဖြစ်လာတော့မယ်။ ကံကြမ္မာအမှတ် သေချာပေါက် ပျက်စီးရတော့မှာပဲ’

'မဆိုးဘူး၊ ရန်သူတိုင်းပြည်က ငါ့ရဲ့ရည်ရွယ်ချက်ကို ကောင်းကောင်းနားလည်တယ်’

ဝေ့တိုင်းပြည်က တိုက်ခိုက်လာမယ့် အကြံအစည်တွေအားလုံးကို ရှကျိုးယွီချက်ချင်းပဲ ကြိုတင်တွက်ဆလိုက်သည်။

အရှင်မင်းကြီးစဉ်းစားနေတာကို ကျောက်ကောင်းမဖျက်စီးချင်ခဲ့ပေ။ ဒါပေမယ့် သူမနေနိုင်စွာမေးလိုက်သည်။

"ဒါဆိုရင် အရှင်မင်းကြီး၊ ကျွန်တော်မျိုး အဲဒီလူတွေကို ဘယ်လိုဖြေရှင်းလိုက်ရမလဲ"

ရှကျိုးယွီ သတိဝင်လာခဲ့သည်။

အခုလက်ရှိမြို့တော်မှာ သိုင်းပညာရှင်တွေအများကြီးရှိသည်။

သူတို့အားလုံးက ချင်မင်းသားကြောင့် ရောက်လာခဲ့တာပဲ။

'ဦးရီးတော်ရဲ့ တောင်ဘက်ပိုင်းမှာ ဖျက်ဆီးနေမှုနဲ့ ဝေ့တိုင်းပြည်ရဲ့ကျူးကျော်မှုတို့ကို ပေါင်းလိုက်မယ်ဆိုရင် ငါ့ရဲ့မစ်ရှင်က တော်တော်လေးအောင်မြင်ခါနီးနေပြီလို့ ပြောရမယ်’

'ဒါပေမယ့် ဟိုနေ့ကကြည့်ရသလောက် ဒီလုပ်ကြံသူတွေ‌က တော်တော်လေးတုံးတယ်။ ဒီကောင်တွေကို ဝေ့တိုင်းပြည်ကို ပြန်လွှတ်မှဖြစ်မယ်’

‘ ဒါမှ ဝေ့တိုင်းပြည်ဘုရင်အနေနဲ့ ငါ့အတွက် ပိုကောင်းတဲ့အလုပ်တွေ လုပ်ပေးနိုင်မှာ’

ရှကျိုးယွီတွေးနေရင်းနဲ့ ကျောက်ကောင်းကိုပြောလိုက်သည်။

"သင့်တော်တဲ့ အကြောင်းပြချက်ရှာပြီးတော့ အဲဒီလူတွေကို တရှားတိုင်းပြည်ကနေ နှင်လွှတ်လိုက်"

"လွှတ်ပေးလိုက်မယ်?"

ကျောက်ကောင်း ချက်ချင်းပဲ ပြောလိုက်တော့သည်။

"အရှင်မင်းကြီး၊ သူတို့က ဝေ့တိုင်းပြည်ဘက်က လုပ်ကြံသူတွေပါ။ သူတို့ကို ဒီလိုမျိုးလွယ်လွယ်လေး လွှတ်ပေးလိုက်ရင် ကျွန်တော်တို့အတွက် အန္တရာယ်တွေ ကြုံလာနိုင်တယ်!"

