( ငါအရှိန်တိုးသင့်ပြီ)
Vol. 5 Ch. 68
ကျန်းနန်မြို့ သုံးမြို့တွင်ဖြစ်သည်။
ချင်မင်းသားရဲ့ စွမ်းဆောင်မှုကြောင့် ကျန်းနန် တစ်မြို့လုံးမှာရှိတဲ့ မရေမတွက်နိုင်တဲ့ ဂိုဏ်းအသီးသီးက နောက်ဆုံးတော့ တော်ဝင်ရုံးတော်မှာ လက်နက်ချလာခဲ့ပြီး တရှားရဲ့ လက်အောက်ခံဂိုဏ်းတွေ ဖြစ်လာခဲ့သည်။
မဟာမိတ်ဂိုဏ်းများစွာ ထွက်ပေါ်လာတော့၏။
ဒါပေမဲ့ ဒါတွေအားလုံးကို ချင်မင်းသားက ထုတ်မပြသေးဘူး။ ရှကျိုးယွီကို စပရိုက်တိုက်ဖို့ စီစဥ်ထားတာပဲ။
"ငါ ဒီလောက် အောင်မြင်အောင် လုပ်နိုင်ခဲ့မယ်လို့ တူတော်မောင် သိခဲ့မှာမဟုတ်ဘူး!"
ဂုဏ်ယူစွာဖြင့် ရှထိုက်အန်းက ထိုင်ခုံပေါ်မှာ ခြေချိတ်ကာထိုင်နေခဲ့သည်။ သူ့ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေသည်။
ထိုအချိန်မှာပဲ အပြင်ဘက်က စစ်သား တစ်ယောက်ဝင်လာခဲ့သည်။ သူက ရှထိုက်အန်းရဲ့ကိုယ်ပိုင်သက်တော်စောင့်ပဲ။
"အရှင့်သား၊ နန်းတော်က စာတစ်စောင် ရောက်နေပါတယ်"
"နန်းတော်က ဟုတ်လား။ မြန်မြန်ပေးစမ်းပါ။ ငါကြည့်မယ်"
ရှထိုက်အန်း ချက်ချင်းပဲ ခန္ဓာကိုယ်မတ်သွားခဲ့သည်။
ထိုကိုယ်ရံတော်လည်း ချက်ချင်းပဲ စာစောင်ကို ကမ်းပေးလိုက်သည်။
ရှထိုက်အန်းယူကာ ဂရုတစိုက် ဖတ်လိုက်သည်။
ထို့နောက်မှာ သူ့ရဲ့မျက်လုံးတို့ နက်ရှိုင်းလာလေ၏။
"ဘာဖြစ်လို့ပါလဲ။ တစ်ခုခုမှားလို့လား" ထိုသက်တော်စောင့် ခမျာ မနေနိုင်စွာမေးလိုက်သည်။
ရှထိုက်အန်း ခေါင်းယမ်းလိုက်ကာ…
"ငါထင်ခဲ့တာ ငါ့ရဲ့လုပ်ဆောင်မှုတွေက တော်တော်လေး အံ့သြစရာကောင်းနေပြီ လို့ပေါ့။ ဒါပေမဲ့ ဒါတွေအားလုံးကို ငါ့ရဲ့တူတော်မောင်က ကြိုတင်ပြီး မှန်းနိုင်မယ်လို့ ငါမထင်ထားမိဘူး”
“ ကြည့်ရတာ သူကအကုန်လုံးကို တွက်ချက်ထားပုံပဲ။ ကြည့်ရတာ ငါလည်း သူ့ရဲ့စစ်တုရင်ကစားပွဲထဲက ကျားစေ့ တစ်ခုပဲဖြစ်နေတာနေမှာ”
ရှထိုက်အန်း သက်ပြင်းချလိုက်သည်။
ရှကျိုးယွီအတွက် သူပြင်ဆင်ထားခဲ့တဲ့ စပရိုက်က နောက်ဆုံးတော့ ဒီစာစောင်ကြောင့် ဖျက်ဆီးခံလိုက်ရပြီ။
ထိုသက်တော်စောင့် ခမျာ မနေနိုင်စွာ ထပ်မေးလိုက်သည်။
“အရှင့်သား ဘာကိုဆိုလိုတာပါလဲ။ အရှင့်သား ဒီနေရာကို ရောက်လာခဲ့ပြီး ဂိုဏ်းတော်တော်များများကို လက်အောက်ခံဖြစ်အောင် ပြုလုပ်နိုင်ခဲ့တယ်။ ဘယ်သူမှ အရှင့်သားလောက် မသန်မာသလို အရှင့်သားလောက်လည်း ရဲရင့်မှာမဟုတ်ဘူး။ အရှင့်သားရဲ့စွမ်းဆောင်မှုက တကယ်ကို ကြီးမားလွန်းပါတယ်!”
“အေး အဲဒါအမှန်ပဲ။ ဒါပေမဲ့ ငါ့ရဲ့တူတော်မောင်က ငါ့ကိုဒီနေရာလွှတ်ခဲ့တာလည်း အဲဒီအကြောင်းရင်းကြောင့်ပဲလေ။ အဲလိုမှမဟုတ်ရင် ငါလိုမျိုး စစ်သားတစ်ယောက်က ဒီနေရာကိုရောက်လာမယ်လို့ မင်းထင်သလား”
“ကြည့်ရတာ ဒါတွေအားလုံးက ငါ့တူတော်မောင်ရဲ့ အစီအစဉ်တွေပဲနဲ့ တူပါတယ်။ အကုန်လုံးကို သူကြိုတင်ပြင်ဆင်ထားခဲ့တာပဲ။ တကယ်ပဲ ရှကျိုးယွီရဲ့ ပုံစံအစစ်ကို သိချင်လိုက်တာ။ ငါမင်းသား သူနဲ့တွေ့ဖို့ မစောင့်နိုင်တော့ဘူး!”
ရှထိုက်အန်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
စာပိုဒ်ထဲမှာ ပါတဲ့အကြောင်းအရာက ရိုးရှင်းပါသည်။
စီးပွားရေးအခွန် တိုးကောက်မဲ့ ကိစ္စနဲ့ပတ်သက်ပြီး
တင်ပြထားတာပဲ။
ဒါပေမဲ့ ဒီလိုလုပ်ရဲတယ်ဆိုမှတော့… ဒီကျန်းနန်မြို့က
အခြေအနေတွေအပြင်… သူ့ရဲ့လုပ်ဆောင်မှုတွေကိုပါ ရှကျိုးယွီ သတိထားမိလို့လို့ ဆိုလိုတာပဲမဟုတ်ဘူးလား?
ပြောရမယ်ဆိုရင် ဒီအခြေအနေတွေအားလုံးက ရှကျိုးယွီရဲ့ တွက်ချက်မှုတွေပဲ မဟုတ်ဘူးလား။
“အစက ငါ့ရဲ့တူတောင်မောင်က ဘယ်လိုများလုပ်လိုက်လို့ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို ၆ဆလောက် တိုးသွားအောင် လုပ်နိုင်ခဲ့တာလဲဆိုပြီး ငါ အံ့သြနေခဲ့တာ။ အခုတော့ ငါ နားလည်သွားပြီနဲ့တူတယ်။ ငါ သူ့ကိုအထင်သေးခဲ့မိတာပဲ!”
"သူက သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ကောင်းကောင်းအသုံးချပြီးတော့ အနာဂတ်အကြံ အကြီးကြီးအတွက် အကွက်ချကြံစည်နေခဲ့တာ!"
"ကောင်းတယ်။ တကယ်ပဲကောင်းတယ်!"
ရှကျိုးယွီ အံ့သြစွာရေရွတ်လိုက်သည်။
ဘေးက သက်တော်စောင့်လေးခမျာ အခုထိ မယုံကြည်နိုင်သေးဘူး။ သူ မနေနိုင်စွာ ထပ်မေးလိုက်သည်။
"အရှင့်သား ဒီလိုပြောလို့မဖြစ်ပါဘူး။ ဘယ်လိုပဲပြောပြော အရှင့်သားရဲ့သန်မာမှုကြောင့်သာ..."