ရှကျိုးယွီ ပုံမှန်လိုပဲ ပြန်ပြောလိုက်သည်။

"သေချာပေါက်သူတို့က ဒီတိုင်းအသေးအဖွဲလေးတွေပါ။ တစ်ခါတစ်ရံ မှာ ငါးကြီးကြီးမြှားချင်ရင် စိတ်ရှည်ရှည်နဲ့ စောင့်ရတယ်မလား"

ကျောက်ကောင်း မနေနိုင်စွာ မေးလိုက်တော့သည်။

"ဒါပေမယ့်...ဒီလူတွေကို လွှတ်ပေးလိုက်ရင် ကျားကို သူ့တောင်ပေါ် ပြန်လွတ်လိုက်တာနဲ့အတူတူပဲ ဖြစ်ပါလိမ့်မယ် အရှင်မင်းကြီး။ တရှားတိုင်းပြည်အတွက် တကယ်ပဲ ဒုက္ခတွေကို သယ်ဆောင်လာနိုင်တယ်။ ဒါမှမဟုတ်ရင် အရှင်မင်းကြီး၊ သူတို့ရဲ့သိုင်းပညာတွေကို ဖျက်ဆီးပစ်လိုက်ပြီး နယ်စပ်ကိုသွားပြီးတော့ မဟာတံတိုင်းဆောက်တဲ့နေရာမှာ ကူညီခိုင်းလိုက်ရမလား"

"မဟုတ်ဘူး၊ မဟုတ်ဘူး!"

'ကျောက်ကောင်း၊ မင်းလာနောက်နေတာလားဟ။ ငါသူတို့ကို သတင်းပို့ခိုင်းဖို့ရည်ရွယ်နေတာလေ'

‘သူတို့ကို မဟာတံတိုင်းဆောက်ဖို့သာ နယ်စပ်ကိုပို့လိုက်ရင် ဝေ့တိုင်းပြည်ဘက်က ဒီသတင်းကို ဘယ်ရတော့မှာလဲ’

ရှကျိုးယွီ ကျောက်ကောင်းကို ဆက်‌ပြောလိုက်သည်။

"သူတို့ကို မဟာတံတိုင်းဆောက်ဖို့အတွက် လွှတ်လို့မရဘူး"

ကျောက်ကောင်း ရှုပ်ထွေးသွားခဲ့သည်။

ရှကျိုးယွီ ခဏလောက်တွေးပြီးနောက်မှာ ဆက်ပြောလိုက်သည်။

"သူတို့က ဝေ့တိုင်းပြည်ကလူတွေ...မ ဟာတံတိုင်းဆောက်တဲ့နေရာမှာ သူတို့ကိုသုံးလို့မရဘူး"

ကျောက်ကောင်း အခုတော့ သဘောပေါက်သွားပြီ။ ဒီမဟာတံတိုင်းရဲ့ ရည်ရွယ်ချက်က ဝေ့တိုင်းပြည်ကို ပစ်မှတ်ထားဖို့ပဲ။

'ဒီလူတွေကို နယ်စပ်ကိုလွှတ်လိုက်တာနဲ့ မဟာတံတိုင်းရဲ့ တည်ဆောက်မယ့် အစီအစဉ်တင်မကဘူး၊ တည်ဆောက်မယ့်ပုံစံကိုပါ ဝေ့တိုင်းပြည်ဘက်က သိသွားလိမ့်မယ်’

'ဘယ်လိုပဲ သေခြင်းရှင်ခြင်းအဆောင်သိုင်းနဲ့ သူတို့ကိုထိန်းချုပ်နိုင်တယ်ဆိုဆို၊ သူတို့ကအသေခံတပ်သားတွေ၊ သေရမှာမကြောက်ဘူး’

'သူတို့ကို နယ်စပ်ကိုပို့လိုက်တဲ့ အချိန်ကျမှ ပိုများတဲ့ဒုက္ခတွေကို သယ်ဆောင်လာလိမ့်မယ်’

'ထပ်ပြီးတော့ပြောရရင် ဒီလူတွေကို ဝေ့တိုင်းပြည်ဘက်ကို လွတ်လိုက်မယ်ဆိုရင်တောင် သူတို့တွေက ထောင်ချောက်ထဲက ပြန်ထွက်လာတဲ့သူတွေဖြစ်သွားမှာ’

‘ အရှင်မင်းကြီးဘက်က ပွင့်ပွင့်လင်းလင်း လွှတ်ပေးလိုက်မှုကြောင့်...ဝေ့တိုင်းပြည်ဘက်က သံသယဝင်လာလိမ့်မယ်’

'သူတို့တွေ ဒီလူတွေရဲ့စကားကို ယုံတော့မှာမဟုတ်ဘူး။ ဒီလိုဆိုရင် ဝေ့တိုင်းပြည်ဘက်က ဘယ်လိုပဲဖြစ်ဖြစ် အကြိမ်ကြိမ်စစ်ဆေးလိမ့်မယ်'

‘ငါတို့ဘက်ကအခြေအနေတွေကို အတည်ပြုနိုင်ဖို့အတွက် ဝေ့တိုင်းပြည်အနေနဲ့ အနည်းဆုံးဆယ်ရက် ဒါမှမဟုတ် လဝက်လောက်တော့ အချိန်ယူရတော့မှာပဲ’

အတွေးပေါက်သွားတာမို့ ကျောက်ကောင်းမနေနိုင်စွာ ခေါင်းငုံ့မိလိုက်သည်။

'အရှင်မင်းကြီးရဲ့အတွေးတွေက တကယ်ကို ကြောက်ဖို့ကောင်းလိုက်တာ။ တကယ်ကို အကွက်မြင်လွန်းတာပဲ...!’

'ငါအစက နားမလည်ခဲ့ဘူး’

'ကျောက်ကောင်း၊ ကျောက်ကောင်း...မင်း တိုးတက်အောင် လုပ်ရဦးမယ်!’

ကျောက်ကောင်း ထပ်ပြီး ဘာမှမမေးတော့ပေ။

ဒါပေမယ့် ရှကျိုးယွီက ပြောလိုက်သည်။

"ဘာခြေရာမှမကျန်အောင် သူတို့ကိုတိတ်တဆိတ်လွှတ်ပေးလိုက်"

အမှန်တော့ ရှကျိုးယွီက စိတ်ထဲမှာ‌ ဝေ့တိုင်းပြည်ဘက်က တိုက်ခိုက်မှုတွေကို မျှော်လင့်နေခဲ့တာပဲ။

ကံကြမ္မာအမှတ်ကို ဖျက်ဆီးချင်တဲ့ သူ့ရဲ့စိတ်တက်ကြွမှုက တော်တော်မြင့်တဲ့ level ကို ရောက်နေခဲ့ပြီ။

အကယ်လို့ ဒီလုပ်ကြံသူတွေသာ တစ်ခုခုဖြစ်သွားခဲ့ရင် ဝေ့တိုင်းပြည်ဘက်က သေချာပေါက် နောက်ထပ် လှုပ်ရှားမှုကို လက်လွှတ်စပယ် လုပ်ရဲဦးမှာမဟုတ်ဘူး။

ဒါပေမယ့် ဒီလုပ်ကြံသူတွေသာ ပြန်ရောက်ခဲ့မယ်ဆိုရင်တော့ ရလဒ်က မတူတော့ဘူး။

ဒါကြောင့်မို့...ဒီလုပ်ကြံသူတွေတစ်ယောက်မှ ဘာမှဖြစ်လို့မရဘူး။

ကျောက်ကောင်းက နားလည်စွာခေါင်းညိတ်ပြလိုက်သည်။

ရှကျိုးယွီ နောက်ဆုံးတော့ စိတ်သက်သာစွာသက်ပြင်းချလိုက်သည်။

သူ့ရဲ့မျက်လုံးထဲမှာ စိတ်သက်သာမှုတို့ရှိနေသည်။

သူ ဒီရက်ပိုင်း နောက်ကျောကိုဓားနဲ့ ထိုးခံနေရတာတော်တော်များနေပြီ။

ဒါကြောင့် ရာခိုင်နှုန်းနည်းနည်းပဲ မြင်ရရင်တောင်မှ သူ အခွင့်အရေးကို ဖမ်းဆုပ်ချင်မိသည်။