ဒါပေမဲ့ ချင်မင်းသားရဲ့ အတွေးတွေကတော့ ရှကျိုးယွီရဲ့လုပ်ရပ်မှာ လွှမ်းမိုးခံနေရတာမို့လို့ သူဘာကိုမှ မကြားနိုင်တော့ပေ။
လက်တစ်ဖက်ကိုသာ ရိုးရှင်းစွာယမ်းပြလိုက်သည်။
"ဟုတ်ပြီ ထပ်မပြောတော့ဘူး။ ငါတို့ ဒီရက်ပိုင်း စုဆောင်းထားတဲ့ ငွေတွေနဲ့ ရတနာတွေအားလုံးကိုသာ စုစည်းထားလိုက်။ မကြာခင် မြို့တော်ကတစ်ယောက်ယောက်က လာယူလိမ့်မယ်"
"ဒါပေမဲ့ အဲဒီအရာတွေက အရှင့်သားနဲ့ပဲသက်ဆိုင်တာ..."
"အဲဒါတွေက တရှားတိုင်းပြည်ရဲ့ ပစ္စည်းတွေကွ!"
သက်တော်စောင့်လေးရဲ့စကားမဆုံးခင်မှာဘဲ ရှထိုက်အန်းရဲ့ အေးစက်တဲ့အသံ ထွက်ပေါ်လာခဲ့သည်။
အစကတော့ သူလဲပဲ အဲဒီရတနာတွေထဲက တစ်ချို့တလေကို သိမ်းထားပြီးတော့ သူ့အတွက်အသုံးပြုမယ်ဆိုပြီး တွေးထားခဲ့တာပဲ။
ဒါပေမဲ့ အခုလိုမျိုး မြို့တော်ဘက်က သတင်းရောက်လာပြီဆိုမှတော့.... သူပြန်ပေးဖို့ပဲ ဆုံးဖြတ်လိုက်သည်။ ဒါပေမဲ့ သူ စိတ်မပျက်မိပါဘူး။ ထိုအစား သူ စိတ်လှုပ်ရှားနေခဲ့သည်။
တရှားတိုင်းပြည်ရဲ့ တိုးတက်လာတော့မဲ့ ကံကြမ္မာကိုတွေးနေရင်း မနေနိုင်စွာ စိတ်လှုပ်ရှားနေမိတာပဲ။
"အခု တရှားတိုင်းပြည်မှာ မဟာတံတိုင်း ဆောက်ဖို့လုပ်နေတာမို့လို့ အရင်းအမြစ်တွေ လိုအပ်နေတယ်။ ငါ့တူတော်မောင် ငါ့ကို ဒီနေရာ လွှတ်ခဲ့တာကလည်း ငါ့အပေါ်မှာ အကြွင်းမဲ့ယုံကြည်လို့ပဲ။ ငါ့အနေနဲ့ ဒီရတနာတွေဆီကနေ အကျိုးအမြတ်ယူလိုက်လို့ရတယ်။ လိုချင်သလောက်ယူလိုက်လို့ရတယ်။ ဒါပေမဲ့ ငါယူလိုက်မိတဲ့ တစ်ပြားတစ်ချပ်စီတိုင်းက ငါ့တူတော်မောင်ကိုပဲ စိတ်ပျက်စေလိမ့်မယ်!"
ဒါကိုကြားတော့ သက်တော်စောင့်လေး ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။ ထို့နောက်မှာ ရှထိုက်အန်းကို မော့ကြည့်လိုက်သည်။
"ဒါပေမဲ့ လူတွေပြောနေကြတာတော့ မဟာတံတိုင်းက ဆောက်ခဲ့ရင်တောင်မှ အသုံးဝင်မှာ မဟုတ်ဘူးတဲ့။ ဝေ့တိုင်းပြည်က ဘယ်လိုပဲဆိုဆို တိုင်းပြည်ငယ်လေးတစ်ခုလေ။ သူတို့အတွက်နဲ့ ဒီလိုကြီး ဆောက်စရာလိုလို့လား"
ဒါကိုကြားတော့ ရှထိုက်အန်း မငြင်းဆိုခဲ့ဘူး။ ဒါပေမဲ့ သူကိုယ်တိုင်က စစ်သားတစ်ယောက်မို့လို့ သူနားလည်သည်။
တကယ်ပဲ မဟာတံတိုင်းဆောက်တာက ငွေကုန်ကြေးကျ အရမ်းများမှာမှန်သည်။
ဆောက်ပြီးခဲ့ရင်တောင်မှ အရမ်းအသုံးဝင်မှာမဟုတ်ဘူး။