ဒီရက်ပိုင်းလည်း သူ့ကိုယ်သူ တော်တော်လေးကံဆိုးလှပြီလို့ တွေးနေခဲ့တာပင်။

ဒါပေမယ့် ကြည့်ရတာ ဒီလောက်တော့ မဟုတ်ဘူးနဲ့တူပါတယ်။

အခုဆိုရင် ဝေ့တိုင်းပြည်ဘက်က လုပ်ကြံသူတွေတင်မကဘူး၊ သူ့မှာတော်ဝင်ဆေးဆရာမရဲ့ အကူအညီလည်း ရှိလာခဲ့ပြီ။

သူတို့အားလုံးက သူ့ရဲ့လက်ရွေးစင်ဘက်တော်သားတွေပဲ!

"ဒါဆိုရင် ကျောက်ကောင်း၊ ဒီကိစ္စကို မင်းလုပ်လိုက်တော့ ၊ မကြာစေနဲ့။ မင်းပြန်ရောက်တာနဲ့ ဒီလူတွေကို ထိုက်အန်းမြို့ပြင်ကို လွှတ်လိုက်တော့။ ဘယ်သူမှ ဒါကိုမသိစေနဲ့နော်"

"ကျွန်တော်မျိုး နားလည်ပါပြီ"

ကျောက်ကောင်း ချက်ချင်းပဲ တုံပြန်လိုက်သည်။

ရှကျိုးယွီ ခေါင်းညိတ်လိုက်ပြီး

"ဒီလိုဆိုမှတော့ မင်းသွားလို့ရပြီ"

ရှကျိုးယွီ လက်တစ်ဖက်ယမ်းပြလိုက်ကာ ကျောက်ကောင်းကို ထွက်သွားဖို့ရန် အချက်ပြလိုက်သည်။

...

ဒီလိုနဲ့ ကျောက်ကောင်း သူ့ရဲ့နေအိမ်ကိုပြန်ရောက်လာခဲ့သည်။ ဒါပေမယ့် သူဘာမှ မဆောင်ရွက်ရသေးခင်မှာပဲ မိန်းမစိုးငယ်တစ်ယောက်က ချဉ်းကပ်လာကာ

"မိန်းမစိုးကျောက်၊ ကျွန်တော်မျိုးတို့ ဘာလုပ်လိုက်ရမလဲ"

အရှေ့က မိန်းမစိုးငယ်ကို ကျောက်ကောင်း ကြည့်လိုက်ကာ..

"သူတို့ကို တိတ်တဆိတ်လွှတ်ပေးလိုက်"

"လွှတ်ပေးရမယ်? သူတို့က နန်းတော်ထဲကိုဖောက်ဝင်လာတဲ့ ကျူးကျော်သူတွေမလား။ လုပ်ကြံသူတွေလေ!"

"ဒါ အရှင်မင်းကြီးရဲ့အမိန့်ပဲ။ သူတို့ကို သာမန်ပြည်သူအဝတ် ဝတ်ပေးပြီးတော့ ထိုက်အန်းမြို့ပြင်ကို ပို့လိုက်တော့။ ချက်ချင်းဒီအမိန့်ကို ပြောလိုက်။ အပြင်ကို ပေါက်ကြားအောင်လုပ်ခဲ့ရင် ဘယ်သူမဆို သေချာပေါက်သတ်ခံရမယ်!"

မိန်းမစိုးငယ်လေး ချက်ချင်းပဲကြောက်ရွံ့သွားကာ "အမိန့်အတိုင်းဆောင်ရွက်လိုက်ပါမယ်!"