ဒါ့အပြင် တရှားနဲ့ဝေ့တိုင်းပြည်ဆိုတာ စစ်ဖြစ်ခဲ့တာ နှစ်တွေဆယ်ချီနေခဲ့ပြီ။ တကယ့် စစ်ပွဲကြီးသာဖြစ်လာခဲ့မယ်ဆိုရင် သေးငယ်တဲ့တံတိုင်းတစ်ခုလောက်နဲ့ တားမြစ်လို့မရနိုင်ဘူး။
ဒါပေမဲ့ ရှထိုက်အန်း အများကြီးမတွေးခဲ့ပေ။
"အရှင်မင်းကြီးက အသုံးဝင်တယ်ထင်မှတော့ အသုံးဝင်လို့ပေါ့"
"ငါ မင်းကိုမေးမယ်။ ငါ့ကို ဒီနေရာကိုပို့ခဲ့တုန်းက ဒီကအခြေအနေတွေကို မင်း စဥ်းစားမိခဲ့လား"
ရှထိုက်အန်း တွေးလေလေပိုပြီးသေချာလာခဲ့သည်။ သူ့ရဲ့မျက်လုံးထဲမှာ အလင်းတချို့ လက်နေလေ၏။
"ဒါက..." သက်တော်စောင့်လေး ပြန်မပြောနိုင်တော့ပေ။
"ကြည့်ရတာ ငါ့ရဲ့အရှိန်ကို ပိုတိုးဖို့လိုနေပြီနဲ့တူတယ်"
ရှထိုက်အန်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
...
နန်းတော်ထဲမှာရှိနေတဲ့ ရှကျိုးယွီလည်း ဒီရက်ပိုင်း နားမနေခဲ့ဘူး။
ဒီရက်တွေထဲမှာ ရွှေရောင်မင်ဆေးရည်နဲ့ပတ်သက်ပြီး သူလေ့လာနေခဲ့တာပဲ။
အရင်ဦးဆုံး ရွှေရောင်မင်ဆေးရည်ကို သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အနည်းငယ်လိမ်းကြည့်လိုက်သည်။
မကြာခင်မှာဘဲ ဖျော့တော့ပြီး ဆန်းကြယ်တဲ့ အရှိန်အဝါတစ်ခုကို သူခံစားလိုက်ရသည်။ အဲဒီအရှိန်အဝါက သူ့ရဲ့အရေပြားထဲကိုဖောက်ဝင်ပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးကို စီးဆင်းသွားလေ၏။
ထိုအရှိန်အဝါရဲ့လှုပ်ရှားမှုကြောင့် ရှကျိုးယွီတစ်ယောက် သူ့ရဲ့ပထမအဆင့်ရောက်နေတဲ့ ကျင့်ကြံမှုတောင် တိုးတက်သွားပြီလို့ ခံစားခဲ့ရသည်။
ထိုအချိန်မှာပဲ သူ့ရဲ့ခန္ဓာကိုယ်အထက်မှာ ဖျော့တော့တဲ့ နဂါးအရိပ်တစ်ခု တက်လာလေ၏။
နဂါးကိုးကောင် ခန္ဓာကိုယ်တည်ဆောက်ပုံရဲ့ နတ်နဂါးအကာအကွယ် အသက်ဝင်လာခဲ့တာပဲ။
ဒီမင်ဆေးရည်အသုံးမပြုခင်က ရှကျိုးယွီအနေနဲ့ သိုင်းနတ်ဘုရားအဆင့်ကို ရောက်ခဲ့ပြီဆိုပေမဲ့ အခုလိုမျိုး နဂါးရဲ့အရိပ်ကိုမခံစားခဲ့ရဘူး။
အခုအချိန်မှာတော့ သူတကယ်ပဲ ဆန်းကြယ်တဲ့နဂါးအရှိန်အဝါကို ခံစားလို့ရနေခဲ့သည်။
တစ်ချိန်တည်းမှာပဲ စနစ်ရဲ့အသံကို ရှကျိုးယွီ ကြားလိုက်ရသည်။
(တာအိုပညာရဲ့ ရွှေရောင်မင်ဆေးရည်ကို အသုံးပြုနေတယ်လို့ စစ်ဆေးမိပါတယ်။ ကံကြမ္မာအမှတ်၁၀မှတ် အသုံးပြုလိုက်တယ်!)
'ဒါက... ကံကြမ္မာအမှတ်ကို စုပ်ယူတယ်လား?’