ကျောက်ကောင်း ဘာမှပြန်မပြောခဲ့ဘူး။ ထိုအစား သူတွေးနေခဲ့တာပင်။

ဒီရက်ပိုင်းထဲမှာ အရှင်မင်းကြီးရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး သူ တော်တော်များများကို အဖြေရှာနိုင်ခဲ့ပြီဆိုပေမယ့်...သူ့အနေနဲ့ တစ်ခုခုလွတ်ခဲ့သလို ခံစားနေရဆဲပဲ။

ဒါပေမယ့် ဘယ်နေရာမှာ လွတ်သွားလဲဆိုတာကို အဖြေထုတ်လို့ ရမနေဘူး။

ထိုအချိန်မှာ ကျောက်ကောင်းရဲ့မျက်လုံးတွေ ရုတ်တရက်လက်သွားခဲ့သည်!

သူတစ်ခုကို တွေးမိသွားခဲ့သည်။

"ဒါဆိုရင် အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်က ဒီလူတွေကို ဒီတိုင်းပြန်လွှတ်လိုက်တာမဟုတ်ဘူး။ နောက်ထပ်အစီအစဉ် ရှိနေလို့ပေါ့..."

"အဲဒါ ဘာကိုဆိုလိုတာလဲ"

ဘေးက မိန်းမစိုးငယ်လေးက မနေနိုင်စွာမေးလိုက်သည်။

ကျောက်ကောင်း မျက်နှာကိုမဲ့လိုက်ကာ

"သူတို့တွေက ဝေ့တိုင်းပြည်ကလူတွေလေ။ တရှားတိုင်းပြည်မှာ အဖမ်းခံလိုက်ရပြီဆိုတာနဲ့ သေချာပေါက် နှိပ်စက်ခံရမှာပဲ။ ဒါတင်မကသေးဘူး၊ သူတို့ ဝေ့တိုင်းပြည်ကို ပြန်ရောက်သွားမယ်ဆိုရင်လည်း ဝေ့တိုင်းပြည်ရဲ့ နှိပ်စက်မှုကို ပြန်ခံရဦးမှာ”

“ အဲဒီနှိပ်စက်မှုကြောင့် သေရင်တောင် သေသွားနိုင်တယ်။ ဒါပေမယ့် အခုငါက သူတို့အပေါ်မှာ သေခြင်းရှင်ခြင်းအဆောင်သိုင်းကို သုံးထားခဲ့တဲ့အတွက် သူတို့သေချင်တောင် သေလို့မရတော့ဘူး။ အဲဒီလုပ်ကြံသူတစ်အုပ်က တရှားတိုင်းပြည်ရဲ့မသေနိုင်တဲ့ သူလျှိုတွေ ဖြစ်လာလိမ့်မယ်!"

"သေချာတာကတော့ ဒီကောင်တွေ ဝေ့တိုင်းပြည်ကို ပြန်ရောက်တာနဲ့ ကောင်းကောင်း အထောင်းခံရတော့မှာပဲ"

"အရှင်မင်းကြီးရဲ့ ဗျူဟာတွေက တကယ်ပဲ‌ ကြောက်ဖို့ကောင်းလိုက်တာ"

ကျောက်ကောင်း သက်ပြင်းချလိုက်သည်။

"ရည်ရွယ်ချက်မရှိဘဲ ဒီတိုင်းပြန်လွတ်လိုက်တာက ရည်ရွယ်ချက်ရှိရှိ လွှတ်ခဲ့တာထက်တောင် ကြောက်ဖို့ကောင်းမှန်း ငါနားလည်သွားပြီ!"

"ဒီနည်းလမ်းနဲ့ဆိုရင် ဝေ့တိုင်းပြည်နဲ့ငါတို့တွေ တိုက်ရိုက်ရင်ဆိုင်စရာ မလိုတော့ဘူး"

"ရလဒ်ကတော့ ဒီလူတွေကို နောက်ပိုင်း ငါတို့တွေ လိုချင်တာခိုင်းလို့ရမရပေါ် မူတည်မှာပေါ့။ ဒါကတော့ စောင့်ကြည့်ရဦးမယ်"

ကျောက်ကောင်း ခဗျာ ရှကျိုးယွီရဲ့ နည်းလမ်းတွေကို လေးစားပြီးရင်း လေးစားနေတော့သည်။

…………

All Chapters