'ခန္ဓာကိုယ်ကိုတိုးတက်စေပြီး ကံကြမ္မာအမှတ်ကိုစုပ်ယူတာပေါ့’
‘ ကောင်းတယ်။ လုံးဝကောင်းတယ်!’
သူ့အနေနဲ့ ဒီတစ်ခေါက် ကံကြမ္မာအမှတ်လျော့သွားမှုမှာ ဆုလာဘ် မရခဲ့ဘူး။
ဒါ့အပြင် လျော့သွားတဲ့ပမာဏကလည်း နည်းသည်။။ ဒါပေမဲ့ အရမ်းပျော်သည်။
ဘာလို့ဆို လျော့တာက လျော့တာပဲလေ!
ချိုမြိန်မှုရဲ့အရသာကို အာရုံခံပြီးနောက်မှာတော့ ရှကျိုးယွီမရပ်တန့်နိုင်တော့ဘူး။
ချက်ချင်းပဲ ရွှေရောင်မင်ဆေးရည်တွေကို ရေချိုးသလို ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျော်ပျော်ကြီး ဖြန်းပစ်လိုက်တော့သည်။
ဆန်းကြယ်တဲ့စွမ်းအင်တွေက ချက်ချင်းပဲ အရိုင်းဆန်လာတော့သည်။
အစကတော့ သေးငယ်တဲ့ရေစီးကြောင်းတစ်ခုလိုမျိုး စီးဆင်းနေခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ... ဒီရေစီးကြောင်းက ကျယ်ပြန့်တဲ့ပင်လယ်အဖြစ် ပြောင်းလဲသွားသလိုပဲ။
ရှကျိုးယွီရဲ့ခန္ဓာကိုယ်ထဲကို လှိုင်းထန်နေစေခဲ့သည်။
ခန္ဓာကိုယ်အနှံ့ အရှိန်ပြင်းစွာစီးဆင်းနေခဲ့ပြီး သွေးကြောတွေအားလုံးကိုသန့်စင်ကာ သန်မာလာအောင် ပြောင်းလဲပေးခဲ့သည်။
ထို့အတူ စနစ်ရဲ့အသံကိုလည်း အဆက်မပြတ်ကြားနေရလေ၏။
(ရွှေရောင်မင်ဆေးရည်ကို အသုံံံးပြုနေတယ်လို့ စစ်ဆေးမိပါတယ်။ ကံကြမ္မာအမှတ်၂၀ စုပ်ယူလိုက်တယ်!)
(ကံကြမ္မာအမှတ်၅၀ စုပ်ယူလိုက်တယ်!)
(ကံကြမ္မာအမှတ်၅၀၀ စုပ်ယူလိုက်တယ်!)
…
အဆက်မပြက် တက်လာတဲ့ ကိန်းဂဏန်းတွေကြောင့် ရှကျိုးယွီရဲ့မျက်လုံးတွေမှာ မျက်ရည်တွေ ဆို့လာခဲ့ပြီ။
“ဒီခံစားချက်က သောက်ကျိုးနည်းကို ကောင်းလွန်းတယ်ဟ.. အဟေးဟေး ဟေးး'
'သန်မာမှုလည်းတိုးတယ်... ကံကြမ္မာအမှတ်လည်း လျော့တယ်! ဟားဟား!’
ဒါ့အပြင် ထိုအချိန်မှာ ရှကျိုးယွီ ရှင်းရှင်းလင်းလင်းကို ခံစားမိသည်။
သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ နတ်နဂါးတစ်ကောင် နိုးထနေခဲ့သလိုပဲ။ ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် လှည့်ပတ်သွားလာနေပြီး ကံကြမ္မာ အမှတ်တွေကို အငမ်းမရ စုပ်ယူနေခဲ့သည်။ နောက်ဆုံး သူ့ရဲ့အရေပြားပေါ်မှာပါ နဂါးအကြေးခွံတွေ ပေါ်လာတော့၏။
တရှားနန်းတော်ရဲ့ ထိပ်မှာပင် နဂါးတစ်ကောင်ရဲ့ အရိပ် ထွက်ပေါ်လာခဲ့သည်။
လမ်းပတ်လျှောက်နေတဲ့ လီဖူ လည်း သတိထားမိသွားခဲ့သည်။ သူ မော့ကြည့်လိုက်မိတာနဲ့ သူ့ရဲ့နှလုံးသားက တုန်ယင်သွားတော့၏။
"ဒါက!!!"
………..